အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်လိုက်တာ ခုတော့ ဝမ်းပိတ်ရုံတင်မကဘူး။ ဝမ်းပါချုပ်သွားပြီလို့ ပြောတာ ကြားဖူးမှာပါ။ ဝမ်းချုပ်တာကို ဓာတ်ချုပ်တယ်လို့လည်း ပြောကြတော့ ဓာတ်ဆားရည်တွေ သောက်လိုက်လို့ ဝမ်းချုပ်သွားတာများလားလို့ တွေးတတ်ကြပါတယ်။ တကယ်ပဲ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်တွေမှာ ဘာတွေပါဝင်သလဲ။ ဓာတ်ဆားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ရေ စတာတွေ ပါဝင်ပြီး ဒါတွေက နဂိုလည်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဝမ်းချုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်က ဝမ်းချုပ်စေဖို့ မပြောနဲ့။ ဝမ်းပိတ်စေတဲ့ အာနိသင်တောင် မရှိပါဘူး။ ဟုတ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်သောက်တာက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဝမ်းရပ်ဖို့ ဆိုတာက ကုသမှု တစ်ခုခု […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

အသည်းရောဂါများ

အသည်းခြောက်ခြင်း ။ အခြေခံအချက်အလက်များ

အသည်းခြောက်ခြင်းဟာ အသည်းပျက်စီးခြင်းကြောင့် ဖြစ်ပေါ်တာ ဖြစ်ပါတယ်။ အသည်းခြောက်ခြင်းဟာ ရောဂါသေဆုံးနှုန်းအများဆုံး အကြောင်းရင်း နံပါတ် ၁၂ မှာ ရှိနေပါတယ်။ ဒီဆောင်းပါးမှာတော့ အသည်းခြောက်ခြင်းအကြောင်းကို အသေးစိတ်ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ အသည်းခြောက်ခြင်းဟာ ကျန်းမာတဲ့ အသည်းတစ်ရှူးတွေနေရာမှာ အမာရွတ်တစ်ရှူးတွေနဲ့ အစားထိုးလိုက်တဲ့ ဖြည်းညင်းစွာ ဖြစ်ပေါ်လာတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ဒါဟာ အသည်းကို ကောင်းမွန်စွာ လုပ်ငန်းဆောင်တာဆောင်ရွက်နိုင်ခြင်းကနေ ကာကွယ်ပေးပါတယ်။ အမာရွတ်တစ်ရှူးတွေဟာ အသည်းကို သွေးဖြတ်သန်းစီးဆင်းမှုကို တားမြစ်ပြီး အာဟာရဓါတ်တွေ၊ ဟော်မုန်းတွေ သန့်စင်တဲ့ ဖြစ်စဉ်ကို နှောင့်နှေးစေပြီး အဆိပ်အတောက်တွေ ဖြစ်ပေါ်စေပါတယ်။ သူတို့ဟာ အသည်းကနေ ထုတ်လိုက်တဲ့ ပရိုတင်းနဲ့ အခြားအရာဝတ္ထုတွေ ထုတ်လုပ်ခြင်းကိုလည်း နှောင့်နှေးစေပါတယ်။ ဘယ်အရာတွေက အသည်းခြောက်ခြင်းကို ဖြစ်ပေါ်စေသလဲ။ အသည်းပျက်စီးခြင်းနဲ့ အသည်းခြောက်ရောဂါကို ဖြစ်စေနိုင်တဲ့ ရောဂါအခြေအနေ အများအပြား ရှိပါတယ်။ အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့ အရက်ကို […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Stomach Ache (ဗိုက်အောင့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Stomach Ache (ဗိုက်အောင့်ခြင်း) ကဘာလဲ။ ဝမ်းဗိုက်ဘယ်နေရာ အစိတ်အပိုင်းမှာပဲနာနာ ဗိုက်အောင့်တယ်လို့ ခေါ်ပါတယ်။ Stomach Ache (ဗိုက်အောင့်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အဖြစ်များတတ်တဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ လူတိုင်းနီးပါး ဗိုက်အောင့်ဖူးကြပါတယ်။ မိန်းကလေးတွေမှာ ပိုတွေ့ရတတ်ပြီး အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကို ရှောင်ရှားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ အသေးစိတ်သိလိုတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။ လက္ခဏာများStomach Ache (ဗိုက်အောင့်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အတွေ့ရများတဲ့ လက္ခဏာတွေကတော့ • ဆီးသွားသည့်အခါ နာခြင်း၊ ဆီးခဏခဏသွားခြင်း • ဗိုက်ကိုထိမိသည့်အခါ နာခြင်း • အော့အန်ခြင်း • နာရီတော်တော်ကြာအောင့်ခြင်း • ရေငတ်ခြင်း • ဖျားခြင်းတို့ဖြစ်ပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာ မပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အောက်ဖော်ပြပါအချက်တွေထဲက တစ်ခုခုရှိခဲ့မယ်ဆိုရင် သွားပြသင့်ပါတယ်။ • သွေးအန်ခြင်း […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Amebiasis (အမီးဘားပိုးကြောင့် ဝမ်းကိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Amebiasis (အမီးဘားပိုးကြောင့် ဝမ်းကိုက်ခြင်း) ကဘာလဲ။ • Amebiasis ဆိုသည်မှာ အူးအတွင်း၌ protozoan Entamoeba histolytica, or E. histolytica ဆိုသော ကပ်ပါးပိုးများ ကူးဆက်ခံရမှုကြောင့် ဖြစ်လာခြင်းဖြစ်သည်။ Amebiasis ရှိသောလူအများစုသည် ထင်းရှားသည်လက္ခဏာများကိုမခံစားရပဲ တစ်ချို့တွင်မူ ဝမ်းသွားခြင်း၊ ဗိုက်နာခြင်း၊ ဗိုက်အောင့်ခြင်းများ ခံစားရတတ်၏။ • အူမကြီးသည် ကပ်ပါးပိုးများအတွက် အကြိုက်နေရာဖြစ်သည်။ အထူးသဖြင့် သန့်ရှင်းမရှိသည့်နေရာမျိုး ကူးစက်ခံထားရသည့်လူများ၏မစင်များနှင့်ထိတွေ့နေရသည့်နေရာမျိုးတွင် ရေမှတဆင့် ကူးဆက်လာနိုင်ပါသည်။ မစင်ကို မြေသြဇာအဖြစ်သုံးစိုက်ထားသော အသီးအရွက်များမှလဲ ကူးစက်နိုင်သည်။ လက်ညစ်ပတ်များမှလဲ တခြားသူများကိုကူးစက်နိုင်သည်။ • ကမ္ဘာ့လူဦးရေ၏ ၁၀% ခန့်သည် အမီးဘားပိုးကူးစက်ခံရပြီ အထူးသဖြင့် မက္ကစီကို၊ အိန္ဒိယ၊ အမေရိကအလည်ပိုင်း၊ မြောက်အမေရိက၊ အာဖရိကနှင့် အာရှမှအပူပိုင်းဒေသများတွင် ပိုတွေ့ရပါသည်။ စက်မှုနိုင်ငံများတွင် Amebiasis ကို ထိုရောဂါရှိသောဒေသမှ […]


ဝမ်းချုပ်ခြင်း

Constipation (ဝမ်းချုပ်ခြင်း)

ဝမ်းချုပ်ခြင်း ဆိုတာ အူများလှုပ်ရှားမှုနည်းခြင်း သို့မဟုတ် ဝမ်းမသွားသည်မှာ အတော်ကြာသောအခြေအနေမျိုးကို ခေါ်ပါတယ်။ ပုံမှန်အားဖြင့် တစ်ပတ်လျှင် ၃ ကြိမ်အောက်သာသွားလျှင် ဝမ်းချုပ်တယ်လို့ သတ်မှတ်လို့ရပါတယ်။ စားသောက်နေထိုင်မှုပုံစံကိုပြောင်းလိုက်ပါက ဝမ်းချုပ်ခြင်း သည် များသောအားဖြင့် ပျောက်သွားတတ်သော်လည်း နာတာရှည်ဝမ်းချုပ်ခြင်းဆိုရင်တော့  ကုသရန်ခက်သလို တခြားရောဂါတစ်ခုရဲ့ လက္ခဏာလဲ ဖြစ်နေနိုင်ပါတယ်။ Constipation (ဝမ်းချုပ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ရံဖန်ရံခါ ဝမ်းချုပ်ခြင်းဟာ ပုံမှန်သာဖြစ်ပြီး သူ့အလိုလိုပျောက်သွားတတ်သည်။ ဖြစ်ရသောအကြောင်းရင်းသည် အစားအစာ၊ စိတ်ဖိစီးမှု၊ ပတ်ဝန်းကျင်အပြောင်းအလဲ စသည်တို့ကြောင့်ဖြစ်သည်။ နာတာရှည်ဝမ်းချုပ်ခြင်းသည် ပုံမှန်ဖြစ်နိုင်သော်လည်း ပိုပြင်းထန်သည့်ရောဂါတစ်ခုခုရဲ့ လက္ခဏာလည်းဖြစ်နေနိုင်သည်။ သက်ကြီးရွယ်အို၊ အဝလွန်သူနဲ့ အထိုင်များသူတို့သည် ဖြစ်နိုင်ချေများသော လူအုပ်စုတွင် ပါဝင်ပါတယ်။ Constipation (ဝမ်းချုပ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ဝမ်းချုပ်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ • ဝမ်းသွားရခက်ခြင်း • ဝမ်းခြောက်သွေ့ခြင်း၊ မာခြင်း • တစ်ပတ်လျှင် ၃ ကြိမ်အောက်သာသွားခြင်း • ဗိုက်ကယ်ခြင်း • ဗိုက်အောင့်ခြင်း • ဝမ်းတွင်သွေးပါခြင်း […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Celiac Disease (ဂလူတန် ဓါတ်မတည့် အူသိမ် ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Celiac Disease (ဂလူတန် ဓါတ်မတည့် အူသိမ် ရောဂါ) ကဘာလဲ။ ဂလူတန် ဓါတ်မတည့် အူလမ်းကြောင်း ရောဂါ (celiac disease) ဆိုတာဟာ ဂျုံ ၊ ဘာလီ စသော အစားအသောက်တို့တွင် ပါဝင်သော ပရိုတင်းတမျိုးဖြစ်တဲ့ ဂလူတန် (gluten) နဲ့ မတည့်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ တကယ်လို့ သင့်မှာ ဂလူတန် ဓါတ်မတည့် အူသိမ် ရောဂါ ရှိနေမယ်ဆိုရင် ဂလူတန် (gluten) စားတိုင်းမှာ သင့်ရဲ့ အူသိမ်က တုန့်ပြန်တိုက်ထုတ်မှာ ဖြစ်ပါတယ်။ ဒီလိုမျိုးဖြစ်တာ ကြာလာရင် အူသိမ်ရဲ့ အတွင်းသားနံရံတွေ ထိခိုက်ပျက်စီးလာပြီး အာဟာရဓါတ်တွေကို ကောင်းကောင်း စုပ်ယူနိုင်တော့မှာ မဟုတ်ပါဘူး။ ဒီလိုမျိုး အူမှာ ထိခိုက်ဒါဏ်ရာ ရခြင်းကြောင့် ဝမ်းလျှောခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အလေးချိန်ကျသွားခြင်း၊ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Meckel Diverticulum (အူသိမ်နံရံမှ ဖောင်းထွက်နေသော အိတ်ငယ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Meckel Diverticulum (အူသိမ်နံရံမှ ဖောင်းထွက်နေသော အိတ်ငယ်) ကဘာလဲ။ Diverticulum ဆိုသည်မှာ အစာချေ စနစ်၏ တစ်စိတ် တစ်ပိုင်းဖြစ်သော အူ၏ နံရံတွင် ရှိသောဖောင်းထွက်နေသော အိတ်ပုံစံ အဖောင်း တစ်ခုဖြစ်ပါသည်။ Meckel diverticulum သည် အူသိမ်၏ အောက်ဘက်အပိုင်းတွင်ရှိသော အဖောင်းတစ်ခု ဖြစ်ပါသည်။ ၎င်းသည် အူသိမ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ileum တွင် တွေ့ရပါသည်။ အူမကြီးအစမှ လက်မ၄၀ တွင်အကွာတွင် ရှိ ပါသည်။ ၎င်းသည် များသောအားဖြင့် ၁-၂လက်မ ရှည်သည်။ ထို diverticulum အများစုသည် အစာအိမ်၊ သရက်ရွက် တို့တွင် ပုံမှန်တွေ့ရသော တစ်ရှူးများ ပါဝင်သည်။ ထို ပုံမှန် မဟုတ်သော တစ်ရှူးများသည် အစာအိမ်၊ သရက်ရွက်တွင် ထုတ်လေ့ရှိသော အင်ဇိုင်းများကို […]


အသည်းရောဂါများ

ဘယ်အရာတွေက အသည်းရောင်ခြင်း ဖြစ်ပွားနိုင်ချေ ကိုမြင့်စေပါသလဲ

ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော အသည်းရောင်ရောဂါသည် အသည်း၏လုပ်ငန်းများကိုပျက်စီးစေသည့် ထင်ရှားသောရောဂါဖြစ်ပါသည်။ ဒီရောဂါသည် အသည်းကင်ဆာဖြစ်စေနိုင်သော အဓိကအကြောင်းရင်းများထဲက တစ်ခုလည်း ဖြစ်သည်။ သင်သည်ဆေးရုံ (သို့) နေ့ကလေးထိန်းကျောင်းတွင် အလုပ်လုပ်လျှင်(သို့) ခရီးသွားရင်းမသန့်သည့် အစာကို အမှတ်တမဲ့စားမိလျှင် ရောဂါရနိုင်ချေပိုများပါသည်။ ဗိုင်းရပ်စ်ပိုးများသည် အသည်းရောဂါအများစုကိုဖြစ်စေပါသည်။ ၎င်းပိုးများနှင့်တိုက်ရိုက်ဖြစ်စေ (သို့) သွေး၊ မစင်၊ မိန်းမကိုယ်မှထွက်သောအရည်၊ သုက်ပိုးစသည့် ခန္ဓါကိုယ်မှထွက်သောအရည်များမှတစ်ဆင့် ထိ၍ဖြစ်စေ ကူးစက်နိုင်ပါသည်။ ထို့အပြင် အရက်နှင့် ဆေးများအလွန်အကျွံသုံးစွဲခြင်း၊ ခုခံအားကျခြင်းကလည်း အသည်းရောင်ရောဂါဖြစ်စေသည်။ အသည်းရောင်ရောဂါဖြစ်နှုန်းများစေသည့် အပြုအမှုများ အသည်းရောင်ရောဂါဖြစ်နှုန်းများစေသည့် အပြုအမှုများမှာ • အကြောထဲသို့ဆေးသွင်းခြင်း။ ဆေးထိုးအပ်မျှသုံးခြင်းမှကူးစက်နိုင်သည်။ သွေးကြောမှဆေးသွင်းနေရသူတိုင်း ၃လတစ်ခါ အသည်းရောင်ရောဂါရှိ၊မရှိစစ်ဆေးသင့်ပါသည်။ • ခုခံအားကျဆင်းမှုကူးစက်ရောဂါရှိခြင်း။ အကယ်၍သင်သည် ရောဂါပိုးရှိသောဆေးထိုးအပ်မျှသုံးခြင်း၊ ပိုးရှိသောသွေးသွင်းမိခြင်း၊ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းတို့မတစ်ဆင့်ခုခံအားကျဆင်းမှုကူးစက်ရောဂါရှိနေပါကအသည်းရောင်ရောဂါဖြစ်နိုင်ချေပိုများပါသည်။ ခန္ဓါကိုယ်မှအရည်များနှင့်ထိတွေ့ခြင်းကအသည်းရောင်ရောဂါပိုးဖြစ်နိုင်ချေကိုသာ မြင့်စေသည်။ ခုခံအားကျဆင်းမှုရောဂါကိုတော့ပိုမဆိုးစေပါ။ • တက်တူးထိုးခြင်း၊ အပ်နှင့်ထိုးမိခြင်း။ တက်တူးထိုးမည်ဆိုလျှင်အပ်အသစ်ကိုမသုံးပါကအသည်းရောင်ရောဂါနှင့် သွေးမှတစ်ဆင့်ကူးစက်တတ်သောခုခံအားကျဆင်းမှုကူးစက်ရောဂါတို့ ပိုဖြစ်နိုင်ပါသည်။ • အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း(စအိုနှင့်ပါးစပ်မှလဲကူးစက်နိုင်သည်)။ အသည်းရောင်ရောဂါ(အေ) နှင့် (အီး)သည်မသန့်သောအစာစားရာမှ […]


အသည်းရောဂါများ

အသည်းရောင်ရောဂါရှိပါက အရက်ကိုရှောင်သင့်ပါသလား

အသည်းရောင်(စီ)ပိုးသည် အသည်းဆဲလ်များကို ရောင်ရမ်းကာ ပျက်စီးစေပါသည်။ အသည်းရောင်(စီ)ပိုးရှိသည့်အပြင် အရက်ကိုအလွန်အကျွံသောက်ပါက အသည်းကို ဆိုးရွားစွာထိခိုက်စေပါသည်။   အရက်ကြောင့်အသည်းထိခိုက်မှုများ အသည်းသည် ခန္ဓါကိုယ်တွင် အရေးကြီးသောလုပ်ငန်းများကို လုပ်ဆောင်ပါသည်။ ၎င်းတို့မှာ အစာကိုချေဖျက်ခြင်း၊ သွေးထဲရှိအဆိပ်များကို စစ်ထုတ်ပေးခြင်း၊ ရောဂါပိုးများကို ကူ၍တိုက်ခြင်းတို့ ဖြစ်ပါသည်။ အရက်သောက်သည့်အခါတွင် အသည်းမှ အရက်မော်လီကျုးများကို ဖြိုခွဲကာ ခန္ဓါကိုယ်မှဖယ်ရှားပေးပါသည်။ သို့သော် အများအပြားသောက်လျှင် အရက်မှ အသည်းဆဲလ်များကို ဖျက်ဆီးသဖြင့် အသည်းအဆီဖုံးခြင်း၊ အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်းများဖြစ်စေသည်။ ရက်ပိုင်းအနည်းငယ်အတွင်းပင် အရက်အများအပြားသောက်ခြင်းသည် အသည်းတွင်အဆီများဖြစ်ကာ အသည်းအဆီဖုံးခြင်းကို ဖြစ်စေပါသည်။ အသည်းအဆီဖုံးခြင်းသည် ရောဂါလက္ခဏာပြလေ့မရှိသော်လည်း အရက်သောက်သောပမာဏသည် အန္တရာယ်ရှိသောအခြေအနေကိုရောက်နေပြီလို့သတိပေးသော လက္ခဏာတစ်ရပ်ဖြစ်သည်။ အသည်းအဆီဖုံးခြင်းနှင့် အသည်းရောင်ခြင်း အစောပိုင်းအဆင့်သည် အရက်သောက်တာရပ်လိုက်ပါက ပြန်လည်ကောင်းမွန်နိုင်သော်လည်း ပြင်းထန်စွာအသည်းရောင်ခြင်းနှင့် အသည်းခြောက်ခြင်းသည် အမြဲတမ်းဖြစ်ကာေ နာက်ဆက်တွဲဆိုးကျိုးများနှင့် သေဆုံးသည်အထြိဖစ်နိုင်သည်။   အရက်နှင့်အသည်းရောင်(စီ)ပိုးပေါင်းစပ်ခြင်းရလဒ် အရက် ၏ အသည်းပေါ်သက်ရောက်သောအာနိသင်နှင့် အသည်းရောင်(စီ)ပိုး၏ အာနိသင် ပေါင်းလိုက်လျှင် […]


အသည်းရောဂါများ

အသည်းရောင်(စီ)ပိုး ကို လိင်မှတစ်ဆင့် မကူးစက်အောင်ဘယ်လိုဆင်ခြင်နိုင်မလဲ

အသည်းရောင်ရောဂါ(စီ)သည် အသည်းရောင်(စီ)ပိုးကြောင့်ဖြစ်သော ကူးစက်စေသောအသည်းရောဂါ ဖြစ်သည်။ ဤရောဂါသည် လူတစ်ဦးမှတစ်ဦးသို့ နည်းလမ်းမျိုးစုံဖြင့်ကူးစက်နိုင်သည်။ ဥပမာ-အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း။ လေ့လာချက်များအရရောဂါပိုးသည် လိင်ဆက်ဆံသောအကြိမ်ရေ ၁၉၀၀၀၀တွင် ၁ကြိမ် ကူးစက်နိုင်သည်။ အသည်းရောင် (စီ) ပိုးနဲ့လိင်ဆက်ဆံခြင်း ဆက်နွယ်မှုများကို အောက်တွင် ဆက်လက်ဖော်ပြထားပါသည်။ အသည်းရောင်ရောဂါ(စီ) ဘယ်လိုကူးသလဲ အသည်းရောင်ရောဂါ(စီ)သည် နာတာရှည်ရောဂါမဖြစ်ခင်အထိ လက္ခဏာပြလေ့မရှိပါ။ လူအများစုသည် အသည်းပျက်စီးနေပြီဟု မသိမချင်း နှစ်ပေါင်းများစွာကြာတဲ့အထိ ရောဂါပိုးရှိကြောင်းမသိပါ။ ထို့ကြောင့် ပုံမှန်ရောဂါစစ်ဆေးမှုများပြုသင့်သည်။ ကူးစက်နိုင်သောနည်းလမ်းများမှာ- • Heroin ကဲ့သို့ မူးယစ်ဆေးအလွဲသုံးစားပြုသူများတွင် ပိုးမသတ်ထားသော အပ်များသုံးခြင်း • မိခင်မှကလေးသို့ မီးဖွားစဉ်ကူးခြင်း • ရောဂါရှိသူသုံးထားသော အပ်နှင့်ထိခိုက်မိခြင်း • ရောဂါရှိသူထံမှ သင်တုန်းဓါးနှင့် သွားတိုက်တံများယူသုံးခြင်း • ရှားပါးသော်လည်း လိင်မှတစ်ဆင့် ကူးစက်ခြင်း။ ခုခံအားကျဆင်းမှုကူးစက်ရောဂါရှိမရှိကို စမ်းသပ်နိုင်ပြီဖြစ်သည်။ လိင်နှင့် အသည်းရောင်ရောဂါ(စီ)တို့ဆက်စပ်မှု အောက်ပါတို့သည် လိင်မှတစ်ဆင့် အသည်းရောင်ရောဂါ(စီ)ရရှိနိုင်သူများဖြစ်သည်။ • လိင်ဆက်ဆံဖော်များခြင်း • အခြားလိင်မှတစ်ဆင့် ကူးစက်သောရောဂါရှိခြင်း • ခုခံအားကျဆင်းမှုရောဂါရှိသူများ • အကာအကွယ်မဲ့ လိင်ဆက်ဆံသူများ။ […]


အသည်းရောဂါများ

သိထားသင့်သော အသည်းရောင်ရောဂါ(စီ) ၏နောက်ဆက်တွဲဆိုးကျိုးများ

အသည်းသည် ခန္ဓါကိုယ်ရှိ အကြီးဆုံးအင်္ဂါများထဲမှ တစ်ခုဖြစ်သည်။ ထို့အပြင် အစာချေခြင်း၊ အာဟာရဓါတ်များ သိမ်းဆည်းခြင်း၊ စွမ်းအင်အတွက် သကြားများသိုလှောင်ခြင်းတို့တွင် ကူညီပေးပါသည်။ အသည်းသည် ခန္ဓါကိုယ်မှ အန္တရာယ်ရှိသောဓါတုပစ္စည်းများကိုလည်း ဖယ်ရှားပေးပါသည်။ အသည်းရောင်ရောဂါ(စီ)သည် အသည်းကိုပျက်စီးစေသောရောဂါ ဖြစ်သည်။ သင့်တွင် ဤရောဂါရှိနေပါကေ ရာဂါပိုမဆိုးလာအောင် ၎င်း၏နောက်ဆက်တွဲဆိုးကျိုးများကို သိသင့်ပါသည်။ အသည်းရောင်ရောဂါ(စီ)သည် အသည်းခြောက်ရောဂါကိုဖြစ်စေသည်။ အသည်းရောင်ရောဂါ(စီ)၏ ပထမဆုံးဆိုးကျိုးမှာ အသည်းခြောက်ခြင်းဖြစ်သည်။ လူအတော်များများသည် အရက်ကအသည်းခြောက်ရောဂါဖြစ်စေသည့် အဓိကအကြောင်းအရင်းဟု ယူဆကြသည်။ သို့သော် အသည်းကို ပျက်စီးစေသည့်အရာမှန်သမျှသည် နှစ်ကြာသည်နှင့်အတူ အမာရွတ်တစ်ရှူးဖြစ်စေသည်။ အသည်းခြောက်ရန်အနှစ်၂၀မှ ၃၀အထိ ကြာမြင့်နိုင်ကာ မကုဘဲထားပါက အသည်းလုံးဝပျက်စီးသည်အထိ ဖြစ်နိုင်သည်။ အစောပိုင်းနှစ်များတွင် အသည်းခြောက်ရောဂါလူနာများတွင်ရောဂါလက္ခဏာပြသလေ့မရှိပေ။ သို့သော်အချိန်ကြာလာသည်နှင့်အမျှအောက်ပါတို့ဖြစ်လာနိုင်သည်။ • မောပန်ခြင်း • ကိုယ်အလေးချိန်ကျခြင်း • ပျို့ခြင်း၊ ဗိုက်အောင့်ခြင်း • အလွန်ယားယံခြင်း • မျက်လုံးနှင့်အရေပြားဝါလာခြင်းတို့ဖြစ်သည်။   အသည်းရောင်ရောဂါ(စီ)မှ အသည်းပျက်စီးခြင်း အသည်း လုံးဝပျက်စီးသွားသည့်အခါ အသည်းသည် အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ပေ။ နှစ်ပေါင်းများစွာ (သို့) […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း