အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်လိုက်တာ ခုတော့ ဝမ်းပိတ်ရုံတင်မကဘူး။ ဝမ်းပါချုပ်သွားပြီလို့ ပြောတာ ကြားဖူးမှာပါ။ ဝမ်းချုပ်တာကို ဓာတ်ချုပ်တယ်လို့လည်း ပြောကြတော့ ဓာတ်ဆားရည်တွေ သောက်လိုက်လို့ ဝမ်းချုပ်သွားတာများလားလို့ တွေးတတ်ကြပါတယ်။ တကယ်ပဲ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်တွေမှာ ဘာတွေပါဝင်သလဲ။ ဓာတ်ဆားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ရေ စတာတွေ ပါဝင်ပြီး ဒါတွေက နဂိုလည်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဝမ်းချုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်က ဝမ်းချုပ်စေဖို့ မပြောနဲ့။ ဝမ်းပိတ်စေတဲ့ အာနိသင်တောင် မရှိပါဘူး။ ဟုတ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်သောက်တာက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဝမ်းရပ်ဖို့ ဆိုတာက ကုသမှု တစ်ခုခု […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

အသည်းရောဂါများ

ဘယ်အချိန်မှာ အသည်းကိုသန့်စင်ရမလဲ

အသည်းသည် ခန္ဒါကိုယ်၏အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သာ်လည်း လူအတော်များများသည် အသည်းနှင့်ပက်သက်သည့်ရောဂါလက္ခဏာများကို အသည်းကြောင့်ဖြစ်ကြောင်း သတိမပြုမိကြပါ။ အောက်ပါ သတိပေးချက် ၅ချက် သည် သင့်အသည်းနှင့်ပက်သက်ပြီး လျစ်လျူမရှုသင့်သော အချက်များဖြစ်သည်။ သင့်အသည်းသည် ကပ်ပါးပိုးကောင်များ၊ ဘက်တီးရီးယားများ၊ ဆေးများ၊ ဓါတုဗေဒပစ္စည်းများပါဝင်သော အစားသောက်များစသည် ခန္ဒါကိုယ်ကို အန္တရာယ်ရှိစေမည့်အဆိပ်အတောက်များကိုသန့်စင်ပေးသောနေရာဖြစ်သည်။၎င်းသည် သကြားဓါတ်၊ ခန္ဒါကိုယ်အတွက်လိုအပ်သောဗီတာမင်နှင့် သတ္တုဓါတ်များကိုသိုလှောင်ရာနေရာလည်းဖြစ်သည်။ ထို့ကြောင့် သင့်အသည်းသည် သန့်စင်မှုပြုလုပ်ပေးနေမှသာလျှင် သူ့လုပ်ငန်းများကိုကောင်းမွန်စွာလုပ်ဆောင်နိုင်မည်ဖြစ်သည်။ သင့်အသည်းတွင် ပြသနာတစုံတရာရှိပါကအောက်ပါ လက္ခဏာများခံစားရနိုင်ကြောင်းအရင်သိရှိထားရမည်။ ဆီများသောအစားအစာများကိုကောင်းမွန်စွာမချေဖျက်နိုင်ခြင်း အသည်းသည် အဆီကိုချေဖျက်နိင်ရန် အစာချေရည်တမျိုး (သည်းခြေရည်) ကိုထုတ်ပေးသည်။ အဆီကိုချေဖျက်နိုင်မှ အရိုးများအတွက်လိုအပ်သောဗီတာမင်ဒီကဲ့သို့သောဓါတ်မျိုးကိုရရှိနိုင်မည်ဖြစ်သည်။ သင့်အသည်းသည် ဆီများကိုကောင်းစွာမချေနိုင်တော့သည့်အခါ အသားတွင်အဆီဖုများထွက်လာခြင်း၊ ကိုယ်အလေးချိန်တက်လာခြင်းနှင့် အဝလွန်ခြင်းတို့ဖြစ်လာနိုင်ပါသည်။   အစာမကြေလေပွခြင်း ၎င်းလက္ခဏာကို NASH ဟုခေါ်သောအရက်ကြောင့်မဟုတ်သောအသည်းရောင်ခြင်းဖြစ်သောလူနာများတွင်တွေ့ရသည်။ အသည်းသည် သင့်ဝမ်းဗိုက်ထဲတွင် အတိုင်းအတာတခုအထိနေရာယူထားသဖြင့် အသည်းကြီးလာလျှင် သင်သည် ပြည့်အင့်ခြင်း၊ ဗိုက်ကယ်ခြင်းတို့ကိုခံစားလာရပါသည်။   ကိုယ်အလေးချိန်အလွန်အကျွံတက်လာခြင်း လေ့ကျင့်ခန်းလုပ်နေရင်းအစားအသောက်ထိန်းနေရင်းကပင် ကိုယ်အလေးချိန်အလွံအကျွံတက်လာလျှင် အသည်းပြဿနာကြောင့်ဖြစ်တတ်သည်။ အသည်းမကောင်းတော့သောအခါ အင်ဆူလင်ဟော်မုန်းထုတ်ခြင်း၊ အဆီများကိုချေဖျက်ခြင်းနှင့် သကြားဓါတ်ထိန်းညှိခြင်းတို့ ကောင်းမွန်စွာမလုပ်ဆောင်နိုင်တော့သောကြောင့် […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဗိုက်အောင့်တာ သက်သာပျောက်ကင်းစေတဲ့ သဘာဝနည်းလမ်းများ

လူတိုင်းဗိုက်အောင့်ဖူးကြပြီး ဗိုက်အောင့်စေတဲ့အကြောင်းရင်းတွေလည်း အများကြီးရှိပါတယ်။ ဒါပေမယ့် ဗိုက်အောင့်ခြင်းအများစုဟာ အန္တရာယ်ထူးထူးခြားခြားမရှိဘဲ ဘယ်လိုမျိုးထိထိရောက်ရောက်ကုသရမလဲဆိုတာသိရင် အလျင်အမြန်ပျောက်ကင်းသွားမှာပဲ ဖြစ်ပြီး ဒီလိုထိရောက်စွာကုသပေးနိုင်တဲ့ နည်းလမ်းလေးတွေဟာလည်း သင့်မီးဖိုချောင်ထဲမှာတင်ရှိနေပါတယ်။ အောက်မှာမျှဝေပေးချင်တာကတော့ ဗိုက်အောင့်ခြင်းကိုသက်သာအောင် အိမ်မှာပဲ အလွယ်တကူကုသပေးနိုင်တဲ့ သဘာဝဆေးနည်းလေးတွေပဲ ဖြစ်ပါတယ်။ ဂျင်း ဟိုးအဘိုးအဘွားတွေလက်ထက်ကတည်းကစပြီး ဂျင်းဟာစွယ်စုံရအိမ်သုံးဆေးဝါး ဖြစ်ခဲ့တာကိုသိကြပါလိမ့်မယ်။ နာကျင်တာကအစပြုလို့ပျို့အန်မအီမသာဖြစ်တာတွေအထိ ဂျင်းကိုအသုံးပြုနိုင်ပါတယ်။ ဂျင်းဟာဗိုက်အောင့်ခြင်းအတွက် အင်မတန်အကျိုးရှိတဲ့သဘာဝဆေးနည်းတလက်ဖြစ်ကြောင်းကို မကြာသေးမီက ပြုလုပ်ခဲ့တဲ့သုတေသနလေ့လာချက်တွေအရ သိရှိခဲ့ရပါတယ်။ ဂျင်းဟာရောင်ရမ်းတာတွေကို သက်သာစေတဲ့သတ္တိရှိတဲ့အပြင် တခြားကျန်းမာရေးအကျိုးကျေးဇူးတွေအများအပြားကိုလည်း ပေးစွမ်းနိုင်တာမို့အစာကြေစေသလိုဗိုက်အောင့်တာကိုလည်း သက်သာစေပါတယ်။ တချို့တွေကဂျင်းနဲ့ပြုလုပ်ထားတဲ့သကြားလုံးလေးတွေ၊ ဖြည့်စွက်စာလေးတွေကို စားလေ့ရှိကြသလို တချို့ကျပြန်တော့လည်း ဂျင်းပြုတ်ရည်သောက်တာ ဒါမှမဟုတ် လက်ဖက်ရည်နဲ့ရောနှပ်ပြီး သောက်တာမျိုးကို ပိုကြိုက်နှစ်သက်ကြပါတယ်။ လူတကိုယ်အကြိုက်တမျိုးဆိုသလိုပေါ့။ ပူဒီနာ (ပူစီနံ) ပူဒီနာမှာ menthol ဓါတ်ပါဝင်ပြီး အဆိုပါ menthol ဟာခံတွင်းအနံ့ကောင်းစေရုံသာမက သဘာဝအကိုက်အခဲပျောက်ဆေးတမျိုးလည်း ဖြစ်တာကြောင့် ပူဒီနာကိုပျို့အန်ခြင်းနဲ့ဗိုက်အောင့်ခြင်းတို့အတွက် တွင်ကျယ်စွာအသုံးပြုလေ့ရှိကြပါတယ်။ ဂျင်းနည်းတူ ပူဒီနာကိုလည်းပုံစံအမျိုးမျိုးနဲ့အသုံးပြုနိုင်ပါတယ်။ ပူဒီနာအရွက်ခပ်ထားတဲ့ရေနွေးကြမ်းပူပူလေးလုပ်သောက်လို့ရသလို […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Hiccups (ကြို့ထိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hiccups (ကြို့ထိုးခြင်း) ကဘာလဲ။ သင့်ရင်ဘတ်ပိုင်းနဲ့ ဝမ်းဗိုက်ပိုင်းကို ခြားပေးထားတဲ့ ရင်ဝမ်းခြား ကြွက်သားကြီး အလိုလျောက် ညှစ်နေတာကို ကြို့ထိုးတယ်လို့ ခေါ်ပြီး ဒီရင်ဝမ်းခြားကြွက်သားဟာ အသက်ရှုတာကို ထိန်းချုပ်တဲ့နေရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ ဒါကြောင့် ကြို့ထိုးတာဟာ သင့်ကို နေရထိုင်ရခက်စေပေမယ့် ထူးထူးခြားခြား နောက်ဆက်တွဲ ပြဿနာ ဘာမှမရှိပါဘူး။   Hiccups (ကြို့ထိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ။ ကြို့ထိုးတာဟာ အရမ်းအဖြစ်များပြီး လူတိုင်းနီးနီးဟာ တခါလောက်တော့ ကြို့ထိုးဖူးကြမှာ ဖြစ်ပါတယ်။ ကြို့ထိုးတာဟာ ကလေးငယ်တွေအပါအဝင် အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ လက္ခဏာများHiccups (ကြို့ထိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ။ ကြို့ထိုးတဲ့အခါ ထွက်လာတဲ့အသံလေးဟာ တခုတည်းသော လက္ခဏာပဲ ဖြစ်ပါတယ်။ ရင်ဝမ်းခြားကြွက်သားညှစ်လို့ တုန်သွားတဲ့အခါ သင့်ရဲ့ အသံကြိုးတွေကို သွားလှုပ်လိုက်သလို ဖြစ်သွားတာမို့ “အစ်”ခနဲ အသံလေးထွက်လာတာဖြစ်ပြီး ဒါဟာ ကြို့ထိုးတာရဲ့ အမှတ်သင်္ကေတပဲ ဖြစ်ပါတယ်။ […]


အစာအိမ်အက်ဆစ်ရည်ပြန်ဆန်တက်ခြင်း

စားချဉ့်ပြန်ရောဂါ (Gastroesophageal Reflux Disease)

စားချဉ့်ပြန်ရောဂါ Gastroesophageal Reflux Disease (GERD) ဆိုတာ အစာအိမ်နဲ့ အစာရေမျိုကြားက ဆက်ထားတဲ့ ကြွက်သားလေး ပျက်စီးလျော့ရဲလာခြင်းကြောင့်ဖြစ်တဲ့ အစာခြေခြင်းစနစ်နဲ့ သက်ဆိုင်တဲ့ နာတာရှည်ရောဂါတစ်ခုဖြစ်ပါတယ်။ လူတော်တော်များများဖြစ်တတ်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေမှာပါ တွေ့ရတတ်ပါတယ်။ အစာခြေရည်တွေ အစာအိမ်မှတစ်ဆင့် အစာရေမျိုပြွန်ထဲကို ပြန်တက်လာခြင်းကြောင့် အစာရေမျိုအပေါ်ယံလွှာ ပေါက်ပြဲသွားနိုင်ပြီး မသက်မသာခံစားရနိုင်ပါတယ်။ စားချဉ့်ပြန်ရောဂါက ဘယ်လောက်အဖြစ်များသလဲ။ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ ဂရုစိုက်နေထိုင်ခြင်းဖြင့် ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ပါတယ်။ စားချဉ့်ပြန်ရောဂါ ရဲ့ လက္ခဏာတွေက ဘာတွေလဲ။ ခံတွင်းချဉ်ခြင်းနှင့်တွဲလျက် ရင်ပူခြင်း တစ်ခါတစ်ရံ လည်ချောင်းပူခြင်းပါ တွေ့ရနိုင်ပါတယ်။ ဒါ့ပြင် ရင်ဘတ်အောင့်ခြင်း အစာမျိုချရခက်ခြင်း ချောင်းခြောက်ဆိုးခြင်း အသံဝင်ခြင်း လည်ချောင်းနာခြင်း အစာ၊ အရည်၊ အက်ဆစ်တွေ ပြန်အန်ခြင်း ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ။ တစ်ပတ်နှစ်ကြိမ်အနည်းဆုံး ဒီလက္ခဏာတွေ တွေ့နေရပြီဆိုရင် (သို့) နေ့စဉ်အလုပ်တွေကိုပါ ထိခိုက်လာပြီဆိုရင် ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ပျို့တက်ခြင်းကို ဘယ်လိုထိန်းချုပ်မလဲ

ပျို့တက်ခြင်းကိုဘယ်လိုထိန်းချုပ်မလဲ   ပျို့တက်ခြင်းနှင့် အော့အန်ခြင်းသည် ဓါတုကုထုံး၏ အဖြစ် အများဆုံးဘေးထွက်ဆိုးကျိုးများ ဖြစ်သည်။ ပျို့တက် ခြင်းသည် အလွန် မနှစ်မြို့ဖွယ်ကောင်းပြီးအော့အန်လိုသောခံစားမှုကိုပေးသည်။ သို့သော်လည်းဓါတုကုထုံးအတွင်းလူတိုင်းအော့အန်ခြင်းနှင့် ပျို့တက်ခြင်းကိုမခံစားရပါ။ သို့ သော် ဓါတုကုထုံးသုံးမည်ဟုစဉ်းစားပါကဓါတုကုထုံးနှင့် ဆက်စပ်သောပျို့တက်ခြင်းကိုလျော့နည်းရန် ကာကွယ်ရန် ကောင်းစွာ ကြိုတင်ပြင်ဆင်သင့်သည်။   အစာစားမှု နည်းလမ်းများ အစာနည်းနည်းစားပါ။ နေ့တစ်လျှောက် အစာများများစားခြင်းထက် နည်းနည်းစားခြင်းသည် မူးဝေခြင်းအတွက် ပိုကောင်းသည်။ အလွန်ဆာလောင်သည်အထိစောင့်ခြင်းကိုရှောင်ပါ။ အချိန်မှန် အစာစားသင့်ပြီးအစာစားခြင်းကိုမကျော်ပါနှင့်။ အရည် များများသောက်ပါ။ အစာစားသကဲ့သို့ နေ့ တစ်လျှောက် အရည်များများသောက်ခြင်းထက် အရည် နည်းနည်းစီသောက်ခြင်းသည် အထောက် အကူဖြစ်သည်။ တစ်နေ့တွင် အနည်းငယ် အရည် နှစ်ကွတ် (တစ်ကွတ်= တစ်ဂါလံ၏ လေးပုံတစ်ပုံ) သောက်ပါကပိုကောင်းပါသည်။ ရေသို့မဟုတ် သစ်သီးဖျော်ရည် ပါဝင်နိုင်သည်။ အရည်မပါသောကောက်ပဲသီးနှံ အခြောက်၊ ပေါင်မုန့်ကင် စသည်တို့ကိုနံနက်ပိုင်းတွင် စားပါ။ […]


အသည်းရောဂါများ

ကိုယ်အင်္ဂါအစိတ်အပိုင်း လှူတဲ့ မိသားစုဆီ ကျေးဇူးတင်စာရေးနည်း

စာရေးသင့်မသင့် ဆုံးဖြတ်ခြင်းဟာ ကိုယ်ပိုင် ဆုံးဖြတ်ချက်တစ်ခုသာ ဖြစ်ပါတယ်။ သင့်ရဲ့ ကျေးဇူးတင်မှုကို ဖေါ်ပြဖို့ လုံလောက်တဲ့စကား ရှာမရ ဖြစ်နိုင်ပါတယ်။ ကိုယ်အင်္ဂါ တစ်ရှူး လက်ခံရရှိသူတွေဟာ လှူတဲ့ မိသားစုကို ကျေးဇူးတင်စကားပြောလိုကြပြီး အစားထိုးခွဲစိတ်မှုအပြီး အခြေအနေကို ဝေမျှလိုကြပါတယ်။   အများသောအားဖြင့် အလှူရှင်မိသားစုကို စာရေးခြင်းဟာ လန့်စရာကောင်းတာမို့ ကတ်တစ်ခုခုကိုလည်း ရွေးချယ်နိုင်ပါတယ်။ စာမရေးခင် အစားထိုးကုသမှုအပြီး အနည်းဆုံးသုံးလလောက် စောင့်ဆိုင်းသင့်ပါတယ်။ ဒါဟာ သင့်ကလေးငယ်ကိုရော အလှူရှင်မိသားစုကိုပါ နာလာထူဖို့ အချိန်ပေးနိုင်ပါတယ်။ သင့်ဆေးရုံဟာ လက်ခံသူနဲ့ အလှူရှင်မိသားစုကြားက တွေ့ဆုံမှုတွေကို စီစဉ်ပေးမှာ မဟုတ်ပါဘူး။ ပါဝင်ပတ်သက်တဲ့သူတွေရဲ့ အနှောင့်အယှက်ကင်းစွာ လုံခြုံမှုကို ထိန်းသိမ်းပေးကြမှာ ဖြစ်ပါတယ်။   အလှူရှင်မိသားစုကို ရေးသားရန် အချက်တချို့ အလှူရှင်မိသားစုကို ကျေးဇူးတင်စကားပြောပြီး သူတို့ရဲ့ မိသားစုဝင် သေဆုံးခြင်းကို စိတ်မကောင်းကြောင်းပြောပါ။ သင့်ကလေးငယ်နဲ့ မိသားစုအကြောင်းပြောပြပါ။ အစားထိုးကုသခြင်းဟာ သင့်ကလေးနဲ့ […]


အသည်းရောဂါများ

အသည်းကျန်းမာရေးအတွက် အာဟာရများ

အဆိပ်တွေရဲ့ ဆိုးကျိုးတွေကနေကာကွယ်ပေးနိုင်ဖို့အတွက် ကျွန်ုပ်တို့ရဲ့ အသည်းဟာနေ့စဉ်နေ့တိုင်းပြင်းပြင်းထန်ထန်အလုပ်လုပ်နေရပါတယ်။ ကျွန်ုပ်တို့ရဲ့ကျန်းမာရေးကိုထိန်းသိမ်းပေးနိုင်ဖို့အလုပ်ပိုရတာတွေလည်းမကြာခဏဖြစ်ရပါတယ်။ သို့ဖြစ်၍ အလုပ်ကြိုးစားရသောသင့်အသည်း၏ ကျန်းမာရေးအတွက် နေ့စဉ်အစားအစာထဲတွင် အောက်ပါ အစားအစာ၇မျိုး ကိုထည့်စားသင့်ပါတယ်။ သင့်ရဲ့ခန္ဓါကိုယ်နဲ့ အသည်းကျန်းမာဖို့အတွက် အစားအစာကအလွယ်ဆုံးနည်းလမ်းဖြစ်ပါတယ်။ ဘာစားရမယ်ဆိုတာမသိဘူးဆိုရင် သင့်အတွက်အညွှန်းရှိပါတယ်။ အသည်းကျန်းမာစေတဲ့အစားတွေကများသောအားဖြင့် အသီးအနှံ၊ဟင်းသီးဟင်းရွက်တွေဆိုပေမဲ့ သင်ကအသားကြိုက်တတ်သူဆိုရင် အဆီမပါတဲ့အသားတွေနဲ့ ပင်လယ်စာတွေကိုရွေးချယ်နိင်ပါတယ်။   ကြက်သားဆလပ်ရွက်ထုပ် လိုအပ်တာတွေကတော့ သံလွင်ဆီစားပွဲတင်ဇွန်း ကြက်သားတစ်ပေါင် (အဆီနည်းချင်ရင် ကြက်ရင်အုံသား) နုပ်နုပ်စဉ်းပြီးသားကြက်သွန်ဖြူလေးညှင်း ကြက်သွန်နီတစ်ခြမ်း(တုံးတစ်ပြီး) Hoisinငံပြာရည်ခွက်လေးပုံတစ်ပုံ ပဲငံပြာရည်စားပွဲတင်ဇွန်း၂ဇွန်း ဆန်ဝိုင်ရှာလကာရည်ရည်စားပွဲတင်ဇွန်း၁ဇွန်း လတ်လတ်ဆတ်ဆတ်ခြစ်ထားတဲ့ ဂျင်းစားပွဲတင်ဇွန်း၁ဇွန်း ငရုတ်သီးလက်ဖက်ရည်ဇွန်း၁ဇွန်း ကြိတ်ပြီးသားသစ်အယ်သီးရေတစ်ဘူး အစိမ်းရောင်ကြက်သွန်နီနှစ်ဥ( ပါးပါးလှီးပြီး) မုန်လာဉနီနှစ်ဥ (အခွံခွာနုပ်နုပ်စဉ်းပြီး အရသာရှိစေရန် ဂျူးဆားငရုပ်ကောင်းနက် ထောပတ်သုတ်ထားတဲ့ဆလပ်   အဆင့်၁ ။ အိုးမကပ်အောင်မီးအသင့်အတင့်ပေးထားတဲ့ ဒယ်ပြားထဲကိုသံလွင်ဆီထည့်ပါ။ ပူလာတဲ့အခါမှာနုပ်နုပ်စဉ်းထားတကြက်သားထည့်ပြီးကြေမွသွားအောင်မွှေပါ။ အသားအဝါရောင်သန်းလာတဲ့အထိ ၃မိနစ်ကနေ ၅မိနစ်ထိမွှေပေးပါ။ ထွက်လာတဲ့အဆီတွေကိုသွန်ပစ်ပါ။   အဆင့်၂ ။ ခုနကဒယ်ပြားကိုသုံးပြီးတော့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ hoisinငံပြာရည်၊ ပဲငံပြာရည်၊ ရှာလကာရည်၊ […]


အသည်းရောဂါများ

အသည်းရောဂါအတွက် အထူးအစားအစာများ

အသည်းရောဂါအတွက် အထူးအစားအစာများ အသည်းရောဂါမှန်း အဖြေရှာအတည်ပြုပြီးတာနဲ့ လူနာတွေမေးလေ့ရှိတဲ့မေးခွန်းတွေဟာ အစားအစာ၊ လေ့ကျင့်ခန်းတွေနဲ့ ပတ်သက်သော အကြောင်းအရာတွေဖြစ်ပါတယ်။ မေးလေ့ရှိတဲ့မေးခွန်းတွေကတော့ အသည်းအတွက် ဘယ်အစားအစာတွေက ကောင်းလဲ၊ ပရိုတိန်းဓါတ် ဘယ်လောက်စားရမလဲ၊ လေ့ကျင့်ခန်းလုပ်ခြင်းက ကောင်းလား၊ ဘယ်အားကစားမျိုးတွေ မလုပ်သင့်ဘူးလဲ စတာတွေဖြစ်ပါတယ်။ အသည်းရောဂါလူနာတွေမှာ အချို့အစားအစာတွေကို အတိုင်းအတာပမာဏနဲ့ စားသင့်ပါတယ်။ ဒါကိုပြစ်ဒဏ်တစ်ခုလို မစဉ်းစားဘဲနဲ့ အသည်းကျန်းမာဖို့အတွက် လှေကားထစ်တစ်ဆင့်လို့မှတ်သင့်ပါတယ်။   အသည်းရောင်ရောဂါသည်တွေအတွက် သင့်တော်တဲ့ အကောင်းဆုံး အစားအစာတွေဆိုတာ ရှိသလား။ ဆရာဝန်ဆီသွားပြီး အသည်းရောဂါအတွက် ဘာစားသင့်လဲလို့ မတောင်းဆိုရဲကြပါဘူး။ အသည်းရောဂါအမျိုးအစား (သည်းခြေလမ်းကြောင်းကြောင့်ဖြစ်တဲ့ အသည်းခြောက်ခြင်း အရက်ကြောင့်ဖြစ်တဲ့ အသည်းခြောက်ခြင်း)၊ အသည်းရောဂါအဆင့် ( အပျော့စားအသည်းရောဂါ၊ ဆိုးရွားပြင်းထန်တဲ့အသည်းရောဂါ) စတဲ့အခြေအနေတွေပေါ်မူတည်ပြီး အသည်းရောဂါအတွက် အစားအစာကို စံသတ်မှတ်ထားလို့မရပါဘူး။ လူတစ်ယောက်ချင်းစီမှာ အာဟာရဆိုင်ရာလိုအပ်မှုတွေရှိပြီး ထိုလိုအပ်မှုတွေကလည်း အချိန်တိုင်းပြောင်းလဲနေပါတယ်။ အသည်းရောဂါသည်တွေအတွက် တစ်နေ့လုံး အစာနည်းနည်းစီ စားခြင်းက စွမ်းအင်များများရရှိပြီး အစာချေဖို့ […]


အသည်းရောဂါများ

အသည်းသွေးကြော ရိုးရိုးအလုံးအကျိတ်

Hemangioma (ရိုးရိုးသွေးကြောအကျိတ်) ဟာ မွေးရာပါ အမှတ်တစ်ခု ဖြစ်ပါတယ်။ သူတို့တွေမှာ သေးငယ်တဲ့ သွေးကြောပေါင်းများစွာ ပါဝင်ပြီး အရေပြားကို အနီရောင် (သို့) ခရမ်းရောင် တွေ ဖြစ်ပေါ်စေပါတယ်။ Liver Hemangioma ဟာ အသည်းပေါ်မှာ ရှိတဲ့ သွေးကြောအလုံးအကျိတ်တစ်မျိုး ဖြစ်ပါတယ်။ သူဟာကင်ဆာ မဟုတ်ဘဲ ရိုးရိုး အကျိတ်တစ်ခုသာ ဖြစ်ပါတယ်။ အသည်းမျက်နှာပြင်ပေါ်မှာ သို့ အသည်းမျက်နှာပြင်အောက်မှာ ရှုပ်ထွေးနေတဲ့ သွေးကြောတွေပဲ ဖြစ်ပါတယ်။ အသည်းသွေးကြောကျိတ် တွေဟာ များသောအားဖြင့် အန္တရာယ်မရှိပဲ လက္ခဏာတွေ မပြတတ်ပါဘူး။ ဒီလိုလက္ခဏာတွေကို မတွေ့ရှိရတတ်တာကြောင့် အခြား မဆိုင်တဲ့ အခြေအနေတစ်ခုကို စစ်ဆေးကြည့်ချိန်မှ ဒါတွေကို တွေ့ရတာ ဖြစ်ပါတယ်။ အသည်း သွေးကြောကျိတ် တွေဟာ ကင်ဆာမဟုတ်ပဲ ကင်ဆာဖြစ်စေခြင်းလည်း မရှိပါဘူး။ ဒီအကျိတ်တွေဟာ 4cm […]


အသည်းရောဂါများ

သင့်အသည်း ဘယ်လိုအလုပ်လုပ်သလဲ

အသည်းဟာ အရေးကြီးတဲ့ ဇီဝကမ္မ ဖြစ်စဉ်တွေကို လုပ်ဆောင်ပေးပါတယ်။ သူဟာ ၁.၅ ကီလိုဂရမ် လေးပြီး ကိုယ်ခန္ဓါရဲ့ အကြီးမားဆုံး အင်္ဂါအစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ အသည်းလုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ဒီဆောင်းပါးမှာ ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ အသည်းတည်နေရာ အသည်းဟာ ဗိုက်အပေါ်ပိုင်းညာဘက်အခြမ်း ရင်ဝမ်းခြားကြွက်သား အောက်မှာ ရှိနေတာ ဖြစ်ပါတယ်။ သူဟာ နံရိုးအောက်က နေရာအတော်များများနဲ့ ဘက်ဘက်အခြမ်း ဗိုက်အပေါ်ပိုင်းမှာ နေရာအချို့ကို ယူထားတာဖြစ်ပါတယ်။ အပြင်ကနေ ကြည့်မယ်ဆိုရင် ညာဘက်က ကြီးမားတဲ့ အပိုင်းနဲ့ ဘယ်ဘက်က သေးငယ်တဲ့အပိုင်းတွေဟာ ကွာခြားမှု ရှိပါတယ်။ ဒီအပိုင်းနှစ်ခုကို အသည်းကို ဝမ်းဗိုက်ပိုင်းမှာ မြဲနေစေတဲ့ သွယ်ဆက်တစ်ရှူး နဲ့ ခွဲခြားထားပါတယ်။ သည်းခြေရည် တွေထုတ်ပေးတဲ့ သည်းခြေအိတ်ဟာ အသည်းရဲ့ အောက်ဘက်မှာ သေးငယ်ပြီး အခေါင်းပေါက်ပါတဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း