အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်လိုက်တာ ခုတော့ ဝမ်းပိတ်ရုံတင်မကဘူး။ ဝမ်းပါချုပ်သွားပြီလို့ ပြောတာ ကြားဖူးမှာပါ။ ဝမ်းချုပ်တာကို ဓာတ်ချုပ်တယ်လို့လည်း ပြောကြတော့ ဓာတ်ဆားရည်တွေ သောက်လိုက်လို့ ဝမ်းချုပ်သွားတာများလားလို့ တွေးတတ်ကြပါတယ်။ တကယ်ပဲ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်တွေမှာ ဘာတွေပါဝင်သလဲ။ ဓာတ်ဆားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ရေ စတာတွေ ပါဝင်ပြီး ဒါတွေက နဂိုလည်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဝမ်းချုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်က ဝမ်းချုပ်စေဖို့ မပြောနဲ့။ ဝမ်းပိတ်စေတဲ့ အာနိသင်တောင် မရှိပါဘူး။ ဟုတ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်သောက်တာက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဝမ်းရပ်ဖို့ ဆိုတာက ကုသမှု တစ်ခုခု […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

ဘာကြောင့် လေပွ နေရတာလဲ။

လေပွ နေတယ်ဆိုပြီး ပြောလိုက်ရင် ရောဂါတစ်ခု၊ အထူးအဆန်းကိစ္စတစ်ခုလို့ ထင်ကြတယ်။ တကယ်တော့ ဗိုက်ထဲမှာ (အစာအိမ်နဲ့ အူလမ်းကြောင်းမှာ) လေဆိုတာက ရှိပြီးသားပါပဲ။ ဒါပေမယ့် ရှိသင့်တာထက် များလာတဲ့အခါ  ဗိုက်ထဲမှာ ခပ်တင်းတင်း ဖြစ်လာမယ်။ လေနာမယ်။ လေချဉ်တက်မယ်။ လေလည်မယ် စသဖြင့် ခန္ဓာကိုယ်က အချက်ပြလာပါတယ်။ လေပွတာက ယာယီပဲ ဖြစ်ပြီး အများအားဖြင့်တော့ အန္တရာယ် မရှိပါဘူး။ လေတက်မယ်၊ လေလည်လိုက်တယ်ဆိုရင် သက်သာသွားတာပါပဲ။ တချို့တွေမှာတော့ ပုံမှန်အတိုင်း လေပမာဏ နည်းနည်းပဲ ရှိနေတာတောင်မှ လေပွတဲ့ ပြဿနာကို ခံစားရတာမျိုးလည်း ရှိပါတယ်။ လေပွ တဲ့အခါ ဘာလက္ခဏာတွေ ခံစားရမှာလဲ။ အူထဲမှာ လေရှိတာက ပုံမှန်ပဲ ဖြစ်ပြီး ဒီလေတွေက အစားအစာတွေကို ဝါးမျိုတဲ့အခါ အတူပါလာပါတယ်။ လေတွေ များလာရင်တော့ အပေါ်ကနေ လေတက်ပြီးပဲ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ အစာအိမ်အူလမ်းကြောင်းရောဂါများ

အစာအိမ် နဲ့ အူလမ်းကြောင်း ဟာ အရှည်ကြီး ဖြစ်ပြီး အစိတ်အပိုင်းတွေ အများကြီး ပါဝင်တဲ့အတွက် တစ်ခုချင်းစီမှာ ရောဂါတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ပြင် ဘယ်လောက်ပဲ သန့်တယ်ဆိုဆို ပြင်ပကနေ ရောဂါပိုးမွှားတွေ အပြည့်နဲ့ အစားအစာတွေကို စားသောက်နေရတာ ဖြစ်တဲ့အတွက် ပိုးကူးစက်လည်း လွယ်ပါတယ်။ အထူးသဖြင့် သန့်ရှင်းမှု အားနည်းတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာပေါ့။ နေ့စဉ်နဲ့ အမျှ စားသောက်နေရတာ ဖြစ်တဲ့အတွက် တစ်ချိန်မဟုတ် တစ်ချိန်မှာ အစာအိမ် နဲ့ အူလမ်းကြောင်း က နေမကောင်း ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အဖြစ်များတဲ့ အစာအိမ်အူလမ်းကြောင်းရောဂါများ က ဘာများလဲ။ ဘယ်လိုတွေ ကုသလို့ရနိုင်သလဲဆိုတာ ပြောပြပေးသွားပါ့မယ်။ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ အစာအိမ်အူလမ်းကြောင်းရောဂါများ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ အစာအိမ်အူလမ်းကြောင်းရောဂါများ ကတော့ စားချဉ့်ပြန်ရောဂါ မထင်မှတ်ထားလောက်အောင်ကို ဒီဝေဒနာခံစားနေရတဲ့ လူနာတွေက […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အစာအိမ်နဲ့ အူလမ်းကြောင်း က အစာတွေကို ဘယ်လိုချေဖျက်ပေးနေသလဲ။

တစ်နေ့ တစ်နေ့ လှုပ်ရှားလုပ်ကိုင်နိုင်ဖို့ဆိုတာ အင်အားတွေ ပြည့်နေရမှာပါ။ ဒီလိုအပ်တဲ့ အင်အားတွေကို စားသောက်နေတဲ့ အစားအစာတွေက ရတာပေါ့။ ဒီအစားအစာတွေကို ချေဖျက်ပေးမယ့် အစာအိမ်နဲ့ အူလမ်းကြောင်း ကောင်းကောင်း အလုပ်လုပ်နေမှ အစားအစာတွေကနေ လိုအပ်တဲ့ အာဟာရတွေ ရပြီး မလိုတာတွေကို ခန္ဓာကိုယ်ကို အဆိပ်အတောက် မဖြစ်အောင် စွန့်ထုတ်နိုင်မှာပါ။ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ဘာတွေပါ အစာအိမ်နဲ့ အူလမ်းကြောင်းက ခံတွင်းကစပြီး စအိုမှာ ဆုံးပါတယ်။ စားလိုက်တဲ့ အစားအစာတစ်ခုကို ပါးစပ်ကစပြီး စအိုထိ အစာခြေစနစ်တစ်လျှောက် လိုသလို ပြုပြင်သွားပါတယ်။ ဒါကြောင့် နောက်ဆုံးမှာ လိုအပ်တဲ့ အင်အားတွေ၊ အာဟာရတွေကို ခန္ဓာကိုယ်မှာ သိမ်းဆည်းပြီး မလိုတာတွေကို မစင်အဖြစ် အပြင်ကို စွန့်ထုတ်နိုင်တာပါ။ အစာအိမ်နဲ့ အူလမ်းကြောင်း ရဲ့ တာဝန်များ ပါးစပ်ကစလို့ စအိုအထိ အသုံးမလိုတဲ့ နေရာ၊ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

စအိုယားခြင်း ကို ဘယ်လိုကုသကြမလဲ

လူရှေ့မရှောင် သူရှေ့မရှောင်ယားယံလာလို့ တင်ပါးကို ကုတ်နေရပြီလား။ လူအတော်များများ ဒီလို ယားဖူးကြမှာပါ။ နေမထိ ထိုင်မသာနဲ့ ကသိကအောင့်ဖြစ်စေတဲ့ ပြဿနာတစ်ခုဖြစ်တဲ့ တင်ပါး(စအို)ယားတဲ့ကိစ္စကို ဘယ်လိုကုသဖြေရှင်းနိုင်မလဲဆိုတာ နည်းနည်းလောက်ပြောပြချင်ပါတယ်။ တင်ပါး(စအို)ယားခြင်းက ကျန်းမာရေးပြဿနာကြောင့်လည်းဖြစ်နိုင်သလို နေထိုင်မှုပုံစံကြောင့်လည်းဖြစ်တတ်ပါတယ်။ ဆေးပညာအရ pruritus လို့ခေါ်ဆိုတဲ့ဒီပြဿနာက လူကြားထဲမှာဖြစ်ရင် ကုတ်ရလည်းအခက်၊ ဒီတိုင်းနေပြန်တော့လည်းအနေရခက်နဲ့ အတော်လေးဒုက္ခရောက်ရပါတယ်။ အရေပြားပြဿနာ၊ လိပ်ခေါင်း၊ တစ်ကိုယ်ရေ သန့်ရှင်းမှု၊ အစားအသောက်၊ ကူးစက်ရောဂါ စတဲ့အကြောင်းတွေကြောင့် တင်ပါး(စအို)ယားတတ်ပြီး ဖြစ်ပွားတဲ့ အကြောင်းရင်းကိုလိုက်ပြီး  ဘယ်လိုနည်းလမ်းတွေနဲ့ ကုသနိုင်မလဲ၊ သက်သာအောင်လုပ်လို့ရမလဲဆိုတာ ပြောပြပါ့မယ်။ ကူးစက်ရောဂါ - များသောအားဖြင့် မှို၊ ပိုးမွှား၊ ကပ်ပါး တစ်မျိုးမျိုးကူးစက်ခံရလို့ဖြစ်ရတာပါ။ ဒီ့အတွက်ကြောင့် ကူးစက်ခံရတဲ့ အကောင်ကိုနှိမ်နင်းပြီးကုသလိုက်လို့ရပါတယ်။ ယားယံတာသက်သာအောင် စတီးရွိုက်ပါတဲ့ လိမ်းဆေးလိမ်းပေးလို့လည်းရပါတယ်။ အရေပြားပြဿနာ - အရမ်းညစ်ပတ်တဲ့သူရော၊ အရမ်းသန့်တဲ့သူရော တင်ပါး(စအို)ယားနိုင်ပါတယ်။ ရှင်းပြပါ့မယ်။ အိမ်သာတက်ပြီးရေသေချာမဆေးကြောရင်၊ […]


ဝမ်းပျက်ဝမ်းလျှောခြင်း

ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် လုံးဝမလုပ်သင့်တဲ့ အချက်များ

မြန်မာနိုင်ငံလိုပူနွေးစိုစွတ်တဲ့ နိုင်ငံမျိုးမှာ လူတိုင်း ဝမ်းပျက်ဝမ်းလျှောဖြစ်ဖူးကြမှာပါ။ ဝမ်းပျက်ဝမ်းလျှောဖြစ်တာဟာ အသေးအဖွဲ ကျန်းမာရေး ပြဿနာတစ်ခုလို့ထင်ရပေမဲ့ တကယ်ဆို အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့အထိ ဆိုးရွားပါတယ်။ သမိုင်းမှာလည်း ကာလဝမ်း‌ရောဂါကပ်ဘေးကို (၇) ကြိမ်တိုင်တိုင် ခံစားခဲ့ရပြီး တစ်နှစ်မှာလူ‌ပေါင်း (၁၂၀,၀၀၀) ခန့်ဟာ Cholera လို့ခေါ်တဲ့ ကာလဝမ်းရောဂါကြောင့် သေဆုံး နေကြရဆဲပါလို့ ကမ္ဘာကျန်းမာရေး အဖွဲ့အစည်း(WHO) က ကြေညာထားပါတယ်။ ဝမ်းလျှောတာလေးနဲ့ သေသင့်ရဲ့လားဆိုရင်တော့ ဝမ်းလျှောတဲ့အခါ သတိထားလိုက်နာရမယ့် အချက်တွေကို လွဲမှားစွာ သိရှိပြီး လိုက်လံကျင့်သုံးမိရင် အသက်အန္တရာယ်အထိ ရှိလာနိုင်ပါတယ်။ ဒါကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် လုံးဝမလုပ်သင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက် ပါတယ်။ (၁) ဝမ်းပိတ်ဆေး မသောက်ပါနဲ့။ ဝမ်းလျှောတာရပ်အောင်ဆိုပြီး ဆရာဝန် ညွှန်ကြားချက်မရှိဘဲ ဝမ်းပိတ်ဆေး ဝယ်‌သောက်ခြင်းဟာ အလွန်အန္တရာယ်များပါတယ်။ ဝမ်းလျှောနေတဲ့အခါ အူလမ်းကြောင်းတစ်လျှောက်မှာ ပိုးမွှားတွေ၊ အကျိအချွဲရည်တွေသာမက ပိုးမွှားတွေက ထုတ်ထားတဲ့ အဆိပ်တွေပါ […]


အသည်းရောဂါများ

အသည်းတစ်ခြမ်းနဲ့ လူသား

အသည်းဟာ ခန္ဓာကိုယ်ရဲ့ အရေးအပါဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုပါပဲ။ အသည်းဟာ ပျက်စီးပြီးတဲ့နောက် အလိုလို ပြန်ကောင်းလာနိုင်တဲ့ တစ်ခုတည်းသော အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ အသည်းရဲ့ လုပ်ဆောင်ချက်တွေကတော့ သွေးထဲက အဆိပ်အတောက်တွေကို စစ်ထုတ်ဖယ်ရှားပေးပါတယ်။ Bile လို့ခေါ်တဲ့ သည်းခြေရည်ကို ထုတ်ပေးပါတယ်။ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကို သိုလှောင်နိုင်ပါတယ်။ ဟော်မုန်းတွေနဲ့ ခုခံအား တုံ့ပြန်မှုတွေကို ပုံမှန်ဖြစ်စေပါတယ်။ သွေးခဲမှုအတွက် အထောက်အကူဖြစ်စေပါတယ်။ ဒီမှာပြောစရာ ရှိလာတာက “အသည်းပျက်စီးနေတဲ့သူတွေ၊ မဖြစ်မနေ အသည်းအစားထိုးဖို့ လိုအပ်လာတဲ့သူတွေအတွက် အသည်းတစ်ခြမ်း လှူမယ့် အလှူရှင်တွေကရော ပုံမှန်အတိုင်း အသက်ရှင်နိုင်ပါ့မလား။” ဆိုတဲ့ အသည်းလှူလိုသူတွေရဲ့ မေးခွန်းပါပဲ။ ဒီမေးခွန်းကို ဖြေဖို့ အရင်ဆုံး သိထားရမှာက အသည်းရဲ့ ၂၅ % ကနေ ၃၀% ရှိနေရင်ကို အသည်းက […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အစာအိမ်ကြွက်သားများအားနည်းခြင်း

အစာအိမ်ကြွက်သားများအားနည်းပြီး လှုပ်ရှားမှုမကောင်းတဲ့အခါ အစာခြေဖို့နဲ့ အစာအိမ်ထဲက အစာတွေကို အူလမ်းကြောင်းထဲကို ပို့ဆောင်နိုင်ဖို့ နှေးကွေးသွားပါတယ်။ အဆိုပါ အခြေအနေကို ဆေးပညာအရ gastroparesis လို့ခေါ်ဝေါ်ပြီး ပျို့အန်ခြင်း၊ ဗိုက်အင့်ခြင်း စတဲ့လက္ခဏာတွေနဲ့ ဆက်စပ်တွေ့ရှိရပါတယ်။ ဖြစ်နိုင်ခြေ အကြောင်းအရင်းမျိုးစုံရှိပါတယ်။ လုံးဝပျောက်ကင်းအောင် ကုသနိုင်ခြင်းလည်း မရှိသေးပါဘူး။ ဒါပေမယ့် ဝေဒနာတွေသက်သာနိုင်အောင် ကုသတဲ့နည်းလမ်းတွေ ရှိပါတယ်။ ဘာကြောင့်ဖြစ်ပွားရသလဲ အကြောင်းအရင်းကိုတော့ တိကျစွာ မသိရသေးပါဘူး။ ဖြစ်နိုင်ခြေကတော့ အစာအိမ်ဆီကိုလာတဲ့ အာရုံကြောအချက်ပြစနစ်တွေ ချို့ယွင်းခြင်းကြောင့်လို့ ယူဆရပါတယ်။ အစာအိမ်ဆီကို လာတဲ့ အာရုံကြောအချက်ပြမှုတွေ မထိရောက်ရင် အစာများဟာ နှေးကွေးစွာ ရွေ့လျားပါတယ်။ နောက်ဖြစ်နိုင်ခြေအချက်တွေကတော့ အစာအိမ်ဟာ အာရုံကြောအချက်ပြချက်တွေကို ခံနိုင်ရည်မရှိခြင်း ဖြစ်ပါတယ်။ ဆီးချိုလူနာများနဲ့ ဆက်စပ်မှုရှိတတ်ပါတယ်။ ခွဲစိတ်ပြီးစ လူနာအချို့မှာလည်း တွေ့ရတတ်ပါတယ်။ ဖြစ်နိုင်ခြေမြင့်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ အစာအိမ်ကြွက်သားအားနည်းခြင်းကို ဖြစ်နိုင်ခြေမြင့်စေတဲ့ အကြောင်းတွေကတော့ - ဗိုင်းရပ်စ်ပိုးဝင်ခြင်း - […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အစာအိမ်ထွက်ပေါက်ကြွက်သားပြုပြင်ခွဲစိတ်ခြင်း

ပါးစပ်ကနေ စားသောက်လိုက်တဲ့ အစားအစာများဟာ အစာရေမျိုကနေတဆင့် အစာအိမ်ထဲရောက်ပါတယ်။ အစာအိမ်ထဲမှာ ချေဖျက်ပြီးစအစာများဟာ အစာအိမ်ရဲ့ညာဘက် အောက်ပိုင်းကနေ အူသိမ်ထဲကို ရောက်ပါတယ်။ အဆိုပါ အူသိမ်ထဲကို ထွက်တဲ့အပေါက်မှာ အကျဉ်းအကျယ်ပြုလုပ်ပေးနိုင်တဲ့ ကြွက်သားများရှိပါတယ်။ အဆိုပါကြွက်သားဟာ ယေဘုယျအားဖြင့် ၁ လက်မလောက်ပဲ ကျယ်ပါတယ်။ အဆိုပါ ပမာဏထက် ပိုမိုကျဉ်းမြောင်းသွားရင်၊ ပိတ်ဆို့သွားရင် အစာများ အူလမ်းကြောင်းထဲကို ရောက်ရှိဖို့ ခက်ခဲသွားနိုင်ပါတယ်။ အစာမကြေခြင်း၊ ဝမ်းချုပ်ခြင်း စတဲ့လက္ခဏာတွေ ပေါ်လာနိုင်ပါတယ်။ ဖော်ပြပါအခြေအနေအတိုင်း အူသိမ်အဝမှာ ကျဉ်းမြောင်းပိတ်ဆို့ရင်တော့ အစာအိမ်ထွက်ပေါက်ကြွက်သားကို ပြုပြင်ခွဲစိတ်ခြင်း (pyloroplasty) နည်းလမ်းနဲ့ ကုသနိုင်ပါတယ်။ အစာအိမ်နဲ့ အူသိမ်အဆက်နေရာက ရှုံ့ကြွက်သားကို ခွဲစိတ်ပြီး အစိတ်အပိုင်းတချို့ကို ဖယ်ရှားခြင်း ဖြစ်ပါတယ်။ အဆိုပါနည်းလမ်းကို လုပ်ဆောင်ပြီးရင်တော့ အူလမ်းကြောင်းထဲကို အစာတွေ ကောင်းစွာ ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။ ပိုဆိုးတဲ့အခြေအနေတွေမှာ ကြွက်သားတခုလုံးကို […]


အစာအိမ်အနာ

အစာရေမျိုအနာဖြစ်ခြင်း

ပါးစပ်ကနေ စားသောက်လိုက်တဲ့ အစားအစာများဟာ အစာအိမ်ကိုရောက်ဖို့ အစာရေမျိုကို ဖြတ်သန်းရပါတယ်။ တနည်းပြောရရင် အစာရေမျိုဟာ လည်ချောင်းနဲ့ အစာအိမ်အကြား ဆက်သွယ်ပေးထားတဲ့ အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။ အစာရေမျိုတလျှောက်မှာ အနာတွေဖြစ်ရင် အစားအစာများကို မျိုချရာမှာ နာကျင်မှုကို ခံစားရပါတယ်။ အစာရေမျိုအနာဖြစ်ရတဲ့ အကြောင်းအရင်းတွေများစွာ ရှိပါတယ်။ H Pylori ဘက်တီးရီးယား ကူးစက်ခံရခြင်းကြောင့် ဖြစ်နိုင်သလို အစာအိမ်ထဲက အစာချေရည်တွေ လည်ချောင်းဆီကို ပြန်ဆန်တက်လာတဲ့အတွက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တခါတရံမှာ မှိုရောဂါပိုးနဲ့ ဗိုင်းရပ်ပိုးတွေကြောင့်လည်း အစာရေမျိုအနာဖြစ်တတ်ပါတယ်။ အစာရေမျိုအနာဖြစ်ရင် နာကျင်ပြီး ခံရခက်တာကြောင့် ဆေးဝါးကုသခြင်း၊ နေထိုင်စားသောက်ပုံ ပြောင်းလဲခြင်း စတာတွေကို ဆောင်ရွက်ပေးသင့်ပါတယ်။ လက္ခဏာများ အစာရေမျိုအနာဖြစ်ရင် တွေ့ရအများဆုံး လက္ခဏာကတော့ ရင်ဘတ်ထဲမှာ ပူနေခြင်း ဖြစ်ပါတယ်။ နာကျင်မှုကို အတန်အသင့်ကနေ ဆိုးရွားတဲ့အထိ ကြုံနိုင်ပါတယ်။ တခြားကြုံတွေ့နိုင်တဲ့ လက္ခဏာတွေကတော့ - ပျို့အန်ခြင်း - အစာမကြေခြင်း - […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အစာအိမ်ထွက်ပေါက် (သို့မဟုတ်) အူသိမ်အ၀ ကျဉ်းမြောင်းခြင်း

အစာအိမ်ကနေ အူသိမ်ကို ဆက်သွယ်ထားတဲ့နေရာမှာ ပိုင်လောရပ်စ် pylorous လို့ခေါ်တဲ့ အဆို့ရှင်ကြွက်သား ရှိပါတယ်။ အဆိုပါကြွက်သားဟာ အစာအိမ်ထွက်ပေါက်ကို အကျဉ်းအကျယ် ပြုလုပ်ပေးနိုင်ပြီး အစားအစာတွေကို သေချာစွာ မချေဖျက်ထားခင်မှာ အူထဲကို ရောက်ရှိမသွားအောင် ထိန်းထားပေးနိုင်ပါတယ်။ တခါတရံမှာ အကြောင်းအမျိုးမျိုးကြောင့် အဆို့ရှင်ကြွက်သားဟာ ထူထဲပြီး ထွက်ပေါက်ကျဉ်းမြောင်းသွားခြင်းမျိုး ဖြစ်နိုင်ပါတယ်။ အဆိုပါအခြေအနေကို အစာအိမ်ထွက်ပေါက် (သို့မဟုတ်) အူသိမ်အ၀ ကျဉ်းမြောင်းခြင်း Pyloric stenosis လို့ ခေါ်ဝေါ်ပါတယ်။ ကြွက်သားဟာ အရမ်းထူသွားတဲ့အခါ အစာအိမ်ကထွက်လာတဲ့ အစာများဟာ အူသိမ်ထဲကို မရောက်နိုင်ဘဲ ပိတ်ဆို့သွားစေပါတယ်။ လက္ခဏာများ အဓိကကြုံတွေ့ရတဲ့ လက္ခဏာကတော့ အစာအိမ်အူလမ်းကြောင်းပြဿနာတွေပဲ ဖြစ်ပါတယ်။ မွေးရာပါ အစာအိမ်ထွက်ပေါက်ကျဉ်းနေတဲ့ ကလေးငယ်များဟာ မွေးခါစမှာ သိပ်ပြီးမသိသာပါဘူး။ နောက်ပိုင်းမှာမှ လက္ခဏာဖြည်းဖြည်းချင်းပြလာနိုင်ပါတယ်။ အစာအိမ်ထွက်ပေါက် ကျဉ်းမြောင်းနေသူတွေမှာ အောက်ပါလက္ခဏာတွေ ကြုံနိုင်ပါတယ်။ စားသောက်ပြီးနောက် ထိုးအန်ခြင်း အစာအိမ်နဲ့ အူသိမ်အကြားမှာ အဆို့ရှင်ကြွက်သားဟာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း