သွေးရောဂါများ

ခန္ဓာကိုယ်ကျန်းမာရေးအတွက် သွေးက အရေးကြီးပါတယ်။ သွေးရောဂါတွေလို့ ဆိုလိုက်ရင် သွေးနီဥ၊ သွေးဖြူဥ၊ သွေးရည်ကြည်နဲ့ သွေးဥမွှားပြဿနာတွေ ပါဝင်ပါတယ်။ ဒါတွေကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွေးရောဂါများ

ဆွေမျိုးအချင်းချင်း သွေးမသွင်း သင့်တဲ့ အကြောင်းရင်း

ရုပ်ရှင်ထဲမှာဆိုရင်တော့ သားက ဒဏ်ရာရသွားရင် အမေကဖြစ်ဖြစ် 'ကျွန်မကိုယ်ထဲက သွေးကို ယူပါ။ သူ့ကို သွင်းပေးပါ' ဆိုပြီး ပြော၊ သွေးသွင်းပေး သက်သာလာဆိုတဲ့ Happy endingလေး ဖြစ်သွားတတ်ပါတယ်။ လက်တွေ့မှာလည်း ဒီလို လုပ်လို့ရတယ်ဆိုပြီး အမျိုးတစ်ယောက်ယောက် သွေးလိုလို့ သွားလည်း ပေးရော ဆရာဝန်က အမျိုးအချင်းချင်း သွေးသွင်းလို့ မရဘူးပြောရော။ ဘာလို့လဲ။ ကိုယ်အင်္ဂါတွေ လှူရင်တောင် ဆွေမျိုးနီးစပ်တွေထဲက လှူရတာ။ ဆွေမျိုးအချင်းချင်း သွေးမသွင်း သင့်တာက ဘာကြောင့်လဲ။ ဆွေမျိုးအချင်းချင်း သွေးမသွင်း သင့်တာ ဒါကြောင့်ပါ။ ဆွေမျိုးအချင်းချင်း သွေးသွင်းတဲ့အခါ အခန့်မသင့်ရင် Transfusion Associated Graft-Versus-Host Disease (TA-GVHD) ဆိုတာ ဖြစ်တတ်ပါတယ်။ ဒါက ရှားပေမယ့် ဖြစ်လာရင် သေနှုန်းက ၉၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ဟိုးအရင်တုန်းက […]

သွေးရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

သွေးရောဂါများ ကို ရှာဖွေမည်။

သွေးအားနည်းရောဂါများ

တော်ရုံ အအေးဒဏ် ကို မခံနိုင်ရတဲ့ အကြောင်းရင်း (၇) ခု

လေလေးနည်းနည်း တိုက်တာနဲ့၊ မိုးလေး ညို့တာနဲ့ အနွေးထည် ပြေးဝတ်ရတဲ့ ဒုက္ခကို အအေးဒဏ် မခံနိုင်သူတွေပဲ သိပါတယ်။ ကုန်ကုန်ပြောရရင် အဲယားကွန်း အအေးကိုတောင် မခံနိုင်လို့ ပိတ်ပစ်ရတာ၊ ရှောင်ပြေးရတာ၊ အဝတ်အစားအထပ်ထပ် ဝတ်ထားရတာမျိုးတွေတောင် ရှိပါတယ်။ တခြားသူတွေနဲ့ မတူဘဲ ကိုယ့်မှာမှ ဒီလို ဘာကြောင့် ဖြစ်နေရတာလဲ သိချင်နေမှာပေါ့။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်း ဖြစ်နိုင်ခြေတွေ အမျိုးမျိုး ရှိပါတယ်။ အဲဒီထဲမှာ အဖြစ်များတာက - (၁) သွေးအားနည်းခြင်း ဖြစ်နိုင်ပါတယ်။ သွေးအားနည်းတဲ့ အခါ လူက ပင်ပန်းလွယ်တယ်၊ အားနည်းတယ်၊ အသက်ရှူမဝဖြစ်တယ်၊ ချမ်းလွယ်တယ်၊ အထူးသဖြင့် ခြေဖျားလက်ဖျား အေးတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီး အားဆေး သောက်သင့်သောက်၊ စားသင့်တာ စားရပါမယ်။ (၂) သိုင်းရွိုက်ဟော်မုန်း ‌ပြဿနာ သိုင်းရွိုက်ဂလင်းက ဟော်မုန်း အလုံအလောက် မထွက်တာပါ။ […]


သွေးအားနည်းရောဂါများ

ကော်ဖီ (သို့မဟုတ်) ကဖိန်းဟာ သံဓာတ်စုပ်ယူခြင်းကို အဟန့်အတားဖြစ်စေသလား

ကော်ဖီ ဒါမှမဟုတ် ကဖိန်းပါတဲ့ စားသောက်ဖွယ်ရာများကို ယနေ့အခါမှာ လူကြိုက်များလာကြပါတယ်။ ကော်ဖီကတော့ လူကြိုက်အများဆုံး စားကုန်တမျိုးဆိုတာက ငြင်းမရပါဘူး။ ကော်ဖီ (သို့မဟုတ်) ကဖိန်းဟာ အာရုံကြောကို လန်းဆန်းအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ တစ်ဖက်မှာလည်း ကဖိန်းဟာ သံဓာတ်လို အာဟာရဓာတ်တချို့ကို ကိုယ်ခန္ဓာမှ စုပ်ယူခြင်းကနေ ကာကွယ်ပေးတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် ကော်ဖီဟာ ရှောင်စရာလားဆိုတာ စဉ်းစားဖို့ ဖြစ်လာပါတယ်။ ယခု ဆက်လက်ဖော်ပြပေးမှာကတော့ ကော်ဖီ (သို့) ကဖိန်းဟာ သံဓာတ်စုပ်ယူခြင်းအပေါ် ဘယ်လိုအကျိုးသက်ရောက်စေသလဲဆိုတာပါပဲ။ ကော်ဖီ သို့မဟုတ် ကဖိန်းဟာ သံဓာတ်စုပ်ယူခြင်းကို ဘယ်လိုသက်ရောက်စေသလဲ သုတေသန အချို့အရ ကော်ဖီနဲ့ ကဖိန်းပါဝင်တဲ့ တခြား အဖျော်ယမကာများဟာ သံဓာတ်စုပ်ယူခြင်းကို လျော့ကျစေတယ်လို့ သိရပါတယ်။ ဥပမာ ဟမ်ဘာဂါတစ်လုံးကို ကော်ဖီတစ်ခွက်နဲ့ သောက်ချိန်မှာ သံဓာတ်စုပ်ယူမှုဟာ ၃၉% ထိ လျော့ကျနိုင်တယ်လို့ […]


သွေးအားနည်းရောဂါများ

သံဓာတ်များပြီး အဆိပ်သင့်ခြင်း

သံဓာတ်ဟာ ကိုယ်ခန္ဓာအတွက် မရှိမဖြစ် အရေးပါတဲ့ အာဟာရဓာတ် ဖြစ်ပါတယ်။ ဦးနှောက်၊ ကြွက်သားများနဲ့ သွေးနီဥဆဲလ်တွေရဲ့ လုပ်ငန်းတာဝန်တွေ ကောင်းစွာလုပ်ဆောင်နိုင်ဖို့ သံဓာတ်လုံလောက်စွာ ရရှိဖို့ လိုအပ်ပါတယ်။ သံဓာတ်နည်းခြင်းနဲ့ ဆက်နွယ်ပြီး သွေးအားနည်းခြင်းလည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုသလို သံဓာတ်ဟာ များလွန်းရင်လည်း ဘေးဥပဒ်ဖြစ်စေတတ်ပါတယ်။ သံဓာတ်များလွန်းလာရင် ကိုယ်ခန္ဓာကနေ ဇီဝဖြိုခွဲခြင်းဖြစ်စဉ် မလုပ်နိုင်တော့ပါဘူး။ မဖြိုခွဲနိုင်တော့လို့ ပိုလျှံလာတဲ့ သံဓာတ်များဟာ အစာအိမ်အူလမ်းကြောင်းတလျှောက် စုပုံလာပါတယ်။ ဒီနည်းနဲ့ အဆိပ်သင့်တဲ့ အဆင့်ကိုရောက်ရှိလာပါတယ်။ သံဓာတ် အဆိပ်သင့်ခြင်း လက္ခဏာများ သံဓာတ်ဟာ အဆိပ်အတောက်ဖြစ်လောက်တဲ့ ပမာဏရောက်လာပြီဆိုရင် ပျို့အန်ခြင်း၊ ဗိုက်နာခြင်း စတာတွေ ဖြစ်လာတတ်ပါတယ်။ သွေးအန်ခြင်း၊ ဝမ်းပျက်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်းများလည်း ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံမှာ သံဓာတ်များတာကြောင့် ဝမ်းအရောင်ဟာ အမည်းရောင်နဲ့ သွေးရောင်ဖြစ်သွားတတ်ပါတယ်။ ဒီကနဦးလက္ခဏာတွေဟာ ခြောက်နာရီအတွင်း ဖြစ်ပေါ်လာတတ်ပါတယ်။ ကနဦးလက္ခဏာတွေပေါ်လာပြီး […]


သွေးအားနည်းရောဂါများ

သွေးအားနည်းခြင်းအတွက် သင့်တော်သော အစားအစာများ

ကိုယ်ခန္ဓာထဲမှာ သွေးနီဥဆဲလ်လုံလောက်စွာ မရတဲ့အခါ သွေးအားနည်းခြင်း ဖြစ်ပေါ်ပါတယ်။ သွေးထွက်ခြင်း၊ သွေးနီဥဆဲလ်များ ပျက်စီးခြင်း၊ သွေးနီဥဆဲလ်များ လုံလောက်စွာ မထုတ်လုပ်နိုင်ခြင်း စတဲ့အကြောင်းအရင်းတွေကြောင့် ဖြစ်တတ်ပါတယ်။ သွေးအားနည်းခြင်း ပုံစံမျိုးစုံရှိပါတယ်။ တွေ့ရအများဆုံးကတော့ သံဓာတ်ချို့တဲ့ပြီးဖြစ်တဲ့ သွေးအားနည်းခြင်း ဖြစ်ပါတယ်။ သံဓာတ်မလုံလောက်ရင် သွေးနီဥတွေမှာ ဟေမိုဂလိုဘင်ပရိုတိန်း နည်းပါးတာကြောင့် အောက်ဆီဂျင်ကို ကောင်းစွာသယ်ဆောင်နိုင်စွမ်း မရှိပါဘူး။ ဖောလိတ်နဲ့ ဗီတာမင် B12 နည်းပါးခြင်းဟာလည်း ကိုယ်ခန္ဓာကနေ သွေးနီဥဆဲလ်တွေ အလုံအလောက် မထုတ်လုပ်နိုင်ဘဲ ဖြစ်စေပါတယ်။ ဒါကြောင့် သံဓာတ်နဲ့ ဗီတာမင်ဘီကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးသင့်ပါတယ်။ လူတစ်ဦးဟာ နေ့စဉ် ပျမ်းမျှအားဖြင့် သံဓာတ်ကို ၁၅၀ မှ ၂၀၀ မီလီဂရမ်ထိ လိုအပ်ပါတယ်။ သံဓာတ်အားဖြည့်ဆေးတွေ သောက်သုံးနိုင်သလို သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးနိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြသွားမှာကတော့ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ အကြောင်းပါပဲ။ ၁။ […]


သွေးရောဂါများ

သွေးမလှူခင် ဘာတွေစားသင့်လဲ။

သွေးလှူခြင်းဟာ အသက်ပေါင်းများစွာကို ကယ်တင်ပေးနိုင်တဲ့ အင်မတန် မွန်မြတ်တဲ့ အလုပ်တစ်ခုပါ။ သင့်အနေနဲ့ သွေးလှူဖို့အတွက် စဉ်းစားပြီးပြီ၊ စာရင်းသွင်းပြီးပြီ ဆိုရင်တော့ မလှူခင်မှာ ဘာတွေ လုပ်သင့်တယ်၊ ဘာတွေ ရှောင်သင့်တယ်ဆိုတာကို လေ့လာသင့်ပါပြီ။ သွေးလှူတာဟာ လိုအပ်နေတဲ့ သူတွေအတွက် အများကြီးအကျိုးရှိပြီး အလှူရှင်အတွက်လည်း ဆိုးကျိုးအများကြီးမဖြစ်စေနိုင်ပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေမှာ သွေးလှူပြီးတဲ့အခါ မူးတာ၊ ပင်ပန်းနွမ်းနယ်တာ၊ သွေးအားနည်းတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလိုဖြစ်တာလေးတွေကို ကာကွယ်နိုင်ဖို့အတွက် သွေးမလှူခင်နဲ့ သွေးလှူအပြီးမှာ သင့်တော်မှန်ကန်တဲ့ အစားအစာတွေကို စားပေးဖို့လိုအပ်ပါတယ်။ ဘာတွေစားကြမလဲ။ ၁။ ရေများများသောက်ပါ။ ခန္ဓာကိုယ်မှာရှိတဲ့ သွေးတွေမှာ ရေဓါတ်က တစ်ဝက်နီးပါး ပါဝင်တာကြောင့် သွေးမလှူခင်ရော၊ လှူပြီးတဲ့အခါမှာပါ ရေဓါတ်ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ သွေးလှူလိုက်တဲ့ အခါမှာ ရေဓါတ်တွေနည်းသွားနိုင်ပြီး သွေးပေါင်ကျစေနိုင်တဲ့အတွက် မူးတာတွေဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် သွေးမလှူခင်မှာ ပုံမှန်သောက်နေကျထက် […]


သွေးအားနည်းရောဂါများ

သွေးအားနည်း ခြင်းကို ဘယ်လိုကုသကြမလဲ။

သွေးအားနည်း တယ်ဆိုတာ တကယ်တော့ ရောဂါလက္ခဏာတစ်ခုပါပဲ။ သူ့နောက်မှာ တခြားအကြောင်းရင်းတွေ အများကြီး ရှိနိုင်ပါတယ်။ ဒါကြောင့် သွေးအားနည်းတာကို ကုမယ်ဆိုရင် သာမန် သံဓာတ်အားဆေးလေးပဲ သောက်လို့မရပါဘူး။ သွေးအားနည်းတိုင်း သံဓာတ်ချို့တဲ့လို့ မဟုတ်ပါဘူး။ နောက်ခံ အကြောင်းရင်းကို သေချာကုသမှ ရမှာပါ။ သွေးအားနည်း တယ်ဆိုတာ ဘာလဲ။ သွေးအားနည်းတယ်ဆိုတာ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ သွေးနီဥတွေ အလုပ်ကောင်းကောင်း မလုပ်နိုင်တာ၊ အရေအတွက် နည်းသွားတာကို ဆိုလိုတာပါ။ အတိအကျပြောရရင် သွေးနီဥထဲက ဟေမိုဂလိုဘင်လို့ခေါ်တဲ့ ပရိုတိန်းဓာတ် နည်းနေတာပါ။ သွေးအားနည်း စေတဲ့ အကြောင်းရင်းများ သွေးထွက်တာ (ဥပမာ ခန္ဓာကိုယ်မှာ သွေးယိုစိမ့်တာ၊ ရာသီသွေးဆင်းများတာ၊ ထိခိုက်ဒဏ်ရာရတာ) သွေးနီဥ ကောင်းကောင်း မထုတ်နိုင်တာ (ဥပမာ ရိုးတွင်းခြင်ဆီ မကောင်းတာ၊သွေးနီဥ ထုတ်ဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေ မရတာ၊ နာတာရှည်ရောဂါ) သွေးနီဥတွေ […]


သွေးအားနည်းရောဂါများ

သင်က သွေးအားနည်း တတ်သူလား

သွေးအားနည်း တယ်ဆိုတဲ့ စကားကို အရပ်ထဲမှာ ခဏခဏ ကြားဖူးမှာပါ။ "နင်ကလည်းဟယ် ဖြူဖျော့နေတာပဲဟယ်။ သွေးအားနည်းနေတာလား။" ဒါမှမဟုတ် "ငါခုတလော ခေါင်းမူးနည်းတယ်။ သွေးအားများ နည်းနေလား မသိဘူး"လို့ ပြောတာမျိုး ကြားဖူးမှာပါ။ သူတို့ပြောတာတွေ ဟုတ်ပါတယ်။ ဒါဟာ သွေးအားနည်းခြင်းရဲ့ လက္ခဏာတွေပါပဲ။ သွေးအားနည်းတယ်လို့ ပြောရင် တော်တော်များများက သံဓာတ်အားနည်းတာနဲ့ တွဲမြင်ကြပါတယ်။ ဒါလည်း မှန်ပါတယ်။ ဒါပေမယ့် သွေးအားနည်းတိုင်း သံဓာတ်အားနည်းနေတာ မဟုတ်ပါဘူး။ သွေးအားနည်းခြင်းရဲ့ နောက်ကွယ်မှာ အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။ အဲ့ဒါတွေကို ဒီဆောင်းပါးမှာ ပြောပြပေးသွားမှာပါ။ သွေးအားနည်း တယ်ဆိုတာ ဘာလဲ။ သွေးအားနည်းတယ်ဆိုတာ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ သွေးနီဥတွေ အလုပ်ကောင်းကောင်း မလုပ်နိုင်တာ၊ အရေအတွက် နည်းသွားတာကို ဆိုလိုတာပါ။ အတိအကျပြောရရင် သွေးနီဥထဲက ဟေမိုဂလိုဘင်လို့ခေါ်တဲ့ ပရိုတိန်းဓာတ် နည်းနေတာပါ။ […]


အခြားသွေးရောဂါများ

သင့်သွေးအမျိုးအစား ကပြောတဲ့ သင့်ကျန်းမာရေး အကြောင်း

သင်သွေးလှူဖူးပါသလား။ သွေးမလှူခင်မှာ သင့်သွေးအမျိုးအစားကို စစ်ဆေးကြည့်ရပါတယ်။ အချို့သောသူတွေဟာ မိမိရဲ့သွေးအုပ်စုက ဘာအုပ်စုလည်းဆိုတာမသိကြပါဘူး။ အများစုကတော့ သိနှင့်ပြီးသားပါ။ သင့်သွေးအုပ်စုအမျိုးအစားနဲ့ ကျန်းမာရေးအချေအနေဟာ ဆက်စပ်မှုရှိပါတယ်။ လေ့လာကြည့်ရအောင်။ သွေးအုပ်စုအမျိုးအစားလေးမျိုးရှိပါတယ်။ အေ ( A ) ,ဘီ ( B ) ,အေဘီ ( AB )နဲ့ အို (O) တို့ပါ။ စိတ်ပိုင်းဆိုင်ရာ ။    ။ဒိန်းမတ်နိုင်ငံရဲ့ သုတေသနတစ်ခုအရ သွေးအုပ်စု ‘AB’ သွေးပိုင်ရှင်တွေရဲ့ (၈၂) ရာခိုင်နှုန်းလောက်ဟာ မှတ်ဉာဏ်ပျောက်ဆုံးလွယ်ပါတယ်။ အသက်ကြီးရင့်သူ ‘AB’ သွေးပိုင်ရှင် တွေဟာ စိတ်ကစဉ့်ကလျားဖြစ်နိုင်ချေနဲ့ စိတ်ကျန်းမာရေး ပြဿနာတွေ (စိတ်ရောဂါ) ဖြစ်နိုင်ချေများပါတယ်။ သန္ဓေအောင်နိုင်ခြေ ။   ။အမေရိကန်နိုင်ငံ နယူးပြည်နယ်က တက္ကသိုလ်တွေမှာ ပြုလုပ်ခဲ့တဲ့လေ့လာချက်တွေအရ ‘O’ သွေးပိုင်ရှင်အမျိုးသမီးတွေဟာ မျိုးအောင်နိုင်ချေနည်းပါးပါတယ်။ သူတို့ရဲ့ ‘မ’မျိုးဉပမာဏနဲ့ […]


သွေးမတိတ်ရောဂါများ

ဟေမိုဖီးလီးယား သွေးမတိတ်ရောဂါ

တစ်ခုခုနဲ့ ထိခိုက်မိရင် သွေးထွက်ပြီး သွေးမတိတ်တဲ့ သူတွေ ရှိပါသလား။ တစ်ခုခုနဲ့ တိုက်မိပြီး အညိုအမည်းစွဲနေတာ ပျောက်ကို မပျောက်တော့ဘူး ဆိုတဲ့ သူတွေရော ရှိပါသလား။ ဒီလို လက္ခဏာတွေလည်း ရှိတယ်။ ငယ်ငယ်လေးတည်းက ဖြစ်တာ၊ ယောကျာ်းလေးလည်း ဖြစ်နေတယ် ဆိုရင် ဟေမိုဖီးလီးယား သွေးမတိတ်ရောဂါများလား ဆိုပြီး စဉ်းစားကြည့်ရမှာပါ။ ဒီရောဂါ ဘာကြောင့်ဖြစ်တာလဲ။ အသက်အန္တရာယ်ရှိလားဆိုတာ လေ့လာကြည့်ရအောင်။ ဟေမိုဖီးလီးယား သွေးမတိတ်ရောဂါဆိုတာ ဘာလဲ။ ပုံမှန်ဆိုရင် တစ်ခုခုနဲ့ ခိုက်မိလို့ သွေးထွက်လာရင် သိပ်မကြာဘူး သွေးက အလိုလို တိတ်သွားပါတယ်။ ဘာကြောင့်လည်းဆိုတော့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ သွေးဥမွှားတွေ၊ သွေးတိတ်စေတဲ့ ပစ္စည်း တွေက သွေးထွက်တဲ့ နေရာကို လာပြီး ပိတ်လိုက်လို့ပါ။ ဒီရောဂါရှိတဲ့သူတွေကျတာ့ သွေးတိတ်စေတဲ့ ပစ္စည်းတွေ မွေးရာပါ ချို့တဲ့နေတာကြောင့် သူများတွေထက် […]


သွေးအားနည်းရောဂါများ

သွေးဆဲလ်တွေနည်းခြင်း (Pancytopenia)

သွေးဆဲလ်တွေနည်းခြင်း (Pancytopenia) ဆိုတာ ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုစနစ်မှာ သွေးဆဲလ်၃မျိုး ရှိပါတယ်။ သွေးနီဥရယ် သွေးဖြူဥရယ် သွေးဥမွှားရယ်ပါ။ ဒီသွေးဆဲလ်တွေက နည်းရင်ပဲဖြစ်ဖြစ် များရင်ပဲဖြစ်ဖြစ် ရောဂါဖြစ်တတ်ပါတယ်။ သွေးဆဲလ်တွေ နည်းတာကလည်း ရောဂါပါပဲ။ ဥပမာ ပြောရရင် သွေးနီဥနည်းတာကို ဆေးပညာအရ Anaemia လို့ခေါ်ပါတယ်။ သွေးဖြူဥနည်းတာကို Leucopenia၊ သွေးဥမွှားနည်းတာကို Thrombocytopenia လို့ခေါ်ပါတယ်။ ဒီလို တစ်ခုချင်းစီ နည်းတာလည်း ရှိသလို လူတစ်ယောက်တည်းမှာပဲ သုံးမျိုးလုံး နည်းတာလည်း ရှိပါတယ်။ ဒါကို သွေးဆဲလ်များနည်းခြင်း (Pancytopenia) လို့ ခေါ်ပါတယ်။ ဒီလိုရောဂါမျိုးက တကယ်ရှိတာလား။ ဘာကြောင့်ဖြစ်တာလဲ ဆိုတာ ရှင်းပြပေးပါမယ်။ သွေးဆဲလ်တွေနည်းခြင်း (Pancytopenia) ဘာကြောင့်ဖြစ်ရတာလဲ။ သွေးဆဲလ်နည်းတာက သွေးဆဲလ်ထုတ်ပေးတဲ့ ရိုးတွင်းခြင်ဆီမှာ ပြဿနာတစ်ခုခုရှိနေလို့ပါ။ တခြားရောဂါ တစ်ခုခုရှိနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ တကယ်တော့ သွေးဆဲလ်နည်းတယ် ဆိုတာက […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း