အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတစ်လျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ သူတို့ကို အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ ပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ

သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၄ ဦးမှာ ၁ ဦးက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် ခံရဖူးပါတယ်။ အကြမ်းဖျင်းအားဖြင့် အမျိုးသမီး ၈ ဦးမှာ ၁ ဦးနှုန်းဟာ အလုပ်ခွင် ဒါမှမဟုတ် သူတို့ ကျင်လည်ရာ လူမှုပတ်ဝန်းကျင်မှာ နှုတ်အားဖြင့် ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ခံစားရဖူးပါတယ်။ ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ လေ့လာမှုကို ၇ နှစ်ကြာ လုပ်ဆောင်ခဲ့ပါတယ်။ လေ့လာမှုမှာ အမျိုးသမီး အသက် ၅၃ နှစ် ဝန်းကျင် အမျိုးသမီး ၃၃၁၂၇ ဦး […]

အမျိုးသမီး ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

မီးယပ်သွေးဆုံးခြင်း

ရာသီသွေးဆုံးချိန် အကြောင်း သိမှတ်ဖွယ်ရာများ

အမျိုးသမီးတွေအားလုံး အပျိုဖော်ဝင်ချိန်ကစလို့ ရာသီသွေးဆုံးချိန် ဆိုတာ ကြုံတွေ့ကြရမှာပါ။ တစ်နှစ်တိတိ ရာသီသွေးလာခြင်းမရှိတော့ရင် ရာသီကုန်သွေးကုန်ဆုံးသွားပြီလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်မှာ ဖြစ်ပွားတဲ့အသက်အရွယ်က တူလေ့မရှိပေမယ့် ၄၀ ကျော်နဲ့ ၅၀ ကျော်အရွယ်တွေမှာတော့ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒီအချိန်မှာ ခန္ဓာကိုယ်တွင်း စိတ်ပိုင်းဆိုင်ရာအပြင် ရုပ်ပိုင်းဆိုင်ရာတွေပါ ပြောင်းလဲမှုတွေဖြစ်ပေါ်လာတတ်တဲ့အတွက် အမျိုးသမီးတွေသာမက အမျိုးသားတွေကပါ သိထားသင့်ပါတယ်။ ရာသီဆုံးချိန်ဝင်လာပြီဆိုရင်တော့ oestrogen နဲ့ progesterone လို့ခေါ်တဲ့ မ ဟော်မုန်းတွေကို သားဥအိမ်က ထုတ်နိုင်စွမ်းကျဆင်းလာပါတယ်။ ဒီဟော်မုန်းတွေ နည်းပါးလာတဲ့အတွက် hot flash လို့ခေါ်တဲ့ ချွေးစေးပြန်ခြင်း၊ ကိုယ်အလေးချိန်တက်လာခြင်းနဲ့ မိန်းမကိုယ်ခြောက်သွေ့ယားယံလာခြင်းတို့ ဖြစ်စေပါတယ်။ မအင်္ဂါကိုလည်း ကျုံ့လာစေတဲ့အတွက် ပိုပြီးခြောက်သွေ့စေတဲ့အပြင် မအင်္ဂါတစ်ဝိုက်တစ်ရှူးတွေလည်း ရောင်ရမ်းလာစေတာကြောင့် လိင်ဆက်ဆံတဲ့အခါ မသက်မသာ ဖြစ်စေနိုင်ပါသေးတယ်။ အရိုးပွရောဂါဖြစ်စေနိုင်တဲ့ ရာခိုင်နှုန်းကလည်း သွေးဆုံးချိန်မှာ မြင့်တက်လာပါတယ်၊ ဒီလိုအခက်အခဲတွေရှိတဲ့အတွက် သွေးဆုံးချိန်တွေကို […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ဖြစ်ချင်တာက ရိုမန်တစ်၊ ဖြစ်လာတာက ယားနာ၊ မဖြစ်စေဖို့

ချစ်သူများနေ့ရောက်ပြီဆိုရင် ချစ်သူစုံတွဲတွေအကြား ချောကလက်လေးတွေ အပြန်အလှန်လက်ဆောင်ပေးကြတာဟာ လူငယ်လူရွယ် စုံတွဲတွေအကြား ရေပန်းစားတဲ့ ဓလေ့တစ်ခုဖြစ်ပါတယ်။ ချောကလက်ခဲလေးရယ်၊ ဝိုင်လေးတစ်ပုလင်းရယ်ဆို ဘယ်လောက်တောင်များ ရိုမန်တစ်ဆန်လိုက်မလဲနော်။ ဟိုးထား ဆရာ။ ဒီလို ရိုမန်းတစ်ဆန်တာက ချစ်စရာကောင်းတယ်ဆိုပေမယ့် တစ်ဖက်မှာလည်း ကျန်းမာရေး ဆိုးကျိုးတွေ ရှိနေပါတယ်နော်။ ဗြိတိန်ဆေးသိပ္ပံပညာရှင်တွေရဲ့ နောက်ဆုံး လေ့လာဆန်းစစ်ချက်တွေအရ ချောကလက်နဲ့ ဝိုင်အရက်ကို တွဲဖက်စားသောက်တာက Yeast Infection (မိန်းမကိုယ် ကူးစက်မှို ရောဂါ) ဖြစ်နိုင်ချေအရမ်းများပါတယ်တဲ့။ ဗယ်လင်တိုင်းဒေးကာလမှာ ချောကလက်နဲ့ ဝိုင်ကို လက်ဆောင်အဖြစ်ပေးပြီး သာယာငြိမ့်ညောင်းတဲ့ တေးသံစဉ်လေးတွေနဲ့ ဖြတ်သန်းကြတာမျိုးဟာ အနောက်တိုင်းနဲ့ အာရှအရှေ့ဖျားတိုင်းပြည်တွေမှာ ပိုမိုခေတ်စားပါတယ်။ ခုနောက်ပိုင်းမှာတော့ ပြည်တွင်းမှာလည်း ခုလို အလေ့အထလေးတွေ ရှိလာနေပါပြီ။ ဗြိတိန်က ဆရာဝန်တွေကတော့ ဒီလို တွဲဖက်စားသုံးမှုမျိုး မပြုလုပ်ဖို့ တားမြစ်ကြပါတယ်။ ခုလို ချောကလက်နဲ့ ဝိုင် ဒါမှမဟုတ် သကြားဓာတ်ပါဝင်မှုများတဲ့ […]


မီးယပ်သွေးဆုံးခြင်း

သွေးဆုံးပြီး မှသွေးပြန်ဆင်းရင်

သွေးဆုံးပြီး တဲ့အမျိုးသမီးတစ်ဦးဟာ သွေးပြန်ဆင်းစရာအကြောင်းကို မရှိပါဘူး။ ဒီနေရာမှာ သွေးဆုံးတယ်ဆိုတာက တစ်နှစ်တိတိရာသီမလာတာကို ဆိုလိုတာပါ။ အသက်ကတော့ တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။ အသက်၄၀နဲ့ ၅၀ကြားမှာ သွေးဆုံးတာများပါတယ်။ သွေးဆုံးပြီးတဲ့နောက် သွေးပြန်ဆင်းတာက တစ်ခုခုဖြစ်နေတယ်ဆိုတာကို ပြောချင်တာပါ။ ပေါ့လို့မရပါဘူး။ သွေးဆုံးပြီး သွေးပြန်ဆင်းတာ အရေးကြီးလား။ အရေးကြီးပါတယ်။ သဘာဝအတိုင်းဆင်းတာထက်စာရင် ရောဂါတစ်ခုခုကြောင့်ဖြစ်ဖို့များပါတယ်။ ဒါကြောင့် တစ်ခါပဲသွေးဆင်းတာဖြစ်ဖြစ် နည်းနည်းလေးပဲဆင်းတာ၊ စွန်းထင်းတာ၊ အညိုအခဲတွေဆင်းတာပဲဖြစ်ဖြစ် တခြားလက္ခဏာမရှိဘဲ သွေးဆင်းတာသက်သက်ပဲဖြစ်ဖြစ် သွေးဆင်းတယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ် ဆရာဝန်နဲ့ပြသသင့်ပါတယ်။ တစ်ခါတစ်လေ သွေးဆင်းတာမပြင်းထန်ပေမယ့် ရောဂါကြီးနေတာမျိုး ဖြစ်နေတတ်ပါတယ်။ သွေးဆုံးပြီး မှ ဘာကြောင့် သွေးပြန်ဆင်းရတာလဲ။ အသားပိုထွက်ခြင်း သားအိမ် ဒါမှမဟုတ် သားအိမ်ခေါင်းမှာ အသားပိုတွယ်တာပါ။ ကင်ဆာမဟုတ်ပါဘူး။ သွေးစွန်းရုံကနေ အများကြီးဆင်းတာ၊ အတူနေပြီးသွေးဆင်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။ သားအိမ်နံရံပါးတာ သားအိမ်နံရံအထူအပါးကို အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းက ထိန်းပေးပါတယ်။ သွေးဆုံးပြီးတဲ့နောက်မှာ ဒီဟော်မုန်းတွေ နည်းသွားတဲ့အတွက် […]


သားဥအိမ်အရည်အိတ်တည်ခြင်း ရောဂါစု

သားဥအိမ်အရည်အိတ် တည်ခြင်း

အမျိုးသမီးတော်တော်များများဟာ သားဥအိမ်အရည်အိတ် တည်တာဖြစ်ဖူးကြပါတယ်။ အလုံးသေးလို့ ဘာလက္ခဏာမှမပြတာ၊ သူ့အလိုလိုပျောက်သွားတာ‌ကြောင့် မသိလိုက်တာများပါတယ်။ သားဥအိမ်အရည်အိတ် တည်တာ မပြောခင် သားဥအိမ်ဆိုတာကိုအရင်ပြောပြပေးပါ့မယ်။ သားဥအိမ်က သားအိမ်ရဲ့ တစ်ဖက်တစ်ချက်မှာ တစ်လုံးစီရှိပါတယ်။ ရာသီလာဖို့ကူညီပေးသလို အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းဟော်မုန်းတွေထုတ်ပေးပါတယ်။ သားဥအိမ်က၂လုံးရှိတဲ့အတွက် အရည်အိတ်ကလည်း ၁ဖက် ဒါမှမဟုတ် တစ်ချိန်တည်းမှာ ၂ဖက်ဖြစ်တတ်ပါတယ်။ ဘာကြောင့်ဖြစ်တာလဲ။ အများအားဖြင့်တော့ ရာသီစက်ဝန်းကြောင့် အရည်အိတ် တည်တာများပါတယ်။ ဒါကို functional cystလို့ခေါ်ပါတယ်။ သူက အန္တရာယ်မပေးတတ်ပါဘူး။ ၂လ ၃လလောက်နေရင် အလိုလိုပျောက်သွားတတ်ပါတယ်။ တခြားအမျိုးအစားတွေကတော့ dermoid cyst (အရည်အိတ်ထဲမှာ ဆံပင်တွေ၊ လက်သည်းတွေပါနေတာ) cystadenoma endometrioma (သားအိမ်တစ်ရှူးတွေ သားဥအိမ်ကို ရောက်ပြီး အရည်အိတ်တည်ခြင်း) သားဥအိမ်အရည်အိတ် ကဘယ်သူတွေပိုဖြစ်နိုင်လဲ။ ဟော်မုန်းပြဿနာရှိသူတွေ (ကလေးလိုချင်လို့ သားဥကြွေဆေးသောက်သူတွေ) ကိုယ်ဝန်ဆောင်တွေ Endometriosis (သားဥအိမ်မှာ သွေးလုံးတည်) ရောဂါရှိသူတွေ […]


သားအိမ်အလုံးတည်ခြင်းရောဂါများ

သားအိမ်အသားလုံး တည်ခြင်း

ပတ်ဝန်းကျင်မှာ ဘယ်သူကတော့ဖြင့် သားအိမ်မှာ အသားလုံးတည်လို့ သားအိမ်ထုတ်လိုက်ရတယ်။ဘယ်သူကတော့ အသားလုံးရှိလို့ ဆေးရုံတက်နေတယ်ဆိုတာမျိုး ကြားဖူးပါသလား။ ပတ်ဝန်းကျင်မှာ ဒါမျိုးမကြာခဏကြားဖူးတယ်ဆိုရင် ဒီရောဂါအဖြစ်များတယ်ပဲဆိုရမှာပေါ့။ ဒါကဘာရောဂါလဲ။ သားအိမ်အသားလုံး တည်တဲ့ရောဂါပါ။ ဒါကဘာကြောင့် ဖြစ်တာလဲ။ သူများတွေဖြစ်ရင် ကိုယ်ရောဖြစ်လာမှာလား။ ဆက်ကြည့်ကြည့်ရအောင်။ သားအိမ်အသားလုံး ဆိုတာဘာလဲ။ ပြောတဲ့အတိုင်းပဲ အသားလုံးကြီးပါ။ စာဆန်ဆန်ပြောရရင်တော့ သားအိမ်ကြွက်သားတွေ ပွားပြီး အလုံးတည်လာတာပေါ့။ မျက်စိနဲ့မမြင်နိုင်တဲ့ အလုံးသေးသေးလေးတွေရှိသလို ရင်ခေါင်းထိတက်ဆောင့်နိုင်တဲ့အလုံးကြီးတွေလည်းရှိပါတယ်။ သားအိမ်ထဲမှာဖြစ်နိုင်သလို သားအိမ်ပြင်ပမှာလည်း အညှာလေးနဲ့ တွယ်နေတတ်ပါတယ်။ တစ်လုံးတည်းလည်း ဖြစ်နိုင်သလို အများကြီးလည်းဖြစ်နိုင်ပါတယ်။ သားအိမ်အသားလုံး က ကင်ဆာလား။ ကင်ဆာ မဟုတ်ပါဘူး။ သာမန်အလုံးပါ။ ကင်ဆာပြောင်းနိုင်လားဆိုတော့ ပြောင်းနိုင်ခြေက လူ၁၀၀၀မှာ ၁ယောက်တောင်မရှိပါဘူး။ ဒါကြောင့် ဖြစ်ခဲတယ်လို့ပဲ ပြောရမှာပါ။ ဘာလက္ခဏာတွေ ခံစားရမှာလဲ။ သားအိမ်မှာ အသားလုံးရှိတဲ့သူ တော်တော်များများက ဘာလက္ခဏာမှ သိပ်မခံစားရပါဘူး။ ဒါက အလုံးသေးတာကြောင့်လည်း ဖြစ်နိုင်သလို အလုံးရှိတဲ့နေရာနဲ့လည်း […]


အမျိုးသမီးများတွင် ဖြစ်လေ့ရှိသည့် ဟော်မုန်းမမျှတခြင်း

မဟော်မုန်း အစားထိုးကုသခြင်းရဲ့ ကောင်းကျိုးနဲ့ ပြစ်ချက်များ

အက်စရိုဂျင်ဟော်မုန်း (Estrogen) တစ်နည်းအားဖြင့် မဟော်မုန်းတွေကို အမျိုးသမီးတွေမှာ အများဆုံးတွေ့ရပြီး အမျိုးသားတွေမှာလည်း ပမာဏတစ်ခုထိ တွေ့ရနိုင်ပါတယ်။ အမျိုးသမီးတွေအတွက် မဟော်မုန်းရဲ့ လုပ်ဆောင်ချက်တွေကတော့ မျိုးပွားစနစ်၊ အရိုးနဲ့ အရေပြားကျန်းမာစေဖို့၊ လိင်မှုကိစ္စ၊ အမျိုးသမီးများ ရာသီစက်ဝန်းကို ပုံမှန်လည်ပတ်စေဖို့ပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် မိန်းကလေးတွေမှာ အပျိုဖော်ဝင်ကာစမှ အသက် ၄၀ မတိုင်ခင်အထိကာလသည် မဟော်မုန်းထုတ်လုပ်မှုနှုန်း အမြင့်ဆုံးကာလအဖြစ် သတ်မှတ်ထားပြီး အဲ့နောက်ပိုင်းမှသာ ကိုယ်ခန္ဓာက ဟော်မုန်းထုတ်လုပ်တဲ့ နှုန်းကျဆင်းလာကာ မဟော်မုန်းချို့တဲ့တဲ့ အခြေအနေကို ရောက်ရှိပါတယ်။ မဟော်မုန်းနည်းတဲ့အခါ ဘယ်လိုလက္ခဏာတွေ တွေ့ရတတ်လဲ။ • မိန်းမကိုယ်မှ စိုစွတ်မှုနည်းသွားပြီး ခြောက်သွေ့လာခြင်း • လိင်ဆက်ဆံစဉ် အလွန်အမင်း နာကျင်ခြင်း • ရာသီလာချိန် ပုံမှန်မဟုတ်ခြင်း သို့မဟုတ် ရာသီထိန်သွားခြင်း • စိတ်ခံစားချက် အပြောင်းအလဲမြန်ခြင်း • ဆီးလမ်းကြောင်း ကျဉ်းသွားပြီးနောက် ပိုးဝင်ရန်လွယ်ကူသွားခြင်း • ရုတ်တရက် အချမ်းတက်ခြင်း • ရင်သားက […]


အမျိုးသမီးများတွင် ဖြစ်လေ့ရှိသည့် ဟော်မုန်းမမျှတခြင်း

သင့်မှာ မဟော်မုန်းနည်းနေလား၊ ဘယ်လိုသိနိုင်မလဲ

မဟော်မုန်းဆိုတာ ဘာလဲ။ အမျိုးသမီးတစ်ယောက် ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးအတွက် ကိုယ်ခန္ဓာကနေ မဟော်မုန်းတွေ ကို အများအပြား ထုတ်လွှတ်ပေးရပါတယ်။ အမျိုးသမီးတွေအတွက် မရှိမဖြစ် အဓိကအကျိုးပြု မဟော်မုန်းကတော့ အက်စထရိုဂျင်ဟော်မုန်းပါပဲ။ ဒီဟော်မုန်းက အပျိုဖော်ဝင်စကနေ အသက် ၄၀ မတိုင်ခင်အထိ ပုံမှန်ထုတ်လွှတ်ပေးနေပြီး အဲ့ဒီနောက်ပိုင်းမှာ ဟော်မုန်းထုတ်လွှတ်နှုန်းက ကျဆင်းသွားပါတယ်။ မဟော်မုန်းရဲ့ လုပ်ဆောင်ချက်တွေက ဘာလဲ။ • အမျိုးသမီးများရဲ့ ရင်သားကို ကြီးထွားလာစေခြင်း • အရိုးအားကောင်းစေခြင်း • ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်များကို ပုံမှန်လည်ပတ်အလုပ်လုပ်စေခြင်း • ကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်း • မိန်းမကိုယ် ကျန်းမာစေခြင်း • လိင်စိတ်ဆန္ဒကို မြှင့်တင်ပေးခြင်း စတဲ့နေရာတွေမှာ ကူညီပေးပါတယ်။ အမျိုးသမီးတစ်ယောက် အပျိုဖော်ဝင်ကာစအရွယ်ကနေ အသက်ကြီးတဲ့အထိ မဟော်မုန်းတွေကို အဆက်မပြတ်ထုတ်လုပ်ပေးနေပြီး ဘဝသက်တမ်းတစ်လျှောက်လုံးမှာ ကျန်းမာစေဖို့ ကူညီပံ့ပိုးပေးပါတယ်။ မဟော်မုန်းနည်းလာတဲ့အခါ ခန္ဓာကိုယ်မှာ ဘယ်လိုပြောင်းလဲမှုမျိုး တွေ့ရတတ်လဲ။ အတွေ့များတဲ့ လက္ခဏာတွေကတော့ • မိန်းမကိုယ်မှ စိုစွတ်မှုနည်းသွားပြီး ခြောက်သွေ့လာခြင်း • […]


အမျိုးသမီးများတွင် ဖြစ်လေ့ရှိသည့် ဟော်မုန်းမမျှတခြင်း

အမျိုးသမီးတွေအတွက် မဟော်မုန်း တိုးစေမယ့် နည်းလမ်းကောင်းများ

အမျိုးသမီးကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ မဟော်မုန်း ဓာတ်ဆိုတာကတော့ အက်စထရိုဂျင်ဟော်မုန်း (Estrogen) နဲ့ ပရိုဂျက်စတီရုန်းဟော်မုန်း (Progesterone) တို့ပဲဖြစ်ပါတယ်။ အက်စထရိုဂျင်ဟော်မုန်းသည် အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာအချိုးအစားလှပစေဖို့၊ မျိုးအောင်နိုင်စေဖို့ ကူညီပေးပြီး ပရိုဂျက်စတီရုန်းဟော်မုန်းကတော့ ရာသီစက်ဝန်းမှန်စေဖို့၊ ကိုယ်ဝန်ဆောင်ကာလအတွင်း မိခင်နဲ့ ကလေးကို ကျန်းမာစေဖို့ ပံ့ပိုးပေးနိုင်ပါတယ်။ အမျိုးသမီးတွေ အပျိုဖော်ဝင်ကာစ ဆယ်ကျော်သက်အရွယ်မှာ မဟော်မုန်းပမာဏဟာ အဆမတန် မြင့်တက်လာပြီး အသက် ၂၀ မှ ၄၀ ကြားကာလဟာ မဟော်မုန်းပမာဏ မြင့်တက်မှု အများဆုံးအချိန်လို့ ဆိုနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ ရာသီသွေးဆုံးချိန်မှာတော့ ပမာဏပြန်နည်းသွားကာ ဟော်မုန်းမျှခြေကို ကမောက်ကမဖြစ်စေတတ်ပါတယ်။ ဒီလိုဟော်မုန်းမျှခြေပျက်ယွင်းတဲ့အခါ အမျိုးသမီးတွေရဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာ၊ လိင်စိတ်ဆန္ဒ၊ အရိုးနဲ့ ကြွက်သား၊ ရုပ်ခန္ဓာကျန်းမာရေး ဒါတွေအားလုံးကို သွားပြီး အဆိုးဘက်ကသက်ရောက်မှု ဖြစ်စေနိုင်ပါတယ်။ ဒီအတွက်ကြောင့် အမျိုးသမီးတွေအတွက် မဟော်မုန်းပမာဏဟာ အလွန်အရေးကြီးပြီး […]


ရာသီလာခြင်း

ရာသီထိန် ခြင်း

ရာသီထိန် တယ်လို့ပြောဖို့အတွက် အနည်းဆုံး တလထက်ပိုပြီး ရာသီမလာဖို့လိုပါတယ်။ အဲ့တော့ အမျိုးသမီးတွေ ၃လဆက်တိုက် ရာသီမလာရင်ပဲဖြစ်ဖြစ် မိန်းကလေးတွေ အသက်၁၅နှစ်ထိ သွေးမပေါ်သေးရင်ပဲ ဖြစ်ဖြစ် ရာသီထိန်တာပါပဲ။ လက္ခဏာများ ရာသီထိန်တာအပြင် ဖြစ်ရတဲ့ အကြောင်းအရင်းပေါ်မူတည်ပြီး တခြားလက္ခဏာတွေလည်း တွဲလာနိုင်ပါသေးတယ်။ ပြောရရင် -နို့သီးခေါင်းက အရည်ထွက်တာ -ဆံပင်ကျွတ်တာ -ခေါင်းကိုက်တာ -အမြင်အာရုံပြောင်းလဲတာ -မျက်နှာမှာ အမွေးအမျှင်တွေ အထွက်များလာတာ -ဆီးစပ်ကိုက်တာ -ဝက်ခြံထွက်တာ စတာတွေပဲဖြစ်ပါတယ်။ ဖြစ်ရတဲ့အကြောင်းရင်းများ သဘာဝအတိုင်းထိန်ခြင်း ဒီအကြောင်းတွေကြောင့်ဆိုရင်တော့ ရာသီထိန်တာ မဆန်းပါဘူး။ -ကိုယ်ဝန်ရှိခြင်း -နို့တိုက်နေခြင်း -သွေးဆုံးခြင်း သန္ဓေတားဆေးများ တချို့သော သန္ဓေတားဆေးတွေက ရာသီထိန်တတ်ပါတယ်။ သောက်ဆေးတွေတောင်မှ ရပ်လိုက်ပြီးရင် သားဥကြွေဖို့နဲ့ ရာသီပြန်လာဖို့အတွက် အချိန်တစ်ခုစောင့်ရပါတယ်။ ထိုးဆေးတွေ၊ လက်မောင်းအောက်ထည့်တဲ့ တားဆေးတွေ၊ သားအိမ်ထဲထည့်တဲ့ ပစ္စည်းတချို့ကလည်း ရာသီထိန်စေပါတယ်။ ဆေးဝါးများ ရာသီထိန်စေတဲ့ ဆေးတွေကတော့ -စိတ်ရောဂါကုဆေးတွေ -ကင်ဆာဆေးတွေ -စိတ်ကျရောဂါကုဆေးတွေ -သွေးကျဆေးတွေ -အလာဂျီဆေးတွေပဲ ဖြစ်ပါတယ်။ ​lifestyleပြဿနာတွေ -ကိုယ်အလေးချိန်နည်းခြင်း : ပုံမှန်ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ၁၀ရာခိုင်နှုန်းလောက် နည်းနေပြီဆိုရင် ဟော်မုန်းတွေ ကမောက်ကမဖြစ်ပြီး ရာသီထိန်တတ်ပါတယ်။ အစားအသောက် လုံးဝမစားတာ ဒါမှမဟုတ် […]


ရာသီလာခြင်း

ရာသီခွက် (Menstrual cups) လေးတွေအကြောင်း ပြောကြမယ်။

မိန်းကလေးတွေရဲ့ လစဉ် ကြုံတွေ့ရတဲ့ ရာသီလာခြင်းကို သက်တောင့်သက်သာအဖြစ်ဆုံးနဲ့ လွတ်လပ်စွာ ဖြတ်သန်းနိုင်ဖို့အတွက် ရာသီလာစဉ် သုံးရတဲ့ အသုံးအဆောင်အမျိုးမျိုးကို ထုတ်လုပ်လာကြပါတယ်။ ရာသီလာနေတဲ့ချိန်ဆိုရင် အနည်းနဲ့ အများတော့ စိတ်ကသိကအောက်ဖြစ်ရတာပါပဲနော်။ အထူးသဖြင့် ရာသီသွေးအများကြီးဆင်းတတ်တဲ့ သူတွေအတွက်ဆိုရင် လှုပ်လှုပ်ရှားရှားလုပ်လိုက်ရင် စွန်းထင်းသွားလေမလား။ ခရီးသွားတဲ့ချိန်နဲ့ ရာသီလာတဲ့ချိန်နဲ့ တိုက်ဆိုင်ရင်လည်း စိတ်တွေရှုပ်ရတယ်။ ဒီလိုပြဿနာတွေကို တတ်နိုင်သလောက် လျော့ချပေးဖို့ အတွက် လစဉ်သုံးပစ္စည်း အတောင်ပံပါ pad လေးတွေ၊ မိန်းမကိုယ်ထဲ ထိုးသွင်းတဲ့ tampon လေးတွေ၊ ခုနောက်ပိုင်း ခေတ်စားလာတဲ့ ရာသီခွက် (menstrual cups) လေးတွေ ဈေးကွက်ထဲမှာ အမျိုးမျိုးရှိနေပါတယ်။ ဒီထဲကမှ ပျိုမေတို့နဲ့ သိပ်မရင်းနှီးသေးတဲ့ Menstrual cups လေးတွေအကြောင်း ပြောပြချင်ပါတယ်။ ရာသီခွက်လေးတွေက ဘာလဲ။ ဘယ်လိုအလုပ်လုပ်တာလဲ။ ရာသီခွက်ဆိုတာက ရာဘာသို့မဟုတ် စီလီကွန်နဲ့ လုပ်ထားတဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း