အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတစ်လျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ သူတို့ကို အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ ပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ

သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၄ ဦးမှာ ၁ ဦးက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် ခံရဖူးပါတယ်။ အကြမ်းဖျင်းအားဖြင့် အမျိုးသမီး ၈ ဦးမှာ ၁ ဦးနှုန်းဟာ အလုပ်ခွင် ဒါမှမဟုတ် သူတို့ ကျင်လည်ရာ လူမှုပတ်ဝန်းကျင်မှာ နှုတ်အားဖြင့် ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ခံစားရဖူးပါတယ်။ ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ လေ့လာမှုကို ၇ နှစ်ကြာ လုပ်ဆောင်ခဲ့ပါတယ်။ လေ့လာမှုမှာ အမျိုးသမီး အသက် ၅၃ နှစ် ဝန်းကျင် အမျိုးသမီး ၃၃၁၂၇ ဦး […]

အမျိုးသမီး ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

ရာသီလာခြင်း

Late Period (ရာသီမမှန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Late Period (ရာသီမမှန်ခြင်း) ကဘာလဲ။ လစဉ်ဓမ္မတာမမှန်ခြင်းကိုခေါ်တတ်ပြီး တစ်ချိန်တည်းမှာ သုံးကြိမ်ရာသီမလာပါက ရာသီပျောက်တယ်လို့ ဆိုကြပါတယ်။ ရာသီပျောက်ရခြင်းအကြောင်းအများစုကတော့ ကိုယ်ဝန်ရှိတာဖြစ်ပြီး တခြားအကြောင်းတွေကတော့ မျိုးပွားအင်္ဂါတွင်ပြဿနာဖြစ်ခြင်း၊ ဟော်မုန်းတွေကိုထိန်းညှိနေသော ဂလင်းများတွင်ပြဿနာဖြစ်ခြင်းတို့ရှိပါတယ်။ ဒီလိုအခြေအနေတွေမှာဆိုရင် ထိုအကြောင်းအရင်းကို ကုသလိုက်ပါက ရာသီပြန်မှန်စေနိုင်ပါတယ်။ Late Period (ရာသီမမှန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ နိုင်ငံအလိုက်၊ လူမျိုးအလိုက် ဖြစ်နိုင်ချေကွဲပြားတယ်ဆိုတဲ့ သက်သေမရှိပါဘူး။ ဒါပေမယ့် စားသောက်မှုပုံစံ၊ နာတာရှည်ရောဂါတွေစတဲ့အချက်တွေကတော့ တွေးနေစရာမလိုအောင် သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် ဖြစ်နိုင်ချေတက်စေတဲ့အခြေအနေတွေကိုလျှော့ချခြင်းဖြင့် ထိန်းသိမ်းနိုင်တယ်။ အသေးစိတ်အချက်အလက်အတွက် ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။ လက္ခဏာများLate Period (ရာသီမမှန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဓိကလက္ခဏာကတော့ရာသီမပေါ်ခြင်းဖြစ်ပြီး အကြောင်းအရင်းတွေပေါ်မူတည်ကာ တခြားလက္ခဏာတွေခံစားရတတ်ပါတယ်။ ဥပမာ- ရင်သားမှနို့ရည်များကျဆင်းခြင်း ဆံပင်ကျွတ်ခြင်း ခေါင်းကိုက်ခြင်း အမြင်အာရုံပြောင်းလဲခြင်း မျက်နှာတွင်အမွှေးအမျှင်ထူလာခြင်း ဆီးခုံနာကျင်ခြင်း ဝက်ခြံများထွက်ခြင်း ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အထက်ပါလက္ခဏာတွေတွေ့ရမယ်၊ သိလိုသည်များရှိမယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။ လူတိုင်းခန္ဓါကိုယ်ကတစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ အကြောင်းရင်းများLate Period (ရာသီမမှန်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ ရှင်သန်နေရင်းနဲ့ သာမန်အကြောင်းတွေတွေကြောင့် ရာသီမမှန်တာ၊ ပျောက်တာမျိုးတွေကြုံရတတ်ပါတယ်- ကိုယ်ဝန်ရှိခြင်း နို့တိုက်ခြင်းနဲ့ သွေးဆုံးခြင်းတွေပေါ့။ အမျိုးသမီးအများစုက ဓမ္မတာတစ်ကြိမ်နဲ့တစ်ကြိမ်ကြားမှာ ၂၈ […]


ရာသီလာခြင်း

Menstrual Disorder (ဓမ္မတာလာစဉ်ဝေဒနာခံစားရခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Menstrual Disorder (ဓမ္မတာလာစဉ်ဝေဒနာခံစားရခြင်း) ကဘာလဲ။ လစဉ်ဓမ္မတာမလာမီခံစားရတတ်သော နေရထိုင်ရအဆင်မပြေတဲ့လက္ခဏာတွေဖြစ်တယ်၊ နွမ်းနယ်ခြင်း၊ ဗိုက်အောင့်ခြင်းတို့ဖြစ်တတ်ပြီး ဓမ္မတာစတဲ့အခါ ပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် တခြားပိုပြင်းထန်တဲ့လက္ခဏာတွေလည်း တွေ့ရ ခံစားရနိုင်ပါတယ်။ ဓမ္မတာလာတာများတာဖြစ်စေ၊ နည်းတာဖြစ်စေ၊ ဒါမှမဟုတ် စက်ဝန်းတစ်ခုလုံးပျောက်သွားတာဖြစ်စေ တခြားအကြောင်းအရင်းပြဿနာတစ်ခုခုရှိနေတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပုံမှန်ရာသီစက်ဝန်း ဆိုတာလည်း အမျိုးသမီးတစ်ယောက်ချင်းဆီမှာ မတူနိုင်တာကိုလည်း သိထားဖို့လိုပါတယ်။ သင့်အတွက်ပုံမှန်ဖြစ်နေပါတယ်ဆိုတဲ့ စက်ဝန်းကသူများအတွက် ပုံမှန်မဟုတ်တာလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိမိခန္ဓါကိုယ်ပုံစံကိုသေချာသိရှိထားပြီး တစ်ခုခုပုံမှန်မဟုတ် အပြောင်းအလဲတွေ့ပါက ဆရာဝန်နဲ့ချက်ခြင်းတိုင်ပင်ဆွေးနွေးဖို့ကအရေးကြီးပါတယ်။ Menstrual Disorder (ဓမ္မတာလာစဉ်ဝေဒနာခံစားရခြင်း) က ဘယ်လောက်အဖြစ်များသလဲ အလွန်ကိုအဖြစ်များပါတယ်။ အသက်မရွေးဖြစ်နိုင်ပြီး ထိုလက္ခဏာတွေခံစားရစေတဲ့ အခြေအနေတွေ၊ အချက်တွေကို လျှော့ချခြင်းအားဖြင့် ထိန်းသိမ်းနိုင်ပါတယ်။ အသေးစိတ်သိလိုပါက ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးကြည့်နိုင်တယ်။ လက္ခဏာများMenstrual Disorder (ဓမ္မတာလာစဉ်ဝေဒနာခံစားရခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့နိုင်ချေများတဲ့လက္ခဏာတွေကတော့ – PSM – PSM လို့ခေါ်တဲ့ ဓမ္မတာမလာမီ တစ်ပတ်နှစ်ပတ်လောက်မှာခံစားရတတ်တဲ့ လက္ခဏာတွေဖြစ်တယ်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လက္ခဏာအမျိုးမျိုးဖြစ်နိုင်ပြီး […]


သားအိမ်အလုံးတည်ခြင်းရောဂါများ

Fibroids (သားအိမ်အလုံး)

အဓိပ္ပါယ်ဖွင့်ဆိုချက်Fibroids (သားအိမ်အလုံး) ကဘာလဲ။ သူတို့ဟာ သားအိမ်ထဲမှာ ဒါမှမဟုတ် သားအိမ်ပေါ်မှာ မူမမှန်ကြီးထွားလာတဲ့ အလုံးတွေ ဖြစ်ပါတယ်။ ဒီအလုံးတွေဟာ သားအိမ်ကင်ဆာဖြစ်နိုင်ခြေကို ပိုမများစေသလို ကင်ဆာအဖြစ်ပြောင်းသွားလေ့လည်း မရှိပါဘူး။ တခါတလေ အလုံးတွေဟာ အတော်ကြီးလာတတ်ပြီး ဗိုက်အရမ်းအောင့်တာ၊နာတာ နဲ့ ဓမ္မတာများတာ စတဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် အများအားဖြင့်တော့ ဘာရောဂါလက္ခဏာမှ ပြလေ့မရှိပါဘူး။ လက္ခဏာများFibroids (သားအိမ်အလုံး) ရဲ့လက္ခဏာတွေကဘာတွေလဲ ဒီရောဂါလက္ခဏာတွေဟာ နှစ်ပေါင်းများစွာကြာအောင် တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာနိုင်သလို လပိုင်းအတွင်းမှာ မြန်မြန်ဆန်ဆန်ပေါ်ပေါက်လာတာမျိုးလည်း ရှိပါတယ်။ အတွေ့ရအများဆုံး လက္ခဏာတွေကတော့ ဓမ္မတာများတာ၊တခါလာရင် တစ်ပတ်ထက်ပိုကြာခြင်း ဆီးစပ်အောင့်တာ၊နာခြင်း ဆီးခဏခဏသွားရခြင်း ဆီးသွားရခက်တာ၊ဆီးသွားပြီးရင်လည်း ကျန်နေသလို ခံစားရခြင်း ဝမ်းချုပ်ခြင်း ကျောနာတာ ဒါမှမဟုတ် ခြေထောက်တွေနာခြင်း ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အကယ်၍ ဆီးစပ်အောင့်တာ တော်တော်နဲ့ မသက်သာဖူးဆိုရင်။ ဓမ္မတာလာရင် အရမ်းများတာ၊ကြာတာ၊ နာကျင်ကိုက်ခဲတာ အရမ်းဆိုးရင်။ ဓမ္မတာချိန် မဟုတ်တဲ့ ရက်တွေမှာလည်း သွေးဆင်းရင်။ ဆီးသွားရခက်ရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အကြောင်းရင်းများFibroids (သားအိမ်အလုံး) […]


မီးယပ်သွေးဆုံးခြင်း

Perimenopause (သွေးဆုံးချိန်ဝန်းကျင်ကာလ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Perimenopause (သွေးဆုံးချိန်ဝန်းကျင်ကာလ) ကဘာလဲ။ သွေးဆုံးခါနီးကာလ ကိုခေါ်သည်။ ထိုအချိန်တွင်သင့်ခန္ဓါကိုယ်သည် သွေးဆုံးခြင်းဖြစ်ရန်သဘာဝပြောင်းလဲခြင်းများဖြစ်သည်။ မျိုးပွားနိုင်သောနောက်ဆုံးအချိန်များလဲဖြစ်သည်။ မိန်းမမျာ်း အသက်အရွယ်မျိုးစုံတွင်ဖြစ်နိုင်သည်။ သွေးဆုံးခါနီး လက္ခဏာများဖြစ်သော ရာသီပုံမှန်မလာခြင်း များကို အသက် လေးဆယ်နှောင်းပိုင်းတွင်စခံစားရတတ်သည်။ အချို့သူများတွင် အသက်သုံးဆယ်တွင်စတင်သတိထားမိတတ်သည်။ မဟော်မှန်းပမာဏ သည် သွေးဆုံးခါနီးကာလတွင် တက်ခြင်း ကျခြင်းများမညီမျှစွာဖြစ်သည်။ ရာသီလာမှု ကြာခြင်းတိုခြင်း သို့မဟုတ် သင့် သားဥအိမ်မှ သားဥကိုမထုတ်တော့ခြင်းများဖြစ်တတ်သည်။ သွေးဆုံးခြင်းလက္ခဏာများ(ပူခြင်း မျက်နှာရခြင်း အိမ်ရေးမဝခြင်း နှင့် မအဂါၤခြောက်ခြင်းများကိုခံစားရနိုင်သည်။ လက္ခဏာများသက်သာစေရန်ကုသမှုများရှိသည်။။ ဆယ့်နှစ်လကျော်အောင်ရာသီမလာပါက သွေးဆုံးခြင်းဖြစ်ပြီး သွေးဆုံးကာလပြီးဆုံးပြီးဖြစ်သည်။ Perimenopause (သွေးဆုံးချိန်ဝန်းကျင်ကာလ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများPerimenopause (သွေးဆုံးချိန်ဝန်းကျင်ကာလ) ရဲ့လက္ခဏာတွေကဘာတွေလဲ သွေးဆုံးခါနီးကာလရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ပုံမမှန်ရာသီလာခြင်း။ဥကြွေခြင်းကမှန်းဆရပိုခက်တတ်သည်။ ရာသီချိန် တိုခြင်း ရှည်ခြင်း များခြင်းနည်းခြင်း နှင့် ရာသီမလာတော့ခြင်းများဖြစ်တတ်သည်။ ရာသီ ခုနှစ်ရက်ထက်ပိုပြောင်းလဲခြင်း ရာသီချိန်ရှည်လျားခြင်းများဖြစ်ပါက စောစီးစွာသွေးဆုံးနိုင်သည်။ အကယ်၍ သင့် […]


မိန်းမကိုယ်ရောင်ရမ်းခြင်း

Vaginal Discharge (Leucorrhoea) (မိန်းမကိုယ်မှ ပုံမှန်မဟုတ်သော အရည်ဆင်းခြင်းဆိုတာ ဘာလဲ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Vaginal Discharge (Leucorrhoea) (မိန်းမကိုယ်မှ ပုံမှန်မဟုတ်သော အရည်ဆင်းခြင်းဆိုတာ ဘာလဲ) ကဘာလဲ။ မိန်းမကိုယ်မှ ပုံမှန်မဟုတ်သော အရည်ဆင်းခြင်းဆိုသည် မှာ ယားယံခြင်း သို့မဟုတ် နာကျင်ခြင်း နှင့်အတူ သမရိုးကျမဟုတ်သော အနံ့ သို့မဟုတ် အသွင်အပြင်ရှိ သော အရည်များ ဖြစ်ပေါ်ခြင်းကို ခေါ်ပါသည်။ ထိုအရာများသည် သင့်ခန္ဓါကိုယ်တွင် တစ်စုံတစ်ခု မှားနေသည်ဟု ဖော်ပြပါ သည်။ မိန်းမကိုယ် အရည်ဆင်းခြင်းတွင် အရည်နှင့် မိန်းမ ကိုယ်တစ်လျှောက် ကြွေဆင်းလာသော ဆဲလ်များ ပါဝင်သည်။ ၎င်းသည် အမျိုးသမီး မျိုးပွားစနစ်တွင် အရေး ကြီးသော ထိန်းသိမ်းမှုလုပ်ငန်းတစ်ခု ဖြစ်ပါသည်။ မိန်းမကိုယ် အား သန့်ရှင်စေပြီး ရောဂါပိုးကူးစက်မှုမှ ကာကွယ်ပေးသည်။ မိန်းမကိုယ်မှ ပုံမှမဟုတ်သော အရည်ဆင်းခြင်း ဖြစ်ပါက သင် သည် […]


မီးယပ်သွေးဆုံးခြင်း

Menopause (သွေးဆုံးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Menopause (သွေးဆုံးခြင်း) ကဘာလဲ။ တစ်ဆယ့်နှစ်လကြာအောင် ရာသီလာခြင်းမရှိတော့ပါက ရာသီသွေးဆုံးသည်ဟုခေါ်သည်။ သွေးဆုံးကာလ သည် မျိုးပွားခြင်းရပ်တန့်သောအချိန်(ကလေးမရနိုင်တော့သောကာလ) ဖြစ်သည်။ သို့သော် သင်သည် ကျန်းမာစွာနေနိုင်သည်။ လိင်ဆက်ဆံမှုများလည်းလုပ်ဆောင်နိုင်သေးသည်။ သွေးဆုံးခြင်းကာလသည် သဘာဝဖြစ်စဉ်တစ်ခုသာဖြစ်သဖြင့်စိတ်ပူစရာမလိုအပ်ပါ။ Menopause (သွေးဆုံးခြင်း) က ဘယ်လောက်အဖြစ်များသလဲ မိန်းကလေးတိုင်းသည် သွေးဆုံးခြင်းကာလကိုတွေ့ကြုံရမည်။ အဘယ်ကြောင့်ဆိုသော် ပြောင်းလဲမရသော သဘာဝဖြစ်စဉ်တခုဖြစ်သောကြောင့်ဖြစ်သည်။ သွေးဆုံးကာလသည်တစ်ဉ်းနှင့်တစ်ဦးမတူနိုင်ပါ။ ထပ်မံသိရှိလိုသည်များအတွက်သင်၏ဆရာဝန်ဖြင့်တိုင်ပင်ပါ။ လက္ခဏာများMenopause (သွေးဆုံးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ သွေးဆုံးခြင်းတွင်များသောအားဖြင့်တွေ့ရသောလက္ခဏာများမှာ မျက်နှာနီမြန်းခြင်း(အဖြစ်အများဆုံး) ပုံမှန်မဟုတ်ပဲရာသီသွေးဆင်းခြင်း ညဘက်ချွေးစီးများထွက်ခြင်း ညဘက်အိပ်မပျော်ခြင်း စိတ်အပြောင်းအလဲမြန်ခြင်း ဝလာခြင်း နှင့်အထိုင်အထခက်ခြင်း ဆံပင်များပါးခြင်း အသားအရည်ခြောက်သွေ့ခြင်း စိတ်ဓါတ်ကျခြင်း ဒေါသထွကလွယ်ခြင်း ခေါင်းကိုက်ခြင်းတို့ဖြစ်သည်။ အထက်တွင်မဖော်ပြထားသောရောဂါလက္ခဏာများရှိ၍ ဆရာဝန်ဖြင့်တိုင်ပင်ပါ။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်တွင်အောက်ပါအချက်အလက်များရှိနေပါကဆရာဝန်ဖြင့်တိုင်ပင်ပါ ရာသီသွေးမဆုံးမီမှ သွေးဆုံးသည်အထိ ဆရာဝန်ဖြင့်ပြလေ့ရှိသော အချိန်ဇယားရှိလျင် သွေးမဆုံးမီ ကျန်းမာရေးဂရုစိုက်မှုလိုအပ်သူဖြစ်လျင် နောက်ဆက်တွဲပြဿနာများ ဥပမာ သွေးဆုံးပြီးမှ သွေးပြန်ဆင်းခြင်းများရှိသော် ဆရာဝန်ဖြင့်တိုင်ပင်ပါ။ အကြောင်းရင်းများMenopause (သွေးဆုံးခြင်း) ကိုဘာတွေကဖြစ်စေသလဲ သွေးဆုံးခြင်းဖြစ်စေသောအကြောင်းအရာထဲမှတခုမှာ မျိုးပွားဟော်မှန်းများ သဘာဝအလျောက်ကျဆင်းလာခြင်းကြောင်ဖြစ်သည်။ အသက်ကြီးလာချိန်( အသက်၃၀နှောင်းပိုင်း) တွင် သင်၏သားဥအိမ်မှထုတ်သော ဟော်မှန်းများကျဆင်းလာသည်။ ထိုဟော်မှန်းများက ရာသီသွေးလာမှုကိုပုံမှန်စေသည်။ ဟော်မှန်းနည်းသွားသောကြောင့် မျိုးပွားနိုင်နှုန်းများလဲကျလာသည်။ အသက်လေးဆယ်နှောင်းပိုင်းတွင် […]


ရာသီလာခြင်း

ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကို ဘယ်လိုသက်သာအောင်လုပ်မလဲ

တစ်လကိုတစ်ကြိမ် အမျိုးသမီးတွေတိုင်းမကြုံချင်ဘဲ ကြုံနေရတဲ့ ပြဿနာလေးတစ်ခုရှိနေမယ်ထင်ပါတယ်။ လေဒီတော်တော်များများကတော့ ဒါကို စိတ်ရှုပ်ကြလောက်မယ်ထင်ပါတယ်။ အလုပ်အကိုင်ပျက်ပြီး အိပ်ရာထဲလှဲနေရတဲ့အထိ ဆိုးရွားတတ်တဲ့ ပြဿနာကို သက်သာအောင်ဘယ်လိုနေထိုင်မလဲဆိုတာကိုပြောပြပေးမယ်နော်။ ဘာကြောင့် ရာသီလာစဉ်နာကျင်ကိုက်ခဲရတာလဲ ရာသီလာတဲ့အခါ ဝမ်းဗိုက်ပိုင်းတဝိုက်၊ ခါးနဲ့တင်ပါးဆုံပိုင်း၊ ပေါင်တို့မှာ ကိုက်ခဲတာ၊ တောင့်တင်းနာကျင်တာမျိုးကို အမျိုးသမီးတာ်တော် များများခံစားကြရပါတယ်။ ရာသီလာစဉ်မှာ သားအိမ်အတွင်းနံရံတွေပြန်လည်ဖြစ်ပေါ်လာအောင် အထောက်အပံ့ပေးတဲ့အနေနဲ့ သားအိမ်ကြွက်သားတွေက ကျုံ့ဆန့်မှုကို လုပ်ဆောင်နေတာကြောင့် ရာသီလာစဉ်မှာ နာကျင်ကိုက်ခဲတာဖြစ်ပါတယ်။ အချို့တွေမှာဆိုရင် ကိုယ်လက်မအီမသာဖြစ်တာ၊ အော့အန်တာ၊ ခေါင်းကိုက်တာ နဲ့ ဝမ်းသွားတာမျိုးတွေအထိခံစားကြရတာမျိုးတောင်ရှိပါတယ်။ ဒီလိုမျိုလစဉ်လတိုင်းကြုံတွေ့နေရတဲ့ ကိုက်ခဲနာကျင်မှုကိုလျော့ပါးသက်သာအောင် ဆေးပညာအကူအညီနဲ့လုပ်ဆောင်နိုင်သလို နေ့စဉ်ဘဝနေထိုင်မှုပုံစံကိုပြောင်းလဲပေးလို့လည်းရပါတယ်။ ဒီအချက်တွေကြောင့်လည်း ရာသီလာစဉ်မှာ နာကျင်ကိုက်ခဲနိုင်ပါတယ်။ ရာသီသွေးအများကြီးဆင်းတာ အသက် ၂၀အောက်အရွယ်ဖြစ်နေတာ ပထမဆုံးရာသီသွေးဆင်းတာ prostaglandinဟော်မုန်းပမာဏများနေတာတွေကြောင့်လည်း နာကျင်ကိုက်ခဲနိုင် ပါတယ်။ သားအိမ်ထဲမှာ ပုံမှန်မဟုတ်ဘဲ တစ်ရှူးကြီးထွားနေတာနဲ့ သန္ဓေတားဆေးတွေကြောင့်လည်း ရာသီလာစဉ်မှာနာကျင်ကိုက်ခဲတာဖြစ်နိုင်ပါတယ်။ ရာသီလာစဉ်နာကျင်ကိုက်ခဲတာကို သက်သာအောင်ဘယ်လိုနေထိုင်စားသောက်မလဲ ဘယ်လိုစားသောက်မလဲ ရေများများသောက်ပေးပါ - ရာသီလာစဉ်နာကျင်ကိုက်ခဲမှုကို ပိုဆိုးစေနိုင်တဲ့ […]


မီးယပ်သွေးဆုံးခြင်း

သွေးဆုံးချိန်မှာ ခန္ဓါကိုယ် ကျန်းမာနေစေဖို့ ဘာတွေစားသင့်လဲ

အမျိုးသမီးတွေ မလွဲမသွေကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုဖြစ်တဲ့သွေးဆုံးချိန်မှာ ခန္ဓါကိုယ်ကျန်းမာနေအောင်လုပ်ဆောင်ဖို့ကအရေကြီးပါတယ်။ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေကိုရင်ဆိုင်နေရချိန်မှာ ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေထပ်မဖြစ်လာစေဖို့ အစားအသောက်လေးတွေစားရင်း သက်သာအောင်လုပ်လို့ရပါတယ်။ သွေးဆုံးချိန်မှာ သားဥအိမ်တွေကoestrogen ထုတ်လွှတ်မှုကိုရပ်တန့်လိုက်ပါတယ်။ ဒီအနေအထားက ခန္ဓါကိုယ်မှာ မအီမသာဖြစ်စေတဲ့ လက္ခဏာတွေကိုဖြစ်ပေါ်လာစေတာပါ။သွေးဆုံးချိန်မှာခန္ဓါကိုယ်မှာဖြစ်ပေါ်တဲ့ဝေဒနာတွေက အမျိုးသမီးတွေအတွက်တော်တော်လေးခံရခက်ပါတယ်။oestrogenဟော်မုန်းက နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို ကာကွယ်ပေးသလို အရိုးသိပ်သည်းဆကိုလည်း တိုးစေပါတယ်။သွေးဆုံးချိန်မှာ ခန္ဓါကိုယ်မှာခံစားရတဲ့ဝေဒနာတွေကို သက်သာစေဖို့ ဘာတွေစားသောက်ပေးသင့်လဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာဖော်ပြပေးပါရစေ။   သွေးဆုံးချိန်မှာ ခန္ဓါကိုယ်ကျန်းမာစေမယ့် အစားအသောက်များ အမျှင်ဓါတ် သွေးဆုံးချိန်မှာ အမျှင်ဓါတ်များများစားသုံးပေးတာက ခန္ဓါကိုယ်ကို ကျန်းမာစေနိုင်ပါတယ်။ အမျှင်ဓါတ်ပါတဲ့ အစားအသောက်တွေက ဝမ်းချုပ်တာမဖြစ်အောင် ကာကွယ်ပေးသလို၊ ကိုလက်စထရောနဲ့သွေးတွင်းအချိုဓါတ်ကိုကျဆင်းစေတဲ့အပြင်သွေးဆုံးတာကြောင့် ခံစားရနိုင်တဲ့ဝေဒနာတွေကိုပါ သက်သာစေနိုင်ပါတယ်။ ကယ်လ်ဆီယမ် အသက်ကြီးလာတာနဲ့အမျှ အရိုးတွေက အားနည်းလာပါတယ်။သွေးဆုံးပြီး အမျိုးသမီးတွေမှာတော့estrogen ထုတ်လုပ်မှု နည်းလာတာကြောင့် အရိုးပွရောဂါခံစားရနိုင်ခြေက ပုံမှန်ထက်ပိုများပါတယ်။ ကယ်လ်ဆီယမ်က အရိုးတွေကိုကြံ့ခိုင်စေဖို့အတွက် အထောက်အကူပြုနိုင်ပါတယ်။သွေးဆုံးပြီးချိန်မှာ အရိုးပွရောဂါခံစားရတာ၊ အရိုးကျိုးလွယ်တာမျိုး မဖြစ်စေဖို့အတွက် နို့သောက်ပေးတာ၊ လိမ္မော်ရည်သောက်ပေးတာ၊ အယ်လ်မွန်စေ့ နဲ့ ဆယ်လ်မွန်ငါးစားပေးတာတွေလုပ်ပေးလို့ရပါတယ်။ ပဲပိစပ် အမျိုးသမီးတွေအနေနဲ့သွေးဆုံးချိန်မှာ ခံစားရတဲ့လက္ခဏာတွေသက်သာစေဖို့အတွက်ဟော်မုန်းတွေကို […]


မီးယပ်သွေးဆုံးခြင်း

သွေးဆုံးချိန်မှာ ခံစားရမယ့် အရေပြားပြဿနာတွေကို ရင်ဆိုင်နည်း

အမျိုးသမီးတိုင်းလိုလိုက သွေးဆုံးတာကို မဖြစ်မနေရင်ဆိုင်ကြရမှာပါ။ သွေးဆုံးတယ်ဆိုတာက ရှုပ်ထွေးတဲ့ ပြောင်းလဲမှုတစ်ခုပါ။ ဒီလိုအချိန်မှာ အမျိုးသမီးတွေအနေနဲ့ ခန္ဓာကိုယ်အတွင်းရော အပြင်ဘက်မှာပါ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာမှာဖြစ်ပြီး သေချာဂရုစိုက်ဖို့ လိုမှာလည်းဖြစ်ပါတယ်။ အရေပြားကတော့ အသိသာဆုံးထိခိုက်တဲ့ အစိတ်အပိုင်းပါ။ ဒီဆောင်းပါးလေးထဲမှာ သွေးဆုံးချိန်မှာ ခံစားရနိုင်တဲ့ အရေပြားပြဿနာကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာပြောပြပေးပါရစေ။ သွေးဆုံးခြင်းနဲ့ အသားအရေ သွေးဆုံးတာက အသားအရေကို ပြောင်းလဲမှု တော်တော်လေးဖြစ်စေနိုင်ပါတယ်။ သွေးဆုံးချိန်မှာ ခန္ဓာကိုယ်က ကော်လာဂျင်ထုတ်လုပ်မှုကို ရပ်တန့်လိုက်ပါတယ်။ ကော်လာဂျင်ထုတ်လုပ်မှုကို ရပ်တန့်လိုက်တာနဲ့ တစ်ဆက်တည်းမှာပဲ အရေပြားအောက်က အဆီအချို့က လျော့ရဲလာပြီး အရေပြားရဲ့ ကျုံ့ဆန့်အားလည်း ကျဆင်းသွားပါတယ်။ ဟော်မုန်းပြောင်းလဲမှုကြောင့် အရေပြားခြောက်သွေ့မှုကိုလည်း ခံစားရမှာဖြစ်ပါတယ်။ လည်ပင်း၊ မေးရိုးနဲ့ ပါးတွေမှာ အသားအရေတွဲကျတာတွေ ဖြစ်လာမှာပါ။ မျက်နှာပေါ်မှာ အရေးအကြောင်းတွေနဲ့ မျက်လုံးထောင့်မှာ အရေပြားတွန့်တာတွေ၊ အပေါ်နှုတ်ခမ်းအထက်ပိုင်းမှာ အရေပြားတွန့်တာတွေ ဖြစ်လာမှာလည်း ဖြစ်ပါတယ်။ သွေးဆုံးချိန်မှာ […]


ရာသီလာခြင်း

ရာသီသွေးဆင်းများရင် သွေးအားနည်းရောဂါ ဖြစ်နိုင်လား

ရာသီသွေးဆင်းများရင် သွေးအားနည်းရောဂါ ဖြစ်နိုင်လား ဆိုတဲ့ အဖြေလေးကို ဆောင်းပါးထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော်။ သွေးအားနည်းရောဂါ ဆိုတာ သွေးထဲမှာ ဟေမိုဂလိုဘင်လျော့နည်းခြင်း ဖြစ်ပါတယ်။ သွေးနီဥဆဲလ်တွေမှာအရေးပါတဲ့ ဟီမိုဂလိုဘင်ပရိုတင်းရဲ့လုပ်ဆောင်ချက်အတွက် သံဓာတ်ကအရေးပါပါတယ်။ သွေးအားနည်းခြင်းဖြစ်စေတဲ့ အကြောင်းရင်းတွေက သွေးဆုံးရှုံးမှုများခြင်း၊ သန်ကောင်ဝင်ခြင်း၊ အာဟာရဓာတ်ချို့တဲ့ခြင်း၊ အာဟာရစုပ်ယူနိုင်စွမ်းပြဿနာနဲ့ နာတာရှည်ရောဂါတို့ ပါဝင်ပါတယ်။ သံဓာတ်ချို့တဲ့တဲ့အခါ ခန္ဓာကိုယ်အနှံ့ကဆဲလ်တွေက အောက်ဆီဂျင်ချို့တဲ့လာပါတယ်။ သွေးအားနည်းခြင်းက ဓမ္မတာလာနေစဉ်အတွင်း သွေးဆင်းများခြင်းအပါအဝင် တခြားအကြောင်းရင်းတွေလည်း ရှိနိုင်ပါတယ်။ ရာသီသွေးဆင်းများရင် သွေးအားနည်းရောဂါ ဖြစ်နိုင်လား အမျိုးသမီးတွေက လတိုင်းဓမ္မတာ သွေးဆင်းတဲ့အခါ သွေးနီဥဆဲလ်မှာ ပါသွားတဲ့ သံဓာတ်လည်း ဆုံးရှုံးရပါတယ်။ စားသောက်လိုက်တဲ့ သံဓာတ် ပမာဏက ဆုံးရှုံးသွားတဲ့ပမာဏကို လစဉ် ပြန်မဖြည့်တင်းပေးနိုင်တဲ့အခါ သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ ဖြစ်လာနိုင်ပါတယ်။ သွေးဆင်းများတဲ့ အမျိုးသမီးတွေမှာသွေးအားနည်းရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ သွေးအားနည်းစေတာက ရာသီသွေးဆင်းခြင်း တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ကိုယ်ဝန်ရှိချိန်နဲ့ နို့တိုက်ကျွေးချိန်အတွင်း […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း