အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်လိုက်တာ ခုတော့ ဝမ်းပိတ်ရုံတင်မကဘူး။ ဝမ်းပါချုပ်သွားပြီလို့ ပြောတာ ကြားဖူးမှာပါ။ ဝမ်းချုပ်တာကို ဓာတ်ချုပ်တယ်လို့လည်း ပြောကြတော့ ဓာတ်ဆားရည်တွေ သောက်လိုက်လို့ ဝမ်းချုပ်သွားတာများလားလို့ တွေးတတ်ကြပါတယ်။ တကယ်ပဲ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်တွေမှာ ဘာတွေပါဝင်သလဲ။ ဓာတ်ဆားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ရေ စတာတွေ ပါဝင်ပြီး ဒါတွေက နဂိုလည်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဝမ်းချုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်က ဝမ်းချုပ်စေဖို့ မပြောနဲ့။ ဝမ်းပိတ်စေတဲ့ အာနိသင်တောင် မရှိပါဘူး။ ဟုတ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်သောက်တာက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဝမ်းရပ်ဖို့ ဆိုတာက ကုသမှု တစ်ခုခု […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

အသည်းရောဂါများ

သင့်အသည်းမကျန်းမာဘူးဆိုတာ ဘယ်လိုသိနိုင်မလဲ

သင့်အသည်းမကျန်းမာဘူးဆိုတာ ဘယ်လိုသိနိုင်မလဲ ။ အသည်း ကျန်းမာမှ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ထိထိရောက်ရောက် ဖယ်ရှားနိုင်မှာပါ။ အသည်း - အကြီးဆုံးကိုယ်အင်္ဂါ အသည်းဟာ ကြီးမားပြီး နီညိုရောင်ရှိကာ အစာအိမ်အပေါ်ဘက်၊ ရင်ဝမ်းခြားကြွက်သား အောက်ဘက်မှာ ရှိတဲ့ ဝမ်းဗိုက်ရဲ့ ညာဘက်အပေါ်ပိုင်းက ကိုယ်အင်္ဂါတစ်ခု ဖြစ်ပါတယ်။ အမျိုးသမီးတွေမှာ ၁.၃ ကီလိုလေးပြီး အမျိုးသားတွေမှာ ၁.၈ ကီလိုလေးပါတယ်။ အသည်းဟာ ကိုယ်ခန္ဓါမှာ အကြီးမားဆုံး ကိုယ်အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။ အသည်းဟာ ကိုယ်ခန္ဓါ သွေးစီးဆင်းမှုရဲ့ ၁၃ ရာခိုင်နှုန်းကို ထိန်းထားပြီးတော့ မတူညီတဲ့ လုပ်ငန်းဆောင်တာပေါင်း ၅၀၀ လောက်ကို ပြုလုပ်ပေးပါတယ်။ အသည်းမှာ အသည်းဆဲလ်တွေ ပါဝင်ပြီး သူတို့ဟာ အာဟာရဓါတ်တွေကို စုပ်ယူကာ အန္တရာယ်ရှိတဲ့ အရာဝတ္ထုတွေကို အဆိပ်ဖြေပြီး သွေးအတွင်းမှ ထုတ်ပေးပါတယ်။ အသည်းဟာ အစာခြေခြင်းနဲ့ အဆိပ်ချေဖျက်ခြင်းအတွက် […]


အသည်းရောဂါများ

မျိုးရိုးလိုက်သောအသည်းရောဂါ ။ Alpha-1 antitrypsin ချို့ယွင်းခြင်း

Alpha-1 antitrypsin ချို့ယွင်းမှု အတွက် အချက်အလက်တွေကို ရှာဖွေနေပါသလား။ အသုံးဝင်တဲ့ အချက်အလက်တွေကို ဒီဆောင်းပါးမှာ ဖေါ်ပြပေးမှာ ဖြစ်ပါတယ်။ Alpha-1 antitrypsin ချို့ယွင်းမှုဆိုတာ ဘာလဲ။ Alpha-1 antitrypsin ချို့ယွင်းမှုဟာ အဆုတ်နဲ့ အသည်းကို ထိခိုက်စေတဲ့ မျိုးရိုးလိုက်တတ်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ လက္ခဏာတွေနဲ့ ဒီရောဂါဖြစ်တတ်တဲ့ အသက်အရွယ်တွေဟာ လူပေါ်လိုက်ပြီး ကွာခြားမှု ရှိပါတယ်။ ဘယ်အရာတွေက Alpha-1 antitrypsin ချို့ယွင်းမှုကို ဖြစ်စေပါသလဲ။ တကယ်တော့ Alpha-1 antitrypsin ဟာ အသည်းမှာ ပြုလုပ်တဲ့ ပရိုတင်းတစ်မျိုး ဖြစ်ပြီး ကိုယ်အင်္ဂါ အတော်များများမှာ အင်ဇိုင်းတွေကို ချေဖျက်ဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ Alpha-1 antitrypsin ချို့ ယွင်းမှု ဟာ သင့်မှာ ဒီပရိုတင်းကို ထုတ်လုပ်ဖို့ တားမြစ်နေတဲ့ […]


အသည်းရောဂါများ

မျိုးရိုးလိုက်သော အသည်းရောဂါများ

အဖြစ်အများဆုံးမွေးရာပါ အသည်းရောဂါနှစ်မျိုးကတော့ သံဓါတ်များပြားစုပုံခြင်း (Hemochromatosis) နဲ့ alpha-1 antitrypsin ချို့ယွင်းခြင်းတို့ပဲ ဖြစ်ပါတယ်။ သံဓါတ်များသောရောဂါ(Hemochromatosis) ဒီရောဂါဟာ အသည်းနဲ့ အခြားကိုယ်အင်္ဂါတွေမှာ သံဓါတ် စုပြုံတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါရဲ့ အဓိက ပုံစံဟာ အဖြစ်များတဲ့ မွေးရာပါတစ်ခု ဖြစ်ပြီးတော့ လူအယောက် ၂၀၀မှာ တစ်ယောက် ဖြစ်တတ်ပါတယ်။ မိသားစုဝင်တစ်ဦးမှာ ဒီရောဂါဖြစ်နေပြီဆိုရင် ကျန်မိသားစုဝင်တွေမှာလည်း ရောဂါဖြစ်နိုင်ခြေ ရှိပါတယ်။ ဒီရောဂါရဲ့ ဒုတိယပုံစံကတော့ မျိုးရိုးလိုက်ခြင်းကြောင့် မဟုတ်ပဲ အခြားရောဂါတွေ ဖြစ်တဲ့ သယ်လ်ဆီးမီယားရောဂါ၊ သွေးအားနည်းရောဂါလိုမျိုး သွေးရောဂါတွေကြောင့် ဖြစ်ပါတယ်။ Hemochromatosis နဲ့ ဆက်စပ်နေတဲ့ သံဓါတ်များခြင်းဟာ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုမို ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေဟာ ရာသီလာစဉ်မှာ သွေးဆုံးရှုံးမှု ရှိတာကြောင့် သွေးဆုံးချိန်မရောက်မချင်း သံဓါတ်များခြင်းရဲ့ လက္ခဏာတွေကို ကြုံတွေ့ရခြင်း မရှိပါဘူး။ Hemochromatosis […]


အသည်းရောဂါများ

အသည်းရောဂါ ရှာဖွေအတည်ပြုခြင်းအကြောင်း သိကောင်းစရာ

ဆရာဝန်ဆီ သွားရောက်ပြသခြင်းဟာ အနည်းငယ်ကြောက်စရာကောင်းနိုင်ပါတယ်။ ဆရာဝန်တွေနဲ့ ဆရာမတွေဟာ သင့်ကိုအကြောင်းရင်းတစ်စုံတစ်ရာ မပြောပြပဲ သွေးဖေါက်နိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဒီလိုသွေးဖောက် စစ်ဆေးမှုတွေအကြောင်းကို စိုးရိမ်မှုလျော့ပါးစေဖို့ ရှင်းပြပေးမှာ ဖြစ်ပါတယ်။ ကိုယ်ခန္ဓါနဲ့ ရောဂါရာဇဝင် စစ်ဆေးခြင်း သင့်ဆရာဝန် ပထမဆုံးလုပ်မယ့်အရာကတော့ ကိုယ်ခန္ဓါ စစ်ဆေးမှုပြုလုပ်ပြီး ကျန်းမာရေးရာဇဝင် မေးမှာ ဖြစ်ပါတယ်။ သင့်ဆရာဝန်ဟာ သင့်ကို မေးခွန်းတွေ မေးပြီး ရောဂါလက္ခဏာတွေကို ရှာဖွေမှာ ဖြစ်ပါတယ်။ ဒီလက္ခဏာတွေကတော့- • အသားဝါခြင်း၊ မျက်လုံးဝါခြင်း • ဗိုက်အောင့်ခြင်း၊ ရောင်ရမ်းခြင်း • ခြေထောက်၊ ခြေချင်းဝတ် ရောင်ရမ်းခြင်း • အရေပြား ယားယံခြင်း • ဆီးအရောင်ရင့်ခြင်း • ဝမ်းအရောင် ဖျော့ခြင်း၊ သွေး ပါခြင်း (သို့) ကတ္တရာစေးရောင် ဝမ်းသွားခြင်း • နာတာရှည် ပင်ပန်းနွမ်းနယ်ခြင်း • ပျို့အန်ခြင်း • အစာစားချင်စိတ် မရှိခြင်း • အလွယ်အကူ အညိုအမဲ စွဲခြင်း ဒီလက္ခဏာတွေကို […]


အသည်းရောဂါများ

အသည်းအစားထိုးကုသမှုအကြောင်း သိကောင်းစရာ

သင့်အသည်းမှာ ပြင်းထန်တဲ့ အမာရွတ်ထင်ကျန်ခြင်းကြောင့် အသည်းလုပ်ငန်းဆောင်တာ ကောင်းစွာ မလုပ်နိုင်ဘူးဆိုရင် သင့်ဆရာဝန်က သင့်ကို အသည်းအစားထိုးဖို့ အကြံပြုနိုင်ပါတယ်။ အသည်းအစားထိုးခြင်းဆိုတာ ဘာလဲ။ အသည်းအစားထိုးခြင်းဟာ သင့်ကို အသည်း ကျန်းမာတဲ့ အသည်းအသစ် (အလှူရှင်အသည်း)ကို အစားထိုးပေးခြင်း ဖြစ်ပါတယ်။ အသည်းအစားထိုးခြင်းမှာ ခွဲစိတ်မှု သုံးခု ပါဝင်ပါတယ်။ အလှူရှင် ခွဲစိတ်ခြင်း၊ အစားထိုးအသည်းကို ပြင်ဆင်ခြင်းနဲ့ လက်ခံသူ ခွဲစိတ်ခြင်းတွေပဲ ဖြစ်ပါတယ်။ အစားထိုးကုသမှုအတွက် ပူးပေါင်းဆောင်ရွက်သူတွေဟာ ဒီခွဲစိတ်မှုတွေကို ညှိနှိုင်းပေးမှာ ဖြစ်ပါတယ်။ အလှူရှင် ခွဲစိတ်ခြင်း အလှူရှင် ခွဲစိတ်ခြင်းဟာ အလှူရှင် အသည်းကို ဖယ်ထုတ်လိုက်တာ ဖြစ်ပါတယ်။ ဒီခွဲစိတ်မှုဟာ အလှူရှင်အသည်းကို အရင်းအမြစ် သုံးခုကနေ ရရှိမှာ ဖြစ်ပါတယ်။ • အလှူရှင်ဟာ မကြာသေးမီကမှ သေဆုံးသွားသူဖြစ်ပြီး အသည်းကို ကျန်ရစ်သူမိသားစုရဲ့ သဘောတူညီချက် (သို့) သေဆုံးသူ အသက်ရှင်စဉ် လှူဒါန်းထားချက်တွေကြောင့် […]


အသည်းရောဂါများ

အသည်းအစားထိုးပြီးတဲ့အခါ ဘာတွေဖြစ်သလဲ။

အသည်းအစားထိုးခြင်းပြီးရင် ခွဲစိတ်မှုဟာ အဓိက ခွဲစိတ်မှု ဖြစ်တာကြောင့် လူနာကို အထူးပြုစုခန်းမှာ ထားမှာ ဖြစ်ပါတယ်။ အချို့လူနာတွေဟာ အသက်ရှူခြင်းကို အထောက်အကူ ဖြစ်စေဖို့ ventilator အသက်ရှူစက် လိုနိုင်ပါတယ်။ သွေးကြောတွင်းသွင်းရတဲ့ အရည်တွေ၊ ပိုသတ်ဆေးတွေနဲ့ အာဟာရဆိုင်ရာ ဖြည့်စွက်စာတွေဟာ အချို့လူနာတွေမှာ လိုအပ်နိုင်ပါတယ်။ လူနာတွေကို အထူးကြပ်မတ်ကုသဆောင်မှာ ရက်အနည်းငယ်ထားပြီး ဆေးရုံမှာ အိမ်မပြန်ခင် နောက်ထပ် နှစ်ပတ်ကနေ သုံးပတ်အထိ ထားမှာ ဖြစ်ပါတယ်။ အိမ်မှာ နာလန်ထတဲ့ ဖြစ်စဉ်ဟာ များသောအားဖြင့် ကြာမြင့်ပြီး ရှည်လျားပါတယ်။ လူတစ်ယောက်ဟာ ပုံမှန်လုပ်နေကျ အလုပ်တွေ၊ လှုပ်ရှားမှုတွေကို ပြန်မလုပ်ခင် သုံးလကနေ ခြောက်လအထိ ကြာမြင့်နိုင်ပါတယ်။ လက္ခဏာများ Graft rejection အသည်းအလှူရှင်ထံမှ အသည်းကို လက်ခံသူဆီကို ပြောင်းပြီးတဲ့အခါ ကိုယ်ခန္ဓါက ပြင်ပ အရာဝတ္ထုအဖြစ် မြင်နေပြီး သူ့ကို […]


အသည်းရောဂါများ

အသည်းရောဂါ အကြောင်း အခြေခံ

သင် (သို့) သင့်အသိမိတ်ဆွေ (သို့) သင့်မိသားစုဝင်တစ်ယောက်ယောက်က အသည်းရောဂါနဲ့ ပတ်သက်တဲ့ ပြဿနာတစ်ခုခုကြုံဖူးတယ်ဆိုရင် ဒီသတင်းအချက်အလက်တွေဟာ အသုံးဝင်ပါလိမ့်မယ်။ တကယ်လို့ အဲလိုပြဿနာတွေ မကြုံဖူးဘူးဆိုရင်တောင် သင့်အနေနဲ့ ဘယ်လိုအသည်းရောဂါတွေရှိလဲ ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ အခြေခံအချက်တွေကို သိထားတာ အကျိုးရှိပါတယ်။ အသည်းရောဂါဆိုတာ အသည်းက သင့်ရဲ့ခန္ဓါကိုယ်ထဲမှာ စပျစ်သီးအခိုင်ကြီးနဲ့တူပါတယ်။ သင့်ရဲ့ ညာဘက်ဝမ်းဗိုက် နံရံရိုးအိမ်ရဲ့အောက်မှာတည်ရှိတဲ့ ဘောလုံးတစ်လုံးနဲ့တူပါတယ်။ အသည်းက သင့်အစာခြေဖျက်မှုနဲ့ သင့်ရဲ့ခန္ဓါကိုယ်ထဲက အဆိပ်အတောက်ကိုဖယ်ရှားပေးဖို့အတွက် အရေးပါပါတယ်။ အသည်းရောဂါဟာ မျိုးရိုးလိုက်တာ (သို့) virus ပိုး (သို့) အရက်သောက်တာတွေနဲ ပက်သက်နေပါတယ်။ ဝခြင်းကလည်း ပက်သက်တယ်လို့ဆိုပါတယ်။ အသည်းရောဂါဟာ အချိန်ကြာလာရင် နောက်ဆက်တွဲအနေနဲ့ အသည်းခြောက်ခြင်း၊ အသည်းပျက်စီးခြင်းတို့ကနေ သေသိအထိဖြစ်နိုင်ပါတယ်။ အသည်းရောဂါဖြစ်စေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။ အောက်ပါအချက်တွေက အသည်းရောဂါဖြစ်စေတဲ့ အဓိက အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။ ရောဂါပိုးဝင်ခြင်း ကပ်ပါးပိုးတွေ၊ ဗိုင်းရပ်စ်ပိုးတွေဟာ အသည်းကို ရောဂါပိုးဝင်စေပြီး […]


အသည်းရောဂါများ

အရက်မသောက်သူ၏ အသည်းအဆီဖုံးရောဂါဆိုတာ ဘာလဲ

အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးခြင်း (NAFL) ဟာ အမေရိကနဲ့ ဥရောပ အနောက်ပိုင်းမှာ ကိုယ်အလေးချိန်များခြင်းနဲ့ အဝလွန်ခြင်းတွေ အဖြစ်များလာကြောင့် ပိုမိုများပြားစွာ တွေ့ရတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ဒီရောဂါဟာ အမေရိကနဲ့ အခြားအနောက်ပိုင်းနိုင်ငံတွေမှာ အဖြစ်အများဆုံး အသည်းရောဂါတစ်ခု ဖြစ်နေပါတယ်။ အသည်းအဆီဖုံးခြင်းမှာ အသည်းလုပ်ငန်းဆောင်တာတွေဟာ ပုံမှန်ဖြစ်ပြီး အနုကြည့်မှန်ပြောင်းနဲ့ ကြည့်ရင်လည်း ပုံမှန်ဖြစ်ကာ ဆဲလ်အတွင်း အဆီအနည်းငယ် စုပြုံခြင်းသာ ရှိပါတယ်။ NAFL ကို ဝမ်းဗိုက် Ultrasound ကို အခြားအကြောင်းအရာတွေအတွက် (ဥပမာ သည်းခြေ ကျောက် ရှာဖွေရန်) စစ်ဆေးချိန်မှသာ တွေ့ရှိတတ်ပါတယ်။ အသည်းအတွက် သွေးစစ်ဆေးမှုတွေဟာ ပုံမှန်သော်လည်းကောင်း၊ အသည်းမှ ပြုလုပ်တဲ့ အင်ဇိုင်းနှစ်ခုဖြစ်တဲ့ ALT နဲ့ AST တွေ အနည်းငယ် တက်နေခြင်းသော်လည်းကောင်း ဖြစ်နိုင်ပါတယ်။ […]


အသည်းရောဂါများ

ကပ်ပါးပိုးကြောင်း အသည်းပြည်တည်ခြင်းနဲ့ပတ်သက်လို့ သင်ဘာသိသင့်သလဲ။

အမီးဘားရောဂါပိုးကြောင့် အသည်းပြည်တည်ရောဂါဆိုတာက အူတွင်းကပ်ပါးရောဂါပိုးကို တုန့်ပြန့်ပြီး အသည်းမှာပြည်တွေစုလာတာပါ။ ဖြစ်စေသောအကြာင်းအရာ ဒီရောဂါကိုဖြစ်စေတဲ့ ပိုးက Entamoeba histolytica လို့ခေါ်ပါတယ်။ ဒီပိုးဟာ အမီးဘားဝမ်းကိုက်ရောဂါကိုလည်းဖြစ်စေပါတယ်။ ဝမ်းကိုက်ပြီးနောက် ရောဂါပိုးကို သွေးက အသည်းဆီကို သယ်ဆောင်သွားတာဖြစ်တယ်။ ဒီရောဂါပိုးဟာ ညစ်ညမ်းနေတဲ့ အစားအသောက်တွေက နေတဆင့် ပြန့်ပွားနိုင်ပါတယ်။ လူလူချင်းထိတွေ့မှုကလည်း ကူးဆက်နိုင်ပါတယ်။ ဒီရောဂါဟာ တကမ္ဘာလုံးမှာဖြစ်ပွားနိုင်ပေမယ့်လို့ လူနေထူထပ်ပြီး တကိုယ်ရေသန့်ရှင်းမှုမရှိတဲ့ အပူပိုင်းဒေသတွေမှာ ပိုဖြစ်တတ်ပါတယ်။ အာဖရိက၊ လက်တင်အမေရိက၊ အရှေ့တောင်အာရှနဲ့ အိန္ဒိယနိုင်ငံတွေမှာ သိသိသာသာ အဖြစ်များတာတွေ့ရပါတယ်။ ဖြစ်စေနိုင်တဲ့ အကြာင်းအရာတွေကတော့- • အရက်သောက်ခြင်း • ကင်ဆာရောဂါ • ကိုယ်ခံအားကျဆင်းမှုရောဂါ (HIV) • အာဟာရချို့တဲ့ခြင်း • အသက်ကြီးခြင်း • ကိုယ်ဝန်ဆောင်ခြင်း • လတ်တလော အပူပိုင်းဒေသသို့ ခရီးသွားထားခြင်း • Steriod သောက်နေခြင်း ရောဂါလက္ခဏာတွေကတော့- ပုံမှန်အားဖြင့်တော့ အူလမ်းကြောင်းပိုးဝင်တာနဲ့ လက္ခဏာမပြတတ်ကြပါဘူး။ ဒါပေမယ့် အမီးဘားရောဂါပိုးကြောင့် အသည်းပြည်တည်ရောဂါကတော့ အောက်ပါရောဂါလက္ခဏာတွေရှိတတ်ပါတယ်။ • ဗိုက်နာခြင်း (ညဘက်၊ […]


အသည်းရောဂါများ

သင်အသည်းရောဂါ ခံစားနေရချိန် သင်မိသားစုနှင့် သူငယ်ချင်းတွေဆီက အထောက်အပံ့ရအောင် ဘယ်လိုလုပ်မလဲ

လူတွေဟာနေမကောင်း၊ ဖျားနာတဲ့အချိန်တွေမှာအထီးကျန်အဖော်မဲ့နေတယ်လို့ ခံစားရတတ်ကြပါတယ်။ တကယ်တော့ သူတို့ မိသားစုနဲ့ သူငယ်ချင်းတွေဟာသူတို့ကိုကူညီဖို့ အမြဲလိုလားကြပါတယ်။ မိသားစုတွေဆီကအကူအညီရဖို့ ဘာကြောင့် အရေးကြီးတာလဲ။ မိသားစုနှင့် သူငယ်ချင်းဆိုတာ ကျွန်ုပ်တို့ဘဝအတွက် အရေးကြီးဆုံးအစိတ်အပိုင်းတွေဖြစ်ကြတယ်။ သူတို့ဟာ ကျွန်ုပ်တို့ဖျားနာနေချိန်၊ အခက်အခဲဖြစ်နေချိန်မှာကူညီဖို့အမြဲအဆင်သင့်ရှိနေသူတွေလို့ဆိုရင်လည်းမမှားပါဘူး။ အသည်းရောဂါခံစားနေရစဉ် ကျွန်ုပ်တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာနေ့စဉ်လုပ်ငန်းဆောင်တာတွေမှာကူညီပေးနိုင်ရုံသာမက ကျွန်ုပ်တို့၏ စိတ်ပိုင်းဆိုင်ရာအတွက်လည်း ကြီးမားသောအထောက်အပံ့များပေးနိုင်ပါသည်။ လူတွေနဲ့ ရိုးရိုးရှင်းရှင်းစကားပြောဆိုခြင်းနဲ့ပင် သင့်အခြေအနေကိုနားလည်ဖြေရှုင်းနိုင်ဖို့ မတူညီတဲ့ အတွေးအမြင်အယူအဆသစ်တွေ ရရှိမည်ဖြစ်သည်။ ၎င်းက သင့် စိတ်ဖိစီးမှုနှင့် စိတ်သောကတွေကိုလျော့နည်းစေပြီးအသည်းရောဂါကိုရင်ဆိုင်ဖို့ ပိုမိုကောင်းမွန်ကြံ့ခိုင်တဲ့ စိတ်ဓါတ်ခွန်အားတွေကိုရရှိစေမှာဖြစ်သည်။ သင်ဘယ်သူ့ဆီကနေအကူအညီရယူမလဲဆိုတာကိုရွေးချယ်ဖို့ကပထမဆုံးအဆင့်ဖြစ်သည်။ မိသားစုနှင့် သူငယ်ချင်းသည် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့ကသင်နဲ့ အရင်းနှီးဆုံးလူတွေဖြစ်ပြီးသင်ဖြတ်သန်းနေရသောအခက်အခဲတွေကိုနားလည်မှုအပေးနိုင်ဆုံးသူတွေလည်းဖြစ်သည်။ မိသားစုနှင့် သူငယ်ချင်းက သင့်ကိုဘယ်လိုကူညီပေးနိုင်သလဲ။ မိသားစုနှင့် သူငယ်ချင်းများကသင်ဆေးကုသမှုခံယူနေစဉ် တစ်လျှောက်တွင် ကျန်းမာအောင် ကူညီပေးနိုင်သည်။ အသည်းရောဂါကုသမှု အထူးသဖြင့် ခွဲစိတ်မှု ပြီးသွားသောအခါတွင် သင်သည် အနားယူခြင်း နှင့် အသည်းကျန်းမာရေးအတွက် စားသောက်မှုပုံစံအသစ် တို့ကိုလိုအပ်ပါသည်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း