အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်လိုက်တာ ခုတော့ ဝမ်းပိတ်ရုံတင်မကဘူး။ ဝမ်းပါချုပ်သွားပြီလို့ ပြောတာ ကြားဖူးမှာပါ။ ဝမ်းချုပ်တာကို ဓာတ်ချုပ်တယ်လို့လည်း ပြောကြတော့ ဓာတ်ဆားရည်တွေ သောက်လိုက်လို့ ဝမ်းချုပ်သွားတာများလားလို့ တွေးတတ်ကြပါတယ်။ တကယ်ပဲ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်တွေမှာ ဘာတွေပါဝင်သလဲ။ ဓာတ်ဆားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ရေ စတာတွေ ပါဝင်ပြီး ဒါတွေက နဂိုလည်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဝမ်းချုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်က ဝမ်းချုပ်စေဖို့ မပြောနဲ့။ ဝမ်းပိတ်စေတဲ့ အာနိသင်တောင် မရှိပါဘူး။ ဟုတ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်သောက်တာက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဝမ်းရပ်ဖို့ ဆိုတာက ကုသမှု တစ်ခုခု […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

၀မ်းဗိုက်အတွင်း ပြည်တည်နာဖြစ်ခြင်း

ပြည်တည်နာဆိုတာကတော့ ပြည်တွေနဲ့ပြည့်နေပြီး ရောင်ရမ်းနေတဲ့ တစ်ရှူးအစုအဝေးကို ဆိုလိုပါတယ်။ ပြည်တည်နာများဟာ ကိုယ်ခန္ဓာရဲ့ ဘယ်နေရာမှာမဆို ဖြစ်ပေါ်နိုင်ပါတယ်။ အရေပြားပေါ်မှာ အများဆုံးဖြစ်တတ်ပါတယ်။ တခါတရံမှာတော့ ဝမ်းဗိုက်အတွင်းမှာပါ ဖြစ်နိုင်ပါတယ်။ ဝမ်းဗိုက်အတွင်း ပြည်တည်နာဖြစ်ရာမှာ ဝမ်းဗိုက်အရှေ့မျက်နှာပြင်နားမှာ ဖြစ်ပေါ်နိုင်တာရှိသလို နောက်ကျောဘက်မှာကပ်ပြီး ဖြစ်တာလည်း ရှိပါတယ်။ ဝမ်းတွင်း ကလီစာအစိတ်အပိုင်းတွေဖြစ်တဲ့ အသည်း၊ ပန်ခရိယ၊ ကျောက်ကပ် စတာတွေရဲ့ဝန်းကျင်မှာလည်း ဖြစ်ပေါ်နိုင်ပါတယ်။ ဝမ်းဗိုက်အတွင်း ပြည်တည်နာဘာကြောင့်ဖြစ်ရသလဲ ပြည်တည်နာဖြစ်ပေါ်ရခြင်းကတော့ ဘက်တီးရီးယားပိုးများ ဝင်ရောက်ကူးစက်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဝမ်းဗိုက်အတွင်း ပေါက်ပြဲစေတဲ့အထိ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရခြင်း၊ ရောဂါကြောင့် အူလမ်းကြောင်း ပေါက်ပြဲခြင်း၊ ဝမ်းဗိုက်ကို ခွဲစိတ်ကုသမှုပြုလုပ်ခြင်း စတဲ့အကြောင်းတခုခုကြောင့် ဘက်တီးရီးယားပိုးများ ဝမ်းဗိုက်အတွင်းမှာ ဝင်ရောက်ပေါက်ပွားနိုင်ပါတယ်။ ဝမ်းဗိုက်အတွင်း တနေရာရာမှာ ပြည်တည်နာဖြစ်ပွားရင် ဝမ်းခေါင်းအတွင်းက တခြားနေရာတွေ၊ အင်္ဂါအစိတ်အပိုင်းတွေဆီပါ ပျံ့နှံ့သွားနိုင်ပါတယ်။ ဝမ်းဗိုက်အတွင်းက အင်္ဂါအစိတ်အပိုင်းတခုခု ရောဂါဖြစ်ပွားရာကနေလည်း ပြင်ပကနေ ဘက်တီးရီးယားများ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Probiotics နှင့် အစာအိမ်အူလမ်းကြောင်း ကျန်းမာရေး

Probiotics ဆိုတာဟာ လူသားတွေရဲ့ ကိုယ်ခန္ဓာထဲမှာ မှီတင်းနေထိုင်တဲ့ သက်ရှိဘက်တီးရီးယားလေးတွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အူလမ်းကြောင်းထဲမှာ နေထိုင်ပြီး လူသားတွေရဲ့ ကျန်းမာရေးအတွက် အကျိုးဖြစ်ထွန်းစေပါတယ်။ တနည်းပြောရရင် အကျိုးပြုဘက်တီးရီးယားတွေပဲ ဖြစ်ပါတယ်။ ပါးစပ်ကနေ စတင်ပြီး စအိုဝမှာအဆုံးသတ်တဲ့ အစာအိမ်အူလမ်းကြောင်းကို အထောက်အကူပြုတဲ့အပြင် အန္တရာယ်ရှိတဲ့ ရောဂါပိုးမွှားတွေရဲ့ ရန်ကလည်း ကာကွယ်ပေးပါတယ်။ အစာကိုကြေစေပြီး အာဟာရဓာတ်တွေကို ပိုမိုစုပ်ယူနိုင်စေပါတယ်။ ပရိုဘိုင်အိုတစ်တွေကို သဘာဝအားဖြင့် အချဉ်ဖောက်ထားတဲ့ အစားအစာတွေနဲ့ နို့မှချက်လုပ်ထားတဲ့ စားသောက်ဖွယ်ရာတွေမှာ တွေ့နိုင်ပါတယ်။ အားဖြည့်ဓာတ်စာတွေ အနေနဲ့လည်း ရရှိနိုင်ပါတယ်။ ပရိုဘိုင်အိုတစ်များဟာ များသောအားဖြင့် ဘေးကင်းစိတ်ချရပါတယ်။ Probiotics များဟာ အူလမ်းကြောင်းကို ဘယ်လိုအကျိုးပြုသလဲ Probiotics  များဟာ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ - ဝမ်းချုပ်ခြင်း - ခရွန်းရောဂါ - IBD ခေါ် အူလမ်းကြောင်းရောင်ရမ်းသည့်ရောဂါ - IBS ခေါ် မကြာခဏဝမ်းပျက်တတ်သည့်ရောဂါ - […]


အသည်းရောဂါများ

အသည်းစနမူနာယူစစ်ဆေးခြင်း

အသည်းစ နမူနာယူစစ်ဆေးခြင်း (Liver Biopsy) ဆိုတာကတော့ အသည်းကနေ တစ်ရှူးစ အနည်းငယ်ကို ခွဲစိတ်မှုနည်းလမ်းအားဖြင့် ရယူပြီး ရောဂါဗေဒဓာတ်ခွဲခန်းကို ပို့ဆောင်စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ တစ်ရှူးစကို နမူနာယူစစ်ဆေးခြင်းအားဖြင့် အသည်းမှာ ကင်ဆာ၊ အသည်းခြောက်ခြင်း စတဲ့ ပုံမှန်မဟုတ်တဲ့ အနေအထားတွေ ဖြစ်ပေါ်နေခြင်း ရှိမရှိ သိနိုင်မှာ ဖြစ်ပါတယ်။ လိုအပ်ရင် သွေးစစ်ခြင်း၊ ပုံရိပ်ဖော်စစ်ဆေးခြင်း စတာတွေ ထပ်မံလုပ်ဆောင်ပါတယ်။ အသည်းဟာ ကိုယ်ခန္ဓာအတွက် အရေးကြီးလှတဲ့ အင်္ဂါအစိတ်အပိုင်းတခု ဖြစ်ပါတယ်။ ကိုယ်ခန္ဓာရဲ့ ဇီဝဖြစ်ပျက်မှုလုပ်ငန်းစဉ်တွေကို လုပ်ဆောင်ဖို့ အရေးကြီးတဲ့ ပရိုတိန်းနဲ့ အင်ဇိုင်းတွေ ထုတ်လုပ်ရာမှာ၊ သွေးထဲက အညစ်အကြေးတွေကို ဖယ်ထုတ်ရာမှာ၊ ရောဂါပိုးတွေကို တိုက်ထုတ်ရာမှာနဲ့ ဗီတာမင် အာဟာရဓာတ်တွေကို စုပ်ယူရာမှာ အရေးပါပါတယ်။ ဒါကြောင့် အသည်းမှာ ပြဿနာတခုခုရှိလာရင် တစ်ရှူးစနမူနာရယူ စစ်ဆေးဖို့ လိုအပ်ပါတယ်။ အသည်းစနမူနာယူစစ်ဆေးခြင်း […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးမကောင်းသည့် လက္ခဏာများ

အစာအိမ်အူလမ်းကြောင်း ဟာ အဆင့်မြင့်ရှုပ်ထွေးတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် အစာအိမ်အူလမ်းကြောင်းဟာ ကိုယ်ခံအား၊ စိတ်ကျန်းမာရေး၊ ဟော်မုန်းဆိုင်ရာ ရောဂါများ၊ အရေပြားပြဿနာ၊ ကင်ဆာ စတဲ့ရောဂါတွေ ဖြစ်ပွားခြင်းနဲ့လည်း ဆက်စပ်နေပါတယ်။ ထူးခြားချက်တစ်ခုကတော့ အစာအိမ်အူလမ်းကြောင်းတလျှောက်မှာ အကျိုးပြုဘက်တီးရီးယားတွေ ရှိနေခြင်းပါပဲ။ လူတစ်ဦးချင်းစီရဲ့ အစာအိမ်အူလမ်းကြောင်းထဲမှာ ဘက်တီးရီးယားမျိုးကွဲပေါင်း ၃၀၀ ကနေ ၅၀၀ အထိ ရှိနေနိုင်ပြီး အများစုဟာ အကျိုးပြုဘက်တီးရီးယား ဖြစ်ပါတယ်။ အနည်းငယ်ကပဲ အန္တရာယ်ပေးနိုင်တဲ့ ပိုးမွှားတွေဖြစ်ပါတယ်။ အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးမကောင်းသည့် လက္ခဏာများ စိတ်ဖိစီးမှုများခြင်း၊ အအိပ်အနေနည်းခြင်း၊ အဆင့်ဆင့်ပြုပြင်ထားပြီး သကြားပါဝင်မှုမြင့်မားသော အစားအစာများ စားသုံးခြင်း၊ ပဋိဇီဝဆေးဝါးအချို့ သုံးစွဲခြင်း စတာတွေဟာ အူလမ်းကြောင်းမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားတွေကို ထိခိုက်စေနိုင်ပါတယ်။ ၎င်းတို့နဲ့ ဆက်နွယ်နေတဲ့ ဦးနှောက်၊ နှလုံး၊ ကိုယ်ခံအား၊ အရေပြား၊ ကိုယ်အလေးချိန်နှင့် ဟော်မုန်း စတဲ့ […]


အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

အစာအိမ်အူလမ်းကြောင်းတွင် E Coli ရောဂါပိုးကူးစက်ခြင်း

E Coli ဟာ လူနဲ့ တိရစ္ဆာန်တွေရဲ့ အူလမ်းကြောင်းမှာ ရှင်သန်ပေါက်ပွားတတ်တဲ့ ဘက်တီးရီးယား ဖြစ်ပါတယ်။ ဒါပေမယ့် E Coli မျိုးကွဲတချို့ကသာ အူလမ်းကြောင်းကို ရောဂါဖြစ်စေပြီး ဒုက္ခပေးပါတယ်။ အထူးသဖြင့် E. coli O157:H7 ဆိုတဲ့ အမျိုးအစား ဖြစ်ပါတယ်။ STE Coli ဆိုတဲ့ အမျိုးအစားဟာလည်း အူလမ်းကြောင်းထဲမှာ အဆိပ်ဓာတ်အချို့ထွက်လာစေပြီး ရောဂါဖြစ်စေပါတယ်။ E Coli ရောဂါပိုးကူးစက်ချိန်မှာ များသောအားဖြင့် အိမ်မှာပဲ ကုသနိုင်ပါတယ်။ ရက်အနည်းငယ်လောက်နေရင် သက်သာသွားနိုင်ပါတယ်။ ရောဂါလက္ခဏာတွေ မသက်သာဘဲ ပိုဆိုးလာရင်တော့ ဆေးရုံဆေးခန်း ပြသသင့်ပါတယ်။ အူလမ်းကြောင်းတွင် E Coli ရောဂါပိုးဝင်ခြင်း၏ လက္ခဏာများ E Coli ရောဂါပိုးဟာ အူလမ်းကြောင်းထဲ ဝင်ရောက်အပြီး တရက်ကနေ ဆယ်ရက်အတွင်း လက္ခဏာတွေ ပြလာနိုင်ပါတယ်။ တွေ့ရများတဲ့ […]


သည်းခြေဆိုင်ရာရောဂါများ

သည်းခြေအိတ် အကြောင်း သိကောင်းစရာ

သည်းခြေအိတ် ဟာ အစာခြေစနစ်အတွက် လိုအပ်တဲ့ သည်းခြေရည်များကို သိုလှောင်ထားပေးတဲ့ အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။ ဝမ်းဗိုက်ရဲ့ ညာဘက်ပိုင်း အသည်းရဲ့အောက်မှာ ကပ်လျက် တည်ရှိပါတယ်။ စားသောက်လိုက်ချိန်မှာ သည်းခြေအိတ်ဟာ လှုပ်ရှားလာပြီး သည်းခြေရည်တွေကို အူလမ်းကြောင်းထဲ ညှစ်ထုတ်ပေးပါတယ်။ သည်းခြေအိတ် ရဲ့လုပ်ငန်းတာဝန်တွေက ဘာတွေလဲ သည်းခြေအိတ် ဟာ သည်းခြေစနစ်မှာပါဝင်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ သည်းခြေစနစ်မှာ အသည်း၊ သည်းခြေအိတ်၊ သည်းခြေပြွန်များနဲ့ သည်းခြေအရည်ပါဝင်ပါတယ်။ အဆိုပါစနစ်ဟာ သည်းခြေရည်များ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ အသုံးပြုခြင်းအတွက် ဆောင်ရွက်ပေးတဲ့စနစ်ဖြစ်ပါတယ်။ သည်းခြေရည်များဟာ အစိမ်းရင့်ရောင်၊ စိမ်းဝါရောင် စသဖြင့် ခပ်ပျစ်ပျစ်ရှိပြီး အဆီဓာတ်ကို ချေဖျက်နိုင်ဖို့အတွက် အသည်းကနေ ထုတ်လုပ်ပေးပါတယ်။ အသည်းဟာ တစ်ရက်ကို ခန့်မှန်းခြေ ၂၇ မှ ၃၄ အောင်စအထိ ထုတ်လုပ်ပေးပါတယ်။ စားသောက်လိုက်ချိန်မှာ သည်းခြေရည်များဟာ အသည်းကနေ အူသိမ်ထဲကို […]


လိပ်ခေါင်းရောဂါများ

လိပ်ခေါင်းခွဲစိတ်ကုသခြင်းအကြောင်း

လိပ်ခေါင်းဆိုတာဟာ စအိုမှာရှိတဲ့ သွေးပြန်ကြောတွေ ဖောင်းကားလာရာကနေ ဖြစ်ပေါ်ပါတယ်။ သွေးပြန်ကြောများရဲ့ တည်နေရာကို မူတည်ပြီး အပြင်လိပ်ခေါင်းနဲ့ အတွင်းလိပ်ခေါင်းဆိုပြီး ရှိပါတယ်။ ဝမ်းချုပ်ရင် ဖြစ်နိုင်ခြေများပြီး အမျှင်ဓာတ်များသော အစားအစာများ စားသောက်ခြင်း၊ တရက်လျှင် ရေဖန်ခွက် ၈ခွက်ခန့် သောက်သုံးခြင်း စတာတွေနဲ့ ကာကွယ်နိုင်ပါတယ်။ ဝမ်းချုပ်ရင် လိပ်ခေါင်းအခြေအနေ ပိုဆိုးနိုင်တာမို့ ဝမ်းပျော့ဆေး၊ ဝမ်းချူဆေးများလည်း သုံးနိုင်ပါတယ်။ နောက်ဆက်တွဲပြဿနာများ အပြင်လိပ်ခေါင်းကြောင့် နာကျင်ပြီး သွေးခဲများ ဖြစ်ပေါ်နိုင်ပါတယ်။ အတွင်းလိပ်ခေါင်းဖြစ်ရင် စအိုဝကနေ အပြင်ကို စူထွက်လာပြီး နာကျင်မှု ခံစားရပါတယ်။ ရောဂါပိုးဝင်နိုင်ခြေလည်း ရှိပါတယ်။ ပုံမှန်နည်းလမ်းများနဲ့ မသက်သာရင် ခွဲစိတ်ကုသရတတ်ပါတယ်။ လက္ခဏာများ များသောအားဖြင့် အတွင်းလိပ်ခေါင်းကြောင့် နာကျင်ခြင်း မဖြစ်နိုင်ပါဘူး။ မနာပေမယ့် အိမ်သာသွားစဉ် သွေးယိုခြင်းဖြစ်နိုင်ပါတယ်။ တခါတရံမှာ အပြင်ကို စူထွက်လာနိုင်ပါတယ်။ အပြင်လိပ်ခေါင်းကြောင့်လည်း ဝမ်းသွားစဉ် သွေးပါတတ်ပါတယ်။ အပြင်ဘက်မှာရှိတာကြောင့် နာကျင်ခြင်း၊ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အဖြစ်များသော အစာအိမ်အူလမ်းကြောင်းပြဿနာများ

အစာအိမ်အူလမ်းကြောင်းစနစ်ဟာ ကိုယ်ခန္ဓာထဲမှာ ရှုပ်ထွေးပြီးရှည်လျားတဲ့ စနစ်တခုဖြစ်ပါတယ်။ အူလမ်းကြောင်းတခုလုံးဟာ ပါးစပ်ကနေ စတင်ပြီး စအိုမှာဆုံးပါတယ်။ အစာအိမ်အူလမ်းကြောင်းရဲ့ လုပ်ငန်းတာဝန်ကတော့ စားသောက်လိုက်တဲ့ အစားအသောက်တွေကနေ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ စုပ်ယူပေးပြီး မလိုအပ်တဲ့ အညစ်အကြေးများကို ပြန်လည်စွန့်ထုတ်ပေးခြင်းပဲ ဖြစ်ပါတယ်။ အစာအိမ်အူလမ်းကြောင်းဟာ ရှည်လျားလှသလို ပြဿနာလည်း မျိုးစုံဖြစ်နိုင်ပါတယ်။ ရောဂါအစုံဖြစ်နိုင်ပြီး လက္ခဏာလည်းဆင်တူကြတာမို့ တခါတရံမှာ ထင်မြင်ယူဆချက်မှားယွင်းနိုင်ပါတယ်။ အသေးအဖွဲပြဿနာတွေဖြစ်ပေမယ့် ထိရောက်စွာ မကုသဘဲ ထားလိုက်ရင် ပိုမိုဆိုးရွားသွားတာတွေ ဖြစ်နိုင်ပါတယ်။ မည်သည့်ရောဂါလက္ခဏာမဆို ဆရာဝန်နဲ့ တိုင်ပင်ပြသနိုင်ရင် အကောင်းဆုံးပါပဲ။ ယခုဆက်လက်ဖော်ပြမယ့် အကြောင်းအရာတွေကတော့ အတွေ့ရများတဲ့ အစာအိမ်အူလမ်းကြောင်းပြဿနာတွေပဲ ဖြစ်ပါတယ်။ အလွန်အမင်းဝမ်းချုပ်ခြင်း တရက်နှစ်ရက်လောက် ဝမ်းချုပ်ခြင်း၊ ဝမ်းမာခြင်းများဟာ သိပ်ပြီးပြဿနာ မရှိပါဘူး။ ဒါပေမယ့် ရက်ကြာကြာ ဝမ်းချုပ်ခြင်း၊ စမြင်းခံခြင်း စတာတွေဟာ အူလမ်းကြောင်းကို ထိခိုက်လာနိုင်ပါတယ်။ အလွန်အမင်း ဝမ်းချုပ်ခြင်းကြောင့် စအိုဝန်းကျင်မှ […]


သည်းခြေဆိုင်ရာရောဂါများ

သည်းခြေအိတ်ခွဲစိတ်ကုသပြီးချိန် ကြုံတွေ့နိုင်သည့်အရာများ

သည်းခြေအိတ် ဆိုတာ ဝမ်းဗိုက်ရဲ့ညာဘက်ခြမ်း အသည်းရဲ့အောက်ခြေမှာ အိတ်ပုံသဏ္ဌာန် တည်ရှိနေတဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။ သူ့ရဲ့လုပ်ငန်းတာဝန်ကတော့ သည်းခြေရည်တွေကို သိုလှောင်ပေးဖို့နဲ့ ထုတ်လွှတ်ပေးဖို့ ဖြစ်ပါတယ်။ အဆိုပါ သည်းခြေရည်များကို အသည်းကနေ ထုတ်လုပ်ပေးပြီး အဆီဓာတ်ကို ချေဖျက်ပေးဖို့ ရည်ရွယ်ချက်နဲ့ ထုတ်လုပ်ခြင်း ဖြစ်ပါတယ်။ ကိုလက်စထရောနဲ့ ဘီလီရူဘင်ဆိုတဲ့ အသည်းရဲ့ရောင်ခြယ်ဓာတ်တွေ များပြားလာရင် သည်းခြေအိတ်နဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်လာပါတယ်။ ကြုံတွေ့ရနိုင်တဲ့ အခြေအနေတွေကတော့ - သည်းခြေကျောက်တည်ခြင်း - သည်းခြေကျောက်များကြောင့် ရုတ်တရက် (သို့မဟုတ်) နာတာရှည်ရောင်ရမ်းခြင်း - သည်းခြေပြွန်ကျောက်တည်ခြင်း စတာတွေ ဖြစ်ပါတယ်။ အဆိုပါအခြေအနေတွေကြုံလာရတဲ့အခါ အတော်လေး ခံရခက်ပါတယ်။ ဗိုက်အောင့်ခြင်း၊ ကျောအောင့်ခြင်း၊ ပျို့အန်ခြင်း စတဲ့လက္ခဏာတွေ ကြုံတွေ့ရပါတယ်။ လိုအပ်ရင် သည်းခြေအိတ်ကို ခွဲစိတ်ဖယ်ရှားဖို့် လိုပါတယ်။ လူတယောက်ဟာ သည်းခြေအိတ်မရှိဘဲနဲ့ ကျန်းမာစွာ နေထိုင်နိုင်ပါတယ်။ သည်းခြေအိတ်မရှိရင် အသည်းကနေ ထွက်လာတဲ့ သည်းခြေရည်များဟာ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အစာအိမ်ဖြတ်ထုတ်ကုသခြင်း

အစာအိမ်ဟာ ပါးစပ်ကစပြီး စအိုမှာအဆုံးသတ်တဲ့ အူလမ်းကြောင်းမှာ အရေးအပါဆုံး အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ အစာများကို ချေဖျက်ပြီး လိုအပ်တဲ့အာဟာရဓာတ်များရရှိအောင် လုပ်ဆောင်ပေးပါတယ်။ အစာအိမ်မရှိခဲ့ရင် အစားအစာများကို ကောင်းစွာချေဖျက်နိုင်ခြင်း မရှိတော့ဘဲ နေထိုင်စားသောက်မှုပုံစံလည်း အတော်လေးကို ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ အစာအိမ်ဖြတ်ထုတ်ကုသခြင်း (Gastrectomy) ဆိုတာကတော့ အကြောင်းတခုခုကြောင့် အစာအိမ်ရဲ့ မကောင်းတော့တဲ့ အစိတ်အပိုင်းကိုဖြစ်စေ၊ တခုလုံးကိုဖြစ်စေ ခွဲစိတ်ဖယ်ရှားခြင်း ဖြစ်ပါတယ်။ အဓိကအားဖြင့် အစာအိမ်ဖြတ်ထုတ်ကုသခြင်း ၃မျိုးရှိပါတယ်။ ၎င်းတို့ကတော့ - အစာအိမ် တပိုင်းတစကို ဖြတ်ထုတ်ခြင်း (Partial Gastrectomy)။ အစာအိမ်ရဲ့ တစိတ်တပိုင်းလောက်သာ ဖြတ်ထုတ်ပါတယ်။ များသောအားဖြင့် အောက်ပိုင်းကို ဖြတ်ထုတ်ကြပါတယ်။ - အစာအိမ်တခုလုံး ဖြတ်ထုတ်ခြင်း (Full Gastrectomy) - အစာအိမ်ဘယ်ဘက်အပိုင်းဖြတ်ထုတ်ခြင်း (Sleeve Gastrectomy)။ များသောအားဖြင့် ကိုယ်အလေးချိန်လျှော့ချဖို့ ရည်ရွယ်ချက်နဲ့ ကုသခြင်း ဖြစ်ပါတယ်။ အစာအိမ်ဖြတ်ထုတ်ကုသခြင်း ဘာကြောင့်လုပ်ရသလဲ တခြားနည်းလမ်းတွေနဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း