အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတစ်လျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ သူတို့ကို အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ ပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ

သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၄ ဦးမှာ ၁ ဦးက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် ခံရဖူးပါတယ်။ အကြမ်းဖျင်းအားဖြင့် အမျိုးသမီး ၈ ဦးမှာ ၁ ဦးနှုန်းဟာ အလုပ်ခွင် ဒါမှမဟုတ် သူတို့ ကျင်လည်ရာ လူမှုပတ်ဝန်းကျင်မှာ နှုတ်အားဖြင့် ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ခံစားရဖူးပါတယ်။ ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ လေ့လာမှုကို ၇ နှစ်ကြာ လုပ်ဆောင်ခဲ့ပါတယ်။ လေ့လာမှုမှာ အမျိုးသမီး အသက် ၅၃ နှစ် ဝန်းကျင် အမျိုးသမီး ၃၃၁၂၇ ဦး […]

အမျိုးသမီး ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသမီးကျန်းမာရေးပြဿနာများ

မေမေ ဖြစ်လာရင် ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ပါ။

အိမ်ထောင်ကျပြီးပြီပဲ။ မေမေ ဖြစ်လာပြီပဲ လှနေဖို့ မလိုတော့ပါဘူးဆိုပြီး ကိုယ့်ကိုယ်ကို ဂရုမစိုက်ဘဲ မနေလိုက်ပါနဲ့။ မေမေ ဖြစ်လာရင် ကိုယ့်ကိုယ်ကို ကျန်းမာဖို့ကစလို့ သပ်သပ်ရပ်ရပ် စမတ်ကျကျ ဖြစ်အောင် ပိုပြီး ဂရုစိုက်ဖို့ လိုပါမယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ကိုယ့်ကိုယ်ထက် အခြားသူတွေကို မေတ္တာအပြည့်နဲ့ ပိုဂရုစိုက်ပေးတတ်သူကို အမြတ်တနိုးနဲ့ ခေါ်ဖို့ သတ်မှတ်ပေးထားတဲ့ အမည်နာမလေးက "မေမေ" ဆိုတာပါ။ မေမေဖြစ်လာရင် ကိုယ့်ကိုယ်ကို ဂရုစိုက်မှု လျော့သွားတတ်တာ သဘာဝပါ။ အမျိုးသမီးတွေဟာ အိမ်ထောင်ကျသွားတဲ့အခါ အရင်ကလောက် ကိုယ့်ကိုယ်ကို အချိန် မပေးနိုင်တော့ပါဘူး။ အသားအရေ ထိန်းသိမ်းဖို့ကို မဆိုထားနဲ့ စားသောက်ဖို့ ချက်ပြုတ်ချိန်မှာတောင် ခင်ပွန်းသည်အကြိုက် ချက်ပေးရင်း အဆင်ပြေသလို စားလိုက်မယ်လို့ တွေးမိကြတတ်သူတွေပါ။ သားသမီးတွေအရေးကိုလည်း အရာရာတိုင်းထက် ဦးစားပေးတတ်ကြသူတွေပေါ့။ ဒါကြောင့်လည်း မေမေလို့ ခေါ်တာပါ။ […]


ရာသီလာခြင်း

ရာသီခွက် လေးတွေကို ဘယ်လိုသန့်ရှင်းရေး လုပ်မလဲ။

ရာသီလာတဲ့အခါ သုံးတဲ့ ပစ္စည်းတွေထဲမှာ Pad၊ Tampons၊ အဝတ် Padနဲ့ M cupလို့ အလွယ်ခေါ်ကြတဲ့ ရာသီခွက် လေးတွေက အသုံးများပါတယ်။ နောက်ပိုင်းမှာ ယိုစိမ့်မှု နည်းတာကြောင့်ရော၊ တစ်ခါဝယ်ပြီးရင် အကြာကြီး သုံးလို့ရတာကြောင့်ရော ရာသီခွက်လေးတွေကို လူသုံးများလာကြပါပြီ။ ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း သက်သာစေတာကြောင့် လူကြိုက်လည်း များပါတယ်။ ရာသီခွက် လေးတွေကို ဘယ်လို သန့်ရှင်းရေး လုပ်မလဲ။ ရာသီခွက်လေးတွေက ဆီလီကွန်နဲ့ လုပ်ထားပြီး ခပ်ပျော့ပျော့ခွက်လေးတွေပဲ ဖြစ်ပါတယ်။ ဒီခွက်လေးတွေက မိန်းမကိုယ်အတွင်းထဲကို ထည့်ထားရမှာဆိုတော့ သန့်နေအောင် ထားဖို့ လိုပါတယ်။ ဒါပေမယ့်လည်း သန့်ရှင်းချင်ဇောနဲ့ ဓာတုပစ္စည်းအပြင်းစားတွေ သုံးမယ်ဆိုရင် ခွက်ပျက်စီးသွားမှာပါ။ သေချာမသန့်ရှင်းရင်လည်း မိန်းမကိုယ် ပိုးဝင်ပြီး ယားယံတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရာသီခွက်လေးတွေကို နည်းလမ်းမှန်မှန်နဲ့ ဘယ်လိုပိုးသတ်သန့်စင်ရမလဲဆိုတာကို ပြောပြပေးပါမယ်။ စစချင်း […]


မိန်းမကိုယ်ရောင်ရမ်းခြင်း

မိန်းမကိုယ် နာကျင်တာကို သက်သာစေဖို့

လေဒီလေးတွေ နေ့စဉ်ဘဝမှာ တက်ကြွ လန်းဆန်းပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြည့်ဝနေစေဖို့ဆိုရင် သေချာလေး ဂရုစိုက်ပေးဖို့ လိုမယ့် အစိတ်အပိုင်းလေး တစ်ရပ် ရှိပါတယ်။ ဒါကတော့ အမျိုးသမီးလေးတွေရဲ့ ခန္ဓာကိုယ်က အနူးညံ့ဆုံး အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ မိန်းမကိုယ် လေးပါ။ မိန်းမကိုယ်လေး ဘာကြောင့် နာကျင်နိုင်သလဲ ..... မိန်းမကိုယ်ကို နာကျင်စေနိုင်တဲ့ အချက်တွေကတော့ တစ်ခု မကပါဘူး။ အတူနေတာ အာရုံကြောလေးတွေ ထိခိုက်ပျက်စီးတာ ခန္ဓာကိုယ်ရဲ့ ပုံမှန်မဟုတ်တဲ့ တုံ့ပြန်မှု တစ်ရပ်ရပ်ကြောင့် ရောင်ရမ်းတာ ဓာတ်မတည့်မှု ဖြစ်တာ ကြွက်သားတွေ နာကျင်တောင့်တင်းတာ ပဋိဇီဝပိုးသတ်ဆေးတွေ မကြာခဏ သောက်သုံးနေရတာတွေကြောင့် အကျိုးပြုဘက်တီးရီးယားတွေ နည်းသွားပြီး ပိုးဝင်တာကြောင့် မိန်းမကိုယ် နာကျင်နိုင်ပါတယ်။ မိန်းမကိုယ်နာကျင်တဲ့အခါ ဘယ်လို ခံစားရနိုင်လဲ ...... မိန်းမကိုယ် နာကျင်တဲ့အခါ အခုလို လက္ခဏာလေးတွေ ခံစားရနိုင်ပါတယ်။ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ် ဘာကြောင့် မည်းရသလဲ

ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေ နားထောင်ကြည့်ရှုပြီး မိန်းမကိုယ်က ပန်းရောင် သန်းနေမယ်။ ခန္ဓာကိုယ် အသားအရေလိုပဲ အသားဖြူရင် ဖြူနေမယ်၊ အသားမည်းရင် မည်းနေမယ်လို့ ယူဆနေတဲ့သူတွေ ရှိပါသလား ........ ဒါဆိုရင်တော့ ဒီဆောင်းပါးလေး ဖတ်ကြည့်စေချင်ပါတယ်။ အချို့သူတွေမှာ ယူဆထားတဲ့ ယူဆချက် တစ်ခုရှိပါတယ်။ ဒါကတော့ အတူမနေဘူးသူတွေက မိန်းမကိုယ် ပန်းရောင်သန်းနေနိုင်ပြီး အတူနေဖူးသူ လိင်ဆက်ဆံမှု ပြုဖူးသူတွေက မိန်းမကိုယ် မည်းနေနိုင်တယ်လို့ပါ။ ဒီယူဆချက်ကရော မှန်ရဲ့လား။ အပြင်မှာရော ရုပ်ရှင်ဇာတ်လမ်းတွေထဲကလို pinky vagina တကယ်ရှိလား။ မိန်းမကိုယ် ဘာကြောင့် မည်းရသလဲ ဆိုတာနဲ့ ပတ်သက်ပြီး နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ မိန်းမကိုယ်က အသားအရောင် အတိုင်းပဲလား ....... လေဒီလေးတွေက အသားဖြူတိုင်း မိန်းမကိုယ်က ခန္ဓာကိုယ် အသားအရေ အရောင်လိုပဲ ဖြူနေမယ်လို့ ပြောလို့ မရပါဘူး။ မိန်းမကိုယ်က […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

သဘာဝအတိုင်း ရင်သားကြီး အောင် ဘယ်လိုလုပ်ကြမလဲ။

အမျိုးသားတွေက လိင်တံကြီးချင်ကြသလို အမျိုးသမီးတွေကလည်း မိမိရင်သားအရွယ်အစားနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်တွေ ရှိကြပါတယ်။ တကယ်တော့ ရင်သားကြီး ခြင်း၊ သေးခြင်းဆိုတာက ကျန်းမာရေးအရတော့ ဘာမှမထူးခြားလှပါဘူး။ တချို့လေ့လာချက်တွေမှာ ရင်သားကြီးလွန်းရင် ရင်သားကင်ဆာဖြစ်နိုင်ခြေရှိတယ်တောင် ဆိုကြပါတယ်။ ဒါပေမယ့် လူဆိုတာမျိုးကတော့ လှချင်ကြတာချည်းပါပဲ။ ဒီတော့ ရင်သားအပါအဝင် မိမိရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို သေးအောင်၊ ကြီးအောင် အမျိုးမျိုး ပြုပြင်ကြပါတယ်။ ခုပြောပြမှာကတော့ ရှုပ်ထွေးတဲ့ နည်းလမ်းတွေ မသုံးဘဲ မိမိရင်သားကို ကြီးထွားအောင် လုပ်တဲ့နည်းတွေပဲ ဖြစ်ပါတယ်။ ရင်သားအရွယ်အစားကို ဘာတွေက ထိန်းချုပ်ထားတာလဲ။ လူတစ်ယောက်နဲ့ တစ်ယောက် ရင်သားအရွယ်အစား မတူရတာက မျိုးရိုးဗီဇ အသက်အရွယ် ကိုယ်အလေးချိန် ဟော်မုန်း ကိုယ်ဝန်ရှိမရှိ စတာတွေနဲ့ ဆိုင်ပါတယ်။ ရင်သားက အဆီတစ်ရှူးဖြစ်တဲ့အတွက် ဝလာရင် ရင်သားလည်း အလိုလို ကြီးလာပါတယ်။ တချို့ လူကောင်သေးပြီး ရင်သားကြီးတဲ့သူတွေလည်း […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ် ကျန်းမာစေဖို့ ဒါလေးတွေ သတိထားဖို့ လိုပါမယ်

မိန်းမကိုယ် ကျန်းမာရေးက လေဒီလေးတွေအတွက် အတော်လေး အရေးပါပါတယ်။ ဒီအင်္ဂါ အစိတ်အပိုင်းလေးက ရာသီသွေးဆင်းတာ၊ အိမ်ထောင်ရေးသုခ ခံစားတာနဲ့ ရင်သွေးလေး မွေးဖွားတာလိုမျိုး တာဝန် များစွာကို ထမ်းဆောင်ပေးတာပါ။ အများစုက မိန်းမကိုယ်လို့ ပြောလိုက်ရင် ရွံ့စရာကောင်းတဲ့အရာ ဒါမှမဟုတ် ရှက်စရာ တစ်ခုလို့ ယူဆကြသလို သေချာလေး ဂရုစိုက် သန့်စင်ဖို့ကိုလည်း မေ့နေတတ်ကြပါတယ်။ မိန်းမကိုယ်က သူ့အလိုလို သန့်စင်မှု လုပ်ဆောင်နိုင်တယ်ဆိုပေမယ့် အရေပြား ယားယံတာကစလို့ အမျိုးမျိုးသော ကျန်းမာရေး ပြဿနာတွေကင်းစေဖို့အတွက် သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ ဘယ်လိုတွေ ဂရုစိုက်ပေးရမလဲ သိချင်တယ်ဆိုရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ မိန်းမကိုယ် ကျန်းမာစေဖို့ ဒါလေးတွေ သတိထားဖို့ လိုပါမယ် ကျန်းမာပြီး နှစ်လိုဖွယ်ကောင်းတဲ့ မိန်းမကိုယ်လေး ဖြစ်စေဖို့အတွက် ဒီအချက်လေးတွေကို နေ့စဉ် လုပ်ဆောင်ဖို့ လိုပါမယ်။ ဒီလိုပြောရတာက ခန္ဓာကိုယ်မှာရှိတဲ့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ် နဲ့ ပတ်သက်တဲ့ ယုံတမ်းစကား (၆)ချက်

မိန်းမကိုယ် ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်သူကမှ ပွင့်ပွင့်လင်းလင်း ပြောလေ့မရှိကြတဲ့အတွက် ပုံမှန်ဖြစ်နေတာကိုလည်း ပုံမှန်မဟုတ်ဘူးလို့ အထင်မှားတတ်ကြပါတယ်။ ခုလို တစ်ခုခု သိချင်ရင် ရှာဖွေဖတ်ရှုလို့ရတဲ့ ခေတ်မှာတော့ ဒီလို ယုံတမ်းစကားတွေက အမှန်မဟုတ်ဘူးဆိုတာ သိဖို့ ပိုလွယ်လာပါပြီ။ မိန်းမကိုယ် နဲ့ ပတ်သက်တဲ့ ယုံတမ်းစကား (၆)ချက် မိန်းမကိုယ်က အနံ့မရှိရဘူး။ မိန်းမကိုယ်က အရေပြားက တခြားအရေပြားတွေနဲ့ တူတူပါပဲ။ တခြားနေရာတွေမှာ ချွေးထွက်ရင် ချွေးနံ့ကျန်နိုင်သလို မိန်းမကိုယ်မှာလည်း ချွေးနံ့ရှိနိုင်ပါတယ်။ ဒါက ပုံမှန်ပါပဲ။ အနံ့မရှိအောင် အမွှေးအကြိုင်တွေ လျှောက်သုံးမှ ပြဿနာတက်ပါလိမ့်မယ်။ မိန်းမကိုယ်က ပန်းခင်းကြီးလို မွှေးနေစရာ မလိုတာ အမှန်ပါ။ မိန်းမကိုယ်ကို အတွင်းထဲထိ  ဆေးမှ သန့်မှာပေါ့။ မိန်းမကိုယ်က ကိုယ့်ကိုယ်ကို သန့်ရှင်းရေး လုပ်နိုင်တဲ့ အင်္ဂါပါ။ သူ့မှာ ရောဂါဖြစ်စေတဲ့ ပိုးတွေကို […]


အမျိုးသမီးရောဂါများအတွက် စစ်ဆေးခြင်း

အမျိုးသမီး များ အိမ်မှာ ကိုယ်တိုင်စစ်ဆေးနိုင်တဲ့ ရောဂါများ

အမျိုးသမီး တွေအနေနဲ့ မနက်မိုးလင်းရင် မျက်နှာကို မှန်ထဲမှာ ကြည့်ပြီး အရေးကြောင်းတွေ ထွက်နေပြီလား။ မျက်ကွင်းတွေ ညိုနေပြီလား စသဖြင့် စစ်ဆေးတတ်တာက သဘာဝပါ။ ဒီအလှအပကိစ္စတွေလိုပဲ အမျိုးသမီးတွေအနေနဲ့ အဖြစ်များတဲ့ ရောဂါတွေကိုလည်း ကိုယ်တိုင် မကြာခဏ စစ်ဆေးသင့်ပါတယ်။ အိမ်မှာတင် အလွယ်တကူ စစ်ဆေးလိုက်ရုံသိနိုင်တာကြောင့် မပျင်းမရိဘဲ ပုံမှန်စစ်ဆေးဖို့ လိုပါတယ်။ အမျိုးသမီး တွေ ကိုယ်တိုင်စစ်ဆေးနိုင်တဲ့ ရောဂါများ ရင်သား ရင်သားကင်ဆာ အပါအဝင် တခြားသော အဖုအကျိတ်တွေကို စစ်ဆေးတာပါ။ တစ်လ တစ်ကြိမ်လောက် စစ်ဆေးပေးသင့်ပါတယ်။ စမ်းနည်းကတော့ မှန်ရှေ့မှာစမ်းနည်း -ခါးအထက်ပိုင်းမှာ ဘာမှမဝတ်ဘဲ ကိုယ်လုံးပေါ်မှန်ရှေ့ရပ်ပါ။ အလင်းရောင်ကောင်းကောင်းရပါစေ။ ရင်ဘတ်ကိုကြည့်ပါ။ နှစ်ဖက်ဆိုဒ်မတူလို့ လန့်မသွားပါနဲ့။ အမျိုးသမီးတွေတော်တော်များများက ဒီလိုပါပဲ။ လက်နှစ်ဖက်ကို ဘေးချပြီး ဆိုဒ်၊ ပုံစံ၊ အနေအထား၊ အပေါ်ယံအရေပြားကို ကြည့်ပါ။ အရေပြားချိုင့်တာ၊ လိမ္မော်ခွံလိုဖြစ်နေတာ၊ […]


ရာသီလာခြင်း

ရာသီအကြို ဝမ်းချုပ်တာကို သက်သာစေဖို့

ရာသီအကြို ကာလမှာ ခံစားရတဲ့ အပြောင်းအလဲတွေက တစ်ခုမကပါဘူး။ လေဒီလေးတွေအနေနဲ့ ရာသီလာတာက လတိုင်း ကြုံနေရတဲ့ ကိစ္စဆိုပေမယ့် ရာသီလာတဲ့အခါ ခံစားရတဲ့ နာကျင်မှု၊ ရာသီအကြို လက္ခဏာတွေကတော့ တစ်လနဲ့ တစ်လ မတူပါဘူး။ ဒီတစ်ခေါက်တော့ ရာသီမလာခင်မှာ ခံစားရလေ့ရှိတဲ့ ကျန်းမာရေး ပြဿနာလေး တစ်ခုဖြစ်တဲ့ ရာသီအကြို ဝမ်းချုပ်တာကို သက်သာစေဖို့ ဘယ်လို လုပ်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ ရာသီ မလာခင်မှာ ဝမ်းချုပ်တာက ပုံမှန်ပဲလား ..... ရာသီအကြို ကာလမှာ အစာခြေစနစ်ပြဿနာကို ခံစားရတာက ပုံမှန်ပါပဲ။ ဝမ်းချုပ်တာကို ခံစားရနိုင်သလို ဝမ်းပျက်တာ၊ လေပွတာတွေကိုလည်း ခံစားရနိုင်ပါတယ်။ ဒီပြဿနာတွေရဲ့ အရင်းခံကတော့ ရာသီလာခါနီး ခန္ဓာကိုယ်တွင်းမှာ ဖြစ်တဲ့ ဟော်မုန်း အတက်အကျ ဖြစ်စဉ် ကြောင့်ပါ။ ကိုယ်တွင်း ဟော်မုန်း ပမာဏ ပြောင်းလဲမှုက […]


ရာသီလာခြင်း

ရာသီမလာခင်ရက်တွေမှာ အရမ်းပင်ပန်းနေတာ ပုံမှန်ပဲ လား .........

အိပ်ရေးလည်း မဝဘူး။ ဘယ်လောက် အိပ်အိပ် ခေါင်းကြည်တယ်လို့ကို မခံစားရဘူး။ အိပ်ရေးမဝတော့ နေရတာလည်း ပင်ပန်းတယ်။ စိတ်လက်လည်း မကြည်ဘူး။ ဒီလို ပင်ပန်းနေတကို ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုပြီး အပြင်းအထန် အဖြေရှာ ကြိုးပမ်းနေချိန်မှာပဲ လစဉ် တစ်ခေါက် အလည်ရောက်လာတတ်တဲ့ period time က ရောက်လာပြီလေ။ အဲ့တော့မှ သိလိုက်တာက ဒါကြောင့် စိတ်လက်မကြည်ဘဲ ပင်ပန်းနေတာနေမယ်ပေါ့။ ဒါဆို ရာသီမလာခင်ရက်တွေမှာ အရမ်းပင်ပန်းနေတာ ပုံမှန်ပဲ လား ......... ဒါက ကိုယ်တစ်ယောက်တည်းမှ ဖြစ်တာလား။ အခြားသူတွေရော ဖြစ်လား။ ပုံမှန်ပဲလား ဆိုတာကို သိချင်နေတဲ့ လေဒီလေးတွေ ရှိလား။ ဒါဆိုရင် ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ရအောင်နော်။ လေဒီ အများစုရဲ့ နေ့ရက်တိုင်းက ပင်ပန်းမှု မကင်းပါဘူး။ အမျိုးသမီး အများစုဟာ နေ့ရက်တိုင်းမှာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း