အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတစ်လျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ သူတို့ကို အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ ပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ

သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၄ ဦးမှာ ၁ ဦးက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် ခံရဖူးပါတယ်။ အကြမ်းဖျင်းအားဖြင့် အမျိုးသမီး ၈ ဦးမှာ ၁ ဦးနှုန်းဟာ အလုပ်ခွင် ဒါမှမဟုတ် သူတို့ ကျင်လည်ရာ လူမှုပတ်ဝန်းကျင်မှာ နှုတ်အားဖြင့် ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ခံစားရဖူးပါတယ်။ ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ လေ့လာမှုကို ၇ နှစ်ကြာ လုပ်ဆောင်ခဲ့ပါတယ်။ လေ့လာမှုမှာ အမျိုးသမီး အသက် ၅၃ နှစ် ဝန်းကျင် အမျိုးသမီး ၃၃၁၂၇ ဦး […]

အမျိုးသမီး ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

ရာသီလာခြင်း

လေဒီတို့ သိထားသင့်တဲ့ သားဥကြွေမယ့်ရက်

လေဒီလေး တစ်ယောက် အနေနဲ့ ကျန်းမာလှပစေဖို့ဆိုရင် မဖြစ်မနေ သိထားဖို့ လိုမယ့် ရက်လေး တစ်ခုရှိပါတယ်။ ဒါကတော့ သားဥကြွေမယ့်ရက် ပါ။ အလွယ်ပြောရရင် ရာသီလာမယ့်ရက်ပေါ့။ ရာသီလာမယ့် ရက်ကို သိထားတာက ထင်ထားတာထက် ကျန်းမာရေးကို အများကြီး အကျိုးပြုနိုင်မှာပါ။ ဘယ်လို သိရှိနိုင်မလဲဆိုပြီး ခေါင်းခြောက် သွားလား လေဒီ... ဒီလင့်ခ်လေးကို နှိပ်ပြီး ကိုယ်တိုင် တွက်ချက်လိုက်ပါ။ သားဥကြွေမယ့်ရက် ကို သိရှိခြင်းရဲ့ ကောင်းကျိုး လေဒီလေး တစ်ယောက် အနေနဲ့ သားဥကြွေမယ့်ရက် ကို သိရှိထားမယ်ဆိုရင် ကိုယ့်ရဲ့ ရာသီစက်ဝန်းကို သိရှိနိုင်မယ် လေဒီလေးတွေ အများစုရဲ့ ရာသီစက်ဝန်းက 28 cycle ပါ။ ရာသီလာချိန်က တစ်ခေါက်နဲ့ တစ်ခေါက်ကြားမှာ ၂၈ ရက် ခြားပါတယ်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် တူဖို့ကတေ့ မဖြစ်နိုင်ပါဘူး။ ဒါ​ကြောင့် ကိုယ်က […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

အမျိုးသမီးတွေ ဆီးခုံမောက်တာ ဘယ်လို ပျောက်အောင်လုပ်ကြမလဲ။

ခပ်ကျပ်ကျပ် အဝတ်အစားဝတ်လိုက်တိုင်းမှာ သိသိသာသာ ရှေ့ထွက်နေတာကတော့ ဆီးခုံပါပဲ။ နဂိုကမှ တင်ပဆုံရိုးကွင်းမှာ ဆီးခုံရိုးက ထူတဲ့အတွက် ရှေ့ကို နည်းနည်းထွက်နေပါတယ်ဆိုမှ အဆီတစ်ရှူးတွေပါ များနေရင် ပိုလို့တောင် သိသာလာပါရော။ တစ်ကိုယ်လုံး ချပ်ရပ်နေရင်တောင် ဆီးခုံလေးပဲ ကွက်မောက်နေတာက အတော်ကို အသည်းယားစရာပါ။ ဒါဆို ဘယ်လို လုပ်ကြမလဲ လေဒီတို့။ ဒီတိုင်းပဲ ကြည့်နေရတော့မှာလား။ ဆီးခုံဘာကြောင့်မောက် ဆီးခုံ အတိအကျပြောရရင် ဆီးခုံမွေးပေါက်တဲ့နေရာက ဆီးခုံရိုး နှစ်ခုဆုံတဲ့ နေရာပါ။ အရိုးဖြစ်တဲ့အတွက် နဂိုတည်းက အနည်းငယ် သိသာနေပါတယ်။ အဆီတွေ စုလာရင် ပိုပြီးသိသာလာမှာပါ။ ဒီအဆီတွေက ဘယ်ကရောက်လာတာလဲဆိုတော့ မျိုးဗီဇ ပိန်တာ၊ ဝတာ၊ ကြီးတာ၊ ငယ်တာနဲ့ မဆိုင်ဘဲ ဒီတစ်နေရာထဲမှာပဲ မျိုးဗီဇကြောင့် မွေးရာပါ အဆီတွေ စုနေတာမျိုးပါ။ အဝလွန်တာ ဒါကတော့ တစ်ကိုယ်လုံး ဝလာလို့ ဆီးခုံမှာပါ အဆီတက်လာတာပါ။ ဒီအဆီတွေကို […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

အမျိုးသမီးတွေ ဆီးခုံမောက် တာ ဘာကြောင့်လဲ။

ဆီးခုံမောက် တယ်၊ လူက ပိန်ပိန်လေးနဲ့ ဆီးခုံကျမှ ဘာလို့ လာမောက်နေတာလဲ မသိဘူး။ အောက်ပိုင်းလေးပဲ ကွက်ပြီး ဖောင်းနေတာ ကိုယ်ကျပ်တွေ ဝတ်ရင် ကြည့်ရဆိုးလိုက်တာ စသဖြင့် ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်တတ်ကြပါတယ်။ ကိုယ့်ကိုယ်ကို ဘာမှမဖြစ်တောင် ဒီလိုလေး ဖောင်းနေရင် အပျိုမှ စစ်ရဲ့လား၊ လိင်စိတ်ပြင်းပြတဲ့ သူမျိုးလား စသဖြင့် စွပ်စွပ်စွဲစွဲတွေ အပြောခံရပါတယ်။ အမျိုးသမီးတွေရဲ့ ဆီးခုံဖွဲ့စည်းပုံ အမျိုးသမီးတွေက ကလေးမွေးရမှ ဖြစ်လို့ သဘာဝအရ အမျိုးသားတွေထက် တင်ပဆုံရိုးကွင်း ပိုကြီးပါတယ်။ တင်ပိုကားပါတယ်။ ဆီးခုံရိုးဆက်ထားတဲ့ နေရာကလည်း ကလေးမွေးရင် ကလေးထွက်နိုင်အောင် ချဲ့ပေးရမှာဖြစ်လို့ အနည်းငယ်ပိုကျယ်ပါတယ်။ ဒါကြောင့် ဆီးခုံရိုးက နည်းနည်း ပိုသိသာပါတယ်။ ဒါပေမယ့် ဆီးခုံမောက်တဲ့ပြဿနာကတော့ အမျိုးသားရော အမျိုးသမီးမှာပါ တွေ့ရတတ်ပါတယ်။ ဆီးခုံရဲ့ ဘယ်နားက မောက်တာလဲ။ ဆီးခုံရဲ့ အပေါ် (မြင်အောင် ပြောရရင် […]


ရာသီလာခြင်း

စိုးရိမ်စရာကောင်းတဲ့ မိန်းမကိုယ် အဖြူဆင်း ခြင်းများ

အမျိုးသမီးရယ်လို့ ဖြစ်လာရင် ပျိုဖော်ဝင်ချိန်လောက်က စပြီး မိန်းမကိုယ် အဖြူဆင်း တတ်တာ သဘာဝပါ။ သားဥကြွေခါနီး အချိန်ဆိုလည်းဆင်းတာပဲ၊ ရာသီလာခါနီးလည်း ဆင်းတာပဲ၊ အထိုင်များရင်လည်းဆင်းတာပဲ။ ဒါပေမယ့် သာမန် အဖြူဆင်းရင် ရောဂါတစ်ခုခုလို့ ထင်ပြီး စိုးရိမ်ကြတဲ့ အမျိုးသမီးတွေက အများသားပါ။ အဖြူဆင်းနေလို့ဆိုပြီး ဆေးလာတောင်းကြတာလည်း ခဏခဏပါပဲ။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ သာမန်အဖြူဆင်းတာလား၊ ရောဂါကြောင့် ဆင်းတာလားဆိုတာ ခွဲတတ်ဖို့ လိုပါတယ်။ သာမန် အဖြူဆင်း တဲ့အချိန် သားဥကြွေခါနီးအချိန် ပျိုဖော်ဝင်စအချိန် ကိုယ်ဝန်ဆောင်ချိန် အီစထရိုဂျင်ပါတဲ့ တားဆေးသုံးတဲ့အချိန်တွေမှာ အဖြူဆင်းတတ်ပါတယ်။ ဒါက ပုံမှန်ပါပဲ။ နောက်ဆုံး မွေးခါစ နှစ်ပတ်သားအရွယ်ကလေးမှာတောင် အမေ့ဆီက အီစထရိုဂျင် ပါလာတဲ့အတွက် ရက်အနည်းငယ်လောက် အဖြူဆင်းနေတတ်ပါတယ်။ ခုပြောတဲ့အချက်တွေက ရောဂါကြောင့် မဟုတ်ပါဘူး။ သဘာဝအရ ဆင်းတာပါ။ ဘာလို့ ဆင်းတာလဲဆိုတော့ အမျိုးသမီးဟော်မုန်း […]


အမျိုးသမီးရောဂါများအတွက် စစ်ဆေးခြင်း

အမျိုးသမီးများ အသက်အရွယ်တိုင်းမှာ ကျန်းမာနေစေဖို့

ပုခက်လွှဲတဲ့ လက်ပိုင်ရှင် အမျိုးသမီး တွေဟာ အသက်အရွယ်တိုင်းမှာ ကျန်းမာနေဖို့ လိုပါတယ်။ ဒီနေ့လို ခေတ်အခါမှာ အိမ်ထောင်မှုထိန်းသိမ်းရတာတင်မဟုတ်ဘဲ အပြင်ထွက်ပြီး အလုပ်လုပ်၊ ရာထူးအကြီးပိုင်းတွေမှာပါ တာဝန်ယူလာကြတဲ့အတွက် အဖက်ဖက်က ဖိစီးမှုတွေက ဒုနဲ့ ဒေးပါပဲ။ ကျန်းမာတယ်လို့ ပြောဖို့ဆိုရင် ကိုယ်ရော စိတ်ပါ ကျန်းမာနေမှ ရမှာပါ။ မွေးစကစလို့ သွေးဆုံးချိန်အထိ အမျိုးသမီးများ ကျန်းမာနေစေဖို့ ဘာတွေများ လုပ်နိုင်ကြမလဲ။ အမျိုးသမီးများ အသက်အရွယ်တိုင်းမှာ ကျန်းမာနေစေဖို့ လွယ်လွယ်ကူကူဖတ်လို့ရအောင် ၁၀စုနှစ်ဆီ ဖြတ်ကြည့်ရအောင်။ မွေးစမှ ၁၀နှစ်အထိ မွေးစကနေ ၁၀နှစ်အထိကတော့ ကလေးတွေကို အတူတူပဲ ပြုစုပေးရမှာပါ။ လိုအပ်တဲ့ အာဟာရတွေ၊ ကာကွယ်ဆေးတွေ အပြည့်အစုံထိုးပေးရမှာပါ။ ခုဆိုရင် နိုင်ငံတော်ကနေပြီး အသက် ၉နှစ်နဲ့ ၁၀နှစ်အရွယ် မိန်းကလေးတွေကို သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးပေးနေပါပြီ။ သားအိမ်ခေါင်းကင်ဆာက အဖြစ်များတဲ့ကင်ဆာဖြစ်ပြီး ဒီဆေးတွေက အပြင်မှာ ဝယ်ထိုးရင် […]


ရာသီလာခြင်း

အမျိုးသမီးတိုင်းရဲ့ အဓိကသော့ချက် ရာသီရက်

သမီးမိန်းကလေး တစ်ယောက် ရာသီစလာပြီဆိုရင် အမေအနေနဲ့ အရင်ဆုံး သင်ထားပေးရမှာက ရာသီရက် ကို စနစ်တကျ မှတ်ထားဖို့ပါပဲ။ ပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးချိန်အထိ တစ်လတစ်ခါ ရာသီလာနေတဲ့ အမျိုးသမီးတွေအနေနဲ့ ရာသီရက်ကို မှတ်ထားလို့ အရေးကြီးပါပဲ။ ရာသီရက်ဟာ အမျိုးသမီးတွေအတွက် Master keyပါပဲ။ ဒီရက်တွေက အမျိုးသမီးတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် အင်မတန်အရေးကြီးပါတယ်။ ရာသီရက် ဆိုတာ တစ်လတစ်ခါ ရာသီလာတယ်၊ တချို့က ၃ရက်ကြာတယ်၊ တချို့က ၅ရက်ကြာတယ် စသဖြင့် ဒါတွေဟာ ရာသီရက်တွေပါပဲ။ ဒီရက်တွေကို လတိုင်း မှတ်ထားဖို့ လိုပါတယ်။ ပျိုပျိုအိုအို အိမ်ထောင်ရှိရှိ မရှိရှိ မှတ်ထားရမှာပါ။ ရာသီရက်မှာ ပထမဆုံးလာတဲ့ရက်ရှိတယ်၊ ပြီးသွားတဲ့ရက်ရှိတယ်၊ စုစုပေါင်းလာတဲ့ရက်ရှိတယ်၊ နောက်တစ်ခါ ပြန်လာမယ့်ရက်ရှိတယ်။ ရာသီပထမဆုံးလာတဲ့ရက်ကို မှတ်ထားမှ နောက်တစ်ခါ ဘယ်တော့လာမှာလဲ။ ရက်ကျော်နေပြီလားဆိုတာ သိနိုင်မှာပါ။ စုစုပေါင်းလာတဲ့ […]


မိန်းမကိုယ်ရောင်ရမ်းခြင်း

လိင်ဆက်ဆံပြီးချိန်မှာ ရှက်ရှက်နာကျင်နေရတဲ့ အကြောင်းအရင်းများ

လိင်သံဝါသပြုတယ်ဆိုတာ နာကျင်ခံစားရဖို့ မဟုတ်ပါဘူး။ ကျေနပ်ပျော်ရွှင်ဖို့ ကောင်းမွန်တဲ့ ခံစားချက်မျိုးကို ကျေနပ်ပိုင်ဆိုင်နိုင်ဖို့ပါ။ ဒါပေမယ့် ဒီအချက်က အမြဲတမ်းတော့ မှန်ကန်နေလိမ့်မယ်လို့ ယုံကြည်မထားပါနဲ့။ ကိစ္စတိုင်းမှာ ချွင်းချက်ရှိတာမို့ လိင်ကိစ္စမှာလည်း ဒီလိုပါပဲ။ လိင်မှုကိစ္စတွေဟာ နူးညံ့ပြီး သိမ်သိမ်မွေ့မွေ့ကိုင်တွယ်နိုင်ဖို့ လိုအပ်တဲ့ ကိစ္စမျိုးပါ။ အထူးသဖြင့်တော့ အမျိုးသမီးတွေအတွက်ဆိုပြီး သိမ်မွေ့ဖို့ လိုအပ်တယ်မဟုတ်လား။ လိင်ဆက်ဆံခြင်းဟာ ဘယ်လောက် စိတ်ကျေနပ်နှစ်သက်စရာ ခံစားချက်ကိုပေးစွမ်းနိုင်တယ်ဆိုပါစေဦး တစ်ခါတစ်ရံမှာတော့ ထင်မှတ်မထားတဲ့ ဝေဒနာတွေကိုလည်း ဆောင်ယူလာတတ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ မိန်းမကိုယ်နာကျင်တဲ့ ပြဿနာမျိုးပါ။ တစ်ချို့တွေက ဒီလို မိန်းမကိုယ်နာကျင်တာက သာမန်ကိစ္စလို့ ထင်မြင်ယူဆတတ်ကြပြီး အများစုက ဘာကြောင့် ခုလိုနာကျင်မှန်းမသိကြပါဘူး။ အကြောင်းအရင်းကတော့ အမျိုးသမီးအများစုဟာ ဒီလိုနာကျင်မှုဟာ ထိုးသွင်းဆက်ဆံမှုကြောင့် ကျန်ရစ်ခဲ့တဲ့ နာကျင်မှုလို့ သာမန်ကာလျှံကာ တွေဆးမိသွားကြတာကြောင့်ပါ။ လိင်ဆက်ဆံပြီးချိန်မှာ မိန်းမကိုယ်နာကျင်တာက ဂရုစိုက်ဖို့လိုအပ်တဲ့ကျန်းမာရေးနဲ့ သက်ဆိုင်နေတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ကိစ္စပြီးမြောက်ချိန်မှာ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးများနှင့် အဖြူဆင်းခြင်း

အဖြူဆင်း တယ်ဆိုတာ အမျိုးသမီးတိုင်းလိုလို မကြာခဏ ဖြစ်တတ်ကြတဲ့ အရာပါ။ အဖြူ ဘာကြောင့်ဆင်းရတာလဲ၊ အဖြူဆင်းတာဟာ ကျန်းမာရေးအတွက် မကောင်းဘူးလား။ ရောဂါတစ်ခုခုများ ဖြစ်နေလို့လား။ အရင်ကတော့ မသိသာဘူး၊ ဒီရက်ပိုင်းမှ အဖြူတွေ တအားဆင်းနေတယ်၊ ပြဿနာ တစ်ခုခုများရှိနေလား မသိဘူးဆိုတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့အတူ ဆရာဝန် သွားပြသင့်၊ မပြသင့်ကို ဒီဆောင်းပါးလေးမှာ အဖြေရှာကြည့်ရအောင်။ အမျိုးသမီးများနှင့် အဖြူဆင်းခြင်း အမျိုးသမီးများနှင့် အဖြူဆင်းခြင်း အကြောင်းလေး လေ့လာကြည့်လိုက်ရအောင်နော်။ အဖြူဆင်းတဲ့အခါ ဆင်းလာတဲ့ အရည်ရဲ့ အပျစ်၊ အကျဲ နဲ့ အရောင်တွေပေါ် မူတည်ပြီး ဘာကြောင့်ဖြစ်တယ်ဆိုတာကို အကြမ်းဖျင်း ခွဲခြားလို့ ရပါတယ်။ အဖြူရောင် အဖြူရောင်ပါတဲ့ အဖြူဆင်းခြင်းဟာ ရာသီစက်ဝန်း အစ နဲ့ ရာသီစက်ဝန်းပြီးဆုံးချိန် တစ်နည်းအားဖြင့် ရာသီ မလာခင် နဲ့ လာပြီးစ အချိန်တွေမှာ ဖြစ်တတ်ပြီး […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ် ရနံ့လေး သင်းစေဖို့ ရေမွှေးတွေ ဆွတ်ကြသတဲ့လား

ဘာအကြောင်းမှ မပြောခင် အရင်ဆုံး မေးချင်တာလေး ရှိပါတယ်။ မိန်းမကိုယ်က ပန်းတစ်ပွင့်လို မွှေးကြိုင်နေစရာ လိုလို့လား။ မိန်းမကိုယ်မှာ သဘာဝ အနံ့ရှိပါတယ်။ ကျန်းမာတဲ့ မိန်းမကိုယ်ဖြစ်ဖို့အတွက် တကယ်တမ်းမှာ ဘာ Product မှ မလိုအပ်ပါဘူး။ ဒီလိုပြောဖို့အတွက် မိန်းမကိုယ်ရဲ့ သဘာဝကို အရင်ရှင်းပြဖို့ လိုအပ်လာပါပြီ။ ပြင်ပက ဝင်လာတဲ့ ပိုးမွှားတွေ၊ မှိုတွေရဲ့ ရန်ကို တိုက်ထုတ်ဖို့ မိန်းမကိုယ်ထဲမှာ ကောင်းတဲ့ ဘက်တီးရီးယားတွေ နဲ့ မှိုတွေ ရှိပါတယ်။ မိန်းမကိုယ်တွင်းက ထွက်တဲ့ အချွဲတွေ၊ အရပ်စကားပြောရရင် အဖြူတွေက မိန်းမကိုယ်ကို pH ပမဏ မျှတအောင်နဲ့ မိန်းမကိုယ် သန့်ရှင်းအောင် အလိုအလျောက် သန့်စင်ပေးပြီးသားပါ။ ဒီအရာတွေကြောင့် မိန်းမကိုယ်တိုင်းမှာ ပင်ကိုယ်သဘာဝ ရနံ့ရှိပါတယ်။ ကြော်ငြာတွေကတော့ မိန်းမကိုယ်တွေဟာ ကြာညိုနံ့ပဲ သင်းရမလိုလို […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အတွင်းခံ နှင့် ရှက်ရွံ့ခြင်း ပြဿနာ

ဒါပေါ့။ အတွင်းခံ ကို လူတိုင်း ဝတ်ကြတာပေါ့။ ဒါပေမဲ့ လျှော်ဖွပ်ပြီး လှန်းတဲ့အခါမှာတော့ ယောက်ျားလေး အတွင်းခံတွေဆို ဘယ်နေရာ ဘယ်လို လှန်းလှန်း ပြဿနာ မရှိပေမဲ့ မိန်းကလေး အတွင်းခံတွေကိုတော့ ထဘီနဲ့ အုပ်လှန်းတာက လှန်း၊ နေမရ၊ လေမရတဲ့ အိမ်တွင်း အရိပ်ထဲ ထည့် လှန်းလိုလှန်းနဲ့ ပြဿနာတွေ တန်းစီတက်ကြတော့တာပါပဲ။ ဘာကြောင့် ယောက်ျားလေး အတွင်းခံတွေက ပွင့်လင်းမြင်သာခွင့် ရှိပြီး မိန်းကလေး အတွင်းခံတွေကိုက ကွယ်ဝှက်နေကြတာလဲ။ တခြားအဝတ်တွေလည်း အဝတ်၊ အတွင်းခံလည်း အဝတ်ပါပဲ။ မရှက်ပါနဲ့။ ရဲရဲသာ အပြင်ထုတ်လှန်းပါ။ တကယ်က ယောက်ျားလေး အတွင်းခံ ဖြစ်စေ၊ မိန်းကလေး အတွင်းခံဖြစ်စေ၊ လေဝဝရှူရဖို့ လိုပါတယ်။ မိန်းကလေးတွေရဲ့ အတွင်းခံတွေဟာ မိန်းကလေးတွေရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်း၊ အနူးညံ့ဆုံး အစိတ်အပိုင်းနဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း