အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်လိုက်တာ ခုတော့ ဝမ်းပိတ်ရုံတင်မကဘူး။ ဝမ်းပါချုပ်သွားပြီလို့ ပြောတာ ကြားဖူးမှာပါ။ ဝမ်းချုပ်တာကို ဓာတ်ချုပ်တယ်လို့လည်း ပြောကြတော့ ဓာတ်ဆားရည်တွေ သောက်လိုက်လို့ ဝမ်းချုပ်သွားတာများလားလို့ တွေးတတ်ကြပါတယ်။ တကယ်ပဲ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်တွေမှာ ဘာတွေပါဝင်သလဲ။ ဓာတ်ဆားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ရေ စတာတွေ ပါဝင်ပြီး ဒါတွေက နဂိုလည်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဝမ်းချုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်က ဝမ်းချုပ်စေဖို့ မပြောနဲ့။ ဝမ်းပိတ်စေတဲ့ အာနိသင်တောင် မရှိပါဘူး။ ဟုတ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်သောက်တာက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဝမ်းရပ်ဖို့ ဆိုတာက ကုသမှု တစ်ခုခု […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

အထက်လန်အောက်လျှောခြင်း

ဗိုင်းရပ်စ်ပိုးကြောင့် အထက်လန်အောက်လျှောဖြစ်ခြင်း (viral gastroenteritis)

ဗိုင်းရပ်စ်ပိုးကြောင့် အစာအိမ်နဲ့အူလမ်းကြောင်း ရောင်ရမ်းတဲ့အခါ အထက်လန်အောက်လျှော ဖြစ်တတ်ပါတယ်။ Stomach Flu လို့လည်း ခေါ်ဝေါ်ကြပြီး ကမ္ဘာတလွှားက လူအများကို နှစ်စဉ်ဒုက္ခပေးနေတဲ့ ပြဿနာ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အထက်လန်အောက်လျှောဟာ ရောဂါပိုးကူးစက်မိထားသူနဲ့ ထိတွေ့ရာကနေဖြစ်စေ၊ ရောဂါပိုးရှိတဲ့ အစားအစာနဲ့ရေကို စားသောက်မိရာကနေ ဖြစ်စေ ကူးစက်နိုင်ပါတယ်။ ဘာကြောင့်ဖြစ်တတ်သလဲ အစာအိမ်အူလမ်းကြောင်းကို ဒုက္ခပေးတဲ့ ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်တတ်ပါတယ်။ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ခံအားနည်းပါးသူတွေမှာ အဖြစ်များပါတယ်။ အစားအစာများကို ကိုင်တွယ်ရာမှာ မသန့်ရှင်းခြင်း၊ ရေဆိုးရေညစ်များနှင့် သောက်သုံးရေထိစပ်နေခြင်း၊ အစားအစာများကို ကျက်အောင် မချက်ဘဲ စားသုံးမိခြင်း စတဲ့ အခြေအနေတွေကနေ ကူးစက်နိုင်ပါတယ်။ ရောဂါဖြစ်စေတဲ့ အဓိကဗိုင်းရပ်စ်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ နိုရိုဗိုင်းရပ်စ် နိုရိုဗိုင်းရပ်စ်ဟာ ပျံ့နှံ့ကူးစက်လွယ်ပြီး အသက်အရွယ်မရွေး ဒုက္ခပေးတတ်ပါတယ်။ အစားအစာ၊ ရေ စတာတွေကနေ ကူးစက်တတ်သလို ဗိုင်းရပ်စ်ရှိထားသူနဲ့ ထိတွေ့ထားတဲ့ […]


အထက်လန်အောက်လျှောခြင်း

ဘက်တီးရီးယားပိုးကြောင့် အထက်လန်အောက်လျှောဖြစ်ခြင်း (bacterial gastroenteritis)

အူလမ်းကြောင်းထဲကို ဘက်တီးရီးယားပိုးအချို့ဝင်ရောက်တဲ့အခါ အထက်လန်အောက်လျှောရောဂါ ဖြစ်တတ်ပါတယ်။ အစာအိမ်နံရံနဲ့ အူလမ်းကြောင်းမှာ ရောင်ရမ်းပြီး အဆက်မပြတ်အန်ခြင်း၊ ဝမ်းပျက်ခြင်းတွေကြောင့် အထက်လန်အောက်လျှောလို့ ခေါ်ဝေါ်ခြင်း ဖြစ်ပါတယ်။ ဘက်တီးရီးယားပိုးကြောင့် အထက်လန်အောက်လျှောဖြစ်ရခြင်းဟာ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်းကြောင့် ဖြစ်တတ်ပါတယ်။ တိရစ္ဆာန်များနဲ့ လက်ပွန်းတတီးထိတွေ့ခြင်း၊ ဘက်တီးရီးယားပါသော အစားအစာနှင့်ရေကို စားသောက်မိခြင်း စတာတွေကနေ ရောဂါပိုးဝင်ရောက်နိုင်ပါတယ်။ ဘက်တီးရီးယားကနေ အဆိပ်အတောက်တွေ ထုတ်လွှတ်တဲ့အတွက် ရောဂါဝေဒနာ ခံစားရခြင်း ဖြစ်ပါတယ်။ လက္ခဏာများ ဝင်ရောက်ကူးစက်တဲ့ ရောဂါပိုးအမျိုးအစားပေါ် မူတည်ပြီး ဖြစ်ပေါ်တဲ့လက္ခဏာ ကွားခြားမှုရှိနိုင်ပါတယ်။ တွေ့ရများတဲ့ လက္ခဏာတွေကတော့ - အစားပျက်ခြင်း - ပျို့ခြင်း၊ အန်ခြင်း - ဝမ်းပျက်ခြင်း - ဗိုက်နာ ဗိုက်အောင့်ခြင်း - သွေးဝမ်းသွားခြင်း - အဖျားတက်ခြင်း စတာတွေ ဖြစ်ပါတယ်။ အဆိုပါလက္ခဏာတွေကြုံလာရပြီး ရက်အနည်းငယ်နဲ့မှ မသက်သာရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။ ကလေးငယ်တွေဆိုရင် အန်ပြီး ဝမ်းသွားပြီဆိုတာနဲ့ ဆရာဝန်ချက်ချင်းပြသင့်ပါတယ်။ အကြောင်းအရင်းများ အထက်လန်အောက်လျှောဖြစ်စေတဲ့ ဘက်တီးရီးယားမျိုးစုံ ရှိပါတယ်။ အဓိကဖြစ်စေတဲ့ ပိုးမွှားတွေကတော့ • […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အစာအိမ်အူလမ်းကြောင်းကို ဒုက္ခပေးသော ရောဂါပိုးကူးစက်ခြင်းများ

အစာအိမ်အူလမ်းကြောင်းကို ဒုက္ခပေးနိုင်တဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ကပ်ပါးပိုး စတာတွေဟာ မျိုးစုံရှိပါတယ်။ အသက်အရွယ်မရွေးဖြစ်တတ်ပေမယ့် အသက်ကြီးပိုင်းများနဲ့ ကလေးငယ်တွေမှာ ပိုဖြစ်တတ်ပါတယ်။ စစ်တမ်းများအရ ကမ္ဘာတလွှားမှ သေဆုံးခဲ့တဲ့ ကလေးတွေရဲ့ ၉ပုံတပုံဟာ အစာအိမ်အူလမ်းကြောင်း ရောဂါပိုးကူးစက်ခံရခြင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါ ပမာဏဟာ အေအိုင်ဒီအက်စ်၊ ငှက်ဖျား၊ ဝက်သက် စတဲ့သုံးမျိုးပေါင်းထက်ကို ပိုမိုများပြားပါတယ်။ လက္ခဏာများ အစာအိမ်အူလမ်းကြောင်းကို ရောဂါပိုးဝင်ရောက် ကူးစက်တဲ့အခါ အမျိုးအစားအလိုက် ဖြစ်ပေါ်တဲ့လက္ခဏာ ကွာခြားမှု ရှိနိုင်ပါတယ်။ အဓိကအားဖြင့် ဗိုက်အောင့်ပြီး ဝမ်းပျက်တတ်ပါတယ်။ တွေ့ရများတဲ့ တခြားလက္ခဏာတွေကတော့ - ပျို့အန်ခြင်း - အဖျားတက်ခြင်း - အစားပျက်ခြင်း - ကြွက်သားများနာကျင်ကိုက်ခဲခြင်း - ရေဓာတ်ခန်းခြောက်ခြင်း - ခေါင်းကိုက်ခြင်း - သွေးဝမ်းသွားခြင်း၊ အမြှုပ်များပါသော ဝမ်းသွားခြင်း - ကိုယ်အလေးချိန်ကျခြင်း စတာတွေ ဖြစ်ပါတယ်။ အကြောင်းအရင်းများ အစာအိမ်အူလမ်းကြောင်းကို ဝင်ရောက်ကူးစက်တဲ့ ရောဂါပိုးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ ဘက်တီးရီးယားများ E Coli ဟာ အစာအိမ်အူလမ်းကြောင်းကို […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

သွေးဝမ်းသွားခြင်း၊ ကတ္တရာဝမ်းသွားခြင်းအကြောင်း

သွေးဝမ်းသွားခြင်း၊ ဝမ်းအရောင်မည်းခြင်းဟာ မပေါ့ဆသင့်တဲ့ အခြေအနေဖြစ်ပါတယ်။ ဝမ်းမည်းခြင်းဟာ အစာအိမ်အူလမ်းကြောင်းမှာ သွေးယိုစီးခြင်း၊ ထိခိုက်မှုဖြစ်ထားခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ အရောင်ရင့်တဲ့ အစားအစာတွေ စားပြီးချိန်မှာလည်း ဝမ်းအရောင်မည်းတာမျိုး ဖြစ်တတ်ပါတယ်။ သင့်အနေနဲ့ ဝမ်းအနည်းရောင်တွေ၊ သွေးဝမ်းတွေ သွားနေပြီဆိုရင်တော့ အထူးသတိထားရမယ့် ရောဂါအခြေအနေဟုတ်မဟုတ် သိရအောင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဝမ်းအမည်း၊ ကတ္တရာရောင်ဝမ်းတွေ ဘာကြောင့်သွားရသလဲ အစာအိမ်အူလမ်းကြောင်း အပေါ်ပိုင်းလောက်မှာ သွေးယိုစီးရင် အမည်းရောင်၊ ကတ္တရာရောင်ဝမ်းများ စွားတတ်ပါတယ်။ အစာအိမ်အူလမ်းကြောင်း အနာများ၊ ဒါမှမဟုတ် အစာရေမျိုနဲ့ အစာအိမ်မှာ ထိခိုက်မှုတခုခု ရှိနေရင် သွေးယိုစီးနိုင်ပါတယ်။ သွေးများဟာ အစာချေရည်များနဲ့ ရောနှောသွားတဲ့အတွက် ကတ္တရာစေးရောင်များ ပြောင်းသွားခြင်း ဖြစ်ပါတယ်။ ဆေးဝါးတချို့ကို သောက်သုံးချိန်မှာလည်း ကတ္တရာရောင်ဝမ်းတွေ သွားတတ်ပါတယ်။ ဥပမာ သံဓာတ်အားဖြည့်ဆေးတွေ သောက်သုံးချိန်မှာ ဝမ်းမည်းသွားတတ်ပါတယ်။ တခါတရံမှာ အစာအိမ်အူလမ်းကြောင်းမှာ ဆိုးရွားတဲ့ သွေးကြောဆိုင်ရာ ချို့ယွင်းခြင်းတွေ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အူအတက်ခွဲစိတ်ကုသခြင်း

အူအတက်ခွဲစိတ်ကုသခြင်း (Appendectomy) ဆိုတာဟာ ရောင်ရမ်းလာတဲ့ အူအတက်ကို ခွဲစိတ်ဖယ်ရှားခြင်း ဖြစ်ပါတယ်။ အရေးပေါ် ခွဲစိတ်ကုသမှုတမျိုး ဖြစ်ပါတယ်။ လူတိုင်းရဲ့ ဝမ်းဗိုက်ညာဘက်ထောင့်နေရာမှာ အူအတက်ရှိပါတယ်။ အူမကြီးနေရာကနေ ပြွန်လေးတခုလို ရှည်ထွက်နေတဲ့ အင်္ဂါအစိတ်အပိုင်းလေး ဖြစ်ပါတယ်။ အဆိုပါ အူအတက်လေး ရောင်ရမ်းသွားချိန်မှာ ဘက်တီးရီးယားတွေ ပေါက်ပွားလာနိုင်ပြီး ပတ်ဝန်းကျင်အင်္ဂါအစိတ်အပိုင်းတွေကိုပါ ပျံ့နှံ့သွားနိုင်ပါတယ်။ အတက်နဲ့ ဝန်းကျင်နေရာတဝိုက်မှာလည်း အထိမခံနိုင်အောင် အောင့်တတ်ပါတယ်။ လမ်းလျှောက်ချိန်၊ ချောင်းဆိုးချိန်မှာ ပိုအောင့်တတ်ပါတယ်။ ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်းတွေပါ ကြုံနိုင်ပါတယ်။ အူအတက်ရောင်ခဲ့ရင် နောက်ဆက်တွဲပြဿနာတွေ ဖြစ်မလာအောင် အချိန်မီ ကုသမှုခံယူဖို့ အရေးကြီးပါတယ်။ အူအတက်ခွဲစိတ်မှု ပြုလုပ်ဖို့ ဘာကြောင့်လိုအပ်သလဲ အူအတက်ရောင်ခြင်းကို အချိန်မီမကုသရင် ရောင်နေတဲ့ အူအတက်ဟာ ပေါက်ထွက်သွားနိုင်ပါတယ်။ အူအတက်ထဲက ဘက်တီးရီးယားနဲ့ တခြားအန္တရာယ်ပေးနိုင်တဲ့ အရာဝတ္တုတွေဟာ ဝမ်းဗိုက်ထဲပျံ့သွားနိုင်ပါတယ်။ အသက်အန္တရာယ် ထိခိုက်လောက်တဲ့ ကိစ္စဖြစ်ပါတယ်။ ရောင်နေတဲ့အူအတက်ကို မပေါက်သွားခင်မှာ ခွဲစိတ်ဖယ်ရှားဖို့ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ပန်ကရိယလေး ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ

ပန်ကရိယဆိုတာက သွေးတွင်း သကြားဓာတ်ကို ထိန်းညှိဖို့ အင်ဆူလင်ကိုထုတ်ပေးသလို အစာအိမ် အက်ဆစ်ပမာဏကို ထိန်းညှိပေးဖို့ပါ တာဝန်ယူထားတဲ့ အရေးပါတဲ့ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းလေး တစ်ခုပါ။ ပန်ကရိယ ကောင်းကောင်း အလုပ်မလုပ်တဲ့အခါ အင်ဆူလင် ဟော်မုန်းကို မထုတ်နိုင်တော့ဘဲ သွေးတွင်းသကြားဓာတ် မြင့်တက်ရာကနေတဆင့် သွေးချိုဆီးချို ဖြစ်လာပါတော့တယ်။ ဒီတော့ ဆီးချိုရောဂါကို ကာကွယ်ဖို့အတွက် ပန်ကရိယလေး ကျန်းမာအောင် လိုက်နာသင့်တဲ့ အလေ့အထလေးတွေက ဘာတွေ ဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်လား............... ပန်ကရိယလေး ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထ အချို့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိတာနဲ့ အစာခြေတဲ့နေရာမှာ အင်တိုက်အားတိုက် လုပ်ဆောင်ပေးနေတဲ့ ပန်ကရိယ( မုန့်ချိုအိတ်)လေး ကျန်းမာစေဖို့ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီကို စားပါ အဆီများတာတွေ ဥပမာ တိရစ္ဆာန် အဆီတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ထောပတ်သီး၊ ငါးအဆီ၊ အသီးအရွက်အဆီ၊ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အူလေး ကျန်းမာစေဖို့ ဒါတွေစားပါ

စားလိုက်တဲ့ အစာအာဟာရတွေကို နံရံတွေကနေ စုပ်ယူပေးပြီး ခန္ဓာကိုယ် အားဖြစ်စေဖို့ ထောက်ပံ့ပေးနေတဲ့ ကိုယ်တွင်း အစိတ်အပိုင်းလေးရှိပါတယ်။ ဒါကတော့ အူလေးတွေပါ။ အူလေးတွေ ကျန်းမာမှ အစာအာဟာရတွေကို ကောင်းမွန်စွာ စုပ်ယူနိုင်ပြီး စိတ်ရော ကိုယ်ပါ ကျန်းမာတော့မှာပေါ့။ ဒီတစ်ခေါက်တော့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အူလေးတွေ ကျန်းမာစေဖို့ ဘာတွေ စားရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ အူလေးတွေ ကျန်းမာစေဖို့ အစာခြေစနစ်ရဲ့ အဓိက ဇာတ်ကောင်တွေဖြစ်တဲ့ အူလေးတွေ ကျန်းမာစေဖို့ ကြက်သွန်ဖြူ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေတဲ့ ကြက်သွန်ဖြူက အခြား အစိတ်အပိုင်းတွေကို ကျန်းမာစေသလို အူလေးတွေ ကျန်းမာစေဖို့လည်း ထောက်ပံ့ပေးပါတယ်။ ဒါ့အပြင် ကြက်သွန်ဖြူမှာ အကျိုးပြုဘက်တီးရီးယား အာဟာရ ပါဝင်နေတာကြောင့် အူလမ်းကြောင်းထဲက အကျိုးပြု ဘက်တီးရီးယားလေးတွေကို အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ ဒိန်ချဉ် ဒိန်ချဉ်က အကျိုးပြု ဘက်တီးရီးယား ကြွယ်ဝတဲ့ အစားအစာ တစ်ခုဖြစ်တာကြောင့် […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ပန်ကရိယလေး ကျန်းမာပါစေ။

ပန်ကရိယက လူအတော်များများနဲ့ စိမ်းနေနိုင်တဲ့ ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းလေး တစ်ခုရဲ့အမည်ပါ။ သူ့ကို မုန့်ချိုအိတ် (Pancreas) လို့လည်း ခေါ်ပါတယ်။ ပန်ကရိယလေးက အစာခြေစနစ်ရဲ့ အရေးပါတဲ့ လုပ်သားလေးပေါ့။ အစာအိမ်တွင်းကို ရောက်လာတဲ့ အစားအစာတွေရဲ့ အက်ဆစ်ပမာဏကို ထိန်းညှိပေးသလို ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း နဲ့ အဆီတွေကို ချေဖျက်ဖို့လည်း အင်ဇိုင်းတွေ ထုတ်ရင်း ကူညီပေးသေးတာပါ။ ဒါတင်မကသေးပါဘူး။ ကျန်းမာတဲ့ ပန်ကရိယလေးက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ခန္ဓာကိုယ်အတွက် ပိုမိုကောင်းမွန်တဲ့ အစာခြေစနစ်လေးတစ်ရပ်ကို ဖန်တီးပေးပါသေးတယ်။ ဒီတော့ အရေးပါတဲ့ အစိတ်အပိုင်း ပန်ကရိယလေး ကျန်းမာစေဖို့ ဘာတွေစားရမလဲ သိချင်တယ်ဆိုရင် ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ ပန်ကရိယလေး ကျန်းမာစေဖို့ အရေးပါတဲ့ ပန်ကရိယလေး ကျန်းမာစေဖို့ ဒါတွေ စားပါ။ နနွင်း  နနွင်းက သဘာဝ အရောင်ကျဆေး တစ်မျိုးပါ။ နာကျင်ရောင်ရမ်းမှုကို သက်သာစေသလို ပန်ကရိယလေးမှာ ပူလောင်တဲ့ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဘေလုံးထုတ် ပြီးတဲ့နောက်

ဘေလုံးထုတ်လိုက်ရတယ်၊ ဘေလုံးကြီးနေတာ ခွဲထုတ်လိုက်ရတယ်ဆိုတဲ့ စကားလေးတွေ အရပ်ထဲမှာ ကြားဖူးမှာပါ။ အထူးသဖြင့် မြန်မာနိုင်ငံမှာဆိုရင် သွေးရောဂါလူနာတွေကြားမှာပေါ့။ ဘေလုံးက တစ်ခုတည်းပါတယ်ဆိုပေမယ့် ထုတ်ပစ်လိုက်လို့လည်း သက်တမ်းစေ့နေလို့ရပါတယ်။ ဂရုစိုက်ရမယ့် အချက်လေးတွေ၊ ဆောင်ရန်၊ ရှောင်ရန်လေးတွေကိုတော့ လိုက်နာနေဖို့ လိုပါတယ်။ ဘေလုံးက ဘယ်မှာ ရှိတာလဲ။ ဘေလုံးက ဘယ်ဘက်နံကြားမှာ ရှိတာပါ။ လက်သီးဆုပ် အရွယ်လောက်ပဲ ရှိပါတယ်။ တချို့သူတွေမှာ ဘေလုံးသေးသေးလေး အပိုပါလာတတ်ပါတယ်။ ဘေလုံးက ဘာတွေလုပ်ပေးလဲဆိုတော့ ပျက်စီးနေတဲ့ သွေးဆဲလ်တွေနဲ့ သွေးဆဲလ်အဟောင်းတွေကို ဖျက်ဆီးပေးတယ်။ ရောဂါပိုးတွေကို တိုက်ထုတ်ဖို့ ပဋိဇီဝပစ္စည်းတွေ ထုတ်ပေးတယ်။ သွေးဆဲလ်တွေကို သိမ်းဆည်းပေးတယ် စတဲ့ အလုပ်တွေကို လုပ်ပါတယ်။ ဘယ်လိုအခါမျိုးမှာ ဘေလုံးကို ဖယ်ထုတ်လေ့ရှိသလဲ။ ဘေလုံးကွဲသွားတဲ့အခါ ထိခိုက်ဒဏ်ရာတွေ၊ ကားတိုက်မှုတွေ၊ တွန်းတွန်းတိုက်တိုက် ကစားရတဲ့ အားကစားနည်းတွေမှာ ဘေလုံးကွဲတတ်ပါတယ်။ ဘေလုံးကွဲရင် သွေးတွေ အများကြီး […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဝမ်းဗိုက်မှာ အလုံးစမ်းမိရင် ဘာတွေဖြစ်နိုင်လဲ။

ဗိုက်မှာ အလုံးစမ်းမိပြီဆိုရင် တော်တော်များများက ကင်ဆာလို့ ထင်တတ်ကြပါတယ်။ ဗိုက်မှာ စမ်းမိတဲ့ အလုံးတိုင်းဟာ ကင်ဆာ မဟုတ်ပါဘူး။ ကင်ဆာလောက်မဆိုးတဲ့ တခြားရောဂါတွေလည်း ဖြစ်နိုင်ပါတယ်။ဒါကြောင့် အလုံးတစ်ခုတွေ့ပြီဆိုရင် သိပ်မစိုးရိမ်ပါနဲ့။ အလုံးစမ်းမိပြီဆိုရင် အလုံးစမ်းမိပြီဆိုရင် ဘယ်တုန်းက ဘယ်လိုစမ်းမိတာလဲ။ ဥပမာ ရေချိုးရင်း စမ်းမိတာလား။ နာလို့ သတိထားမိတာလား စသဖြင့်ပေါ့။ အလုံးက ကြီးသွားလား၊ သေးသွားလား။ အလုံးစမ်းမိတာအပြင် တခြားဘာခံစားရတာ ရှိသေးလဲ။ ဘယ်နေရာမှာ စစမ်းမိတာလဲ။ အလုံးက နေရာရွေ့သွားသေးလား စတာတွေကို သတိပြု မှတ်ထားပေးပါ။ ဒါတွေက သင်ဆရာဝန်ဆီသွားပြတဲ့အခါ မေးခံရမယ့် မေးခွန်းတွေပါပဲ။ တစ်နည်းအားဖြင့် သင့်ရောဂါကို ကုသဖို့ လိုအပ်တဲ့ မေးခွန်းတွေပေါ့။ ဘာအလုံးတွေ ဖြစ်နိုင်လဲ။ ဝမ်းဗိုက်က ကြီးတဲ့အတွက် သူ့ကို ဆေးပညာအရ ၉ပိုင်း ပိုင်းချလိုက်ပါတယ်။ သာမန်လူတွေအတွက်တော့ ပြောရလွယ်အောင် ၆ပိုင်းပဲ သတ်မှတ်ထားပါတယ်။ ဝမ်းဗိုက် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း