အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတစ်လျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ သူတို့ကို အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ ပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ

သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၄ ဦးမှာ ၁ ဦးက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် ခံရဖူးပါတယ်။ အကြမ်းဖျင်းအားဖြင့် အမျိုးသမီး ၈ ဦးမှာ ၁ ဦးနှုန်းဟာ အလုပ်ခွင် ဒါမှမဟုတ် သူတို့ ကျင်လည်ရာ လူမှုပတ်ဝန်းကျင်မှာ နှုတ်အားဖြင့် ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ခံစားရဖူးပါတယ်။ ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ လေ့လာမှုကို ၇ နှစ်ကြာ လုပ်ဆောင်ခဲ့ပါတယ်။ လေ့လာမှုမှာ အမျိုးသမီး အသက် ၅၃ နှစ် ဝန်းကျင် အမျိုးသမီး ၃၃၁၂၇ ဦး […]

အမျိုးသမီး ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသမီးကျန်းမာရေးပြဿနာများ

သားအိမ်ထုတ် ပြီးနောက်ပိုင်း ဘာတွေသိထားသင့်သလဲ

သားအိမ်ထုတ်တယ်ဆိုတာ ဗိုက်အောက်ပိုင်းကနေ ခွဲစိတ်ပြီး သားအိမ်ကိုဖယ်ရှားတဲ့ ကုသမှုဖြစ်ပါတယ်။ ဒီလိုခွဲစိတ်ရာမှာ partial hysterectomy (သားအိမ်ကိုပဲဖယ်ရှားပြီး သားအိမ်ခေါင်းကို နဂိုအတိုင်းချန်ထားခဲ့တာ) နဲ့ total hysterectomy (သားအိမ်နဲ့ သားအိမ်ခေါင်းကို လုံးဝဖယ်ရှားလိုက်တာ) ဆိုပြီးရှိပါတယ်။ တစ်ခါတလေ total hysterectomy ခွဲစိတ်မှုမှာ သားဥအိမ်၊ သားဥပြွန် သို့မဟုတ် နှစ်ခုစလုံးကိုပါ ဖယ်ရှားရတာတွေ ပါဝင်တတ်ပါတယ်။ ခွဲစိတ်တဲ့အခါ မိန်းမကိုယ်ကနေသားအိမ်ထုတ်ခွဲစိတ်ခြင်း(vaginal hysterectomy) အပါအဝင် တခြားနောက်ဆုံးပေါ် သားအိမ်ထုတ်ခွဲစိတ်နည်းတွေ ရှိပါသေးတယ်။ ဆိုးကျိုးအနည်းဆုံးနဲ့ ကိုယ်နဲ့အသင့်တော်ဆုံးနည်းလမ်းကို ဆရာဝန်က ရွေးချယ်ဆုံးဖြတ်ပေးပါလိမ့်မယ်။ ခွဲစိတ်ပြီးတဲ့အခါ ခွဲစိတ်မှုပြီးတဲ့အခါ ကိုယ့်ရဲ့ဆရာဝန်၊ ဆရာမတွေက - နာကျင်မှုနဲ့ပတ်သက်တဲ့လက္ခဏာတွေ စောင့်ကြည့်ကုသပေးကြမယ်၊ နာကျင်မှုသက်သာစေဖို့နဲ့ ခွဲစိတ်ဒဏ်ရာပိုးမဝင်စေဖို့ ဆေးတွေပေးမယ်၊ ခွဲစိတ်မှုသက်သာလာတာနဲ့ ပုံမှန်အတိုင်းလှုပ်ရှားနိုင်အောင် အားပေးကူညီကြပါလိမ့်မယ်။ နာလန်ထူမယ့် ကာလ အမျိုးသမီးအများစုအတွက်တော့ ဝမ်းဗိုက်ကနေခွဲစိတ်မှုနောက်ပိုင်းမှာ ပြန်လည်နာလန်ထူနိုင်ဖို့ ၆ ပတ်လောက် ကြာနိုင်ပါတယ်။ […]


ရာသီလာခြင်း

ရာသီသွေး အရောင် အနုအရင့်က ဖော်ပြနေတဲ့ လက္ခဏာ

မိန်းကလေးတစ်ယောက်ရဲ့ ကျန်းမာရေးကို ရာသီသွေး အရောင် ကနေ သိနိုင်တယ်ဆိုရင် အံ့ဩသွားမလား။ ဥပမာ ဝါညိုရောင်သွေးဆင်းတာဟာ မိန်းမကိုယ်ပိုးဝင်ခြင်းကို ဖော်ပြနေတတ်ပါတယ်။ ရာသီသွေး ဆင်းချိန်မှာ သားအိမ်အတွင်းက သွေးနဲ့တစ်ရှူးတွေကို မိန်းမကိုယ်ကတဆင့် ခန္ဓာကိုယ်က စွန့်ထုတ်ပါတယ်။ သွေးဆင်းတဲ့အခါ သူရဲ့သက်တမ်းကိုမူတည်ပြီး အနီရဲရဲကနေ အညိုရင့် သို့မဟုတ် အမည်းရောင်အထိ အရောင်အနုအရင့်အမျိုးမျိုးနဲ့ ကွဲပြားနိုင်ပါတယ်။ ရာသီသွေး အရောင် အနုအရင့်က ဖော်ပြနေတဲ့ လက္ခဏာ ဟော်မုန်းအပြောင်းအလဲနဲ့ ကျန်းမာရေးပြဿနာတွေကလည်း ရာသီသွေးရဲ့အရောင်နဲ့ အသွင်ပုံစံကို သက်ရောက်မှုရှိနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ရာသီသွေးအရောင်က ဘယ်လိုအခြေအနေမျိုးတွေ မှာ ကွဲပြားကြတာလဲ၊ ဘာအကြောင်းရင်းတွေရှိနေတာလဲ၊ ဘယ်အချိန်မှာ ဆရာဝန်ပြဖို့လိုတာလဲ ဆိုတာတွေ ဖတ်ရှုရမှာပါ။ အမည်းရောင် အမည်းရောင်ရှိတဲ့ ရာသီသွေးဟာ ရာသီစလာခါစ သို့မဟုတ် ပြီးခါနီးရက်မှာ လာတတ်ပါတယ်။ သွေးက သားအိမ်ထဲမှာ ကျန်နေတာကြာနေပြီး အောက်စီဂျင်နဲ့ဓာတ်ပြုဖို့ အချိန်ရခဲ့တဲ့လက္ခဏာဖြစ်ပါတယ်။ ဒါမှမဟုတ် မိန်းမကိုယ်အတွင်းထဲမှာ […]


ရာသီလာခြင်း

အပျိုဖော်ဝင်စလေဒီလေးတွေ သိချင်နေမယ့်အချက်အချို့

လေဒီလေးတစ်ယောက်ဖြစ်လာဖို့ ကျော်ဖြတ်ခဲ့ရတဲ့ အဆင့်တွေကမနည်းပါဘူး။ ဒီတိုင်းကြည့်လိုက်ရင်တော့ အချိန်တွေကုန်လွန်ရင်းဒီလိုပဲ အရွယ်ရောက်လာတယ်ပေါ့။ တကယ်ကတော့ အတွေ့အကြုံမျိုးစုံကို ဖြတ်သန်းခဲ့ရတာပါ။ ဒီလိုဖြတ်သန်းရတဲ့ အတွေ့အကြုံတွေထဲကတစ်ခုကို အကောင်းဆုံးရင်ဆိုင်နိုင်စေဖို့ ဒီဆောင်းပါးလေးက အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။ အမွေးအတောင်စုံပြီး လှပတဲ့လေဒီလေးအဖြစ် အသွင်ကူးပြောင်းချိန်မှာ ကြုံရမယ့် အတွေ့အကြုံသစ်တွေက ဘာတွေများလဲ......... ကလေးဘဝတုန်းက အစ်ကိုတွေမောင်တွေနဲ့ အတူတူဆော့ရင်း ပေတူးနေခဲ့တဲ့ ကောင်မလေးတစ်ယောက် အပျိုလေးစဖြစ်လာပြီဆိုရင် အရင်ကထက်ပိုပြီးထွားလာတယ်။ ခန္ဓာကိုယ်မှာပြောင်းလဲမှုတွေဖြစ်လာပါတယ်။ ဒါတွေကမြင်သာတဲ့ပြောင်းလဲမှုတွေပါ။ ဒီမြင်သာတဲ့ပြောင်းလဲမှုကိုတင် ရင်ဆိုင်ရတာလားဆိုတော့ မဟုတ်ပါဘူး။ အရောင်အသွေးစုံလင်စွာနဲ့ လှပဖို့က ရင်ဆိုင်ရတဲ့ အခြားစိန်ခေါ်မှုတစ်ရပ်ရှိပါသေးတယ်။ ဒါကတော့ ရာသီပန်းကိစ္စပါ။ ရာသီပန်းဆိုတာဘာလဲ အပျိုဖော်စဝင်ချိန်မှာ ဦးနှောက်ရဲ့အချက်ပေးမှုကြောင့် ခန္ဓာကိုယ်က ဟော်မုန်းတစ်မျိုးကို စတင်ထုတ်ပါတယ်။ ဒီဟော်မုန်းကပဲ မေမေဖြစ်နိုင်တဲ့ အခွင့်အရေးကို ရစေတာပါ။ ဒီအခြေအနေက တစ်လထဲကြုံရမယ့် ပြဿနာမဟုတ်ပါဘူး။ လစဉ်တိုင်းကြုံတွေ့ရတော့မယ့် ပြဿနာပါ။  ဒါကို ရာသီသွေးပေါ်ခြင်းရယ်လို့ခေါ်ပါတယ်။ ဘယ်အချိန်မှာရာသီသွေးစပေါ်တာလဲ မိန်းကလေးအများစုကတော့ သူတို့အသက် ၁၂ နှစ် […]


ရာသီလာခြင်း

အပျိုဖော်ဝင်တဲ့ မိန်းကလေးတွေအနေနဲ့ ရာသီလာခြင်းနဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ

လေဒီလေး တစ်ယောက်ဖြစ်လာဖို့ ကျော်ဖြတ်ခဲ့ရတဲ့ အဆင့်တွေက  မနည်းပါဘူး။ ဒီတိုင်းကြည့်လိုက်ရင်တော့ အချိန်တွေ ကုန်လွန်ရင်း ဒီလိုပဲ အရွယ်ရောက်လာတယ်ပေါ့။ တကယ်ကတော့ အတွေ့အကြုံ မျိုးစုံကို ဖြတ်သန်းခဲ့ရတာပါ။ လျှောက်ပြေးလွှားဆော့နေတဲ့ အချိန် ကလေးဘဝကနေ လေဒီလေးဘဝကိုပြောင်းလဲမှုက ပိုးတုံးလုံး ဘဝကနေ လိပ်ပြာဘဝကို ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်လိုပါပဲ။ အတွေ့အကြုံသစ်တွေကို အချိန်ပေး ကျော်ဖြတ်ရတာပါ။ ဒီလိုရင်ဆိုင်ကျော်ဖြတ်ရတဲ့ အဆင့်တွေထဲမှာ ရာသီလာခြင်းကလည်း တစ်ခုအပါအဝင်ပေါ့။ ဒီတစ်ခေါက်တော့ အပျိုဖော်ဝင်တဲ့ မိန်းကလေးတွေအနေနဲ့ ရာသီလာခြင်းနဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ ဆိုတာ ပြောပြပေးချင်ပါတယ်။ ရာသီလာခြင်းနဲ့ပတ်သက်ပြီး ဆယ်ကျော်သက်သမီးငယ်လေး သိထားသင့်တာတွေက ဘာတွေများလဲ.......... ကလေးပေါက်စလေး အဖြစ်ကနေ အပျိုပေါက်လေးအဖြစ် ပြောင်းလဲလာချိန်မှာ ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ ကြုံရနိုင်သလို ရာသီသွေး ဆင်းတဲ့ကိစ္စကိုလည်း စကြုံလာရပါပြီ။ ဒီအချိန်မှာ အတွေ့အကြုံသစ်ကို စိတ်ရှုပ်မှာ မှန်ပေမယ့် ဒါလေးတွေကို သိထားဖို့တော့ […]


ရာသီလာခြင်း

ရာသီသွေးက ဘာလို့ ဒီလောက်နည်းတာလဲ

ရာသီလာတာ သိပ်နည်းနေလို့ စိုးရိမ်နေလား။ ငါများသွေးအားနည်းနေလို့လား၊ မီးယပ်ကြောင့် တစ်ခုခုဖြစ်နေတာများလား။ ဘာတွေကြောင့်ဖြစ်နိုင်လဲ၊ ဘယ်လိုမျိုးဆို စိုးရိမ်ရမလဲ သိချင်ကြမှာပါပဲ။ မိန်းကလေးတွေရဲ့ ရာသီသွေးဆင်းတဲ့ပမာဏက တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။ ရာသီသွေးအပေါ် သက်ရောက်မှုရှိပြီး ပြောင်းလဲစေတဲ့ အကြောင်းရင်းခံတွေကလည်း အများကြီးရှိနိုင်ပါတယ်။ ရာသီသွေးဆင်းနည်းတယ်ဆိုတာ ပုံမှန်အားဖြင့် စိတ်ပူဖို့မလိုပါဘူး။ တစ်လနဲ့တစ်လ ရာသီလာတဲ့ပမာဏလည်း ကွာခြားနိုင်သလို တချို့လတွေမှာ အရင်ထက် ပိုနည်းတာမျိုးလည်း ရှိနိုင်ပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းတွေကတော့ - ဘာလို့ ဖြစ်တာလဲ အသက်အရွယ် ရာသီသွေးဆင်းပမာဏ အနည်းအများက လူတစ်ယောက်ရဲ့အသက်အရွယ်နဲ့လည်း ဆိုင်ပါတယ်။ အသက် ၃၀၊ ၄၀ လောက်မှာ ရာသီသွေးဆင်းများလာတတ်ပြီး ရက်တိုလာတတ်ပါတယ်။ လချီပြီး ထိန်တဲ့အခါထိန်နိုင်တယ်၊ နောက်မှ များများဆင်းတာမျိုးလည်းရှိတတ်တယ်။ သွေးဆုံးကာနီးဆို အရင်ထက် နည်းလာသလို ပိုပြီး မူမမှန်ရှိတတ်ပါတယ်။ သားဥမကြွေခြင်း အမျိုးသမီးတစ်ယောက်မှာ သားဥမထုတ်လုပ်ပေးနိုင်တဲ့အခါမျိုးမှာ တစ်ခါတလေ ရာသီမမှန်ဖြစ်တတ်ပါတယ်။ လက္ခဏာအားဖြင့် ရာသီသွေးဆင်းနည်းတာ၊ ရာသီမမှန်တာတွေ ဖြစ်လေ့ရှိပါတယ်။ ကိုယ်အလေးချိန်နည်းခြင်း ရှိသင့်တဲ့ကိုယ်အလေးချိန်ထက် […]


ရာသီလာခြင်း

ရာသီလာချိန် ဗိုက်ပွ ဗိုက်ကယ်တာ သက်သာစေမယ့် နည်းလမ်း(၅) ခု

ဒီအချိန်ဆို ဖြစ်လာတတ်တဲ့ ဝေဒနာတွေက ဘာဆိုဘာရယ် အမည်တပ်ရခက်တယ်နော်။ နေလို့မကောင်းဘူးပဲ ပြောရတာ ဗိုက်နားတဝိုက် ကိုယ်ခံစားရတာကိုယ်ပဲသိပါတယ်။ မိန်းကလေးတော်တော်များများက ရာသီမလာခင် နဲ့ ရာသီစပြီးလာချိန်မှာ ဗိုက်ပွဗိုက်ကယ်ဝေဒနာကို ခံစားရတတ်ပါတယ်။ ဒီအချိန်ဆို လူကနေရခက်နေတဲ့အပြင် ဗိုက်ကအနည်းငယ်ပိုပူနေသလိုဖြစ်နေတာမို့ ဝိတ်ပဲပိုတက်လာသလိုလိုနဲ့ မိန်းကလေးတွေ စိတ်ညစ်ရပါတယ်။ ဘာလို့ဒီလိုဖြစ်ရတာလဲ ပရိုဂျက်စထရုန်း နဲ့ အက်စထရိုဂျင်ဟော်မုန်းတို့ပမာဏအပြောင်းအလဲကြောင့် ရာသီမလာခင်နဲ့ ရာသီလာကာစရက်မှာ ဒီဝေဒနာကို ခံစားရတတ်ပါတယ်။ ရာသီမလာခင် တစ်ပတ်/နှစ်ပတ်အလိုမှာ ဖြစ်တတ်တဲ့ ရာသီမလာခင် ခံစားရတဲ့ဝေဒနာစု(PMS)လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။ PMS ရဲ့တခြားလက္ခဏာတွေက - စိတ်အပြောင်းအလဲမြန်တာ ပင်ပန်းနွမ်းနယ်တာ ဗိုက်အောင့်တာ ဝက်ခြံထွက်တာ စားချင်သောက်ချင်စိတ်များနေတာ ရင်သားတွေကြီးလာတာ ခေါင်းကိုက်တာ ခါးနာတာ တွေပါဝင်ပါတယ်။   ဝေဒနာသက်သာစေမယ့် နည်းတွေရှိပါတယ် ရာသီလာတဲ့အချိန် ဗိုက်ပွနေတာကို သက်သာလျော့ပါးချင်တယ်ဆို ဒီအချက်လေးတွေ ဂရုစိုက်ပေးလိုက်ပါ - (၁) အငန်များတဲ့အစားအသောက်တွေ‌ ရှောင်ပါ ဆိုဒီယမ်ကြောင့် ခန္ဓာကိုယ်ထဲမှာ water retention […]


ရာသီလာခြင်း

ရာသီလာရက်မှာ မပင်ပန်းရအောင် ရှောင်စားသင့်တဲ့ အစားအသောက်တွေ

ဓမ္မတာလာချိန်မှာ ပုံမှန်ထက်ပိုဆိုးတဲ့လက္ခဏာတွေခံစားနေရတာ ဘာကြောင့်လဲ သိပါသလား။ ရာသီလာရက်မှာ ကိုယ့်ရဲ့စားသောက်ပုံတွေက ကောင်းကျိုးပေးနိုင်သလို ဆိုးကျိုးလည်းပေးနိုင်တာကြောင့် သတိထားဆင်ခြင်သင့်ပါတယ်။ အမျိုးသမီးတွေမှာ လစဉ်ကြုံတွေ့ရတဲ့ ဓမ္မတာဖြစ်တဲ့ ရာသီသွေးဆင်းခြင်းဟာ နာကျင်ကိုက်ခဲမှု၊ ဗိုက်အောင့်ခြင်း၊ ဗိုက်ပွခြင်း၊ စိတ်အပြောင်းအလဲမြန်ခြင်းတို့ဖြစ်စေတတ်တဲ့ ခံစားရခက်တဲ့အချိန်ကာလဖြစ်ပါတယ်။ အမျိုးသမီး ၈၅ ရာခိုင်နှုန်းဟာ ရာသီလာနေစဉ်အတွင်းမှာ သည်လက္ခဏာတွေ ခံစားရတတ်ပါတယ်။ သည် ၃၊ ၄ ရက်အတွင်းမှာ နာကျင်ကိုက်ခဲမှုဝေဒနာ၊ မောပန်းနွမ်းနယ်မှု၊ စိတ်မတည်ငြိမ်မှုတွေနဲ့ လုံးပန်းနေရပြီဆိုရင် ကိုယ်ဘာတွေစားမိနေသလဲဆိုတာ တချက် စစ်ကြည့်သင့်ပါတယ်။ တကယ်တော့ တချို့အစားအစာတွေက သင့်ရဲ့စိတ်ပူပန်မှုတွေကို တိုးစေပြီး ဗိုက်အောင့်ခြင်းကို ပိုခံစားရစေပါတယ်။ ပြဿနာများတဲ့ အစားအစာတွေကို ရှောင်နိုင်ရင်တော့ နောက်တစ်လမှာ ခံစားရတဲ့ဝေဒနာတွေ လျော့နည်းသွားစေနိုင်ပါတယ်။ စားသောက်ပုံအာဟာရ၊ အိပ်စက်ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှုတို့က သင့်ရဲ့ ရာသီစက်ဝန်းမှာ အဓိကအရေးပါနေပါတယ်။ ရာသီလာရက်မှာ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေဖို့ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ၊ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ကျန်းမာတဲ့ လေဒီလေးတစ်ယောက်ဖြစ်စေဖို့ ဘာတွေစားမလဲ

အာဟာရတွေက နေ့စဉ်လှုပ်ရှားမှုတွေကို အကောင်းဆုံးလုပ်နိုင်စေဖို့ပဲ မဟုတ်ပါဘူး။ ခန္ဓာကိုယ်မှာရောဂါကင်းပြီး ကျန်းမာနေစေဖို့လည်း နေ့စဉ်စားသုံးမှုထဲမှာ အာဟာရပြည့်ဝမျှတအောင်စားသုံးတတ်ဖို့လိုပါမယ်။ ဒီတော့ ကျန်းမာတဲ့ လေဒီလေးတစ်ယောက်ဖြစ်စေဖို့ ဘာတွေစားရမလဲဆိုတာကို သိချင်ရင်တော့ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ လေဒီလေးတွေအတွက် မရှိမဖြစ်လိုအပ်မယ့် အာဟာရဓာတ်တွေက အသက်အရွယ်ရလာတာနဲ့အမျှ ခန္ဓာကိုယ်အတွက် အာဟာရလိုအပ်ချက်ကပိုမြင့်မားလာနိုင်ပါတယ်။ ဒီတော့ ငယ်စဉ်ကတည်းက အာဟာရပြည့်ဝအောင်စားသုံးပြီး ခန္ဓာကိုယ်မှာ ရောဂါတွေဖြစ်မလာအောင် ကာကွယ်တာက အကောင်းဆုံးဖြစ်မှာပါ။ လေဒီလေးတစ်ယောက်ကျန်းမာဖို့ဆိုရင်တော့ • သံဓာတ် • ကယ်လ်ဆီယမ် • ဖောလစ်အက်ဆစ် • omega-3 fatty acid • ဗီတာမင် D • ဗီတာမင် B12 • ဗီတာမင် C • Choline • ပရိုတင်း • ရေဓာတ်တို့ပြည့်ဝဖို့လိုပါမယ်။ ကျန်းမာတဲ့ လေဒီလေးတစ်ယောက်ဖြစ်စေဖို့ ဘာတွေစားကြမလဲ…….. ကျန်းမာတဲ့လေဒီလေးတစ်ယောက်ဖြစ်စေဖို့ဆိုရင် အခုပြောပြမယ့် အစားအစာတွေကို ပုံမှန်လေးစားသုံးပေးသင့်ပါတယ်။ ပဲအမျိုးမျိုး အမျှင်ဓာတ်၊ ပရိုတင်း နဲ့ ဖောလစ်အက်ဆစ်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ အသားတွေမှာပါဝင်နေတဲ့ ပြည့်ဝဆီပါဝင်ခြင်း မရှိဘဲ ကြွက်သားတွေအတွက်အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

လေဒီလေး တို့အတွက် မရှိမဖြစ်လိုအပ်မယ့် အာဟာရဓာတ်

လေဒီလေး တို့အနေနဲ့ ဘယ်အသက်အရွယ်ကိုရောက်ရောက် ကျန်းမာနေစေဖို့ဆိုရင် လိုက်နာရမယ့် အချက်လေးတွေရှိနေပါတယ်။ ဒါတွေက ဘာတွေများလဲဆိုတာကို သိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ အရွယ်တိုင်းမှာ ကျန်းမာတဲ့ လေဒီလေး ဖြစ်စေဖို့ အရွယ်တိုင်းမှာ ကျန်းမာတဲ့ လေဒီလေ းဖြစ်ဖို့ဆိုရင် ဘယ်အသက်အရွယ်ကိုပဲရောက်ရောက် အာဟာရပြည့်ဝအောင်စားပြီး သင့်တင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းလေးတွေကို ပုံမှန်လုပ်ဖို့လိုပါမယ်။ ဒါမှကျန်းမာပျော်ရွှင်စွာနဲ့ အရွယ်ရောက်ကြီးပြင်းနိုင် မှာပါ။ နောက်တစ်ချက် သတိထားရမှာက အသက်အရွယ်အလိုက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပြည့်ဝအောင် ဖြည့်မိဖို့ ပါ။ ဒါမှ ရောဂါကင်းပြီး ကျန်းမာလှပတဲ့ လေဒီတစ်ယောက်ဖြစ်တော့မပေါ့။ လေဒီလေးတွေအတွက် မရှိမဖြစ်လိုအပ်မယ့် အာဟာရဓာတ်တွေက အသက်အရွယ်ရလာတာနဲ့အမျှ ခန္ဓာကိုယ်အတွက် အာဟာရလိုအပ်ချက်ကပိုမြင့်မားလာနိုင်ပါတယ်။ ဒီတော့ အသက်အရွယ်တိုင်းမှာ ကျန်းမာနေစေဖို့ဆိုရင် လိုအပ်တဲ့ အာဟာရတွေပြည့်ဝနေဖို့လိုမှာပါ။ ဒီတော့ လေဒီလေးတွေအတွက် မရှိမဖြစ်လိုအပ်မှာက ဘယ်အာဟာရတွေလဲလို့သိချင်နေပြီလား။ ဆက်ကြည့်လိုက်နော်။ • သံဓာတ် • ကယ်လ်ဆီယမ် • ဖောလစ်အက်ဆစ် • omega-3 […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

Endometriosis သားအိမ်အတွင်းဆဲလ်များနေရာလွဲခြင်း။

မိန်းကလေးတိုင်း အသက်အရွယ်အရွေးခံစားရတဲ့ မီးယပ်ပိုင်းဆိုင်ရာ ရောဂါထဲမှာ Endometriosis က တစ်ခု အပါအဝင်ပါ။ သိကြတယ်မလား။ ရာသီလာရင် သူများတွေလိုကိုက်ခဲတာမျိုးမဟုတ်ဘဲ ဆေးသောက်လည်းမပျောက် ရေနွေးအိတ်လည်း ကပ်လည်းမပျောက်တာမျိုးလေ။ ဒါမျိုးဆိုရင် သူ့မှာ Endometriosis ရှိနေပြီလို့ ယူဆရပါတယ်။ Endometriosis ဆိုတာဘာလဲ။ ။ Endometriosis ဆိုတာ သားအိမ်အတွင်းဆဲလ်တွေ နေရာလွဲတယ်ဆိုတော့ မမျိုးဥအိမ်၊ မျိုးဥပြွန်နဲ့ တင်ပဆုံပိုင်းအတွင်းတစ်ရှူးနံရံတွေ အကုန် ပုံမှန်မဟုတ်တော့တဲ့ ပြဿနာပါ။ Endometriosis ရှိနေတဲ့အခါ နေရာလွဲသွားတဲ့ endometrial tissue တွေက ဓမ္မတာတစ်ခါလာတိုင်း ထူထူလာမယ် နောက်ပိုင်း ပေါက်ကွဲပြီး သွေးထွက်တာကနေ ရာသီသွေးဆင်းများတာ ပုံမှန်ထက်ပိုပြီး ကိုက်ခဲတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီပေါက်ကွဲထွက်သွားတဲ့ သားအိမ်တစ်ရှူးအပိုင်းအစတွေက ကိုယ်ခန္ဓါအပြင်ကို ထွက်စရာမရှိတော့ သွားပုံနေတတ်ပြီး နောက်ပိုင်း အသားလုံးတည်တဲ့ ပြဿနာတွေ ဆက်ဖြစ်လာပါတော့တယ်။ ဖြစ်တဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း