အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်လိုက်တာ ခုတော့ ဝမ်းပိတ်ရုံတင်မကဘူး။ ဝမ်းပါချုပ်သွားပြီလို့ ပြောတာ ကြားဖူးမှာပါ။ ဝမ်းချုပ်တာကို ဓာတ်ချုပ်တယ်လို့လည်း ပြောကြတော့ ဓာတ်ဆားရည်တွေ သောက်လိုက်လို့ ဝမ်းချုပ်သွားတာများလားလို့ တွေးတတ်ကြပါတယ်။ တကယ်ပဲ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်တွေမှာ ဘာတွေပါဝင်သလဲ။ ဓာတ်ဆားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ရေ စတာတွေ ပါဝင်ပြီး ဒါတွေက နဂိုလည်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဝမ်းချုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်က ဝမ်းချုပ်စေဖို့ မပြောနဲ့။ ဝမ်းပိတ်စေတဲ့ အာနိသင်တောင် မရှိပါဘူး။ ဟုတ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်သောက်တာက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဝမ်းရပ်ဖို့ ဆိုတာက ကုသမှု တစ်ခုခု […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Morning sickness မဟုတ်ဘဲ မနက်ပိုင်း အန်ချင်နေတာ ဘာကြောင့်လဲ ........

မနက်ခင်း မှာ အော့ချင်သလို အန်ချင်သလို ဖြစ်တာက အခြားသူတွေအတွက် သိပ်စိတ်ပူစရာ မဟုတ်ပေမယ့် အိမ်ထောင်ရှင်မ လေဒီလေးတွေအတွက်တော့ စိတ်လှုပ်ရှားစရာ စိတ်ပူစရာ ကိစ္စနော်။ ဒါဆို မနက်ခင်းမှာ အော့အန်တာ ခေါင်းကိုက်တာ မအီမသာဖြစ်တာတွေက ကိုယ်ဝန်ရှိမှ ဖြစ်တတ်တာလားဆိုတော့ အဲ့လို တထစ်ချကြီး မှတ်ယူလို့ မရပါဘူး။ မနက်ခင်းမှာ မကြည်မလင် နိုးထလာရတာ၊ ခေါင်းကိုက်တာ၊ အော့အန်တာတွေက ကိုယ်ဝန်ရှိမှ ဖြစ်တာ မဟုတ်ပါဘူး။ အခြား အကြောင်းအရင်းတွေကြောင့်လည်း မနက်ခင်းမှာ အခုလိုမျိုးတွေ ခံစားရနိုင်ပါတယ်။ Morning sickness မဟုတ်ဘဲ မနက်ပိုင်း အန်ချင်နေတာ ဘာကြောင့်လဲ ........ Morning sickness ဖြစ်ရတဲ့ အကြောင်းအရင်းရဲ့ နောက်ခံ အကြောင်းအရာက ကိုယ်ဝန်ရှိတာ တစ်ခု တည်းကြောင့် မဟုတ်ပါဘူး။ မနက်ခင်းမှာ ပျို့အန်တာက အထက်လန်အောက်လျှော (stomach […]


ဝမ်းချုပ်ခြင်း

နေ့တိုင်း ဝမ်းသွား ဖို့ လိုသလား။

အာရှသားတွေက ဝမ်းသွား တာနဲ့ ပတ်သက်ရင် အစွဲကြီးကြပါတယ်။ နေ့တိုင်း ဝမ်းသွားရမယ်။ မနက်တိုင်း ဝမ်းသွားရမယ်။ နေ့တိုင်း မသွားရင် ဝမ်းချုပ်နေတာ။ ဝမ်းနှုတ်ဆေး သောက်ရမယ် စတဲ့ အစွဲလေးတွေ ရှိပါတယ်။ ဆရာဝန်တွေက တတ်နိုင်သလောက် ရှင်းပြပေးပေမယ့် တစ်ရက်လောက်မှ ဝမ်းမသွားရရင် နေမထိ ထိုင်မသာ ဖြစ်ပြီး ဝမ်းနှုတ်ဆေးလာတောင်းကြတဲ့သူတွေ ရှိနေတုန်းပါပဲ။  ပုံမှန် ဝမ်းသွား တယ်ဆိုတာ ဘာကို ခေါ်တာလဲ။ တစ်ယောက်နဲ့ တစ်ယောက် ဝမ်းသွားတဲ့ ပုံစံက မတူကြပါဘူး။ Scandinavian Journal of Gastroenterology က လေ့လာချက်အရဆိုရင် သာမန်လူတွေအချင်းချင်းမှာတောင် တစ်ပတ်ကို ၃ခါပဲသွားတဲ့သူကနေ တစ်ရက်ကို ၃ခါ သွားတဲ့သူအထိ ရှိနိုင်ပါတယ်တဲ့။ သူတို့ ၂ယောက်လုံးက ပုံမှန်ပါပဲ။ တစ်ပတ်ကို ၃ခါပဲ သွားတဲ့သူက နေ့တိုင်း ဝမ်းသွားချင်မှ […]


ဝမ်းချုပ်ခြင်း

မနက်တိုင်းမှာ ဝမ်းပုံမှန်သွား စေဖို့

မနက်မိုးလင်းရင် ဝမ်းပုံမှန်သွား တတ်တဲ့ သူတွေကို အားကျနေမိပြီလား။ သူတို့ကို ကြည့်လိုက်ရင် မနက်မိုးလင်း အိပ်ရာက နိုးတာနဲ့ အိမ်သာသွားတာက အကျင့်တစ်ခုလို ဖြစ်နေပါပြီ။ ကိုယ်ကရော ဒီလို အကျင့်ဖြစ်အောင်လုပ်လို့မရဘူးလား။ ဝမ်းပုံမှန်သွား တယ်ဆိုတာ လူတိုင်းက နေ့တိုင်း ဝမ်းသွားချင်မှ သွားတာပါ။ တချို့က တစ်ရက်ခြားလောက် သွားတာရှိသလို တချို့က တစ်ရက်ကို ၂ခါ သွားတာလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ပတ်ကို အနည်းဆုံး ဝမ်း ၃ခါ သွားတယ်။ ဝမ်းချုပ်တာ၊ ဝမ်းမာတာမျိုး မရှိဘူးဆိုရင် ဒါကို ဝမ်းပုံမှန်သွားတယ်လို့ပဲ သတ်မှတ်ပါတယ်။ နေ့တိုင်းသွားစရာ မလိုပါဘူး။ ဒါပေမယ့် လူအများစု အထူးသဖြင့် အာရှသားတွေက ဝမ်းသွားတာနဲ့ ပတ်သက်ရင် အစွဲကြီးကြပါတယ်။ နေ့တိုင်း ဝမ်းသွားချင်ကြပါတယ်။ ဝမ်းသွားမှ အပုပ်တွေကင်းတယ်၊ သန့်သွားတယ်ဆိုတဲ့ အစွဲက သူတို့ဆီမှာ […]


အသည်းရောဂါများ

အသည်းအင်ဇိုင်း တက်တာ ဘာကြောင့်လဲ

သင့်အနေနဲ့ ပုံမှန် ကျန်းမာရေး စစ်ဆေးရင်ပဲ ဖြစ်ဖြစ်၊ ရောဂါလက္ခဏာ တစ်ခုခု ခံစားရလို့ အသည်းကြောင့်လို့ ယူဆလို့ ဆရာဝန်က ဆေးစစ်ခိုင်းရင်ဖြစ်ဖြစ် liver function test (LFT) ဆိုတာလေးကို မြင်ဖူးမှာပါ။ ဒီထဲမှာ အသည်းအင်ဇိုင်း စစ်ဆေးတာလည်း ပါပါတယ်။ ဒီအသည်းအင်ဇိုင်းတွေက ဘာကိုပြောချင်တာလဲ။ အသည်းအင်ဇိုင်းတက်တိုင်း စိုးရိမ်စရာလား။ အသည်းအင်ဇိုင်း တွေက ဘာတွေလဲ။ အင်ဇိုင်းဆိုတာ ပရိုတင်း တစ်မျိုးပါပဲ။ ခန္ဓာကိုယ်ထဲက ဇီဝရုပ်ဖြစ်စဉ်တွေကို ကူညီပေးတဲ့ ပရိုတင်းလေးတွေပါ။ အသည်းအတွက်ဆိုရင် အသည်းအင်ဇိုင်းတွေက သည်းခြေရည်ကို ထုတ်ပေးတာ၊ သွေးတိတ်စေတဲ့ ပစ္စည်းတွေ ထုတ်ပေးတာ၊ စားလိုက်တဲ့ အစားအစာတွေကို ခြေဖျက်ပေးတာ၊ ဆေးဝါးတွေ၊ အဆိပ်အတောက်တွေကို သန့်စင်ပေးတာ၊ ရောဂါပိုးတွေကို တိုက်ထုတ်ပေးတာ၊ ပရိုတင်းတွေ ထုတ်ပေးတာ စတဲ့ အလုပ်တွေကို ကူညီပေးပါတယ်။ စစ်လေ့ရှိတဲ့ အသည်းအင်ဇိုင်းတွေကတော့ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဘယ်လို ဗိုက်အောင့် ခြင်းတွေက အရေးပေါ်ကုသမှု လိုအပ်သလဲ။

လူနာက ဗိုက်အောင့် လို့ ဆရာရေလို့ ပြောပြီဆိုရင် ဆရာဝန်ခမျာ ရောဂါပေါင်းစုံကို စဉ်းစားရပါတယ်။ ဗိုက်အောင့်တယ်ဆိုတာက ရောဂါမျိုးစုံရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ဖြစ်သမျှရောဂါတွေက ဗိုက်အောင့်တာနဲ့ လာတတ်ပါတယ်။ ခက်တာက အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ကိုယ်တွင်းအင်္ဂါတွေမှ အများကြီး။ ဒါတင်ပဲလားဆိုတော့ အူလမ်းကြောင်းနဲ့ မဆိုင်တဲ့ အဆုတ်ရောဂါ၊ နှလုံးသွေးကြောကျဉ်း၊ ဝမ်းဗိုက်ထဲက သွေးကြောပေါက်တဲ့ ပြဿနာတွေမှာလည်း ဗိုက်အောင့်နိုင်ပါသေးတယ်။ ဒီလို သာမန်လေထိုးလေအောင့်ကစလို့ နှလုံးရောဂါတွေထိ ဗိုက်အောင့်နေတာဆိုတော့ ဆရာဝန်အနေနဲ့လည်း ရောဂါရှာရခက်ပါတယ်။ လူနာအနေနဲ့လည်း ဗိုက်အောင့်ရင် ဆေးရုံသွားဖို့ လိုသလား၊ မလိုဘူးလားဆိုတာကို သိဖို့ ခက်ပါတယ်။ ဒါကြောင့် ဘယ်လိုဗိုက်အောင့်ခြင်းမျိုးကတော့ အရေးပေါ်ကို ချက်ချင်းသွားပြီး ကုရမယ်။ ဘယ်လိုဆိုရင်တော့ စောင့်ကြည့်ကြမယ်ဆိုတာကို ပြောပြပေးပါ့မယ်။ ဘယ်လိုလူတွေ ဗိုက်အောင့် ရင် သတိထားသင့်လဲ။ လူတိုင်း ဗိုက်အောင့်ဖူးပါတယ်။ […]


အသည်းရောဂါများ

အသည်းရောဂါရဲ့ အစောပိုင်း လက္ခဏာတွေ က ဘာတွေများလဲ.......

ခန္ဓာကိုယ်ကြီး ကျန်းမာနေစေဖို့ဆိုရင် ကိုယ်တွင်းက အစိတ်အပိုင်းလေးတွေ တစ်ခုချင်းဆီက သူတို့ရဲ့ တာဝန်ကို ကျေပွန်ဖို့ လိုပါမယ်။ ဒီလိုကျေပွန်တဲ့အထဲမှာ ခန္ဓာကိုယ် ကျန်းမာဖို့ အဓိက အခန်းကဏ္ဍကနေ လည်ပတ်နေတဲ့ အသည်းလေးကလည်း သူရဲ့ တာဝန်ကို ကျေပွန်ဖို့ လိုပါမယ်။ အသည်းထိခိုက်ပျက်စီးမယ်၊ အသည်းက အရင်လို လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်း မလုပ်နိုင်တော့ဘူးဆိုရင် နေ့စဉ်ဘဝရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းလုပ်ဆောင်နိုင်ဖို့ ခက်သွားမှာပါ။ ဒီတော့ အသည်းလေး မကျန်းမာဘူးဆိုရင် ကြိုတင် ဂရုစိုက်နိုင်စေဖို့အတွက် သိထားဖို့လိုမယ့် အသည်းရောဂါရဲ့ အစောပိုင်း လက္ခဏာတွေ ကို ပြောပြပေးသွားပါမယ်။ အသည်းဆိုတာ အသည်းဆိုတာ ဝမ်းဗိုက်ရဲ့  ညာဘက်အထက်ပိုင်းနားမှာရှိတဲ့ နီညိုရောင် ခပ်ခုံးခုံး အစိတ်အပိုင်းလေးပါ။ ကျန်းမာတဲ့ အသည်းဟာ အလေးချိန်အားဖြင့် ၃ ပေါင် ဝန်းကျင် ရှိပါတယ်။ ခန္ဓာကိုယ်အတွက် မနားမနေ […]


အသည်းရောဂါများ

အသည်းကို သန့်စင်ပေးမယ့် Detox water အချို့

အရက်ကို ကြိုက်လို့ပဲ​ သောက်သောက်၊ မိတ်ဖြစ်ဆွေဖြစ်ပဲ သောက်သောက်၊ အလုပ်သဘောအရပဲ သောက်သောက် အသည်းကို ထိခိုက်စေတာကတော့ အမှန်ပါပဲ။ ဒီတော့ ကြာလာတဲ့အခါ အသည်းကို ထိခိုက်လာပြီး အသက်အန္တရာယ်ရှိလာနိုင်ပါတယ်။ ဒီတော့ အသည်းကို သန့်စင်ပေးနိုင်မယ့် နည်းလမ်းလေးတွေပြောပြချင်ပါတယ်။ ဒါကတော့ လုပ်ရတာလည်း လွယ်ကူတဲ့ အသည်းကို သန့်စင်ပေးမယ့် Detox water လေးတွေပါ။ အရက်ကြောင့် အသည်းကို ဘယ်လိုထိခိုက်နိုင်လဲ...... အရက်သောက်တဲ့အခါ အချိန်ကြာလာနဲ့အမျှ အသည်းခြောက်တာ အသည်းရောင်တာ အသည်းအဆီဖုံးတာ အသည်းမှာ အနာဖြစ်တာ အသည်းကင်ဆာ ဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ အသည်းကို အယ်လ်ကိုဟော​ကြောင့်ထိခိုက်တာတွေကနေ သက်သာစေဖို့ ဘာလုပ်မလဲ....... အသည်းကို အယ်လ်ကိုဟောကြောင့် ထိခိုက်မှုကနေ ကာကွယ်ပေးဖို့ဆိုရင် အသည်းကို သန့်စင်ပေးလို့ရပါတယ်။ ဒီတော့ မေးစရာရှိလာနိုင်တာက ဘယ်လိုသန့်စင်ပေးရမလဲလို့ပေါ့။ နေ့စဉ် စားသောက်နေထိုင်မှုပုံစံ ပြောင်းလဲတာက အသည်းကို အကောင်းဆုံး သန့်စင်ကာကွယ်တာပါပဲ။ ဒါကြောင့် […]


အထက်လန်အောက်လျှောခြင်း

အထက်လန်အောက်လျှော ဖြစ်စေတဲ့ အကြောင်းရင်းများ

အထက်လန်အောက်လျှော ဆိုတာ မြန်မာနိုင်ငံအတွက်တော့ သိပ်ပြီး မထူးဆန်းလှတဲ့ ကိစ္စပါ။ လူတိုင်းလိုလို ဖြစ်ဖူးကြတာကိုး။ အန်လည်း အန်၊ ဝမ်းလည်းလျှောနေပြီဆိုရင် ဘယ်သူမှ မေးမနေတော့ပါဘူး။ ဒါ အထက်လန်အောက်လျှောတာပဲဆိုတာ တန်းသိနေပါပြီ။ ဒီလိုအဖြစ်များတဲ့ ရောဂါအတွက် ဆောင်ရန်ရှောင်ရန်လေးတွေက ဘာများလဲ။ အထက်လန်အောက်လျှော ဖြစ်စေတဲ့ အကြောင်းရင်းများ အဓိကကတော့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနဲ့ ကပ်ပါးပိုးကြောင့် ဖြစ်တာများပါတယ်။ ဗိုင်းရပ်စ်ထဲမှာဆိုရင် နိုရိုနဲ့ ရိုတာဗိုင်းရပ်စ်က အဖြစ်အများဆုံးပါပဲ။ ဗိုင်းရပ်စ်ကတော့ ဖြစ်ရင် လူအစုအပြုံလိုက်ဖြစ်တတ်ပါတယ်။ နိုရိုကတော့ လူကြီးရော၊ ကလေးမှာပါ ဖြစ်တတ်ပါတယ်။ ရိုတာဗိုင်းရပ်စ်ကတော့ ကလေးတွေမှာ အဖြစ်များပါတယ်။ ဘက်တီးရီးယားထဲမှာဆိုရင်တော့ အီးကိုလိုင်၊ ဆယ်မွန်နဲလား၊ ကမ်ပိုင်လို စတာတွေကြောင့် ဖြစ်တာများပါတယ်။ ကပ်ပါးပိုးထဲမှာဆိုရင်တော့ ဂျီယားဒီးရား Giardiaကြောင့် ဖြစ်တတ်ပါတယ်။ ကပ်ပါးပိုးကြောင့် ဖြစ်တာကတော့ ရှားပါတယ်။ အထက်လန်အောက်လျှောရဲ့ လက္ခဏာများ အဓိကလက္ခဏာတွေကတော့ ရုတ်တရက် […]


အစာအိမ်အနာ

အစာအိမ်အနာနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

အစာအိမ်နဲ့ အူလမ်းကြောင်း တစ်လျှောက်မှာ အနာမျိုးစုံဖြစ်နိုင်ပါတယ်။ အထူးသဖြင့်တော့ အစာအိမ်နဲ့ အူသိမ်ဦးပိုင်းမှာ အနာအဖြစ်များပါတယ်။ သူတို့ နှစ်ခုကို ပေါင်းပြီး peptic ulcer လို့ ခေါ်ပါတယ်။ ခုပြောမှာကတော့ သူတို့ နှစ်ခုထဲက တစ်ခုဖြစ်တဲ့ အစာအိမ်အနာအကြောင်းပဲ ဖြစ်ပါတယ်။ အစာအိမ်အနာ ဆိုတာ အစာအိမ်မှာ အချွဲလွှာရယ်၊ ကြွက်သားလွှာရယ်၊ အပြင်ဘက်ဆုံးက အမြှေးပါးရယ်ဆိုပြီး ၃လွှာ ရှိပါတယ်။ အနာက အချွဲအမြှေးပါးကနေ စဖြစ်တာပါ။ ပုံမှန်ဆို အချွဲလွှာက အစာခြေအက်စစ်ဒဏ်ကို ကာကွယ်ပေးထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အချွဲအမြှေးပါးလေး ပါးသွားတဲ့အခါ အနာစဖြစ်လာပါတယ်။  အချွဲတွေနည်းသွားပြီး အနာဖြစ်လာတဲ့အခါကျတော့ အစာအိမ်က အက်စစ်စားတဲ့ ဒဏ်ကို ခံရပါတော့တယ်။ အစာအိမ်အနာ ဖြစ်စေတဲ့ အကြောင်းအရင်း အစာအိမ်အနာဖြစ်စေတဲ့ အကြောင်းရင်းတွေက အလွယ်ပြောရရင် အစာအိမ်အချွဲလွှာကို ပါးစေတဲ့ အကြောင်းရင်းတွေပါပဲ။ H.pylori ဘက်တီးရီးယား ဒီဘက်တီးရီးယားက အကြမ်းခံတဲ့ ဘက်တီးရီးယားပါပဲ။ […]


အူသိမ်တွင်ဘက်တီးရီးယားပိုးပေါက်ခြင်း

အူသိမ်ထဲမှာ ဘက်တီးရီးယားတွေ အဆမတန်များပြားလာခြင်း ( SIBO)

အစာအိမ်နဲ့ အူလမ်းကြောင်း ဆိုတာက ဘက်တီးရီးယားတွေ ရှိနေကြပဲလေ။ ဒါအဆန်းတော့ မဟုတ်ဘူးမလားလို့ မေးစရာရှိပါတယ်။ ဟုတ်ပါတယ်။ တချို့ဘက်တီးရီးယားတွေဆို အူလမ်းကြောင်းကို ကျန်းမာစေတဲ့ ကောင်းကျိုးပြုဘက်တီးရီးယားတွေပါ။ ခုပြောမှာက နဂိုရှိရမယ့် ဘက်တီးရီးယားတွေလည်း မဟုတ်၊ ရှိသင့်ရှိထိုက်တဲ့ ပမာဏထက်လည်း ပိုများပြီး လူကို ဒုက္ခပေးနိုင်တာမျိုးပါ။ ပြီးတော့ အူသိမ်ပိုင်းမှာ တွေ့ရတဲ့ ဘက်တီးရီးယားတွေပါ။ ဒါကို Small Intestinal Bacterial Overgrowth (SIBO)လို့ ခေါ်ပါတယ်။ အူသိမ်ထဲမှာ ဘက်တီးရီးယားတွေ အဆမတန်များလာရတဲ့ အကြောင်းရင်း အဓိကကတော့ အူသိမ်က ကောင်းကောင်း မလှုပ်တာကြောင့် အစာခြေတာနောက်ကျပြီး ဘက်တီးရီးယားတွေ ပေါက်လာတာပါ။ မြင်အောင် ပြောရရင် အပြင်မှာ ထမင်းဟင်းတွေကို အချိန်အကြာကြီး ထားထားရင် သိုးသွားသလိုပါပဲ။ အူမလှုပ်နိုင်တဲ့ အကြောင်းရင်းတွေကတော့ အများကြီး ဖြစ်နိုင်ပါတယ်။ ဝမ်းဗိုက်ခွဲစိတ်မှုရဲ့ နောက်ဆက်တွဲ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း