အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတစ်လျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ သူတို့ကို အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ ပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ

သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၄ ဦးမှာ ၁ ဦးက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် ခံရဖူးပါတယ်။ အကြမ်းဖျင်းအားဖြင့် အမျိုးသမီး ၈ ဦးမှာ ၁ ဦးနှုန်းဟာ အလုပ်ခွင် ဒါမှမဟုတ် သူတို့ ကျင်လည်ရာ လူမှုပတ်ဝန်းကျင်မှာ နှုတ်အားဖြင့် ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ခံစားရဖူးပါတယ်။ ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ လေ့လာမှုကို ၇ နှစ်ကြာ လုပ်ဆောင်ခဲ့ပါတယ်။ လေ့လာမှုမှာ အမျိုးသမီး အသက် ၅၃ နှစ် ဝန်းကျင် အမျိုးသမီး ၃၃၁၂၇ ဦး […]

အမျိုးသမီး ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသမီး ကျန်းမာရေး

ရာသီသွေးပေါ် တာနဲ့ ပတ်သက်လို့ ပျိုမေတို့ သိချင်နေတဲ့ မေးခွန်းတွေနဲ့ အဖြေတွေ

ရာသီသွေးပေါ် တယ်ဆိုတာ အရွယ်ရောက်တဲ့ အမျိုးသမီးတိုင်း ကြုံတွေ့နေရတဲ့ ကိစ္စတစ်ခုပါ။ သဘာဝအရ ရာသီသွေးပေါ် နေရပေမယ့် ကိုယ့်ဆီမှာ ဖြစ်နေတဲ့ ဓမ္မတာလာခြင်းနဲ့ ပတ်သက်တဲ့ တချို့ကိစ္စတွေကို မသိတဲ့သူတွေ အများကြီးပါ။ ဒီထဲကမှ ရာသီသွေးပေါ် တာနဲ့ ပက်သက်လို့ ပျိုမေတို့ အမေးအများဆုံး မေးခွန်းတွေကို ပြန်ဖြေပေးချင်ပါတယ်။ ရာသီသွေးပေါ် တာနဲ့ ပတ်သက်လို့ အမေးများတဲ့ မေးခွန်းများ Q - ရာသီ တစ်လ ထိန်သွားရင် ဘာလုပ်ရမလဲ။  ဓမ္မတာဆိုတာ တစ်လတစ်ခါ ပုံမှန်လာတတ်တယ်ဆိုပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ရာသီထိန်သွာတာမျိုးတွေရှိပါတယ်။ ကိုယ်ဝန်က လွဲလို့ရာသီ ထိန်သွားစေတဲ့ အကြောင်းအရာတွေကတော့ စိတ်ဖိစီးမှုများတာ၊ ခရီးသွားတာ၊ လေ့ကျင့်ခန်းလုပ်တာများသွားရင်၊ ကိုယ်အလေးချိန် ကျအောင် အတင်းဝိတ်ချနေတဲ့ အခါမျိုးတွေဆို ရာသီထိန်သွားတတ်ပါတယ်။ ဒါကြောင့် အရမ်းကြီး စိတ်မပူပါနဲ့။ တစ်လ ထိန်သွားရင် စိတ်တအားကြီး […]


အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးများ နဲ့ ဗီတာမင် D

တစ်ခါတလေမှာနေရောင်လေးနည်းနည်းလောက် ထိတွေ့တာကလည်း ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်ပါတယ်နော်။ မနက်ခင်းနေရောင် ခပ်နွေးနွေးလေးအောက်မှာ စက်ဘီးနင်းတြာဖစ်ဖြစ်၊ လမ်းလျှောက်တြာဖစ်ဖြစ်လုပ်ပေးတာကခန္ဓါကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် D ကိုရရှိစေနိုင်ပါတယ်။ ဗီတာမင် D ကလေဒီတို့ကျန်းမာဖို့အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ကာလရှည်ကြာသိလာခဲ့တဲ့ အသိတစ်ခုက ဗီတာမင် D ကအရိုးတွေကို သန်မာစေတယ်ဆိုတာပါ။ ငယ်စဉ်အရွယ် ကတည်းကနေတောက်လျှောက်ကြားလာခဲ့တာက အရိုး နဲ့ သွားတွေ ကြံ့ခိုင်သန်စွမ်းစေဖို့အတွက် ဗီတာမင် D ပါတဲ့နို့တွေကိုသောက်ဖို့ပြောကြတာပါ။ ဒါပေမယ့် မကြာသေးခင်ကပြုလုပ်ခဲ့တဲ့လေ့လာမှုတစ်ရပ်မှာတော့ ဗီတာမင် D က နှလုံးရောဂါ၊ ကင်ဆာ၊ နာကျင်ရောင်ရမ်းမှုဝေဒနာတွေ နဲ့ နာတာရှည်ရောဂါတော်တော်များများကို ကာကွယ်ပေးနိုင်တယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။ ဒီဆောင်းပါးလေးထဲမှာ အဓိကပြောချင်တာကတော့ ဗီတာမင် D ကလေဒီတို့အတွက်တော်တော်လေးအထောက်အကူပြုပေးတယ်ဆိုတာကိုပါ။ ဗီတာမင် D နည်းလာတဲ့အခါ အရိုးတွေမှာ ထိခိုက်တာတွေတော်တော်များပါတယ်။နောက်တစ်ချက်က အမျိုးသမီးတွေမှာ ဗီတာမင် D […]


ရာသီလာခြင်း

ဓမ္မတာ နောက်ကျရခြင်းရဲ့ အကြောင်းရင်းများ ။

အကယ်၍ အမျိုးသမီးတစ်ယောက်က ဓမ္မတာ ပုံမှန်လာနေပြီး ရုတ်တရက် ဓမ္မတာနောက်ကျနေတဲ့အခါမှာ မမျှော်လင့်ထားတဲ့ ကိုယ်ဝန် ကြောင့် နောက်ကျနေတာလာဆိုပြီး စိတ်ရှုပ်တတ်ကြပါတယ်။ ဒါပေမဲ့ ဓမ္မတာနောက်ကျရခြင်းအကြောင်းရင်းတွေ အများကြီး ရှိပြီး သန္ဓေတားဆေးကစလို့ စိတ်ဖိစီးမှုလို အကြောင်းရင်းတွေကြောင့်လည်း ဓမ္မတာ နောက်ကျနိုင်ပါတယ်။ ဒီဆောင်းပါးထဲမှာတော့ Hello Sayarwon ပရိတ်သတ်တွေအတွက် ဓမ္မတာ နောက်ကျနိုင်တဲ့အကြောင်းရင်း ၈ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ စိတ်ဖိစီးမှု များနေခြင်း။ စိတ်ဖိစီးမှုက ဓမ္မတာ စက်ဝန်းပေါ်ကို သက်ရောက်နိုင်ပါတယ်။ အထူးသဖြင့် အချိန်ကြာမြင့်စွာ စိတ်ဖိစီးနေမယ်ဆိုရင် အမျိုးသမီးတစ်ယောက်အနေနဲ့ ဓမ္မတာ ပိုတိုလာနိုင်သလို၊ ပိုရှည်လာနိုင်တဲ့အပြင် ဓမ္မတာ မလာတော့သည်အထိ ဖြစ်စေနိုင်ပါတယ်။ တစ်ချို့သော အမျိုးသမီး တွေမှာဆိုရင် စိတ်ဖိစီးနေတဲ့အချိန် ဓမ္မတာလာချိန် ဗိုက်နာခြင်းတွေကို ကြုံရလေ့ ရှိပါတယ်။ ဒါကြောင့် ဒီလို ဓမ္မတာနောက်ကျနေမယ်ဆိုရင် စိတ်ဖိစီးစေတဲ့အကြောင်းရင်းတွေကို […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးခန္ဓါဗေဒဆိုင်ရာသိထားရမယ့်အချက်များ

မျိုးပွားမှုတာဝန်ကိုဆောင်ရွက်ရတာကြောင့်အမျိုးသမီးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်က အမျိုးသားတွေနဲ့ မတူကွဲပြားနေပါတယ်။ အမျိုးသမီးတွေရဲ့ ပြင်ပမျိုးပွားဖွဲ့စည်းမှုမှာ အပိုင်း ၂ ပိုင်းပါဝင်ပါတယ်၊ ခန္ဓါကိုယ်တွင်းထဲကို သုတ်ကောင်တွေဝင်ရောက်စေနိုင်ဖို့လုပ်ဆောင်ပေးတဲ့အပိုင်းနဲ့ ကိုယ်တွင်းမျိုးပွားအင်္ဂါအစိတ်အပိုင်းကို ကူးစက်ရောဂါပိုးတွေမဝင်ရောက်နိုင်အောင်ကာကွယ်တဲ့အပိုင်းပဲဖြစ်ပါတယ်။ သားဥအိမ်များ သားဥအိမ်တွေဟာ အယ်မွန်လ်သီးအရွယ်အစားလောက်သာရှိတဲ့ သေးငယ်တဲ့ဂလင်းတွေဖြစ်ကြပါတယ်။ သားအိမ် ရဲ့အထက်ပိုင်းဘေးတစ်ဖက်တစ်ချက်စီတင်ပါးဆုံအတွင်းပိုင်းမှာရှိတာဖြစ်ပါတယ်။ သားဥအိမ်တွေဟာ မမျိုးဥ လို့ခေါ်တဲ့ estrogen နဲ့ progesterone တို့လိုမျိုး လိင်ပိုင်းဆိုင်ရာ ဟော်မုန်းတွေကိုထုတ်လုပ်ပေးပါတယ်။ သားဥတွေကို အမျိုးသမီးတစ်ဦးရဲ့ ငယ်စဉ်ကနေစလို့ အပျိုဖော်ဝင်ပြီးတဲ့နောက် အရွယ်ရောက်တဲ့အချိန် အထိတဖြည်းဖြည်းချင်းဖြစ်ပေါ်လာတဲ့ oocyte ဆဲလ်တွေကနေဖြစ်ပေါ်စေတာဖြစ်ပါတယ်။ လစဉ်သားဥကြွေချိန်တိုင်း မှာအရွယ်ရောက်ပြီးဖြစ်တဲ့ သားဥတွေကိုထုတ်လွှတ်ပေးပါတယ်။ သားဥတွေဟာ သားအိမ်ဆီကိုမရောက်ခင်မှာ သားဥပြွန်ကိုဖြတ်သန်းလာတာဖြစ်ပါတယ်။ သားဥပြွန် သားဥပြွန်ဆိုတာက သားဥအိမ်ရဲ့အစွန်းပိုင်း သားအိမ်အထက်ပိုင်း ဘယ်ဘက်နဲပညာဘက်အစွန်းတွေမှာရှိနေတဲ့ ကြွက်သားပြွန်အစုံလိုက်ကိုဆိုလိုတာဖြစ်ပါတယ်။ သားဥပြွန်ဟာထိပ်မှာရှိတဲ့ကတော့ပုံ နဲ့အခေါင်းပေါက်ပုံစံရှိတဲ့ infundibulum အရောက်မှာအဆုံးသတ်သွားပြီးဒီအစိတ်အပိုင်းကို လက်ချောင်းလေးတွေနဲ့သဏ္ဍာန်တူတဲ့ fimbriae ဆိုတဲ့အင်္ဂါအစိတ်အပိုင်းနဲ့ဖုံးအုပ်ထားပါတယ်။ fimbriae ကသားဥအိမ်အပြင်ဘက်မှာရှိနေပြီး ထုတ်လွှတ်လိုက်တဲ့ မျိုးဥတွေကို […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

ကျန်းမာနှစ်လိုဖွယ်ကောင်းတဲ့ မိန်းမကိုယ်လေး ဖြစ်အောင် ဘယ်လိုထိန်းသိမ်းမလဲ

အမျိုးသမီးများအနေနဲ့ များသောအားဖြင့် ကိုယ်ခန္ဓာရဲ့ အလွယ်တကူ မြင်တွေ့နိုင်တဲ့ အစိတ်အပိုင်းတွေကို ပိုပြီးအလေးထားတတ်ပြီး တတ်နိုင်သမျှ သန့်ရှင်း ကျန်းမာအောင် ထားတတ်ကြပါတယ်။ ဒါပေမယ့် ရင်းနှီးပြီး မေ့နေတတ်တဲ့ အရာရှိပါတယ်။ အဲ့ဒါကတော့ မိန်းမကိုယ် ပါပဲ။ ကျန်းမာသန့်ရှင်းတဲ့ မိန်းမကိုယ် အဖြစ် ထိန်းသိမ်းခြင်းကိစ္စကို လျှော့မတွက်သင့်ပါဘူး။ မိန်းမကိုယ်ကို ကျေနပ်ဖွယ်ကောင်းအောင်၊ ကျန်းမာအောင် ထိန်းသိမ်းနိုင်မယ့် နည်းတွေကို သတိပြုသင့်ပါတယ်။ ကျန်းမာနှစ်လိုဖွယ်ကောင်းတဲ့ မိန်းမကိုယ်လေး ဖြစ်အောင် ဘယ်လိုထိန်းသိမ်းမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ကျန်းမာနှစ်လိုဖွယ်ကောင်းတဲ့ မိန်းမကိုယ်လေး ဖြစ်အောင် ဘယ်လိုထိန်းသိမ်းမလဲ ကျန်းမာနှစ်လိုဖွယ်ကောင်းတဲ့ မိန်းမကိုယ်လေး ဖြစ်အောင် ဘယ်လိုထိန်းသိမ်းမလဲ ဆိုတော့ သင့်မိန်းမကိုယ်ကို ဆေးကြောတဲ့အခါ သတိပြုပါ။ အမျိုးသမီးတွေမှာ အထိခိုက်အလွယ်ဆုံး နေရာတခုကတော့ မိန်းမကိုယ် ပါပဲ။ ဒီအစိတ်အပိုင်းဟာ pH ပမာဏကို ဟန်ချက်ညီအောင် တိတိကျကျ ထိန်းသိမ်းပေးပါတယ်။ ဒါကြောင့် ပွတ်တိုက် […]


မိန်းမကိုယ်ရောင်ရမ်းခြင်း

အမျိုးသမီးတွေဘာကြောင့် မိန်းမကိုယ်မှာ မကြာခဏပိုးဝင်တာလဲ

မိန်းကလေးတိုင်း လိုလိုက မွေးရာပါ အလှကြိုက် ကြသူတွေပါ။ လှပမှု ဆိုတဲ့ နေရာမှာလည်း ပြီးပြည့်စုံတဲ့လှပမှု ဖြစ်ဖို့ လိုအပ်ပါမယ်။ ဒီလို ပြီးပြည့်စုံတဲ့ လှပမှုဖြစ်ဖို့ဆိုရင် ခေါင်းအစခြေအဆုံး တစ်ကိုယ်လုံးကို ဂရုစိုက်နိုင်မှ တော်ကာကျမှာပါ။ ဒီလို ဂရုစိုက်တဲ့အခါမှာ မေ့မထားသင့်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခု ရှိပါသေးတယ်။ ဒါကတော့ မိန်းမကိုယ် ပါ။ အမျိုးသမီးတွေရဲ့ ကျန်းမာလှပမှု အတွက် အရေးပါတဲ့ နေရာကနေ ပါဝင်နေတာပါ။ မိန်းမကိုယ်မှာ ပိုးဝင်ကူးစက်တာက ကျန်းမာရေးရော လှပမှုကိုပါ ထိခိုက်စေနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ မိန်းမကိုယ်ကနေ အဖြူဆင်းတာ၊ မိန်းမကိုယ် ယားယံတာ နဲ့ ပူစပ်ပူလောင် ဖြစ်တာမျိုးတွေ ခံစားရနိုင် ပါတယ်။ ဒီလို ဖြစ်တာက မိန်းမကိုယ်ရောင်ရမ်းတာကြောင့် ခံစားရတဲ့ လက္ခဏာတွေပါ။ မိန်းမကိုယ်မှာ ပိုးဝင်ကူးစက်တာက […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

Marie Antoinette syndrome (Marie Antoinette syndrome)

အဓိပ္ပါယ်ဖွင့်ဆိုချက်Marie Antoinette syndrome ဆိုတာဘာလဲ။ Marie Antoinette syndrome ဆိုတာက ဆံပင်တွေ ရုတ်တရတ်ဖြူသွားတဲ့အခြေအနေ (canities) ကို ရည်ညွှန်းပါတယ်။ ဒီနာမည်က ပြင်သစ်ဘုရင်မကြီး Marie Antoinette ရဲ့ပုံပြင်ကနေ ဖြစ်လာတာပါ။ သူမကို ၁၇၉၃ ခုနှစ်မှာ ကွပ်မျက်ခဲ့စဉ်က ရုတ်တရတ်ကြီး ဆံပင်ဖြူတွေပြောင်းသွားတယ်လို့ ဆိုကြပါတယ်။ အသက်ကြီးလို့ ဆံပင်ဖြူတာက သဘာဝပါ။ အသက်ကြီးလာတဲ့အခါ ဆံပင်အရောင်ကို ဖြစ်စေတဲ့ မယ်လနင်ရောင်ခြယ်ပစ္စည်းတွေ စနည်းလာပါတယ်။ ဒါပေမယ့် သည်ရောဂါကတော့ အသက်နဲ့မဆိုင်ဘူး။ alopecia areata ဆိုတဲ့ ရုတ်တရတ်ဆံပင်ကျွတ်တဲ့အခြေအနေနဲ့ ဆက်စပ်နေပါတယ်။ (ပုံပြင်ကမှန်မမှန်မသိရပေမယ့် Marie Antoinette ကွပ်မျက်ခံရတုန်းကအရွယ်က ၃၈ နှစ်ပဲရှိပါသေးတယ်။) Marie Antoinette syndrome ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Marie Antoinette syndrome က […]


မီးယပ်သွေးဆုံးခြင်း

Early menopause (အချိန်မတိုင်ခင်သွေးဆုံးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်အချိန်မတိုင်ခင်သွေးဆုံးခြင်း ဆိုတာဘာလဲ။ သွေးဆုံးခြင်းဆိုတာ ရာသီသွေးမပေါ်တော့တဲ့အချိန်ကို ခေါ်တာပါ။ ဆေးပညာမှာ ၁၂လဆက်တိုက် ရာသီမလာခြင်းလို့ အဓိပါယ်ဖွင့်ပါတယ်။ မိန်းမအများစုက အသက်၄၅နဲ့၅၅လောက်မှာ သွေးဆုံးခြင်းစတင်ပါတယ်။ တချို့မိန်းမတွေက မျိုးရိုးဗီဇ၊ နာမကျန်ခြင်းနဲ့ ဆေးကုသမှုတွေကြောင့် အသက်၄၀မတိုင်ခင် သွေးဆုံးကြပါတယ်။ ထိုအရွယ်မတိုင်ခင် သွေးဆုံးခြင်း (သဘာဝအတိုင်း သို့မဟုတ် အကြောင်းအရင်းတစ်ခုခုကြောင့်ဖြစ်ခြင်း)ကို အချိန်မတိုင်ခင်သွေးဆုံးခြင်းလို့ခေါ်ပါတယ်။ အချိန်မတိုင်ခင်သွေးဆုံးခြင်းဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ အချိန်မတိုင်ခင်သွေးဆုံးခြင်းက အဖြစ်မများပါဘူး။ အသက်၁၅နှင့်၂၉ကြားမိန်းကလေး အယောက်၁၀၀၀မှာ ၁ယောက်နှုန်နဲ့ အသက်၃၀နှင့်၃၉ကြားမိန်းမ အယောက်၁၀၀မှာ ၁ယောက်နှုန်းဖြင့် ဖြစ်ပွားလျက်ရှိပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများအချိန်မတိုင်ခင်သွေးဆုံးခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ အချိန်မတိုင်ခင်သွေးဆုံးခြင်းခံစားရတဲ့မိန်းမတွေဟာ သဘာဝအတိုင်း သွေးဆုံးတဲ့မိန်းမတွေနဲ့ တူညီတဲ့လက္ခဏာတွေရှိကြပါတယ်။ စိတ်အပြောင်းအလဲမြန်ခြင်း မအင်္ဂါခြောက်သွေ့ခြင်း သိမြင်နိုင်စွမ်းနှင့်မှတ်ဉာဏ်ပြောင်းလဲခြင်း ရုတ်ချည်းပူနွေးလာခြင်း လိင်စိတ်လျော့ကျခြင်း အိပ်မပျော်ခြင်း၊လန့်နိုးခြင်း ကိုယ်အလေးချိန်တက်ခြင်း ချွေးထွက်ခြင်း လိင်ဆက်ဆံစဉ် မအင်္ဂါနာကျင်ခြင်း သွေးဆုံးခြင်းဖြစ်တဲ့အခါ ရာသီသွေးမမှန်တာတွေဖြစ်ပေါ်လာပါတယ်။ ရာသီလုံးဝမလာတော့တဲ့အချိန်ထိ နှစ်နဲ့ချီပြီး ကြိုတင်ဖြစ်ပွားလာနိုင်ပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

Vaginismus (နာကျင်သောမွေးလမ်းကြောင်းညှစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်နာကျင်သောမွေးလမ်းကြောင်းညှစ်ခြင်း ဆိုတာဘာလဲ။ တချို့မိန်းမတွေအတွက် ယောနိအတွင်းဖောက်ထွင်းဝင်ရောက်မှုခံရတဲ့အခါ မွေးလမ်းကြောင်း ကြွက်သားတွေက သူ့အလိုလို၊ အချိန်ကြာမြင့်စွာ ညှစ်ကြပါတယ်။ ထိုကြွက်သားညှစ်မှုကို Vaginismus လို့ခေါ်ပြီး လိင်မဆက်ဆံနိုင်ခြင်း၊ နာကျင်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အောက်ပါတို့ ပြုလုပ်တဲ့အခါ ဖြစ်ပွားနိုင်ပါတယ်။ ထိုးသွင်းလိင်ဆက်ဆံမှုပြုလုပ်ခံရခြင်း တမ်ပွန်ထည့်ခြင်း ယောနိတစ်ဝိုက်ကို ထိမိခြင်း နာကျင်သောမွေးလမ်းကြောင်းညှစ်ခြင်းက လိင်စိတ်ကြွမှုကို မထိခိုက်စေနိုင်သော်လည်း ထိုးဖောက်လိင်ဆက်ဆံခြင်းကိုတော့ မပြုလုပ်နိုင်စေပါဘူး။ မူလ နာကျင်သောမွေးလမ်းကြောင်းညှစ်ခြင်း – ထိုအခြေအနေမှာ ထိုးဖောက်လိင်ဆက်ဆံခြင်း မပြုလုပ်ဖူးပါဘူး။ အခြားအကြောင်းအရင်းများကြောင့် နာကျင်သောမွေးလမ်းကြောင်းညှစ်ခြင်း – ထိုးဖောက်လိင်ဆက်ဆံခြင်းပြုလုပ်ဖူးသော်လည်း နောက်ထပ်မပြုလုပ်နိုင်တော့ပါဘူး။ မီးယပ်ဆိုင်ရာခွဲစိတ်မှုများ၊ ထိခိုက်မှုများနဲ့ ဓါတ်ရောင်ခြည်သင့်မှုများကြောင့် ဖြစ်နိုင်ပါတယ်။ နာကျင်သောမွေးလမ်းကြောင်းညှစ်ခြင်းဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများနာကျင်သောမွေးလမ်းကြောင်းညှစ်ခြင်း ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ နာကျင်သောမွေးလမ်းကြောင်းညှစ်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။ နာကျင်သောလိင်ဆက်ဆံခြင်း – နာကျင်သောမွေးလမ်းကြောင်းညှစ်ခြင်းရဲ့ ပထမဆုံး လက္ခဏာဖြစ်တာများပါတယ်။ ထိုးသွင်းလိင်ဆက်ဆံမှသာ နာကျင်တာပါ။ ထုတ်လိုက်တာနဲ့ ပျောက်ကွယ်သွားတယ်ဆိုသော်လည်း အမြဲတမ်းတော့ မဟုတ်ပါဘူး။ နာကျင်မှုကို ဆွဲဖြဲသလို/ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးသန့်စင်ဆေးရည်နဲ့ ရိုးရိုးဆပ်ပြာ ဘာတွေကွာခြားလဲ

လှလိုက်တာ အရုပ်လေးကျနေတာပဲ၊ အားကျလိုက်တာနော်၊ဘော်ဒီရှိတ်လည်း မိုက်တယ်၊ အသားအရေလေးကို ကြည့်ပါဦး၊ ချစ်စရာလေး ဝတ်တတ်လိုက်တာ စတဲ့စကားတွေက ခပ်လန်းလန်းကောင်မလေးတွေကိုမြင်ရင်လေဒီတို့အချင်းချင်းပြောလေ့ရှိတဲ့ အားကျစကားတွေပါ။ ပြီးပြည့်စုံတဲ့အလှတရားကိုပိုင်ဆိုင်နိုင်ဖို့ကမိန်းကလေးတွေရဲ့စိတ်မှာ အဖြစ်ချင်ဆုံး အိပ်မက်ပါပဲ။ ဒါဆို အပေါ်ယံလှရုံနဲ့ပြည့်စုံပြီလား တွေးကြည့်ပါနော်။ တချို့မိန်းကလေးတွေက မိတ်ကပ်လောက်နဲ့ပဲ အလှကိုဖန်တီးတာမဟုတ်ဘူးဆိုတာ သတိရသင့်ပါတယ်။ အသားအရေကို ဂရုစိုက်တယ်၊ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဦးစားပေးတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုတာ ရေမှန်မှန်ချိုးပြီး skin careကောင်းကောင်းသုံးရုံနဲ့လည်းမပြည့်စုံပါဘူး။ မိန်းကလေးတွေကျန်းမာရေးအတွက် အရေးကြီးတဲ့အချက်တစ်ခုဖြစ်တဲ့ မိန်းမကိုယ်သန့်ရှင်းရေးကိုမေ့ထားလု့ိမရပါဘူး။ မိန်းကလေးရောဂါလို့ခေါ်ကြတဲ့ရောဂါအမျိုးမျိုးက ဘယ်ကအရင်းခံလာတယ်ထင်လို့လဲ။ မိန်းမကိုယ်သန့်ရှင်းရေးမရှိရင် ဒါမှမဟုတ်ရောဂါပိုးဝင်ရင် အသားအရေကအစပျက်စီးပြီး ဘယ်လိုလှပနေနိုင်တော့မလဲ။ ကိုယ့်ဆီက အနံဆိုးထွက်နေတာ၊ မှိုပိုးဝင်တာတွြေဖစ်နေရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကမရှိနိုင်တော့ဘူးလေ။ ရောဂါပိုးဝင်တာ ဘယ်လိုသိနိုင်မလဲ အဖြူဆင်းတယ်ဆိုတိုင်းရောဂါပိုးဝင်တာမဟုတ်ပေမယ့် အနံ့ဆိုးထွက်နေရင်တော့ရောဂါပိုးဝင်တာဖြစ်နိုင်ပါတယ်။ မိန်းမကိုယ်မှာ ယားယံတာ၊ နီရဲလာတာ၊ အနာဖြစ်လာတာဆိုရင်တော့ မိန်းမကိုယ်သန့်ရှင်းရေးကို ဂရုစိုက်ဖို့လိုတဲ့အပြင် ဆရာဝန်ပါပြသင့်နေပြီဖြစ်ပါတယ်။ မိန်းမကိုယ်သန့်ရှင်းရေးကို ဘယ်လိုဂရုစိုက်မလဲ သန့်ရှင်းရမယ်ဆိုလို့ရေချိုးတိုင်းဆေးကြောဖို့စဉ်းစားကြမှာပါ။ရေချိုးဆပ်ပြာနဲ့ မိန်းမကိုယ်ကိုပါဆေးကြောသန့်စင်လိုက်ရင်ပြီးတာပဲလို့မတွေးလိုက်ပါနဲ့။ အမျိုးသမီးတွေရဲ့နုနယ်တဲ့မိန်းမကိုယ်လေးတွေအတွက် ထိခိုက်မှုမရှိအောင် အထူးထုတ်လုပ်ထားတဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း