သွေးရောဂါများ

ခန္ဓာကိုယ်ကျန်းမာရေးအတွက် သွေးက အရေးကြီးပါတယ်။ သွေးရောဂါတွေလို့ ဆိုလိုက်ရင် သွေးနီဥ၊ သွေးဖြူဥ၊ သွေးရည်ကြည်နဲ့ သွေးဥမွှားပြဿနာတွေ ပါဝင်ပါတယ်။ ဒါတွေကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွေးရောဂါများ

ဆွေမျိုးအချင်းချင်း သွေးမသွင်း သင့်တဲ့ အကြောင်းရင်း

ရုပ်ရှင်ထဲမှာဆိုရင်တော့ သားက ဒဏ်ရာရသွားရင် အမေကဖြစ်ဖြစ် 'ကျွန်မကိုယ်ထဲက သွေးကို ယူပါ။ သူ့ကို သွင်းပေးပါ' ဆိုပြီး ပြော၊ သွေးသွင်းပေး သက်သာလာဆိုတဲ့ Happy endingလေး ဖြစ်သွားတတ်ပါတယ်။ လက်တွေ့မှာလည်း ဒီလို လုပ်လို့ရတယ်ဆိုပြီး အမျိုးတစ်ယောက်ယောက် သွေးလိုလို့ သွားလည်း ပေးရော ဆရာဝန်က အမျိုးအချင်းချင်း သွေးသွင်းလို့ မရဘူးပြောရော။ ဘာလို့လဲ။ ကိုယ်အင်္ဂါတွေ လှူရင်တောင် ဆွေမျိုးနီးစပ်တွေထဲက လှူရတာ။ ဆွေမျိုးအချင်းချင်း သွေးမသွင်း သင့်တာက ဘာကြောင့်လဲ။ ဆွေမျိုးအချင်းချင်း သွေးမသွင်း သင့်တာ ဒါကြောင့်ပါ။ ဆွေမျိုးအချင်းချင်း သွေးသွင်းတဲ့အခါ အခန့်မသင့်ရင် Transfusion Associated Graft-Versus-Host Disease (TA-GVHD) ဆိုတာ ဖြစ်တတ်ပါတယ်။ ဒါက ရှားပေမယ့် ဖြစ်လာရင် သေနှုန်းက ၉၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ဟိုးအရင်တုန်းက […]

သွေးရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

သွေးရောဂါများ ကို ရှာဖွေမည်။

သွေးအားနည်းရောဂါများ

သံဓါတ်နည်းတဲ့သူရာ သံဓါတ်များနေတဲ့သူရော သိထားသင့်တဲ့ သံဓါတ်များတဲ့ အစားအသောက်များ ။ ။

အစားအသောက်တိုင်းကတော့ သူအာဟာရနဲ့သူ ရှိကြတဲ့သူချည်းပါပဲ။ အစာလည်းဆေး ဆေးလည်းအစာဆိုသလို တစ်ချို့ အစားအသောက်တွေက ဆေးဖြစ်ပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့ စကားကလည်းရှိသေးတော့ များများစားမိရင် ဘေးဖြစ်စေတဲ့ အစားအသောက်တွေကလည်း တစ်ပုံကြီးပါ။ ခုပြောပြမယ့် ဆောင်းပါးလေးကတော့ သံဓါတ်အားနည်းတဲ့သူတွေအတွက် ဆေးဖြစ်ပေမယ့် သံဓါတ်များတဲ့သူတွေ အတွက် ဘေးဖြစ်စေမယ့် သံဓါတ်များတဲ့ အစားအသောက်တွေ အကြောင်းပြောပြပေးမှာပါ ။ ။ ( ၁ ) Shell fish ( အခွံမာပင်လယ်စာ) ဒီ အခွံမာတဲ့ပင်လယ်စာတွေကိုတော့ မသိတဲ့သူရှိမယ်လို့ မထင်ပါဘူး။ စားရတာလည်း အရသာရှိသလို အာဟာရတွေလည်း အပြည့်ရှိတဲ့ အစားအသောက်တွေပါ။ အထူးသဖြင့် ဂုံးတို့ ၊ကမာတို့ ခရုတို့ဟာ သံဓါတ်များတဲ့ အစားအသောက်တွေပါ။ ဂုံး ၁၀၀ ဂရမ်မှာ သံဓါတ် ၂၈ မီလီဂရမ် ပါဝင်ပြီး ပါတဲ့ သံဓါတ်အမျိုးအစားကလည်း […]


သွေးအားနည်းရောဂါများ

နှုတ်ခမ်းပေါ်မှာ မှဲ့မဟုတ်တဲ့ အမည်းစက်လေးတွေ ပေါ်လာတာ ဘာကြောင့်လဲ ။ ။

မှန်ထဲကြည့်လိုက်တဲ့အခါ ကိုယ့်နှုတ်ခမ်းမှာ မှဲ့လည်းမဟုတ် ပေနေတာလည်းမဟုတ်တဲ့ အမည်းစက်တစ်ခု တွေ့လိုက်ရတဲ့အခါ ခေါင်းထဲ အတွေးများသွားမှာတော့ ကျိန်းသေပါတယ်။ စိုးရိမ်စရာတွေရှိလား။ ဘာ့ကြောင့်များဖြစ်တာလဲ ။ ။ အများအားဖြင့် ဒီလို နှုတ်ခမ်းမှာပေါ်တဲ့ အမည်းစက်လေးတွေက စိတ်ပူစရာတော့မရှိပါဘူး။ ဒါပေမယ့် သူ့ကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေ အပေါ်မှာတော့ မူတည်တာပေါ့။ ဒါဆို နှုတ်ခမ်းမှာ အမည်းစက်တွေ ပေါ်တာ ဘာ့ကြောင့် ဖြစ်ရတာလဲ ။ ။ ဗီတာမင် B12 ချို့တဲ့ခြင်း - သွေးအားကောင်းစေဖို့အတွက်သာမက အသားရောင်ညီညာစေဖို့အတွက်လိုအပ်တဲ့ ဗီတာမင် B12 ချို့တဲ့သွားတဲ့အခါ နှုတ်ခမ်းမှာ အမည်းစက်လေးတွေ ဖြစ်လာမယ့်အပြင် အသားအရေလည်း ညိုတစ်ကွက် ဖြူတစ်ကွက်နဲ့ မညီညာဘဲဖြစ်နေတတ်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်း - ရေများများ မသောက်တဲ့အခါ နှုတ်ခမ်းခြောက်သွားတာမျိုး၊ နှုတ်ခမ်းကွဲတာမျိုးတွေ အားလုံးဖြစ်ဖူးကြမှာပါ။ ဖြစ်သွားတဲ့အနာလေးတွေ ပြန်ကျက်တဲ့အခါ အမာရွတ်ကျန်တာမျိုးတွေကနေလည်း နှုတ်ခမ်းမှာ အမည်းစက်တွေပေါ်လာတတ်ပါတယ်။ သံဓာတ်များခြင်း […]


သွေးအားနည်းရောဂါများ

ရိုးတွင်းခြင်ဆီရဲ့ လုပ်ငန်းတာဝန်တွေက ဘာတွေများလဲ ။ ။

အရိုးဖွဲ့စည်းမှု စနစ်ကြီးဆိုတာ ကိုယ်ခန္ဓါမှာ အမာဆုံးနဲ့ လူတစ်ယောက်ရဲ့ ကိုယ်ခန္ဓါအချိုးအစားကို ပုံဖော်ပေးနေတဲ့အရာတစ်ခုပါ။ လှုပ်ရှားသွားလာရလွယ်ကူအောင်၊ အလေးအပင်မနိုင်အောင် အတွက်ပဲ အရိုး တွေက အလုပ်လုပ်ပေးတာမဟုတ်ပါဘူး။ ဒီ အရိုးထဲမှာရှိတဲ့ရိုးတွင်းခြင်ဆီက ဒါတွေအပြင် သွေးထုတ်လုပ်ပေးတဲ့ လုပ်ငန်းအပြင် အခြား လုပ်ငန်းတာဝန်တွေကိုလည်း ယူရပါသေးတယ်။ ဒီတော့ ရိုးတွင်းခြင်ဆီရဲ့ လုပ်ငန်းတာဝန်တွေက ဘာများလဲ ။ ။ ရိုးတွင်းခြင်ဆီဆိုတာ ဘာလဲ။ ။ ရိုးတွင်းခြင်ဆီဆိုတာ အရိုးထဲမှာ တစ်ရှုးပွပွတွေနဲ့ဖွဲ့စည်းထားတဲ့ အရာဖြစ်ပါတယ်။ ရိုးတွင်းခြင်ဆီ ၂ မျိုးရှိပါတယ် Red Bone Marrow – သွေးဆဲလ်တွေထုတ်ပေးပြီး Yellow Bone Marrow - အဆီတွေ ကိုသိမ်းပေးပါတယ် ။ ဒါက အကြမ်းဖျင်းပဲရှိသေးတာပါ။ ဒီထက်ပိုပြီး အသေးစိပ်ကျတဲ့ ရိုးတွင်းခြင်ဆီရဲ့ လုပ်ငန်းတွေရှိပါတယ်။ ရိုးတွင်းခြင်ဆီရဲ့ လုပ်ငန်းတာဝန်များ ။ ။ Red […]


သွေးအားနည်းရောဂါများ

သွေးအားနည်းရင် ဒါတွေစားပါ

သွေးအားနည်းလို့ဆိုရင် အားဆေးတွေပဲအားကိုးကြတာများပါတယ်။ ဒါပေမယ့် အမြဲတမ်းတော့ အားဆေးက မကယ်တင်နိုင်ပါဘူးနော်။ ဖြည့်စွက်အားဆေးဆိုမှတော့ ဖြည့်စွက်ရမှာပေါ့။ ကျန်းမာရေးအတွက် အစာအာဟာရနဲ့တွဲကူမှဖြစ်မှာပါ။သွေးအားကောင်းစေမယ့်၊သံဓါတ်ကြွယ်ဝတဲ့အစားအစာတွေ ဆိုတာ ခက်ခက်ခဲခဲရှာဖို့မလိုပါဘူး။ ကိုယ်နေ့တိုင်းစားသုံးနေတဲ့အထဲမှာကို ပါဝင်နေတာဆိုတော့ နည်းနည်းပိုစားပေးရုံပေါ့။ မဟုတ်ဘူးလား။ အမဲသား အမဲသားရှောင်တဲ့သူဆိုရင်တော့အောက်မှာဆက်ပြောမယ့် အစားအစာတွေထဲကရွေးချယ်လို့ရပါတယ်။ အမဲသားက သံဓါတ်များများရရှိနိုင်မယ့် အရင်းအမြစ်တစ်ခုဖြစ်တဲ့အတွက် မကြာမကြာစားသုံးပေးသင့်ပါတယ်။ ကြက်သား အမဲသားမစားဘူးဆိုလည်း ကြက်သား၊ဘဲသားနဲ့ ကြက်ဆင်သားတွေကလည်း သံဓါတ်ကြွယ်ဝပါတယ်။ ဘဲသား ခပ်ရွယ်ရွယ်တစ်တုံးမှာ သံဓါတ် ၂.၃ မီလီဂရမ်ပါဝင်ပါတယ်။ ကြက်သားနဲ့ကြက်ဆင်သားမှာဆိုရင် ၁ မီလီဂရမ်ပေါ့။ အစိမ်းရောင်၊ အရောင့်ရင့်ရင့် အရွက်တွေ ကိုက်လန်၊ ဟင်းနုနွယ်၊ မုန်ညင်းစိမ်းစတဲ့ အစိမ်းရောင်အရွက်တွေက သံဓါတ်အားကောင်းစေနိုင်ပါတယ်။ကြော်စားစား၊ ဟင်းရည်ထဲခတ်စားစား၊ သုပ်စားစားကောင်းပါတယ်နော်။ ငါး ပရိုတင်းကြွယ်ဝပြီး အဆီနည်းတဲ့ သံဓါတ်အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။း၊ မြစ်ချောင်းထဲကဖမ်းလာတဲ့သဘာဝငါးဖြစ်ဖြစ် မွေးမြူရေးငါးဖြစ်ဖြစ် အချိုးအဆတော့မတူပေမယ့် အာဟာရဓါတ်ပါဝင်မှုချင်းတော့ အတူတူပါပဲ။ တူနာငါး၊ ငါးသေတ္တာငါးနဲ့ မက်ခရယ်ငါးတို့ဆို ပိုကောင်းပါတယ်။ ပုဇွန်နဲ့ခရု အသားငါးတွေမစားချင်လို့ သံဓါတ်မရတော့ဘူး ထင်နေပါသလား။ ပင်လယ်စာတွေစားရင်းနဲ့လည်း သံဓါတ်ရရှိနိုင်ပါတယ်။ […]


အခြားသွေးရောဂါများ

Hemophagocytic lymphohistiocytosis (HLH) (Hemophagocytic lymphohistiocytosis (HLH))

အဓိပ္ပါယ်ဖွင့်ဆိုချက်Hemophagocytic lymphohistiocytosis (HLH) ဆိုတာဘာလဲ။ Hemophagocytic lymphohistiocytosis (HLH) ဆိုတာက တက်ကြွနေတဲ့ခုခံအားစနစ်ကဆဲလ်တွေ (မက်ခရိုဖာ့ခ်ျနဲ့ လင်ဖိုဆိုက်) ခန္ဓါကိုယ်မှာ အများကြီးဖြစ်လာတဲ့အခြေအနေတစ်ခု ဖြစ်ပါတယ်။ HLH ရှိသူတွေမှာ များသောအားဖြင့် အသက် တစ်လ သို့မဟုတ် တစ်နှစ်အတွင်း လက္ခဏာပေါ်လာပါတယ်။ လက္ခဏာတွေမှာ ဖျားခြင်း၊ အသည်း ဘေလုံးကြီးခြင်း၊ cytopenia (သွေးဆဲလ်များကျခြင်း) နှင့် အာရုံကြောစနစ်မူမမှန်ခြင်းများ ပါဝင်ပါတယ်။   Hemophagocytic lymphohistiocytosis (HLH) ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Hemophagocytic lymphohistiocytosis (HLH) က ရှားပါတဲ့ ကိုယ်ခံအားစနစ်ရောဂါဖြစ်ပြီး နို့စို့အရွယ်တွေနဲ့ ကလေးငယ်တွေမှာ အဖြစ်များပါတယ်။ ဒါပေမယ့် ဘယ်အရွယ်မှာမဆို ဖြစ်နိုင်တာကို သိထားပါ။ ဆွီဒင်နိုင်ငံက လူဦးရေအခြေပြုတဲ့ လေ့လာမှုတစ်ခုအရ ကလေး ၁ သန်းမှာ ၁.၂ ယောက်နှုန်း၊ […]


သွေးအားနည်းရောဂါများ

Porotic Hyperostosis (Porotic Hyperostosis)

အဓိပ္ပါယ်ဖွင့်ဆိုချက်Porotic hyperostosis ဆိုတာဘာလဲ။ Porotic hyperostosis က ဦးခေါင်းခွံကအရိုးတွေကို ထိတဲ့ရောဂါတစ်ခုဖြစ်ပါတယ်။ အရိုးတွေမှာ အပေါက်များနေတာ ပွနေတာကိုကြည့်ပြီး ဒီရောဂါကို သတ်မှတ်ပါတယ်။ ပွယောင်းတဲ့တစ်ရှူးတွေက ကြီးထွားမြန်တာမို့ ဖောင်းလားပြိး အရိုးမျက်နှာပြင်က တစ်ရှူးတွေပါးပါးပြီး အပေါက်တွေဖြစ်လာရပါတယ်။ ကြီးထွားလာတဲ့ ဦးခေါင်းခွံရိုး ဒါမှမဟုတ် တခြားအရိုးထဲမှာ ပွယောင်းနေတဲ့ချဉ်ဆီတွေကို မြင်နိုင်တယ်လို့ဆိုပါတယ်။   Porotic hyperostosis ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ အချက်အလက်တွေကို ထပ်ပြီးသိလိုတယ်ဆိုရင် ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။ ရောဂါလက္ခဏာများPorotic hyperostosis ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Porotic hyperostosis ရဲ့ အဖြစ်အများဆုံးလက္ခဏာတွေကတော့ နားနေစဉ်ဖြစ်ဖြစ် လှုပ်ရှားနေစဉ်ဖြစ်ဖြစ် အားနည်းနေတာ၊ နှုံးနေတာ မကြာခဏခေါင်းကိုက်ခြင်း စဉ်းစားလို့မရ အာရုံစိုက်လို့မရဖြစ်ခြင်း စိတ်တိုလွယ်နေခြင်း အပေါ်မှာပြောထားတဲ့လက္ခဏာတွေထဲမှာ မပါသေးတဲ့တခြားလက္ခဏာတွေလည်း ရှိနေနိုင်ပါတယ်။ တစ်ကယ်လို့များ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခု ရှိနေနိုင်လားဆိုပြီး စိုးရိမ်နေရင်တော့ ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။ သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ […]


သွေးအားနည်းရောဂါများ

သွေးနီဥအားနည်းတယ် ဘာတွေစားရမလဲ

အားနည်းနေသလိုခြေကုန်လက်ပမ်းကျသလိုခံစားနေရပြီလား။ ဒါတွေကသွေးအားနည်းမှုရဲ့ လက္ခဏာတွေဖြစ်နေနိုင်တယ်နော်။ တစ်နေ့တာရဲ့လုပ်ငန်းဆောင်တာတွေကိုကောင်းကောင်းလုပ်ဆောင်နိုင်ဖို့ အားမရှိသလို ခံစားနေရပြီဆိုရင် ခန္ဓါကိုယ်ထဲမှာသွေးနီဥအားနည်းနေတာကြောင့်သွေးအားနည်းရောဂါခံစားနေရတာဖြစ်နိုင်ပါတယ်။ ကိုယ်တွင်းမှာသွေးနီဥအားနည်းလာတဲ့အခါ ခန္ဓါကိုယ် အစိတ်အပိုင်းတွေဆီကိုအောက်ဆီဂျင် ရောက်ရှိနိုင်မှုက ခက်ခဲလာပြီး ပင်ပန်းနွမ်းနယ်မှုကို ပိုမိုခံစားရနိုင်ပါတယ်။ သွေးနီဥဆဲလ်တွေဆိုတာက သွေးနီဥဆဲလ်တွေက လူတွေရဲ့သွေးတွေထဲမှာ အများဆုံးတွေ့ရနိုင်တဲ့သွေးဆဲလ်တွေပါ။ ခန္ဓါကိုယ်က တစ်နေ့တာမှာသွေးနီဥဆဲလ် သန်းပေါင်းများစွာကို ထုတ်လွှတ်ပါတယ်။သွေးနီဥဆဲလ်တွေကို ရိုးတွင်းခြင်ဆီတွေကနေ ထုတ်လုပ်ပေးတာဖြစ်ပြီး ခန္ဓါကိုယ်ထဲမှာ ရက်ပေါင်း ၁၂၀လောက်လှည့်လည် စီးဆင်းပါတယ်။ပြီးတဲ့နောက်မှာတော့ အသည်းဆီကိုရောက်ရှိသွားပြီးနောက်တစ်ကြိမ် အသစ်ဖြစ်ပေါ်မှုလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်ပါတယ်။ သွေးနီဥအားနည်းနေရင် ဘယ်လိုလက္ခဏာတွေ တွေ့ရနိုင်လဲ ခန္ဓါကိုယ်မှာသွေးနီဥအားနည်းနေတဲ့အခါ နှလုံးခုန်မြန်မယ် နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ဘဲဖြစ်မယ် အရေပြားကဖျော့တော့နေမယ် သွားဖုံးတွေဖြူနေမယ် မကြာခဏဆိုသလို အရေပြားမှာ အညိုအမဲစွဲမယ် မကြာခဏခေါင်းကိုက်မယ် စတဲ့ ပင်ပန်းနေမယ် ကြွက်သားတွေ အားနည်းလာမယ် စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။ သွေးနီဥအားနည်းစေတဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ........ ခန္ဓါကိုယ်မှာသွေးနီဥ အားနည်းစေတဲ့အချက်က တစ်ခုမကရှိနေနိုင်ပါတယ်။သွေးနီဥအားနည်း အများစုကသွေးအားနည်းရောဂါကို ခံစားနေကြရတာပါ။ သံဓါတ်ချို့တဲ့မှုကြောင့် ဗီတာမင် B12 ချို့တဲ့မှုကြောင့် […]


အခြားသွေးရောဂါများ

သင့်သွေးဖြင့် အသက်ကယ်ပါ

သွေးလှူခြင်းဆိုတာ လူတိုင်းနဲ့ ရင်းနှီးပြီးသား စာလုံးလေးပါ။ ကိုယ့်သွေးကြောင့် တပါးသူ ကျန်းမာပျော်ရွှင်လာစေမယ်ဆိုတဲ့ အသိတခုတည်းနဲ့တင် သွေးလှူရတာ တန်နေပါပြီ။ အကြိမ်ရေ ရာပေါင်းများစွာ လှူဖူးသူတွေ ရှိတာလည်း သတင်းစာတွေထဲမှာ ဖတ်ဖူးကြမှာပါ။ လိုအပ်နေသူကို လှူဒါန်းရတဲ့ ကာလဒါနဖြစ်တဲ့အပြင် မိမိခန္ဓါကိုယ်ရဲ့ အသွေးအသား အစိတ်အပိုင်းကို လှူဒါန်းရခြင်းဖြစ်တဲ့အတွက် လောကီလောကုတ် နှစ်ဖြာအကျိုးကိုလည်း ပွားစေပါတယ်။ ဒါကြောင့် လူမှုရေးရှုထောင့်ကပဲ ကြည့်ကြည့်၊ဘာသာရေးရှုထောင့်ကပဲ ကြည့်ကြည့် နှစ်ဦးနှစ်ဖက် အင်မတန် အကျိုးများတဲ့ သွေးလှူခြင်းအကြောင်း တစေ့တစောင်းကို ဒီဆောင်းပါးလေးမှာ မျှဝေပေးသွားပါမယ်။   ဘယ်လိုလူတွေ သွေးလိုအပ်သလဲ   သဘာဝဘေးအန္တရာယ် ဒါမှမဟုတ် မတော်တဆမှုတွေ၊အရေးပေါ်အခြေအနေတွေကြောင့် ထိခိုက်ဒါဏ်ရာ ပြင်းထန်စွာရသူတွေ။ ခွဲစိတ်မှုခံယူရင်း သွေးအလွန်အကျွံဆုံးရှုံးသူတွေ။ ကိုယ်ဝန်ဆောင်ချိန် သွေးသွန်သူတွေ၊သားပျက်သားလျှောဖြစ်သူတွေ၊ကလေးမီးဖွားရင်း သွေးအလွန်အကျွံဆုံးရှုံးသူတွေ။ Thalassemia လို ရောဂါမျိုးကြောင့် သွေးအားနည်းရောဂါကို အပြင်းအထန် ခံစားနေရပြီး သွေးမကြာခဏသွင်းဖို့ လိုအပ်နေသူတွေအနေနဲ့ သွေးသွင်းကုသမှု ခံယူဖို့လိုအပ်ပါတယ်။ ဒါကြောင့် သင့်သွေးဟာ […]


အခြားသွေးရောဂါများ

သွေးဆိပ်သင့်ခြင်း

သွေးဆိပ်သင့်ခြင်းဆိုတာ အချို့သော ဘက်တီးရီးယားပိုးမွှားများ ကူးစက်ခံရခြင်းကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ခု ဖြစ်ပါတယ်။ ဖြစ်တောင့်ဖြစ်ခဲ ရှားပါးတဲ့ အခြေအနေတစ်ခုဖြစ်ပြီး ဖြစ်လာခဲ့ရင်လည်း လူ့အသက်ကို သေစေနိုင်တဲ့အထိ ဆိုးရွားပြင်းထန်တတ်ပါတယ်။ သွေးဆိပ်သင့်ခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေကတော့ စုပ်ယူမှုအား အလွန်ကောင်းတဲ့ အမျိုးသမီးလစဉ်သုံး tampon များ၊ အရေပြားပေါ်ရှိ ပြတ်ရှဒဏ်ရာ၊ မီးလောင်ဒဏ်ရာများ၊ လတ်တလောတွင် ခွဲစိတ်ကုသမှု ခံယူထားရခြင်း၊ သန္ဓေတားရန်အသုံးပြုသည့် ပစ္စည်းများ၊ တုတ်ကွေး၊ ရေကျောက်စတဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှုများပဲ ဖြစ်ပါတယ်။ အောက်ဖော်ပြပါ အကြံပြုချက်တွေအတိုင်း လိုက်နာဆောင်ရွက်ခြင်းအားဖြင့် သွေးဆိပ်သင့်နိုင်တဲ့ အလားအလာကို လျော့ချနိုင်မှာ ဖြစ်ပါတယ်။ အမျိုးသမီးလစဉ်သုံး tampon များကို မကြာခဏ လဲလှယ်ပေးပါ၊ အနည်းဆုံး ၄နာရီ မှ ၈နာရီခြားတစ်ကြိမ် လဲလှယ်ပေးပါ ရာသီသွေးဆင်းနည်းချိန်များတွင် အသေးစား လစဉ်သုံးပစ္စည်းများကိုသာ အသုံးပြုပါ ယခင်က သွေးဆိပ်သင့်ဖူးသည့် ရောဂါရာဇဝင်ရှိလျှင်၊ […]


သွေးအားနည်းရောဂါများ

သံဓါတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါအတွက် စားသောက်မှုပုံစံ

သွေးအားနည်းရောဂါဖြစ်စေတဲ့ အကြောင်းအရင်းပေါင်းများစွာရှိပါတယ်။ ဖော်လစ်အက်စစ်နဲ့ ဗီတာမင်B12 ချို့တဲ့ခြင်းတို့လဲ အပါအဝင်ပါပဲ။ သွေးအားနည်းရောဂါရဲ့ ဆိုလိုရင်းကတော့ သာမန်ထက် သွေးနီ်ဥအရည်အတွက် နည်းခြင်း။ ဒါမှမဟုတ် သွေးနီဥတစ်ခုချင်းစီမှာ ဟီမိုဂလိုဗင် နဂိုရှိသင့်တာထက်နည်းနေခြင်း။ ဖြစ်ပါတယ်။ ဘယ်ဆိုလိုရင်းပဲဖြစ်ဖြစ် သွေးထဲမှာ အောက်စီဂျင်နည်းသွားတာပါပဲ။ ထိုသို့ဖြစ်ခြင်းက ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ရှုတ်ခြင်း၊ သတိလစ်ခြင်းနဲ့ အသက်ရှုမဝခြင်းလိုမျိုး လက္ခဏာတွေ ရရှိလာစေပါတယ်။ သွေးအားနည်းရောဂါရဲ့ အကြောင်းအရင်းပေါ်မူတည်ပြီး အခြားရောဂါလက္ခဏာတွေလည်း ရှိလာနိုင်ပါတယ်။ သံဓါတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါဆိုတာဘာလဲ။ သံဓါတ်လုံလောက်စွာ ပါဝင်သော အစားအစာတွေကို မစားသုံးခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ အစားအသောက်ချို့တဲ့သော်လည်း သံဓါတ်လုံလောက်တယ်ဆိုရုံမျှရရှိနေကြသော လူအချို့မှာ အခြားအချက်တွေပါရောထွေးလာရင် သွေးအားနည်းရောဂါရရှိလာမှာပါ။ ဥပမာတွေကတော့ ကလေးတွေ ကြီးကောင်ဝင်လာခြင်းနဲ့ မိန်းမတွေမှာကိုယ်ဝန်ဆောင်ခြင်း၊ ရာသီအများအပြားလာခြင်းတို့ပဲဖြစ်ပါတယ်။ သတ်သတ်လွတ်သမားအချို့ရဲ့ စားသောက်မှုပုံစံမှာလည်း သံဓါတ်လုံလောက်စွာ မပါဝင်တတ်ကြပါဘူး။ သံဓါတ်ရဲ့ အရေးကြီးမှုတွေက ဘာလဲ။ အဓိကလုပ်ငန်းဆောင်တာကတော့ ခန္ဓါကိုယ်အနှံ့အောက်စီဂျင်ပို့ဆောင်ပေးဖို့ပဲဖြစ်ပါတယ်။ အဆုတ်ကနေ ခန္ဓါကိုယ်တစ်လျောက်ကိုပို့ဆောင်ပေးတဲ့ ဟီမိုဂလိုဗင်ဒြပ်ပေါင်း၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ အဓိကသံဓါတ်သိုလှောင်ပေးတဲ့နေရာတွေက အသည်းနဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း