အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတစ်လျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ သူတို့ကို အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ ပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ

သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၄ ဦးမှာ ၁ ဦးက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် ခံရဖူးပါတယ်။ အကြမ်းဖျင်းအားဖြင့် အမျိုးသမီး ၈ ဦးမှာ ၁ ဦးနှုန်းဟာ အလုပ်ခွင် ဒါမှမဟုတ် သူတို့ ကျင်လည်ရာ လူမှုပတ်ဝန်းကျင်မှာ နှုတ်အားဖြင့် ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ခံစားရဖူးပါတယ်။ ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ လေ့လာမှုကို ၇ နှစ်ကြာ လုပ်ဆောင်ခဲ့ပါတယ်။ လေ့လာမှုမှာ အမျိုးသမီး အသက် ၅၃ နှစ် ဝန်းကျင် အမျိုးသမီး ၃၃၁၂၇ ဦး […]

အမျိုးသမီး ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

ရာသီလာခြင်း

ရာသီလာချိန်မှာဖြစ်တဲ့ ဝက်ခြံတွေကို ဘယ်လိုဖြေရှင်းမလဲ

အမျိုးသမီးတွေဟာ တစ်လမှာတစ်ကြိမ် ရာသီသွေးဆင်းလေ့ရှိကြပြီး ရာသီသေးဆင်းချိန်မှာ စိတ်မကြည်မသာဖြစ်တာ၊ ခန္ဓာကိုယ်နာကျင်ကိုက်ခဲတာနဲ့ လေပွတာမျိုးတွေဖြစ်နိုင်ပါတယ်။နောက်ထပ်တွေ့ရနိုင်တဲ့ပြဿနာက မျက်နှာပါ်မှာ ဝက်ခြံတွေထွက်တာပါပဲ။ အမျိုးသမီးတိုင်းဖြစ်တတ်တာတော့မဟုတ်ပါဘူး။ အခုတစ်ခါတော့ ရာသီလာချိန်မှာ ဝက်ခြံထွက်လာတဲ့အခါဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။ လေ့လာမှုတွေအရတော့ ဝက်ခြံထွက်လေ့ရှိတဲ့ အမျိုးသမီး ၆၃ ရာခိုင်နှုန်းက ရာသီမလာခင်နဲ့ရာသီလာချိန်တွေမှာ ဝက်ခြံထွက်တတ်ကြတယ်လို့ဆိုပါတယ်။ ရာသီမလာခင် တစ်ပတ် ဒါမှမဟုတ် ၁၀ ရက်လောက်ကြိုပြီး ဝက်ခြံထွက်တတ်ကြပြီး ရာသီလာချိန်မှာဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်တဲ့ ဝက်ခြံဆိုရင်တော့ ရာသီလာချိန်မှာ တဖြည်းဖြည်းချင်းသက်သာသွားလေ့ရှိပါတယ်။ ရာသီလာချိန်မှာ ဘာကြောင့်ဝက်ခြံပေါက်ရတာလဲ ပျမ်းမျှအားဖြင့်ကတော့ ၂၈ ရက်တစ်ခါလောက်မှာ ရာသီသွေးပေါ်တတ်ပြီး ရာသီသွေးဆင်းနေတဲ့ ရက်တိုင်းမှာလည်း ခန္ဓာကိုယ်ရဲ့ဟော်မုန်းက တစ်ရက်နဲ့တစ်ရက်မတူကြပါဘူး။ ရာသီသွေးဆင်းတဲ့ အစောပိုင်းရက်တွေမှာ ခန္ဓာကိုယ်ထဲမှာestrogenဟော်မုန်းတွေများနေတတ်ပြီး နောက်ပိုင်းရက်တွေမှာတော့progesterone ကများလာပါတယ်။ progesterone ပမာဏ များလာလေလေ အရေပြားရောင်ရမ်းမှုနဲ့ ချွေးပေါက်ပိတ်ဆို့မှုက ဆိုးလာလေလေပါ။ အရေပြားမှာ အဆီတွေပိတ်ဆို့မှုများလာတဲ့အခါ မျက်နှာမှာ ဝက်ခြံတွေဖြစ်လာပါတော့တယ်။ ရာသီလာနေချိန်မှာ testosteroneဟော်မုန်းပမာဏကလည်း ပုံမှန်ထက် […]


ရာသီလာခြင်း

ရာသီလာချိန်မှာ မစားသင့်တဲ့ အစားအစာ (၆ ) မျိုး

အမျိုးသမီးတွေဟာ ရာသီလာနေပြီဆိုတာနဲ့ ခံစားရတတ်တဲ့ ဗိုက်ပွခြင်း၊ နာကျင်ကိုက်ခဲခြင်းဝေဒနာတွေ သက်သာစေဖို့ဆေးဝါးတွေ၊ အစားအစာတွေကို အားကိုးတတ်ကြပါတယ်။ ဒါလေးနဲ့ သက်သာတယ်ကြားရင် စားကြည့်လိုက်၊ သောက်ကြည့်လိုက်နဲ့ စုံလို့ပါပဲ။ ဒါပေမယ့် အဲဒီလို သက်သာစေတယ်ဆိုတဲ့ အစားအစာတချို့က နောက်ပိုင်းမှာ ရာသီလာစဉ်ဝေဒနာကို ဒီထက်တောင်ပိုဆိုးစေနိုင်တာတွေ ရှိပါတယ်။ ဒီတစ်ခေါက်တော့ ရာသီလာချိန်မှာ မစားသင့်တဲ့ အစားအစာ တွေကို ပြောပြပေးချင်ပါတယ်။ ရာသီလာချိန်မှာ မစားသင့်တဲ့ အစားအစာ (၆ ) မျိုး လက်ဖက်မစားရဘူး၊ လက်ဖက်ရည်မသောက်ရဘူးဆိုပြီး ပြောလေ့ရှိကြပေမယ့် တကယ်တမ်းမစားသင့်တဲ့ အရာတွေကိုတော့ မသိလိုက်ဘဲ စားမိနေကြပါတယ်။ အစားအစာရွေးချယ်မှုမှားတဲ့အခါ ရာသီလာစဉ် နာကျင်ကိုက်ခဲမှုတွေကို ပိုဆိုးစေနိုင်လို့ ရှောင်သင့်တဲ့ အစားအစာတွေကို ဖော်ပြလိုက်ပါတယ်။ ရာသီလာချိန်မှာ မစားသင့်တဲ့ အစားအစာ တွေက (၁) ပြုပြင်စီမံထားတဲ့အစားအစာများ ဗိုက်ပွနေတဲ့ဝေဒနာရဲ့ တရားခံကို သိပါရဲ့လား။ အငန်ဓာတ်ကဲတဲ့ စားစရာတွေပေါ့။ ပြုပြင်စီမံထားတဲ့ စားစရာတွေဟာ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

Vaginal Dryness (မိန်းမကိုယ်ခြောက်သွေ့ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Vaginal Dryness (မိန်းမကိုယ်ခြောက်သွေ့ခြင်း) ကဘာလဲ။ မိန်းမကိုယ်ခြောက်သွေ့တယ်ဆိုတာ အထူးသဖြင့်သွေးဆုံးပြီးတဲ့အမျိုးသမီးတွေမှာပိုဖြစ်လေ့ရှိပေမဲ့ အသက်အရွယ်မရွေးကြုံတွေ့ရနိုင်ပါတယ်။ သွေးဆုံးတဲ့အခါမှာ အမျိုးသမီးတွေခန္ဓါကိုယ်က အီစရိုဂျင်ဟော်မုန်းထုတ်လုပ်မှုတဖြည်းဖြည်းနည်းသွားပြီး ရပ်တန့်သွားလေ့ရှိတယ်။ ဒီလိုဖြစ်သွားတဲ့အခါမှာ မလိုလားအပ်တဲ့နောက်ဆက်တွဲပြောင်းလဲမှုတွေဖြစ်ပေါ်လာလေ့ရှိတယ်။ ဥပမာအားဖြင့် ရာသီလာတာမမှန်တော့ဘူး၊ နောက်ပိုင်းလုံးဝရပ်သွားမယ်၊ စိတ်အပြောင်းအလဲမြန်မယ် မျက်နှာနီမြန်းမယ်၊ အသံသြလာမယ်၊ နောက်ပြီး မျက်နှာမှာ အမွှေးအမျှင်တွေထူလာမယ်။ မိန်းမကိုယ်ခြောက်သွေ့တယ်ဆိုတာလည်း သွေးဆုံးတဲ့လက္ခဏာတစ်ခုထဲပါဝင်ပြီး အမျိုးသမီး ၃ယောက်မှာ တစ်ယောက်တော့ကြုံရလေ့ရှိပါတယ်။ ဒီလိုဖြစ်တာဘာမှမဟုတ်ဘူးလို့ထင်ရနိုင်ပေမဲ့ မိန်းမကိုယ်မှာရှိသင့်တဲ့စိုထိုင်းမှုမရှိပဲ ခြောက်သွေ့နေတာက အမျိုးသမီးတစ်ယောက်ရဲ့ လိင်စိတ်ကိုအများကြီးသက်ရောက်မှုဖြစ်စေပါတယ်။ ကံကောင်းတာက ဒီလိုမိန်းမကိုယခြောက်သွေ့တာကို ကုသဖို့နည်းလမ်းတချို့ ပေါ်နေပါပြီ။ Vaginal Dryness (မိန်းမကိုယ်ခြောက်သွေ့ခြင်း) က ဘယ်လောက်အဖြစ်များသလဲ မိန်းမကိုယ်ခြောက်သွေ့ခြင်းကိုအမျိုးသမီးတော်တော်များများတွေ့ကြုံရလေ့ရှိပါတယ်။ နောက်ထပ်သိရှိလိုတာများအတွက် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပေးပါ။ လက္ခဏာများVaginal Dryness (မိန်းမကိုယ်ခြောက်သွေ့ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ တစ်ချို့အမျိုးသမီးတွေက မိန်းမကိုယ်ခြောက်သွေ့တာကို လိင်ဆက်ဆံတဲ့အခါမှကြုံတွေ့ရလေ့ရှိပေမဲ့ တစ်ချို့ကျတော့လည်း အမြဲတမ်းတွေ့ကြုံနေရာတာမျိုးလည်းရှိပါတယ်။ မိန်းမကိုယ်ခြောက်သွေ့တာကြောင့် အောက်ပါပြဿနာတွေဖြစ်ပေါ်နိုင်ပါတယ်: မိန်းမကိုယ်တွင် ယားယံခြင်း၊ မသက်မသာခံစားရခြင်း၊ ရောင်ရမ်းခြင်း၊ ပူစပ်ပူလောင်ခံစားရခြင်း လိင်ဆက်ဆံရာတွင် အဆင်မပြေခြင်း လိင်စိတ်လျော့နည်းလာခြင်း လိင်စိတ်နိုးကြားရန်ခက်ခဲခြင်း၊ ဆန္ဒပြီးမြောက်ရန်ခက်ခဲခြင်း မိန်းမကိုယ်မျက်နှာပြင်မှာဖြူဖျော့ပါးလွှာနေခြင်း မိန်းမကိုယ်လမ်းကြောင်းမှာ […]


မိန်းမကိုယ်ရောင်ရမ်းခြင်း

Vaginitis (မိန်းမကိုယ်ရောင်ရမ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Vaginitis (မိန်းမကိုယ်ရောင်ရမ်းခြင်း) ကဘာလဲ။ မိန်းမကိုယ်ရောင်ရမ်းခြင်းဆိုသည်မှာ မိန်းမကိုယ်သည်ရောင်ရမ်းနာကျင်၍ ယားယံကာ အရည်များဆင်းခြင်းကို ဆိုလိုသည်။ ဖြစ်ရသော အကြောင်းအရင်းမှာ မိန်းကိုယ်အတွင်းရှိ ဘက်တီးရီးယား(သို့) အခြားသောပိုးများ မမျှတ၍ဖြစ်သည်။ သွေးဆုံးပြီးသောအခါအီစထရိုဂျင်ဟော်မုန်းပမာဏများသွေးထဲတွင် လျော့ကျလာခြင်းနှင့် အခြားသော အရေပြားရောဂါများသည် မိန်းမကိုယ်ရောင်ရမ်းခြင်းကို ဖြစ်စေတတ်သည်။ အဖြစ်အများဆုံးသော မိန်းမကိုယ်အားရောင်ရမ်းစေသည့် ပုံစံကွဲများမှာ ဘက်တီးရီးရဲ ဗဂျိုင်နိုးစစ်၊ရီးစ်ဟူသော မှိုရောဂါတစ်မျိုး နှင့် ထရိုင်ခိုမိုနီရေးစစ်တို့ဖြစ်သည်။ ဘက်တီးရီးရဲ ဗဂျိုင်နိုးစစ်မှာ မိန်းမကိုယ်အတွင်းရှိ ပုံမှန်တွေ့ရှိရသော ဘက်တီးရီးယားများနှင့် ရီးစ်ဟူသောမှိုရောဂါမှာ ကန်ဒီဒါ အယ်လ်ဘီကန်ကဲ့သို့သော မှိုများ လွန်စွာပေါက်ပွားနေ၍ဖြစ်ပြီး ထရိုင်ခိုမိုနီးရေးစစ်မှာ လိင်ဆက်ဆံရာမှ ကူးစက်သည့် ကပ်ပါးကောင်များကြောင့်ဖြစ်သည်။ ကုသမှုမှာ ဖြစ်ပွားသော မိန်းမကိုယ်ရောင်ရမ်းခြင်း၏ ပုံစံအမျိုးအစားပေါ်တွင်မူတည်သည်။ Vaginitis (မိန်းမကိုယ်ရောင်ရမ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ အလွန်အဖြစ်များသော ရောဂါဖြစ်သည်။ အမျိုးသမီးအများစုသည် အမျိုးမျိုးသော မိန်းမကိုယ်ရောင်ရမ်းစေသည့် ရောဂါပုံစံကွဲများကို အနည်းဆုံး တစ်ကြိမ်ခန့်ဘဝတစ်လျှောက်တွင် ကြုံဖူးကြသည်။ သို့သော် […]


သားဥအိမ်အရည်အိတ်တည်ခြင်း ရောဂါစု

Polycystic Ovary Syndrome (မမျိုးဥအိမ် အရည်အိတ်တည်ခြင်း ရောဂါစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Polycystic Ovary Syndrome (မမျိုးဥအိမ် အရည်အိတ်တည်ခြင်း ရောဂါစု) ကဘာလဲ။ ဟော်မုန်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပါတယ်။ ရောဂါသည်အမျိုးသမီးတွေမှာ သူတို့ရဲ့မမျိုးဥအိမ်မှာ အရည်အိတ်သေးသေးလေးတွေ တည်ခြင်းဖြစ်ပါတယ်။ အရည်အိတ်လေးတွေထဲမှာ အရည်တွေနဲ့ပြည့်နေပြီး မရင့်မှည့်သေးတဲ့မျိုးဥတွေ ပါပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မမျိုးဥအိမ်က ကြီးလာနိုင်ပါတယ်။ ရာသီစက်ဝန်း၊ မျိုးအောင်ခြင်း၊ နှလုံးလုပ်ဆောင်ရည်နဲ့ ရုပ်ရည်သွင်ပြင်ကို ပြဿနာပေးနိုင်ပါတယ်။ ဓမ္မတာအများကြီးဆင်းတာမျိုး၊ မျက်နှာသို့ ကိုယ်လုံးမှာ အမွေးများလာတာထူလာတာမျိုး ဖြစ်နိင်ပါတယ်။ ဒီရောဂါက သင့်ခန္ဓါကိုယ်က အမျိုးသမီးဟော်မုန်းထက် အမျိုးသားဟော်မုန်းကိုပိုထုတ်ပေးတာကြောင့် ဖြစ်ပါတယ်။ Polycystic Ovary Syndrome (မမျိုးဥအိမ် အရည်အိတ်တည်ခြင်း ရောဂါစု) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ ကလေးမွေးနိုင်တဲ့အရွယ်အမျိုးသမီး ၁၀ယောက်မှာ၁ယောက် နဲ့ အယောက်၂၀မှာ ၁ယောက်ဖြစ်နိုင်ပါတယ်။ ရာဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများPolycystic Ovary Syndrome (မမျိုးဥအိမ် […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

Female Sexual Dysfunction (အမျိုးသမီးများတွင်လိင်ဆိုင်ရာမူမမှန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Female Sexual Dysfunction (အမျိုးသမီးများတွင်လိင်ဆိုင်ရာမူမမှန်ခြင်း) ကဘာလဲ။ အမျိုးသမီးများတွင်လိင်ဆိုင်ရာမူမမှန်ခြင်းမှာ လိင်ပိုင်ဆိုင်ရာ တုံ့ပြန်မှု၊ လိင်စိတ်၊ အထပြီးမြောက်စိတ် သို့မဟုတ် ဆက်ဆံစဉ် နာကျင်နေခြင်း သို့မဟုတ် ပါတနာနှင့် ဆက်ဆံရေးတွင် ထိခိုက်နေခြင်း စသည့် အမြဲတမ်း သို့မဟုတ် ခဏခဏဖြစ်နေတတ်သော ပြဿနာများကို ဆိုလိုပါသည်။ ယနေ့ခေတ်တွင် အမျိးသမီးအများအပြား၌ ထိုကဲ့သို့လိင်ပြဿနာများကို အတိုင်းအတာတစ်ခုထိ ကြုံတွေ့နေကြရ၏။ အမျိုးသမီးများတွင် လိင်ဆိုင်ရာမူမမှန်ခြင်းမှာ မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်လာနိုင်သည်။ တစ်သက်လုံးဖြစ်နေနိုင်သလို သက်ကြီးပိုင်းမှ စဖြစ်တာမျိုးလည်း ရှိပါသည်။ တစ်ချို့သော လိင်ဆိုင်ရာအခြေအနေမှသာဖြစ်တတ်သလို လိင်ဆက်ဆံတိုင်း ဖြစ်နေတာမျိုးလည်း ဖြစ်နိုင်၏။ လိင်ပိုင်းဆိုင်ရာတုန့်ပြန်မှုဆိုသည်မှာ ဇီဝကမ္မ၊ စိတ်အခြေအနေ၊ အတွေ့အကြုံ၊ ယုံကြည်ချက်၊ နေထိုင်မှုပုံစံနှင့် ဆက်ဆံရေး အားလုံးခြုံငုံ ပါတ်သတ်နေသည့်ကိစ္စဖြစ်သည်။ ထိုထဲမှတစ်ခုခုတွင် ပြဿနာပေါ်လာပါက လိင်စိတ်၊ ဆက်ဆံလိုစိတ်၊ ကျေနပ်စိတ် စသည်တို့တွင် ထိခိုက်လာပြီး […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

Endometrial Hyperplasia (အမ်ဒိုမက်ထရီယမ်ထူခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Endometrial Hyperplasia (အမ်ဒိုမက်ထရီယမ်ထူခြင်း) ကဘာလဲ။ အမ်ဒိုမက်ထရီယမ်ဆိုသည်မှာ သားအိမ်၏နံရံအလွှာတစ်ခုဖြစ်ပြီး မတန်တဆ ဆဲလ်ကြီးထွားခြင်းကြောင့် ထူလာတတ်ပါသည်။ ထိုအခြေအနေအား အမ်ဒိုမက်ထရီယမ်ထူခြင်းဟု ခေါ်၏။ ၎င်းသည် ကင်ဆာမဟုတ်သော်လည်း တစ်ချို့ဖြစ်ရပ်များတွင် ကင်ဆာဖက်သို့ ကူးသွားနိုင်ပါသည်။ အမ်ဒိုမက်ထရီယမ်မှာ ရာသီစက်ဝန်တလျှောက် ဟော်မုန်းများအား တုန့်ပြန့်ခြင်းအားဖြင့် ပြောင်းလဲနိုင်စွမ်းရှိပါသည်။ စက်ဝန်း၏ ပထမအပိုင်းတွင်း မဟော်မုန်းကို သားဥအိမ်များမှ ထုတ်၏။ မဟော်မုန်းသည် နံရံအလွှာအား ကြီးထွားလာစေပြီး သန္ဓေတည်ရန်အတွက် သားအိမ်ကို အရံသင့်ပြင်ပေးလိုက်သည်။ နောက်တစ်ပိုင်း စက်ဝန်းအလယ်ပိုင်းတွင် သားဥအိမ်တစ်ခုမှ သားဥကြွေလာပါသည်။ သားဥကြွေပြီးနောက် ပရိုဂျက်စတီရုမ်းခေါ်သော နောက်ဟော်မုန်းတစ်မျိုး စထွက်လာ၏။ ထိုဟော်မုန်းသည် သားဥအား အာဟာရပြုရန် လက်ခံရန် အမ်ဒိုမက်ထရီယမ်ကို ပြုပြင်ပေးပြန်သည်။ သန္ဒေမတည်ဖြစ်ပါက မဟော်မုန်းနှင့် ပရိုဂျက်စတီရုမ်း လယ်ဗယ်များ တဖြည်းဖြည်းလျော့ကျသွား၏။ ပရိုဂျက်စတီရုမ်းကျသွားသည့်အခါ ရာသီစလာစေပါတော့သည့်။ တနည်း နံရံအလွှာ ကွာကျလာပါသည်။ နံရံလုံးဝကွာချပြီးသည့်အခါ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

Cervical Incompetance (သားအိမ်ခေါင်းမလုံခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cervical Incompetance (သားအိမ်ခေါင်းမလုံခြင်း) ကဘာလဲ။ သားအိမ်ခေါင်းမလုံခြင်းဟာ သားအိမ်ခေါင်းတစ်သျူးတွေအားနည်းခြင်းကြောင့်ဖြစ်ပြီး လမစေ့ခင်မွေးဖွားခြင်း သို့ ကိုယ်ဝန်ပျက်ကျခြင်းဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်မဆောင်ခင်မှာ မွေးလမ်းကြောင်း ခေါ် သားအိမ်လမ်းကြောင်းနဲ့ဆက်ထားတဲ့ သင့်သားအိမ်အဖျားပိုင်းဖြစ်တဲ့သားအိမ်ခေါင်းဟာ ပုံမှန်အားဖြင့် ပိတ်ထားလေ့ရှိပြီးမာကြောပါတယ်။ ကိုယ်ဝန်ရင့်လာပြီး မွေးရန်နီးလာတာနဲ့အမျှ သားအိမ်ခေါင်းတဖြေးဖြေးပျော့ပြီး ပါးလာပါတယ်။ ဒါကြောင့် သားအိမ်ခေါင်းပါးသူတွေဟာ စောစီးစွာသားအိမ်ပွင့်သွားနိုင်တယ်။ ထိုအခါမှန်းထားတာထက် ပိုပြီးစောစော မီးဖွားသွားနိုင်ပါတယ်။ သားအိမ်ခေါင်းမလုံခြင်းဟာ ရောဂါရှာဖွေသိရှိနိုင်ဖို့ခက်ခဲတာကြောင့် ကုသဖို့လည်းခက်ခဲနိုင်ပါတယ်။ စောစီးစွာသားအိမ်ခေါင်းပွင့်လာတာသိပါက ကျန်းမာရေးစောင့်ရှောက်သူက ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ကာကွယ်စောင့်ရှောက်မှုဖြစ်တဲ့ မကြာခဏအာထရာဆောင်းရိုက်ခြင်း၊ ဒါမှမဟုတ် အားကောင်းသောချုပ်ရိုးတွေနဲ့ ကျဉ်းပေးပါလိမ့်မယ်။ Cervical Incompetance (သားအိမ်ခေါင်းမလုံခြင်း) က ဘယ်လောက်အဖြစ်များသလဲ အမေရိကန်ပြည်ထောင်စုမှာတော့ရှားပါးပါတယ်။ ကိုယ်ဝန်ဆောင်သည်အားလုံးရဲ့ ၁-၂ ရာခိုင်နှုန်းလောက်သာဖြစ်ပြီး ကိုယ်ဝန်ဆောင်ချိန်ဒုတိယကာလမှာ သားပျက်သူတွေရဲ့ ၂၀ မှ ၂၅ ရာခိုင်နှုန်းခန့်ဖြစ်တယ်။ သို့ပေမယ့် ရောဂါဖြစ်ခြင်းကိုအားပေးတဲ့အချက်တွေ၊ အခြေအနေတွေကို လျှော့ချခြင်းအားဖြင့် ထိန်းချုပ်နိုင်တယ်။ လက္ခဏာများCervical Incompetance (သားအိမ်ခေါင်းမလုံခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ဆိုးတာကတော့ ကိုယ်ဝန်ဆောင်အစပိုင်းအချိန်တွေမှာ […]


မိန်းမကိုယ်ရောင်ရမ်းခြင်း

Cervicitis (သားအိမ်ခေါင်းရောင်ရမ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cervicitis (သားအိမ်ခေါင်းရောင်ရမ်းခြင်း) ကဘာလဲ။ သားအိမ်အောက်ပိုင်းအဆုံးဘက်၊ မွေးလမ်းကြောင်းနဲ့ ဆက်သွယ်ထားတဲ့ သားအိမ်ခေါင်းလို့ခေါ်တဲ့ အပိုင်းရောင်ရမ်းခြင်းဖြစ်တယ်။ သားအိမ်ခေါင်းရောင်နေလျက် ဘာလက္ခဏာမှမပြတာဖြစ်နိုင်ပါတယ်။ သတိပြုနိုင်တဲ့ လက္ခဏာတွေကတော့ ဓမ္မတာလာချိန်မဟုတ်ဘဲ သွေးဆင်းခြင်း၊ အကျိအချွဲ အရည်များဆင်းခြင်း တို့ဖြစ်တယ်။ သားအိမ်ခေါင်းရောင်ခြင်းက အဖြစ်များပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီး ရောဂါပိုးဝင်ခြင်း၊ ဓါတုပစ္စည်း၊ ရုပ်ပိုင်းဆိုင်ရာ အနှောင့်အယှက်တွေနဲ့ ဓါတ်မတည့်ခြင်းတွေကြောင့်လည်းဖြစ်နိုင်တယ်။ တခါတလေတော့ Chlamydia, gonorrhea တို့လို လိင်ဆက်ဆံမှုကနေ ကူးစက်တတတ်တဲ့ ကူးစက်ရောဂါတွေကြောင့်လည်းဖြစ်လာနိုင်ပါတယ်။ ရောဂါပိုးမဝင်ဘဲလည်းဖြစ်နိုင်ပြီး ကုသမှုတွေကတော့ ရောင်ရမ်းခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းကို ကုသရပါတယ။် ဒါကြောင့် သားအိမ်ခေါင်းရောင်ရမ်းရခြင်းရဲ့ အကြောင်းအရင်းကို သိရဖို့က အရမ်းအရေးကြီးတယ်ဆိုတာ သတိပြုမိလောက်ပါပြီ၊ ရောဂါပိုးဝင်ခြင်းကြောင့်ဖြစ်ရတယ်ဆိုရင် သားအိမ်ခေါင်းအပြင် တခြားသော သားအိမ်၊ သားဥပြွန်နဲ့ ဆီးခုံရိုးထဲမှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းများ၊ ဝမ်းဗိုက်ထဲမှာရှိထဲ အင်္ဂါများပါ ပျံ့သွားနိုင်ပြီး အသက်အန္တရာယ်ထိခိုက်လာနိုင်ပါတယ်။ ထိုအခါမှာဆိုရင် မျိုးပွားနိုင်စွမ်း၊ ကိုယ်ဝန်ဆောင်နိုင်စွမ်းတွေကို […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

Premature Ovarian Failure (အချိန်မတိုင်ခင် သားဥအိမ် ပျက်စီးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Premature Ovarian Failure (အချိန်မတိုင်ခင် သားဥအိမ် ပျက်စီးခြင်း) ကဘာလဲ။ အချိန်မတိုင်ခင် သားဥအိမ်ပျက်စီးခြင်း ဆိုတာဟာ အသက် ၄၀ မပြည့်ခင်ကတည်းက သားဥအိမ်ရဲ့ ပုံမှန်လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေ ပျက်စီးသွားတာ၊ မလုပ်ဆောင်နိုင်တော့တာ ကိုဆိုလိုပါတယ်။ သားဥအိမ်တွေပျက်စီးသွားတဲ့အခါ ပုံမှန်အတိုင်း အီစထရိုဂျင် ဟော်မုန်း မထုတ်နိုင်တော့တဲ့ အပြင် သားဥလေးတွေကို လည်း ပုံမှန်မထုတ်ပေးနိုင်တော့ ပါဘူး။ အဲဒီအတွက်ကြောင့် မျိုးမအောင်ခြင်း ဆိုတာ ဖြစ်လာရပါတယ်။ Premature Ovarian Failure (အချိန်မတိုင်ခင် သားဥအိမ် ပျက်စီးခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီလို ဖြစ်တဲ့ အခြေအနေက ရှားပါးပါတယ်။ အသက် ၄၀အောက် အမျိုးသမီး အယောက် ၁၀၀ မှာ ၁ယောက်လောက်သာ ဖြစ်နိုင်ပါတယ်။ အဲဒီရောဂါ ကို ဖြစ်ဖို့ အားပေးနေတဲ့ အချက်တွေကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း