အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတစ်လျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ သူတို့ကို အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ ပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ

သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၄ ဦးမှာ ၁ ဦးက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် ခံရဖူးပါတယ်။ အကြမ်းဖျင်းအားဖြင့် အမျိုးသမီး ၈ ဦးမှာ ၁ ဦးနှုန်းဟာ အလုပ်ခွင် ဒါမှမဟုတ် သူတို့ ကျင်လည်ရာ လူမှုပတ်ဝန်းကျင်မှာ နှုတ်အားဖြင့် ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ခံစားရဖူးပါတယ်။ ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ လေ့လာမှုကို ၇ နှစ်ကြာ လုပ်ဆောင်ခဲ့ပါတယ်။ လေ့လာမှုမှာ အမျိုးသမီး အသက် ၅၃ နှစ် ဝန်းကျင် အမျိုးသမီး ၃၃၁၂၇ ဦး […]

အမျိုးသမီး ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသမီးကျန်းမာရေးပြဿနာများ

ဝတ်အိပ်မလား...... ချွတ်အိပ်မလား....... ဘရာ

ညအိပ်ချိန်ဆိုတာ တစ်နေကုန် ပင်ပန်းခဲ့သမျှကို ဖြေဖျောက်ပြီး အင်အားတွေပြည့်စေဖို့ အနားယူချိန်ပါ။ ညအိပ်ချိန်မှာ အရေပြားဆဲလ်လေးတွေက အသက်ဝဝ ရှူရင်း အသစ်တွေ ဖြစ်ပေါ်နေသလို ခန္ဓာကိုယ်ကြီးကလည်း အနားယူနေတာပါ။ ဒီလို အချိန်မှာ သက်သောင့်သက်သာဖြစ်ဖို့က အတော်လေး အရေးကြီးပါတယ်။ ညအိပ်ချိန်မှာ သက်သောင့်သက်သာ မဖြစ်တာက အိပ်စက်မှုကို ထိခိုက်စေနိုင်သလို အိပ်ရေးမဝတာတွေက စိတ်ရောကိုယ်ပါ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် လေဒီလေးတို့ ညအိပ်တဲ့အခါ သက်သောင့်သက်သာဖြစ်စေဖို့အတွက် ဘရာ ဝတ်အိပ်ရမလား။ ချွတ်အိပ်ရမလားဆိုတာလေးကို ပြောပြပေးချင်ပါတယ်။ ဝတ်အိပ်မလား...... ချွတ်အိပ်မလား....... ဘရာ ညအိပ်တဲ့အခါ ဘရာ ဝတ်အိပ်တာက ရင်သားဖွံ့ဖြိုးမှုကို ထိခိုက်စေတယ်။ ရင်သားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေကို ကြားဖူးနိုင်သလို ဘရာဝတ်အိပ်တာက ရင်သားတွဲမကျအောင် ထောက်ကူပေးတယ်ဆိုတဲ့ စကားတွေကိုလည်း ကြားဖူးမယ် ထင်ပါတယ်။ ညဘက် အိပ်တဲ့အခါ ဘရာဝတ်အိပ်တာကြောင့် ကောင်းကျိုးတွေရှိသလို ဘရာချွတ် […]


ရာသီလာခြင်း

ဘာကိုရွေးမယ်စိတ်ကူးလဲ........ လေဒီ

လေဒီလေးတွေက နေ့ရက်တိုင်းမှာ လှပစွာနေချင်ကြတယ်နော်။ ဒါကလည်း ဖြစ်သင့်တဲ့အရာပါ။ လေဒီလေးတွေဆိုတာက ပိစိလေးကတည်းက အလှကြိုက်ကြတာကိုး။ လှပမှုက လှပမှုချည်းသက်သက်ဆို မပြည့်စုံပါဘူး။ လှပမှုကို အားဖြည့်ပေးနိုင်မယ့် အရာတစ်ခု ရှိပါတယ်။ ဒါကတော့ ယုံကြည်မှုပါ။ ဒါပေမယ့်လည်း နေ့စဉ်တိုင်းမှာ ယုံကြည်မှု ပြည့်တယ်ဆိုတဲ့ မိန်းကလေးကတော့ ခပ်ရှားရှားပါ။ လေဒီလေးတွေရဲ့ ယုံကြည်မှုကို အားလျော့စေတာက ဘာများလဲ............. လေဒီလေးတွေက ပုံမှန်ချိန်မှာ ယုံကြည်မှု ပြည့်တယ်ဆိုရင်တောင်မှ တစ်လတစ်ခါ မလွဲမသွေ ကြုံရတဲ့ period time မှာတော့ ယုံကြည်မှု အနည်းငယ် ကျနေတတ်ပါတယ်။ တစ်လတာရဲ့ အဲ့အချိန်ကို ရောက်လာပြီဆိုရင် လူအများကြားကို သွားလာဖို့ မရဲကြပါဘူး။ အနံ့အသက်ဆိုးနေတာမျိုး ဖြစ်မလား၊ စွန်းထင်းနေမလားဆိုပြီး စိုးရိမ်စိတ်တွေ များနေရင်းက ထိုင်နေရာက ထရပ်ဖို့တောင် မဝံ့မရဲ ဖြစ်တတ်ကြပါတယ်။ ဒီလိုအချိန်မှာလည်း ယုံကြည်မှု မပျောက်ဘဲ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

သားအိမ်ရောင် ခြင်းအကြောင်း ဘာတွေ သိထားသင့်သလဲ

သားအိမ်မှာ အတွင်းသားရယ်၊ အလယ်က ကြွက်သားရယ်၊ အပြင်ဆုံးက အမြှေးပါးရယ်ဆိုပြီး ရှိပါတယ်။ ခုပြောမယ့် သားအိမ်ရောင် ခြင်းက Endometriumလို့ခေါ်တဲ့ အတွင်းသား ရောင်ရမ်းတာပဲ ဖြစ်ပါတယ်။ သားအိမ်ရောင် ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေက သားအိမ်ကို ပိုးဝင်စေတဲ့ ကိစ္စမှန်သမျှက သားအိမ်ရောင်ခြင်းကို ဖြစ်စေတယ်လို့ အကြမ်းဖျင်း မှတ်ထားလို့ ရပါတယ်။ ပုံမှန်ဆိုရင် သားအိမ်ခေါင်းက သားအိမ်ထဲကို ပိုးတွေ မဝင်အောင် အပြင်ကနေ ပိတ်ပေးထားပါတယ်။ သားအိမ်ခေါင်း ပွင့်သွားတဲ့အခါ ဥပမာ ကလေးမွေးတာ၊ မိန်းမကိုယ်ကို ခွဲစိတ်မှုတွေ လုပ်တဲ့အခါ အခန့်မသင့်ရင် သားအိမ်ထဲကို ပိုးတွေ ဝင်သွားတတ်ပါတယ်။ မိန်းမကိုယ်မှာ ပုံမှန်အတိုင်း ရှိနေတဲ့ ဘက်တီးရီးယားကရော အပြင်က ဝင်လာတဲ့ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားကရော သားအိမ်ရောင်တာကို ဖြစ်စေပါတယ်။ သားအိမ်ရောင်ခြင်းကို ဖြစ်နိုင်ခြေများတဲ့ ကိစ္စတွေကတော့ ကလေးမွေးတာ ဒါမှမဟုတ် […]


ရာသီလာခြင်း

စိတ်ဖိစီးလွန်းလို့ ရာသီထိမ် နေတာလား

ရာသီထိမ် ပြီဆိုရင် စစဉ်းစားတာ ကိုယ်ဝန်ရှိနေတာလားဆိုတာပါ။ အထူးသဖြင့် အိမ်ထောင်သည်တွေ၊ လိင်ဆက်ဆံမှု ရှိတဲ့သူတွေဆိုရင် ပိုပြိး စိုးရိမ်တတ်ပါတယ်။ လိင်ဆက်ဆံမှု မရှိတဲ့သူတွေကျတော့လည်း တခြားရောဂါတစ်ခုခုများလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ ဒါပေမယ့် အဖြစ်များပြီး အားလုံးမေ့နေတတ်တဲ့ ကိစ္စတစ်ခုက စိတ်ဖိစီးမှုပါ။ စိတ်ဖိစီးလွန်းရင်လည်း ရာသီထိမ်တတ်တယ်ဆိုတာ သိထားဖို့ လိုပါတယ်။ စိတ်ဖိစီးရင် ဘာကြောင့် ရာသီထိမ် တာလဲ။ စိတ်ဖိစီးရင် ခန္ဓာကိုယ်မှာရှိတဲ့  hypothalamic-pituitary-adrenal (HPA) axisဆိုတဲ့ ဟော်မုန်းလမ်းကြောင်းလေး လှုပ်ရှားလာပါတယ်။ ဒါကြောင့် သွေးထဲမှာ cortisolနဲ့ corticotropin-releasing hormone (CRH) ဆိုတဲ့ ဟော်မုန်း နှစ်ခု များလာပါတယ်။ ဒီဟော်မုန်း လမ်းကြောင်းနဲ့ ဟော်မုန်းနှစ်ခုက ခန္ဓာကိုယ်မှာ စိတ်ဖိစီးမှု ဖြစ်တဲ့အခါ တုံ့ပြန်တဲ့အနေနဲ့ ထွက်လာတာပါ။ ထွက်လာတဲ့ ဟော်မုန်းတွေက ရာသီလာတာကို ထိန်းချုပ်ထားတဲ့ အီစထရိုဂျင်၊ ပရိုဂျက်စတုန်း […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ဘရာ Size မှားနေပြီလား

အမျိုးသမီးတွေရဲ့ နေ့စဉ်ဘဝမှာ အတွင်းခံအဝတ်အထည်တွေရဲ့ အရေးပါမှုက ကြီးမားတဲ့ အခန်းကဏ္ဍတစ်ခုပါ။ တကယ်တော့ အတွင်းခံအဝတ်အထည်ဆိုတာ ကျန်းမာရေးအတွက် အရေးပါတဲ့ အရာတွေပါ။ ဒီလိုနဲ့တစ်ခါတစ်လေမှာ ဘရာ Size မှားနေပြီလား လို့ တွေးမိလာချိန်တွေ ရှိလာပါလိမ့်မယ်။ ဘာလို့ ဘရာ Size မှားနေပြီလား လို့ တွေးလာရလဲဆိုရင် ဝတ်ဆင်ရတာ သက်သောင့်သက်သာ မဖြစ်တော့ပဲ အဆင်မပြေဘူးဆိုတဲ့ ခံစားချက်မျိုး တနေ့တခြား ပိုပိုရလာတာကြောင့်ပါ။ အသက်ရှူမဝတာတွေ၊ ရင်ဘတ်အောင့်တာတွေပါဖြစ်လာနိုင်တာပါ။ လျော့တိလျော့ရဲ ဘရာစီယာတွေကို ဝတ်ဆင်တာက သယ်ပိုးထိမ်းသိမ်းပေးနိုင်စွမ်းနည်းပါးတာမို့ ပြဿနာရှိတယ်ဆိုပေမယ့် တင်းကျပ်လွန်းတဲ့ ဘရာစီယာမျိုးကို ဝတ်ဆင်ထားမိမယ်ဆိုရင်တော့ ကျန်းမာရေးဘေးထွက်ဆိုးကျိုးတွေပါ ကြုံရနိုင်တာမို့ ပိုဆိုးရွားတယ်လို့ ဆိုရမှာပါ။ အရမ်းကျပ်ထုပ်နေပြီလား၊ ဘရာ Size မှားနေပြီလား အများစုသော အမျိုးသမီးတွေဟာ အတွင်းခံအဝတ်အထည်တွေကို ကျန်းမာရေးအတွက် ရည်ရွယ်ပြီး ဝတ်ဆင်ကြတာမျိုးနည်းပါးပါတယ်။ ကယ်တမ်းအားဖြင့် ဘရာစီယာလို အဝတ်အထည်တွေက ကျန်းမာရေးအတွက် […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေမှာ အမျိုးသားတွေနဲ့မတူဘဲ ခံစားရနိုင်တဲ့ ရောဂါလေးတွေရှိပါတယ်။ အချို့သောရောဂါတွေ ဥပမာ ဆီးချို၊ သွေးတိုးစတဲ့ရောဂါတွေက အမျိုးသားရော အမျိုးသမီးမှာ ခံစားရနိုင်တယ်ဆိုပေမယ့် အချို့သောရောဂါတွေကတော့ အမျိုးသားတွေမှာ ဖြစ်လေ့မရှိပေမယ့် အမျိုးသမီးတွေမှာပဲ ခံစားရတာမျိုး ရှိပါတယ်။ အချို့ရောဂါတွေကတော့ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ အဖြစ်များတာမျိုးပါ။ ခန္ဓာကိုယ် ဖွဲ့စည်းပုံ မတူသလို အာဟာရလိုအပ်ချက်လည်း မတူတာကြောင့် အမျိုးသမီးတွေမှာမှ ခံစားရနိုင်တဲ့ အဖြစ်များတဲ့ ရောဂါတွေက အတော်လေး များပါတယ်။ အမျိုးသမီးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေက ဘာတွေလဲ။ အမျိုးသမီးတွေမှာ ခံစားရနိုင်ခြေများနေတဲ့ ကျန်းမာရေးပြဿနာတွေက ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ သွေးဆုံးတာ၊ ကိုယ်ဝန်ဆောင်တာတွေပါ။ ဒါတွေအပြင် အမျိုးသမီးတွေက အမျိုးသားတွေထက် ရုတ်တရက်နှလုံးရပ်တာကြောင့် သေဆုံးနိုင်ခြေ ပိုများနေသလို စိတ်ဓာတ်ကျတာ၊ စိုးရိမ်ပူပန်တဲ့ စိတ်ကျန်းမာရေးပြဿနာတွေ ကိုလည်း မကြာခဏခံစားရလေ့ရှိပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တာက အမျိုးသားရော အမျိုးသမီးမှာပါ ခံစားရနိုင်တယ်ဆိုပေမယ့် အမျိုးသမီးတွေမှာ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ

လေဒီလေး ၃ ဦးမှာ တစ်ဦးလောက်က ကျောက်ကပ်ရောဂါ၊ ဆီးအိမ်ကင်ဆာ၊ နာတာရှည် တင်ပါးဆုံရောင်ရမ်းနာကျင်တာ၊ ဆီးအိမ်ကင်ဆာ၊ ဆီးခဏခဏ သွားတာလိုမျိုး တင်ပါးဆုံပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ အမျိုးသမီးတိုင်း သိထားသင့်တဲ့ တင်ပါးဆုံကျန်းမာရေးပြဿနာ အစုစုကို ဆောင်းပါးလေးကနေတဆင့် ပြောပြပေးသွားပါမယ်။ တင်ပါးဆုံဆိုတာ တင်ပါးဆုံဆိုတာက  ဝမ်းဗိုက်အောက်ဘက်နားမှာရှိတဲ့ ဇလုံလို ခပ်ခွက်ခွက် အစိတ်အပိုင်းပါ။ ကျောရိုးကို ထောက်ကန်ပေးထားပြီး ကိုယ်တွင်းအစိတ်အပိုင်းတွေကို ကာကွယ်ပေးထားပါတယ်။ အမျိုးသမီးတွေရဲ့ ဒီအစိတ်အပိုင်းမှာ သားအိမ်နံရံ သားအိမ် သားဥအိမ် သားဥပြွန် မွေးလမ်းကြောင်း မိန်းမကိုယ် အမျိုးသမီးအင်္ဂါစပ်တို့ပါဝင်နေပါတယ်။ လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ အမျိုးသမီးတွေအတွက် အရေးပါလှတဲ့ တင်ပါးဆုံပိုင်းမှာ အခုလို ကျန်းမာရေးပြဿနာလေးတွေ ခံစားရနိုင်ပါတယ်။ တင်ပါးဆုံပိုင်း နာကျင်တာ တင်ပါးဆုံပိုင်းနာကျင်တာက အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ ဒီလိုနာကျင်မှုက တင်ပါးဆုံပိုင်းဆိုင်ရာ ရောဂါတစ်ခုခုကြောင့် ဖြစ်နိုင်သလို အခြား မူမမှန်မှုပြဿနာတစ်ခုခုကြောင့်လည်း […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့

မိန်းမကိုယ်မှာ ဝက်ခြံပေါက်တာက လေဒီလေးတွေအတွက် အတော်လေး ခံရခက်တဲ့ ကိစ္စတစ်ခုပါ။ ဒီပြဿနာကို ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုပြီး တွေးရခက်နေပြီလား......... ဒါဆိုရင်တော့ မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံသက်သာစေဖို့ ဘယ်လိုလုပ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ မိန်းမကိုယ်မှာ ဝက်ခြံဘာကြောင့်ဖြစ်............ မိန်းမကိုယ်မှာ ဝက်ခြံဖြစ်စေတဲ့ အကြောင်းအရင်းကတော့ တစ်ခုမကပါဘူး။ အရေပြား ဓာတ်မတည့်တာ ရေချိုးဆပ်ပြာရည်တွေနဲ့ ထိတွေ့မိတာ အမွှေးနံ့ပြင်းတဲ့ ဆပ်ပြာတွေနဲ့ ထိတွေ့မိတာ မိန်းမကိုယ်ကို ရေမွှေးဆွတ်တာ feminine wipes သုံးတာ အမွှေးခဲနဲ့ ပွတ်တိုက်တာ လိုးရှင်းလိမ်းတာ ပေါင်ဒါသုံးတာ လစဉ်သုံးတွေ သုံးတာ tampons သုံးတာ မိန်းမကိုယ်အတွင်းပိုင်းကို ဆေးကြောတာ သုက်ပိုးသတ်ဆေးတွေ သုံးတာ ချောဆီသုံးတာ ဆေးဝါးတွေ သောက်သုံးရတာ အတွင်းခံကို လျှော်တဲ့အခါ ဆပ်ပြာမှုန့်တွေ အလွန်အကျွံသုံးတာ မီးပူတိုက်တဲ့အခါ သုံးတဲ့ အမွှေးဆီတွေကြောင့် မိန်းမကိုယ်မှာ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ

ဝက်ခြံ မျက်နှာမှာ ပေါက်ရင် သြော်........ပေါက်နေကျပဲလေလို့ ထားလိုက်တတ်ပေမယ့် မိန်းမကိုယ်မှာ ဝက်ခြံ ပေါက်လာပြီဆိုရင်တော့ ပေါက်လေ့ပေါက်ထရှိရဲ့လား။ ကျန်းမာရေးပြဿနာ တစ်ခုခုများရှိနေတာလားဆိုပြီး စိုးရိမ်တဲ့စိတ် လေဒီလေး တော်တော်များများ ဖြစ်တတ်ကြပါတယ်။ မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံက ပုံမှန်ပဲလားလို့ သိချင်နေတယ်ဟုတ်........... ဒီတစ်ခေါက်တော့ မိန်းမကိုယ်မှာ ဝက်ခြံပေါက်တာက ပုံမှန်ပဲလား၊ ဘယ်လို ကာကွယ်ရမလဲဆိုတာလေးကို ပြောပြပေးသွားပါမယ်။ မိန်းမကိုယ်မှာ ဝက်ခြံပေါက်တာ ပုံမှန်ပဲလား........... မိန်းမကိုယ်မှာ ဝက်ခြံပေါက်တာက တကယ့်ကို ပုံမှန် အခြေအနေတစ်ရပ်ပါ။  မိန်းမကိုယ်မှာ ချွေးပေါက်ဂလင်းလေးတွေနဲ့ မွေးညှင်းအိတ်လေးတွေ ရှိနေတာကြောင့် ဝက်ခြံ ဖြစ်နိုင်ပါတယ်။ အခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ ဝက်ခြံ ဖြစ်သလို မျိုးပေါ့။ နောက်တစ်ချက် ရှိတာက မိန်းမကိုယ်ဟာ နုနယ်သလို ခန္ဓာကိုယ်က အချို့အစိတ်အပိုင်းတွေလိုပဲ ထိခိုက်လွယ်တဲ့ အရေပြား အမျိုးအစားပါ။ ဒါကြောင့် မိန်းမကိုယ်မှာလည်း ဝက်ခြံ၊ အဆီဂလင်းပိတ်ဆို့မှုကနေဖြစ်လာတဲ့ […]


ရာသီလာခြင်း

အဝတ်pad တစ်ခုကပဲ ပတ်ဝန်းကျင်မညစ်ညမ်းအောင် ထိန်းသိမ်းနိုင်မှာလား

ခေတ်အဆက်ဆက်မှာ အမျိုးသမီးတွေဟာ ရာသီလာခြင်းနဲ ပတ်သက်ပြီး ဖိနှိပ်မှုများစွာ ခံခဲ့ရပါတယ်။ ရာသီသွေးဆင်းတဲ့ အမျိုးသမီးတွေဟာ ယုတ်နိမ့်တယ်၊ ရာသီသွေးဟာ မသန့်ဘူး၊ အိန္ဒိယလို နိုင်ငံမျိုးမှာဆို ရှေးတုန်းက ရာသီလာတဲ့အမျိုးသမီးတွေကို ရွာပြင်ထုတ်ထားတာမျိုး၊ ဒီရာသီလာတဲ့ကိစ္စအတွက် ဘာတစ်ကိုယ်ရည်သုံး ပစ္စည်းကိုမှ သုံးခွင့်မရတာမျိုး ကြုံခဲ့ကြရပါတယ်။ ဒါတင်ပဲလားဆိုတော့ အမျိုးသမီးအတွင်းခံတွေကိုတောင်မှ  ယုတ်ညံ့တဲ့ ပစ္စည်းအဖြစ် သတ်မှတ်ပြီး ခိုးကြောင်ခိုးဝှက် ထုတ်လှမ်းရတဲ့အထိပါပဲ။ ခုခေတ်မှာတော့ ကျန်းမာရေးအသိပညာတွေ ရေချိန်ကိုက်သင့်သလောက် ကိုက်လာတာကြောင့် ရာသီလာတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သိပ်ပြီး ချိုးနှိမ်တာမျိုး မရှိတော့ဘူး။ တချို့အတွဲတွေဆို မိန်းကလေးရာသီလာလို့ သုံးစရာ ပါမလာခဲ့ရင် ယောက်ျားလေးက အေးအေးဆေးဆေး သွားဝယ်ပေးကုန်ပြီ။ ဒီလို ပြောင်းလဲလာတာက တကယ်ကျေနပ်ဖို့ ကောင်းပါတယ်။ ခုနောက်ဆုံး ဖေ့ဘွတ်မှာ လူပြောသူပြောများနေတဲ့ ကိစ္စကတော့ အမျိုးသမီးသုံး padတွေဟာ ပလတ်စတစ်တွေမို့လို့ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း