အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတစ်လျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ သူတို့ကို အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ ပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ

သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၄ ဦးမှာ ၁ ဦးက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် ခံရဖူးပါတယ်။ အကြမ်းဖျင်းအားဖြင့် အမျိုးသမီး ၈ ဦးမှာ ၁ ဦးနှုန်းဟာ အလုပ်ခွင် ဒါမှမဟုတ် သူတို့ ကျင်လည်ရာ လူမှုပတ်ဝန်းကျင်မှာ နှုတ်အားဖြင့် ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ခံစားရဖူးပါတယ်။ ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ လေ့လာမှုကို ၇ နှစ်ကြာ လုပ်ဆောင်ခဲ့ပါတယ်။ လေ့လာမှုမှာ အမျိုးသမီး အသက် ၅၃ နှစ် ဝန်းကျင် အမျိုးသမီး ၃၃၁၂၇ ဦး […]

အမျိုးသမီး ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

ရာသီလာခြင်း

ရာသီသွေးနောက်ကျတာ ဒီအချက်တွေကြောင့်ပါ

လာတော့လည်း ကိုက်ခဲရတယ်၊ နေရထိုင်ရ မသက်မသာဖြစ်တယ်။ မလာတော့လည်း တွေးပူရတယ်။ နောက်ကျတော့လည်း စိုးရိမ်ရတဲ့ကိစ္စက လေဒီတိုင်းလိုလိုတွေ့ကြုံဖူးမယ်ထင်ပါတယ်။ ဒီတစ်ခေါက်တော့ လာတာနောက်ကျလို့ စိတ်ပူနေတဲ့ လေဒီလေးတွေကို ဘာကြောင့် ရာသီသွေးဆင်းနောက်ကျတာလဲဆိုတာလေး ပြောပြပေးပါရစေလား။ ရာသီသွေး နောက်ကျနေပြီလား..... အရင် ဒီရက်ဆိုသွေးဆင်းနေကျပါ။ ခုတော့ ရာသီသွေးခုထိမပေါ်သေးဘူးဆိုပြီး စိတ်ညစ်နေပြီလား။ တစ်ခုခုမှားယွင်းနေတယ်လို့များယူဆတွေးပူနေမိပြီလား။ လေဒီလေးတို့ကို ရာသီသွေးဆင်းနောက်ကျစေတဲ့အချက်ကတော်တော်လေးတော့များပါတယ်။ ဒီထဲမှာမှ ကိုယ်က ဘယ်အချက်နဲ့ကိုက်ညီနေလဲဆိုတာ ဆန်းစစ်ကြည့်လိုက်နော်။ ပုံမှန်ကတော့ ရာသီသွေးက ၂ ရက် ၃ ရက်လောက်အထိနောက်ကျတာမျိုးရှိတတ်ပါတယ်။ ဒါပေမယ့် တစ်ပတ်ထက်ကျော်ပြီး နောက်ကျနေတယ်ဆိုရင်တော့ ဒီအချက်တွေထဲက တစ်ချက်ချက်ကြောင့်ဖြစ်နေနိုင်ပါတယ်နော်။ ရာသီသွေး နောက်ကျနေတာ ဒီအချက်တွေကြောင့်ပါ သင့်ကို ရာသီသွေးနောက်ကျနေစေတဲ့ တစ်ခုမကသော အကြောင်းအရင်းတွေက စိတ်ဖိစီးနေတာ အလုပ်ဖိအားကြောင့်ဖြစ်ဖြစ်၊ မိသားစုကိစ္စ၊လူမှုရေးကိစ္စတစ်ခုခုကြောင့် ကာလရှည်ကြာခံစားနေရဲ့ စိတ်ဖိစီးမှုက လေဒီလေးတွေရဲ့ ရာသီစက်ဝန်းအပေါ်မှာ သက်ရောက်မှုရှိနေနိုင်ပါတယ်။ စိတ်ဖိစီးမှုများလာတဲ့အခါ ရာသီသွေးတာ ပုံမှန်ထက်ပိုများတာ၊ နည်းတာ၊ လုံးဝမဆင်းတော့တာမျိုး […]


ရာသီလာခြင်း

ရာသီလာစဉ် နာကျင်ကိုက်ခဲတာကို သက်သာစေမယ့် ယောဂပို့စ်

တစ်လတစ်ကြိမ်ရာသီလာတဲ့အခါတိုင်း နာကျင်ပင်ပန်းနေရတဲ့ လေဒီလေးတွေရှိလား။ ဒါဆိုရင်တော့ ရာသီလာစဉ် နာကျင်ကိုက်ခဲတာတွေ ပင်ပန်းတာတွေ သက်သာစေဖို့ လုပ်ပေးသင့်တဲ့ ယောဂပို့စ်လေးတွေအကြောင်း ပြောပြပေးပါရစေ။ ယောဂလုပ်တာက စိတ်ကျန်းမာစေသလို ခန္ဓာကိုယ်ကိုလည်း နာကျင်မှုကင်းဝေးပြီး ကျန်းမာစေနိုင်ပါတယ်။ ရာသီလာစဉ်မှာ ကိုက်ခဲမှုကင်းစေဖို့ လေဒီလေးတွေ လုပ်ပေးသင့်တဲ့ ယောဂပို့စ်တွေက ဘာတွေဖြစ်မလဲ....... ရာသီလာချိန်မှာ ပုံမှန်အတိုင်းကိုက လေဒီလေးတွေအတွက် တော်တော်ပင်ပန်းတတ်ကြပါတယ်။ ဒီပင်ပန်းမှုမှာ နာကျင်ကိုက်ခဲမှုပါ ထပ်ပေါင်းလိုက်မယ်ဆိုရင် တော်တော်လေး ဆိုးရွားတဲ့ အခြေအနေလို့ဆိုရပါမယ်။ ဒီတော့ ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကင်းစေဖို့ဆိုရင် ဒီယောဂပို့စလေးတွေက အကောင်းဆုံး​ဖြေရှင်းနိုင်မှာပါ။ Child’s pose ဒီယောဂပို့စ်က သက်တောင့်သက်သာရှိစေပြီး ရာသီလာစဉ်နာကျင်ကိုက်ခဲမှုကို သိသိသာသာသက်သာစေနိုင်ပါတယ်။ ခါးနဲ့နောက်ကျောကြွက်သားတွေကို ဖြည်းဖြည်းချင်းဆွဲဆန့်ပေးပြီး ကြွက်သားတွေကို ပြေလျော့စေမှာပါ။ ခါးနာတာကို သိသိသာသာသက်သာစေနိုင်မှာ အသေအချာပါ။ ပုဆစ်တုပ်ထိုင်ပြီး ခြေထောက်ကို ပခုံးနဲ့အညီထားပါ။ ပြီးရင်တော့ လက်နှစ်ဖက်ကို ရှေ့ကိုဆန့်တန်းလို့ ခါးကို ကိုင်းချပါ။ ခဏလေး […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ရင်သား အလှပျက်စေနိုင်တဲ့ သင့်ရဲ့အမူအကျင့်မှား(၅)မျိုး

အသက်အရွယ်ကြီးလာတာနဲ့အမျှ အရေပြားတွေလျော့တွဲလာတတ်တာ သဘာဝတရားပါ။ ဒါပေမယ့် ရင်သား တစ်ရှူးတွေကတော့ ခန္ဓာကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေထက် ရင့်ရော်မှု ၂ နှစ်၊ ၃ နှစ်ပိုစောတယ်လို့ သုတေသနက ဆိုပါတယ်။ ဒါမှမဟုတ်ရင်တော့ ရင်သားလျော့တွဲမှု ဖြစ်လာတာဟာ အရွယ်မတိုင်ခင် အလှပျက်ယွင်းစေနိုင်တဲ့အမူအကျင့်တွေ လုပ်မိနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ မိန်းကလေးတွေမှာ ရင်သား တင်းရင်းမှုမရှိဘဲ လျော့တွဲလာတာက အလှပျက်စေပါတယ်။ ဒါကလည်း သဘာဝဆိုတာထက် ကိုယ့်ရဲ့နေထိုင်မှုပုံစံ၊ အမှုမဲ့အမှတ်မဲ့အမူအကျင့်တွေကြောင့်လည်းဖြစ်နိုင်တာပေါ့၊ ဥပမာ – ကိုယ်ကျပ်အားကစားဝတ်စုံမဝတ်ဘဲ လေ့ကျင့်လှုပ်ရှားတာမျိုးက အရွယ်မတိုင်ခင် ရင်သားလျော့တွဲစေတဲ့အမူအကျင့်တွေထဲမှာ ပါဝင်ပါတယ်။ နောက်ထပ်ရော ဘာအကြောင်းရင်းတွေရှိနိုင်သေးလဲ - (၁) ဆိုဒ်မတော်တဲ့ ဘရာစီယာကို ဝတ်တာ ဒီအချက်ကို မိန်းကလေးအတော်များများ လုပ်မိတတ်ပါတယ်။ ကိုယ့်ရဲ့အတွင်းခံဆိုဒ်က ကိုယ့်ရင်သားကို လုံလုံလောက်လောက် ပုံစံတကျထိန်းပေးထားနိုင်ဖို့ အဓိကပါပဲ။ သိပ်ကျပ်နေတာ၊ သိပ်ချောင်နေတာ၊ အတွင်းခံဆိုဒ်ကြီးနေတာ၊ သေးနေတာတွေက ပြဿနာရှိနိုင်ပါတယ်။ ကိုယ်က ပိန်သွားတဲ့အခါ မတော်တော့တဲ့ဆိုဒ်ကို […]


ရာသီလာခြင်း

မီးယပ်သွေး ပေါ်ခြင်း (ရာသီပေါ်ခြင်း) နှင့် မိန်းကလေးတို့၏ ကျန်းမာရေး

မီးယပ်သွေး ပေါ်တယ် ရာသီလာတယ်ဆိုတာ ဘာလဲ။ အမျိုးသမီးများဟာ အပျိုဖော်ဝင်ချိန် အသက် ၁၃ နှစ် ၁၄ နှစ်မှ စလို့ သွေးမဆုံးခင် အသက် ၄၀ ကျော် ၅၀ကျော်အထိ လစဉ် လတိုင်း မမျိုးဥ ကြွေပါတယ်။ ဒီလိုကြွေတဲ့ မမျိုးဥတွေဟာ အမျိုးသားရဲ့ သုက်ပိုး နဲ့ ပေါင်းစပ်ရင် ကိုယ်ဝန် ရှိလာပါတယ်။ သုက်ပိုးနဲ့ ပေါင်းစပ်ခွင့် မကြုံတဲ့ မမျိုးဥဟာ သားအိမ်အတွင်းမှာ ၂ ရက်ကနေ ၇ အတွင်း နေပြီးနောက် သက်မဲ့သွေးအဖြစ်နဲ့ အမျိုးသမီး အင်္ဂါဝ ကနေ အပြင်ကို ထွက်သွားပါတယ်။ အဲ့ဒါကို မီးယပ်ပေါ်တယ်၊ ရာသီလာတယ် လို့ ခေါ်ခြင်း ဖြစ်ပါတယ်။ မီးယပ်သွေး ဆင်းမှု မမှန်ခြင်းများ လစဉ်ရာသီသွေးဆင်းရက်ကြာခြင်း ရာသီကြားကာလရက် […]


မီးယပ်သွေးဆုံးခြင်း

မီးယပ်သွေးဆုံးမှာ ဘာရောဂါတွေ ယှဉ်လာနိုင်လဲ

ရှေ့က ရေးခဲ့တဲ့ estrogen မ ဟော်မုန်းအကြောင်း ကို ဖတ်ထားခဲ့ရင်တော့ သည်ဆောင်းပါးကို ပိုပြီး ထဲထဲဝင်ဝင် နားလည်နိုင်ပါလိမ့်မယ်။ သွေးဆုံးတယ်ဆိုတာ တကယ်တော့ သားဥအိမ်က သားဥမကြွေတော့တာကိုပြောတာပါပဲ။ တချို့က ရာသီသွေးမဆင်းတော့ရင် ဆိုပြီးလည်းပြောကြတယ်။ တစ်နည်းအားဖြင့် မှန်ပါတယ်။ ပေါ်ပေါ်ထင်ထင်ကြည့်ပြီး သိလို့ရတာက သည်အချက်ပဲ ရှိတာကိုး။ ဘယ်အသက်အရွယ်မှာ သွေးဆုံးတယ်ဆိုတာကတော့ မျိုးရိုးနဲ့လည်းဆိုင်ပါတယ်။ အများစုကတော့ ၄၅-၅၀ ပတ်ချာလည်တွေမှာ သွေးဆုံးလေ့ရှိကြပါတယ်။  အချိန်ကိုတော့ အကြမ်းဖျင်းအနေနဲ့ တစ်နှစ်စောင့်ကြည့်ရပါတယ်။ တစ်နှစ်တိတိ ဘာပြင်ပ ပယောဂမှ မပါဘဲကို သားဥ မကြွေတော့လို့ သူနဲ့ ဆက်စပ်ပြီး ဖြစ်ပေါ်မယ့် ဓမ္မတာသွေးမဆင်းတော့တဲ့ အချိန်ဆိုရင်တော့ သွေးဆုံးပြီလို့ ပြောဖို့ အပြည့်စုံဆုံးဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သွေးဆုံးပြီးတာတောင်မှ သွေးပြန်ဆင်းတာမျိုးကြုံတတ်လို့ပါ။ ဒါက ရောဂါပိုင်းဖြစ်သွားပြီမို့ နောက်မှ သတ်သတ်ရှင်းပြပါ့မယ်။ […]


မီးယပ်သွေးဆုံးခြင်း

သွေးဆုံးချိန်၌ ဖြစ်တတ်သော စိတ် အပြောင်းအလဲများ

စိတ်ရဲ့ အလုပ်လုပ်ပုံဟာ ရှုပ်ထွေးတယ်ဆိုတာ  သွေးဆုံးခါနီး အမျိုးသမီးတစ်ယောက်ကို ကြည့်ရင် သိသာနိုင်ပါတယ်။ သွေးဆုံးတဲ့အချိန်မှာ အဲဒီအမျိုးသမီးကိုယ်တိုင်တောင် သူ့စိတ်အတွေး ဘယ်လိုဖြစ်နေလဲ ဆိုတာ သိဖို့ ခက်ပါတယ်။ သွေးဆုံးချိန်ဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ လူတိုင်းက သူ့ကို ရူးနေပြီလို့ စွပ်စွဲလို့ရလောက်အောင် ခြောက်ခြားစရာ ကာလပေါ့။ အမျိုးသမီးတွေအတွက် သွေးဆုံးချိန်ဟာ ဘဝရဲ့ သိသာထင်ရှားတဲ့ အချိုးအကွေ့တစ်ခု ဖြစ်ပါတယ်။ မ ဟော်မုန်းဓာတ် ကျဆင်းခြင်းကြောင့် ဇီဝဖြစ်စဥ်တွေ  ကမောက်ကမဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဆုတ်ယုတ်မှုတွေ ဖြစ်လာတာပါပဲ။ သည်လိုအချိန်မှာ စိတ်တွေလည်း ဖရိုဖရဲဖြစ်မယ်ဆိုတာ ပြောစရာတောင်မလိုပါဘူးနော်။ ဒါ့ကြောင့် သည်ဆောင်းပါးမှာ ကနဦးအနေနဲ့  အမျိုးသမီးတစ်ယောက် သွေးဆုံးချိန်မှာ တွေ့ကြုံရမယ့် စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေက ဘာတွေလဲ ဆိုတာရယ် ...ဒါတွေကို အတတ်နိုင်ဆုံး ဘယ်လိုကျော်လွှားမလဲ ဆိုတာရယ် […]


အမျိုးသမီးများတွင် ဖြစ်လေ့ရှိသည့် ဟော်မုန်းမမျှတခြင်း

မ သဘာဝ ရဲ့ အဓိက ဇာတ်ဆောင် Estrogen

အရွယ်စုံ အမျိုးသမီးတွေရဲ့ နေ့စဉ် ဘဝမှာရော မသဘာဝ ကိုဖော်ဆောင်ရာမှာပါ အတော်လေးအရေးပါတဲ့ မ ဟော်မုန်းဓာတ် ( estrogen ) အကြောင်းကို လက်လှမ်းမီသလောက် ပြောပြပေးချင်စိတ်ဖြစ်လာတာမို့ သည်ဆောင်းပါးလေးကို ရေးပါတယ်။ ဆေးပညာရှုထောင့်ချည်း သတ်သတ်မဟုတ်ဘဲ မိမိကိုယ်ထဲမှာရှိနေတဲ့ ဓာတ်တစ်ခုရဲ့ အလုပ်လုပ်ပုံနဲ့ ကောင်းကျိုးလေးတွေကို သိထားစေချင်တာပါ။ ရာသီမမှန်ဘူး၊ နေမထိထိုင်မသာဖြစ်တယ်၊ အသားအရေ မွဲပြီး ခြောက်တယ်၊ အိမ်ထောင်ရေးသုခ မပြည့်ဝဘူး၊ သွေးဆုံးကိုင်ချင်တယ် စတဲ့ အမျိုးသမီး အများစုအတွက် မရိုးနိုင်တဲ့ ပြဿနာတွေရဲ့ အစက သည်ဟော်မုန်းဖြစ်နေတာကြောင့်ပါ။ သူ့အကြောင်းကို သေချာသိပြီးသွားပြီဆိုရင်တော့ သူမရှိတော့တဲ့ သွေးဆုံးချိန်မှာ ကြုံရတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲ လေးတွေ အကြောင်းကို လည်း သီးသန့်ဆောင်းပါး လေးတွေနဲ့ ပြောပြပေးသွားပါမယ်။ မ ဟော်မုန်းဓာတ် လို့သာပြောပေမယ့် […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

လေဒီတို့ ပုရိသတွေနဲ့ ပြိုင်မသောက်သင့်တဲ့ အကြောင်းရင်း

သောက်ရတာကြိုက်တဲ့ လေဒီတို့ ဒီဆောင်းပါးခေါင်းစဉ်ကို မြင်မိပါစေနော်။ ဒီနေ့ခေတ်မှာ အရာရာရင်ဘောင်တန်းနိုင်ပြီဆိုပေမယ့် ပုရိသတွေနဲ့ ယှဉ်မသောက်ကြဖို့ သတိလေးပေးလိုက်ချင်လို့ပါ။ လေဒီတို့ ပုရိသတွေနဲ့ ပြိုင်မသောက်သင့်တဲ့ အကြောင်းရင်း သောက်တာချင်းတူတူကို မိန်းကလေးတွေက ယောကျာ်းလေးတွေထက် အရက်နာကျတဲ့ဝေဒနာ ပိုခံစားရလို့ပဲဖြစ်ပါတယ်။ ဒီအကြောင်းကို လေ့လာတွေ့ရှိခဲ့တဲ့ သုတေသနတစ်ခုအကြောင်း ဆက်ပြီး ကြည့်ရအောင်။ အမေရိကန်သုတေသနပညာရှင်တွေက အရက်နာကျခြင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေကို တိုင်းတာဖို့ အရက်နာကျလက္ခဏာတိုင်းတာမှုစနစ်သစ်တစ်ခုကို ရေးဆွဲခဲ့ကြပါတယ်။ ဒီတိုင်းတာမှုမှာ ရေဓာတ်ခန်းခြောက်ခြင်း၊ ပင်ပန်းနုံးချိခြင်း၊ ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အားနည်းခြင်း၊ အာရုံစိုက်မရခြင်း၊ စိုးရိမ်ပူပန်ခြင်းနဲ့ အိပ်မရခြင်းတို့လို အရက်နာကျလက္ခဏာ ၁၃ မျိုးကို ဖြစ်လေ့ရှိမှုနဲ့ ပြင်းထန်မှုတို့အပေါ် အဆင့်တွေသတ်မှတ်ခဲ့ပါတယ်။ ဒါကို စမ်းသပ်နိုင်ဖို့ သုတေသီတွေက တက္ကသိုလ်ကျောင်းသား ၁၂၃၀ ဦးကို ပြီးခဲ့တဲ့နှစ်အတွင်း သူတို့ရဲ့ သောက်တတ်တဲ့အလေ့အကျင့်နဲ့ အရက်နာကျလက္ခဏာတွေအကြောင်း စစ်တမ်းကောက်ယူခဲ့ပါတယ်။ စစ်တမ်းမှာ ကျောင်းသားတွေရဲ့ အယ်လ်ကိုဟေ ာသောက်သုံးမှုရာဇဝင်၊ […]


ရာသီလာခြင်း

ဓမ္မတာ မလာခင် နာကျင်ခြင်း

မင်္ဂလာပါ ။ Hello Sayarwon စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီဆောင်းပါးမှာတော့ အမျိုးသမီးများ ဓမ္မတာမတိုင်ခင် နာကျင်ခြင်း အကြောင်းကို ဆွေးနွေးပေးသွားမှာပါ ။ အမျိုးသမီးတွေ ဓမ္မတာမလာခင်မှာ ကြုံတွေ့ရတဲ့ အခြေအနေတွေက တစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါဘူး ။ ခေါင်းကိုက်ခြင်း ၊ရင်ပြည့်ခြင်း ၊ ရင်သားများ တင်းပြီး နာကျင်ခြင်း တွေ ဖြစ်တတ်သလို ဒီလိုမျိုးဖြစ်လို့လည်း စိတ်တိုလွယ်ပြီး ဒေါသဖြစ်နေတတ်ပါတယ် ။ ဒီအချိန်တွေက လက်တွဲဖော် အမျိုးသားတွေအတွက်လည်း စိတ်ညစ်စရာ ကောင်းမှာ အသေအချာပါပဲ ။ ဒီလိုအခြေအနေတွေကို ဘယ်လိုမျိုး ကျော်ဖြတ်ကြမလဲ ။ အမျိုးသမီးတွေ အားကစားလုပ်ခြင်းက ဓမ္မတာမလာခင်မှာ ဖြစ်တတ်တဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။ လမ်းလျှောက်ခြင်း ၊ စက်ဘီးစီးခြင်း ၊ နာရီဝက်ခန့် ကခုန်ခြင်းတွေက […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ရင်သားလှပအောင်ခွဲစိတ် တော့မယ်ဆိုရင် ဒါတွေသိထားသင့်တယ်နော်

အမျိုးသမီးတွေအတွက် ရွေးချယ်စရာ အလှအပကုထုံးတွေ အခုခေတ်မှာပေါများလွန်းလို့ ခြေဆုံးခေါင်းဆုံးတောင် ပြင်ပစ်လိုက်လို့ရနေပါပြီ။ ဒီဆောင်းပါးမှာတော့ အခုနောက်ပိုင်းပြုလုပ်သူများလာတဲ့ ရင်သားလှပအောင်ခွဲစိတ် ပြုပြင်မှု (Breast Augmentation) နဲ့ပတ်သက်ပြီး သိသင့်တာလေးတွေ ပြောပြပေးချင်ပါတယ်။ အမျိုးသမီးတွေက လက်ရှိရင်သားထက် အရွယ်အစားပိုကြီးလာအောင်၊ ပုံပန်းသဏ္ဍာန် ပိုလှလာအောင်နဲ့ ပိုပြီးတင်းရင်းလာအောင် ရင်သားခွဲစိတ်မှုလုပ်ကြပါတယ်။ ခွဲစိတ်တဲ့အခါ ရင်ဘတ်ကြွက်သား ဒါမှမဟုတ် ရင်သားအသားစကြားကို ရင်သားပစ္စည်း(breast implant) ထည့်သွင်းလေ့ရှိပြီး ခွဲစိတ်မှုလုပ်ပြီးရင် (၇) နှစ်ကနေ (၁၂) နှစ်အထိ ခံပါတယ်။ ဘာ့ကြောင့် ရင်သားလှပအောင်ခွဲစိတ် မှုတွေ  လုပ်ကြတာလဲ များသောအားဖြင့် နဂိုကတည်းက ရင်သားအရွယ်အစားသေးနေရင် ကိုယ်ဝန်ရှိလို့၊ ဝိတ်ကျသွားလို့၊ မိခင်နို့တိုက်ကျွေးနေလို့ ပြောင်းလဲသွားတဲ့ ရင်သားပုံစံ၊ အရွယ်အစားကို ပြန်ပြုပြင်ချင်ရင် ရင်သားတစ်ဖက်နဲ့ တစ်ဖက်မညီမညာ ဖြစ်နေတာကို ပြန်ညှိချင်ရင် ခွဲစိတ်ကုသမှုတစ်ခုခုလုပ်ပြီးလို့ ပြောင်းလဲသွားတဲ့ ရင်သားကို နဂိုအတိုင်းပြန်လုပ်ချင်ရင် ရင်သားခွဲစိတ်မှုလုပ်ကြပါတယ်။ ရင်သားပလတ်စတစ်ခွဲစိတ်မှုမှာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း