အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတစ်လျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ သူတို့ကို အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ ပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ

သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၄ ဦးမှာ ၁ ဦးက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် ခံရဖူးပါတယ်။ အကြမ်းဖျင်းအားဖြင့် အမျိုးသမီး ၈ ဦးမှာ ၁ ဦးနှုန်းဟာ အလုပ်ခွင် ဒါမှမဟုတ် သူတို့ ကျင်လည်ရာ လူမှုပတ်ဝန်းကျင်မှာ နှုတ်အားဖြင့် ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ခံစားရဖူးပါတယ်။ ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ လေ့လာမှုကို ၇ နှစ်ကြာ လုပ်ဆောင်ခဲ့ပါတယ်။ လေ့လာမှုမှာ အမျိုးသမီး အသက် ၅၃ နှစ် ဝန်းကျင် အမျိုးသမီး ၃၃၁၂၇ ဦး […]

အမျိုးသမီး ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသမီးကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်မီးဖွားပြီးတဲ့နောက် ပေါ်လာတဲ့ အကြောပြတ်ရာတွေသက်သာအောင်

အကြောပြတ်တယ်ဆိုတာ ကိုယ်ဝန်ဆောင်ဖူးထားတဲ့ အမျိူးသမီးတစ်ယောက်အတွက်တော့ ကြိုမျှော်လင့်ထားရမယ့်အရာတစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်က ပုံမှန်ထက် ရုတ်တရက်ပိုကြီးထွားဖွံ့ဖြိုးလာပါတယ်။ အဲဒီအခါ အပေါ်က ဖုံးထားတဲ့အရေပြားကို ဆွဲဆန့်လိုက်သလိုဖြစ်ပြီး အရေပြားရဲ့ အလယ်အလွှာ ဒါမှမဟုတ် အရေပြားအောက်က တစ်ရှူးတွေကို ဆွဲဖြဲလိုက်သလိုဖြစ်တဲ့အတွက် အဲဒီအပြဲတွေကို အရေပြားရဲ့အပေါ်လွှာကနေ မြင်နိုင်တာမျိူးပါ။ သဘာဝဆိုပေမယ့် အကြောပြတ်ရာတွေကို လူအတော်များများက ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ မြင်ရတာမနှစ်မြို့ကြပါဘူး။ ကိုယ်ဝန်ဆောင်နေစဉ်နဲ့ ကလေးမွေးပြီးချိန်တွေမှာ အဖြစ်များပေမယ့်  ကိုယ်ဝန်ဆောင်မဟုတ်ဘဲလည်း အကြောပြတ်နိုင်ပါတယ်။ ကိုယ်အလေးချိန်ရုတ်တရက်တိုးလာတာ၊ (လေ့ကျင့်ခန်းလုပ်လို့ကြွက်သားထု ရုတ်တရက်တက်လာတာဖြစ်ဖြစ်၊ ရုတ်တရက် အဆီတွေနဲ့ ၀လာတာဖြစ်ဖြစ်) အကြောပြတ်နိုင်ပါတယ်။ ဆယ်ကျော်သက်တွေမှာလဲ ရုတ်တရက်ကြီးထွားနှုန်းမြင့်လာတဲ့ အချိန်မျိုးတွေမှာ အကြောပြတ်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာေတာ့ အဓိကအတွေ့များပြီး ကိုယ်ဝန်ဆောင် ကိုးဆယ်ရာခိုင်နှုန်းမှာဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အကြောပြတ်ခြင်းဟာ မျိုးရိုးဗီဇနဲ့လဲ အများကြီး သက်ဆိုင်ပါတယ်။ ဒါကြောင့် မိခင်မှာအကြောပြတ်တတ်ရင် သားသမီးမှာလဲ အကြောပြတ်ဖို့ပိုအခွင့်အလမ်းများပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ပန်းကလေးတို့ အမြဲသန့်ရှင်း လန်းဆန်းစေဖို့

ပျိုမေ တို့ရဲ့ ကျန်းမာရေးမှာ အရေးကြီးတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုကို ဂရုစိုက်ပေးဖို့ မေ့မေ့လျော့လျော့ ဖြစ်တတ်ကြပါတယ်။ အမျိုးသမီးကျန်းမာရေး နဲ့ ပတ်သက်လို့ မစိုးရိမ်ရစေဖို့ မိန်းမကိုယ် သန့်ရှင်းမှု၊ တစ်ကိုယ်ရည်သန့်ရှင်းမှုတို့ကို ဂရုစိုက်သင့်ပါတယ်။ မိန်းမကိုယ် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အကြောင်းရင်းတွေကိုလည်း ပျိုမေတို့ သိကိုသိထားသင့်ပါတယ် - (၁) ယားယံစေတဲ့ ဓာတ်ပစ္စည်းတွေ မိန်းမကိုယ် ကို ဓါတုပစ္စည်းတွေနဲ့ထိတွေ့မိတဲ့အခါ ယားယံခြင်းကိုဖြစ်စေပါတယ်။ အဲဒီပစ္စည်းတွေက မိန်းမကိုယ်အပါအဝင် ခန္ဓါကိုယ်ရဲ့နေရာအတော်များများကို နီမြန်း၊ယားယံစေတဲ့ ဓါတ်မတည့်တုံ့ပြန်မှုတွေဖြစ်လာစေနိုင်ပါတယ်။Parabens ၊Methylchloroisothiazolinone ၊ Benzethonium Chloride တို့လို ဓါတုပစ္စည်းတွေကြောင့်အရေပြားကိုထိခိုက်စေနိုင်ပါတယ်။ (၂) ဆီးချို ပေါင်ခြံတဝိုက်ယားယံတာနဲ့ လောင်တာလိုမျိုး မှိုပိုးဝင်တဲ့လက္ခဏာတွေက အမျိုးအစား ၂ ဆီးချိုရောဂါ ရဲ့လက္ခဏာတွေဖြစ်ပါတယ်။ ဆီးချိုရှိတဲ့သူတွေမှာ သွေးတွင်းသကြားဓာတ်က များနေတာကြောင့် မှိုပိုးတွေပေါက်ဖွားလွယ်တဲ့အနေအထားကို ဖန်တီးပေးလိုက်သလိုဖြစ်စေတဲ့အပြင် ခန္ဓာကိုယ်ရဲ့ရောဂါကာကွယ်နိုင်စွမ်းကိုပါ လျော့နည်းစေပါတယ်။ (၃) မှိုပိုးဝင်ခြင်း မိန်းကလေး […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

Kegel exercise သို့မဟုတ် မျှော့ဆိုတာ တကယ်ရှိလား

မျှော့ဆိုတာ တကယ်ရှိလား သို့မဟုတ် Kegel exercise “မျှော့ပါတယ်” ဆိုတဲ့စကားဟာ ဟုတ်သော်ရှိ မဟုတ်သော်ရှိ အရပ်ထဲမှာတော့ အင်မတန်ခေတ်စားတဲ့စကားမျိူးဖြစ်ပါတယ်။ အများဆုံး ပြောကြတာကတော့ မျှော့ပါတဲ့အမျိုးသမီးဆိုတာ သပ်သပ်ရှိပြီး အဲဒီလိုအမျိုးသမီးမျိုးကို အမျိုးသားတွေစွဲလန်းကြတယ်ဆိုပြီးတော့ ပြောကြလေ့ရှိပါတယ်။ ဆေးပညာအမြင်အရကြည့်မယ်ဆိုရင်တော့ မိန်းမကိုယ်တဝိုက်ကကြွက်သားတွေ တောင့်တင်းသန်မာတာနဲ့ လျော့ရဲတာရယ်လို့နှစ်မျိုးပဲရှိပါတယ်။ မိန်းမကိုယ်တဝိုက်က ကြွက်သားတွေသန်မာတာကိုပဲ အရပ်ထဲမှာ မျှော့လို့ခေါ်ကြတာဖြစ်ပါတယ်။ Kegel exercise ဆိုတာကတော့ အဲဒီကြွက်သားတွေ ပြန်လည်သန်စွမ်းလာအောင်လုပ်တဲ့ လေ့ကျင့်ခန်းတွေကို ဆိုလိုတာဖြစ်ပါတယ်။  သားအိမ်၊ ဆီးအိမ်၊ အူနဲ့ စအိုတွေကိုထောက်ပံ့ထားတဲ့ တင်ပဆုံအတွင်းပိုင်းဆိုင်ရာကြွက်သားတွေကို သန်မာစေပါတယ်။ ဒီလို တင်ပဆုံအတွင်းပိုင်းနဲ့ မိန်းမကိုယ်တဝိုက်က ကြွက်သားတွေကို လေ့ကျင့်ခန်းလုပ်ပေးခြင်းအားဖြင့် ဆီးမထိန်းနိုင်တာကို ကာကွယ်ကုသပေးသလို အိမ်ထောင်ရေးသုခကိုလဲ ပြည့်စုံစေပါတယ်။ ဘယ်အချိန်ဘယ်နေရာမှာမဆို လုပ်လို့ရတဲ့ လေ့ကျင့်ခန်းမျိုးလဲဖြစ်ပါတယ်။ ဘာကြောင့် တင်ပဆုံအတွင်းပိုင်းကြွက်သားတွေ အားပျော့လာရတာလဲ ဖြစ်စေနိုင်တဲ့အကြောင်းအချက်တွေအများကြီးရှိပါတယ်။ ကိုယ်ဝန်ဆောင်တာ၊ ကလေးမီးဖွားတာ၊ ခွဲစိတ်မှုခံယူထားရတာ၊ အသက်ကြီးတာ၊ […]


ရာသီလာခြင်း

ဓမ္မတာစောလာစေမည့် နည်းလမ်းအချို့

အမျိုးသမီးတချို့ဟာ အရေးကြီးဆောင်ရွက်ဖွယ်ရာ ကိစ္စရပ်တွေ မတိုင်မီ မိမိတို့ရဲ့ ဓမ္မတာကိစ္စရပ်တွေကို စောပြီး ကြုံချင်ကြပါတယ်။ ဓမ္မတာဆိုတာ ကိုယ်ကစောနိုင်သမျှ စောစေချင်အောင် တရက်နှစ်ရက်အတွင်း ရောက်လာအောင် လုပ်ယူနိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။ သူ့ပုံမှန်အချိန်အတိုင်းအတာ အနီးဝန်းကျင်မှာပဲ ရှိနေမှာ ဖြစ်ပါတယ်။ အောက်ဖော်ပြမယ့် နည်းလမ်းတွေကတော့ ဓမ္မတာစောလာစေချင်ရင် လုပ်ဆောင်နိုင်တဲ့ ကိစ္စတချို့ဖြစ်ပါတယ်။ ဒီနေရာမှာ ရာသီပထမဆုံးလာခြင်းကို ဆိုလိုတာမဟုတ်ဘဲ ပုံမှန်လာပြီးသူများကို ရက်စောပြီး လာစေဖို့သာ ရည်ရွယ်ပါတယ်။ အဓိကအားဖြင့် ဟော်မုန်းပါဝင်တဲ့ သန္ဓေတားဆေးတွေဖြစ်ပြီး စားသောက်မှုပုံစံ၊ လေ့ကျင့်ခန်း၊ စိတ်ဖိစီးမှု လျှော့ချခြင်း စတာတွေ ဖြစ်ပါတယ်။ ဟော်မုန်းအသုံးပြုတားဆေးများ အီစထရိုဂျင်နဲ့ ပရိုဂျက်စတင်ဟော်မုန်းတွေ ပေါင်းစပ်ထားတဲ့ ကိုယ်ဝန်တားဆေးဟာ အထိရောက်ဆုံးဖြစ်ပါတယ်။ အမျိုးသမီးတချို့ဟာ ဓမ္မတာစောလာစေဖို့ ဟော်မုန်းတားဆေးတွေ သောက်သုံးခြင်းကို စောစီးစွာ ရပ်ပစ်ကြပါတယ်။ အဆိုပါဆေးဝါးများ သောက်သုံးခြင်းအားဖြင့်လည်း ဓမ္မတာကာလကို ကျော်လွှားခြင်းတွေ ရှိတတ်ပါတယ်။ ကောင်းတာကတော့ […]


အမျိုးသမီးများတွင် ဖြစ်လေ့ရှိသည့် ဟော်မုန်းမမျှတခြင်း

အီစထရိုဂျင်ဟော်မုန်းဟာ ကိုယ်အလေးချိန်အပေါ် သက်ရောက်မှုရှိသလား

အမျိုးသမီးများအနေနဲ့ အီစထရိုဂျင်ဟော်မုန်းဟာ ကိုယ်အလေးချိန်အပေါ် သက်ရောက်မှုရှိတယ်လို့ ဆိုကြပါတယ်။ အထူးသဖြင့် သွေးဆုံးခါနီးမှာ ဖြစ်ပါတယ်။ အမျိုးသမီးများအနေနဲ့ ကိုယ်အလေးချိန် တက်လာကြောင်း၊ ကိုယ်အလေးချိန်လျှော့ချဖို့ ခက်ခဲကြောင်း ဆိုကြပါတယ်။ အီစထရိုဂျင်ဟာ တကယ်လည်း ကိုယ်အလေးချိန် တက်လာခြင်းနဲ့ ဆက်စပ်နေပြီး ဟော်မုန်းအတက်အကျဟာ ကိုယ်အလေးချိန် အတက်အကျနဲ့လည်း ဆက်စပ်နေပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ အမျိုးသမီးများမှာ အီစထရိုဂျင်ဟော်မုန်းပမာဏနဲ့ ကိုယ်အလေးချိန် အတက်အကျကြား ဆက်စပ်မှု ဘယ်လိုရှိသလဲ ဖြစ်ပါတယ်။ အီစထရိုဂျင်ဆိုတာ ဘာလဲ အီစထရိုဂျင်ဆိုတာဟာ အမျိုးသမီးများအတွက် အရေးကြီးတဲ့ ဟော်မုန်းနှစ်မျိုးအနက် တစ်မျိုးဖြစ်ပြီး အပျိုဖော်ဝင်ခြင်းနဲ့ ဓမ္မတာစက်ဝန်းလည်ပတ်ခြင်းအတွက် အရေးပါပါတယ်။ သွေးတွင်း ကိုလက်စထရောဓာတ်ကို ထိန်းသိမ်းပေးခြင်း၊ အရိုးများကို သန်မာစေခြင်း၊ ဦးနှောက်နှင့် စိတ်ကျန်းမာရေး ကောင်းမွန်စေခြင်း စတဲ့ လုပ်ငန်းတာဝန်တွေကိုလည်း ထမ်းဆောင်ပါသေးတယ်။ အီစထရိုဂျင်ကို သားဥအိမ်များမှ အဓိက ထုတ်လွှတ်ပေးပါတယ်။ အဒရီနယ်ဂလင်းနဲ့ အဆီတစ်ရှူးတွေကလည်း အနည်းငယ် […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ် အသားပို ထွက်ခြင်း

ခန္ဓာကိုယ်ရဲ့ တခြားနေရာမှာ အသားပို ထွက်သလိုမျိုး မိန်းမကိုယ်မှာလဲ အသားပို ထွက်နိုင်ပါတယ်။ ရိုးရိုး အသားပို ဆိုတာသေချာရင် စိုးရိမ်စရာ မလိုပါဘူး။ ဒါဟာ ကင်ဆာလည်း မဟုတ်သလို လိင်က တဆင့်ကူးစက်တတ်တဲ့ ရောဂါတို့၊ လိင်အင်္ဂါ ကြွက်နို့တို့နဲ့လည်း မတူပါဘူး။ ဒါပေမယ့် ရုတ်တရက် ကိုယ့်မှာ ဖြစ်လာခဲ့ရင် သို့လော သို့လော တွေးပြီး စိုးရိမ်နေမှာပါ။ ဒါကြောင့် ဒီအသားပို ဘာလို့ ထွက်ရတာလဲ။ ဘယ်လို ကုသနိုင်လဲဆိုတာ လေ့လာကြည့်ရအောင်။ မိန်းမကိုယ် အသားပို ဆိုတာ ဘာလဲ။ တခြား နေရာမှာ ဖြစ်တဲ့ အသားပိုတွေနဲ့ အတူတူပါပဲ။ မိန်းမကိုယ် အသားပို ဆေးပညာအရ Fibroepithelial Polyp လို့ ခေါ်ပါတယ်။ အရွယ်ရောက်ပြီးသား အမျိုးသမီးတွေမှာ တွေ့ရတတ်ပါတယ်။ ဖြစ်တာ ရှားပါတယ်။ […]


ရာသီလာခြင်း

ရာသီစက်ဝန်းကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းကြမယ်

အမျိုးသမီးတ‌စ်ယောက်ရဲ့ ဆယ်ကျော်သက်လောက်ကစခဲ့တဲ့ရာသီစက်၀န်းဟာ သွေးဆုံးချိန် အသက်၅၀ ၀န်းကျင်‌လောက်ထိ‌ရေတွက်ကြည့်ရင် စုစုပေါင်းအကြိမ်ရေ ၅၀၀ လောက်ထိရှိပါတယ်။ ဒါကြောင့် ရာသီစက်၀န်းတိုင်းမှာ ကိုယ့်ရဲ့ပျော်ရွှင်မှုတွေ၊ တက်ကြွဖျတ်လတ်မှုတွေ ပေးဆပ်လိုက်ရတယ်၊ နေ့စဉ်လုပ်ငန်းဆောင်တာတွေ ပျက်ကွက်သွားတယ် ဆိုရင်မတန်ဘူးလေနော်။   ။ ပြီးတော့ ရာသီစက်၀န်းတိုင်းမှာ ပိုပြီးပင်ပန်းလွယ်၊ ထိရှလွယ်ဖြစ်နေတာဟာလည်း သဘာ၀ပဲမို့ ဒီလိုအချိန်တွေမှာ ဘယ်လိုပျော်ပျော်ရွှင်ရွှင်ပေါ့‌ပေါ့ပါးပါးဖြတ်သန်းကြမလဲ၊ ဒီကိစ္စကြောင့် ကိုယ့်ရဲ့ အရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေမပျက်ကွက်ရအောင် ဘယ်လိုပြင်ဆင်နေထိုင်ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။   ။ ၁) ကြိုတင်ပြင်ဆင်ကြမယ် ကြိုတင်ပြင်ဆင်ဖို့ ပထမဆုံးခြေလှမ်းက ကိုယ်ရဲ့ရာသီစက်ဝန်းဟာဘယ်နေ့တွေလဲဆိုတာ သိဖို့ပါ။ ဒါကြောင့် ရက်မှတ်သားထားဖို့ လိုပါတယ်။ ရာသီစက်ဝန်း ပြန်လည်လာမယ့်အချိန်ကိုကြိုတင်သတိထားမိအောင် ပြက္ခဒိန်မှာမှတ်သားထားလို့ရသလို Hellosayarwonက သားဥကြွေခြင်းကို တွက်ချက်ခြင်း ကျန်းမာရေး ကိရိယာတွေကို ကောင်းစွာအသုံးချပြီးပြင်ဆင်နိုင်ပါတယ်။ ကိရိယာထဲမှာ ကိုယ့်ရဲ့ရာသီစက်ဝန်းပုံစံ (ဘယ်နှရက်တစ်ခါလဲ ၊ ဘယ်လောက်ကြာတတ်လဲ) စတာတွေကိုဖြည့်ထားလိုက်ရင် သူ့အလိုလိုတွက်ချက်ပြီး စက်ဝန်းပြန်လည်ခါနီးသတိပေးချက်တွေ၊ ဘယ်နေ့တွေ ဥကြွေမလဲ၊ ဘယ်နေ့တွေမှာအတူနေရင် ကလေးရနိုင်သလဲ စတာတွေပါ […]


သားဥအိမ်အရည်အိတ်တည်ခြင်း ရောဂါစု

သားဥအိမ် ရေအိတ်တည်ခြင်း ရောဂါစု (PCOS)

သားဥအိမ် ရေအိတ်တည်တဲ့ ရောဂါစုကို ဆေးပညာလို Polycystic ovary syndrome (PCOS) လို့ ခေါ်ပါတယ်။ ဟော်မုန်းရောဂါတစ်မျိုးပါပဲ။ ရောဂါစုလို့ ပြောတဲ့အတွက် သားဥအိမ်မှာ ရေအိတ်တည်တာအပြင် တခြားရောဂါတွေနဲ့ပါ တွဲတတ်ပါသေးတယ်။ ရာသီမမှန်တာ၊ အမွေးအမျှင်တွေ များတာ၊ ကိုယ်ဝန်မရတာ၊ ဝက်ခြံတွေထွက်တာ စတဲ့ ပြဿနာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါ့ပြင် တခြားသော နောက်ဆက်တွဲ ရောဂါတွေလည်း ဖြစ်နိုင်ပါသေးတယ်။ ဘယ်အမျိုးသမီးမှာမဆို ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီရောဂါဟာ ဘယ်လိုရောဂါလဲ။ ကုသလို့ရလား။ အန္တရာယ်ရှိလားဆိုတာ ဆက်ကြည့်ရအောင်။ ဘာကြောင့် PCOS ဖြစ်ရတာလဲ။ ဖြစ်ရတဲ့ အကြောင်းရင်းကတော့ သေချာမသိရသေးနိုင်ဘူး။ ပြောကြတာတော့ အင်ဆူလင်များလို့ အင်ဆူလင်ဆိုတာ ပန်ကရိယက ထုတ်ပြီး ခန္ဓာကိုယ်က သကြားတွေကို ယူသုံးစေချင်တာကြောင့် စွမ်းအင်ရအောင် လုပ်ပေးတဲ့ ဟော်မုန်းပါ။ ဆဲလ်တွေက အင်ဆူလင်ကို ခံနိုင်ရည်ရှိလာတဲ့အခါ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ်က မှိုမစွဲဘဲ ဘာလို့ ယားယံနေတာလဲ

မိန်းမကိုယ်က မှိုမစွဲဘဲ ဘာလို့ ယားယံနေတာလဲ။ အမျိုးသမီးတွေရဲ့ မိန်းမကိုယ်ဟာ အမြဲလိုလို စိုစွတ်နေတဲ့အတွက် မှိုစွဲခြင်း ဖြစ်လွယ်လို့ သေချာဂရုစိုက်ရပါတယ်။ ဒါဆိုရင် မှိုမစွဲဘဲ ယားယံတာမျိုးရော မဖြစ်နိုင်ဘူးလား… ဖြစ်နိုင်တာပေါ့။ တစ်ခါတလေ မှိုစွဲတာ တစ်မျိုးတည်းကြောင့် မဟုတ်ဘဲ တခြား အကြောင်းရင်းတွေကြောင့်လည်း မိန်းမကိုယ်က ယားယံတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ မိန်းမကိုယ်က မှိုမစွဲဘဲ ဘာလို့ ယားယံနေတာလဲ ၁။ အရေပြား ဓာတ်မတည့်မှု မိန်းမကိုယ် ဆိုတာ အရမ်း ထိခိုက်လွယ်၊ ဓာတ်မတည့်ဖြစ်လွယ်တဲ့ နူးညံ့တဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ အဲ့တော့ ကိုယ်သုံးနေကျ မဟုတ်တဲ့ ရေချိုးဆပ်ပြာတွေ၊ အိပ်ရာခင်းအသစ်တွေ၊ ချောဆီ၊ Latex ရာဘာသားနဲ့ လုပ်ထားတဲ့ ကွန်ဒုံးများ၊ အမျိုးသမီးသုံး ကွန်ဒုံးတွေ၊ အဝတ်လျှော်ဆပ်ပြာ၊ အတွင်းခံ ဘောင်းဘီ အကျပ်တွေ ဝတ်တာ၊ အမွှေးရနံ့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

သားအိမ် တစ်ရှူးနေရာမှားခြင်း

ရာသီလာတိုင်း သူများနဲ့မတူအောင် နာကျင်နေပြီလား။ ဒါမှမဟုတ် ရာသီလာတိုင်းမှာ ချုပ်ရိုးကြောင်းကသွေးထွက်တာ၊ ဝမ်းထဲမှာသွေးပါတာ စတာတွေနဲ့ တွဲဖြစ်နေပြီလား။ ဒီလိုထူးထူးဆန်းဆန်း ဝေဒနာတွေခံစားနေရပြီဆိုရင် သားအိမ် တစ်ရှူးနေရာမှားနေတာလားဆိုတာကို စဥ်းစားရမှာပါ။ ဒါက ရှားပါးတဲ့ရောဂါဖြစ်ပေမယ့် နောက်ပိုင်းကျရင် မျိုးမအောင်တဲ့ ပြဿနာတွေပေါ်လာနိုင်တာမို့လို့ သတိထားတာမမှားပါဘူး။ ဒါကို မပြောခင် ရာသီလာတဲ့အကြောင်းကို အရင်ရှင်းပြပေးပါ့မယ်။ အမျိုးသမီးတွေရဲ့ သားအိမ်နံရံမှာရှိတဲ့ ဆဲလ်တွေက အီစထရိုဂျင်၊ ပရိုဂျက်စတုန်းဟော်မုန်းတွေကို တုံ့ပြန်ပါတယ်။ ဟော်မုန်းထွက်လာရင် သားအိမ်နံရံသားလေးထူလာမယ်။ ဟော်မုန်းမရှိတော့ရင် သားအိမ်နံရံလေးကွာကျမယ်။ ဒါကို ရာသီလာတယ်လို့ပြောတာပါ။ ဒီရောဂါမှာ သားအိမ်တစ်ရှူးက ဘယ်နေရာပဲရောက်နေနေ ဟော်မုန်းကို တုံ့ပြန်လို့ ဒီလိုဖြစ်လာရတာပါ။ သားအိမ် တစ်ရှူးဘာလို့နေရာလွဲတာလဲ။ အကြောင်းရင်းကို တိတိကျကျမပြောနိုင်ပေမယ့် ဒါနဲ့ပတ်သတ်ပြီး သီအိုရီတွေ အများကြီးရှိပါတယ်။ ရာသီသွေးက အပြင်ကိုမထွက်ဘဲ နောက်ပြန်ဝင်သွားတာကြောင့်ဖြစ်တာ၊ ဝမ်းဗိုက်အတွင်းသားမှာရှိတဲ့ ဆဲလ်တွေကို ဟော်မုန်းတွေကလှုံ့ဆော်တာ၊ သန္ဓေသားဘဝမှာ ဆဲလ်တွေကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း