အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတစ်လျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ သူတို့ကို အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ ပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ

သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၄ ဦးမှာ ၁ ဦးက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် ခံရဖူးပါတယ်။ အကြမ်းဖျင်းအားဖြင့် အမျိုးသမီး ၈ ဦးမှာ ၁ ဦးနှုန်းဟာ အလုပ်ခွင် ဒါမှမဟုတ် သူတို့ ကျင်လည်ရာ လူမှုပတ်ဝန်းကျင်မှာ နှုတ်အားဖြင့် ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ခံစားရဖူးပါတယ်။ ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ လေ့လာမှုကို ၇ နှစ်ကြာ လုပ်ဆောင်ခဲ့ပါတယ်။ လေ့လာမှုမှာ အမျိုးသမီး အသက် ၅၃ နှစ် ဝန်းကျင် အမျိုးသမီး ၃၃၁၂၇ ဦး […]

အမျိုးသမီး ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသမီးကျန်းမာရေးပြဿနာများ

မိမိရင်သားကို ကိုယ်တိုင်ဘယ်လို စမ်းသပ်နိုင်မလဲ

တကယ်လို့ သင်ဟာ ရင်သားကို ဆရာဝန်နဲ့ စမ်းသပ်ဖို့ ရှက်နေတယ် (သို့) အလုပ်ရှုပ်လွန်းတယ်ဆိုရင် အိမ်မှာ ကိုယ်တိုင် စမ်းသပ်နိုင်ပါတယ်။ ကိုယ်တိုင်စမ်းသပ်ခြင်းဟာ အကျိတ်တွေကို ရှာဖွေဖို့ ကိုယ်တိုင် စစ်ဆေးတဲ့နည်းတစ်မျိုးပြဲ ဖစ်ပါတယ်။ ပုံမှန် ရင်သားစစ်ဆေးခြင်းဟာ ရင်သားကင်ဆာကို စောစီးစွာ တွေ့ရှိဖို့အတွက် အရေးပါတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အခြား အဆင့်မြင့်တဲ့ စစ်ဆေးမှုတွေဖြစ်တဲ့ ပုံမှန် mammogram ရိုက်ခြင်းနဲ့ ယှဉ်ရင်တော့ ကိုယ်တိုင်စမ်းသပ်ခြင်းဟာ အကျိုးရရှိမှု ပိုနည်းပါတယ်။ ဒါပေမယ့် သင့်ရင်သားတွေထဲမှာ ပုံမမှန်မှုကို ကြိုတင် သိရှိနိုင်ခြင်းဟာ ဘယ်တော့မှ အကျိုးမယုတ်ပါဘူး။ ကိုယ်တိုင်စမ်းသပ်ခြင်းကို လုပ်ဖို့ အကောင်းဆုံးအချိန်ကတော့ ရာသီဆု့းသွားပြီး ရက်ပေါင်းများစွာ အကြာမှာပဲ ဖြစ်ပါတယ်။ ဟော်မုန်ပြောင်းလဲမှုတွေဟာ ရင်သားရဲ့ အရွယ်အစားကိုပြောင်းလဲစေနိုင်တာမို့ ရင်သားတွေ ပုံမှန်အတိုင်း ရှိချိန်မှာ စမ်းသပ်တာ အကောင်းဆုံးပဲ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ရိုးရိုးရင်သားအကျိတ်

ရင်သားကို ကိုယ်တိုင်စမ်းကြည့်ပြီး အကျိတ်တွေ့ပြီ ဆိုပါစို့။ လူအတော်များများဟာ ဒီလိုအချိန်မှာ ကြောက်လန့်သွားကြပြီး ကင်ဆာလို့ တန်းမြင်ယောင်ကြပါလိမ့်မယ်။ တကယ်တော့ ကင်ဆာမဟုတ်တဲ့ အကျိတ်တွေဟာ အမျိုးသမီးတွေမှာ အလွန်အဖြစ်များပါတယ်။ စစ်ဆေးကြည့်ပြီးရင်တော့ အမျိုးသမီးတွေမှာ တွေ့တတ်တဲ့ အကျိတ်တွေဟာ benign ဖြစ်တာများပါတယ်။ သူတို့ဟာ အသက်အန္တရာယ် မရှိပါဘူး။ Benign အကျိတ်တွေဟာ ဘာတွေလဲ။ Benign အကျိတ်တွေဟာ ရင်သားအတွင်းမှာ ဖြစ်ပေါ်တဲ့ ကင်ဆာ မဟုတ်တဲ့ အကျိတ်တွေပဲ ဖြစ်ပါတယ်။ ကင်ဆာ ကျိတ်တွေနဲ့ မတူတာက benign အကျိတ်တွေဟာ ရင်သားကို ထိခိုက်ခြင်း မရှိသလို အခြားနေရာတွေကို ပြန့်ပွားခြင်းလည်း မရှိပါဘူး။ သုတေသနတွေအရ benign အကျိတ်တွေကို သုံးမျိုးခွဲခြားနိုင်ပါတယ်။ နောက်ပိုင်းမှာ အန္တရာယ် မရှိတဲ့ မပွားနိုင်တဲ့ ရောဂါများ ကင်ဆာဖြစ်ပွားနှုန်း အနည်းငယ်မှ အလယ်အလတ်ထိ ရှိတဲ့ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ် ပြဿနာများနှင့် ဖြေရှင်းခြင်းများ

အမျိုးသမီးအများစုဟာ အချိန်နဲ့အမျှ မိန်းမကိုယ် နဲ့ ပတ်သက်တဲ့ ပြဿနာတချို့ကို ကြုံတွေ့နေရပါတယ်။ ဒီပြဿနာတွေဟာ ရာသီစက်ဝန်း၊ လိင်မှုကိစ္စ၊ ရောဂါပိုးကူးစက်ခြင်း၊ သန္ဓေတားခြင်း၊ အိုမင်းလာခြင်း၊ တားဆေးများသုံးစွဲခြင်း၊ ကိုယ်ဝန်ဆောင်ပြီးနောက်ပိုင်း ပြောင်းလဲလာခြင်း စတာတွေနဲ့ သက်ဆိုင်ပါတယ်။ ပုံမှန်မဟုတ်တဲ့ အဖြူတွေ၊ အရည်တွေ ဆင်းခြင်းကလည်း မိန်းမကိုယ်မှာ ပြဿနာရှိကြောင်းပြတဲ့ လက္ခဏာ ဖြစ်ပါတယ်။ ဆီးသွားရာမှာ ပြောင်းလဲလာတာ ဥပမာ မကြာခဏသွားနေတာ၊ ဆီးသွားရင် ပူတာ စတာတွေဟာ မိန်းမကိုယ်ပြဿနာရဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ မိန်းမကိုယ် ပြဿနာများနှင့် ဖြေရှင်းခြင်းများ ကို ပြောပြပေးချင်ပါတယ်။ မိန်းမကိုယ် ပြဿနာများနှင့် ဖြေရှင်းခြင်းများ မိန်းမကိုယ် ပြဿနာများနှင့် ဖြေရှင်းခြင်းများ အကြောင်း အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ မိန်းမကိုယ် ပတ်လည် နာကျင်ခြင်း ရောဂါပိုးကူးစက်ခြင်းနဲ့ တခြားရောဂါတွေကြောင့် မဟုတ်ဘဲ မိန်းမကိုယ်ပတ်လည်တဝိုက်မှာ နာကျင်ခြင်းကို နာတာရှည်ခံစားလာရခြင်းကို […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

သင့်ရင်သားများကို လျော့ရဲစေတဲ့ နေ့စဉ်အမူအကျင့် ၅ရပ်

အမျိုးသမီးများရဲ့ ရင်သားဟာ အသက်အရွယ်နဲ့အတူ လန်းဆန်းခြင်းတွေ လျော့ပါးသွားတတ်ပါတယ်။ ဆိုးတဲ့အချက်က ရင်သားရဲ့ အသားစိုင်များဟာ ကိုယ်ခန္ဓါရဲ့ တခြားတစ်သျှူးတွေထက် နှစ်နှစ်သုံးနှစ်စောပြီး အိုမင်းရင့်ရော်လာတတ်တယ်လို့ Genome Biology မှာ ဖော်ပြထားပါတယ်။ မျိုးရိုးဗီဇပိုင်းကိုတော့ မပြုပြင်နိုင်ပေမယ့် သင့်ရင်သားတွေ စောစီးစွာ ရင့်ရော်တွဲကျမသွားအောင် ထိန်းသိမ်းနိုင်တဲ့ နည်းလမ်းတွေ ရှိနေပါတယ်။ တချို့ အမူအကျင့်တွေကို ရှောင်ရှားခြင်းဖြင့် သင့်ရဲ့ရင်သားတွေကို တတ်နိုင်သမျှ နုပျိုနေအောင် ထိန်းထားနိုင်ပါလိမ့်မယ်။ ၁။ မတော်သော ဘရာစီယာဝတ်ဆင်ခြင်း ဒီအကျင့်ဟာ ထင်ထားတာထက် ပိုပြီး လူကြိုက်များပါတယ်။ ဘရာစီယာအများစုဟာ လျော့လွယ်တင်းလွယ်တဲ့ အရာတွေနဲ့ ချုပ်လုပ်ထားပြီး အချိန်ကြာလာတာနဲ့အမျှ ကျယ်ပြီးလျော့ရဲလာပါတယ်။ ဒါပေမယ့် သူ့ရဲ့အဓိကလုပ်ငန်းက ရင်သားကို ပင့်တင်ထိန်းသိမ်းပေးဖို့ပါပဲ။ သိပ်မတော်တဲ့ ဘရာစီယာတွေ ဝတ်ခြင်းကြောင့် ရင်သားတွေဟာ လျော့ရဲလာပါတယ်။ ရင်သားဟာ တုန်လှုပ်မှုများရင် ရင်သားရဲ့အရေပြားကို ဖိအားဖြစ်စေလို့ ဖြစ်ပါတယ်။ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ် သန့်ရှင်းကျန်းမာရေးအတွက် ဆောင်ရန်ရှောင်ရန်များ

မိန်းမကိုယ် သန့်ရှင်းကျန်းမာရေးကို သတိမပြုမိတတ်တဲ့ အမျိုးသမီးတစ်ဦးဟာ ဘေးကင်းလုံခြုံရေးနဲ့ လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှုရရှိရေး ကိစ္စရပ်တွေမှာ အနုတ်လက္ခဏာ ဆောင်တတ်ပါတယ်။ အောက်ပါအချက်တွေကတော့ မိန်းမကိုယ် သန့်ရှင်းကျန်းမာရေးအတွက် ဆောင်ရန်ရှောင်ရန် အချက်တွေပဲ ဖြစ်ပါတယ်။ သဘာထွက်ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်း မဟုတ်သော၊ တင်းကြပ်သော အတွင်းခံများ မဝတ်ပါနှင့် ဓါတုဗေတုချည်မျှင်တွေနဲ့ ပြုလုပ်ထားတဲ့ အတွင်းခံတွေဟာ ပူလောင်စိုစွတ်စေပြီး လေဝင်လေထွက်လည်း မကောင်းပါဘူး။ ဒါ့အပြင် အဝတ်များ တင်းကြပ်ရင် အရေပြားတွေကို ပွတ်တိုက်ပြီး သေးငယ်တဲ့ ထိခိုက်ဒဏ်ရာတွေကို ဖြစ်ပေါ်စေပါတယ်။ အဲဒီအခြေအနေမှာ အန္တရာယ်ပေးနိုင်တဲ့ ဘက်တီးရီးယားတွေကို လျင်မြန်စွာ ပေါက်ပွားစေနိုင်ပါတယ်။ သင့်ကို အကြံပြုချင်တာကတော့ သဘာဝပစ္စည်းတွေ ချည်ထည်တွေကိုပဲ ဝတ်ဆင်ပြီး တင်းကြပ်တဲ့ အဝတ်တွေကို အချိန်ကြာကြာဝတ်ခြင်းမှ ရှောင်ကြဉ်ဖို့ပါပဲ။ လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများ စစ်ဆေးခြင်း သင့်အနေနဲ့ အကာအကွယ်သုံးမယ်၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးမယ်ဆိုရင်တောင် ပုံမှန်မဟုတ်တဲ့ဆဲလ်တွေ၊ […]


မီးယပ်သွေးဆုံးခြင်း

သွေးဆုံးခြင်းနှင့်ပတ်သတ်ပြီး သိသင့်သိထိုက်သော အချက်၅ချက်

သွေးဆုံးတယ်ဆိုဟာ မိန်းမတွေရဲ့ဘဝမှာ ရှောင်လွဲလို့ မရပါဘူး။ ပြီးတော့ အပြောင်းအလဲတွေ အများကြီး ဖြစ်စေပါတယ်။ အဲဒီ စိတ်ရောကိုယ်ပါ အပြောင်းအလဲတွေကို မိန်းမတွေ ကြုံတွေ့ရမှာပါ။ သွေးဆံးုတယ်ဆိုတာ စိတ်ဖိစီးမှုတော်တော် ဖြစ်တယ်ဆိုတာတောင်မှ တချို့မိန်းမတွေက ဝါသနာအသစ်တွေနဲ့ အခြားလုပ်ငန်းဆောင်တာတွေကို သူတို့ ဖြတ်လတ်တက်ကြွနေစေဖို့ လုပ်နေတတ်ကြပါတယ်။ သွေးဆုံးခြင်းနဲ့ ပါလာတဲ့ အပြောင်းအလဲအခက်အခဲတွေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းရမလဲဆိုတာ ကို ယနေ့ဖော်ပြမဲ့ ဆောင်းပါးမှာ လေ့လာကြည့်ပေးပါ။ ကိုယ်အလေးချိန် တက်လာမယ်။ ဟော်မုန်းအပြောင်းအလဲက အဆီတွေကို သင့်ခန္ဓါကိုယ် သိမ်းဆည်းနေကျ မဟုတ်တဲ့ နည်းလမ်းနဲ့ သိမ်းဆည်းစေလိမ့်မယ်။ ဒါ့အပြင် စိတ်ဖိအားနဲ့အတူ ခန္ဓါကိုယ်က ကယ်လိုရီတွေကို သိုလှောင်လာလိမ့်မယ်။ အဲဒါတွေကြောင့် ဝကာ ကိုယ်အလေးချိန် တက်လာပါလိမ့်မယ်။ စားနေကျဓါတ်စာက သွေးဆုံးနေတဲ့အချိန်မှာ သိပ်အလုပ်မဖြစ်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သင့်ခန္ဓါကိုယ်က ကယ်လိုရီတွေကို လိုတာထက်ပို သိုလှောင်နေလို့ပါ။ အဲဒါကြောင့် […]


ရာသီလာခြင်း

အမျိုးသမီး လစဉ်သုံးပစ္စည်း Tampon မှားယွင်းသုံးစွဲမှုအန္တရာယ်

ကမ္ဘာ့လူဦးရေ တစ်ဝက်နီးပါးဖြစ်တဲ့ အမျိုးသမီးထုဟာသဘာဝတရားအရ ဓမ္မတာလာပြီး သူတို့ရဲ့အမျိုးသမီးတစ်ကိုယ်ရေ သန့်ရှင်းရေးပစ္စည်းအဖြစ် ( Tampon ) ကိုရွေးချယ်ကြပါတယ်။ ပြီးတော့ ဒီပစ္စည်းကြောင့်ပဲအသက်အန္တရာယ်ရှိနိုင်တဲ့ အဆိပ်သင့် ရှော့ရနိုင်နေပါတယ်။ အမျိုးသမီး လစဉ်သုံးပစ္စည်း (Tampon ) နဲ့ဆက်စပ်နေတဲ့ အဆိပ်သင့်ရောဂါ (toxic shock syndrome ) ဆိုတာဘာလဲ? အမျိုးသမီး လစဉ်သုံးပစ္စည်း (Tampon ) တွေကို အပင်ကရတဲ့ fibre (rayon) နဲ့ ဝါချည်တွေသုံးပြီးလုပ်ပါတယ်။ ဒီပစ္စည်းတွေဟာ စုပ်ယူမှုကောင်းတာမှန်ပေမယ့် ဘက်တီးရီးယားတွေပေါက်ဖို့ ဖန်တီးပေးနိုင်တယ်။ ပြီးတော့လည်း မိန်းမကိုယ်( vagina) ဟာ ပိုးသတ်နိုင်စွမ်းရှိပေမယ့် ရာသီလာနေစဉ်ကာလမှာ ရာသီသွေးကြောင့် ကိုယ်ခံအားစနစ်ကိုလျော့ကျနေပါတယ်။ ဒါကြောင့် tampon ဟာ ရှားပေမယ့် သေနိုင်တဲ့ရောဂါ toxic shock syndrome နဲ့ဆက်စပ်နေခြင်းဖြစ်ပါတယ်။ ဒီအရာကရတဲ့ ရောဂါဖြစ်နှုန်းဟာ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

နို့သီးခေါင်းမှ အရည်များထွက်ခြင်း

နို့သီးခေါင်းမှ အရည်များထွက်ခြင် သားမြတ်(ရင်သား)မှာရှိတဲ့ နို့သီးခေါင်းကနေ အရည်တစ်မျို းမျိ ု ုးထွက်ခြင်းကိုဆိုလိုပါတယ်။ ကိုယ်ဝန်ဆောင်သည် မဟုတ်တဲ့အမျိ ု းသမီးတွေနဲ့ ကလေးနို့မတိုက်တဲ့ အမျို းသမီးတွေမှာပါ ထွက်တတ်ပါတယ်။ ဖြစ်နိုင်ရင် နို့သီးခေါင်းကနေ အရည်တစ်မျိ ု းမျိ ု းထွက်နေပြီဆိုပါက ဆရာဝန်ဆီသွားပြီး စစ်ဆေးမှုခံယူတာ အကောင်းဆုံးပါပဲ။ အမျိ ု းသားတစ်ယောက်အတွက် နို့သီးခေါင်းကနေ အရည်တွေထွက်နေတယ်ဆိုရင် ကြီးမားတဲ့ ပြဿ နာအကြောင်းခံတစ်ခုခုရှိနေနိုင်ပါတယ်။ အဲ့ဒါကို ဘယ်လိုပုံစံမျိ ု းတွေ့ရတတ်သလဲ ရင်သားတစ်ဖက် သို့ နှစ်ဖက်စလုံးကနေ ထိုအရည်တွေထွက်တတ်ပါတယ်။ အလိုလျောက်သော်လည်းကောင်း ရင်သားကိုလက်နဲ့ ညှစ်လိုက်ရင်သော်လည်းကောင်းထွက်လာတတ်ပါတယ်။ ထိုအရည်တွေဟာ အကြည်ရောင် နို့ကဲ့သို့အရောင်နောက်နောက် သို့ အရောင်တစ်မိ ျု းမျိ ု း ရှိတတ်ပါတယ်။ တစ်ခါတစ်ရံ သွေးကဲ့သို့အရောင်တွေဖြစ်တတ်ပါတယ်။ ထိုအရည်တွေဟာ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးများတွင် တွေ့ရသော လိင်မှုဆိုင်ရာပြဿနာများ

အမျိုးသမီးများဧ။်ဘဝတွင် လိင်မှုကိစ္စသည် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ လိင်နှင့်ဆိုင်သောပြဿနာများသည် သာယာပျော်ရွှင်မှုကို ထိခိုက်စေရုံသာမက လိင်နှင့်ပတ်သက်သောရောဂါများပါ ဖြစ်စေနိုင်ပါတယ်။ ထို့ကြောင့် အဖြစ်များသောပြဿနာများကို သိရှိခြင်းဖြင့် မိမိဧ။် ပြဿနာများကို ကိုယ်တိုင်ဆန်းစစ်နိုင်ရုံသာမက လိုအပ်ပါက ကျွမ်းကျင်သူများနှင့် ပြသဆွေးနွေးနိုင်ပါလိမ့်မယ်။ အမျိုးသမီးများတွင်တွေ့ရသော လိင်နှင့်ဆိုင်သောပြသနာများဧ။် လက္ခဏာများ သင့်ဘဝတစ်လျှောက်လုံးဧ။် မည်သည့်အခြေအနေတွင်မဆို လိင်မှုဆိုင်ရာပြဿနာများကို တွေ့ရနိုင်ပါတယ်။ ထိုပြဿနာများသည် ထပ်တလဲလဲ သို့မဟုတ် မကြာခဏ တွေ့ရနိုင်တယ်။ အဆင်ပြေသော လိင်မှုဆက်ဆံရေးသည် ကိုယ်၊စိတ်၊လိင်ဆက်ဆံဖက်နှစ်ဦးကြား ဆက်ဆံရေး၊ယုံကြည်မှု နှင့် နေထိုင်မှုပုံစံေတွပေါ်မူတည်ပါတယ်။ ထိုအချက်များအနက် တစ်ခုခုတွင် ပြဿနာပေါ်ပါက လိင်မှုကိစ္စတွင်ထိခိုက်နိုင်ပါတယ်။ အမျိုးသမီးများတွင် တွေ့ရများသော လိင်နှင့်ဆိုင်သော ပြဿနာများမှာ… လိင်ဆက်ဆံလိုစိတ်ကင်းမဲ့ခြင်း ဒီအခြေအနေတွင် သင်သည်အမျိုးသားနှင့်အတူနေလိုစိတ် ကင်းမဲ့နေတတ်သည်။ အမျိုးသားမှအတူနေရန် ကြိုးစားသည့်အခါတွင်လည်း ငြင်းဆန်နေတတ်သည်။ နာကျင်မှု လိင်ဆက်ဆံမှုပြုလုပ်သည့် အချိန်တိုင်း နာကျင်နေတတ်ပါတယ်။မိန်းမကိုယ် နှုတ်ခမ်းသား၊အတွင်းသားနှင့် ဆီးခုံတွင် နာကျင်နေတတ်သည်။ နာကျင်မှုသည် လိင်ဆက်ဆံမှုနှင့် ဆက်စပ်နေရုံသာမက […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မအင်္ဂါကြွက်သားကျုံ့ညှစ်ခြင်း

မအင်္ဂါကြွက်သားကျုံ့ညှစ်ခြင်း (vaginismus )ဆိုတာ ယောနိလမ်းကြောင်းမှာရှိတဲ့ ကြွက်သားတွေက သင်မလိုချင်ပဲနဲ့ ဆွဲညှစ်နေတာကိုခေါ်ပါတယ်။ ဒါဟာ သင့်လိင်ကိစ္စကို ထိခိုက်စေနိုင်တယ်။ ကံမကောင်းတာက ဒါကိုသင့်ဘဝမှာကြုံရနိုင်တာပါပဲ။ ဒါကြောင့် ဖြေရှင်းဖို့နည်းတွေလည်းသိထားသင့်တယ်။ မအင်္ဂါကြွက်သားကျုံ့ညှစ်ခြင်း (vaginismus ) နဲ့ပတ်သက်ပြီးသင်သိစရာအချက်တွေကို လေ့လာကြည့်ရအောင်။   မအင်္ဂါကြွက်သားကျုံ့ညှစ်ခြင်း (vaginismus ) ဆိုတာ ဘာလဲ။ မအင်္ဂါကြွက်သားကျုံ့ညှစ်ခြင်း (vaginismus ) ဖြစ်ရတဲ့အကြောင်းကိုမသိပေမယ့် ဒါကိုဖြစ်ဖို့အလားအလာတက်စေတဲ့ အချက်တွေတော့ရှိပါတယ်။ ဒါတွေကတော့ : သင်ယောနိက သေးလွန်းတာ လိင်ကိစ္စကနာကျင်ပြီး သာယာမှုမရှိတာ ကလေးမီးဖွားပြီးလို့ ယောနိလမ်းကြောင်းပျက်စီးနေတာ လိင်အနိုင်ကျင့်ခံရတာတွေ ဖြစ်ဖူးတာ ယောနိမှာပိုးကြောင့် ထိခိုက်တာ သင်ကကိုယ်ဝန်ရမှာကို ကြောက်နေတာ သင့်ပထမဆုံး လိင်ဆက်ဆံမှုက နာကျင်စေတာ သင့်ဆက်ဆံရေးမှာမအောင်မြင်တာ စတာတွေဖြစ်ပါတယ်။ မအင်္ဂါကြွက်သားကျုံ့ညှစ်ခြင်း (vaginismus ) ခြင်းဟာ ရုပ်ပိုင်း စိတ်ပိုင်း ပြသနာတွေကြောင့် ဖြစ်နိုင်ပါတယ်။   မအင်္ဂါကြွက်သားကျုံ့ညှစ်ခြင်း (vaginismus […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း