အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတစ်လျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ သူတို့ကို အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ ပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ

သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၄ ဦးမှာ ၁ ဦးက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် ခံရဖူးပါတယ်။ အကြမ်းဖျင်းအားဖြင့် အမျိုးသမီး ၈ ဦးမှာ ၁ ဦးနှုန်းဟာ အလုပ်ခွင် ဒါမှမဟုတ် သူတို့ ကျင်လည်ရာ လူမှုပတ်ဝန်းကျင်မှာ နှုတ်အားဖြင့် ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ခံစားရဖူးပါတယ်။ ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ လေ့လာမှုကို ၇ နှစ်ကြာ လုပ်ဆောင်ခဲ့ပါတယ်။ လေ့လာမှုမှာ အမျိုးသမီး အသက် ၅၃ နှစ် ဝန်းကျင် အမျိုးသမီး ၃၃၁၂၇ ဦး […]

အမျိုးသမီး ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသမီးကျန်းမာရေးပြဿနာများ

အပျိုမြှေး ရှိမှ အပျိုစစ်တာလား။

ဟာသလေး တစ်ခုပြောပြဦးမယ်။ တရုတ်ပုံပြင်လေးပေါ့။ မင်္ဂလာဦးညမှာ သတို့သမီးအမေက သူ့သမီးလေးကို မင်ဘူးလေး ပေးလိုက်တယ်။ မတော်တဆများ အပျိုမြှေး က သွေးမထွက်ခဲ့ရင် အိပ်ရာခင်းမှာ သုတ်လိုက်ဆိုပြီး။ မနက်မိုးလင်းတော့ သတို့သားက ကြောက်လန့်တကြားအော်လေရဲ့။ အိပ်ရာခင်းကြီး စိမ်းနေလို့ သူလုပ်တာ သည်းခြေအိတ်ထိသွားပါပြီဆိုပြီး ငိုအားထက် ရယ်အားသန်ခဲ့ရပါသတဲ့။ ခေတ်အဆက်ဆက်မှာ (အခုချိန်ထိ) အပျိုမြှေးဆိုတာ မိန်းကလေးတွေကို စျေးဖြတ်နေတုန်းပါပဲ။ အပျိုမှန်ရင် အပျိုမြှေး ရှိရမယ်။ အပျိုမြှေးက မင်္ဂလာဦးညမှာ ပေါက်ရမယ်။ သွေးထွက်ရမယ်။ ဒါမှ အပျိုစစ်တယ် ဆိုပြီးတော့ပေါ့။ ဒါကို ဂျင်းလို့ပဲ ပြောပါရစေ။ အပျိုမြှေး ရှိမှ အပျိုစစ်တာလား။ ဒီ အပျိုမြှေးကြောင့်ပဲ လင်မယားတွေ ပြဿနာတက်၊ တစ်ယောက်နဲ့ တစ်ယောက် မယုံကြည်လို့ ကွဲကြ ပြဲကြတာတွေလည်း မနည်းပါဘူး။ ဒီခေတ်ကလေးတွေ တစ်ခုတော်တာက အပျိုမြှေးနဲ့ ပတ်သတလို့ […]


မီးယပ်သွေးဆုံးခြင်း

သွေးဆုံးချိန်မှာ ဘာတွေကြုံရတတ်သလဲ

သွေးဆုံးခြင်းဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ ပုံမှန်ကြုံတွေ့ရမယ့် အပြောင်းအလဲတစ်ခုပါပဲ။ ကိုယ်ခန္ဓာကနေ မျိုးဥကြွေခြင်းရပ်တန့်သွားပြီး ဓမ္မတာမလာတော့တဲ့ အခြေအနေဖြစ်ပါတယ်။ ကိုယ်ခန္ဓာထဲက ဟော်မုန်းများ အပြောင်းအလဲကြောင့် ဖြစ်ပါတယ်။ သွေးဆုံးချိန်မှာ ကိုယ်ခန္ဓာ သွေးသားပြောင်းလဲတဲ့အတွက် ကျန်းမာရေးဆိုင်ရာ ပြဿနာအချို့လည်း ကြုံလာရတတ်ပါတယ်။ အဆိုပါကာလမှာ ကျန်းကျန်းမာမာနေနိုင်ဖို့ ဘာတွေကြုံတွေ့နိုင်သလဲ၊ ဘယ်လိုနေထိုင်သင့်သလဲ သိထားသင့်ပါတယ်။ အမျိုးသမီးတစ်ယောက် သွေးဆုံးနိုင်တဲ့ ပျမ်းမျှအရွယ်ကတော့ အသက် ၅၀ ပတ်ချာလည်ဖြစ်ပါတယ်။ များသောအားဖြင့် အသက် ၄၀ ကျော် ၅၀ ကြားထဲ ကြုံနိုင်ပြီး အသက် ၆၀ လောက်မှ သွေးဆုံးသူတွေလည်း ရှိပါတယ်။ သားအိမ်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသခြင်းကြောင့်လည်း သွေးဆုံးခြင်း စောနိုင်ပါတယ်။ သွေးဆုံးချိန်မှာ ကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေးပြဿနာများကတော့ - အရိုးပွခြင်း - နှလုံးနဲ့သွေးကြောဆိုင်ရာ ရောဂါများ - စိတ်ကျခြင်းနဲ့ စိတ်ကျန်းမာရေးဆိုင်ရာ အခြားပြဿနာများ - မိန်းမကိုယ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အိမ်အလုပ် ဆိုတာ အိမ်ထောင်ရှင်လေဒီတို့နဲ့ပဲ ဆိုင်တာလား

ဒီအကြောင်းအရာကို ရေးတော့မယ်ကြံတော့ အမျိုးသားထု တော်တော်များများ မကျေနပ်လောက်ဘူးလို့တော့ တွေးထားမိတယ်ဗျ။ ဒါပေမယ့် ဒီတလောမှ ရေးဖို့အတွက် ပေါ်လာတဲ့အတွေးလေးမို့ သေချာတော့ ဖတ်ကြည့်စေချင်ပါတယ်။ အိမ်အလုပ် ဆိုတာ အိမ်ထောင်ရှင်လေဒီတို့နဲ့ပဲ ဆိုင်တာလား အိမ်အလုပ် ဆိုတာ အိမ်ထောင်ရှင်လေဒီတို့နဲ့ပဲ ဆိုင်တာလား။ ဒီနေရာမှာ အိမ်အလုပ် လို့ သုံးနှုန်းထားတဲ့အတွက် ဒီအိမ်တစ်ခုလုံးမှာ နေနေတဲ့သူအားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဒီတော့ အမျိုးသမီးတစ်ယောက်တည်းရဲ့ တာဝန်မဟုတ်ပါဘူး။ ဒီအလုပ်တွေဟာ ခင်ပွန်းနဲ့လည်း သက်ဆိုင်သလို အိမ်မှာနေနေတဲ့ ကလေး၊ လူကြီး၊ ဆွေမျိုး အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ရှေးယခင်တုန်းကလို အိမ်အလုပ် မိန်းမအကုန်လုပ်၊ ယောက်ျားအလုပ်က ပိုက်ဆံရှာကျွေးရင် ပြီးပြီ၊ အိမ်အလုပ်ဆိုတာ အိမ်ထောင်ရှင်လေဒီ တို့နဲ့ပဲ ဆိုင်တာဆိုတဲ့ အတွေးအခေါ်တွေက ဒီဘက်ခေတ်မှာ အလုပ်မဖြစ်တော့ဘူးဆိုတာ သိထားဖို့တော့ လိုမယ်နော်။ ဒါဆို အိမ်အလုပ် တာဝန်တွေကို ဘယ်လိုခွဲကြမလဲ။ လူတိုင်းမှာ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ပထမဆုံးအကြိမ် Brazilian Wax လုပ် တော့မယ်ဆိုရင်

Brazilian Wax လုပ် တယ်ဆိုတာက မိန်းမကိုယ် အမွေးတွေကို ဖယောင်းနဲ့ ချွတ်တာ (ဖယ်ရှားတာ/နှုတ်တာ)ပါ။ နာလားဆိုရင်တော့ နာတာပေါ့။ ခြေထောက်၊ မျက်ခုံး၊ ချိုင်း နဲ့ လက်တွေ Wax လုပ်ရင်တောင် နာသေးတယ်မဟုတ်လား။ ဒါဆိုရင်တော့ မိန်းမကိုယ်မှာ Wax လုပ်တာ မနာရှိပါ့မလား။ ဒါပေမဲ့ ပထမဆုံးအကြိမ်မှာပဲ နည်းနည်းနာတာပါ။ ကျွမ်းကျင်တဲ့သူတွေနဲ့ လုပ်မယ်ဆိုရင် ပထမဆုံးအကြိမ်မှာတောင် ပုံမှန် တခြားနေရာတွေမှာ Wax လုပ်သလောက်ပဲ နာမှာပါ။ ဒါကြောင့် ပထမဆုံး Brazilian Wax လုပ်မယ်ဆိုရင် ကိုယ့်အားကိုယ်ကိုးပြီး လုပ်မှာထက် ကျွမ်းကျင်သူတွေနဲ့ လုပ်ဖို့ ပိုအားပေးပါတယ်နော်။ နောက် အနာခံနိုင်ပြီဆိုတော့မှ သဘောပေါ့။ ကဲ.. ဒါဆို Brazilian Wax လုပ်တော့မယ်ဆိုရင် ဘာတွေ ပြင်ဆင်ထားဖို့လိုမလဲ၊ ဘာတွေ သိထားဖို့လိုမလဲ။ Brazilian […]


ရာသီလာခြင်း

Tampon ဘာလဲ။ ဘယ်လဲ

ခေတ်မီတိုးတက်လာတာနဲ့အမျှ အမျိုးသမီးတွေရဲ့ လစဉ်ဓမ္မတာအတွက် Sanitary Pad (လစဉ်သုံး ဂွမ်းထုပ်) တွေက တစ်ခုတည်းရှိတဲ့ ရွေးချယ်စရာ မဟုတ်တော့ပါဘူး။ ရွေးချယ်စရာတွေ များလာကြပါပြီ။ ဒီထဲမှာမှ ခု ကျွန်မတို့ နိုင်ငံက အမျိုးသမီးအများစု တော်တော်များများ သုံးလာကြတဲ့ အရာကတော့ Tampon ပါ။ ပြောရမယ်ဆိုရင် နိုင်ငံတကာမှာလည်း Tampon ဟာ ပေါ်ပြူလာ အဖြစ်ဆုံး ရွေးချယ်စရာတစ်ခုပါပဲ။ ဘာကြောင့် Tampon ကို ပိုပြီး ရွေးချယ်လာကြတာလဲ။ Tampon ဟာ လစဉ်သုံးဂွမ်းထုပ်တွေလို လှောင်ပိတ်နေမှာ၊ အနံ့ဆိုးမှာ၊ ပေါင်တွေပွန်းမှာ ပူပင်စရာ မလိုရလောက်အောင် အင်မတန် သက်သောင့်သက်သာရှိပါတယ်။ အရာမထင်တာ၊ ဖောင်းမနေတာနဲ့ အနောက်မှာ ပေသွားလား၊ မပေသွားလား စဉ်းစားနေစရာ မလိုတာတွေက ဘောနပ်စ်ပေါ့။ အရင်ဆုံး လက်ကို သေချာဆေး၊ Tampon […]


ရာသီလာခြင်း

အဖြူဆင်း တာ ကျန်းမာရေးပြဿနာလား

အဖြူဆင်း တယ်ဆိုတာ မိန်းကလေးတွေ အတော်များများ ကြုံရတဲ့ ကိစ္စတစ်ခုပါ။ ဒါပေမယ့် အဖြူဆင်းတယ် ဆိုရင် မကောင်းဘူးလို့ တချို့က ထင်ကြပါတယ်။ ဘာလို့များလဲ၊ အန္တရာယ်ရှိလား၊ ရောဂါရှိတာလား စိုးရိမ်တတ်ကြတယ်။ အမျိုးသမီးကျန်းမာရေး အတွက် မကောင်းတဲ့ လက္ခဏာလား အဖြူဆင်း တယ် ဆိုတာ တကယ်တော့ အမျိုးသမီးမျိုးပွားအင်္ဂါစနစ် အတွင်းမှာ အရေးပါတဲ့ ထိန်းသိမ်းမှု လုပ်ငန်းစဉ် တစ်ခု ဖြစ်ပါတယ်။ မိန်းမကိုယ်နဲ့ သားအိမ်ခေါင်းအတွင်းပိုင်းမှာရှိတဲ့ ဂလင်းတွေကနေ ထုတ်ပေးတဲ့အရည် တွေက ဆဲလ်သေတွေနဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားသန့်စင်ပေးတာပါ။ ဒီလိုနည်းနဲ့ မိန်းမကိုယ်ကို သန့်စင်စေပြီး ပိုးဝင်ခြင်းကို ကာကွယ်ပေးပါတယ်။ အများအားဖြင့်တော့ အဖြူဆင်းတာက ပုံမှန်ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အရာပါ။ ဆင်းတဲ့ ပမာဏ၊ အရောင်၊ အနံ့ တို့က ရာသီစက်ဝန်းကို မူတည်ပြီး မတူညီတတ်ကြပါဘူး။ ဥပမာ သားဥကြွေတဲ့ […]


ရာသီလာခြင်း

လူပြောများနေတဲ့ Menstrual Cup… တကယ်ရော ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား

အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေ အမျိုးမျိုး ရှိတဲ့အနက်က ဒီဘက်ခေတ် နောက်ပိုင်းမှာ M-cup လို့ခေါ်တဲ့ Menstrual Cup လစဉ်သုံးခွက်လေးတွေ အတော်လေး ခေတ်စားလာတာကို တွေ့ရပါတယ်။ သက်သောင့်သက်သာ ရှိမှု၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်မှု၊ ရေရှည် ငွေကုန်ကြေးကျ သက်သာမှု စသဖြင့် အမျိုးမျိုးသော အကြောင်းတွေကြောင့် အမျိုးသမီးလေးတွေကလည်း ဒီ Menstrual Cup ကို လစဉ်သုံးဂွမ်းထုပ် (Pad) တွေ၊ Tampon တွေထက် ပိုပြီး အသုံးများလာကြပါတယ်။ တကယ်ရော ဒီ Menstrual Cup တွေက ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား။ ကျွန်မတို့ အတူတူ လေ့လာကြည့်ကြရအောင်။ Menstrual Cup ဆိုတာ ဘာလဲ။ Menstrual Cup ဆိုတာက ပျော့ပျောင်းတဲ့ […]


ရာသီလာခြင်း

ရာသီလာခြင်းနဲ့ ပတ်သက်ပြီး ကြားရအများဆုံး ချင်း(ဂျင်း) စကားကြီး (၄)ခွန်း

ကျွန်မတို့ အမျိုးသမီးလေးတွေ အပျိုဖော်ဝင်ပြီဆိုတာနဲ့ စပြီးကြားရတာက ရာသီလာစောရတာဟာ ကိုယ်တိုင်က လိင်စိတ်များရလို့ ဖြစ်တယ်။ ရာသီလာရင် ယောက်ျားလေးတွေနဲ့ ထိလိုက်တာနဲ့ ကိုယ်ဝန်ရနိုင်တယ်။ ရာသီလာရင် ရေမချိုးရဘူး။ ရာသီလာတာက ခန္ဓာကိုယ်ထဲက မသန့်ရှင်းတဲ့ သွေးတွေ၊ သွေးပုပ်တွေ ဆင်းတာဖြစ်တယ် စတဲ့ ချင်း(ဂျင်း)စကားတွေပါပဲ။ မိရိုးဖလာ လက်ခံခဲ့ကြတဲ့ ဒီ ပါးစပ်ပြောယုံတမ်းစကားတွေကြောင့် တလွဲဆံပင်ကောင်းပြီး အရှက်၊အကြောက် ကြီးကြလွန်းလို့ ရောဂါဝင်လို့ ဝင်မှန်းမသိ ဖြစ်ခဲ့ကြတဲ့ အမျိုးသမီးလေးတွေ မနည်းလှပါဘူး။ ဒီယုံတမ်းစကားတွေထဲက ကျွန်မတို့ ကြားရအများဆုံး ယုံတမ်းစကားတွေကတော့ ၁။ ရာသီလာရင် ရေမချိုးရဘူး။ ခေါင်းမလျှော်ရဘူး။ ဒါဟာ လုံးဝ (လုံး၀) မှားနေတဲ့ အချက်ပါ။ ဘယ်အခြေအနေပဲဖြစ်ဖြစ် တစ်ကိုယ်ရေ သန့်ရှင်းရေးက အရေးကြီးပါတယ်။ ရာသီလာနေချိန်မှာ ရေချိုးလို့လည်း ရသလို ခေါင်းလျှော်လို့လည်း ရပါတယ်။ သွေးတချို့ […]


ရာသီလာခြင်း

Menstrual Cup ကို ဘယ်လိုသုံးရလဲ

Menstrual Cup က ကျန်းမာရေးနဲ့ ညီ၊မညီ ရှေ့မှာ လေ့လာခဲ့ကြပြီးပြီဆိုတော့ ဒီတစ်ခါမှာတော့ Menstrual Cup တွေကို ဘယ်လို အသုံးပြုရသလဲဆိုတဲ့အကြောင်းလေး ထပ်ပြီး လေ့လာကြည့်ကြရအောင်။ Menstrual Cup ဟာလည်း Tampon လိုပဲ မိန်းမကိုယ်ထဲ ထည့်ပြီး အသုံးပြုရတာဖြစ်ပါတယ်။ Tampon သုံးဖူးတဲ့သူတွေဆိုရင်တော့ Menstrual Cup ကို သုံးရတာ ပိုပြီး လွယ်ကူပါလိမ့်မယ်။ ဒါပေမဲ့ ခွက်ဖြစ်တဲ့အတွက်ကြောင့် ခေါက်ထည့်ပြီး အထဲမှာ ပွင့်အောင်လုပ်ရတဲ့ အဆင့်တစ်ဆင့်တော့ ပိုလာတာပေါ့နော်။ Menstrual Cup ကို သုံးတော့မယ်ဆိုရင် အရင်ဆုံး လက်ကို သေချာဆေးပါ။ ခွက်ကို Water-based Lubricant (ရေဓာတ်အခြေခံ ချောဆီ) နဲ့ သုတ်ပါ။ (ဒါကတော့ ထည့်ရင် နာမှာကြောက်တဲ့သူတွေကို ပြောတာပါ။ […]


ရာသီလာခြင်း

ရာသီမလာခင် ဝမ်းချုပ်တဲ့ပြဿနာကို ဘယ်လို ဖြေရှင်းမလဲ။

ရာသီမလာခင် အကြို ကာလမှာ ဝမ်းချုပ်တာကြောင့် စိတ်ညစ်နေတဲ့ လေဒီလေးတွေ ရှိလား။ ဒါဆိုရင်တော့ ဒီ ဆောင်းပါးလေးက သင့်အတွက်ပါ။ ရာသီမလာခင်ကာလမှာ ဝမ်းချုပ်တတ်လား။ ဝမ်းချုပ်စေနိုင်တဲ့ အကြောင်းအရင်း အများကြီး ရှိပါတယ်။ ဒီထဲမှာမှ ကိုယ်တွင်း ဟော်မုန်း ပြောင်းလဲမှုကလည်း တစ်ခု အပါအဝင်ပါ။ ရာသီမလာခင်မှာ ဝမ်းချုပ်တာမျိုး ခံစားရနိုင်ပါတယ်။ လေဒီတိုင်းလား ဆိုတော့ မဟုတ်ပါဘူး။ ရာသီမလာခင်မှာ ဝမ်းချုပ်ရတာက ကိုယ်တွင်းမှာ estrogen နဲ့ progesterone ဟော်မုန်း ပမာဏကို ညီမျှအောင် လုပ်ဆောင်နေရတာကြောင့်ပါ။ ကိုယ်တွင်းမှာ ဟော်မုန်း ပြောင်းလဲတာက သားဥကြွေတာကိုတင် မဟုတ်ဘဲ အစာခြေစနစ် အပေါ်မှာပါ သက်ရောက်မှု ရှိစေတာပါ။ ကိုယ်တွင်းမှာ progesterone ဟော်မုန်း များရခြင်းက လေဒီတွေကို ရာသီ အကြို ကာလမှာ ဝမ်းချုပ်စေရတဲ့ အဓိက အကြောင်းအရင်းတစ်ရပ်ပါ။ ဒီ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း