အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်လိုက်တာ ခုတော့ ဝမ်းပိတ်ရုံတင်မကဘူး။ ဝမ်းပါချုပ်သွားပြီလို့ ပြောတာ ကြားဖူးမှာပါ။ ဝမ်းချုပ်တာကို ဓာတ်ချုပ်တယ်လို့လည်း ပြောကြတော့ ဓာတ်ဆားရည်တွေ သောက်လိုက်လို့ ဝမ်းချုပ်သွားတာများလားလို့ တွေးတတ်ကြပါတယ်။ တကယ်ပဲ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်တွေမှာ ဘာတွေပါဝင်သလဲ။ ဓာတ်ဆားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ရေ စတာတွေ ပါဝင်ပြီး ဒါတွေက နဂိုလည်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဝမ်းချုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်က ဝမ်းချုပ်စေဖို့ မပြောနဲ့။ ဝမ်းပိတ်စေတဲ့ အာနိသင်တောင် မရှိပါဘူး။ ဟုတ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်သောက်တာက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဝမ်းရပ်ဖို့ ဆိုတာက ကုသမှု တစ်ခုခု […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

အသည်းရောဂါများ

အရက်ကြောင့် အသည်းပျက်စီးခြင်း၏ ရှေ့ပြေးလက္ခဏာများ

အသည်းဆိုတာဘယ်လိုအင်္ဂါမျိုးလဲ အသည်းဟာ ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်း နံရိုးတွေရဲ့အောက်မှာ တည်ရှိပါတယ်။ အသည်းဟာ ခန္ဓာကိုယ်အတွက် အင်မတန်မှအရေးကြီးတဲ့ လုပ်ဆောင်ချက်တွေကို ပြုလုပ်ပေးပါတယ်။ ဒါတွေကတော့ အရက်၊ ဆေးဝါးနဲ့ ခန္ဓာကိုယ်အတွက်အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ပစ္စည်းတွေကို ချေဖျက်ပေးခြင်း အဆီတွေကိုချေဖို့ရန်အတွက်သည်းခြေရည်ထုတ်လုပ်ပေးခြင်း ဂလူးကို့စ်နဲ့အခြားလိုအပ်တဲ့ဗီတာမင်တွေကိုသိုလှောင်သိမ်းဆည်းပေးထားခြင်း သွေးခဲဖို့ရန်လိုအပ်တဲ့ပရိုတိန်းများကိုပြုလုပ်ပေးခြင်း စတာတွေပဲ ဖြစ်ပါတယ်။ အသည်းကိုပျက်စီးစေနိုင်တဲ့အရာတွေကတော့အများကြီးပါပဲ။  အသည်းဆဲလ်ဟာ ပျက်စီးပြီးတဲ့နောက်မှာအသစ်ပြန်ဖြစ်ပါတယ်။ သို့သော်လည်းပျက်စီးခြင်းနဲ့အသစ်ပြန်လည် ဖြစ်ပေါ်ခြင်းတွေကြိမ်ဖန်များစွာဖြစ်လာရင်တော့အသည်းမှာအမာရွတ်တွေတင်ကျန်လာမှာပါ။ အမာရွတ်တွေနဲ့ ဆဲလ်တွေဟာ မူလဆဲလ်အကောင်းတွေလောက် အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းစွာ မလုပ်နိုင်ပါဘူး။ အရက်သောက်ခြင်းကြောင့်အသည်းပျက်စီးရတယ်ဆိုတာသင်လည်းသိပြီးဖြစ်မှာပါ။ အရက်ဟာအသည်းပျက်စီးရတဲ့အဓိကအကြောင်းရင်းထဲကတစ်ခုပါ။ အသည်းဆဲလ်တွေ စတင်ပျက်စီးနေပြီဆိုတာ သိနိုင်မယ့်အချက်တွေကို ပြောပြပေးချင်ပါတယ်။ အရက်သောက်လိုက်တဲ့အခါ အရက်ကိုချေဖျက်ဖို့ရန် အသည်းကနေ အင်ဇိုင်းတွေ ထုတ်ပေးပါတယ်။ အဆိပ်တွေကိုချေဖျက်တဲ့ဖြစ်စဉ်ကထွက်လာတဲ့ဘေးထွက်ပစ္စည်းတွေ ကြိမ်ဖန် များစွာဖြစ်လာတဲ့အခါ အသည်းကိုစတင်ထိခိုက်လာပါတော့တယ်။ ဦးစွာပထမအနေနဲ့ အသည်းမှာ အဆီတွေ စုပုံလာမယ်။ ဒီနောက်မှာတော့ အသည်းဟာရောင်ရမ်းလာပြီး အမာရွတ်တွေ ဖြစ်လာ ပါတော့တယ်။ အသည်းစတင်ပျက်စီးနေချိန်မှာ လက္ခဏာမပြတတ်ပါဘူး။ ဒါကြောင့်သင်ဟာမိမိကိုယ်မိမိ ကျန်းမာနေတယ်လို့ပဲ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အူလမ်းကြောင်းစနစ်ဘယ်လိုအလုပ်လုပ်သလဲ

ကိုယ်ခန္ဓာအတွက် မရှိမဖြစ် အာဟာရဓာတ်တွေရအောင် ကူညီလုပ်‌ဆောင်ပေးနေတဲ့ အစာခြေအူလမ်းကြောင်းစနစ် ဘယ်လိုအလုပ်လုပ်သလဲဆိုတာ ပြောပြပေးသွားပါ့မယ်။ အစာခြေအူလမ်းကြောင်းတလျှောက်မှာပါဝင်တဲ့ အစိတ်အပိုင်းတိုင်းက ကျွန်တော်တို့စားလိုက်တဲ့ အစားအသောက်တွေကို ခန္ဓာကိုယ်အတွက်အသုံးပြုနိုင်မယ့် အာဟာရဓာတ်တွေဖြစ်လာအောင်ပြောင်းလဲပေးပါတယ်။ လူတစ်ယောက်ပုံမှန်လှုပ်ရှားသွားလာနိုင်ဖို့ လိုအပ်တဲ့စွမ်းအင်တွေကို အစားအသောက်ကနေတဆင့် ရရှိနေတာမို့ အစာခြေအူလမ်းကြောင်းစနစ်တစ်ခုလုံး မှန်မှန်အလုပ်လုပ်နေဖို့ အထူးအရေးကြီးပါတယ်။ ဒီစနစ်ထဲမှာ ပါဝင်လုပ်ဆောင်ပေးနေတဲ့ အစိတ်အပိုင်းတွေကတော့ ပါးစပ်၊ အစာရေမျိုပြွန်၊ အစာအိမ်၊ အူသိမ်၊ အူမကြီး၊ ပန်ကရိယ၊ သည်းခြေအိတ်၊ အသည်းနဲ့ စအိုတို့ပဲဖြစ်ပါတယ်။ တစ်ပိုင်းချင်းစီက အစာခြေဖျက်မှု၊ အစာပို့ဆောင်မှုနဲ့ အာဟာရစုပ်ယူမှု တွေမှာဘယ်လိုပါဝင်လုပ်ဆောင်ပေးနေသလဲဆိုတာကို အသေးစိတ်ရှင်းပြပေးပါ့မယ်။ ပါးစပ် - စားသောက်လိုက်သမျှအရာတွေပါးစပ်ထဲရောက်တာနဲ့ အစာခြေအူလမ်းကြောင်းစနစ်ကြီး စအလုပ်လုပ်ပါတယ်။ စားလိုက်တဲ့အစားအသောက်တွေကို တံတွေးနဲ့ပျော့ပျောင်းစေပြီး သွားတွေကကြိတ်ဝါးပစ်ပါတယ်။ အပိုင်းပိုင်းပြတ်ပြီး ပျော့ပျောင်းသွားတဲ့အတွက် အစားအစာတွေကို နောက်တစ်နေရာပို့ဖို့ ပိုလွယ်ကူသွားပါတယ်။ အစာမျိုပြွန် - ပါးစပ်ထဲမှာ ချေဖျက်ပြီးအစားအစာတွေကိုမျိုချလိုက်တာနဲ့ အစာခြေစနစ်ကအလိုအလျောက် အလုပ်စလုပ်ပါပြီ။ ရောက်လာတဲ့အစားအစာတွေ အစာအိမ်ထဲရောက်အောင် […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

အူအတက်ရောင်တာလား၊ လေနာတာလား

ဗိုက်နာပြီ အထူးသဖြင့် ဝမ်းဗိုက်ညာဘက်အောက်ပိုင်းက နာပြီဆိုရင် အူအတက်ရောင်တာများလားလို့ တွေးတတ်ကြပါတယ်။ ဝမ်းဗိုက်ထဲမှာ ကလီစာ အများကြီး ရှိတဲ့အတွက် ဗိုက်အောင့်တိုင်း အူအတက်ရောင်တာ မဟုတ်ပါဘူး။ မှားတတ်ကြတာတော့ လေနာတာနဲ့ အူအတက်ရောင်တာနဲ့ မှားတတ်ကြပါတယ်။ ဒါကြောင့် ဗိုက်အောင့်တာက အူအတက်ကြောင့်လား၊ လေနာတာကြောင့်လားဆိုတာ အကြမ်းဖျင်း ခွဲကြည့်ရအောင်။ လက္ခဏာပေါ်မူတည်ပြီး ခွဲတာဖြစ်တတ်တဲ့အတွက် အတိအကျမှန်မှာတော့ မဟုတ်ပါဘူး။ အတိအကျသိချင်ရင် ဆေးစစ်ကြည့်မှပဲ ရမှာပါ။ ဒါပေမယ့် အောက်ကပြောတဲ့အချက်တွေကတော့ အနည်းနဲ့ အများ အထောက်အကူပြုမှာပါ။ အူအတက်ရောင်တဲ့အခါ အူအတက်က ဗိုက်ရဲ့ ညာဘက် အောက်ပိုင်းမှာ ရှိတယ်ဆိုပေမယ့် နာရင်တော့ ချက်ကနေ စနာတာပါ။ ပြီးတော့မှ တဖြည်းဖြည်း ညာဘက်ကို ရောက်လာတာပါ။ စစချင်းကတော့ ညှစ်ထားသလို အောင့်ပေမယ့် နောက်ပိုင်းကျရင် လှုပ်တာနဲ့ကို နာလာပါတယ်။ ဆေးသောက်လို့လည်း မသက်သာပါဘူး။ အူအတက်ရောင်သူတွေရဲ့ ၈၀ရာခိုင်နှုန်းမှာ ဒီလက္ခဏာ ၃ရပ်ရှိပါတယ်။ ဗိုက်နာတာ […]


ဝမ်းပျက်ဝမ်းလျှောခြင်း

တစ်ခုခုစားပြီးတိုင်း အိမ်သာပြေးနေရပြီဆိုရင်

အခုပဲ စားလို့ပြီးတယ်။ တော်ကြာအိမ်သာထဲမှာ သွားပြန်ထုတ်နေရတယ်ဆိုရင် သင့်မှာ ကျန်းမာရေး ပြဿနာ တစ်ခုခု ရှိနေနိုင်ပါတယ်။ ဆေးပညာအရတော့ ဒါကို Postprandial diarrhea (PD) လို့ ခေါ်ပါတယ်။ ဒါမျိုးလေးများ ကြုံခဲ့ရင် ဘာကြောင့် ဖြစ်တာလဲ။ ဘယ်လို ဖြေရှင်းကြမလဲဆိုတာ ကြည့်ရအောင်။ Postprandial diarrhea (PD) ဆိုတာ ဖြစ်နိုင်တဲ့အကြောင်းတွေကတော့ အများကြီးပါပဲ။ ဒါပေမယ့် တစ်ခါတလေ ဘာကြောင့် ဖြစ်လို့ ဖြစ်မှန်း ရောဂါရှာမရတာလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်တဲ့ကြာချိန်ပေါ်လိုက်ပြီး နှစ်မျိုး ခွဲထားပါတယ်။ ရက်ပိုင်းကနေ ၂ပတ်လောက်ပဲဆို  Acute ရက်တို ဝမ်းလျှောတာလို့ ခေါ်ပါတယ်။ ရက်သတ္တပတ်ကနေ လနဲ့ ချီကြာလာပြီဆိုရင်တော့ Chronic နာတာရှည် ဝမ်းလျှောတာလို့ သတ်မှတ်ပါတယ်။ ကြာချိန်ပေါ်လိုက်ပြီး ဖြစ်တဲ့အကြောင်းရင်းတွေလည်း မတူပါဘူး။ ဘာကြောင့် စားပြီးတိုင်း အိမ်သာသွားချင်နေရတာလဲ။ လတ်တလော […]


အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဝမ်းလျှောတာကို ပရိုဘိုင်အိုးတစ်တွေက ဘယ်လိုကာကွယ်ကုသပေးနိုင်သလဲ

ဝမ်းလျှော ပြန်ပြီလား။ ဘာသွားစားမိလို့လဲ လို့ မေးကြမယ်၊ ပဋိဇီဝပိုးသတ်ဆေးတွေ၊ ဝမ်းပိတ်ဆေးဆိုတာတွေ သောက်ခိုင်းမယ်။ လျှောနေတဲ့ ဝမ်း ရပ်သွားဖို့ပဲ အဓိက တွေးကြတယ် မဟုတ်လား။ တကယ်တော့ ဝမ်းလျှော တယ်၊ ဝမ်းပျက်တယ် ဆိုတာတွေက အစားအသောက်က တဆင့် ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေ ကူးစက်ရရှိတာအပါအဝင် တခြားအကြောင်းရင်းတွေ အများကြီးကြောင့် ဖြစ်နိုင်ပါတယ်။ အများအားဖြင့် ဝမ်းပျက်ဝမ်းလျှောကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေက - ရောဂါပိုးကြောင့် ကူးစက်ဝမ်းလျှောခြင်း ဒီလို ဝမ်းပျက်ခြင်းမျိုးက Rotavirus ၊ E. coli နဲ့ Salmonella အပါအဝင် ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ကပ်ပါးပိုး တွေကြောင့်ပါ။ မသန့်ရှင်းတဲ့ သောက်သုံးရေ၊ အစားအသောက်တွေက တဆင့် ရောဂါပိုးတွေ အစာလမ်းကြောင်းထဲ ရောက်ရှိနိုင်သလို လက်မသန့်ရှင်းမှု၊ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်း တို့ကြောင့်လည်း […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အစားစားပြီးချိန် ပျို့အန်ချင်စိတ်ဖြစ်ပေါ်ခြင်း

စားသောက်ပြီးချိန်မှာ ဗိုက်ထဲမကောင်းတာ အကြောင်းအရင်းပေါင်းစုံကြောင့် ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ရှိခြင်းကနေ အစာအဆိပ်သင့်ခြင်းအထိ မျိုးစုံဖြစ်နိုင်ပါတယ်။ ဖြစ်ပေါ်တဲ့လက္ခဏာပေါ် မူတည်ပြီး အကြောင်းအရင်းကို ခန့်မှန်းရပါတယ်။ လိုအပ်တဲ့ကုသမှုကို ခံယူနိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ စားသောက်ပြီးချိန်မှာ ပျို့အန်ခြင်းဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။ အစာမတည့်ခြင်း တစ်ခါတရံမှာ အစားအစာအချို့ ဥပမာ ခရုကမာ၊ အခွံမာသီး၊ ဥအမျိုးမျိုး ကို သင့်ကိုယ်ခံစွမ်းအားကနေ အန္တရာယ်ရှိတဲ့ ပစ္စည်းများအနေနဲ့ မှတ်ယူတတ်ကြပါတယ်။ တစ်ခုခုကိုစားလိုက်မိရင် ကိုယ်ခံအားစနစ်ကနေ ဟစ်စ်တမင်းနဲ့ တခြားဓာတ်ပစ္စည်းများ ထုတ်လုပ်ခြင်းအားဖြင့် တုံ့ပြန်မှုတွေ ပြုလုပ်ပါတယ်။ အဲဒီအခါ ဓာတ်မတည့်ခြင်းလက္ခဏာများဖြစ်တဲ့ အင်ပျဉ်ထခြင်း၊ ယားယံခြင်း စတာတွေ ဖြစ်လာတတ်ပြီး ပျို့အန်တာပါ ဖြစ်လာနိုင်ပါတယ်။ အစာအဆိပ်သင့်ခြင်း သေချာစွာ ထုတ်ပိုးသိမ်းဆည်းမထားတဲ့ အစားအစာတွေမှာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ကပ်ပါးပိုး စတဲ့ရောဂါပိုးပေါင်းစုံ ဝင်ရောက်ပေါက်ပွားနိုင်ပါတယ်။ အဆိုပါ အစားအစာတွေကို စားသုံးမိရင် နာရီအနည်းငယ်အတွင်း ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ […]


ဝမ်းချုပ်ခြင်း

သဘာဝအလျောက် ဝမ်းမှန်စေမည့် စားသောက်ဖွယ်ရာများ

ဝမ်းမှန်ခြင်းဟာ အစာအိမ်အူလမ်းကြောင်း ကျန်းမာကြောင်းကို ညွှန်ပြနေတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူးဆိုတဲ့ စကားလည်း ရှိပါတယ်။ ယခုဖော်ပြပေးမှာကတော့ ဝမ်းမှန်စေဖို့ အထောက်အကူပြုတဲ့ စားသောက်ဖွယ်ရာများအကြောင်း ဖြစ်ပါတယ်။ ချီယာစေ့ အမျှင်ဓာတ်ဟာ ဝမ်းချုပ်ခြင်းကို ကာကွယ်ဖို့ အဓိကကျတဲ့ အခန်းက ပါဝင်ပါတယ်။ အစာအိမ်အူလမ်းကြောင်းတလျှောက် လမ်းကြောင်းချောမွေ့စေပြီး ဝမ်းများကိုပျော့စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။ ချီယာစေ့ တစ်အောင်စမှာ အမျှင်ဓာတ် ၁၁ ဂရမ်ပါဝင်တာကြောင့် အမျှင်ဓာတ်လွန်စွာ ကြွယ်ဝပါတယ်။ အဆိုပါ အမျှင်ဓာတ်များဟာ ရေဓာတ်ကို ဆွဲထိန်းထားပြီး ဝမ်းပျော့စေပါတယ်။ ဘယ်ရီသီး ဘယ်ရီသီးများမှာလည်း အမျှင်ဓာတ်ကြွယ်ဝတာကြောင့် ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ စတော်ဘယ်ရီ ၁၅၀ ဂရမ်မှာ အမျှင်ဓာတ် ၃ ဂရမ်၊ ဘလူးဘယ်ရီ ၁၄၈ ဂရမ်မှာ အမျှင်ဓာတ် ၃.၆ ဂရမ်၊ ဘလက်ဘယ်ရီ ၁၄၄ ဂရမ်မှာ အမျှင်ဓာတ် […]


အစာအိမ်အနာ

အစာအိမ်အနာ လား၊ အူအနာလား ဘယ်လိုခွဲမလဲ။

ဗိုက်အောင့်တယ်။ တချို့က ဆာရင် အောင့်တယ်။ တချို့က စားရင်အောင့်တယ် စသဖြင့် အမျိုးမျိုး ပြောကြပါတယ်။ မေးကြည့်လိုက်ရင်လည်း အစာအိမ်ရှိတယ်ဆိုတာလောက်ပဲ သိတယ်။ တချို့ကတော့ ဘာဖြစ်မှန်းတောင် မသိဘူး။ ဒီဆောင်းပါးမှာတော့ လက္ခဏာပေါ်မူတည်ပြီး အစာအိမ်အနာ လား၊ အူအနာလားဆိုတာ ပြောပြပေးပါမယ်။ လက္ခဏာနဲ့ ပြောတာ ဖြစ်တဲ့အတွက် ယေဘုယျအားဖြင့်ပဲ မှန်မှာပါ။ အတိအကျသိချင်ရင်တော့ ဆေးစစ်ချက်တွေ ထပ်လုပ်ရမှာပါ။ အစာအိမ်အနာ လား။ အူအနာလား။ အစာအိမ်အနာကို gastric ulcer လို့ခေါ်ပါတယ်။ အတိုကောက် GUလို့ ခေါ်ရအောင်။ အူအနာကိုတော့ duodenal ulcer လို့ ခေါ်ပါတယ်။ အတိုကောက်  DUလို့ ခေါ်ရအောင်။ အူအနာကတော့ အူသိမ်ဦးပိုင်းမှာ ဖြစ်တာများပါတယ်။ ဖြစ်ရတဲ့ အကြောင်းတွေကလည်း အတူတူလောက်ပါပဲ။  H.pyloriလို့ ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဆေးလိပ်သောက်တာကြောင့် အကိုက်အခဲပျောက်ဆေးတွေ အလွန်အကျွံသောက်တာကြောင့် […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အူပိတ် ရင် ဘာလက္ခဏာတွေ ခံစားရမှာလဲ။

သင့်ဗိုက်ထဲမှာ ရှိတဲ့ အူအခွေလိုက်ကို ဖြန့်ကြည့်ရင် ၂၅ပေလောက်ရှိပါတယ်။ တစ်နေ့ တစ်နေ့ စားသောက်သမျှ အစားအစာတွေက အူကို ဖြတ်ပြီး နောက်ဆုံး မစင်အနေနဲ့ ထွက်သွားတာပါ။ ဒါပေမယ့် တစ်ခါတစ်လေ ဒီအစာတွေ အပြင်ကို ပြန်မထွက်နိုင်တဲ့အခါမျိုးလည်း ရှိပါတယ်။ ဥပမာ အူပိတ် နေတယ်ဆိုရင်ပေါ့။ ဒီလောက် ရှည်လျားလှတဲ့ အူလမ်းကြောင်း တလျှောက်မှာ ဘယ်နားကနေ ဘယ်လိုများ အူပိတ်မှာလဲ။ အူပိတ်တဲ့အခါ ပိတ်တဲ့နေရာ ပေါ်လိုက်ပြီး လူနာက ခံစားရတဲ့ လက္ခဏာတွေ မတူပါဘူး။ အူသိမ်ပိုင်းဆို လက္ခဏာက တစ်မျိုး၊ အူမကြီးဆို လက္ခဏာက တစ်မျိုး ခံစားရပါတယ်။ အူပိတ်တာက ကြောက်စရာကောင်းလားဆိုတော့ အူပိတ်တာကြာလာတာနဲ့အမျှ အူထဲက စားကြွင်းစားကျန်တွေ၊ အညစ်အကြေးတွေက ရှေ့လည်း မတိုး၊ နောက်လည်း မဆုတ်နိုင်ဘဲ တဖြည်းဖြည်းများလာပြီး အူပေါက်တတ်ပါတယ်။ ဒါဆိုရင်တော့ […]


သည်းခြေဆိုင်ရာရောဂါများ

သည်းခြေကျောက် မတည်အောင် ဘယ်လို ကာကွယ်ကြမလဲ။

သည်းခြေကျောက်တည်တဲ့ ဝေဒနာ တော်တော့်ဆိုးဆိုးပါ။ ဒီတိုင်းကျောက်က သည်းခြေအိတ်ထဲမှာဆို ပြဿနာ သိပ်မရှိပေမယ့် သည်းခြေပြွန်ထဲရောက်လာပြီဆိုရင်တော့ တော်တော်ခံရခက်ပါတယ်။ ဗိုက်တွေအောင့်၊ ချွေးစေးတွေပြန်၊ အော့အန်၊ အဖျားတွေတက်၊ အသားတွေဝါနဲ့ လူနာခမျာ အတော်ခံစားရရှာတာပါ။ ဒီဝေဒနာကို ဘယ်သူမှ မခံစားချင်ကြပါဘူး။ ဒါပေမယ့် ဖြစ်ပြီးမှတော့ မတတ်နိုင်ဘူးလေ။ အစကတည်းက ဖြစ်မလာအောင် နေခဲ့ရင် အကောင်းသားလို့ တွေးနေမိပြီဟုတ်။ ဒါဆိုရင်တော့ နည်းလမ်းတချို့ကို လိုက်နာရပါမယ်။ ၁၀၀ရာခိုင်နှုန်း မဟုတ်တောင် ရာနှုန်းတော်တော်များများတော့ ကာကွယ်နိုင်မှာပါ။ ဘယ်လိုလူတွေ ပိုဖြစ်နိုင်ခြေရှိလဲ။ ဘယ်လိုအကျင့်တွေကြောင့် ဖြစ်တတ်လဲ။ ဘယ်လိုကာကွယ်မလဲဆိုတာ မပြောခင် ဘယ်လိုလူတွေ ပိုဖြစ်နိုင်လလဲဆိုတာ ပြောပြပေးပါမယ်။ ဒါမှ ဒီအချက်တွေကို ရှောင်ပြီး ကာကွယ်လို့ရမှာပါ။ 5Fs ပထမတစ်ချက်က 5Fsပါ။ Female, fatty, fertile, forty, flatulenceလို့ အလွယ်မှတ်ပါတယ်။ အမျိုးသမီးဖြစ်နေခြင်း၊ အဝလွန်ခြင်း၊ ကလေးတွေ အများကြီး […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း