အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်လိုက်တာ ခုတော့ ဝမ်းပိတ်ရုံတင်မကဘူး။ ဝမ်းပါချုပ်သွားပြီလို့ ပြောတာ ကြားဖူးမှာပါ။ ဝမ်းချုပ်တာကို ဓာတ်ချုပ်တယ်လို့လည်း ပြောကြတော့ ဓာတ်ဆားရည်တွေ သောက်လိုက်လို့ ဝမ်းချုပ်သွားတာများလားလို့ တွေးတတ်ကြပါတယ်။ တကယ်ပဲ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်တွေမှာ ဘာတွေပါဝင်သလဲ။ ဓာတ်ဆားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ရေ စတာတွေ ပါဝင်ပြီး ဒါတွေက နဂိုလည်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဝမ်းချုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်က ဝမ်းချုပ်စေဖို့ မပြောနဲ့။ ဝမ်းပိတ်စေတဲ့ အာနိသင်တောင် မရှိပါဘူး။ ဟုတ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်သောက်တာက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဝမ်းရပ်ဖို့ ဆိုတာက ကုသမှု တစ်ခုခု […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

အသည်းရောဂါများ

အသည်းရောင်အသားဝါ ဘီရောဂါ

အသည်းရောင်အသားဝါ ဘီပိုး ဟာ အသည်းမှာရောဂါကူးစက်စေနိုင်တဲ့ ရောဂါပိုးတစ်မျိုးဖြစ်ပါတယ်။ သည်ရောဂါပိုး ဟာ အသည်းကိုထိခိုက်ပျက်စီးစေနိုင်တဲ့ နာတာရှည်ရောဂါကိုခံစားရစေနိုင်ပါတယ်။ အသည်းရောင် အသားဝါ ဘီပိုးဟာ သွေးနဲ့ကိုယ်ခန္ဓါကနေထွက်ရှိလာတဲ့အရည်တွေကတဆင့် ကူးစက်တတ်ပါ တယ်။ အကာအကွယ်မပါဘဲ လိင်ဆက်ဆံတာနဲ့ ရောဂါပိုးရှိသူအသုံးပြုထားတဲ့ သင်တုန်းဓါး၊သွားတိုက်တံတို့ လိုမျိုး ပစ္စည်းတွေနဲ့ ဆေးထိုးအပ်တွေကိုမျှဝေသုံးစွဲတာကနေလည်း ရောဂါကူးစက်နိုင်ပါတယ်။ ပွေ့ဖက်တာ၊ နမ်းတာနဲ့ အခြားထိတွေ့မှုတွေကနေတဆင့်လည်း အသည်းရောင်အသားဝါ ဘီရောဂါပိုးကကူးစက်နိုင်ပါတယ်။ အသည်းရောင် အသားဝါဘီပိုးကူးစက်မှုကြောင့် ဖြစ်နိုင်ခြေရှိတဲ့ရောဂါလက္ခဏာတွေကတော့ ပင်ပန်းနွမ်းလျ၊ ဖျားနာ၊ အစားစားချင်စိတ်လျော့နည်း၊ဝမ်းဗိုက်နာကျင၊ အသားဝါ၊ ဆီးအရောင်ရင၊့် ဝမ်းအမည်းတွေသွားတာတို့ပဲဖြစ်ပါတယ်။ အသည်းရောင်အသားဝါကူးစက်ခံရမှုတော်တော်များများ မှာ ရောဂါကူးစက်ခံထားရသူမှာ ရောဂါလက္ခဏာတွေမပြတာမျိုးဖြစ်တတ်သလို အခြားဝေဒနာတွေရဲ့ရောဂါ လက္ခဏာတွေလို့ မှားယွင်းယူဆမိတာမျိုးလည်းရှိပါတယ်။ အသည်းရောင်အသားဝါပိုးရှိနေလားဆိုတာကိုသေသေ ချာချာပြောနိုင်ဖို့က သွေးစစ်ကြည့်ဖို့လိုပါတယ်။ အသည်းပျက်စီးနေပြီလို့ယူဆတဲ့ရောဂါမျိုးမှာ ရောဂါကိုအတည်ပြုဖို့ အတွက် အသည်းအသားစကိုယူပြီးစစ်ဆေးဖို့လိုအပ်တာမျိုးလည်းရှိတတ်ပါတယ်။ အသည်းရောင်အသားဝါ ဘီရောဂါဟာ ဆေးမကုဘဲပျောက်သွားတာမျိုးလည်းရှိပါတယ်။ ပြည့်ပြည့်ဝဝအနားယူ တာနဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေစားသုံးတာက အသည်းရောင်အသားဝါ ဘီရောဂါလက္ခဏာ […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

Bloated Stomach (ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Bloated Stomach (ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း ) ကဘာလဲ။ အစာအိမ်နှင့် အူလမ်းကြောင်းအတွင်းရှိသော လေများသည်ပုံမှန်ထက် ပိုမိုများပြားလာသောအခါ ပြည့်အင့်ခြင်းကိုစတင်ခံစားသည်။ တစ်ခါတရံတွင် သိသာမြင်သာသည်အထိ ဗိုက်ဖောင်းခြင်း မျိုးလည်းရှိတတ်ပါသည်။ မြိုချလိုက်သောလေများ။ အစာချေရာမှ ထွက်ပေါ်လာသောလေများ အလွန်များပြားလာသောအခါ မအီမသာဖြစ်ခြင်းစတင်ခံစားရတယ်။ တစ်နေ့တည်းတွင်ပင် အကြိမ်မြောက်များစွာ ခံစားရခြင်းမျိုးလည်းရှိတတ်ပါတယ်။ Bloated Stomach (ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ အဖြစ်များသောရောဂါဖြစ်ပြီးကလေးငယ်များတွင်လည်း ဖြစ်ပွားလေ့ရှိသည်။ အမျိုးသားများ ထက် အမျိုးသမီးများတွင် ပိုအဖြစ်များပါတယ်။ အခြားသော အစာအိမ်အူလမ်းကြောင်း ရောဂါများ(ဥပမာ-အူလမ်းကြောင်း မငြိမ်သက်ရောင်ရမ်းသောရောဂါ Inflammatory bowel syndrome)နဲ့တွဲ၍ဖြစ်တတ်တယ်။ ပြင်းထန်ဆိုးရွားသောရောဂါမဟုတ်သည့် အတွက် အလွယ်တကူပျောက်ကင်းနိုင်ပါတယ်။ လက္ခဏာများBloated Stomach (ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်အများဆုံးရောဂါလက္ခဏာမှာ အစာစားပြီးပြည့်အင့်ခြင်း၊မအီမသာဖြစ်ခြင်း၊လေချဉ်တက်ခြင်း၊ဗိုက်ကယ်ခြင်းတို့ဖြစ်တတ်ပါသည်။   အထက်တွင် ဖော်ပြထားသောလက္ခဏာများ အပြင် အခြားလက္ခဏာတွေ လည်းရှိနိုင်ပါ သေးတယ်။ သင့်ဆီမှာမေးခွန်းတစ်ခုခု ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။ ဘယ်အချိန်မှာ […]


ဝမ်းပျက်ဝမ်းလျှောခြင်း

Diarrhea (ဝမ်းပျက်ဝမ်းလျှောခြင်း)

ဝမ်းပျက်ဝမ်းလျှောခြင်း ဆိုတာ ဝမ်းအရည်ကျဲကျဲတွေ ခဏခဏသွားခြင်းကို ခေါ်ပါတယ်။ ဒီလိုဖြစ်တာ ကြာတဲ့အပေါ်မူတည်ပြီး ဝမ်းပျက်ဝမ်းလျှောခြင်းကို (၃)မျိုး ခွဲခြားနိုင်ပါတယ်။ • ရုတ်တရက် ဝမ်းလျှောခြင်း(ရက်ပိုင်းအနည်းငယ်ကနေ တစ်ပတ်လောက်ထိ ကြာနိုင်ပါတယ်) • အချိန်အတော်ကြာ ဝမ်းလျှောခြင်း (သုံးပတ်ဝန်းကျင် လောက်ထိ ကြာနိုင်ပါတယ်) • နာတာရှည် ဝမ်းလျှောခြင်း (လေးပတ်ထက် ပိုပြီးကြာနိုင်ပါတယ်) Diarrhea (ဝမ်းပျက်ဝမ်းလျှောခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ ပျမ်းမျှအားဖြင့် အရွယ်ရောက်ပြီးသူတိုင်းဟာ တစ်နှစ်ကို လေးကြိမ်လောက် ဝမ်းပျက်ဝမ်းလျှော ဖြစ်လေ့ရှိကြပါတယ်။ အမျိုးသား အမျိုးသမီးမရွေး၊ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ဒီဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းဟာ ခဏတာ ဖြစ်တဲ့ အပျော့စားမျိုးရှိသလို အသက်အန္တရာယ်ထိခိုက်တဲ့အထိ ဖြစ်လာနိုင်တဲ့အတွက် သတိထားဖို့လိုပါတယ်။ ဝမ်းပျက်ဝမ်းလျှောခြင်း ကို မကုသပဲ အချိန်အကြာကြီး ဖြစ်စေမယ်ဆိုရင် အူလမ်းကြောင်း ရောင်ရမ်းသည့်ရောဂါ (သို့) အူကိုလှုံ့ဆွမှုများခြင်းကြောင့် ဖြစ်သော ရောဂါ စတဲ့ ဆိုးဆိုးဝါးဝါး […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Diverticulitis (အူမကြီး၏နံရံတွင် အိတ်ငယ်သဖွယ် ဖောင်းထွက်၍ ရောင်ရမ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Diverticulitis (အူမကြီး၏နံရံတွင် အိတ်ငယ်သဖွယ် ဖောင်းထွက်၍ ရောင်ရမ်းခြင်း) ကဘာလဲ။ <အူမကြီးဆိုတာအစာအိမ်နဲ့ အူလမ်းကြောင်းရဲ့ နောက်ဆုံးအပိုင်းဖြစ်ပါတယ်။၎င်းဟာအရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေဖြစ်တဲ့အစာနှင့် ဘီတာမင်ဓါတ်များ စုပ်ယူခြင်းကို လုပ်ဆောင်ပါတယ်။ ဒါ့အပြင် ချေပြီးသားအစာတွေကိုလည်း မစင်အဖြစ်သို့ ပြောင်းလဲ ပေးပါတယ်။ မစင်အဖြစ် မစွန့်ခင်မှာ အစာတွေဟာ အူမကြီးကို ဖြတ်ရပါတယ်။ ဒီရောဂါ ဖြစ်တဲ့အခါ အူမကြီးနံရံတွေရဲ့ အစိတ်အပိုင်းတွေဟာ လျော့တိလျော့ရဲ နဲ့ ပါးနေတတ် ပါတယ်။ ဒီလိုလျော့ရဲ နေတဲ့ နေရာတွေမှာ အိတ်ငယ်လေးတွေအဖြစ် အပြင်ကိုဖောင်းထွက်နေနိုင်ပါတယ်။ ဒီလို အိတ်ငယ်တစ်ခုစီကို Diverticulum (ဒိုင်ဗာတီကူလန်) လို့ ခေါ်ပါတယ်။ ဒီအစိတ်အပိုင်းတွေဟာနီရဲ လာပြီးဖောင်းလာ ရောင်လာကာ ပိုးဝင်လာနိုင်ပါတယ်။ Diverticulitis ဆိုတာဟာ ဒီ diverticulum (ဒိုင်ဗာတီကူလန်) အိတ်ငယ်လေးတွေ ရောင်ရမ်းပြီး ပိုးဝင်လာခြင်းကိုခေါ်ပါတယ်။ ဒီလိုရောင်ရမ်းမှုဟာ သာမန်အသေးစားရောင်ရမ်းမှု မျိုးဖြစ်နိုင်သလို ဆိုးရွားတဲ့ ပိုးဝင်ခြင်းမျိုးလည်း […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Dysentery (ဝမ်းကိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dysentery (ဝမ်းကိုက်ခြင်း) ကဘာလဲ။ ဝမ်းကိုက်ရောဂါဆိုတာ Salmonella နှင့် Shigella ကဲ့သို့ ဘတ်တီးရီးယားပိုးကြောင့်ဖြစ်သော အူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဝမ်းထဲမှာပါလာတဲ့ ဘတ်တီးရီးယားပိုးတွေနဲ့ တိုက်ရိုက်ထိတွေ့ခြင်းအားဖြင့် ရောဂါပိုးတွေဟာ ကူးစက်နိုင်ပါတယ်။ ၎င်းဘတ်တီးရီးယား ရောဂါပိုးဟာ မသန့်ရှင်းသော အစားအသောက်တွေနဲ့ မသန့်ရှင်းသောရေကို သောက်သုံးမိခြင်း၊ မသန့်ရှင်းသော အစားအစာများ စားသုံးမိခြင်း၊ မသန့်ရှင်းသော ရေတွင်ရေကူးမိခြင်း စတာတွေကတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။ Dysentery (ဝမ်းကိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ သို့သော် အသက် ၂နှစ်မှ ၄နှစ်ကြား ကလေးများတွင် ပို၍ဖြစ်တတ်ပါတယ်။ ဆောင်းရာသီထက် နွေရာသီတွင် ပိုအဖြစ်များပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများDysentery (ဝမ်းကိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ဝမ်းကိုက်ရောဂါ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ သင်ဟာ ၎င်းဘတ်တီးရီးယား ပိုးများနဲ့ထိတွေ့ပြီး ၁ရက် သို့မဟုတ် ၂ရက်အကြာတွင် […]


သည်းခြေဆိုင်ရာရောဂါများ

Gallstones ( သည်းခြေကျောက်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Gallstones ( သည်းခြေကျောက်) ကဘာလဲ။ သည်းခြေကျောက်တည်ခြင်းဟာ အသည်းက အဆီတွေကို ချေဖျက်ဖို့ ပြုလုပ်ထားတဲ့ အရည်ဖြစ်တဲ့ သည်းခြေရည် ခဲသွားတဲ့ အခါမှာ ဖြစ်တတ်တဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ သည်းခြေအိတ်ဟာ အသည်းအောက်မှာရှိပြီး သည်းခြေရည်တွေ သိမ်းထားတဲ့ သစ်တော်သီးပုံစံရှိ အင်္ဂါတစ်ခုဖြစ်ပါတယ်။ သည်းခြေအိတ် (သို့) သည်းခြေပြွန်တွေ ပိတ်ဆို့တဲ့အခါ သည်းခြေကျောက် ဖြစ်နိုင်ပါ တယ်။ သည်းခြေကျောက်တွေဟာ အရွယ်အစား အမျိုးမျိုး ရှိပါတယ်။ သဲမှုန်တစ်မှုန်စာလောက်ကနေ ဂေါက်သီး အရွယ်အစားအထိ ရှိနိုင်ပါတယ်။ သူတို့ဟာ နာကျင်မှုကို ဖြစ်ပေါ်စေပြီး ကိုယ်ခန္ဓါကို ထိခိုက်စေပါတယ်။ သည်းခြေကျောက်နှစ်မျိုးရှိပါတယ်။ သူတို့ကတော့ • အဆီသည်းခြေကျောက် – အဝါရောင်ရှိပြီးတော့ မခြေဖျက်ရသေးတဲ့ Cholesterol အဆီ တွေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အတွေ့အများဆုံးလဲ ဖြစ်ပါတယ်။ • ရောင်ခြယ် သည်းခြေကျောက် – အညိုရင့်ရောင် (သို့) အမဲရောင်ရှိပြီး […]


အထက်လန်အောက်လျှောခြင်း

Gastroenteritis (အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Gastroenteritis (အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းခြင်း) ကဘာလဲ။ အစာအိမ်အူလမ်းကြောင်းရောင်ရမ်းခြင်းဟာ ရောဂါပိုးဝင်ရောက်မှုကြောင့် ဖြစ်တဲ့ အူနံရံတွေ ရောင်ရမ်းခြင်းပဲဖြစ်ပါတယ်။ လူအချို့က အစာအိမ်နာတယ်လို့ ပြောကြပေမယ့် အမှန်က အစာအိမ် အူလမ်းကြောင်းရောင်ရမ်း ခြင်း လို့ ခေါ်ပါတယ်။ ကူးစက်ရောဂါပိုး အများစုဟာ ဗိုင်းရပ်စ်ပိုးတွေဖြစ်ပြီး အချို့ကတော့ဘက်တီးရီးယား (သို့) ကပ်ပါးကောင်တွေ ဖြစ်ပါတယ်။ သူတို့ဟာ ညစ်ညမ်းတဲ့ အစားအစာနဲ့ရေတွေ၊ ရောဂါဖြစ်နေတဲ့လူက တစ်ဆင့် ကူးစက်ဝင်ရောက်တတ်ပါတယ်။ အူရောင်ခြင်းကြောင့် အဓိက ဖြစ်တဲ့ ပြဿနာက ရေဓါတ်ခန်းခြောက်ခြင်းပဲ ဖြစ်ပါတယ်။ ပျို့အန်ခြင်းနဲ့ ဝမ်းလျှောခြင်းတွေ ဖြစ်တဲ့အခါမှာ ရေဓါတ်အများကြီး ဆုံးရှုံးတတ်ပါတယ်။ Gastroenteritis (အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ သူဟာ ကလေးတွေ၊ အသက်ကြီးတဲ့လူတွေနဲ့ ကိုယ်ခံအားမကောင်းတဲ့လူတွေမှာ ပိုဖြစ်တတ်ပါတယ်။ အကောင်းဆုံး ကာကွယ်ခြင်းကတော့ လက်ဆေးခြင်းပဲဖြစ်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် […]


အသည်းရောဂါများ

Hepatitis B (အသည်းရောင်အသားဝါ ဘီ ရောဂါ)

အဓိပ္ပာယ်ဖွင့်ဆိုချက် Hepatitis B (အသည်းရောင်အသားဝါ ဘီ ရောဂါ) ကဘာလဲ။ အသည်းရောင်အသားဝါ ဘီရောဂါက ကူးစက်တတ်တဲ့ အသည်းရောဂါဖြစ်ပါတယ်။ အသည်းရောင်အသားဝါ ဘီပိုး (HBV) ကြောင့် ဖြစ်ပွားခြင်း ဖြစ်ပါတယ်။ အသည်းရောင်တဲ့ ပုံစံနှစ်မျိုးရှိပါတယ်။ ရုတ်တရက် အသည်းရောင်အသားဝါဘီရောဂါ HBV ပိုးနဲ့ ထိတွေ့ပြီးနောက် ၆ လအတွင်း သိသာတဲ့ လက္ခဏာပြပါတယ်။ ဒီရောဂါက နာတာရှည်အသည်းရောဂါအဖြစ်ကို ပြောင်းသွားတတ်ပါတယ်။ အမြဲတမ်းတော့ မဟုတ်ပါ။ နာတာရှည် အသည်းရောင်အသားဝါဘီရောဂါ ဒါကတော့ ကာလကြာရှည်စွာ ဖြစ်ပွားတတ်တဲ့ ရောဂါဖြစ်ပြီး လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်ပိုးတွေ ကျန်ရှိနေသည့်အခါ ဖြစ်ပေါ်တတ်ပါတယ်။ Hepatitis B (အသည်းရောင်အသားဝါ ဘီ ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ အသည်းရောင် အသားဝါ ဘီရောဂါက မွေးစကလေးကနေစပြီး လူကြီးတွေအထိ ဖြစ်နိုင်ပါတယ်။ WHO အချက်အလက်များအရ ကမ္ဘာပေါ်တွင် အသည်းရောင်အသားဝါဘီရောဂါရှိသူပေါင်း သန်းနှစ်ထောင်ခန့်ရှိသည်ဟု […]


အူမကြီးရောဂါများ (IBS)

IBS (နာတာရှည်အူလမ်းကြောင်းရောဂါ)

Irritable bowel syndrome (IBS) သည် အတွေ့ရများသော အစာချေစနစ်တွင် ဖြစ်သည့် နာတာရှည် အူလမ်းကြောင်း ပြဿနာ ဖြစ်သည်။ IBSက ယေဘုယျအားဖြင့် ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း၊ ဗိုက်ကယ်ခြင်း၊ လေလည်ခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်းများကို ဖြစ်စေနိုင်ပါသည်။ နာတာရှည်အူလမ်းကြောင်းပြဿနာ (IBS) က ဘယ်လောက်အဖြစ်များသလဲ IBSသည် လူငါးယောက်တွင် တစ်ယောက်နှုန်း ဖြစ်ပေါ်တတ်ပါသည်။ များသောအားဖြင့် အသက် ၂၀ မှ ၃၀ အတွင်းတွင် စဖြစ်တတ်ပါသည်။ အမျိုးသားများထက် အမျိုးသမီးများက နှစ်ဆ ဖြစ်နိုင်ချေ ပိုမြင့်၏။ IBS ရဲ့ လက္ခဏာတွေက ဘာတွေလဲ IBS၏ လက္ခဏာများသည် လူတစ်ဦးနှင့် တစ်ဦးမတူနိုင်ဘဲ အချို့လူများတွင် ပိုဆိုးတတ်သည်။ IBSတစ်ခါတစ်ခါ ဖြစ်လျှင် ရက် အနည်းငယ်မှ လချီပြီးကြာတတ်သည်။ စိတ်ဖိစီးမှုများလျှင် ပိုကြာတတ်ပြီး အစားမှားလျှင်လည်း ဖြစ်တတ်သည်။ IBS၏ […]


အစာအိမ်နှင့် အူလမ်းကြောင်းအနာ

Peptic Ulcer (အစာအိမ် (သို့) အူသိမ်မှာ အနာဖြစ်ခြင်း )

Peptic Ulcer ဆိုတာ အစာအိမ်နဲ့ အူသိမ်မှာ အနာဖြစ်ခြင်းကို ခေါ်ပါတယ်။ ဒီအနာက အစာအိမ်နှင့် အူနံရံတွေ ပေါက်ရာမှ အောက်ဘက်တစ်ရှူးများ ပေါ်လာပြီးဖြစ်ခြင်းပဲ ဖြစ်ပါတယ်။ အစာအိမ်အနာက အူအနာထက် ၄ ဆလောက် ပိုဖြစ်ပါတယ်။ Peptic Ulcer (အစာအိမ်( သို့) အူသိမ်မှာ အနာဖြစ်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါက အဖြစ်များပါတယ်။ လူလတ်ပိုင်းနဲ့ အသက်ကြီးတဲ့ လူတွေမှာ ပိုဖြစ်နိုင်ပါတယ်။ Peptic Ulcer (အစာအိမ်( သို့) အူသိမ်မှာ အနာဖြစ်ခြင်း ) ရဲ့ လက္ခဏာတွေက ဘာတွေလဲ Peptic ulcerရဲ့ အဖြစ်အများဆုံး ရောဂါလက္ခဏာ တွေကတော့ ဗိုက်အောင့်တာ သို့ ပူသလို ခံစားရခြင်းပဲ ဖြစ်ပါတယ်။ ချက်နေရာနဲ့ ရင်ညွန့်တို့မှာ နာလေ့ရှိပါတယ်။ သင့်ရဲ့ အစာအိမ်ဟာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း