သွေးရောဂါများ

ခန္ဓာကိုယ်ကျန်းမာရေးအတွက် သွေးက အရေးကြီးပါတယ်။ သွေးရောဂါတွေလို့ ဆိုလိုက်ရင် သွေးနီဥ၊ သွေးဖြူဥ၊ သွေးရည်ကြည်နဲ့ သွေးဥမွှားပြဿနာတွေ ပါဝင်ပါတယ်။ ဒါတွေကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွေးရောဂါများ

ဆွေမျိုးအချင်းချင်း သွေးမသွင်း သင့်တဲ့ အကြောင်းရင်း

ရုပ်ရှင်ထဲမှာဆိုရင်တော့ သားက ဒဏ်ရာရသွားရင် အမေကဖြစ်ဖြစ် 'ကျွန်မကိုယ်ထဲက သွေးကို ယူပါ။ သူ့ကို သွင်းပေးပါ' ဆိုပြီး ပြော၊ သွေးသွင်းပေး သက်သာလာဆိုတဲ့ Happy endingလေး ဖြစ်သွားတတ်ပါတယ်။ လက်တွေ့မှာလည်း ဒီလို လုပ်လို့ရတယ်ဆိုပြီး အမျိုးတစ်ယောက်ယောက် သွေးလိုလို့ သွားလည်း ပေးရော ဆရာဝန်က အမျိုးအချင်းချင်း သွေးသွင်းလို့ မရဘူးပြောရော။ ဘာလို့လဲ။ ကိုယ်အင်္ဂါတွေ လှူရင်တောင် ဆွေမျိုးနီးစပ်တွေထဲက လှူရတာ။ ဆွေမျိုးအချင်းချင်း သွေးမသွင်း သင့်တာက ဘာကြောင့်လဲ။ ဆွေမျိုးအချင်းချင်း သွေးမသွင်း သင့်တာ ဒါကြောင့်ပါ။ ဆွေမျိုးအချင်းချင်း သွေးသွင်းတဲ့အခါ အခန့်မသင့်ရင် Transfusion Associated Graft-Versus-Host Disease (TA-GVHD) ဆိုတာ ဖြစ်တတ်ပါတယ်။ ဒါက ရှားပေမယ့် ဖြစ်လာရင် သေနှုန်းက ၉၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ဟိုးအရင်တုန်းက […]

သွေးရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

သွေးရောဂါများ ကို ရှာဖွေမည်။

သွေးအားနည်းရောဂါများ

Iron Deficiency Anemia (သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Iron Deficiency Anemia (သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ) ကဘာလဲ။ အဖြစ်အများဆုံးသွေးအားနည်းခြင်း(ကျန်းမာသောသွေးနီဥနည်းခြင်း)ပုံစဖြစ်သည်။ သွေးနီဥများသည် အောက်စီဂျင်ကိုခန္ဓါကိုယ်တစ်သျူးများစီသို့ပို့ပေးသည်။ နာမည်အတိုင်း သံဓါတ်အားနည်းခြင်းကြောင့်ဖြစ်သော သွေးအားနည်းခြင်းသည် သံဓါတ်အားနည်းခြင်းကြောင့်ဖြစ်သည်။ သံဓါတ်မလုံလောက်သောကြောင့် သွေးနီဥအတွင်းရှိအောက်စီဂျင်သယ်ယူပေးသောအရာကိုခန္ဓါကိုယ်မှကောင်းစွာမထုတ်နီုင်တော့ပေ။ ထို့ကြောင့်သင့်အား ပင်ပန်းစေခြင်း အသက်ရူရခက်ခြင်းများဖြစ်စေသည်။ သံဓါတ်အားနည်းခြင်းကို သံဓါတ်အားဖြည့်ဆေးများဖြင့်ပြန်ဖြည့်နိုင်သည်။ သို့သော်အကယ်၍ အတွင်းပိုင်းသွေးထွက်သည်ဟု သံသယရှိပါက စမ်းသပ်မှုကုသမှုများလိုတတ်သည်။ Iron Deficiency Anemia (သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အမျိုးသမီးများနှင့် သံဓါတ်ပါသောအစားအစာကိုရှောင်သူများတွင် ပိုဖြစ်တတ်သည်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများIron Deficiency Anemia (သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အလွန်မောပန်းလွယ်ခြင်း အားနည်းခြင်း ဖြူဖျော့ခြင်း ရင်ဘတ်အောင့်ခြင်း ရင်ခုန်နှုန်းမြန်ခြင်း အသက်ရူကြပ်ခြင်း ခေါင်းကိုက်ခြင်း မူခြင်း လက်ဖျားခြေဖျားအေးခြင်း လျှာယောင်ခြင်း သို့မဟုတ် အနာဖြစ်ခြင်း လက်သည်းများကျွတ်ဆက်ခြင်း အာဟာရမရှိသောအစားများအားစားချင်စိတ်ပြင်းခြင်း ဥပမာ ရေခ၊ဲ ဖုန်များ မစားချင်မသောက်ချင်ခြင်း (ကလေးငယ်များနှင့် သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ ရှိသောကလေးများတွင်ပိုဖြစ်တတ်သည်) အချို့သောကိစ္စများတွင် ရောဂါမပြင်းထန်တတ်ပေ။ သို့သော် သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ ပိုဆိုးလာပါက ရောဂါလက္ခဏာများပေါ်လာတတ်သည်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် […]


သွေးမတိတ်ရောဂါများ

Hemophilia (မူမမှန်သွေးထွက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hemophilia (မူမမှန်သွေးထွက်ခြင်း) ကဘာလဲ။ မူမမှန်သွေးထွက်ခြင်းဆိုတာ ပုံမှန်အတိုင်း သွေးခဲခြင်း မရှိတော့တဲ့ အခြေအနေကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ သွေးခဲတဲ့ဖြစ်စဉ်မှာ သွေးတွေဟာ အရည်ကနေ အခဲအဖြစ် ပြောင်းလဲသွားတာ ဖြစ်ပါတယ်။ အကယ်၍ သင်ဟာ ထိခိုက်ဒဏ်ရာရမယ်ဆိုရင် သွေးပမာဏ အမြောက်အမြားကို မဆုံးရှုံးသွြးစေဖို့ သွေးခဲပေးရပါတယ်။ တစ်ခါတစ်လေမှာ သွေးတွေက ပုံမှန်အတိုင်းမခဲတော့ပဲ အချိန်တော်တော်ကြာအောင် သွေးထွက်နေပါတော့တယ်။ မူမမှန်သွေးထွက်ခြင်းက ခန္ဓါကိုယ်အတွင်းနဲ့ အပြင်ဘက်မှာ ပုံမှန်အတိုင်းမဟုတ်ပဲ သွေးတွေ ထွက်နေစေပါတယ်။ သွေးပမာဏ အမြောက်အမြားကို ခန္ဓါကိုယ်ထဲကနေ ဆုံးရှုံးစေပါတယ်။ အရေပြားအောက် သို့မဟုတ် အရေးကြီးတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ (ဥပမာ – ဦးနှောက် ) မှာ သွေးထွက်ခြင်း ကိုလည်း ဖြစ်စေပါတယ်။ ကွဲပြားတဲ့ မူမမှန်သွေးထွက်ခြင်းတွေ အများကြီးရှိပေမယ့် အောက်ပါ အခြေအနေတွေကို အများဆုံးတွေ့ရလေ့ရှိပါတယ်။ သွေးထဲမှာ သွေးခဲစေတဲ့ ဓါတ်ပစ္စည်းတွေ […]


သွေးအားနည်းရောဂါများ

Thalassemia (သာလာဆီးမီးယားရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Thalassemia (သာလာဆီးမီးယားရောဂါ) ကဘာလဲ။ သာလာဆီးမီးယားရောဂါဆိုတာ သာလာဆီးမီးယားဆိုသည်မှာ ပုံမှန်မဟုတ်သော ဟီမိုဂလိုဘင်(သွေးနီဥဆဲလ်တွင် အောက်ဆီဂျင်ကို သယ်ဆောင်သော ပရိုတင်း)ကို ခန္ဓါကိုယ်မှ ထုတ်လုပ်သောရောဂါဖြစ်သည်။ သွေးနီဥကို ခန္ဓါကိုယ်မှ အလွန်အကျွံဖျက်စီးသဖြင့် သွေးအားနည်းခြင်းကို ဖြစ်စေသည်။   Thalassemia (သာလာဆီးမီးယားရောဂါ) က ဘယ်လောက်အဖြစ်များသလဲ သာလာဆီးမီးယားသည် မျိုးရိုးလိုက်သော ရောဂါတစ်မျိုးဖြစ်သည်။ ဆိုလိုသည်မှာ ရောဂါသည်၏ မိဘတစ်ဦးဦးသည် မျိုးဗီဇဖောက်ပြန်ခြင်း သို့မဟုတ် အရေးကြီးသော မျိုးဗီဇအပိုင်းအစတစ်ခုခု ပျက်စီးခြင်းကြောင့် ရောဂါသယ်ဆောင်သူ ဖြစ်နေရမည်။ အဓိက သာလာဆီးမီးယားနှစ်မျိုးမှာ အယ်လ်ဖာ နှင့် ဘီတာဖြစ်သည်။ အယ်လ်ဖာသာလာဆီးမီးယားတွင် အယ်လ်ဖာဂလိုဘင်၏ မျီုးဗီဇအနည်းဆုံးတစ်ခု ဖောက်ပြန်ခြင်း၊ မူမမှန်ခြင်း ဖြစ်မည်။ ဘီတာသာလာဆီးမီးယားတွင် ဘီတာဂလိုဘင် မျိုးဗီဇများ ထိခိုက်မှုဖြစ်မည်။ လက္ခဏာများThalassemia (သာလာဆီးမီးယားရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ သာလာဆီးမီးယားအမျိုးအစားပေါ်မူတည်၍ ရောဂါလက္ခဏာများ ကွဲပြားနိုင်သည်။ သာလာဆီးမီးယားအပျော့စား သာလာဆီးမီးယားအပျော့စားသည် များသောအားဖြင့် ရောဂါလက္ခဏာမပြပါ။ ပြလျှင်လည်း မပြင်းထန်သော သွေးအားနည်းခြင်းသာ ဖြစ်နိုင်သည်။ ဘီတာသာလာဆီးမီးယား ဘီတာသာလာဆီးမီးယားတွင် ပြင်းထန်သောရောဂါ […]


အခြားသွေးရောဂါများ

Thrombocytopenia (သွေးဥမွှား နည်းပါးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Thrombocytopenia (သွေးဥမွှား နည်းပါးခြင်း) ကဘာလဲ။ သွေးဥမွှား နည်းပါးခြင်းဆိုတာ ဘာလဲသွေးဥမွှားလေးများဆိုသည်မှာ ထိခိုက်ဒဏ်ရာရပါက သွေးခဲရန် ပါဝင်ဆောင်ရွက်ပေးရသော သွေးဆဲလ်လေးများဖြစ်သည်။ ထိုကဲ့သို့နည်းပါးနေခြင်းဆိုသည်မှာ သွေးတွင်းရှိ သွေးဥမွှားပမာဏသည် ပုံမှန်ထက် လျော့နည်းနေခြင်းကိုဆိုလိုသည်။ ထိုကဲ့သို့နည်းပါးနေခြင်းသည် ကျန်းမာရေးပြဿနာတခုခု (သို့) ရောဂါတခုခု (သို့) အချို့သော ဆေးဝါးများကြောင့်လည်း ဖြစ်ပွားနိုင်ပါသည်။ အချို့သော သွေးဥမွှားနည်းရောဂါများသည် မပြင်းထန်တတ်သည့် အပြင် လက္ခဏာ လည်းသိပ်မပြတတ်ကြပါ။ သို့သော် ပြင်းထန်ပါက သွေးဥမွှားပမာဏ သည် လွန်စွာနည်းပါး၍ ခန္ဓါကိုယ်အတွင်း သွေးယိုစိမ့်မှုများ ဖြစ်ပွားနိုင်သည်။ Thrombocytopenia (သွေးဥမွှား နည်းပါးခြင်း) က ဘယ်လောက်အဖြစ်များသလဲ မည်သည့် အသက်အရွယ်မဆို ကလေးလူကြီးမခွဲခြားပဲ ဖြစ်ပွားနိုင်ပါသည်။ လက္ခဏာများThrombocytopenia (သွေးဥမွှား နည်းပါးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ရောဂါလက္ခဏာများသည် သွေးတွင်းရှိ သွေးဥမွှားပမာဏအပေါ်တွင်မူတည်သည်။ ဖြစ်နိုင်သော လက္ခဏာများမှာ- အရေပြားတွင် ညိုမဲစွဲခြင်း အင်ပျင်များထွက်ခြင်း နှာခေါင်းနှင့်သွားဖုံး သွေးယိုခြင်း ရာသီသွေး အလွန်အကျွံသွန်ခြင်း စအိုလမ်းကြောင်းမှ သွေးယိုခြင်း ဆီးနှင့် ဝမ်းတွင် သွေးပါခြင်း မောပန်းလွယ်ခြင်း ပိုမိုပြင်းထန်သော […]


သွေးအားနည်းရောဂါများ

Polycythemia Vera (ပိုလီစိုက်သီးမီးရား ဗီရာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Polycythemia Vera (ပိုလီစိုက်သီးမီးရား ဗီရာ) ကဘာလဲ။ ရိုးတွင်းချဉ်ဆီမှ သွေးနီဥအများကြီးထုတ်စေတဲ့ ဖြည်းဖြည်းချင်းကြီးပွားတဲ့သွေးကင်ဆာအမျိုးအစားဖြစ်ပါတယ်။ သွေးဆဲလ်အမျိုးအစားအားလုံးကို သက်ရောက်ပေမယ့် သွေးနီဥအပေါ်မှာတော့ သက်ရောက်မှုအများဆုံးဖြစ်ပါတယ်။ သွေးဆဲလ်တွေူများလာခြင်းက သွေးခဲနိုင်ချေများခြင်းစတဲ့ နောက်ဆက်တွဲတွေကို ဖြစ်စေပါတယ်။ လက္ခဏာတွေက ဖြည်းဖြည်းချင်းသာ ကြီးထွားလာကြပါတယ်။ လက္ခဏာမပြခင် နှစ်ပေါင်းများစွာကြာနိုင်ပါတယ်။ အစောပိုင်းကုသမှုပေးနိုင်ခြင်းက ပြဿနာကိုသေးငယ်စေပါတယ်။ မကုသဘဲထားမယ်ဆိုရင်တော့ အသက်အန္တရယ်များစေပြီး ပိုပြင်းထန်တဲ့သွေးက်ငဆာကိုဖြစ်စေပါတယ်။ Polycythemia Vera (ပိုလီစိုက်သီးမီးရား ဗီရာ) က ဘယ်လောက်အဖြစ်များသလဲ ရောဂါက သိပ်တော့အဖြစ်မများပါဘူး။ အမျိုးသားတွေမှာ အမျိုးသမီးတွထက် ပိုအဖြစ်များပါတယ်။ အသက်၄၀အောက်တွေမှာ တွေရလေ့မရှိပါဘူး။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများPolycythemia Vera (ပိုလီစိုက်သီးမီးရား ဗီရာ) ရဲ့လက္ခဏာတွေကဘာတွေလဲ Polycythemia vera ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ လှဲနေချိန်တွင် အသက်ရှူခက်ခြင်း မူးဝေခြင်း သွေးထွက်များခြင်း အစာမကျေခြင်း ရင်ပြည့်ရင်ကယ်ခံစားရခြင်း( ဘေလုံးကြီးနေငြခ်းကြေင့်ဖြစ်ပါတယ်။ ) ခေါင်းကိုက်ခြင်း ယားယံခြင်း အထူးသဖြင့် ရေပူချိုးပြီးချိန်မှာ အရေပြားနီခြင်း အထူးသဖြင့်မျက်နှာ အသက်ရှူတိမ်ခြင်း အရေပြားအနီးသွေးပြန်ကြောများအတွင် သွေးခဲခြင်းလက္ခဏာများ အရေပြားပြာခြင်း မောပန်းနွမ်းနယ်ခြင်း အနီစက်များပေါ်ခြင်း အမြင်အာရု့ံ့ပိုင်းဆိုင်ရာပြဿနာများ သွေးနီဥများခြင်းက သွေးကုပျစ်စေပြီး သွေးလှည့်ပတ်မှုကိုနှေးစေတာကြောင့် သွေးခဲဖြစ်နိုင်ချေကိုများစေပါတယ်။ […]


အခြားသွေးရောဂါများ

Agnogenic Myeloid Metaplasia (AMM) (အကြောင်းအရင်းမသိသော ရိုးတွင်းခြင်ဆီဆဲလ်များ ပုံပြောင်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Agnogenic Myeloid Metaplasia (AMM) (အကြောင်းအရင်းမသိသော ရိုးတွင်းခြင်ဆီဆဲလ်များ ပုံပြောင်းခြင်း) ကဘာလဲ။ Agnogenic Myeloid Metaplasia ဆိုတာ နာတာရှည်ရောဂါတမျိုးဖြစ်ပြီး ရိုးတွင်းခြင်ဆီနေရာမှာ ဖိုင်ဘာတစ်သျှူးများ အစားထိုးပေါ်ပေါက်လာကာ သွေးများဟာ ရိုးတွင်းခြင်ဆီမှာ ဖြစ်ပေါ်မလာတော့ဘဲ အသည်းနဲ့ ဘေလုံးမှာသာ ဖြစ်လာတဲ့ အခြေအနေဖြစ်ပါတယ်။ ဒီရောဂါဖြစ်ရင် ဘေလုံးကြီးပြီး သွေးအားနည်းပါတယ်။ ဒီရောဂါကို AMM, chronic idiopathic myelofibrosis, idiopathic myelofibrosis, myelosclerosis with myeloid metaplasia နဲ့ primary myelofibrosis ဆိုပြီးတော့လည်း ခေါ်ဝေါ်ကြပါသေးတယ်။.   Agnogenic Myeloid Metaplasia (AMM) (အကြောင်းအရင်းမသိသော ရိုးတွင်းခြင်ဆီဆဲလ်များ ပုံပြောင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ ရှားပါးတဲ့ နာတာရှည်ရောဂါတမျိုးဖြစ်ပြီး လူတသိန်းမှာ တယောက်လောက်ဖြစ်ပွားကြပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် […]


သွေးအားနည်းရောဂါများ

Vitamin B12 Deficiency Anemia (ဗိုက်တာမင် ဘီ ၁၂ ( B12) ချို့တဲ့လို့ဖြစ်တဲ့သွေးအားနည်းခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Vitamin B12 Deficiency Anemia (ဗိုက်တာမင် ဘီ ၁၂ ( B12) ချို့တဲ့လို့ဖြစ်တဲ့သွေးအားနည်းခြင်း ) ကဘာလဲ။ သင့်မှာ ဗိုက်တာမင် ဘီ ၁၂ ( B12) ချို့တဲ့ တယ်ဆိုတာက သင့် ခန္ဓါကိုယ်အတွက် ဒီ ဗိုက်တာမင်အမျိုးအစား လုံလောက်မှုမရှိတော့တာကို ဆိုလိုပါတယ်။ ကျွန်ုပ်တို့ရဲ့ ခန္ဓါကိုယ်မှာ အောက်စီဂျင်ကို သယ်ပေးတဲ့သွေးနီဥတွေ ထုတ်လုပ်နိုင်ဖို့အတွက် ဗိုက်တာမင် B12 ကို လိုအပ်ပါတယ်။ အဲဒါကြောင့် ဗိုက်တာမင် B12 နည်းသွားပြီဆိုရင် အလုပ်လုပ်ဆောင် ပေးနေတဲ့ သွေးနီဥတွေ လုံလုံလောက်လောက် မထုတ်နိုင်တော့တဲ့ အတွက် သွေးအားနည်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ သွေးအားနည်းခြင်း ဖြစ်တဲ့အခါမှာ သင့်ကို အားအင်လျော့နည်းစေပြီး ပင်ပန်းလွယ်စေနိုင်ပါတယ်။ ဗိုက်တာမင် B12ချို့တဲ့ခြင်းက သင့်ရဲ့ အာရုံကြောတွေကိုလည်းထိခိုက်စေနိုင်တဲ့ […]


သွေးအားနည်းရောဂါများ

Folate Deficiency Anemia (ဖောလစ်အက်ဆစ်ချို့တဲ့ခြင်းကြောင့် ဖြစ်တဲ့ သွေးအားနည်းခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Folate Deficiency Anemia (ဖောလစ်အက်ဆစ်ချို့တဲ့ခြင်းကြောင့် ဖြစ်တဲ့ သွေးအားနည်းခြင်း ) ကဘာလဲ။ ဖောလစ်အက်ဆစ် ချို့တဲ့ခြင်း ကြောင့် ဖြစ်တဲ့ သွေးအားနည်းခြင်းဆိုတာ သွေးထဲမှာ ဖောလစ်အက်ဆစ် မရှိတာကို ခေါ်ပါတယ်။ folic acid(ဖောလစ်အက်ဆစ်) ဆိုတာဟာ သင့် ခန္ဓါကိုယ် အတွက် သွေးနီဥတွေ ထုတ်ပေးဖို့ ကူညီပေးနိုင်တဲ့ ဗိုက်တာမင် B တစ်မျိုးဖြစ်ပါတယ်။ သင့်မှာ သွေးနီဥတွေ လုံလုံလောက်လောက်မရှိရင် သွေးအားနည်းခြင်း ဖြစ်လာမှာပါ။ သွေးနီဥတွေဟာ ခန္ဓါကိုယ် အစိတ်အပိုင်းတွေအားလုံးကို အောက်စီဂျင် ပို့ဆောင်ပေးပါတယ်။ သွေးအားနည်းခြင်း ဖြစ်လာပြီဆိုရင်တော့ သွေးတွေကို တစ်ရှုး၊ အသားတွေအားလုံးဆီကို အောက်စီဂျင်တွေ လုံလုံလောက်လောက် မပို့ပေးနိုင်တော့ ပါဘူး။ အောက်စီဂျင် လုံလုံလောက်လောက် မရှိတဲ့ အတွက် သင့် ခန္ဓါကိုယ်ကလည်း လုပ်သင့်သလောက် ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ပါဘူး။ Folic […]


သွေးရောဂါများ

Blood Clots (သွေးခဲခြင်းနှင့်ပတ်သတ်ပြီး ဘာတွေသိထားသင့်သလဲ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Blood Clots (သွေးခဲခြင်းနှင့်ပတ်သတ်ပြီး ဘာတွေသိထားသင့်သလဲ) ကဘာလဲ။ ထိခိုက်ဒဏ်ရာရတဲ့အခါ ပေါက်ပြဲသွားတဲ့ နေရာမှာ သွေးတွေစုပုံလာပြီး သွေးတိတ်စေသော ဖြစ်စဉ်ကို သွေးခဲခြင်းလို့ခေါ်ပါတယ်။ မတော်တဆ ပြတ်ရှသွားပြီဆိုပါစို့။ သွေးခဲခြင်းဖြစ်စဉ် ဖြစ်ပေါ်လာပါပြီ။ သွေးထဲတွင်ပါဝင်သော သေးငယ်သည့် သွေးမွှားဆဲလ်လေးတွေဟာ ထိခိုက်ဒဏ်ရာရရာနေရာလို့သွားရောက်ပြီး ကနဦးသွေးခဲလေးတွေ ဖြစ်လာစေပါတယ်။ သွေးထဲရှိ သွေးခဲစေသော ပစ္စည်းများဟာ လျင်မြန်စွာ ဓါတ်ပြုမှုတွေဖြစ်ပြီး ဖိုက်ဘရင်လို့ခေါ်တဲ့ အမျှင်လေးဖြစ်လာကာ သွေးမွားဆဲလ်လေးတွေကို အတူတကွစုစည်းပေးထားပါတယ်။ နောက်ထပ်သွေးမွှားဆဲလ်လေးတွေ ထပ်ဝင်လာပြီး ပိုကြာကြာခံနိုင်တဲ့ သွေးခဲဖြစ်စေပြီး သွေးတိတ်သွားစေပါတယ်။ ခန္ဓါကိုယ်ထဲမှာရှိတဲ့ အခြားပရိုတင်းတွေက သွေးခဲကြီးလိုတာထက်ပိုမကြီးလာစေဖို့ ဘယ်အချိန်မှာ သွေးခဲခြင်းဖြစ်စဉ်ရပ်သင့်တယ်ဆိုတာကို ဆုံးဖြတ်ပေးပါတယ်။ အနာကျက်သွားတဲ့အခါ ဖိုက်ဖရင်အမျှင်အရည်ပျော်သွားပြီး သွေးမွှားဆဲလ်တွေလည်း ပုံမှန်သွေးထဲမှာ ရှိနေကျပုံစံမျိုး ပြန်ဖြစ်သွားပါတယ်။ Blood Clots (သွေးခဲခြင်းနှင့်ပတ်သတ်ပြီး ဘာတွေသိထားသင့်သလဲ) က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ်မရွေး အလွန့်အလွန်အဖြစ်များပါတယ်။ အန္တရယ်ရှိအချက်များကို ရှောင်ကျဉ်ခြင်းဖြင့် ရင်ဆိုင်နိုင်ပါတယ်။ […]


သွေးအားနည်းရောဂါများ

Anemia (သွေးအားနည်းရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Anemia (သွေးအားနည်းရောဂါ) ကဘာလဲ။ သွေးအားနည်းရောဂါဆိုသည်မှာ သင့်ခန္ဓါကိုယ်တွင် hemoglobin ( တစ်ရှူးများထံသို့ အောက်စီဂျင်သယ်ပေး သော ကျန်းမာသော သွေးနီဥဆဲလ်များ) မလုံလောက်သော ကြောင့် ခံစားရသော အခြေအနေတစ်ခု ဖြစ်သည်။ သွေးအားနည်းရောဂါ ဖြစ်ပါက သင့်ခန္ဓါကိုယ်သည် အောက် စီဂျင် လုံလောက်စွာ မရရှိ၍ လုပ်ငန်းကောင်းစွာ မလုပ်နိုင်ပါ။ သွေးအားနည်းရောဂါ အမျိုးအစား များစွာ ရှိပါသည်။ အဖြစ်အများဆုံး အမျိုးအစားများမှာ- သံဓါတ်ချို့တဲ့သော သွေးအားနည်းရောဂါ။ နာမည် အတိုင်းပင် သံဓါတ်ချို့တဲ့ပါက သံဓါတ်ချို့တဲ့သော သွေးအားနည်းရောဂါ ဖြစ်ပွားသည်။ သံဓါတ်မရှိပါက ရိုးတွင်းခြင်ဆီသည် လုံလောက်သော hemoglobin မထုတ်လုပ်နိုင်ပါ။ ဗီတာမင် ချို့တဲ့သော သွေးအားနည်းရောဂါ။ ကျန်း မာသော သွေးနီဥဆဲလ်များ ထုတ်လုပ်နိုင်ရန် folate နှင့် ဗီတာမင် ဘီ ၁၂ လိုအပ်သည်။ အချို့တွင် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း