အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတစ်လျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ သူတို့ကို အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ ပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ

သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၄ ဦးမှာ ၁ ဦးက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် ခံရဖူးပါတယ်။ အကြမ်းဖျင်းအားဖြင့် အမျိုးသမီး ၈ ဦးမှာ ၁ ဦးနှုန်းဟာ အလုပ်ခွင် ဒါမှမဟုတ် သူတို့ ကျင်လည်ရာ လူမှုပတ်ဝန်းကျင်မှာ နှုတ်အားဖြင့် ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ခံစားရဖူးပါတယ်။ ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ လေ့လာမှုကို ၇ နှစ်ကြာ လုပ်ဆောင်ခဲ့ပါတယ်။ လေ့လာမှုမှာ အမျိုးသမီး အသက် ၅၃ နှစ် ဝန်းကျင် အမျိုးသမီး ၃၃၁၂၇ ဦး […]

အမျိုးသမီး ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသမီးကျန်းမာရေးပြဿနာများ

ရင်သား၌ ရောဂါပိုးကူးစက်ခံရခြင်း

နို့အုံရောင်ရမ်းနာဆိုတာဟာ ရင်သား၌ရောဂါပိုးကူးစက်ခံရခြင်း ဖြစ်ပါတယ်။ ရင်သားရှိ တစ်ရှူ း(အသားစ)အတွင်း၌ ဖြစ်ပွားလေ့ရှိပါတယ်။ နို့တိုက်မိခင်တွေမှာ အဖြစ်များပါတယ်။ အကြောင်းမှာ ကလေးအားနို့တိုက်စဉ် မိခင်ရဲ့နို့သီးခေါင်း၌ အနာတရဖြစ်တတ်ပါတယ်။ ထိုအခါ ကလေးငယ်ရဲ့ပါးစပ်ထဲက ဘက်တီးရီးယားတွေဟာ ထိုဒဏ်ရာမှတစ်ဆင့် မိခင်နို့အတွင်းသို့ အလွယ်တကူ ဝင်ရောက်ခြင်းကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် နို့တိုက်ခြင်းကြောင့်ဖြစ်တဲ့ နို့အုံရောင်ရမ်းနာအဖြစ်လည်း သိကြပါတယ်။ နို့တိုက်မိခင်မဟုတ်တဲ့ အမျို းသမီး တွေမှာလည်းဖြစ်ပွားတတ်ပါတယ်။ ဒီလိုဖြစ်ပွားမှုကတော့ လူသိမများပါဘူး။ ရောဂါပိုးကူးစက်ခံရပြီဆိုရင် ရင်သားရှိ အဆီတစ်ရှူ း၌ ပြောင်းလဲမှုတွေဖြစ်ပေါ်လာပါတယ်။ အကျိုးဆက်အနေနဲ့ ရောင်ရမ်းခြင်း၊နာကျင်ခြင်းတို့ကိုခံစားရနိုင်ပါတယ်။ ရောဂါပိုးကူးစက်ခံရမှုအများစုက ကလေးနို့တိုက်ခြင်း သို့ နို့ပြွန်တွေပိတ်ဆို့ခြင်းကြောင့် ဖြစ်တတ်ပါတယ်။ ရာခိုင်နှုန်းအနည်းငယ်ကတော့ ဖြစ်လေ့သိပ်မရှိတဲ့ ရင်သားကင်ဆာအမျို းအစားတွေနဲ့ ဆက်နွယ်နေပါတယ်။ ဘယ်အရာတွေက ရင်သား၌ရောဂါပိုးကူးစက်ခံရမှုကို ဖြစ်စေတာလဲ။ ရင်သားရောဂါပိုးကူးစက်ခံရမှုအများစုကို ဖြစ်စေတဲ့အကြောင်ရင်းကတော့ Staphylococcus aureus (စတက်ဖလိုကော့ကပ်စ် အောရီးယပ်စ်)ဆိုတဲ့ ဘက်တီးရီးယားပဲဖြစ်ပါတယ်။ သူဟာ ရောဂါပိုးကူးစက်ခံရခြင်းမှတစ်ဆင့် […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

သင့်ရင်သားတွေကပြောနေတဲ့ သင့်ကျန်းမာရေး

သင့်ရင်သားတွေဟာ ပုရိသတွေကို ဆွဲဆောင်ဖို့ဆိုတာထက် ပိုတယ်လို့ ပြောရင် အံ့ဩသွားမလား မသိဖူး။ သင့်အနေနဲ့ သင့်ရင်သားတွေကို ဂရုတစိုက် မရှိခဲ့ဖူးဆိုရင် အခု အချိန်ကစပြီး ဂရုစိုက်ချိန်တန်ပါပြီ။ ဘာလို့လဲဆိုတော့ သင့်ရင်သားတွေဟာ သင့်ရဲ့ ကျန်းမာရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး အများကြီး ပြောပြနေလို့ပါပဲ။   (၁) ရင်သားကြီးလာတာ သင့်ရင်သားတွေဟာ အဆီဆဲလ်တွေနဲ့ အဓိက ဖွဲ့စည်းထားတာမို့ ရင်သားတွေကြီးလာတယ်လို့ သတိထားမိရင် သင်ဝလာတာကြောင့် ဖြစ်နိုင်သလို သင့်အနေနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံထားဖူးတယ်ဆိုရင် သင်ကိုယ်ဝန်ရှိနေတာလည်း ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ရင်သွေးကို နို့ချိုတိုက်ကျွေးဖို့ ရင်သားမှာရှိတဲ့ နို့ပြွန်တွေက စတင်ပြင်ဆင်ရပြီဖြစ်လို့ပါ။ တားဆေးသုံးတာ နဲ့ ဓမ္မတာလာစဉ် ဟော်မုန်းအပြောင်းအလဲကြောင့်လည်း ရင်သားကြီးလာနိုင်ပါတယ်။   (၂) ရင်သားရှုံ့သွား/သေးသွားတာ သင်ပိန်သွားတဲ့အချိန် ဒါမှမဟုတ် estrogen ဟော်မုန်းပမာဏနည်းသွားချိန်တွေမှာ ရင်သားက ရှုံ့သွား၊သေးသွား နိုင်ပါတယ်။ တကယ်လို့ သင်ဟာ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ရင်သားပြည်တည်နာဖြစ်ခြင်း

ရင်သားမှာ ပြည်တည်တာဟာ ဘက်တီးရီးယားပိုးကူးစက်တာကြောင့်ဖြစ်ပြီး နာကျင်မှုကို ခံစားရစေပါတယ်။ အများဆုံး ဒုက္ခပေးလေ့ရှိတဲ့ ဘက်တီးရီးယားကတော့ Staphylococcus aureus လို့ခေါ်တဲ့ ဘက်တီးရီးယားပဲ ဖြစ်ပါတယ်။ သင့်ရင်သား ဒါမှမဟုတ် နို့သီးခေါင်းမှာရှိတဲ့ အရေပြားပွန်းရှကွဲရာ လေးတွေကနေ ဒီဘက်တီးရီးယားတွေက သင့်ခန္ဓါကိုယ်ထဲကို ဝင်လာနိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ရင်သားမှာရှိတဲ့ အဆီတစ်ရှူးတွေကိုပါ ဆက်လက်တိုက်ခိုက်ပြီး ရောင်ရမ်းစေတဲ့အတွက် နို့ရည်ပို့ပြွန်တွေကိုပါ ဖိလာစေပါတယ်။ ဒီလိုရောင်ရမ်းတဲ့ ရောဂါကို ဆေးပညာအခေါ်အဝေါ်အရ mastitis လို့ခေါ်ဆိုပါတယ်။ ခုနက ရောင်ရမ်းပြီး ဖိထားခြင်းခံရတဲ့ နို့ရည်ပို့ပြွန်တွေကနေ ထွက်လာတဲ့ ပြည်တွေ နေရာလွတ်တခုမှာ စုပုံလာတာကို ပြည်တည်နာ ဖြစ်တယ်လို့ ရည်ညွှန်းပါတယ်။ ရင်သားရောင်ရမ်းတာ (mastitis) ဆိုးရွားလာတဲ့အခါ ပြည်တည်ခြင်း ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီလိုမျိုး ရင်သားပိုးဝင်ပြီး ရောင်ရမ်းပြည်တည်တာဟာ အသက်အရွယ်မရွေး အမျိုးသမီးတိုင်းမှာ ဖြစ်နိုင်တယ်ဆိုပေမယ့် […]


အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေဘာကြောင့် အိုဂျီနဲ့ တစ်နှစ်တစ်ခါပြသသင့်တာလဲ

အမျိုးသမီး အများစုက အိုဂျီနဲ့ပြရမှာကို အရှက်သည်းတတ်ကြပြီး လှည့်ပတ်ပြေးလေ့ ရှိကြပါတယ်။Pap Smear Test လို့ ခေါ်တဲ့ သားအိမ်ခေါင်း ချွဲမြှေးယူတဲ့ စစ်ဆေးမှုဟာ သုံးနှစ်တခါ ပြုလုပ်ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် သားဖွားမီးယပ် အထူးကု ဆရာဝန်နဲ့ တနှစ်တခါ မှန်မှန် ပြသစစ်ဆေးတာဟာ ကျန်းမာရေးအတွက် အရမ်းကို အကျိုးများစေတဲ့အတွက် သင့်အနေနဲ့ လိုက်နာဆောင်ရွက်သင့်လှပါတယ်။   ဘာလို့ သားဖွားမီးယပ် အထူးကုဆရာဝန်နဲ့ မှန်မှန် ပြသင့်တာလဲ။ သင့်ရဲ့ ယေဘုယျကျန်းမာရေး အခြေအနေကို သိနိုင်မယ်။ အိုဂျီဆီသွားတာဟာ သင့်မျိုးပွားအင်္ဂါအဖွဲ့အစည်းစနစ်ကို စစ်ဆေးရုံတင်မကပါဖူး။ သင့်ရဲ့ နှလုံးခုန်နှုန်း၊သွေးပေါင်ချိန်တို့အပါအဝင် အရေးကြီးတဲ့ လက္ခဏာတွေ၊BMI (Body Mass Index) လို့ခေါ်တဲ့ အရပ်အမောင်းနဲ့ သင့်တော်တဲ့ ကိုယ်အလေးချိန်ရှိမရှိ တွက်ချက်တာတွေ၊ဝမ်းဗိုက်ပိုင်းကို စမ်းသပ်တာတွေ၊အကျိတ်တွေ ရောင်မရောင် စမ်းသပ်တာ အစရှိတဲ့ စမ်းသပ်မှုတွေကို ဂရုတစိုက်ပြုလုပ်ပေးပါလိမ့်မယ်။ ဒါ့အပြင် မျိုးပွားအင်္ဂါတွေကိုလည်း […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးများရင်သားပြောင်းလဲမှု

သင်အသက်ကြီးလာတာနဲ့အမျှ သင့်ရင်သားတွေ တွဲလာမယ်၊ပျော့လာမယ်၊ ပုံစံပြောင်းလာမယ်၊ သေးသွားမယ် ပြီးတော့ အလုံးအကျိတ်တွေ ပိုဖြစ်လွယ်လာမယ်။ ဒါတွေဟာ ပုံမှန်ဖြစ်တတ်တဲ့ သဘောတွေပါ။ အသက် လေးဆယ်လောက်ကစပြီး သင့်ရင်သားရဲ့ အရွယ်အစားနဲ့ ပုံစံတွေ ပြောင်းလဲလာမှာပါ။ အသက်ကြီးလာရင် အဆီတစ်ရှူးတွေပိုများလာတာမို့ သင့်ရင်သားက ငယ်ငယ်တုန်းကလို ပြည့်ပြည့်တင်းတင်း ဖြစ်မနေတော့ပါဖူး။ ဒါ့အပြင် မူမမှန်တဲ့ အလုံးအကျိတ်တွေလည်း ဖြစ်လာမှာပါ။ အများအားဖြင့် အန္တရာယ်မရှိတဲ့ အလုံး၊အကျိတ်တွေ ဖြစ်လေ့ရှိပေမယ့်(ဥပမာ အရည်အိတ်တွေ) သူတို့ဟာ ရင်သားကင်ဆာလိုမျိုး ဆိုးရွားတဲ့အခြေအနေတွေရဲ့ အချက်ပေးခေါင်းလောင်းလည်း ဖြစ်နိုင်ပါတယ်။   •ရင်သားပြောင်းလဲမှုများ သင့်ရင်သား ပုံမှန်နဲ့ မတူဘဲ ထူးထူးခြားခြား ပြောင်းလဲနေတာတခုခုရှိရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသဆွေးနွေးပါ။ ပထမဆုံး သတိထားမိချိန်မှာပဲ ပြသတာ အကောင်းဆုံးပါ။ နောက်တခါ ပုံမှန် mammogram နဲ့စစ်ဆေးမယ့် အချိန်ထိ စောင့်မနေပါနဲ့။mammogram ဆိုတာဟာ ဆရာဝန်စမ်းသပ်လို့ မသိနိုင်လောက်အောင် […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ်နဲ့ ပတ်သက်ပြီး တွေ့ရတတ်တဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ

သင့် မိန်းမကိုယ်နဲ့ ပတ်သက်လို့ ကြုံလာရနိုင်တဲ့ ပြဿနာတွေ အများကြီးပါ။ တစ်ခါတလေဆိုရင် လမ်းညွှန်စာအုပ်တောင် ရှာဖတ်ရမလိုပါပဲ။ ဒါကြောင့် ကျွမ်းကျင်နားလည်တဲ့ ပညာရှင်တွေကို မေးမြန်းပြီး ရရှိထားတဲ့ အချက်အလက်တွေကို အခြေခံကာ မိန်းမကိုယ်နဲ့ ပတ်သက်ပြီး ဖြစ်လေ့ဖြစ်ထအရှိဆုံး အခြေအနေကိုးမျိုးနဲ့ ဒီအခြေအနေတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ ဆိုတာကို မျှဝေပေးထားပါတယ်။ ဖတ်ကြည့်ပါဦး။ ၁။ အဖုလေးလို ဖြစ်နေတာမျိုးတွေ့ရင် ကိုယ့်ရဲ့ အရေးကြီးတဲ့ နေရာမှာ ဒါမျိုးတွေ့ရင် ဘယ်သူမလန့်ဘဲ နေပါ့မလဲ။ မိန်းမကိုယ်မှာ အဖုလေးလို ဖြစ်နေတာ၊ အသားမှာ ဖောင်းဖောင်းလေး ဖြစ်နေတာဟာ အကြောင်းအမျိုးမျိုး ကြောင့်ဖြစ်နိုင်ပေမယ့် သားဖွားမီးယပ် ဆရာဝန်တွေရဲ့ အဆိုအရ များသောအားဖြင့်တော့ ဒီလိုအခြေအနေမျိုးဟာ သိပ်ပြဿနာမရှိဖူးလို့ ဆိုပါတယ်။ အရေပြားအပြင်ကို ထွက်လာရမယ့်အစား အတွင်းဖက်ကို ပေါက်တဲ့ အမွေးအမျှင်လိုမျိုးကနေ သာမန်အဆီလုံးထိ ဖြစ်နိုင်ပါတယ်။ များသောအားဖြင့် ရေနွေးလေးနဲ့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ဆေးတွေရဲ့ တချို့သော ဘေးထွက်ဆိုးကျိုးတွေက ဘာလို့ အမျိုးသမီးတွေကိုပဲ ထိခိုက်ရတာလဲ

သင့်အနေနဲ့ နှာစေးချောင်းဆိုးလို့ပဲဖြစ်ဖြစ်၊ခြေထောက်တံခါးညပ်လို့ပဲဖြစ်ဖြစ် ဆေးခန်းပဲသွားပြပြ၊ဆေးဆိုင်မှာပဲ သွားဝယ်ဝယ် ဆရာဝန် ဒါမှမဟုတ် ဆေးရောင်းတဲ့သူက ဆေးပေးတဲ့အခါ၊ဆေးရောင်းတဲ့အခါ သောက်မယ့်လူနာက ယောက်ျားလား၊မိန်းမလား စဉ်းစားမနေပါဖူး။ ဒီအတိုင်း ပေးလိုက်တာပါပဲ။ ဘာလို့ ဒီလိုအလွယ်တကူပေးရတာလဲ။ ဘာလို့လဲဆိုတော့ ဆေးတွေကို ခန္ဓါကိုယ်က တုန့်ပြန်တဲ့နေရာမှာ ယောက်ျားမိန်းမကွာခြားမှုရှိတယ်လို့ ဘယ်ဆေးကျောင်း၊ဘယ်သင်တန်းကမှ သင်မပေးလိုက်လို့ပါပဲ။ လေ့လာမှုတခုအရ သိရတာက ဈေးကွက်ထဲကနေ ရုတ်သိမ်းလိုက်ရတဲ့ ဆေးတွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်က အမျိုးသမီးတွေမှာ ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ရုတ်သိမ်းလိုက်ရတာပါ။ ဒီနေရာမှာ မေးစရာရှိလာတာက အမျိုးသမီးတွေမှာပဲ ဖြစ်ပေါ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေအကြောင်းကို ဈေးကွက်ထဲ ဆေးဖြန့်ပြီးတဲ့အချိန်ကျမှသာ ဘာလို့သိရတာလဲ။ ဆေးဝါးအသစ်တမျိုး ဆရာဝန်တွေလက်ထဲရောက်ပြီး လူနာတွေကို ကုသမှုပေးနိုင်ဖို့အတွက် ပထမဆုံး ဓါတ်ခွဲခန်းထဲမှာ ဆဲလ်လေးတွေနဲ့ စမ်းသပ်တာ၊တိရ စ္ဆာန်လေးတွေနဲ့ စမ်းသပ်တာ၊ပြီးရင် လူတွေမှာ ဆက်လက်စမ်းသပ်သုတေသနပြု သုံးစွဲတာ၊နောက်ဆုံး ဆေးဝါးကွပ်ကဲရေးက အတည်ပြု ခွင့်ပြုချက်ရဖို့ […]


မိန်းမကိုယ်ရောင်ရမ်းခြင်း

လိင်ဆက်ဆံမှုမပြုဘဲ မိန်းမကိုယ်ပိုးဝင်နိုင်ပါသလား

လိင်ဆက်ဆံမှု မရှိရင် မိန်းမကိုယ်ကူးစက်ရောဂါ ဖြစ်ပွားခြင်း မဖြစ်နိုင်ဘူးလို့ လူအတော်များများက ယုံကြည်ကြပါတယ်။ ဒါဟာ မှန်ကန်ပါသလား။ ဒီဆောင်းပါးမှာတော့ လိင်မဆက်ဆံပဲ မိန်းမကိုယ်ကူးစက်ရောဂါဖြစ်ပွားနိုင်သလားဆိုတဲ့ အချက်အလက်တွေကို ဖေါ်ပြသွားမှာဖြစ်ပါတယ်။   မိန်းမကိုယ်ကူးစက်ရောဂါ ဖြစ်ပွားခြင်း ကို ဘယ်လိုသိရှိမလဲ။ မိန်းမကိုယ်ကူးစက်ရောဂါ ဖြစ်ပွားခြင်းရဲ့ လက္ခဏာ အများစုကတော့ မိန်းမကိုယ် တစ်ဝိုက်မှာ ယားယံခြင်း၊ ပူလောင်ခြင်း၊ နာကျင်ခြင်းနဲ့ ပုံမှန်မဟုတ်တဲ့ အရည်ဆင်းခြင်း တွေပဲ ဖြစ်ပါတယ်။ သင်ဟာ လိင်ဆက်ဆံမှုများပြီး မကြာသေးမီက လူတစ်ယောက်ယောက်နဲ့ လိင်ဆက်ဆံခဲ့ပြီး အထက်ဖေါ်ပြပါ လက္ခဏာတွေကို ကြုံတွေ့နေရပြီဆိုရင် သင့်မှာ လိင်မှ တစ်ဆင့် ကူးစက်ရောဂါဖြစ်ပွားနေဖို့ များပါတယ်။ မိန်းမကိုယ်ကူးစက်ရောဂါ ဖြစ်ပွားခြင်းဟာ လိင်မှုဆိုင်ရာ ပတ်သက်မှု များသူတွေမှာ မက လိင်မဆက်ဆံတဲ့သူတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ အထက်ဖေါ်ပြပါ လက္ခဏာတွေ ရှိနေပြီဆိုရင် မိန်းမကိုယ်ကူးစက်ရောဂါ ဖြစ်ပွားခြင်း၊ လိင်မှတစ်ဆင့်ကူးစက်ရောဂါ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ် ကို ကာကွယ်နည်း ၁၁ ချက်

သင့်မိန်းမကိုယ်ကို ကျန်းမာအောင် အကြံပေးချက်တွေ အကုန်ကို လိုက်နာတယ်လို့ ထင်ကောင်းထင်မှာ ဖြစ်ပေမယ့် မိန်းမကိုယ်ကို ကာကွယ်ဖို့အတွက် အခြားနည်းပေါင်းများစွာ ရှိပါသေးတယ်။ ကွန်ဒုံးသုံးပါ။ ကွန်ဒုံးတွေဟာ သင့်ကို လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေနဲ့ ကိုယ်ဝန် ရရှိခြင်းတွေမှ ကာကွယ်ပေးပါတယ်။ ဒါ့ပြင် သူဟာ မိန်းမကိုယ်ရဲ့ pH level ကို ထိန်းပေးပြီး ၎င်းကို ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေက ဖျက်ဆီးပစ်ခြင်းကလည်း ကာကွယ်ပေးပါတယ်။ ဒီလို သေးငယ်တဲ့အကောင်လေးတွေဟာ မိန်းမကိုယ်ကို မှို ရောဂါတွေ၊ ဆီးလမ်းကြောင်းက ကူးစက်တတ်တဲ့ရောဂါတွေနဲ့ ဘက်တီးရီးယားပိုးဝင်ခြင်း တို့ကနေ ကာကွယ်ပေးဖို့ အတွက် အရေးကြီးပါတယ်။ ချည်အတွင်းခံကို ဝတ်ဆင်ပါ (သို့) အတွင်းခံ မဝတ်ဆင်ပါနဲ့။ အပြင်ထွက်မယ်ဆိုရင် ချည်သားဟာ သင့်မိန်းမကိုယ်အတွက် အသင့်လျော်ဆုံး ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ မိန်းမကိုယ်ကို လေဝင်လေထွက်ကောင်းစေပြီး ရေငွေ့တွေကို စုပ်ယူလို့ပဲဖြစ်ပါတယ်။ […]


ရာသီလာခြင်း

ရာသီလာစဉ် ရှောင်ရမည့် အချက်များ

အမျိုးသမီးတွေဟာ သူတို့ရဲ့ ဓမ္မတာလာစဉ်မှာ ဆီးစပ်ကိုက်ခဲခြင်း၊ ဗိုက်အောင့်ခြင်းနှင့် စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြောင်းလဲခြင်း စတဲ့ လက္ခဏာတွေကို များသောအားဖြင့် ခံစားရလေ့ရှိပါတယ်။ ရာသီလာနေစဉ် သင်လုပ်တဲ့ အပြုအမူအချို့ဟာ အန္တရာယ် ရှိစေနိုင်တယ်ဆိုတာ သင်သိပါသလား။ ဓမ္မတာ လာနေစဉ်ရက်တွေမှာ အမျိုးသမီးတွေကို ပင်ပန်းမှု အနည်းဆုံးနဲ့ အကျန်းမာဆုံးဖြစ်အောင် ကူညီဖို့အတွက် သားဖွားမီးယပ်ဆရာဝန်များက ညွှန်ပြထားတဲ့ ရှောင်သင့်သော အချက် ၆ ချက်အကြောင်းကို ယခုဆောင်းပါးကနေ ဖော်ပြပေးလိုက်ပါတယ်။   အငန်ဓါတ်များသော အစားအသောက်များ စားခြင်းကို ရှောင်ကြဉ်ပါ ရာသီလာနေစဉ် အတောအတွင်းမှာ အမျိုးသမီးများဟာ ၎င်းတို့ရဲ့ ခန္ဓါကိုယ်အတွင်း အရည်များစုပုံခြင်းကို ခံစားရလေ့ရှိပါတယ်။ ဒါ့အပြင် ဆားပမာဏ များတဲ့ အစားအသောက်တွေကို စားမိတဲ့ အခါမှာ ခန္ဓါကိုယ်မှ ရေဓါတ်ဆုံးရှုံးစေသည်။ ဤသည်ကို ခန္ဓါကိုယ်က ပြန်လည်အစားထိုးဖို့ ကြိုးစားသောအခါ အရည်ပမာဏ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း