အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်လိုက်တာ ခုတော့ ဝမ်းပိတ်ရုံတင်မကဘူး။ ဝမ်းပါချုပ်သွားပြီလို့ ပြောတာ ကြားဖူးမှာပါ။ ဝမ်းချုပ်တာကို ဓာတ်ချုပ်တယ်လို့လည်း ပြောကြတော့ ဓာတ်ဆားရည်တွေ သောက်လိုက်လို့ ဝမ်းချုပ်သွားတာများလားလို့ တွေးတတ်ကြပါတယ်။ တကယ်ပဲ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်တွေမှာ ဘာတွေပါဝင်သလဲ။ ဓာတ်ဆားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ရေ စတာတွေ ပါဝင်ပြီး ဒါတွေက နဂိုလည်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဝမ်းချုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်က ဝမ်းချုပ်စေဖို့ မပြောနဲ့။ ဝမ်းပိတ်စေတဲ့ အာနိသင်တောင် မရှိပါဘူး။ ဟုတ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်သောက်တာက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဝမ်းရပ်ဖို့ ဆိုတာက ကုသမှု တစ်ခုခု […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

အသည်းရောဂါများ

Hepatitis A (အသည်းရောင်အသားဝါ အေ ရောဂါ)

အဓိပ္ပာယ်ဖွင့်ဆိုချက် Hepatitis A (အသည်းရောင်အသားဝါ အေ ရောဂါ) က ဘာလဲ။ အသည်းရောင်အသားဝါ အေ ရောဂါ ဆိုတာ အေ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်လာတဲ့ အလွန်ကူးစက်နိုင်တဲ့ အသည်းရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒီရောဂါပိုးက အသည်းကိုရောင်စေပြီး အသည်းလုပ်ငန်းစဉ်တွေကို ထိခိုက်စေတဲ့ အသည်းရောင်ရောဂါပိုး အမျိုးအစားတွေထဲက တစ်မျိုးဖြစ်ပါတယ်။ လူအများစုမှာတော့ ထွေထွေထူးထူး ရောဂါကြီးကြီးမားမား မပြဘဲ ၂ လ မှ ၆ လ အတွင်း ပျောက်ကင်းသွားတတ်ကြပါတယ်။ ဒါပေမယ့် တချို့အသည်းရောင် အေ ရောဂါတွေမှာ အသည်းပျက်စီးသည်အထိ ရှားရှားပါးပါး ဖြစ်တတ်ပါတယ်။ Hepatitis A (အသည်းရောင်အသားဝါ အေ ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ အသည်းရောင်အသားဝါ အေ ရောဂါက တော်တော်များများမှာတော့ ဒီရောဂါအဖြစ်များတဲ့ ဒေသကို ခရီးသွားပြီးနောက် ကူးလာတာ ဒါမှမဟုတ် ကူးလာတဲ့သူနဲ့ […]


အစားအသောက်မှကူးစက်သောရောဂါများ

Salmonellosis (အစာအိမ်အူလမ်းကြောင်းပိုးဝင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Salmonellosis (အစာအိမ်အူလမ်းကြောင်းပိုးဝင်ခြင်း) ကဘာလဲ။ salmonellosis ဆိုတာဘာလဲ။ Salmonellosis ဆိုတာ အစာအိမ်နှင့် အူလမ်းကြောင်းတွင် salmonella ဘက်တီးရီးယားရောဂါ ဝင်ရောက်ကူးစက်ခြင်းကို ခေါ်ပါတယ်။ ဒီရောဂါက အစာအိမ်ရောင်ရောဂါနဲ့ ဆင်တူပါတယ်။ သိပ်မပြင်းထန်တဲ့ လူနာတော်တော်များများကတော့ ၄ ရက်ကနေ ၇ ရက်အတွင်း ဘာကုသမှုမှ မပါပဲ ပျောက်ကင်းတတ်ကြပါတယ်။ ရောဂါ ပြန့်ပွားမှုကတော့ လူတွေ ရောဂါရှိတဲ့ အစားအစာကို စားမိပြီးလျှင် ဖြစ်တတ်ပါတယ်။(စားသောက်ဆိုင်တစ်ဆိုင်ထဲမှာ စားမိခြင်း) တချို့ ဝမ်းလျှောရောဂါ အခြေအနေဆိုးတဲ့ သူတွေကတော့ ဆေးရုံတက်ပြီး ဓါတ်ဆားရည်နှင့် ပဋိဇီဝဆေးရည်များ သွင်းရပါတယ်။ Salmonellosis (အစာအိမ်အူလမ်းကြောင်းပိုးဝင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ salmonellosis ရောဂါသည်တော်တော်များများက ဆင်းရဲတဲ့ ပတ်ဝန်းကျင်၊ လေထုညစ်ညမ်းမှု၊ မသန့်ရှင်းမှု နှင့် ဘက်တီးရီးယားရောဂါများတဲ့ နေရာတွေမှာ နေထိုင်နေကြသူများ ဖြစ်ကြပါတယ်။ ထို့ပြင် သင်က ရောဂါရှိတဲ့ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Appendicitis (အူအတက်ရောင်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Appendicitis (အူအတက်ရောင်ခြင်း ) ကဘာလဲ။ Appendicitis ဆိုတာ အူအတက် ရောင်တာကို ပြောတာပါ။ အူအတက်ဆိုတာ အူမကြီးမှာ တွယ်ကပ်နေတဲ့ ပြွန်ပုံစံ အင်္ဂါအစိတအပိုင်း သေးသေးလေးဖြစ်ပါတယ်။ ၎င်းက ဗိုက်အောက်ပိုင်းညာပဘက်ခြမ်းမှာ တည်ရှိပါတယ်။ ပုံမှန်အားဖြင့်တော့ ၎င်းက ဘာမှမလုပ်ပေမဲ့ ပိတ်ဆို့မှု ဖြစ်သွားတဲ့ အခါမှာတော့ ခန္ဒါကိုယ်ကို ဒုက္ခပေးလာနိုင်ပြီး အသက်အန္တရာယ်ပါရှိလာနိုင်ပါတယ်။ Appendicitis (အူအတက်ရောင်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ အူအတက်ရောင်တာက အသက်အရွယ်မရွေးဖြစ်နိုင်တဲ့ အဖြစ်များတဲ့ ရောဂါဖြစ်ပါတယ်။ သို့သော် အသက် ၁၀ နှစ်မှ ၃၀ ကြားတွေမှာ ပိုအဖြစ်များပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများAppendicitis (အူအတက်ရောင်ခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ အဓိကရောဂါလက္ခဏာကတော့ ဗိုက်အောင့်တာဖြစ်ပြီး ချက်ရဲ့ အနီးအပေါ်အလယ်ပိုင်းမှာ စပြီးအောင့်လေ့ရှိပါတယ်။ ၎င်းနာတာက တဖြည်းဖြည်းနဲ့ […]


အသည်းရောဂါများ

Liver Abscess (အသည်းပြည်တည်နာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Liver Abscess (အသည်းပြည်တည်နာ) ကဘာလဲ။ အသည်းပြည်တည်နာဆိုသည်မှာအသည်းတွင် အပေါက်သေးများဖြစ်ကာ ပြည်တည်ခြင်းဖြစ်သည်။ အ သည်းသည် စွမ်းအင်၊ ပရိုတိန်းသိုလှောင်ခြင်း၊ ခန္ဓါကိုယ်မှ အန္တရာယ်ဖြစ်စေသောပစ္စည်းများကိုစွန့်ထုတ်ခြင်းစသောလုပ်ငန်းများစွာဖြင့် အရေးပါသောကိုယ်အင်္ဂါတစ်ခု ဖြစ်ပါ သည်။ အသည်းတွင် ကပ်ပါးပိုးဝင်ပါက ပြည်များဖြင့် အ ပေါက်ငယ်များပေါ်လာပါသည်။ Liver Abscess (အသည်းပြည်တည်နာ) က ဘယ်လောက်အဖြစ်များသလဲ ရောဂါသည် အပူပိုင်းဒေသတွင် နေထိုင်သောလူများတွင် အဖြစ်များပါသည်။ ရောဂါသည် အမျိုးသားများရောအမျိုးသမီးများရောတွင် ဖြစ်ပွားနိုင်ပါသည်။ အန္တရာယ် ဖြစ်စေသောအချက်များကိုလျော့ချ ခြင်းဖြင့် ရောဂါကိုထိန်းချုပ်နိုင်ပါသည်။ ပိုမိုသောအချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။ လက္ခဏာများLiver Abscess (အသည်းပြည်တည်နာ) ရဲ့လက္ခဏာတွေကဘာတွေလဲ ရောဂါ၏ မည်သည့်ပုံစံဖြစ်ပါစေရောဂါလက္ခဏာများသည် ချက်ချင်းမပေါ်လာပါ။ ရောဂါလက္ခဏာများပေါ်ပါကအဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ ချွေးပြန်ခြင်း၊ မအီမသာဖြစ် ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းဗိုက်၏ အပေါ်ပိုင်းညာဘက်တွင် နာကျင်ခြင်းတို့ ဖြစ်နိုင်ပါသည်။ အခြားအဖြစ် […]


လိပ်ခေါင်းရောဂါများ

လိပ်ခေါင်းရောဂါ (Hemorrhoids)

လိပ်ခေါင်းရောဂါ (Hemorrhoids )ဆိုသည်မှာ စအို သို့မဟုတ် အူမကြီး၏ အနှောင်းပိုင်း အောက်ဘက် အနီးရှိ သွေးပြန်ကြောများ ရောင်ရမ်းခြင်း ဖြစ်သည်။ အူမကြီး နောက်ဆုံးအပိုင်း သို့မဟုတ် စအိုဝပတ်လည်တွင် ဖြစ်ပွားနိုင်ပါသည်။ ၎င်းသည် ဝမ်းသွားရာတွင် အားစိုက်၍ ညစ်ခြင်းကြောင့် ဖြစ်ပွားနိုင်ပါသည်။ လိပ်ခေါင်းရောဂါသည် ဖြစ်ပွားရာနေရာပေါ် မူတည်၍ အမျိုးအစား ကွဲပြားပါသည်။ အတွင်းလိပ်ခေါင်း - လိပ်ခေါင်းကို အူမကြီး နောက်ဆုံးပိုင်းတွင် တွေ့ရပါသည်။ အတွင်းလိပ်ခေါင်းသည် များသောအားဖြင့် နာကျင်မှုမရှိသော်လည်း သွေးထွက်နိုင်ပါသည်။ အပြင်လိပ်ခေါင်း - လိပ်ခေါင်းသည် စအိုဝ အပြင်ဘက်တွင် ရှိပါသည်။ ၎င်းတို့သည် ယားယံနာကျင်နိုင်ပြီး တစ်ခါတစ်ရံ ကွဲအက်ခြင်း၊ သွေးထွက်ခြင်း တို့ ဖြစ်နိုင်ပါသည်။ လိပ်ခေါင်းရောဂါသည် များသောအားဖြင့် မပြင်းထန်ပါ။ ကူးစက်ခြင်းလည်း မဖြစ်နိုင်ပါ။  သူ့အလိုလို  […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Hiatal Hernia (ရင်ခေါင်းတွင်းသို့ အစာအိမ်ကျွံဝင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hiatal Hernia (ရင်ခေါင်းတွင်းသို့ အစာအိမ်ကျွံဝင်ခြင်း) ကဘာလဲ။ ရင်ခေါင်းတွင်းသို့အစာအိမ်ကျွံဝင်ခြင်း ဆိုသည်မှာ အ စာအိမ် အပေါ်ပိုင်းသည် ရင်ဝမ်းတားကြွက်သား ၏ အပေါက် မှ ကျွံထွက်သော အခြေအနေကို ခေါ်ပါသည်။ ရင်ဝမ်းတား ကြွက်သားသည် အစာအိမ်ကို ရင်ခေါင်းမှ ခြားထားသော ကြွက်သား အကာအယံတစ်ခု ဖြစ်ပါသည်။ ရင်ဝမ်းတားကြွက်သားသည် အစာရေမြိုပြွန်အတွင်းသို့ အစာအိမ်တွင်းမှ အက်စစ်များ တက်မလာအောင် ကူညီ ပေး ပါသည်။ ရင်ခေါင်းတွင်းသို့အစာအိမ်ကျွံဝင်ခြင်း ရှိပါက အက်စစ်များ တက်လာရန် ပို၍လွယ်ကူစေပါသည်။ အစာအိမ် မှ အက်စစ်များ အစာရေမြိုပြွန် အတွင်းသို့ လျှံတက်ခြင်းကို gastroesophageal reflex disease (GERD) ဟု ခေါ်ပါ သည်။ ဤရောဂါသည် အစာအိမ်နှင့် လည်ချောင်းတွင် ဆိုးကျိုးများ ဖြစ်ပေါ်စေပါသည်။ Hiatal Hernia (ရင်ခေါင်းတွင်းသို့ […]


သည်းခြေဆိုင်ရာရောဂါများ

Cholecystitis (သည်းခြေအိတ်ရောင်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Cholecystitis (သည်းခြေအိတ်ရောင်ခြင်း ) ကဘာလဲ။ သည်းခြေအိတ်သည် အသည်း၏အောက်တွင် ရှိသော အိတ်အသေးတစ်ခု ဖြစ်ပါသည်။ အသည်းမှ ထုတ်လုပ်လိုက် သော သည်းခြေရည်ကို သိမ်းဆည်းပေးပြီး အစာစား သောအခါ သည်းခြေရည်များကို အူများဆီသို့ ပို့ပေးပါသည်။ သည်းခြေရည်သည် အစာတွင်းမှ အဆီများကို ချေဖျက်ရန် ကူညီပေးပါသည်။ သည်းခြေအိတ်ရောင်ခြင်းကို သည်းခြေ အိတ်ရောဂါဟုလည်း ခေါ်ပါသည်။ သည်းခြေအိတ်ရောင် ခြင်းသည် များသောအားဖြင့် သည်းခြေအိတ်မှ သည်းခြေ ရည်များကို အူသို့သယ်ယူသော ပြွန်တွင် သည်းခြေကျောက် များ ပိတ်ဆို့သောကြောင့် ဖြစ်ပါသည်။ Cholecystitis (သည်းခြေအိတ်ရောင်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ သည်းခြေအိတ်ရောင်ခြင်းသည် အဖြစ်များပါသည်။ အ မျိုးသားများထက် အမျိုးသမီးများတွင် ပို၍ဖြစ်ပွားပါသည်။ အသက်ကြီးသောသူများတွင် ပို၍ဖြစ်ပွားပါသည်။ သည်းခြေ အိတ်ကြောင့် မဟုတ်သော သည်းခြေအိတ်ရောင် ရောဂါ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Intussusception (အူစွပ်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Intussusception (အူစွပ်ခြင်း ) ကဘာလဲ။ အူစွပ်ခြင်းသည် အူအားထိခိုက်စေသော အူရောဂါတစ် မျိုးဖြစ်ပါသည်။ သင့်တွင် အူစွပ်ခြင်းဖြစ်ပါက သင့် အူသည် ကပ်လျက်ရှိသော အူအပိုင်းတွင်းသို့ လျောဝင်သွားပါသည်။ အဝေးကြည့်မှန်ပြောင်းတွင် အဆစ်များ ဝင်သကဲ့သို့ဖြစ်ပါ သည်။ ၎င်းသည် ချက်ချင်း ဆေးကုသမှုခံယူရန် လိုအပ် သော ဆိုးရွားသော အခြေအနေတစ်ခု ဖြစ်ပါသည်။ အူစွပ် ခြင်းဖြစ်ပါက အစာသည် အူအတွင်း ပုံမှန်အတိုင်း ဖြတ်သန်း မသွားတော့ပါ။ ထို့အပြင် ထိုနေရာသို့ သွေးစီးဆင်းမှုလည်း ပိတ်ဆို့သွားကာ တစ်ရှူးများသေခြင်းကို ဖြစ်စေပါသည်။ Intussusception (အူစွပ်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ အူစွပ်ခြင်းသည် ရင်သွေးငယ်များနှင့် အသက် ၃လမှ ၆နှစ် အတွင်း ကလေးငယ်များတွင် ဖြစ်ပွားတတ်ပါသည်။ ကောင်မလေးများထက် ကောင်လေးများတွင် နှစ်ဆမှ သုံး ဆအထိ ပို၍ […]


အသည်းရောဂါများ

Cirrhosis (အသည်းခြောက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cirrhosis (အသည်းခြောက်ခြင်း) ကဘာလဲ။ အသည်းခြောက်ခြင်းဆိုသည်မှာ အသည်းပျက်စီးပြီး လုပ်ငန်းကောင်းစွာ မလုပ်နိုင်သော အခြေအနေတစ်ခု ဖြစ် ပါသည်။ ရောင်ရမ်းခြင်းသည် အသည်းတစ်ရှူးများအား အမာရွတ်ဖြစ်စေပြီး အသည်းတွင်း သွေးစီးဆင်းခြင်းကို တစ်စိတ်တစ်ပိုင်းအားဖြင့် ပိတ်ဆို့စေပါသည်။ အသည်းသည် ခန္ဓါကိုယ်တွင် အကြီးဆုံး အတွင်းပိုင်း အင်္ဂါဖြစ်ပါသည်။ အသည်းသည် အရေးကြီးသော ခန္ဓါ ကိုယ် လုပ်ငန်းများစွာကို တာဝန်ယူပြုလုပ်ပေးပါသည်။ အဓိက လုပ်ငန်းများမှာ- အစာချေဖျက်စဉ်တွင် အစာမှ လိုအပ်သော အာ ဟာရများကို စုပ်ယူ၍ သိမ်းဆည်းပေးပါသည်။ ထို့ နောက် ထိုအာဟာရများကို ကျန်သော ခန္ဓါကိုယ် အစိတ်အပိုင်းများသို့ ပို့ဆောင်ပေးပါသည်။ ထိုအာ ဟာရများတွင် ပရိုတိန်း၊ သကြား နှင့် အဆီတို့ ပါဝင်ပါသည်။ ပရိုတိန်းအသစ်များထုတ်လုပ်ပြီး သွေးခဲစေသော ပစ္စည်းများနှင့် ကိုယ်ခံအားပစ္စည်းများကို ပြုလုပ် ပေးပါသည်။ ပျက်စီးသွားသော တစ်ရှူးများကို […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Inguina Hernia (အူကျွံခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Inguina Hernia (အူကျွံခြင်း ) ကဘာလဲ။ အူကျွံခြင်းဆိုသည်မှာ ဝမ်းဗိုက်ခေါင်းနံရံရှိ အပေါက်မှ အူ ၏ တစ်စိတ်တစ်ပိုင်း တိုးထွက်ခြင်းသော အခြေအနေတစ်ခု ကိုခေါ်ပါသည်။ ထိုအပေါက်သည် ဝမ်းဗိုက်နံရံ၏ ပါးခြင်း အားနည်းခြင်းကြောင့် ဖြစ်ပေါ်လာပါသည်။ အူမှ ဖိအားသည် ထိုအပေါက်ကို တိုးသောအခါ အမြှေးပါးသည် ပေါက်သွားပြီး အူသည် ထိုအပေါက်တွင်းသို့ ဖြတ်ဝင်သွားပါသည်။ အူကျွံခြင်းသည် မကုသဘဲထားပါက ပိုဆိုးလာခြင်း သက်သာသွားခြင်း မရှိပါ။ သို့သော် အသက်အန္တရာယ်ရှိ နိုင် သော ဆိုးကျိုးများ ဖြစ်စေပါသည်။ ထို့ကြောင့် ဆရာဝန် သည် အူကျွံခြင်း ပိုကြီးလာသောအခါ နာကျင်လာသော အခါ ခွဲစိတ်မှုပြုရန် တိုက်တွန်းကြပါသည်။ ထိုရောဂါသည် အစာအိမ် ဖေါင်းခြင်းကို ဖြစ်စေပြီး ချောင်းဆိုးစဉ်၊ ခါးကုန်း စဉ်၊ လှုပ်ရှားမှုပြင်းပြင်းလုပ်စဉ်တွင် နာကျင်ခြင်း […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း