သွေးရောဂါများ

ခန္ဓာကိုယ်ကျန်းမာရေးအတွက် သွေးက အရေးကြီးပါတယ်။ သွေးရောဂါတွေလို့ ဆိုလိုက်ရင် သွေးနီဥ၊ သွေးဖြူဥ၊ သွေးရည်ကြည်နဲ့ သွေးဥမွှားပြဿနာတွေ ပါဝင်ပါတယ်။ ဒါတွေကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွေးရောဂါများ

ဆွေမျိုးအချင်းချင်း သွေးမသွင်း သင့်တဲ့ အကြောင်းရင်း

ရုပ်ရှင်ထဲမှာဆိုရင်တော့ သားက ဒဏ်ရာရသွားရင် အမေကဖြစ်ဖြစ် 'ကျွန်မကိုယ်ထဲက သွေးကို ယူပါ။ သူ့ကို သွင်းပေးပါ' ဆိုပြီး ပြော၊ သွေးသွင်းပေး သက်သာလာဆိုတဲ့ Happy endingလေး ဖြစ်သွားတတ်ပါတယ်။ လက်တွေ့မှာလည်း ဒီလို လုပ်လို့ရတယ်ဆိုပြီး အမျိုးတစ်ယောက်ယောက် သွေးလိုလို့ သွားလည်း ပေးရော ဆရာဝန်က အမျိုးအချင်းချင်း သွေးသွင်းလို့ မရဘူးပြောရော။ ဘာလို့လဲ။ ကိုယ်အင်္ဂါတွေ လှူရင်တောင် ဆွေမျိုးနီးစပ်တွေထဲက လှူရတာ။ ဆွေမျိုးအချင်းချင်း သွေးမသွင်း သင့်တာက ဘာကြောင့်လဲ။ ဆွေမျိုးအချင်းချင်း သွေးမသွင်း သင့်တာ ဒါကြောင့်ပါ။ ဆွေမျိုးအချင်းချင်း သွေးသွင်းတဲ့အခါ အခန့်မသင့်ရင် Transfusion Associated Graft-Versus-Host Disease (TA-GVHD) ဆိုတာ ဖြစ်တတ်ပါတယ်။ ဒါက ရှားပေမယ့် ဖြစ်လာရင် သေနှုန်းက ၉၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ဟိုးအရင်တုန်းက […]

သွေးရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

သွေးရောဂါများ ကို ရှာဖွေမည်။

အခြားသွေးရောဂါများ

Sepsis (သွေးဆိပ်သင့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Sepsis (သွေးဆိပ်သင့်ခြင်း) ကဘာလဲ။ သွေးဆိပ်သင့်ခြင်း (Sepsis) ကို speticaemia ဟုလည်းခေါ်ပြီး ပိုးဝင်ခြင်းသို့မဟုတ် ဒဏ်ရာရခြင်း၏ နောက်ဆွဲပြဿနာအဖြစ် အသက်အန္တရာယ်ကို ထိခိုက်နိုင်ပါသည်။ ၎င်းသည် ပိုးဝင်ခြင်းကို တိုက်ဖျက်ရန်အတွက် ခန္ဓါကိုယ်တစ်ခုလုံးမှ ရောင်ရမ်းခြင်းဖြင့် တုန့်ပြန်ရန် သွေးတွင်းထဲသို့ ဓါတုပစ္စည်းများ ထုတ်လွှတ်ရာမှ ဖြစ်ပေါ်လာခြင်းပင်။ ထိုရောင်ရမ်းခြင်းမှ ပြောင်းလဲမှုအတန်းလိုက် ဖြစ်လာစေပြီး အင်္ဂါများစွာကိုထိခိုက်စေသည်။ ထို့ကြောင့် အင်္ဂါများ ပျက်စီးခြင်းဖြစ်လာပါသည်။ Sepsis (သွေးဆိပ်သင့်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ သွေးဆိပ်သင့်ခြင်းမှာ အဖြစ်များပြီး အရွယ်ကြီးရင့်သူ၊ ကိုယ်ခံအားကျနေသူများတွင် အန္တရာယ်ပိုကြီးပါသည်။ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်၏။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများSepsis (သွေးဆိပ်သင့်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ သွေးဆိပ်သင့်ခြင်း ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ ကိုယ်အပူချိန် 38.3oC အထက် သို့မဟုတ် 36oC အောက် တစ်မိနစ်လျှင် နှလုံးခုန်နှုန်း ၉၀ […]


အခြားသွေးရောဂါများ

Myelodysplastic Syndrome (MDS) (မိုင်ရယ်လိုဒစ်ပလက်စ်တစ် ဆင်ဒရုန်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Myelodysplastic Syndrome (MDS) (မိုင်ရယ်လိုဒစ်ပလက်စ်တစ် ဆင်ဒရုန်း) ကဘာလဲ။ Myelodysplastic syndromes များသည် ကောင်းကောင်းဖြစ်မလာသော သို့မဟုတ် အလုပ်ကောင်းကောင်းမလုပ်နိုင်သော သွေးဆဲလ်များကြောင့် ဖြစ်ရသည့် ရောဂါအုပ်စုကြီးဖြစ်ပါသည်။ Myelodysplastic syndrome များသည် ရိုးတွင်းချဉ်ဆီတွင် ပြဿနာရှိသည့်အခါတွင် ဖြစ်ရပါသည်။ (ချဉ်ဆီသည် အရိုးအတွင်းမှ ပွယောင်းသည့်ပစ္စည်းများဖြစ်ပြီး သွေးဆဲလ်များကို ထုတ်လုပ်ပေးသည်။) ထိုရောဂါသည် အပျော့စားမှ အပြင်းစားထိ ဖြစ်နိုင်ပါသည်။ ကိုယ့်၌ဖြစ်နေသည့် အမျိုးအစားပေါ်မူတည်ကာ တစ်ဦးနှင့်တစ်ဦးလည်း မတူညီပါ။ MDS အစောပိုင်းအဆင့်များတွင် လက္ခဏာလည်း လုံးဝမပြတတ်ပါ။ အတော်ကြာကာမှ မောပန်းသလို အသက်ရှုမဝသလို စခံစားရမည်ဖြစ်သည်။ ပင်မဆဲလ်အစားထိုးကုသခြင်းအပြင် တခြားပျောက်ကင်းနိုင်သည့် ကုထုံး မရှိပါ။ သို့သော် လက္ခဏာများအား ထိန်းချုပ်ရန်၊ နောက်ဆက်တွဲများအား ကာကွယ်ရန်၊ သက်တမ်းစေ့နေနိုင်ရန်နှင့် ဘဝအရည်အသွေးကောင်းမွန်ရန်တို့အတွက် ရွေးချယ်နိုင်မည့် ကုထုံးများစွာတော့ ရှိပါသည်။ Myelodysplastic Syndrome (MDS) […]


သွေးရောဂါများ

Coagulating Factors Concentration (ခန္ဓါကိုယ်ထဲမှာရှိတဲ့ သွေးခဲစေတဲ့ပစ္စည်း ပမာဏတိုင်းတာခြင်း)

အခြေခံကို သိခြင်းခန္ဓါကိုယ်ထဲမှာရှိတဲ့ သွေးခဲစေတဲ့ ပစ္စည်းပမာဏ ဆိုတာဘာလဲ သွေးခဲစေတဲ့ ပစ္စည်းပမာဏဆိုတာဟာ ခန္ဓါကိုယ်ထဲမှာ သွေးခဲဖို့ လုပ်ဆောင်နိုင်မှု ဘယ်လောက်ရှိတယ်၊ သွေးခဲတဲ့ ဖြစ်စဉ် ဘယ်လောက်ကြာတယ် ဆိုတာ တွက်ချက်နိုင်ဖို့ ဆရာဝန်တွေကို ကူညီပေးနိုင်ပါတယ်။ သင့် ခန္ဓါကိုယ်က ဒဏ်ရာ ရပြီး သွေးအလွန် ထွက်နေတဲ့အခါ (ဥပမာ – လက်မှာ ပြတ်ရှခြင်း) မှာ သွေးခဲစေတဲ့ ဖြစ်စဉ်က သင့်ကို ကာကွယ်ပေးပါလိမ့်မယ်။ ဒါပေမယ့် ပုံမှန် သွေးကြောတွေမှာ သွေးခဲသွားပြီ ဆိုရင်တော့ အန္တရာယ် အရမ်းများပါတယ်။ ဘာကြောင့်လဲဆိုတော့ နှလုံး၊ အဆုတ်၊ ဦးနှောက် စတဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို သွေးမရောက်နိုင်တော့တဲ့ အတွက် နှလုံး ရုတ်တရက် အမောဖောက်ခြင်းနဲ့ လေဖြန်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ သွေးခဲစေတဲ့ ပစ္စည်းပမာဏ တိုင်းတာနိုင်တဲ့ ကျေးဇူးကြောင့်သာ သင့်ဆရာဝန်အနေနဲ့ […]


အခြားသွေးရောဂါများ

Disseminated Intravascular Coagulation (သွေးကြောတွင်း သွေးခဲမှုပြန့်နှံ့ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Disseminated Intravascular Coagulation (သွေးကြောတွင်း သွေးခဲမှုပြန့်နှံ့ခြင်း) ကဘာလဲ။ သွေးကြောတွင်း သွေးခဲမှုပြန့်နှံ့ခြင်း သည် တကိုယ်လုံးတွင်ရှိသော သေးငယ်သောသွေးကြောများတွင် သွေးခဲမှုဖြစ်ပေါ်ခြင်းဖြစ်သည်။ ထိုသွေးခဲများသည် သွေးစီးဆင်းမှုကို လျော့နည်းစေခြင်း၊ ပိတ်ဆို့စေခြင်းဖြစ်စေကာ ခန္ဓာကိုယ်ရှိ အရေးပါသော အင်္ဂါ အစိတ်အပိုင်းများကို ပျက်စီးစေနိုင်သည်။ သွေးကြောတွင်း သွေးခဲမှုပြန့်နှံ့ခြင်းဖြင့် သွေးထဲတွင်ရှိသော သွေးမွှားဥများနှင့် သွေးခဲစေသောအရာများ ကုန်ဆုံးသွားသည်။ သွေးမွှားဥများဆိုသည်မှာ သွေးကြောများပြတ်ခြင်း ဖြစ်ပါက အနာကျက်စေရန် ထိုနေရာတွင် လာရောက်စုဝေးပြီး သွေးတိတ်စေနိုင်သော ဂုဏ်သတ္တိရှိသည်။ သွေးခဲစေသော အရာများကိုလည်း ပုံမှန်သွေးခဲမှုဖြစ်စဉ်များတွင် လိုအပ်ပါသည်။ သွေးကြောတွင်း သွေးခဲမှုပြန့်နှံ့ခြင်းဖြစ်လျှင် ထိုအရာများကုန်ဆုံးသွားခြင်းကြောင်း ခန္ဓာကိုယ်၏ အတွင်းနှင့် အပြင်တွင် သွေးထွက်လာပါသည်။ ခန္ဓာကိုယ်၏ အတွင်းတွင်သွေးထွက်ခြင်းသည် ကိုယ်တွင်း အင်္ဂါများတွင် သွေးထွက်ခြင်းဖြစ်ပြီး ခန္ဓာကိုယ်၏ အပြင်တွင်သွေးထွက်ခြင်းသည် အရေပြားအောက်နှင့် ချွဲလွှာများတွင်သွေးထွက်ခြင်းဖြစ်သည်။ (ချွဲလွှာဟူသည် ကိုယ်တွင်းအင်္ဂါများ နှင့် နှာခေါင်း၊ ပါးစပ်စသည့် […]


သွေးဖြူဥရောဂါများ

Neutropenia (သွေးဖြူဥနည်းခြင်း (နူထရိုပန်းနီးယား))

အဓိပ္ပါယ်ဖွင့်ဆိုချက်Neutropenia (သွေးဖြူဥနည်းခြင်း (နူထရိုပန်းနီးယား)) ကဘာလဲ။ သွေးဖြူဥနည်းတယ်ဆိုတာ နူထရိုဖေးလ်လို့ခေါ်တဲ့ သွေးဖြူဥများ ရှိသင့်တာထက် ပိုနည်းနေတာကို ခေါ်တာပါ။ သွေးဖြူဥတော်တော်များများဟာ နူထရိုဖေးလ်တွေဖြစ်ပါတယ်။ ရိုးတွင်းခြင်ဆီမှာ ဖြစ်တည်ကာ သွေးအတွင်းတွင် ခရီးနှင်ပြီး ရောဂါဖြစ်ပွားရာ နေရာသို့ ရောက်ရှိသွားကြပါတယ်။ ထိုးဖောက်ဝင်ရောက်လာတဲ့ ရောဂါပိုးတွေကို သတ်ဖို့ ဓါတုပစ္စည်းတွေ ထုတ်ပေးပါတယ်။ ဘက်တီးရီးယားကြောင့် အဓိကဖြစ်တဲ့ ရောဂါတွေကို တိုက်ခိုက်သော နေရာတွင် အလွန်အရေးပါပါတယ်။ လူကြီးတစ်ယောက်အနေဖြင့်ဆိုရင် သွေး၁မိုက်ခရိုလီတာတွင် နူထရိုဖေးလ် အရေအတွက် ၁၅၀၀ထက် နည်းနေပြီဆိုရင် နူထရိုပန်းနီးရားလို့ ပြောလို့ရပါတယ်။ ကလေးတွေ အတွက် ဆိုရင်တော့ နူထရိုပန်းနီးယား ရှိလားဆိုတာ အတည်ပြုဖို့က အသက်အရွယ်လိုက် ကွဲပြားပါတယ်။ နူထရိုဖေးလ် အရေအတွက်ဟာ တစ်ချို့လူတွေမှာ သာမန်ထက် လျော့နည်းနိုင်သော်လည်း ရောဂါဝင်နိုင်ခြေတော့ မနည်းသွားကြပါဘူး။ ထိုသို့သော အခြေအနေမျိုးတွင် သူတို့ရဲ့ နူထရိုပန်းနီးယားဟာ သိပ်တော့ စိုးရိမ်စရာမရှိပါဘူး။ သွေး၁မိုက်ခရိုလီတာမှာ […]


အခြားသွေးရောဂါများ

Blood Disorders (သွေးရောဂါများ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Blood Disorders (သွေးရောဂါများ) ကဘာလဲ။ သင့်ရဲ့သွေးထဲမှာ အရည်နှင့်အစိုင်အခဲဓါတ် ၂မျိုးပါဝင်ပါတယ်။ သွေးရည်ကြည်ကို ရေ၊ ဆားနှင့် ပရိုတင်းတို့နဲ့ ဖွဲ့စည်းထားပါတယ်။ သင့်သွေးထဲမှာ အစိုင်အခဲအနေနဲ့ သွေးနီဥ၊ သွေးဖြူဥနဲ့ သွေးဥမွှားတို့ ပါဝင်ပါတယ်။ သွေးရောဂါတွေက သွေးထဲမှာရှိတဲ့ အစိုင်အခဲတွေရဲ့ အရည်အသွေးနှင့် လုပ်ငန်းတာဝန်ကို ပျက်စီးစေပါတယ်။ တချို့သွေးရောဂါတွေက သွေးဆဲလ်တွေရဲ့ ပမာဏကို ကျဆင်းစေနိုင်ပါတယ် သွေးအားနည်းရောဂါ – သွေးနီဥများကျဆင်းခြင်း Leukopenia – သွေးဖြူဥများကျဆင်းခြင်း Thrombocytopenia – သွေးဥမွှားများကျဆင်းခြင်း တချို့သွေးရောဂါတွေက သွေးဆဲလ်တွေရဲ့ ပမာဏကို များစေနိုင်တယ်။ Erythrocytosis – သွေးနီဥပမာဏ များခြင်း Leukocytosis – သွေးဖြူဥပမာဏများခြင်း Thrombocythemia – သွေးဥမွှားပမာဏများခြင်း တခြားသွေးရောဂါတွေက သွေးနီဥနဲ့ သွေးရည်ကြည်ထဲမှာရှိတဲ့ ပရိုတင်းဓါတ်ကို ပျက်စီးပြီး ကိုယ်ခံအားကျခြင်းနှင့် သွေးခဲစေရန်လုပ်ဆောင်ပေးတာတွေကို ကျဆင်းစေတယ်။ Blood Disorders (သွေးရောဂါများ) က ဘယ်လောက်အဖြစ်များသလဲ သွေးရောဂါတွေက တော်တော်လေးတွေ့ရများတယ်။ အသက်အရွယ်၊ ယောကျာ်းမိန်းမ […]


သွေးအားနည်းရောဂါများ

Vitamin B12 And Folate Deficiency Anemia (ဗီတာမင်ဘီ၁၂နှင့် သံဓါတ်ချို့တဲ့ သွေးအားနည်းရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Vitamin B12 And Folate Deficiency Anemia (ဗီတာမင်ဘီ၁၂နှင့် သံဓါတ်ချို့တဲ့ သွေးအားနည်းရောဂါ) ကဘာလဲ။ အတွေ့ရများဆုံးသွေးဆဲလ်အမျိုးအစားဖြစ်တဲ့ သွေးနီဥဆဲလ်တွေဟာ သွေးစီးကြောင်းကနေ တစ်ဆင့် တစ်ရှူးတွေဆီကိုလိုအပ်တဲ့ အောက်ဆီဂျင်တွေ ရောက်ရှိအောင် ပို့ဆောင်ပေးပါတယ်။ အိုမင်းသွားတဲ့ သွေးနီဥဆဲလ်တွေနေရာမှာ အသစ်တွေအစားထိုးဖို့ ဗီတာမင်ဘီနဲ့ ဖောလစ်အက်ဆစ်က အဓိက လုပ်ဆောင်ပေးပါတယ်။ သွေးနီဥဆဲလ်လောင်းလေးတွေ ရင့်ကျက်တဲ့ သွေးနီဥဆဲလ်အဖြစ် ပြောင်းလဲလာဖို့ လိုအပ်တဲ့အာဟာရတွေဖြစ်ပါတယ်။ ဒီအာဟာရတွေချို့တဲ့သွားချိန်မှာတော့ သွေးနီဥဆဲလ်လောင်း ဘဝနဲ့တင်ပျက်စီးသွားပါတယ်။ ရင့်ကျက်သော သွေးနီဥဆဲလ်ဖြစ်ပွားမှုနည်းသွားပြီး သွေးအားနည်းရောဂါဖြစ်စေနိုင်ပါတယ်။   Vitamin B12 And Folate Deficiency Anemia (ဗီတာမင်ဘီ၁၂နှင့် သံဓါတ်ချို့တဲ့ သွေးအားနည်းရောဂါ) က ဘယ်လောက်အဖြစ်များသလဲ။ အဖြစ်များတဲ့ ရောဂါတစ်ခုပဲဖြစ်ပါတယ်။ ဖြစ်စေတဲ့အကြောင်းတွေကို ရှောင်ကြဉ်ခြင်းဖြင့်ကာကွယ်နိုင်ပါတယ်။ လက္ခဏာများVitamin B12 And Folate Deficiency Anemia (ဗီတာမင်ဘီ၁၂နှင့် သံဓါတ်ချို့တဲ့ […]


သွေးအားနည်းရောဂါများ

သွေး အကြောင်းသိကောင်းစရာ

သွေးဟာ ကိုယ်ခန္ဓါတစ်ခုလုံး အနှံ့ စီးဆင်းနေတဲ့ အသက်ရှင်သန်ဖို့ကို ထိန်းသိမ်းပေးတဲ့ အရည်တစ်မျိုးဖြစ်ပါတယ်။ နှလုံး သွေးလွှတ်ကြော သွေးပြန်ကြော သွေးကြောမျှင်   သွေးရဲ့ လုပ်ငန်းဆောင်တာဟာ ဘာလဲ။ သွေးဟာ ကိုယ်ခန္ဓါအနှံ့က တစ်ရှူးတွေကို အောက်ပါအရာတွေ သယ်ဆောင်ပေးပါတယ်။ အာဟာရများ Electrolyte (ဆိုဒီယမ်၊ ကယ်လဆီယမ်၊ ပိုတက်ဆီယမ်ကဲ့သို့သော ဓါတ်ပစ္စည်းများ) ဟော်မုန်း ဗီတာမင်များ ရောဂါကာကွယ်သော ပဋိပစ္စည်းများ အပူ အောက်ဆီဂျင် သွေးဟာ ကိုယ်ခန္ဓါအနှံ့က တစ်ရှူးတွေဆီက အောက်ပါအရာတွေကို သယ်ဆောင်သွားပါတယ်။ စွန့်ပစ်ပစ္စည်းများ ကာဗွန်ဒိုင် အောက်ဆိုဒ်   သွေးရဲ့ ပါဝင်ပစ္စည်းတွေက ဘာတွေလဲ။ သွေးရဲ့ ပါဝင်ပစ္စည်းတွေကတော့ သွေးဆဲလ်တွေ နေဖို့အတွက် သွေးရည်ကြည် ပါဝင်ပြီး အောက်ပါ အရာတွေလည်း ပါဝင်ပါတယ်။ သွေးနီဥ - အောက်ဆီဂျင်ကို အဆုတ်ကနေ ကိုယ်ခန္ဓါအနှံ့ကို ပို့ဆောင်ပေးပါတယ်။ သွေးဖြူဥ - ကူးစက်ရောဂါတွေကို တိုက်ထုတ်ပေးပြီး ကိုယ်ခံအားစနစ်မှာ […]


အခြားသွေးရောဂါများ

Thrombophlebitis (သွေးပြန်ကြောရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Thrombophlebitis (သွေးပြန်ကြောရောင်ခြင်း) ကဘာလဲ။ thrombophlebitis ဆိုသည်မှာ သွေးပြန်ကြောရောင်ယမ်းပြီး သွေးခဲဖြစ်ပေါ်ခြင်းဖြစ်သည်။ သွေးပြန်ကြောရောင်လျင် သွေးစီးဆင်းမှုနှေးသွားပြီး သေးငယ်သော သွေးခဲလေးများ သွေးပြန်ကြောထဲတွင် ဖြစ်ပေါ်နိုင်သည်။ သွေးပြန်ကြောရောင်လျှင် နာကျင်ခြင်း၊ နီရဲရောင်ယမ်းခြင်း၊ လက်မောင်း၊ ခြေထောက်များရောင်ယမ်းခြင်းတို့ဖြစ်နိုင်သည်။ ခြေထောက်ရှိသွေးပြန်ကြောများတွင် လက်နှင့် လည်ပင်းရှိသွေးကြောများထက် ပိုဖြစ်တတ်သည်။ အရေပြားမျက်နှာပြင်နှင့် နီးကပ်သောနေရာရှိ သွေးပြန်ကြောရောင်လျှင် thrombophlebitis agriculture ဟုခေါ်သည်။ သွေးပြန်ကြောရောင်လျှင် အသက်မသေနိုင်သော်လည်း အရေးကြီးသော အန္တရာယ်မှာ သွေးခဲများသည် အတွင်းပိုင်းရှိ သွေးပြန်ကြောများထဲသို့ရောက်ရှိနိုင်ခြင်းဖြစ်သည်။ ထိုသို့ဖြင့် သွေးခဲအကြီးများ ရောက်သွားပါက သွေးကြောပိတ်ခြင်းဖြစ်စေနိုင်သည်။ ထိုသို့ဖြစ်လျှင် အရေးကြီးသော အခြေအနေဖြစ်ပြီး ထိုသွေးခဲများ ကွဲထွက်ပြီး အဆုတ်သို့ ရောက်ရှိပိတ်ဆို့ပါက ဟုခေါ်သော အသက်အန္တရာယ်စိုးရိမ်ရသော အခြေအနေအထိဖြစ်နိုင်ပါသည်။ Thrombophlebitis (သွေးပြန်ကြောရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ သွေးပြန်ကြောရောင်ခြင်းသည် အသက် ၆၀ နှင့်အထက်လူနာများတွင် အဖြစ်များသည်။ ကိုယ်ဝန်ဆောင်မိခင်များတွင်လည်း […]


သွေးအားနည်းရောဂါများ

Sickle Cell Anemia (မွေးရာပါ သွေးနီဥ ပုံပျက်သော သွေးအားနည်းရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Sickle Cell Anemia (မွေးရာပါ သွေးနီဥ ပုံပျက်သော သွေးအားနည်းရောဂါ) ကဘာလဲ။ sickle cell anemia ဆိုတာ မွေးရာပါသွေးအားနည်း ရောဂါတစ်မျိုးဖြစ်ပါတယ်။ sickle cell ဆိုတာ ခန္ဓါကိုယ် အနှံ့ အောင်ဆီဂျင် ဖြန့်ဝေရန် ကျန်းမာတဲ့ သွေးနီဥဆဲလ်လေးတွေ လုံလုံလောက်လောက် မရှိတော့ တဲ့ အခြေအနေကို ခေါ်ပါတယ်။ ပုံမှန်အားဖြင့် သွေးနီဥလေးတွေက ခန္ဓါကိုယ်အနှံ့မှာ ရှိနေပြီး သွေးကြောအတွင်း လွယ်လွယ်ကူကူ ဖြတ်သန်းကာ အောက်ဆီဂျင် ပို့ဆောင်ခြင်း လုပ်ငန်းကို လုပ်ဆောင်နေကြပါတယ်။ sickle cell anemia ရောဂါ ဖြစ်တဲ့ အခါ ဒီသွေးနီဥဆဲလ်တွေဟာ sickle cell ဟုခေါ်သော လခြမ်းကွေး ပုံသဏ္ဍာန် အဖြစ်ပြောင်းသွားကာ တောင့်ပြီး စေးကပ်ကုန်ပါတယ်။ (ပုံမှန်တွင် သွေးနီဥသည် လုံးဝန်းသော […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း