အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတစ်လျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ သူတို့ကို အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ ပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ

သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၄ ဦးမှာ ၁ ဦးက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် ခံရဖူးပါတယ်။ အကြမ်းဖျင်းအားဖြင့် အမျိုးသမီး ၈ ဦးမှာ ၁ ဦးနှုန်းဟာ အလုပ်ခွင် ဒါမှမဟုတ် သူတို့ ကျင်လည်ရာ လူမှုပတ်ဝန်းကျင်မှာ နှုတ်အားဖြင့် ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ခံစားရဖူးပါတယ်။ ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ လေ့လာမှုကို ၇ နှစ်ကြာ လုပ်ဆောင်ခဲ့ပါတယ်။ လေ့လာမှုမှာ အမျိုးသမီး အသက် ၅၃ နှစ် ဝန်းကျင် အမျိုးသမီး ၃၃၁၂၇ ဦး […]

အမျိုးသမီး ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ်က လေလည် တတ်သလား

မိန်းမကိုယ်က လေလည် တာမျိုး ကြုံဖူးပါသလား။ ဒါဟာ သင်တစ်ယောက်တည်း ဖြစ်တာမဟုတ်ပါဘူး။ အမျိုးသမီး တော်တော်များများ ဖြစ်တတ်ကြပါတယ်။ အူလမ်းကြောင်းမှာ လေရှိသလိုမျိုး မိန်းမကိုယ် မွေးလမ်းကြောင်းမှာလည်း လေရှိတတ်ပါတယ်။ ဒါကြောင့် လှုပ်လှုပ်ရှားရှား နေတဲ့အခါ လေထွက်လာတာပေါ့။ စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိပါဘူး။ အများစုက အန္တရာယ်မရှိတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဆက်ကြည့်ရအောင်။ ဘာကြောင့် မိန်းမကိုယ်က လေလည် ရတာလဲ။ လိင်ဆက်ဆံခြင်း လိင်ဆက်ဆံတာက မိန်းမကိုယ်က လေထွက်ရခြင်းရဲ့ အဓိက အကြောင်းရင်းပါပဲ။ အမျိုးသား အင်္ဂါက မိန်းမကိုယ်ထဲကို အဝင်အထွက်လုပ်တဲ့အခါ လေပါ လိုက်ဝင်ပြီး လေခိုတတ်ပါတယ်။ ပြီးမြောက်သွားလို့ ကြွက်သားတွေ တင်းလိုက်ရင်ပဲ ဖြစ်ဖြစ်၊ အမျိုးသား အင်္ဂါကို ထုတ်လိုက်ရင်ပဲ ဖြစ်ဖြစ် လေတွေ ပြန်ထွက်လာပါတယ်။ အဲ့ဒီအခါ […]


မီးယပ်သွေးဆုံးခြင်း

သွေးဆုံးချိန်နဲ့ ဟော်မုန်း အစားထိုး ကုသမှု

သွေးဆုံးချိန်မှာ အရင်က ရှိခဲ့တဲ့ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း ဟော်မုန်းတွေ နည်းသွားတဲ့အတွက် သွေးဆုံးကိုင် ဝေဒနာတွေကို ခံစားရတတ်ပါတယ်။ သာမန်အားဖြင့်တော့ သွေးဆုံးကိုင် ဝေဒနာတွေက lifestyle modification လို့ ခေါ်တဲ့ နေထိုင်စားသောက်မှုပုံစံ ပြောင်းရုံနဲ့ သက်သာလာတတ်ကြပါတယ်။ ဒါပေမယ့် ကိုယ်က သူများနဲ့မတူဘဲ သွေးဆုံးကိုင် လက္ခဏာတွေကို မခံစားနိုင်တော့ဘူးဆိုရင် ဟော်မုန်း အစားထိုး ကုသမှုကို ခံယူနိုင်ပါတယ်။ ဒီနေရာမှာ စဉ်းစားရမှာက ကိုယ်က ဟော်မုန်းအစားထိုးဖို့ လိုတဲ့သူလား။ ဘာနည်းလမ်းတွေ ရှိလဲ။ ဘေးထွက်ဆိုးကျိုး ဘာတွေ ရှိနိုင်လဲ စတာတွေကို ကြိုတွေးထားဖို့ လိုပါတယ်။ ဒီတစ်ခေါက်တော့ သွေးဆုံးချိန်နဲ့ ဟော်မုန်း အစားထိုး ကုသမှု အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ဘယ်သူတွေ ဟော်မုန်းအစားထိုး ခံယူသင့်သလဲ။  ကောင်းကျိုး၊ ဆိုးကျိုးတွေ ရှိနေပေမယ့်လည်း သွေးဆုံးကိုင်လက္ခဏာတွေကို […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

Lupus (သို့မဟုတ်) အမျိုးသမီးတွေ သတိထားသင့်တဲ့ နာတာရှည်ရောင်ရမ်းနာ

ကိုယ်ခံအားစနစ်ကြောင့် ဖြစ်ပေါ်တတ်တဲ့ နာတာရှည်ရောင်ရမ်းနာတစ်မျိုးကို Lupus လို့ ခေါ်ပါတယ်။ ကိုယ့်ရဲ့ကိုယ်ထဲက ကိုယ်ခံအားစနစ်က ပြင်ပမှဝင်ရောက်သော အရာတွေ၊ ကိုယ့်ရဲ့ခန္ဓာကိုယ်အတွင်းရှိ ပုံမှန်ကျန်းမာသော ဆဲလ်တွေ၊ တစ်ရှူးတွေနဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ပြန်တိုက်ခိုက်တာကြောင့် ဖြစ်ပေါ်တဲ့ ရောဂါဖြစ်ပါတယ်။ Lupus ကြောင့် ရောင်ရမ်းခြင်းဟာ ကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်းအမျိုးမျိုးအပေါ် သက်ရောက်မှုရှိစေနိုင်ပါတယ်။ အဆစ်အမြစ်၊ အရေပြား၊ ကျောက်ကပ်၊ မျက်လုံး၊ ဦးနှောက်၊ အာရုံကြောစနစ်၊ နှလုံးနဲ့ အဆုတ်စတဲ့ နေရာမျိုးစုံပါပဲ။ ပြီးတော့ Lupus ဟာ လိင်အမျိုးအစားအားလုံးနဲ့ လူကြီး၊ ကလေးအစုံမှာ ဖြစ်ပွားနိုင်ချေရှိတဲ့ ရောဂါတစ်မျိုးဖြစ်တယ်ဆိုပေမယ့် ရောဂါစွဲကပ်ခံရသူ စုစုပေါင်းရဲ့ ၉၀% ဟာ အမျိုးသမီးတွေဖြစ်ကြတာဟာ ထူးခြားချက်ဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ Lupus ဝေဒနာဖြစ်ပေါ်နိုင်ခြေက အမျိုးသားတွေထက် ၁၀ ဆ ပိုများပါတယ်။ ဒါကြောင့် ဒီဝေဒနာနဲ့ ပတ်သက်လာရင် အမျိုးသမီးတွေအနေနဲ့ […]


ရာသီလာခြင်း

ရာသီထိန် တယ်။ နှစ်ကြောင်းလည်း မပေါ်ဘူး။ ဘာဖြစ်နိုင်လဲ။

Hello ဆရာဝန်ကို လာမေးကြတဲ့ မေးခွန်းတွေထဲမှာ အတွေ့ရများတာက ရာသီထိန် နေတယ်။ ဆီးစစ်တော့လည်း နှစ်ကြောင်း မပေါ်ဘူး။ ဘာဖြစ်နေတာလဲပေါ့။ ဒါမျိုးတွေ ခဏ ခဏ လာမေးကြပါတယ်။ တကယ်တော့ ရာသီထိန်ရင် အရင်ဆုံး စဉ်းစားရမှာ ကိုယ်ဝန်ပါပဲ။ ကိုယ်ဝန်မဟုတ်ဘူး သေချာရင် တခြား အကြောင်းတွေကို စဉ်းစားမှာပါ။ ဒါတွေက ဘာဖြစ်နိုင်လဲ။ ကြည့်ကြည့်ရအောင်။ ရာသီထိန် ခဲ့ရင် . . . . .  ကိုယ်အလေးချိန် အပြောင်းအလဲ ရုတ်တရက် ကိုယ်အလေးချိန် အများကြီး တက်လာတယ် ဒါမှမဟုတ် အများကြီး ကျသွားတယ်။ ဒီလိုဆိုရင် ကိုယ်ထဲမှာ ရှိတဲ့ ဟော်မုန်းတွေက ကမောက်ကမ ဖြစ်ပြီး ရာသီထိန်တတ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းကျရင်တော့ ရာသီပြန်ပေါ်လာပါတယ်။ စိတ်ဖိစီးမှု အချိန်တော်တော်ကြာ ဒါမှမဟုတ် ပြင်းပြင်းထန်ထန် […]


မီးယပ်သွေးဆုံးခြင်း

သိုင်းရွိုက်အားနည်းခြင်း လား သွေးဆုံးခြင်းလား

သိုင်းရွိုက်အလုပ်လုပ်တာ အားနည်းရင် သိုင်းရွိုက်ဟော်မုန်းထွက်တာလည်း လျော့ကျသွားပါတယ်။ သိုင်းရွိုက်အားနည်းခြင်း ကို Hypothyroidism လို့ ခေါ်ပါတယ်။ သိုင်းရွိုက်အလုပ်လုပ်တာ အားနည်းခြင်းနဲ့ အမျိုးသမီးများ သွေးဆုံးခြင်းက လက္ခဏာတွေ ဆင်တူတတ်ပါတယ်။ သိုင်းရွိုက်အားနည်းခြင်းကို များသောအားဖြင့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတွေမှာ တွေ့ရတတ်ပါတယ်။ အဲ့ဒီအချိန်က အမျိုးသမီးများ သွေးဆုံးတဲ့အချိန်လည်း ဖြစ်ပါတယ်။ ခုဆက်ပြောသွားမှာကတော့ သွေးဆုံးခြင်းနဲ့ သိုင်းရွိုက်ဂလင်းအကြား ဆက်နွယ်မှု ဘယ်လိုရှိသလဲဆိုတာနဲ့ သွေးဆုံးခြင်းလက္ခဏာနဲ့ နောက်ဆက်တွဲပြဿနာတွေကို သိုင်းရွိုက်အားနည်းခြင်းက ဘယ်လိုအကျိုးသက်ရောက်စေသလဲဆိုတာပါပဲ။ အီစထရိုဂျင်ဟော်မုန်းနှင့် သိုင်းရွိုက်ဂလင်းလုပ်ငန်းတာဝန် သွေးဆုံးချိန်မှာ အီစထရိုဂျင်ဟော်မုန်းပမာဏက သိသိသာသာ ကျဆင်းသွားပါတယ်။ ဒါကြောင့် သွေးဆုံးခြင်းနဲ့ ပတ်သက်တဲ့ လက္ခဏာများ ပေါ်လာတတ်ပါတယ်။ အီစထရိုဂျင်ပမာဏက သိုင်းရွိုက်ဂလင်းနဲ့ လုပ်ငန်းတာဝန်တွေကိုလည်း သက်ရောက်မှုရှိပါတယ်။ ၂၀၁၁ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ အီစထရီုဂျင်ပမာဏ ကျဆင်းလာခြင်းက သိုင်းရွိုက်ရဲ့ အလုပ်လုပ်နိုင်အားကိုလည်း ကျဆင်းစေပြီး သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်တာကိုလည်း လျော့နည်းစေပါတယ်။ […]


ရာသီလာခြင်း

ဓမ္မတာလာချိန်မှာ ဘာတွေစားသင့်လဲ၊ ဘာတွေရှောင်သင့်လဲ

အမျိုးသမီးတွေ ဓမ္မတာလာချိန်မှာ ခံစားရတဲ့ဝေဒနာတွေသက်သာဖို့ ပြောင်းလဲသင့်တဲ့ စားသောက်မှုပုံစံ လေးတွေပြောပြပေးပါ့မယ်။ ဓမ္မတာလာချိန်မှာ အမျိုးသမီးတွေခံစားရတတ်တဲ့ လက္ခဏာတွေကို အရင်ဆုံး ပြောပြပေးချင်ပါတယ်။ ဓမ္မတာ လာတဲ့အမျိုးသမီးတွေရဲ့ ၉၀% တိုင်း ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ နောက်ကျောနာကျင်ခြင်း၊ ပင်ပန်းနွမ်း နယ်ခြင်း၊ စိတ်အပြောင်းအလဲမြန်ခြင်း၊ လေပွခြင်း၊ ဝမ်းချုပ်ခြင်း (ဒါမှမဟုတ်) ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်သားနာကျင်ကိုက်ခဲခြင်း၊ ဝက်ခြံပေါက်ခြင်း စတာတွေခံစားရတတ်ပါတယ်။ ဒီလိုလက္ခဏာတချို့ကို အနာသက်သာဆေးတွေ သောက်သုံးပြီးသက်သာအောင်လုပ်နိုင်ပါတယ်။ တိကျတဲ့သုတေသနတွေ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပေမဲ့ အောက်ပါ အစားအစာတွေကလည်း ဓမ္မတာလက္ခဏာတွေကို သက်သာစေနိုင်တာ တွေ့ရှိရပါတယ်။ အသီးအနှံ၊ ဟင်းသီးဟင်းရွက်များ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်မျိုးစုံမှာ အာဟာရဓာတ်တွေ၊ အမျှင်ဓာတ်တွေ အများကြီးပါဝင်နေတာကြောင့် ဓမ္မတာလာချိန်ခံစားရတဲ့လက္ခဏာတွေကို သက်သာဖို့အကူအညီပေးနိုင်ပါတယ်။ ၂၀၁၈ ခုနှစ်က စပိန်နိုင်ငံမှာ တက္ကသိုလ်ကျောင်းသူတွေနဲ့ပြုလုပ်ခဲ့တဲ့ သုတေသနအရ ဓမ္မတာလာချိန်မှာ အသီးအနှံတွေများများစားသုံးပေး ရင် နာကျင်ကိုက်ခဲခြင်း၊ ကြွက်သားနာကျင်ခြင်းတို့ကို […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ကျန်းမာရေး ဗိုက်စည်းတွေနဲ့ ပတ်သက်သမျှ

ကျန်းမာရေး ဗိုက်စည်းဆိုတာဟာ ၀မ်းဗိုက်မှာပတ်ရတဲ့ ခါးပတ်တစ်ခုပါပဲ။ ဗိုက်စည်းတွေဟာ အရွယ်အစားအမျိုးမျိုး လာပါတယ်။ များသောအားဖြင့် အလတ်စတစ်သားနဲ့ လုပ်ထားကြပြီး ပတ်ဖို့အတွက် ချိတ်၊ ဒါမှမဟုတ် ပတ်တဲ့ ကွင်းတွေပါပါတယ်။ တချို့ ဗိုက်စည်းတွေမှာတော့ ခါးကိုထောက်ပံ့ပေးတဲ့ အထိန်းပါပါတယ်။ တချို့ ဗိုက်စည်းတွေမှာတော့ ဗိုက်ခွဲထားတဲ့လူနာတွေမှာ  အရည်တွေစီးဆင်းဖို့ ပိုက်တွေပါ တွဲရက်ပါပါတယ်။ ဗိုက်စည်းတွေဟာ ဗိုက်ခွဲပြီးတဲ့နောက် နလန်ထတာကို မြန်စေပါတယ်။ ယေဘုယျအားဖြင့် ဗိုက်စည်းတွေကို ဒီလိုအခြေအနေမျိုးတွေမှာ တပ်ဆင်ဖို့ အကြံပေးလေ့ရှိကြပါတယ်။ (၁) ဗိုက်ခွဲကလေးမွေးပြီးတဲ့အခါ (၂) ၀မ်းဗိုက်ဖွင့် ဗိုက်ခွဲပြီးတဲ့အခါ (၃) သားအိမ်ထုတ်ပြီးတဲ့အခါ (၄) ခါးဆစ်ရိုးခွဲစိတ်ပြီးတဲ့အခါ တွေပဲဖြစ်ပါတယ်။ ခါးဆစ်အာရုံကြောမကြီးကို ထိခိုက်ဒဏ်ရာရထားတဲ့ လူနာတွေမှာ ၀မ်းဗိုက်ကို ထောက်ပံ့ပေးဖို့၊ ၀မ်းဗိုက်အတွင်းဖိအားကို ထိန်းညှိပေးဖို့၊ အသက်ရှူခြင်းဆိုင်ရာလုပ်ငန်းဆောင်တာတွေကို အားပေးကူညီဖို့ အတွက် စနစ်တကျ နေရာတိတိကျကျသတ်မှတ်ထားတဲ့ ဗိုက်စည်းတွေကို စည်းရပါတယ်။ ဗိုက်စည်းစည်းခြင်းရဲ့ ကောင်းကျိုးတွေ (၁) ခွဲစိတ်ပြီးနောက်ရတဲ့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးများ မကြာခဏဆီးသွားခြင်း

ပုံမှန်ထက်ပိုပြီး ဆီးသွားချင်နေတဲ့ အခြေအနေဖြစ်ပါတယ်။ ဆီးသွားချင်တဲ့ဆန္ဒ ရုတ်ခြည်းပေါ်လာပြီး ဆီးမထိန်းနိုင်သလိုပါ ဖြစ်တတ်ပါတယ်။ ဆီးအိမ်တင်းနေမယ်ဆိုရင် ပိုဆိုးတတ်ပါတယ်။ ဆီးအိမ်ဟာ ပုံမှန်ထက် လုပ်ဆောင်မှုလွန်ကဲနေတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ ဆီးလမ်းကြောင်းအထူးကု ဆရာဝန်အချို့ရဲ့အဆိုအရ ၂၄ နာရီအတွင်း ၈ ကြိမ်ထက်ပိုပြီး သွားချင်နေရင် ဒီပြဿနာဖြစ်နိုင်ပါတယ်။ အဆိုပါ ဆီးမကြာခဏသွားချင်ရတဲ့ နောက်ခံအကြောင်းအရင်းတွေ ရှိတတ်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း မကြာခဏ ဆီးသွားချင်စိတ်ဖြစ်ပေါ်ခြင်းဟာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဆီးစွန့်ပြွန်ကနေတဆင့် ဆီးအိမ်ထဲကို ဘက်တီးရီးယားပိုးတွေ ဝင်ရောက်ချိန်မှာ ဖြစ်တတ်ပါတယ်။ အမျိုးသမီးများရဲ့ ၅၀ မှ ၆၀ရာခိုင်နှုန်းဟာ ဘဝတစ်လျှောက်မှာ အနည်းဆုံးတစ်ကြိမ်ခန့်တော့ ဆီးပိုးဝင်ခြင်း ဖြစ်တတ်ပါတယ်။ အမျိုးသမီးများရဲ့ သုံးပုံတစ်ပုံခန့်ဟာ အသက် ၂၄ နှစ်မတိုင်မီမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ပြင်းပြင်းထန်ထန်ကြုံရတတ်ပြီး ပဋိဇီဝဆေးတွေ သုံးစွဲရတဲ့အထိ ဖြစ်တတ်ပါတယ်။ အမျိုးသမီးများရဲ့ဆီးလမ်းကြောင်းဟာ တိုတောင်းတဲ့အတွက် အမျိုးသားများထက်စာရင် ဆီးလမ်းကြောင်း […]


ရာသီလာခြင်း

ရာသီမလာခင် ခံစားရတဲ့ဝေဒနာတွေကိုသက်သာအောင်ဘယ်လိုပြုမူနေထိုင်ကြမလဲ။

အမျိုးသမီးတွေဟာ မိမိတို့ရဲ့ လစဉ် ဓမ္မတာ(သို့) ရာသီမလာခင် မှာ စိတ်ရော၊ ကိုယ်ပါ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကို အနည်းနဲ့ အများ ခံစားကြရပါတယ်။ သားဖွားမီးယပ်ဆရာဝန်ကြီး ဒေါက်တာစိုးလွင်ရဲ့ “ ရာသီမလာခင် လူသတ်ချင်” ဆိုတဲ့ ခေါင်းစဉ်လေးအတိုင်းပဲ လူသတ်ချင်နေလောက်အောင် စိတ်ခံစားချက်တွေက ဆိုးရွားနေတတ်ကြပါတယ်။ ဒါဟာ အမျိုးသမီးတိုင်း ရှောင်လွှဲလို့မရတဲ့ ပြသနာ ဖြစ်ပြီး လူတစ်ယောက်နဲ့ တစ်ယောက်မတူညီတဲ့ အတွက် ခံစားရတာ အနည်း၊ အများပဲ ကွာကြပါတယ်။ ရှောင်လွှဲလို့မရပေမယ့် ခံစားရတဲ့ ဝေဒနာတွေ၊ စိတ်ခံစားချက်တွေကို သက်သာအောင် အကူအညီပေးနိုင်မယ့် နည်းလမ်းလေးတွေတော့ရှိပါတယ်။ နည်းလမ်းလေးတွေ မပြောပြခင်မှာ ဘယ်လို ရောဂါလက္ခဏာတွေ ခံစားရနိုင်လဲဆိုတာလေး အရင်ဆုံးမျှဝေပေးချင်ပါတယ်။ ရာသီမလာခင် မှာ ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေအနေနဲ့ ပင်ပန်းနွမ်းနယ်ခြင်း ခေါင်းကိုက်ခြင်း ဗိုက်၊ ခါး ၊ရင်သား နဲ့ ကြွက်သားများ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

တွဲနေတဲ့ရင်သားတွေ ပြန်လည်ဦးမော့လာစေဖို့

လှပတဲ့ ရင်သားတစ်စုံ ပိုင်ဆိုင်ဖို့ဆိုတာ အမျိုးသမီးတော်တော်များများမက်ကြတဲ့ အိပ်မက်ပါပဲ။ လိင်ဆွဲဆောင်မှုရှိဖို့၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးဖို့ လှပတင့်တယ်တဲ့ရင်သားကို ပိုင်ဆိုင်လိုကြပါတယ်။ ရင်သားတွေတွဲကျနေတာကိုတော့ ဘယ်အမျိုးသမီးမှ သဘောကျမယ်မထင်ပါဘူး။ ကလေး မွေးဖွားထားသူ အမျိုးသမီးတွေမှာ ရင်သားတွဲကျခြင်းဟာ ပိုအဖြစ်များတယ်ဆိုပေမယ့် ကလေးတစ်ခါမှ မမွေးဖူးသူ အပျိုတွေမှာလဲ ရင်သားတွဲကျတာမျိုးဖြစ်တတ်ပါတယ်။ အဲတော့ ဒီလို ရင်သားတွဲကျတာမျိုးမဖြစ်ရအောင် ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့ tips လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) ပက်လက်လှန်အိပ်ပါ။ ညအိပ်ရာ၀င်တဲ့အခါ မှောက်အိပ်မယ့်အစား ပက်လက်လှန်အိပ်တာက ရင်သားပေါ်မှာ အရေးအကြောင်းဖြစ်တာ၊ ရင်သားလျော့တွဲတာတွေကို သက်သာစေပါတယ်။ ပြောင်းပြန်အနေနဲ့ မှောက်အိပ်မယ်ဆိုရင်တော့ အရေပြားလျော့တွဲတာတွေ မြန်မြန်ဖြစ်မှာပါပဲ။ (၂) ရင်သားတွေကို နှိပ်နယ်ပေးပါ။ မျက်နှာအရေပြားကို နှိပ်နယ်ပေးရင် အသားအရေကောင်းသလိုမျိုးပါပဲ။ ရင်သားကို မှန်မှန်နှိပ်နယ်ပေးရင်လဲ ရင်သားရဲ့ အရွယ်အစား၊ ပုံပန်းသွင်ပြင်ကိုပြောင်းလဲစေပါတယ်။ ဒါကြောင့် ရှက်ကြောက်နေမယ့်အစား ရေချိုးပြီးချိန်မှာ ရင်သားတွေကို သေသေချာချာနှိပ်နယ်ပေးဖို့ အကြံပြုလိုပါတယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း