အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတစ်လျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ သူတို့ကို အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ ပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ

သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၄ ဦးမှာ ၁ ဦးက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် ခံရဖူးပါတယ်။ အကြမ်းဖျင်းအားဖြင့် အမျိုးသမီး ၈ ဦးမှာ ၁ ဦးနှုန်းဟာ အလုပ်ခွင် ဒါမှမဟုတ် သူတို့ ကျင်လည်ရာ လူမှုပတ်ဝန်းကျင်မှာ နှုတ်အားဖြင့် ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ခံစားရဖူးပါတယ်။ ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ လေ့လာမှုကို ၇ နှစ်ကြာ လုပ်ဆောင်ခဲ့ပါတယ်။ လေ့လာမှုမှာ အမျိုးသမီး အသက် ၅၃ နှစ် ဝန်းကျင် အမျိုးသမီး ၃၃၁၂၇ ဦး […]

အမျိုးသမီး ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

ရာသီလာခြင်း

လေဒီလေးတိုင်း သိထားသင့်တဲ့ ရာသီအကြိုလက္ခဏာ များ

လစဉ်တိုင်း ကြုံရတဲ့ ပြဿနာ မတိုင်ခင် ကြိုတင်ပြင်ဆင်နိုင်စေဖို့အတွက် ရာသီအကြိုလက္ခဏာ တွေက ဘာတွေလဲ။ ကိုယ်တိုင်မှာရော ဒီ လက္ခဏာတွေ ရှိနေပြီလား ဆိုတာကို ဒီ ဆောင်းပါးလေး ဖတ်ရင်း ဆန်းစစ်ကြည့်ရအောင် လေဒီတို့ရေ ....... ရာသီအကြိုလက္ခဏာဆိုတာ ဘာလဲ။ ရာသီမလာခင် တစ်ပတ် ဒါမှမဟုတ် ၂ ပတ်လောက် အလိုကတည်းက လေပွတာ၊ ခေါင်းကိုက်တာ၊ စိတ်ခံစားမှု မကောင်းတာ၊ စိတ်ထိခိုက်လွယ်တာ လိုမျိုး လက္ခဏာတွေ ခံစားရလေ့ရှိပါတယ်။ လစဉ် ခံစားရတဲ့ ဒီ လက္ခဏာတွေကို ရာသီအကြိုလက္ခဏာ တွေလို့ ခေါ်တာပါ။ ဒီ ရာသီအကြို လက္ခဏာတွေကို အမျိုးသမီး ၈၅ ရာခိုင်နှုန်းလောက် ခံစားကြရပါတယ်။အချို့က သိပ်မပြင်းထန်ပေမယ့် အချို့မှာကျ ရာသီအကြို လက္ခဏာက တော်တော်လေး ပြင်းထန်တတ်ကြပါတယ်။ ဒီတစ်ခေါက်တော့ လေဒီ […]


မီးယပ်သွေးဆုံးခြင်း

သွေးဆုံးကိုင်ခြင်း ဝေဒနာအတွက် ရိုးရှင်းတဲ့ အိမ်တွင်းကုထုံးများ

သွေးဆုံးတယ်ဆိုတာ အသက်အရွယ်ကြီးရင့်တဲ့ အမျိုးသမီးတွေ ခံစားရတဲ့ ဖြစ်စဉ်တစ်ခုပါ။ အသက် ၄၅ နှစ်နဲ့ ၅၀ အကြားမှာ ဖြစ်တတ်ပါတယ်။ သင်ဟာ အမျိုးသမီး တစ်ယောက်ဆိုရင် ဒီအရာကို မလွဲမသွေ ကြုံတွေ့ရမှာပါ။ သွေးဆုံးခြင်းရဲ့ နောက်ကွယ်က သွေးဆုံးကိုင်ခြင်း လက္ခဏာတစ်ခုချင်းစီကို ရိုးရှင်းတဲ့ အိမ်တွင်းကုထုံးတွေနဲ့ ဖြေရှင်းကြည့်ရအောင်။ သွေးဆုံးကိုင်ခြင်း ဝေဒနာအတွက် ရိုးရှင်းတဲ့ အိမ်တွင်းကုထုံးများ သွေးဆုံးကိုင်ခြင်း ဝေဒနာအတွက် ရိုးရှင်းတဲ့ အိမ်တွင်းကုထုံးများ ကတော့ အေးမြစွာနေထိုင်ခြင်းနဲ့ သက်တောင့်သက်သာရှိရှိ ပြုမူခြင်း။ ဖိန်းတိန်းရှိန်းတိန်းဖြစ်ခြင်း၊ ပူလောင်ခြင်းလက္ခဏာတွေကို ရင်ဆိုင်နေတဲ့အခါ ဘာလုပ် သင့်သလဲ။ ခပ်ပွပွနဲ့ သက်တောင့်သက်သာရှိတဲ့၊ ချောင်ချိတဲ့အဝတ်အစားတွေကို ရွေးချယ် ဝတ်ဆင်ပါ။ အထူးသဖြင့် ညအချိန်နဲ့ ပူပြင်းတဲ့ရာသီ ဥတုများမှာပေါ့။ သွေးဆုံးကိုင်ဝေဒနာ ခံစားရတဲ့အခါ ချွေးစေးများ ထွက်လာကာ အိပ်ပျော်နေစဉ် မကြာခဏ လန့်နိုးတတ်ပါတယ်။ ထို့အတွက် သင့်ရဲ့အိပ်ခန်းကို […]


မီးယပ်သွေးဆုံးခြင်း

သွေးဆုံးခြင်းဖြစ်စဉ်ဟာ သဘာဝပါ

အမျိုးသမီးတစ်ယောက်ဟာ တစ်နှစ်လုံးလုံး ဆက်တိုက်သွေးမဆင်းတော့ဘူး။ ရာသီမလာနိုင်တော့ဘူးဆိုရင် သွေးဆုံးပြီလို့ သတ်မှတ်ကြပါတယ်။ ဒါဆိုရင် ကိုယ်ဝန်လည်းမရနိုင်တော့ပါဘူး။ အသက် (၄၅) နှစ်နဲ့ (၅၅)နှစ်ကြားမှာ သွေးဆုံးခြင်း ဖြစ်ပေါ်တတ်ပါတယ်။ တစ်ဦးနှင့်တစ်ဦးတော့ မတူပါဘူး။ အချို့လည်း ဒီအသက်ထက်ပိုကြီးမှ သွေးဆုံးတတ်ကြပါတယ်။ သွေးဆုံးချိန်မှာ ဖိန်းတိန်းရှိန်းတိန်းဖြစ်ခြင်း၊ ရင်တုန် မောပန်း၍ စားမဝင်အိပ်မပျော်ခြင်း၊ အိပ်ပျော်နေစဉ် ခဏခဏလန့်နိုးခြင်း၊ ချွေးစေးများ ထွက်လာခြင်း၊ ဝလာခြင်းတွေ ဖြစ်လာတတ်ပါတယ်။ အမျိုးသမီးတော်တော်များများအတွက်တော့ သွေးဆုံးခြင်းအတွက် ဆေးကုသဖို့ မလိုအပ်ပါဘူး။ သွေးဆုံးချိန်မှာ သွေးဆုံးကိုင်ဝေဒနာတွေ ခံစားရတတ်ပါတယ်။ [ ‘Perimenopause’ ဆိုတဲ့ သွေးဆုံးမှုအကြိုအချိန်မှာ ဟော်မုန်းတွေ စတင်ပြောင်းလဲတတ်ပါတယ်။] အမျိုးသမီးတွေဟာ အသက် ၄၅ နှစ်ကနေ ၅၀ အကြားမှာ သွေးဆုံးလေ့ရှိကြတယ်ဆိုပေမဲ့ ဒီအရွယ်မတိုင်ခင် သွေးဆုံးနိုင်သူတွေလည်း ရှိပါတယ်။ ဒါကို ‘ Early menopause’  […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ်ခြောက်သွေ့ခြင်းရဲ့ တရားခံ

ကျန်းမာတဲ့ မိန်းမကိုယ်ရဲ့ အပြင်ဘက်မှာ စွတ်စိုမှု အနည်းငယ်တော့ ရှိနိုင်ပါတယ်။ ဒီလိုစွတ်စိုမှသာ မိန်းမကိုယ် ယားယံတာမျိုး မဖြစ်မှာပါ။ ဒါ့အပြင် ချောဆီအဖြစ်နဲ့ လိင်ဆက်ဆံနေစဉ် ပွန်းပဲ့ထိခိုက်ခြင်း မဖြစ်အောင်၊ သုက်ပိုးများကို မိန်းမကိုယ်တွင်း အချိန်ကြာမြင့်စွာ ရှင်သန်စေပြီး မျိုးအောင်စေဖို့လည်း ကူညီပေးပါတယ်။ ဒါကြောင့် မိန်းမကိုယ် ကျန်းမာရေးနဲ့ ပတ်သက်လာရင် မခြောက်လွန်း၊ မစိုလွန်းတဲ့ pH7 ပမာဏကို ထိန်းဖို့ လိုတယ်လို့ ပြောရခြင်း ဖြစ်ပါတယ်။ ဘယ်လို အခြေအနေတွေဟာ မိန်းမကိုယ် ခြောက်သွေ့ခြင်းကို ဖြစ်စေနိုင်လဲ။ အမျိုးသမီးများတွင် အက်စထရိုဂျင် (Estrogen) လို့ ခေါ်တဲ့ မဟော်မုန်း နည်းလာခြင်းဟာ မိန်းမကိုယ် ခြောက်သွေ့စေတဲ့ အဓိက တရားခံလို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့် • ကိုယ်ဝန်ဆောင်နေစဉ် • ကလေးမွေးပြီးစဉ် • မိခင်နို့တိုက်စဉ် • သွေးဆုံးခြင်း • စိတ်ကျရောဂါ ဖြစ်နေစဉ် • ဆေးလိပ်၊ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးတစ်ယောက် ဖြစ်နေခြင်းကြောင့် ရောဂါပိုခံစားရနိုင်သလား

လူရယ်လို့ဖြစ်တာနဲ့ ရောဂါတွေဖြစ်ပွားနိုင်ပါတယ်။ အမျိုးသားတွေမှာလည်း ဖြစ်ပွားနိုင်သလို အမျိုးသမီးတွေဟာလည်း ရောဂါဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အချို့ အချို့သော ရောဂါတွေဟာ အမျိုသားတွေထက် အမျိုးသမီးတွေမှာ ပိုမိုဖြစ်ပွားကြောင်း တွေ့ရှိရပါတယ်။ ဥပမာ ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ ပိုပြီးတော့ သိသိသာသာ ဖြစ်ပွားကြတာကို သတိထားမိမှာပါ။ ဒါ့အပြင် ရောဂါဖြစ်ပွားနှုန်း တူညီသည့်တိုင်အောင် အချို့သော ရောဂါတွေဟာ ဖြစ်ပွားခဲ့ပါက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအထိနာတတ်ကြပါတယ်။ နှလုံးရောဂါ။         ။ အမေရိကန်ပြည်ထောင်စုမှာ နှလုံးရောဂါဟာ အမျိုးသမီးများ သေဆုံးရခြင်း ရဲ့ အဓိကအကြောင်းအရင်းတွေထဲကတစ်ခု ဖြစ်လို့နေပါတယ်။ အမျိုသားတွေဟာလည်း နှလုံး ရောဂါကြောင့် သေဆုံးကြပေမဲ့ အမျိုးသမီးရာခိုင်နှုန်းဟာ ပိုမိုများပြားလျက်ရှိကြောင်း တွေ့နေ ရပါတယ်။ ဒါဟာ အမျိုးသမီးတွေအနေနဲ့ အရေးပေါ်ကုသမှုကို သွားရောက်ခံယူတဲ့နေရာမှာ နှောင့်နှေး ကြန့်ကြာနေကြလို့ပါ။ စိတ်ကျန်းမာရေးပြဿနာ။             ။ အမျိုးသားတွေနဲ့ယှဉ်ပါက အမျိုးသမီးတွေဟာ […]


ရာသီလာခြင်း

ရာသီသွေး က သွေးပုပ်တွေလား။ ရာသီသွေးကျန်ရင် ဘာဖြစ်တတ်လဲ။

ရာသီသွေး နဲ့ ပတ်သတ်ပြီး တော်တော်များများ ယူဆထားကြတာက သွေးက မသန့်ဘူး။ သွေးပုပ်တွေ။ ရာသီလာတယ်ဆိုတာ ယုတ်ညံ့တယ်ကိစ္စ ဒီလို သတ်မှတ်ထားကြတာပါ။ အထူးသဖြင့် လူကြီးတွေကပေါ့။ ဒါပေမယ့် ခုခေတ်က တိုးတက်လာတော့ ရာသီလာတယ်ဆိုတာကို ကျန်းမာရေး ကိစ္စတစ်ခုအနေနဲ့ သတ်မှတ်လာကြပါပြီ။ ပိုပြီးလည်း ပွင့်ပွင့်လင်းလင်း ဖြစ်လာကြပါပြီ။ ဒါပေမယ့် လူငယ်တွေ စိတ်ထဲမှာ ရာသီသွေးဆိုတာ အိမ်က အဘွားပြောသလို တကယ်ပဲ မသန့်ဘူးလား။ ရာသီသွေးတွေ ကျန်ရင် အပုပ်ဆန်တတ်တယ်ဆိုတာ တကယ်လားဆိုပြီး တွေးနေကြမှာပါ။ ဒီဆောင်းပါးမှာ ဒီပြဿနာကို ဖြေရှင်းပေးပါမယ်။ ရာသီသွေး ဘယ်ကဖြစ်လာတာ။ ရာသီသွေးဆိုတာ ပုံမှန်တွေ့နေကြ သွေးကြောထဲက သွေးနဲ့ နည်းနည်းကွဲပါတယ်။ ရာသီသွေးမှာ သွေးအပြင် သားအိမ်နံရံအမြှေးပါး၊ အချွဲနည်းနည်းနဲ့ ဘက်တီးရီးယားပါပါတယ်။ အချွဲဆိုတာက မိန်းမကိုယ်က အဖြူဆင်းသလို ထွက်တဲ့ အချွဲပါ။ […]


ရာသီလာခြင်း

ရာသီရက် ရွှေ့ချင်တဲ့ ပျိုမေများအတွက်

သူ့ဟာသူ လာနေတဲ့ ရာသီရက် ကို ဘာကြောင့် ရွှေ့ချင်တာတုန်းလို့ မေးစရာ ရှိပါတယ်။ ဒါပေမယ့် ရာသီတစ်ခါလာရင် ဘယ်လောက်ပင်ပန်းလဲဆိုတာ အမျိုးသမီးတွေ အသိဆုံးပါ။ မလာခင်လည်း စိတ်တွေတိုရ၊ လာနေတော့လည်း ကိုယ်လက်တွေကိုက်၊ ဗိုက်တွေအောင့်၊ ဒီpadတွေလဲရတာလည်း အလုပ်တစ်လုပ်ဆိုတော့ စိတ်ရှုပ်စရာပါ။ သာမန်အချိန်ဆို ပြဿနာ မရှိပေမယ့် တစ်ခုခု အရေးကြီးတာ လုပ်စရာရှိတယ်ဆို သွားပြီပဲ။ ဥပမာ ပြောပြမယ်နော်။ နောက်အပတ်မှာ စာမေးပွဲရှိတယ်။ ၃ရက်လောက် ဖြေရမယ်။ တိုက်တိုက်ဆိုင်ဆိုင် ရာသီလာမယ့်ရက်နဲ့ တည့်တည့်တိုးနေတယ်။ ကလေးတွေခမျာ စာကျက်လို့ စိတ်ညစ်တာ တစ်မျိုး၊ ဒီရာသီကတစ်မျိုးနဲ့ ဝက်ခြံလေးတွေတောင် ထွက်လို့။ နောက်တစ်ခု ခရီးသွားမယ့်အချိန်မှာ ရာသီလာရင်လည်း တော်တော် စိတ်ညစ်ရပါတယ်။ လည်လို့ ပတ်လို့ မကောင်းတော့ဘူးလေ။ Beachသွားမယ်လို့ စီစဉ်ထားတဲ့သူဆို ပိုဆိုး။ ရေထဲတောင် […]


ရာသီလာခြင်း

သမီးလေးက ရာသီမလာသေး ဘူးလား။

အမျိုးသမီးတွေ ဘဝမှာ ရာသီကိစ္စက နေရာတကာ ပါနေတာပါ။ အပျိုအရွယ်မှာ ရာသီမလာသေးလို့၊ ရာသီလာတာစောလို့၊ နောက်ကျတာကစလို့ ရာသီမမှန်တာ၊ သွေးဆင်းများတာ၊ နည်းတာ၊ ရာသီလာခါနီးရင် စိတ်တိုတာ၊ လာနေတဲ့အချိန် ကယိကထများတာ၊ ထိန်သွားတာ၊ နောက်ဆုံး သွေးဆုံးသွားတာ စသဖြင့် စုံလို့ပါပဲ။ ဘဝမှာ ရာသီစလာကတည်းက တစ်လ တစ်ခါ သူနဲ့ အလုပ်များရပေါင်းလည်း မနည်းပါဘူး။ ခုလည်း သမီးက အပျိုအရွယ်ရောက်နေပြီ။ ရာသီမလာသေး တဲ့ ပြဿနာပါ။ မေမေတွေကတော့ သမီးလေးက ကလေးစိတ်မှ မကုန်သေးတာ။ သူ့ဟာသူနေပါစေ ဆိုပေမယ့် အရွယ်တစ်ခုရောက်တဲ့အထိ ရာသီမလာဘူးဆိုရင် ဒါပြဿနာပါ။ သဘာဝဟာ သဘာဝပါပဲ။ ကလေးစိတ်မကုန်သေးတာ ပြဿနာ မဟုတ်ပေမယ့် လာရမယ့် အချိန်မှာ မလာတာ ပြဿနာပါ။ ဆေးပညာအရ အပျိုလေးတစ်ယောက် ရာသီမလာသေး တာကို primary […]


ရာသီလာခြင်း

ဓမ္မတာသွေးက ပြောပြပေးသော သင့်ကျန်းမာရေး

လစဉ် ဓမ္မတာသွေးကနေ သင့်ရဲ့ မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်လေးတွေ ပေးတတ်ပါတယ်။ ရာသီလာတဲ့ ကြာချိန်၊ သွေးဆင်းသော ပမာဏ စတာတွေဟာ အမျိုးသမီးတိုင်း လစဉ် သတိထားစောင့်ကြည့်ရမယ့် လက္ခဏာတွေပါပဲ။ ဒါ့အပြင် ဓမ္မတာသွေးအရောင်လေးတွေလည်း မတူကွဲပြားကြတာကို သတိထားမိကြမှာပါ။ အမျိုးသမီးအများစုဟာ ရာသီလာလာချင်း ၂ရက်၊ ၃ရက် မှာ ရာသီသွေးဆင်းများတတ်ပြီး တဖြည်းဖြည်းနဲ့ နည်းသွားပြီး‌နောက် ၅ ရက်မြောက်လောက်ဆို ရပ်သွားမှာပါ။ ရာသီသွေးဆင်းတဲ့ ပမာဏကတော့ တစ်ယောက်နဲ့တစ်ယောက် ကွဲပြားနိုင်ပါတယ်။ စားပွဲတင်ဇွန်း ၄ ဇွန်းခန့်ကနေ အများဆုံး ၁၂ ဇွန်းခန့်အထိ ရှိနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးတစ်ယောက်ဟာ ပုံမှန်ရာသီလာခြင်းကနေ လစဉ် သွေး ၃၀ - ၅၀ စီစီခန့် ဆုံးရှုံးရပါတယ်။ လွန်ရောကျွံရော ၈၀ စီစီ လောက်အထိ […]


ရာသီလာခြင်း

ရာသီ ပုံမှန်မလာခြင်းကို ဖြစ်စေနိုင်သော အကြောင်းအရင်းများ

အမျိုးသမီးတွေ အားလုံးမှာ အပျိုဖော်ဝင်တဲ့ အချိန်ကစပြီး သွေးမဆုံးခင်အချိန်ထိ ဓမ္မတာ (သို့) ရာသီ သွေး ဆင်းကြပါတယ်။ အချို့သော အမျိုးသမီးတွေက ပုံမှန် တစ်လတစ်ခါ သွေးဆင်းကြပေမယ့် တချို့ကတော့ တချို့လတွေ ရာသီမလာတာ၊ လာတဲ့ ပမာဏက ပုံမှန်ထက် နည်းလွန်း၊ များလွန်းတာ ၊ လာတဲ့ ရက်က တိုလွန်း ရှည်လွန်းတာ စတဲ့ အခြေအနေတွေကို ကြုံတွေ့နေကြရပါတယ်။ ဒီနေ့ ဆောင်းပါးလေးမှာတော့ ရာသီပုံမှန်အတိုင်းမလာဘဲ တစ်လ၊ နှစ်လ စသည်ဖြင့် ရာသီပျောက်သွားရခြင်းဟာ ဘယ်လိုအခြေအနေတွေကြောင့် ဖြစ်နိုင်လဲ ဆိုတာလေးကို ပြောပြပေးသွားပါမယ်။ ပုံမမှန်တဲ့ အကြောင်းမပြောခင်မှာ ဘယ်ဟာက ပုံမှန်အခြေအနေလဲ ဆိုတာလေးကို အရင် ရှင်းပြပေးပါမယ်။ ပုံမှန်ကျန်းမာတဲ့ သူတစ်ယောက်မှာ ရာသီ သွေးဟာ အလွယ်ပြောရရင်တော့ တစ်လတစ်ခါ ပေါ်ကြပါတယ်။ လူတစ်ယောက်နဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း