သွေးရောဂါများ

ခန္ဓာကိုယ်ကျန်းမာရေးအတွက် သွေးက အရေးကြီးပါတယ်။ သွေးရောဂါတွေလို့ ဆိုလိုက်ရင် သွေးနီဥ၊ သွေးဖြူဥ၊ သွေးရည်ကြည်နဲ့ သွေးဥမွှားပြဿနာတွေ ပါဝင်ပါတယ်။ ဒါတွေကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွေးရောဂါများ

ဆွေမျိုးအချင်းချင်း သွေးမသွင်း သင့်တဲ့ အကြောင်းရင်း

ရုပ်ရှင်ထဲမှာဆိုရင်တော့ သားက ဒဏ်ရာရသွားရင် အမေကဖြစ်ဖြစ် 'ကျွန်မကိုယ်ထဲက သွေးကို ယူပါ။ သူ့ကို သွင်းပေးပါ' ဆိုပြီး ပြော၊ သွေးသွင်းပေး သက်သာလာဆိုတဲ့ Happy endingလေး ဖြစ်သွားတတ်ပါတယ်။ လက်တွေ့မှာလည်း ဒီလို လုပ်လို့ရတယ်ဆိုပြီး အမျိုးတစ်ယောက်ယောက် သွေးလိုလို့ သွားလည်း ပေးရော ဆရာဝန်က အမျိုးအချင်းချင်း သွေးသွင်းလို့ မရဘူးပြောရော။ ဘာလို့လဲ။ ကိုယ်အင်္ဂါတွေ လှူရင်တောင် ဆွေမျိုးနီးစပ်တွေထဲက လှူရတာ။ ဆွေမျိုးအချင်းချင်း သွေးမသွင်း သင့်တာက ဘာကြောင့်လဲ။ ဆွေမျိုးအချင်းချင်း သွေးမသွင်း သင့်တာ ဒါကြောင့်ပါ။ ဆွေမျိုးအချင်းချင်း သွေးသွင်းတဲ့အခါ အခန့်မသင့်ရင် Transfusion Associated Graft-Versus-Host Disease (TA-GVHD) ဆိုတာ ဖြစ်တတ်ပါတယ်။ ဒါက ရှားပေမယ့် ဖြစ်လာရင် သေနှုန်းက ၉၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ဟိုးအရင်တုန်းက […]

သွေးရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

သွေးရောဂါများ ကို ရှာဖွေမည်။

အခြားသွေးရောဂါများ

သွေးဆိပ်သင့် ခြင်း

သွေးဆိပ်သင့် တယ်ဆိုတာ ခန္ဓာကိုယ်ထဲကို ရောဂါပိုးဝင်တာတဲ့အခါ ခုခံအားစနစ်က ဓာတ်ပစ္စည်းတွေကို ထုတ်ပြီး ပြန်တိုက်ခိုက်လို့ ဖြစ်လာတာပါ။ ဒီရောဂါက ဆိုးရွားပြီး သေနိုင်လောက်တဲ့အထိ ပြင်းထန်ပါတယ်။ သွေးဆိပ်သင့် တာကို ၃ဆင့်ခွဲလို့ ရပါတယ်။ ရောဂါပိုးတွေ သွေးထဲကို ရောက်လာပြီး ခန္ဓာကိုယ်ရောင်ရမ်းလာတာကို 'သွေးဆိပ်သင့်'တယ်လို့ ခေါ်ပါတယ်။ သွေးဆိပ်သင့်တာကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ အရေးကြီးတဲ့အင်္ဂါတွေဖြစ်တဲ့ နှလုံး၊ ဦးနှောက်၊ ကျောက်ကပ်တွေကို ထိခိုက်လာပြီဆိုရင် 'ပြင်းထန်သွေးဆိပ်သင့်'တယ်လို့ ခေါ်ပါတယ်။ သွေးပေါင်တွေပါကျပြီး အဆုတ်တွေ၊ ကျောက်ကပ်တွေပါ ထိလာတယ်၊ တခြားကိုယ်တွင်းအင်္ဂါတွေပါ ထိခိုက်လာတယ်။ သေဆုံးတဲ့အထိပြင်းထန်တယ်ဆိုရင်ေတာ့ 'သွေးဆိပ်သင့်ရှော့ဖြစ်'တယ်လို့ ခေါ်ပါတယ်။ သွေးဆိပ်သင့်တာက လူတိုင်းဖြစ်နိုင်ပါတယ်။ အသက်ကြီးတဲ့သူတွေ၊ ခုခံအားနည်းတဲ့သူတွေက ပိုပြီးသတိထားရပါမယ်။ ဘာလို့ သွေးဆိပ်သင့် တာလဲ။ ခန္ဓာကိုယ်ထဲကို ဝင်လာတဲ့ ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှိုပိုးစတာတွေက သွေးဆိပ်သင့်တာကို ဖြစ်စေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ရဲ့ […]


အခြားသွေးရောဂါများ

အသက်ကယ်ဖို့ သွေးလှူ ကြမယ် ဆိုရင်

“သင့်သွေးဖြင့်အသက်ကယ်ပါ” ဆိုတဲ့ စာကြောင်းလေးက မွန်မြတ်တဲ့ အဓိပ္ပာယ်အပြည့်ရှိပါတယ်။ ကိုယ်လှူလိုက်တဲ့သွေးက ရောဂါအခြေအနေအမျိုးမျိုးကြောင့် သွေးသွင်းဖို့လိုအပ်တဲ့လူနာတွေအတွက် အသက်ကယ်နိုင်လောက်အောင် တန်ဖိုးကြီးတဲ့ လက်ဆောင်ပါပဲ။ ဒီစိတ်ကလေးနဲ့ပဲ ပုံမှန်သွေးလှူနေကြသူတွေ၊ အရေးပေါ်လိုအပ်ချိန်မှာ ပြေးပြီးသွေးလှူပေးကြသူတွေ၊ လူနာနဲ့ကိုက်ညီတဲ့ သွေးအလှူရှင်ရဖို့ အပြေးအလွှားကူရှာပေးသူတွေ၊ သွေးလှူ ကြဖို့ တိုက်တွန်းနှိုးဆော်သူတွေရှိနေတာပါ။ ဒီလိုမွန်မြတ်တဲ့စိတ်ထားလေးတွေရှိနေတဲ့ သွေးအလှူရှင်တွေရဲ့ ကျန်းမာရေးကလည်း အရေးကြီးတယ်ဆိုတာ မေ့မထားသင့်ပါဘူး။ လူကကျန်းမာနေမှ၊ သွေးအားကောင်းနေမှလည်း ဒီအလုပ်တွေ ဆက်လုပ်နိုင်မှာလေ။ ဒါ့ကြောင့် သွေးအလှူရှင်တွေအတွက် သိထားသင့်တဲ့ သတိပြုစရာအချက်လေးတွေ အကြံပေးလိုက်ရပါတယ်။ ဒီလိုမျိုးဆို သွေးလှူလို့မရပါ အဓိကအားဖြင့် - မကြာခဏနေမကောင်းဖြစ်တတ်ရင် အသက် ၁၈ နှစ်မပြည့်သေးရင် ကိုယ်အလေးချိန် အနည်းဆုံး ပေါင် ၁၁၀ မပြည့်ရင် ကိုယ်ဝန်ရှိနေရင် အိတ်ချ်အိုင်ဗီ၊ အသည်းရောင် ဘီ၊ စီ၊ အေ တို့လို ရောဂါအခံတစ်ခုခုရှိနေရင် စတဲ့ အခြေအနေတွေ […]


သွေးဥမွှားရောဂါများ

Immune thrombocytopenia (ITP) ကြောက်စရာကောင်းတဲ့ သွေးရောဂါတစ်မျိုး ။ ။

ကိုယ့်ပတ်ဝန်းကျင်မှာ ဘာမှ ကြီးကြီးမားမား ပြင်းပြင်းထန်ထန် မထိခိုက်ဘဲ သွေးခြည်ဥ သွေးထွက်သံယိုဖြစ်တဲ့ လူတွေကို တွေ့ဖူးကြမှာပါ။ အရင်ဆောင်းပါးတွေဖြစ်တဲ့ thrombocytopenia အကြောင်း ဖတ်ဖူးကြမှာပါ။ အဲဒီ ရောဂါလိုပဲ Immune thrombocytopenia (ITP ) ဆိုတာ သွေးဆဲလ်တစ်မျိုးဖြစ်တဲ့ platelets ( သွေးခဲ သွေးဆဲလ်) လေး ပုံမှန်ရှိသင့်တာထက်ပိုနည်းနေလို့ပါ။ ပုံမှန်ရှိသင့်သလောက်မရှိဘဲ ဘာလို့နည်းနေရတာလဲ ဒီ ပြဿနာရဲ့ လက္ခဏာက ဘာတွေလဲဆိုတာ ဒီဆောင်းပါးထဲမှာ ပြောပြပေးတော့မှာပါ။ ဖြစ်တဲ့သူလည်း မရှားတဲ့အတွက် သိထားတော့ မမှားဘူးပေါ့။ ဒါဆို ဒီ Immune thrombocytopenia (ITP ) ပြဿနာ ဘာ့ကြောင့်ဖြစ်ရတာလဲ။ Immune ( ခုခံအားစနစ်) ကြောင့်ဖြစ်ရတာဆိုတော့ ပြောရမယ်ဆို ပြင်ပအကြောင်းအရာတစ်ခုခုကြောင့်ဖြစ်တာကထက် ကိုယ်တွင်းခုခံအားကို သွေးဆဲလ် (platelets ) […]


အခြားသွေးရောဂါများ

ကြီးကြီးမားမားထိခိုက်တာမျိုးမရှိဘဲနဲ့ သွေးခြည်ဥ အညိုအမည်းစွဲတာတွေ ဖြစ်နေပြီလား။ ။

ကြီးကြီးမားမား ထိခိုက်မိတာမျိုးတွေလည်း မရှိဘဲနဲ့ လက်တွေ ခြေထောက်တွေမှာ ခဏခဏ အညိုအမည်းစွဲ သွေးခြည်ဥတာမျိုးတွေ ဖြစ်နေပြီလား။ ဒါကပြောရမယ်ဆို အစပိုင်းမှာပြဿနာမရှိပေမယ့် နောက်ပိုင်းကျရင် ဆိုးဝါးလာမယ့်အခြေအနေလို့ ပြောလို့ရပါတယ်။ ဒီတော့ ဒါတွေဘာကြောင့်ဖြစ်ရတာလဲဆိုတာကို သိဖို့လိုလာတာပေါ့ ။ အကြောင်းအရင်းတွေကို အရင်မပြောခင် သွေးခြည်ဥတယ် အညိုအမည်းစွဲတယ်ဆိုတာ ဘာလဲအရင်ပြောပြချင်ပါတယ်။ သွေးခြည်ဥတယ်ဆိုတာ အရေပြားအောက်မှာရှိတဲ့ သွေးကြောလေးတွေ ပေါက်ပြီး သွေးတွေထွက်လာကာ ညိုမည်းတက်လာတာဖြစ်ပါတယ်။ ပြုတ်ကျတာဖြစ်ဖြစ်၊ အထိုးခံရလို့ဖြစ်ဖြစ်၊ လေးတဲ့အရာတစ်ခုခု အဖိခံရလို့ ဖြစ်ဖြစ် သွေးကြောလေးတွေပေါက်ပြီး အညိုအမည်း စွဲတတ်ပါတယ်။ အသေးအမွှား အညိုအမည်းစွဲတာလောက်က ရက်ပိုင်းလောက်နဲ့ ပြန်ပျောက်တတ်ပေမယ့် ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာကြောင့်ရတဲ့ သွေးခြည်ဥတာမျိုးကတော့ လပိုင်းလောက် ပျောက်ဖို့ အချိန်ယူရတတ်ပါတယ်။ လူတိုင်းတော့ ထိခိုက်မိရင်သွေးခြည်ဥတတ်ကြတာပဲလေ။ ပုံမှန် မဟုတ်ဘူးဆိုတာ ဘယ်လိုသိနိုင်မလဲ။ ။ သွေးခြည်ဥတာမျိုးတွေထဲကမှ ခုပြောမယ့် သွေးခြည်ဥတဲ့ပုံစံမျိုးတွေ တွေ့ရင် ပုံမှန် […]


အခြားသွေးရောဂါများ

သွေးပျစ်တဲ့ပြဿနာ ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ။

သွေးပျစ်တဲ့ပြဿနာကို အားလုံးကြားဖူးကြမှာပါ။ သူ့ဘာသာသူဆို ပြဿနာမဖြစ်တတ်ပေမယ့် ဒီလို သွေးပျစ်တဲ့ပြဿနာခံစားနေရတဲ့သူတွေဟာ နောက်ပိုင်း ကြာလာရင် သွေးကြော တွေထဲ သွေးခဲတဲ့ပြဿနာတွေဖြစ်၊ သွေးကြောတွေပိတ်သွားတတ်လို့ အသက်အန္တရယ်စိုးရိမ်ရတဲ့ အခြေအနေအထိ ရောက်သွားတတ်ပါတယ်။ ဒ့ါကြောင့် ဒီသွေးပျစ်တဲ့ ကိစ္စဟာလည်း ပေါ့ဆလို့ မရတဲ့ ကျန်းမာရေးအခြေအနေတစ်ခုလို့ ပြောလို့ရပါတယ်။ လူတိုင်းမှာ သွေးတွေရှိကြတာပဲ။ နောက်ပိုင်းအသက်တွေကြီးလာရင် ပျစ်လာမှာလား။ လူတိုင်းမှာ သွေးရှိတယ်ဆိုပေမယ့် လူတိုင်း သွေးပျစ်တဲ့ပြဿနာကိုခံစားရမှာ မဟုတ်ပါဘူး။ သွေးပျစ်တဲ့ ဝေဒနာကိုခံစားရဖို့ အလားအလာများတဲ့သူတွေ သပ်သပ်ရှိပါတယ်။ သူတို့တွေကတော့ သွေးပျစ်တဲ့ ပြဿနာကို ဖြစ်ပေါ်စေတဲ့အကြောင်းအရင်းတွေကတော့ မိဘမျိုးရိုး မိသားစုထဲ သွေးပျစ်တဲ့မျိုးရိုးရှိရင် ကိုယ့်မှာလည်း သွေးပျစ်နိုင်ဖို့ အလားအလာတွေများတတ်ပါတယ်။ Polycythemia vera (PV) သွေးကင်ဆာ Polycythemia vera (PV) လို့ခေါ်တဲ့ ရိုးတွင်းခြင်ဆီကနေ သွေးဆဲလ်တွေ အများကြီးထုတ်လုပ်တဲ့ ကင်ဆာတစ်ခုဟာ သွေးပျစ်ြခင်းကိ ုဖြစ်စေရတဲ့ […]


သွေးဖြူဥရောဂါများ

သွေးဖြူဥများနေတယ် ဘာစားရမလဲ

အရာရာတိုင်းက တန်ဆေး လွန်ဘေးဆိုသလို ခန္ဓာကိုယ်ထဲမှာသွေးဖြူဥဆဲလ်နည်းတက ကိုယ်ခံအားကို ထိခိုက်စေနိုင်တာကြောင့် မကောင်းဘူးဆိုပေမယ့်သွေးဖြူဥဆဲလ်တွေများလွန်းတာကလည်း ခန္ဓာကိုယ်မှာရောဂါတွေခံစားလာရနိုင်ခြေတိုးစေနိုင်ပါတယ်။သွေးဖြူဥများနေတဲ့ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လို့ရပါတယ်။ သွေးဖြူဥဆိုတာ ဘာလဲ……. သွေးဖြူဥဆိုတာက ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့သွေးတွေထဲမှာပါဝင်နေတဲ့သွေးနီဥ၊သွေးဥမွှား၊သွေးဆဲလ်တွေလိုမျိုးသွေးတွင်းမှာရှိနေတဲ့ အရာတစ်ခုပါ။ သွေးဖြူဥတွေက ကိုယ်တွင်းကိုပြင်ပကရောဂါတွေဝင်မလာအောင်တားဆီးပေးပါတယ်။ကိုယ်ခံအားကောင်းစေဖို့ထောက်ကူပေးတယ်။ရောဂါပိုးတွေကို တိုက်ထုတ်ဖို့ ပဋိပစ္စည်းတွေထုတ်ပေးပါတယ်။ ဘယ်လိုအခြေအနေကိုသွေးဖြူဥများတယ်လို့ဆိုတာလဲ………… သွေးဖြူဥပမာဏက လူတစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။ ပုံမှန်ရှိသင့်တဲ့ ပမာဏ– ၃၅၀၀ ကနေ ၁၀၅၀၀per microliter ပမာဏနည်းနေတယ်ဆိုရင်– ၄၅၀၀per microliter ထက်နည်းနေတာ ပမာဏများနေတယ်ဆိုရင်– ၁၁၀၀၀per microliter ထက်များနေတာပါ။ သွေးဖြူဥများရင် ဘာဖြစ်မှာလဲ......... လေ့လာမှုတွေအရကတော့ သွေးဖြူဥများတဲ့ အမျိုးသား နဲ့ အမျိုးသမီးတွေဟာ နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ခံစားရနိုင်ခြေက ပုံမှန်ထက်ပိုများနေပါတယ်။ အရွယ်မတိုင်ခင် နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေကလည်း တော်တော်လေးများနေတာပါ။ နောက်တစ်ချက်က သွေးဖြူဥများလွန်းတာဟာ ခန္ဓာကိုယ်မှာ ကင်ဆာခံစားရနိုင်ခြေ များနေတယ်ဆိုတဲ့ သဘောလည်းသက်ရောက်နေပါတယ်။ သွေးဖြူဥများနေတယ် ဘာစားရမလဲ........ ခန္ဓာကိုယ်မှာသွေးဖြူဥပမာဏက လိုတာထက် ပိုများနေတဲ့အခါ ဒါလေးတွေကို စားသုံးပေးနိုင်ပါတယ်။ ဗီတာမင် […]


သွေးအားနည်းရောဂါများ

သံဓါတ်ချို့တဲ့ရင် ကိုယ်ခန္ဓါက ဘာတွေပြောင်းလဲသွားမလဲ

ကိုယ်ခန္ဓါအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေထဲမှာ သံဓါတ်ဟာလည်း တစ်ခုအပါအဝင်ပါပဲ။ သံဓါတ်ဟာ သွေးနီဆဲလ်တွေထဲမှာရှိတဲ့ ဟေမိုဂလိုဘင် (Hemoglobin) လို့ခေါ်တဲ့ ပရိုတင်းဓါတ်ဖြစ်ပြီး အောက်စီဂျင်ကို ကိုယ်ခန္ဓါအနှံ့သယ်ပို့ဖို့ ကူညီပေးပါတယ်။ ဟေမိုဂလိုဘင် မလုံလောက်တဲ့အခါ တစ်သျှူးနဲ့ ကြွက်သားတွေက အားပျော့သွားပြီး သွေးအားနည်းရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ အစာအာဟာရ ပြည့်ဝစွာ မစားတာ၊ ဒါမှမဟုတ် အစားရှောင်တာတွေကြောင့် သံဓါတ်ချို့တဲ့ခြင်း ဖြစ်နိုင်ပြီး လက်ရှိ ကမ္ဘာအနှံ့က ကလေးတွေမှာ သံဓါတ်အားနည်းခြင်းကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါတွေ အရမ်းအဖြစ်များနေပါတယ်။ ဒီတော့ ကိုယ်ခန္ဓါအတွက် မရှိမဖြစ် အရေးပါတဲ့ သံဓါတ်နည်းေနပြီဆိုရင် ဘယ်လိုလက္ခဏာတွေ ပြတတ်လဲဆိုတာ သိထားဖို့တော့ လိုမယ်နော်။ သံဓါတ်ချို့တဲ့သူတွေမှာ ဘယ်လိုလက္ခဏာတွေ တွေ့ရလဲ။ ၁။ တခြားသူတွေထက် ပိုပြီးမောပန်းလွယ်တယ်။ ၂။ မျက်နှာက သွေးရောင်မရှိဘဲ ဖြူဖပ်ဖြူရော်ဖြစ်နေမယ်။ ၃။ အသက်ရှူမဝသလို ခံစားနေရမယ်။ ၄။ ခေါင်းမူးခေါင်းကိုက်ြဖစ်မယ်။ ၅။ ရင်တုန်ပန်းတုန်ဖြစ်မယ်။ ၆။ အရေပြားနဲ့ […]


သွေးဖြူဥရောဂါများ

သွေးဖြူဥနည်းသူတွေ ဘာတွေစားရမလဲ

သွေးဖြူဥနည်းလို့ဆိုပြီး စိတ်ညစ်နေသူတွေများရှိလား။ သွေးဖြူဥနည်းသူတွေအတွက် သဘာဝနည်းအတိုင်းသွေးဖြူဥအရေအတွက်တိုးလာစေမယ့် အစားအသောက်လေးတွေအကြောင်းပြောပြပေးပါရစေ။ သွေးဖြူဥဆိုတာ ဘာလဲ....... သွေးဖြူဥဆိုတာက ခန္ဓါကိုယ်ထဲမှာ စီးဆင်းနေတဲ့သွေးတွေထဲမှာပါဝင်နေတဲ့သွေးနီဥ၊သွေးဥမွှား၊သွေးဆဲလ်တွေလိုမျိုးသွေးတွင်းမှာရှိနေတဲ့ အရာတစ်ခုပါ။ သွေးဖြူဥတွေက ကိုယ်တွင်းကိုပြင်ပက ရောဂါတွေဝင်မလာအောင်တားဆီးပေးပါတယ်။ ကိုယ်ခံအားကောင်းစေဖို့ထောက်ကူပေးတယ်။ရောဂါပိုးတွေကို တိုက်ထုတ်ဖို့ ပဋိပစ္စည်းတွေထုတ်ပေးပါတယ်။ ဘယ်လိုအခြေအနေကိုသွေးဖြူဥနည်းတယ်လို့ဆိုတာလဲ............ သွေးဖြူဥပမာဏက လူတစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။ ပုံမှန်ရှိသင့်တဲ့ ပမာဏ - ၃၅၀၀ ကနေ ၁၀၅၀၀per microliter ပမာဏနည်းနေတယ်ဆိုရင် - ၄၅၀၀per microliter ထက်နည်းနေတာ ပမာဏများနေတယ်ဆိုရင် - ၁၁၀၀၀per microliter ထက်များနေတာပါ။ သွေးဖြူဥနည်းနေလား ဘယ်လိုသိနိုင်မလဲ သွေးဖြူဥနည်းနေတဲ့အခါ ခန္ဓါကိုယ်မှာ အခုလိုလက္ခဏာတွေတွေ့ရနိုင်ပါတယ်။ အဖျားတက်မယ် ချမ်းပြီးတုန်မယ် ချွေးတွေအရမ်းထွက်မယ် အရေပြားတွေရောင်ရမ်းမယ် နီမြန်းမယ် လည်ချောင်းနာမယ် ချောင်းအရမ်းဆိုးမယ် အသက်ရှုတာပြတ်တောင်းပြတ်တောင်းဖြစ်နေမယ်။ စတဲ့ လက္ခဏာတွေခံစားရနိုင်ပါတယ်။ သွေးဖြူနည်းသူတွေ ဘာတွေစားရမလဲ သွေးဖြူဥနည်းသူတွေအနေနဲ့သွေးတွင်း ကသွေးဖြူဥပမာဏတိုးစေဖို့ ဒီအစားအစာလေးတွေကို စားပေးလို့ရပါတယ်။ ကြက်သွန်ဖြူ ကြက်သွန်ဖြူမှာallicinဒြပ်ပေါင်းပါဝင်တာကြောင့်သွေးဖြူဥဆဲလ်တွေထွက်ရှိလာအောင် လှုံ့ဆော်ပေးပြီး ကိုယ်ခံအားကိုကောင်းစေနိုင်ပါတယ်။ တစ်နေ့ကို နုတ်နုတ်စဉ်းထားတဲ့ ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာကနေ […]


သွေးဖြူဥရောဂါများ

သွေးဖြူဥ နည်းနေတာလား

သွေးဖြူဥနည်းတာက ခန္ဓါကိုယ်အတွက် မကောင်းပါဘူး။ သွေးဖြူဥနည်းတာနဲ့ပတ်သက်လို့ သိချင်ရင်တော့ ဒီဆောင်းပါးလေးထဲမှာဖတ်ကြည့်ပေးပါ။ သွေးဖြူဥဆိုတာ ဘာလဲ....... သွေးဖြူဥဆိုတာက ခန္ဓါကိုယ်ထဲမှာ စီးဆင်းနေတဲ့သွေးတွေထဲမှာပါဝင်နေတဲ့သွေးနီဥ၊သွေးဥမွှား၊သွေးဆဲလ်တွေလိုမျိုးသွေးတွင်းမှာရှိနေတဲ့ အရာတစ်ခုပါ။ သွေးဖြူဥတွေက ကိုယ်တွင်းကိုပြင်ပကရောဂါတွေဝင်မလာအောင်တားဆီးပေးပါတယ်။ ကိုယ်ခံအား ကောင်းစေဖို့ထောက်ကူပေးတယ်။ရောဂါပိုးတွေကို တိုက်ထုတ်ဖို့ ပဋိပစ္စည်းတွေထုတ်ပေးပါတယ်။ ဘယ်လိုအခြေအနေကိုသွေးဖြူဥနည်းတယ်လို့ဆိုတာလဲ............ သွေးဖြူဥပမာဏက လူတစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။ ပုံမှန်ရှိသင့်တဲ့ ပမာဏ - ၃၅၀၀ ကနေ ၁၀၅၀၀per microliter ပမာဏနည်းနေတယ်ဆိုရင် - ၄၅၀၀per microliter ထက်နည်းနေတာ ပမာဏများနေတယ်ဆိုရင် - ၁၁၀၀၀per microliter ထက်များနေတာပါ။ သွေးဖြူဥနည်းရင်ဘာဖြစ်မလဲ.......... သွေးဖြူဥကများရင်မကောင်းသလို နည်းပြန်ရင်လည်းမကောင်းပါဘူး။ လူအများစုကနေ့စဉ်မှာသွေးဖြူဥဆဲလ် ၁၀၀ ဘီလျံဝန်းကျင်ထုတ်လုပ်ကြပါတယ်။သွေးဖြူဥနည်းတာက ကိုယ်ခံအားကို အားလျော့စေနိုင်ပါတယ်။သွေးတွင်းမှာသွေးဖြူဥဆဲလ်တွေနည်းလာတဲ့အခါ ခန္ဓါကိုယ်ကရောဂါတွေကို တိုက်ထုတ်နိုင်စွမ်းကျသွားပြီး မကြာခဏဆိုသလို ဖျားနာလာတာမျိုးဖြစ်နိုင်ပါတယ်။ရောဂါတွေအလွယ်တကူဝင်ရောက်တာမျိုးဖြစ်နိုင်ပါတယ်။ ဘာကြောင့်သွေးဖြူဥနည်းရတာလဲ........ သွေးဖြူဥနည်းစေတဲ့ အကြောင်းအရင်းတွေက တစ်ခုမကရှိနေပါတယ်။ မျိုးရိုးလိုက်တာ ကင်ဆာရှိနေတာ ရိုးတွင်းခြင်ဆီမှာပြဿနာတစ်ခုခုရှိနေတာ ရောဂါတစ်ခုခုကူးစက်ခံထားရတာ (ဥပမာ တီဘီမဆုတ်ရောင်ရောဂါပိုး၊ HIVရောဂါပိုး) အာဟာရချို့တဲ့တာ Crohn’s disease ခံစားနေရတာ ကင်ဆာကြောင့် […]


သွေးအားနည်းရောဂါများ

သံဓါတ်အားနည်းတာက မကောင်းဘူးဆိုတော့ သံဓါတ်များရင်ရော ကောင်းလား။ ။

သံဓါတ်ချို့တဲ့သွေးအားနည်းရောဂါ အကြောင်းတွေ ကြားဖူးကြမှာပါ။ ဒီလို သံဓါတ်အားနည်းတာ မကောင်းဘူးဆိုတဲ့ အကြောင်းလည်း အားလုံး သိပြီးဖြစ်မှာပါ။ နည်းတာ မကောင်းဘူးဆိုတော့ များနေရင် ကောင်းတာပေါ့ ဆိုတဲ့ အဓိပ္ပါယ်လား။ ဒီလိုလည်း မဟုတ်ပါဘူး။ သွေးတွင်းမှာ သံဓါတ်အားနည်းလည်း မကောင်းသလို သံဓါတ်အားများသွားရင် ကျန်းမာရေးအတွက် စိုးရိမ်ရပါတယ်။ သံဓါတ်အားနည်းတဲ့ အကြောင်းတွေ တော်တော်များများသိ ပြီးကြပြီဆိုတော့ ဒီဆောင်းပါးထဲမှာ သံဓါတ်များတဲ့ ရောဂါအကြောင်း ပြောပြပေးမှာပါ။ သံဓါတ်ဆိုတာဘာလဲ။ ။ သံဓါတ်ဆိုတာ ေသွးနီဥ haemoglobin ထဲမှာရှိတဲ့ သတ္တုဓါတ်တစ်မျိုးဖြစ်ပြီး အောက်ဆီဂျင်တွေ ပို့ဆောင်တဲ့နေရာမှာ တာဝန်ယူရတဲ့ ဓါတ်တစ်မျိုးပါ။ သံဓါတ်ကို များသောအားဖြင့် စားတဲ့အစားသောက်တွေရနေရရှိပါတယ်။ သံဓါတ်မှာ Heme Iron - အသားတွေကနေရတဲ့ သံဓါတ်အမျိုးအစားနဲ့ Non-heme Iron- အပင် နဲ့ အသားတွေကနေရတဲ့ သံဓါတ်အမျိုးအစားဆိုပြီး […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း