အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်လိုက်တာ ခုတော့ ဝမ်းပိတ်ရုံတင်မကဘူး။ ဝမ်းပါချုပ်သွားပြီလို့ ပြောတာ ကြားဖူးမှာပါ။ ဝမ်းချုပ်တာကို ဓာတ်ချုပ်တယ်လို့လည်း ပြောကြတော့ ဓာတ်ဆားရည်တွေ သောက်လိုက်လို့ ဝမ်းချုပ်သွားတာများလားလို့ တွေးတတ်ကြပါတယ်။ တကယ်ပဲ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်တွေမှာ ဘာတွေပါဝင်သလဲ။ ဓာတ်ဆားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ရေ စတာတွေ ပါဝင်ပြီး ဒါတွေက နဂိုလည်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဝမ်းချုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်က ဝမ်းချုပ်စေဖို့ မပြောနဲ့။ ဝမ်းပိတ်စေတဲ့ အာနိသင်တောင် မရှိပါဘူး။ ဟုတ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်သောက်တာက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဝမ်းရပ်ဖို့ ဆိုတာက ကုသမှု တစ်ခုခု […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

အသည်းရောဂါများ

အသည်းရောင်ရောဂါကုထုံးများ

အသည်းရောင်ရောဂါဆိုသည်မှာ အသည်းရောင်ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ရောဂါဖြစ်သည်။ ကျွမ်းကျင်သူများက ၎င်းဗိုင်းရပ်စ်ပိုးများကို အေ၊ ဘီ၊ စီ၊ ဒီ၊ အီး ဟူ၍ ခွဲခြားထားပါသည်။ ထို့ကြောင့် ရောဂါပိုးတစ်မျိုးစီအတွက် ကုသမှု ကြီးမားစွာကွဲပြားသည့်အပြင် ရုတ်တရက် နှင့် နာတာရှည်ရောဂါအတွက်လည်း ကုသမှုများခြားနားပါသည်။ အသည်းရောင်ရောဂါရှိသည်ဟု သိရှိသည်နှင့် သင်၏ဘဝသည် ပြောင်းလဲနိုင်သည်။ အသည်းရောင်ရောဂါအတွက် သုံးသည့်ဆေးများမှာ ဈေးကြီးသည့်အပြင် ဘေးထွက်ဆိုးကျိုးများပါသည်။ ထို့ကြောင့်ကုသမှုယူခြင်း၊ မယူခြင်းမှာ အောက်ပါအချက်ပေါ်တွင် မူတည်ပါသည်။ • အသည်းမည်မျှပျက်စီးသလဲ • အခြားကျန်မာရေးအခြေအနေ • ရောဂါပိုးများခန္ဓါကိုယ်တွင်မည်မျှရှိသလဲ။ • မည်သည့်အသည်းရောင်ရောဂါအမျိုးအစားရှိသလဲ။ ချက်ချင်းရုတ်တရက် ဖြစ်သောအသည်းရောင်ရောဂါကုသမှု(acute hepatitis) ထိုရောဂါရှိသူအများစုသည် ၎င်းတို့၏အခြေအနေကို မသိသောကြောင့် ကုသမှုမခံယူကြပေ။ လူတစ်ဦးက ဤပိုးနှင့်ထိတွေ့ခဲ့လျှင် ဥပမာ-ကျန်းမာရေးဝန်ထမ်းမှ အပ်စူးခဲ့လျှင် စောစောဆေးကုသမှုခံယူရမည် ဖြစ်သည်။ ရောဂါရှိသည့်လူအများစုသည် ဆေးကုသမှုခံယူပါက ရောဂါလက္ခဏာများကို လျှော့ချပေးပါသည်။ ၎င်းကုသမှုများမှာ- • အနားယူခြင်း။ အသည်းရောင်လူနာများသည် ပင်ပန်းကာဖျားနေသောကြောင့် အနားယူရန်လိုအပ်သည်။ […]


အသည်းရောဂါများ

အသည်းရောင်ရောဂါရှိပြီးအခုကိုယ်ဝန်လွယ်ထားရရင် ဘာတွေလုပ်သင့်ပါသလဲ

ကိုယ်ဝန်ဆောင်သည် အသည်းရောင်ရောဂါရှိလျှင် သင့်၏ပထမဆုံးမေးခွန်းသည် ”ကျွန်မကလေးကိုဘာတွေထိခိုက်မလဲ”ဖြစ်သည်။ ဤမေးခွန်းအတွက် ရိုးရှင်းသောအဖြေမရှိသော်လည်း အောက်ပါအချက်အလက်များက သင့်ကိုနားလည်စေနိုင်မည်ဟု မျှော်လင့်သည်။ သင်သည် ရောဂါပိုးရှိနေသူဖြစ်ပြီး မကြာမီတွင် မွေးဖွားတော့မည့်သူဖြစ်သည်ဆိုလျှင် သင်နှင့်သင့်ကလေးအတွက် မေးခွန်းများရှိနိုင်သည်။ သင့်ကလေးကို အသည်းရောင်ရောဂါအတွက် စစ်ဆေးသင့်သလား။ သင့်ကလေးအသက်တစ်နှစ်ခွဲတွင် အသည်းရောင်ရောဂါအတွက် စစ်ဆေးနိုင်သည်။ တစ်ခါတစ်ရံ အသက်၂ လမှစ၍စောစီးစွာ စစ်ဆေးကြသည်။ သို့သော် ဤအသက်တွင် အဖြေသည် တစ်ရာ ရာခိုင်နှုန်း မမှန်နိုင်ပေ။ ထို့ကြောင့် ၁နှစ်ခွဲအရွယ်တွင် ပြန်၍စစ်ဖို့လိုသည်။ သင့်ကလေးတွင် ရောဂါရှိ၊ မရှိ အယုံကြည်ရဆုံးနည်းလမ်းမှာ အသက်၂နှစ်ပြည့်သည်နှင့် စစ်ဆေးရမည်ဖြစ်သည်။ အထူးကုများကလူကြီးများတွင် စစ်ဆေးသည့် နည်းလမ်းကို သုံးသည်။ သင့်ကလေးကို အသည်းရောင်ရောဂါမှမည်သို့ ကာကွယ်မည်နည်း။ သင့်တွင်အသည်းရောင်ရောဂါရှိပါက သင့်ကလေးဆီ ကူးစက်သွားနိုင်ချေသည် အယောက်၂၀တွင် ၁ယောက်နှုန်းရှိသည်။ သင့်တွင်ခုခံအားကျဆင်းမှုကူးစက်ရောဂါရှိ၍ ကုသမှုမခံယူခဲ့လျှင် ကူးစက်နိုင်ခြေပို၍များသည်။ ကံမကောင်းစွာဖြင့် အသည်းရောင်ရောဂါ(စီ)ကို သင့်ကလေးကိုမကူးစက်နိုင်ရန် ကာကွယ်မည့်နည်းလမ်းမရှိပါ။ အသည်းရောင်ရောဂါရှိပါက […]


အသည်းရောဂါများ

အသည်းရောင်ရောဂါဖြစ်နေသောမိသားစုဝင်ကိုဘယ်လိုအားပေးမလဲ

အသည်းရောင်ရောဂါရှိသည့် မိသားစုဝင်သည် သူတို့ကိုယ်တိုင်သာမက မိသားစုဝင်တစ်ခုလုံးကိုပါ ကူးစက်နိုင်သည်။ ထို့ကြောင့် မိသားစုဝင်တို့ကို မည်သို့အားပေးရမည့်နည်းလမ်းကို မှန်ကန်စွာသိထားရမည်။ သို့မှာသာ မိသားစုဝင်အတွင်း နားလည်မှုရှိနိုင်မည်ဖြစ်သည်။ သူတို့ပြောစကားကိုနားထောင်ပေးပါ။ အသည်းရောင်ရောဂါဖြစ်နေသည့် မိသားစုဝင်တစ်ယောက်သည် သူတို့ခံစားသမျှကို နားလည်မည့်သူမရှိဟု ထင်နေတတ်သည်။ သူတို့ကိုအားပေးနိုင်မည့် အလွယ်ကူဆုံးနည်းလမ်းမှာ အနီးနားတွင်နေပေးခြင်းဖြစ်သည်။ သူတို့ကို အမြဲတမ်ဂရုစိုက်ပြီး နားထောင်လိုခြင်းကို ပြသရမည်။ ဤနည်းသည် သူတို့၏ ခက်ခဲသောနေ့ရက်ကိုကျော်ဖြတ်ရန် အားသစ်ရလိုက်ခြင်းဖြစ်သည်။ ဆေး၏ဆိုးကျိုးများကိုကူညီဖြေရှင်းပေးပါ။ အသည်းရောင်ရောဂါအတွက် ဆေးများတွင် ဆိုးကျိုးများစွာရှိပါသည်။ အတွေ့အများဆုံးမှာ နုံးခြင်း၊ စိတ်တိုလွယ်ခြင်း၊ စိတ်ကျခြင်း၊ ခေါင်းကိုက်ခြင်း၊ ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းတို့ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာမဟုတ်ဘဲ လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများကို ကူညီပေးရန် ပိုခက်ခဲပါသည်။ သို့သော် ထိုဆိုးကျိုးများမှာ ယာယီသာဖြစ်ကာ ကုသမှုပြီးသည်နှင့် ပျောက်သွားမည်ဖြစ်သည်။ အကယ်၍ သင့်မိသားစုဝင်တွင် ဆေးကုနေစဉ် ခံစားရသည်များကိုမပြောဘဲ ဖုံးကွယ်ထားခြင်းသည် ပြဿနာဖြစ်စေနိုင်သည်။ ခံစားချက်များကို ပွင့်ပွင့်လင်းလင်းပြောရန် […]


အသည်းရောဂါများ

အသည်းရောင်အသည်းဝါရှိသည့်သင့်မိတ်ဆွေကိုဘယ်လိုအားပေးမလဲ

သင့်မိတ်ဆွေတွင် အသည်းရောင်ရောဂါရှိသည်ဟု သိပြီးနောက်တွင် သင်ဘာလုပ်ပေးနိုင်မည်ကို ရှာဖွေရမည်။ သင့်မိတ်ဆွေကို ကူညီချင်သော်လည်း မည်ကဲ့သို့ အားပေးရမည်ကို မသိပေ။ အောက်ပါ အကြံပေးချက်များကို ဖတ်ရှုလေ့လာပါ။ နေ့စဉ်ကိစ္စများတွင်ကူညီပါ။ အသည်းရောင်ရောဂါဖြစ်နေသည့် မိတ်ဆွေသည် အခြားသူများကို ဝန်ထုပ်ဖြစ်စေသည်ဟု တွေးလေ့ရှိသည်။ ထို့ကြောင့် သူတို့လိုအပ်နေလျှင်တောင်မှ အကူအညီတောင်းရန် ခက်ခဲပါသည်။ ထိုသို့ အကူအညီတောင်းရန်စောင့်နေမည့်အစား နေ့စဉ်သွားလာနေရသည့် ကုန်စုံဆိုင်သွားခြင်း၊ ကလေးထိန်းခြင်း၊ ကျောင်းမှ ကလေးသွားကြိုခြင်း၊ အဝတ်အစားလျှော်ဖွတ်ခြင်းတို့ကို ကူ၍လုပ်ပေးနိုင်သည်။ သင်လုပ်ပေးချင်သည်များကို စာရင်းပြုစုကာ သင့်မိတ်ဆွေကိုမေး၍ ကူညီနိုင်သည်။ စောင့်ရှောက်သူနှင့်မိသားစုဝင်များကိုအားပေးပါ။ သင့်မိတ်ဆွေအားေ စာင့်ရှောက်ပေးသူနှင့် အခြားမိသားစုဝင်များကို အားပေးခြင်းသည် လူနာကို အားပေးသကဲ့သို့ပင်ဖြစ်သည်။ သင့်မိတ်ဆွေ၏ မိသားစုဝင်များ ဘာတွေလုပ်နေလဲ၊ မိမိ ဘာတွေအကူအညီပေးနိုင်လဲ ဆိုသည်ကိုမေးမြန်းကာ ကိစ္စအသေးစားများကိုကူညီပေးပါ။ မိသားစုဝင်နှင့် စောင်ရှောက်ပေးသူတို့ အနားယူလျှင် သင်သည် အနားတွ င်နေပေးနိုင်သည်။ အကောင်းဆုံးလုပ်ဆောင်ပါ။ သင့်မိတ်ဆွေကို ကူညီရာတွင် အရာအာလုံး ကူညီရန်မလိုပါ။ […]


အသည်းရောဂါများ

အသည်းရောင်ရောဂါ(ဘီ)ပိုးသယ်ဆောင်သူကမွေးကင်းစကလေးကိုရောဂါပိုးမကူးအောင် ဘယ်လိုကာကွယ်မလဲ။

အသည်းရောင်ရောဂါ(ဘီ)သည် ကမ္ဘာတစ်ဝန်းလုံးတွင် ဖြစ်ပွားနေပြီး မိခင်မှကလေးသို့ ကူးစက်ခြင်းသည် အများဆုံးဖြစ်ပါသည်။ အကယ်၍ သင်သည်ကိုယ်ဝန်ရှိပြီး အသည်းရောင်ရောဂါဘီရှိနေလျှင် မမွေးရသေးသော ကလေးအတွက်ေ ရာဂါမှကာကွယ်ရန် ပြောပြပါမည်။ အသည်းရောင်ရောဂါဘီဆိုသည်မှာဘာလဲ အသည်းရောင်ရောဂါဘီပိုးကြောင့် အသည်းရောင်ခြင်းဖြစ်သည်။ ၎င်းပိုးသည် သင့်သွေးနှင့် ခန္ဓါကိုယ်အရည်များတွင် ရှိနေသော်လည်း အသည်းကို အထိခိုက်ဆုံးဖြစ်သည်။ ရောဂါကူးစက်သည်ဆိုခြင်းမှာ ဘီပိုးသည် သင်၏ခန္ဓါကိုယ်ထဲတွင် သင်၏ကျန်သက်တမ်းတစ်လျောက် နေထိုင်နိုင်၍ဖြစ်သည်။ အချို့လူများတွင် ရောဂါရှိသော်လည်း ရောဂါလက္ခဏာမပြသပေ။ တုပ်တွေးကဲ့သို့ လက္ခဏာပြသခြင်း၊ မျက်လုံးနှင့်အရေပြားများဝါလာခြင်းတို့ဖြစ်နိုင်သည်။ ရောဂါရှိမရှိသိနိုင်သော တစ်ခုတည်းသောနည်းမှာ သွေးစစ်ခြင်းဖြစ်သည်။ ကလေးများတွင်အသည်းရောင်ရောဂါဘီဘာလို့ဆိုးဝါးသလဲ အသည်းရောင်ရောဂါဘီသည် သင်၏ကိုယ်ဝန်အပေါ် အကျိုးသက်ရောက်မှုမရှိပါ။ သို့သော် ကလေးမွေးနေစဉ် သင့်ကလေးသည် ရောဂါပိုးကူးစက်နိုင်သည်။ ရိုးရိုးမွေး (သို့) ဗိုက်ခွဲမွေးသည့်အခါဖြစ်နိုင်သည်။ သင့်ကလေးရောဂါကူးစက်ခံရလျှင် အလွန်အန္တရာယ်ရှိသည်။ သင်၏ကလေးနာတာရှည်ရောဂါရရန် ၉၀ရာခိုင်နှုန်းဖြစ်နိုင်သည်။ လူကြီးများတွင် နာတာရှည်အသည်းရောင်ရောဂါရှိသည့် ၄ယောက်တွင်တစ်ယောက်က ဆိုးရွားသော ကျန်းမာရေးရှိနိုင်သည်။ အကယ်၍ သင့်ကလေးကို ဘီပိုးမှကာကွယ်မထားလျှင် အသည်းပျက်စီးခြင်း၊ အသည်းကင်ဆာတို့ကို […]


အသည်းရောဂါများ

အသည်းရောင်ရောဂါ(ဘီ)သယ်ဆောင်သူက ဇနီး/ခင်ပွန်းကိုမကူးစက်အောင်ဘယ်လိုကာကွယ်မလဲ

သင့်တွင် အသည်းရောင်ရောဂါ(ဘီ)ရှိသည်ဟု သိခဲ့လျှင် သင်၏အိမ်ထောင်ဖက်မှာ သင့်ကိုစောင့်ရှောက်သူ၊ အားပေးသူ၊ သင်မှီခိုရမည့်သူဖြစ်သည်။ အိမ်ထောင်ဖက်က အနားတွင် နီးကပ်စွာရှိခြင်း ကရောဂါကူးစက်နိုင်ခြေများသည်။ အောက်ပါနည်းလမ်းများနှင့် အိမ်ထောင်ဖက်ကို ရောဂါပိုးမကူးစက်အောင် ကာကွယ်နိုင်သည်။ အသည်းရောင်ရောဂါ(ဘီ)ဘယ်လိုပျံ့နှံ့သလဲ။ အသည်းရောင်ရောဂါ(ဘီ)ပိုးသည် သင်၏အိမ်ထောင်ဖက်သို့ သင်၏သွေး၊ သုတ်ပိုး၊ အခြားခန္ဓါကိုယ်အရည်များမှတစ်ဆင့် ကူးစက်နိုင်သည်။ အပ်၊ aဆးထိုးပြွန်များမျှသုံးခြင်း၊ သင်တုံးဓါး၊ သွားတိုက်တံမျှသုံးခြင်း၊ လိင်ဆက်ဆံခြင်းတို့မှ ရောဂါရနိုင်သည်။ ထို့အပြင် သင်၏သွေး၊ ပေါက်ပြဲဒဏ်ရာများကိုထိတွေ့ခြင်း၊ အပ်နှင့် အခြားထက်သောအရာများနှင့် ထိမိခြင်းမှလည်း ကူးစက်နိုင်သည်။ အိမ်ထောင်ဖက်ကိုဘယ်လိုကာကွယ်မလဲ။ သင်၏အိမ်ထောင်ဖက်ကိုသွေးစစ်ရန်သတိပေးပါ။ အိမ်ထောင်ဖက်သည် လိင်ဆက်ဆံခြင်းဖြင့် သင့်ဆီမှ ရောဂါပိုးကူးစက်ရန် များပါသည်။ သင်နေမကောင်းဖြစ်ပါက အကြောင်းကြားရန် လိုအပ်ပါသည်။ ရောဂါကာကွယ်ရန်အတွက် သင်၏အိမ်ထောင်ဖက်ကို ဆရာဝန်နှင့်တွေ့ဆုံ၍ သွေးစစ်ရန်သတိပေးရမည်။ သင်တို့နှစ်ယောက်လုံးသည် ရောဂါကာကွယ်နည်းများ လိုက်နာသော်လည်း ပုံမှန်သွေးစစ်ဆေးခြင်းသည် အရေးကြီးပါသည်။ သင့်အိမ်ထောင်ဖက်တွင် ရောဂါမရှိပါက ကာကွယ်ဆေးထိုးရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။ ကာကွယ်ဆေးက […]


အစာအိမ်ရောင်ခြင်း

မည်သည့် စတီးရွိုက်မပါသောအကိုက်အခဲပျောက်ဆေးက အစာအိမ်ကို ထိခိုက်မှုနည်းသလဲ

NSAID လို့ ခေါ်ကြတဲ့ စတီးရွိုက်မဟုတ်တဲ့ အကိုက်အခဲပျောက်ဆေးတွေဟာ အထူးသဖြင့် အဆစ်ရောင် လူနာတွေမှာ အသုံးပြုတဲ့ နာကျင်မှုနဲ့ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ ဆေးအုပ်စု ဖြစ်ပါတယ်။ အဆစ်ရောင်လူနာတိုင်း နီးပါးဟာ သူတို့ရဲ့ ရောဂါလက္ခဏာတွေကို သက်သာဖို့ NSAID ကို အသုံးပြုကြပါတယ်။ ဒီဆေးအများစုဟာ ဆေးဆိုင်မှာတင် အလွယ်တကူ ဝယ်ယူနိုင်ပေမယ့် ဆေးအချို့ကတော့ ဆရာဝန်ညွှန်ကြားချက်လိုအပ်ပါတယ်။ ဆေးဆိုင်က အလွယ်တကူ ဝယ်လို့ရတဲ့ ဆေးတွေကတော့ Aspirin၊ Ibuprofen (Advil, Motrin) နဲ့ naproxen (Aleve, Naprosyn) တို့ပဲ ဖြစ်ပါတယ်။   NSAID တွေရဲ့ အသုံးဝင်ပုံနဲ့ ဆိုးကျိုးများ NSAID တွေကို အဆစ်ရောင်လူနာတွေ၊ နာတာရှည် အဆစ်ရောဂါ လူနာတွေနဲ့ နာကျင်မှု ခံစားနေရသူတွေ (ခါးနာ၊ ခေါင်းကိုက်၊ သွားနာ) မှာ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

စအိုပြည်တည်နာအကြောင်း သိကောင်းစရာ

စအိုနားတဝိုက်မှာ ပြည်တည်တာဟာ အရမ်းနာတဲ့ အပြင် သင့်ရဲ့ နေ့စဉ်လှုပ်ရှားသွားလာ နေထိုင်မှုကိုသာမက အလုပ်အကိုင်ကိုပါ ထိခိုက်စေပါတယ်။ ဒီနေရာမှာ ဆက်သိဖို့လိုလာတာက စအိုပြည်တည်နာဆိုတာ ဘာလဲ၊လက္ခဏာတွေကဘာလဲ ဒါမှမဟုတ် ဒီအခြေအနေဖြစ်နေမှန်းဘယ်လို သိနိုင်မလဲ စတဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။ ဒီမေးခွန်းတွေရဲ့ အဖြေတွေကို အောက်မှာ ပေးထားပါတယ်။ ဆက်ပြီးဖတ်ကြည့်လိုက်ပါဦး။ •စအိုပြည်တည်နာ ဆိုတာ ဘာလဲ။ စအိုပြည်တည်နာ ဆိုတာ စအိုနားပတ်ချာလည် အနီးတဝိုက်မှာ ပြည်တွေစုပုံလာပြီး အရမ်းနာကျင်တဲ့ အခြေအနေကို ဆိုလိုပါတယ်။ စအိုတဝိုက်က ဂလင်း အသေးလေးတွေမှာ ပိုးဝင်တာဟာ စအိုပြည်တည်တာကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းပဲ ဖြစ်ပါတယ်။ အများဆုံး မြင်တွေ့ရတတ်တဲ့ အမျိုးအစားကို perianal abscess လို့ ခေါ်ပါတယ်။ စအိုအနီးမှာ မီးလောင်ဖုလို ဖောင်းဖောင်းကြီးတွေ ဖြစ်လာတာဖြစ်ပြီး အရမ်းနာတဲ့ အနေအထားကို ဆိုလိုတာပါ။ […]


ဝမ်းချုပ်ခြင်း

ဝမ်းချုပ်ခြင်းအကြောင်းသိကောင်းစရာအချက် (၅)ချက်

ဝမ်းချုပ်ခြင်းနှင့် သိကောင်းစရာများဝမ်းချုပ်ခြင်းဆိုသည်မှာ ခန္ဓါကိုယ်တွင်းရှိ အူများ၏ လှုပ်ရှားမှုသည် ရှိသင့်သည်ထက် နည်းပါးနေသောအခါ ကြုံတွေ့ရသော အခြေအနေ တစ်ခုဖြစ်ပါသည်။ လူတိုင်းလူတိုင်းသည် ဝမ်းချုပ်ခြင်းကို အနည်းဆုံးတော့ တစ်ကြိမ် ကြုံဖူးကြသော်လည်း လူတော်တော်များများသည် ဝမ်းချုပ်ခြင်းနှင့်ပတ်သတ်၍ များများစားစား မသိကြပါ။ ဝမ်းချုပ်ခြင်းနှင့် ပတ်သက်သော အခြားသူများ၏ ယုံတမ်းစကားများကို နားထောင်ပြီး သင့်စိတ်တွင် အမြင်ရှင်းသွားစေရန် အောက်ပါအချက် ( ၅) ချက်ကို လေ့လာကြည့်ပါ။ (၁)နေ့စဉ်နေ့တိုင်းမဖြစ်မနေအူများလှုပ်ရှားမှုရှိရမည်ဟုမဆိုလိုပါ သင့်ခန္ဓါကိုယ်တွင်းရှိအူများ၏ လှုပ်ရှားမှုနှင့်ပတ်သတ်သောတိကျသည့်စည်းကမ်းမရှိပါ။ ထို့ပြင်လူတစ်ဦးနှင့် တစ်ဦး၏ အူများသည်လည်း လှုပ်ရှားမှုတူညီခြင်း မရှိပါ။ ဥပမာအားဖြင့် အချို့သူများသည် တစ်နေ့လျှင် ၃ကြိမ်ခန့် သန့်စင်ခန်းသို့ ဝင်၍ အလေးစွန့်ရသော်လည်း အများစုကမူ တစ်ပတ်လျှင် ၃ ကြိမ်ခန့်သာ အိမ်သာဝင်၍ အလေးစွန့်ရခြင်းမျိုး ရှိတတ်ပါသည်။ ယေဘုယျအားဖြင့် အများစုမှာတစ်နေ့လျှင် ၁ ကြိမ်ခန့် ဝမ်းသွားတတ်ပါသည်။ […]


အသည်းရောဂါများ

အသည်းရောင်အသားဝါ ဘီရောဂါ

အသည်းရောင်အသားဝါဘီပိုးဟာအသည်းမှာရောဂါကူးစက်စေနိုင်တဲ့ရောဂါပိုးတစ်မျိုးဖြစ်ပါတယ်။ သည်ရောဂါပိုးဟာအသည်းကိုထိခိုက်ပျက်စီးစေနိုင်တဲ့နာတာရှည်ရောဂါကိုခံစားရစေနိုင်ပါတယ်။ အသည်းရောင်အသားဝါဘီပိုးဟာသွေးနဲ့ကိုယ်ခန္ဓါကနေထွက်ရှိလာတဲ့အရည်တွေကတဆင့်ကူးစက်တတ်ပါတယ်။ အကာအကွယ်မပါဘဲလိင်ဆက်ဆံတာနဲ့ရောဂါပိုးရှိသူအသုံးပြုထားတဲ့သင်တုန်းဓါး၊သွားတိုက်တံတို့လိုမျိုးပစ္စည်းတွေနဲ့ဆေးထိုးအပ်တွေကိုမျှဝေသုံးစွဲတာကနေလည်းရောဂါကူးစက်နိုင်ပါတယ်။ ပွေ့ဖက်တာ၊နမ်းတာနဲ့အခြားထိတွေ့မှုတွေကနေတဆင့်လည်းအသည်းရောင်အသားဝါဘီရောဂါပိုးကကူးစက်နိုင်ပါတယ်။   အသည်းရောင်အသားဝါဘီပိုးကူးစက်မှုကြောင့် ဖြစ်နိုင်ခြေရှိတဲ့ရောဂါလက္ခဏာတွေကတော့ပင်ပန်းနွမ်းလျ၊ဖျားနာ၊အစားစားချင်စိတ်လျော့နည်း၊ဝမ်းဗိုက်နာကျင၊အသားဝါ၊ဆီးအရောင်ရင၊့် ဝမ်းအမည်းတွေသွားတာတို့ပဲဖြစ်ပါတယ်။ အသည်းရောင်အသားဝါကူးစက်ခံရမှုတော်တော်များများမှာရောဂါကူးစက်ခံထားရသူမှာရောဂါလက္ခဏာတွေမပြတာမျိုးဖြစ်တတ်သလိုအခြားဝေဒနာတွေရဲ့ရောဂါလက္ခဏာတွေလို့မှားယွင်းယူဆမိတာမျိုးလည်းရှိပါတယ်။ အသည်းရောင်အသားဝါပိုးရှိနေလားဆိုတာကိုသေသေချာချာပြောနိုင်ဖို့က သွေးစစ်ကြည့်ဖို့လိုပါတယ်။ အသည်းပျက်စီးနေပြီလို့ယူဆတဲ့ရောဂါမျိုးမှာရောဂါကိုအတည်ပြုဖို့အတွက်အသည်းအသားစကိုယူပြီးစစ်ဆေးဖို့လိုအပ်တာမျိုးလည်းရှိတတ်ပါတယ်။ အသည်းရောင်အသားဝါဘီရောဂါဟာဆေးမကုဘဲပျောက်သွားတာမျိုးလည်းရှိပါတယ်။ ပြည့်ပြည့်ဝဝအနားယူတာနဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေစားသုံးတာကအသည်းရောင်အသားဝါဘီရောဂါလက္ခဏာတွေကိုသက်သာစေပါတယ်။ ရေဓါတ်ပြည့်ဝအောင်သောက်သုံးပေးတာနဲ့အရက်သေစာကိုရှောင်ရှားတာကလည်းအသည်းရောင်အသားဝါဘီရောဂါကိုသက်သာကောင်းမွန်အောင်အထောက်အကူပြုပါတယ်။ အသည်းရောင်အသားဝါဘီပိုးကြောင့်အသည်းပျက်စီးတာမျိုးမဖြစ်အောင်ကာကွယ်ဖို့အတွက်ဆေးကုသမှုခံယးဖို့အတွက်ဆရာဝန်နဲ့တိုင်ပင်ဖို့လည်းအကြံပြုချင်ပါတယ်။   အချို့သောအသည်းရောင်အသားဝါရောဂါတွေမှာဆေးမကုသဘဲထားရာကနေ ပြင်းထန်တဲ့နောက်ဆက်တွဲရောဂါတွေခံစားရတာမျိုးကိုလည်းတွေ့ရပါတယ်။ သည်နောက်ဆက်တွဲရောဂါတွေထဲမှာအသည်းကင်ဆာ၊အသည်းပျက်စီးတာ၊အသည်းခြောက်နဲ့ကျောက်ကပ်ပျက်စီးတာတွေကိုတောင်ခံစားရနိုင်တာမျိုးတွေရှိပါတယ်။ အသည်းကတော်တော်ကိုပျက်စီးသွားပြီဆိုရင်တော့အသည်းအစားထိုးကုသတာကလည်းနည်းလမ်းတစ်ရပ်ပါ။ အသည်းရောင်အသားဝါဘီပိုးကိုကာကွယ်ဖို့အကောင်းဆုံသောနည်းလမ်းကတော့ကာကွယ်ဆေးထိုးတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင်လိင်ဆက်ဆံတဲ့အခါမှာလည်းကွန်ဒုံးကိုအသုံးပြုပါ။ တစ်ကိုယ်ရေသုံးပစ္စည်းတွေ၊အထူးသဖြင့်ဆေးထိုးအပ်တွေကိုမျှဝေသုံးစွဲတာမျိုးမလုပ်ပါနဲ့အခြားသူရဲ့သွေးကိုထိရခါနီးတိုင်းပလပ်စတစ်လက်အိတ်အသုံးပြုပြီးမှထိဖို့မမေ့ပါနဲ့။ အသည်းရောင် အသားဝါရောဂါရှိနေပြီဆိုရင်တောင်မှ ရောဂါကိုကောင်းကောင်းထိန်းချုပ်ပြီးအသက်ရှည်ရှည် ပျော်ပျော်ရွှင်ရွှင်နဲ့နေသွားလို့ရပါသေးတယ်။ ရောဂါအခြေအနေကိုကောင်းကောင်းသိအောင်လုပ်ပြီးကိုယ့်ကိုကိုယ် အရင်ကထက်ပိုပြီးဂရုစိုက်ပါ။ ကိုယ့်ရဲ့အိမ်ထောင်ဖက်ကိုလိင်ဆက်ဆံတဲ့အခါ အကာအကွယ်ပစ္စည်းအသုံးပြုဖို့ ပြောပါ။ အကူအညီလိုတဲ့အချိန်တိုင်းမှာအကူအညီတောင်းခံပါ။ အသည်းရောင် အသားဝါဘီပိုးဟာနေ့စဉ်ထိတွေ့မှု ကနေမကူးစက်နိုင်တာကြောင့် သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အဆက်အဆံမလုပ်ဘဲနေဖို့မလိုအပ်ပါဘူး။

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း