အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတစ်လျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ သူတို့ကို အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ ပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ

သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၄ ဦးမှာ ၁ ဦးက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် ခံရဖူးပါတယ်။ အကြမ်းဖျင်းအားဖြင့် အမျိုးသမီး ၈ ဦးမှာ ၁ ဦးနှုန်းဟာ အလုပ်ခွင် ဒါမှမဟုတ် သူတို့ ကျင်လည်ရာ လူမှုပတ်ဝန်းကျင်မှာ နှုတ်အားဖြင့် ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ခံစားရဖူးပါတယ်။ ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ လေ့လာမှုကို ၇ နှစ်ကြာ လုပ်ဆောင်ခဲ့ပါတယ်။ လေ့လာမှုမှာ အမျိုးသမီး အသက် ၅၃ နှစ် ဝန်းကျင် အမျိုးသမီး ၃၃၁၂၇ ဦး […]

အမျိုးသမီး ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

ရာသီလာခြင်း

ရာသီလာချိန် ဂရုစိုက်သင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး

မိန်းကလေးတစ်ယောက်ရဲ့ဘဝမှာ လစဉ်ကြုံတွေ့ရတဲ့ ရာသီစက်ဝန်းကို ရှောင်လွှဲမရနိုင်ပါဘူး။ ရာသီသွေးဆင်းတယ်ဆိုတာ ညစ်ညမ်းတဲ့အရာမဟုတ်ပေမယ့် ရာသီလာစဉ်အချိန်အတွင်းမှာ ပုံမှန်ထက်ပိုပြီးသန့်ရှင်းမှုရှိဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် အနံ့ဆိုးမထွက်အောင်၊ မလိုလားအပ်တဲ့ရောဂါပိုးတွေ မဝင်နိုင်အောင် မကြာခဏဆေးကြောသန့်စင်ပေးဖို့ လိုပါတယ်။ ဒီတစ်ခေါက်တော့ ရာသီလာချိန် ဂရုစိုက်သင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အကြောင်းလေး နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ရာသီလာချိန် ဂရုစိုက်သင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး ဒါဆို ဘာနဲ့သန့်စင်မလဲ။ ပုံမှန်ဆိုရေချိုးတဲ့အခါ ရေချိုးဆပ်ပြာနဲ့၊ သန့်စင်ခန်းမှာဆို ရိုးရိုးဆပ်ပြာနဲ့ ပျိုမေတို့ ဆေးကြောသန့်စင်မိကြသလား။ မလုပ်ရပါဘူးနော်။ ရာသီလာချိန် တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်ဆို ရိးရိုးရေ ဒါမှမဟုတ် အမျိုးသမီးသန့်စင်ဆေးရည်နဲ့ပဲ သင့်တော်ပါတယ်။ မိန်းမကိုယ်ဟာ နုနယ်ပြီး ထိခိုက်လွယ်တဲ့ အစိတ်အပိုင်းမို့ ရှိသင့်တဲ့ pH အဆင့်နဲ့ မကိုက်ညီရင်တောင် အဆင်မပြေပါဘူး။ သန့်ရှင်းရေးကို ဖြစ်သလိုလုပ်လို့ အခန့်မသင့်ရင် ယားယံတာ၊ အရေပြားထိခိုက်တာ၊ရောင်ရမ်းတာ စတဲ့ လက္ခဏာတွေတင်မကဘဲ ဆိုးရွားတဲ့နောက်ဆက်တွဲပြဿနာတွေအထိဖြစ်လာစေနိုင်ပါတယ်။ ရာသီလာတဲ့အချိန် ဘယ်လိုသန့်စင်မလဲ ဓမ္မတာလာနေစဉ်အတွင်းမှာ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အကောင်းဆုံး အမျိုးသမီးသန့်စင်ဆေးရည် (Feminine wash) ရွေးချယ်ကြမယ်

တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် သန့်ရှင်းရေးသုံးပစ္စည်းအမျိုးစုံကို ရွေးချယ်ကြရပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုစီတိုင်းအတွက် ထုတ်ထားတဲ့ပစ္စည်းကတော့ အများကြီးပါ။ သေချာရွေးချယ်ဖို့ကတော့ ကိုယ်တိုင်မှာ တာဝန်အရှိဆုံးပါ။ ဒီနေရာမှာလေဒီတော်တော်များများက မလိုဘူးထင်ပြီး မေ့ထားတဲ့အရာတစ်ခုရှိနေပါတယ်။ ဒါကတော့ မိန်းမကိုယ်သန့်ရှင်းရေးပါ။ မိန်းမကိုယ်သန့်ရှင်းကျန်းမာမှ ကျန်းမာလှပတဲ့ လေဒီလေးဖြစ်မှာပါ။ ဒီတော့ ပြီးပြည့်စုံပြီးကျန်းမာတဲ့ မိန်းကလေးဖြစ်ဖို့ ဘယ်လိုနေရမလဲ။ ခေါင်းအစခြေအဆုံး အသုံးပြုတဲ့ ပစ္စည်းတွေကို သေချာရွေးမှာပေါ့။ ဒီတော့ အကောင်းဆုံး အမျိုးသမီးသန့်စင်ဆေးရည် (Feminine wash) ကို ဘယ်လို ရွေးချယ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲကို ဖတ်ကြည့်လိုက်ပါ။ ခေါင်းလျှော်ရည်ဆိုလည်း ဆံသားနဲ့ ကိုက်ညီမှုရှိအောင်၊ မျက်နှာသစ်ဆေးဆိုလည်း အသားအရေနဲ့ ကိုက်အောင်၊ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းဆိုရင်လည်း အသားအရေနဲ့ လိုက်ဖက်မယ့်ဟာမျိုးကို ရွေးချယ်ပေးရမှာပါ။ အမျိုးသမီးသန့်စင်ဆေးရည်ဆိုလည်း ကိုယ်နဲ့ကိုက်ညီမယ့် အမျိုးအစားဖြစ်ဖို့လိုတာပေါ့။ ဒီဆောင်းပါးလေးထဲမှာ လေဒီတွေအတွက်လိုအပ်တဲ့ အမျိုးသမီးသန့်စင်ဆေးရည်ကို ဘယ်လိုရွေးချယ်ရမလဲ ပြောပြပေးမယ်နော်။ လေဒီတိုင်း သိထားသင့်တဲ့ အကြောင်းအရာလေးတွေ တစ်နေ့တာလုံး […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ်အနံ့ဆိုးထွက်လျှင် လုပ်သင့်တဲ့ ရှောင်ရန်ဆောင်ရန်အချက်တွေ။ ။

မိန်းမကိုယ်ဆိုတာ တခြားခန္ဓါကိုယ်ေပါ်က အရာတွေလိုပဲ သန့်သန့်ရှင်းရှင်း မထားရင် အနံ့ဆိုးတွေ ထွက်တတ်ပါတယ်။ မိန်းမကိုယ်မှာ ပုံမှန်အနံ့တစ်မျိုးရှိတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ ရာသီလာချိန်၊ သွေးဆုံးချိန်တို့နဲ့လိုက်ပြီး အနံ့က ပြောင်းလဲတတ်ပါတယ်။ ပုံမှန်ရှိတတ်တဲ့ အနံ့ကလွဲလို့ အခြား အနံ့ဆိုးဆိုးတွေ မိန်းမကိုယ်ကထွက်နေပြီဆိုရင်တော့ သတိပြုရမယ့် အနေအထားဖြစ်နေပါပြီ။ အနံ့ဆိုးဆိုးဆိုတာကလည်း သူတစ်ယောက်တည်းမလာတတ်ပါဘူး။ သူနဲ့အတူ မိန်းမကိုယ်ယားတာ၊ မိန်းမကိုယ်ကနေ အရည်တွေ ဆင်းတာ၊ မိန်းမကိုယ်ရောင်တာတွေပါ ပါလာပြီဆိုရင်တော့ သင့်မိန်းမကိုယ်မှာပုံမှန်မဟုတ်တာတစ်ခုခုဖြစ်နေပါပြီ။ ဒါကြောင့် မိန်းမကိုယ်ကနေ အနံ့နံတယ်၊ တခြား ယားယံတဲ့ လက္ခဏာတွေလည်းရှိနေတယ် ဆိုရင် ဘာတွေလုပ်သင့်လဲ၊ ဘာတွေမလုပ်သင့်ဘူးလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ မိန်းမကိုယ်အနံ့ဆိုးတာဖြစ်နေရင် သက်သာအောင် ဘာတွေရှောင်သင့်သလဲ။ အဓိကကတော့ မိန်းမကိုယ်အနံ့နံတာကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကို ရှောင်ရှားတာ ပဲဖြစ်ပါတယ်။ မိန်းမကိုယ်ပိုးဝင်တယ်ဆိုတာမိန်းမကိုယ်အနံ့ဆိုးတာကို အဓိကဖြစ်စေတဲ့ အကြောင်းတစ်ခုလို့ ပြောလို့ရပါတယ်။ မိန်းမကိုယ်ကို သန့်ရှင်းရေး […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

သင့်မိန်းမကိုယ်အတွက် မေးရမှာရှက်နေသော်လည်း မေးသင့်တဲ့ မေးခွန်း ၅ ချက်။ ။

သင့်ကိုယ်ခန္ဓါမှာရှိတဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ သင်မသိတာ ရှိရင် မေးဖို့ ဝန်လေးပြီး ရှက်မနေသင့်ပါဘူး။ တခြား နေမကောင်းတာသွားပြတဲ့ ဆရာဝန်ဆီမှာဆို ဝေဒနာတွေကို ရွှန်းရွှန်းဝေအောင်ပြောကြတယ်မလား။ အရှက်အကြောက်ကြီးတဲ့ မိန်းကလေးတို့သဘာဝ အတိုင်း မိန်းမကိုယ်နဲ့ ပတ်သက်လာရင် သူငယ်ချင်းကြားထဲမှာလည်းမပြော၊ အိမ်မှာလည်း မပြော၊ သားဖွားမီးယပ်ဆရာဝန်ဆီရောက်လည်း မေးလည်းမမေးရဲ ၊ ပြောရမှာလည်းရှက်၊ ပြဖို့လည်း ဝန်လေးနေကြပါတယ်။ ဒါကြောင့် မိန်းမကိုယ်နဲ့ ပတ်သက်တဲ့ ဗဟုသုတွေ နည်းရခြင်းဖြစ်ပါတယ်။ ဒါမျိုးတွေ ဖြစ်စရာမလိုပါဘူး။ ကိုယ်ဖြစ်နေတာတွေကို ကိုယ်ပြောမှ၊ မေးမှ ပြောပြမယ့်သူကလည်း သင်ဘာသိချင်တာ၊ ဘာပြောချင်တာတွေကို နားလည်မှာဖြစ်ပါတယ်။ ဒါကြောင့် သားဖွားမီးယပ် ဆရာဝန်ဆီရောက်ရင် သင်သိချင်နေတဲ့ ၊ မေးသင့်တဲ့ မိန်းမကိုယ်နဲ့ ပတ်သက်တဲ့ မေးခွန်း ၅ ချက်လောက်ကို ရှက်မနေဘဲ ဆရာဝန်ဆီကနေ မေးလိုက်ပါ။ […]


အမျိုးသမီး ကျန်းမာရေး

ရောဂါပိုးမွှားကာကွယ်တဲ့ အမျိုးသမီးသန့်စင်ဆေးရည်သုံးရင် ရရှိနိုင်မယ့် အကျိုးကျေးဇူး (၈) ချက်

တစ်လတစ်ကြိမ် ဒီအချိန်ရောက်တိုင်း ပင်ပန်းရတာ မိန်းကလေးတွေရှောင်လွှဲလို့မရပါဘူး။ ကိုက်တာခဲတာတွေ မဖြစ်ရင်တောင် အားနည်းသလို၊ခြေလက်မသယ်ချင်သလို၊ မလန်းသလိုဖြစ်လွယ်တာက အနည်းနဲ့အများပါပဲ။ဖြစ်နေကျပဲဆိုပြီးပေါ့ပေါ့ဆဆတော့ မထားသင့်ဘူးနော်။ မိန်းကလေးရဲ့ဘဝမှာ ဓမ္မတာမှန်ခြင်း၊မမှန်ခြင်း၊သားအိမ်နဲ့မိန်းမကိုယ်ကျန်းမာရေးတို့က အရေးပါဆုံးအပိုင်းတွေအဖြစ် ပါဝင်နေလို့ပါ။ တွေးကြည့်ပါ။ ရာသီလာနေတဲ့အချိန်မှာ တခြားလုပ်စရာကိစ္စတွေကိုတောင်မပျက်မကွက်အာရုံစိုက်နိုင်သေးတာပဲ၊ ကိုယ့်ကျန်းမာရေးအတွက် ဘာလို့ဂရုမစိုက်နိုင်ရမှာလဲနော်။ ရာသီလာချိန် နာကျင်ကိုက်ခဲမှုတွေသက်သာဖို့ကိုပဲ အာရုံစိုက်ကြတာ သန့်ရှင်းရေးအတွက်ရောသေချာဂရုစိုက်မိရဲ့လား။ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့မိန်းမကိုယ်သန့်ရှင်းရေးဆိုတာ အမြဲဂရုစိုက်နေသင့်တဲ့အရာတွေဖြစ်တဲ့အပြင် ရာသီလာချိန်မှာဆို ပိုအရေးကြီးပါတယ်တဲ့။ ရာသီသွေးဆိုတာ ခန္ဓါကိုယ်ပြင်ပရောက်တာနဲ့ ဘက်တီးရီးယားကပ်တွယ်ရှင်သန်ဖို့ လွယ်ကူစေတဲ့ စိုထိုင်းတဲ့အနေအထားကိုဖြစ်စေတဲ့အပြင် ရာသီလာတဲ့အချိန်မှာ သားအိမ်ခေါင်းအဝကပွင့်နေတဲ့အချိန်ဖြစ်လို့ ပိုးမဝင်ဖို့ပိုသတိထားသင့်ပါတယ်။ ကဲ သန့်ရှင်းရေးတော့ခဏခဏလုပ်နေတာပဲ၊ အိမ်သာခန်းထဲမှာ ဆပ်ပြာသီးသန့်ထားပြီး အမြဲသန့်စင်ပေးတယ် ဆိုတာမျိုးက ပိုဆိုးပါတယ်နော်။ ဆပ်ပြာတွေမှာက မိန်းမကိုယ် pH အဆင့်ထိန်းညှိမှုကို အနှောင့်အယှက်ဖြစ်စေ၊ယားယံစေနိုင်၊ ဓါတ်မတည့်ဖြစ်စေနိုင်၊ ခြောက်သွေ့စေနိုင်မယ့် ဓါတုပစ္စည်းတွေ နဲ့ အနံ့အသက်မွှေးစေမယ့် အနံ့တုတွေပါဝင်နေမှာသေချာပါတယ်။ သန့်ရှင်းစေတာထက် မိန်းမကိုယ်အတွင်းမှာ သဘာဝအလျောက်ရှိနေမယ့် အကျိုးပြုဘက်တီးရီးယားလေးတွေ(ရောဂါပိုးတွေကိုကာကွယ်ပေးတဲ့)ကိုပါ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ်ယားယံတာကို သက်သာစေဖို့

အရေပြားမှာယားယံမှုဖြစ်တာကတော်တော်လေး စိတ်မသက်မသာဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုပေါ့။ သာမန်အရေပြားပေါ်မှာဖြစ်တဲ့ယားယံမှုကတောင် ကသိကအောက်ဖြစ်စေနိုင်တယ်ဆိုရင် မိန်းမကိုယ်လိုမျိုးနေရာမှာ ယားယံမှုခံစားရရင်တော်တော် စိတ်ရှုပ်စရာကောင်းမယ်နော်။ ဒီလိုဖြစ်တဲ့အခါ မိန်းကလေးတော်တော်များများကရှက်တာကြောင့် ဆရာဝန်ပြဖို့ မလုပ်ကြသလို မိခင်၊ အမလိုမျိုး မိသားစုဝင်တွေကိုတောင် ဖွင့်ဟတိုင်ပင်ခဲကြပါတယ်။ ဒီဆောင်းပါးလေးမှာလေဒီလေးတို့သိထားသင့်တဲ့ မိန်းမကိုယ်ယားယံမှုအကြောင်းကိုပြောပြပေးမယ်နော်။ ဒီအချက်တွေကြောင့် မိန်းမကိုယ်ယားယံနိုင်ပါတယ် မိန်းမကိုယ်တဝိုက်မှာ ဘက်တီးရီးယားတွေပေါက်ဖွားလာမှုကြောင့် မှိုပိုးတွေဖြစ်ပေါ်လာမှုကြောင့် ကပ်ပါးပိုးတွေရှိနေတာ ကိုယ်တွင်းက အီစထရိုဂျင်ဟော်မုန်းပမာဏ ကျဆင်းနေမှုကြောင့် မိန်းမကိုယ်ကတစ်ရှုးတွေခြောက်သွေ့နေတာ သွေးဆုံးအကြိုလက္ခဏာ တင်းကျပ်လွန်းတဲ့ အတွင်းခံတွေဝတ်ဆင်တာတွေကြောင့် မိန်းမကိုယ်ယားယံနိုင်ပါတယ်။ မိန်းမကိုယ်ယားယံတာကို သက်သာစေမယ့် နည်းလမ်းများ ရေများများသောက်ပေးပါ -ရေများများသောက်ပေးတဲ့အခါ မိန်းမကိုယ်မှာဖြစ်နေတဲ့ မှိုပိုးကူးစက်မှုကြောင့် ယားယံတာကို ခန္ဓာကိုယ်က မြန်မြန်တုံ့ပြန်ဖယ်ရှားနိုင်စေဖို့ အထောက်အပံ့ဖြစ်စေပါတယ်။ ရေကို အလွန်အကျွံမသောက်မိဖို့တော့ သတိထားပါ။ ဒိန်ချဉ်သောက်ပေးပါ -ဒိန်ချဉ်မှာ အကျိုးပြုဘက်တီးရီးယားဖြစ်တဲ့Lactobacillus acidophilus ပါဝင်နေတာကြောင့် ဘက်တီးရီးယားပေါက်ဖွားမှုကြောင့်ဖြစ်တဲ့ မိန်းမကိုယ် ယားယံတာကို သက်သာစေနိုင်မှာပါ။ အမျိုးသမီးတွေအနေနဲ့ ဒိန်ချဉ်ကို ပုံမှန်သောက်သုံးပေးမယ်ဆိုရင် မှိုပိုးကူးစက်ခံရမှုနဲ့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ်မှာဖြစ်နိုင်တဲ့ ကူးစက်ရောဂါတွေကို ကာကွယ်မယ်

အမျိုးသမီးတိုင်းက အလှအပကိုမြတ်နိုးတတ်ကြသူတွေပါ။ တစ်ကိုယ်လုံးကျန်းမာလှပနေအောင်ဂရုစိုက်ဖို့ကို ငယ်ငယ်ကမေမေတွေက တာဝန်ယူထားပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတော့မေမေကလမ်းညွှန်သူအဖြစ်ရောက်သွားပြီး ကိုယ်တိုင်ကိုယ်ကျဂရုစိုက်ရတာက ကိုယ်ကိုယ်တိုင်ပါ။မေမေတွေက သမီးချောလေးတွေအဖြစ် ကြီးပြင်းလာစေဖို့ အစစအရာရာ ဂရုစိုက်ပေးကြပါတယ်။ ဒါပေမယ့် အရွယ်ရောက်လာတာနဲ့ အမျှမေမေ့ကိုတောင် ဖွင့်တိုင်ပင်ဖို့ ခက်တဲ့ပြဿနာတွေရှိလာနိုင်ပါတယ်။ အရှက်ကြီးတတ်တဲ့ မိန်းကလေးရဲ့သဘာဝကြောင့် ဖွင့်တိုင်ပင်ဖို့ ခက်ခဲတတ်တဲ့ပြဿနာလေးတွေကို ဒီဆောင်းပါးကဖြေရှင်းပေးနိုင်မှာပါ။ မိန်းကလေးတစ်ယောက်အရွယ်ရောက်လာတဲ့အခါ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ရသလို မိန်းမကိုယ်လေးကျန်းမာဖို့ကိုလည်းသေချာဂရုစိုက်ရပါတယ်။ မိန်းကလေးတစ်ယောက်ပြည့်ပြည့်ဝဝကျန်းမာလှပဖို့ဆိုရင် ပုံမှန်ရာသီသွေးဆင်းဖို့လိုသလို မိန်းမကိုယ်က အနံ့အသက်ဆိုးကင်းစင်ပြီးရောဂါပိုးကူးစက်ခံရတာတွေကင်းဖို့လည်းလိုမှာပါ။ တစ်ခါတလေမှာ မိန်းမကိုယ်က ဆင်းတဲ့အရည်တွေက နံနေတာမျိုး၊ အရောင်ပြောင်းနေတာမျိုးဖြစ်မယ်ဆိုရင်ရောဂါပိုးကူးစက်ခံထားရတာမျိုးဖြစ်နိုင်တာကြောင့် လိုအပ်တဲ့ ကုသမှုခံယူတာမျိုးလုပ်ဖို့လိုနိုင်ပါတယ်။ ဒီလိုအချိန်မှာ အခြားသူတွေကိုမေးမြန်းရမှာခက်နေတယ်ဆိုရင်တော့ ကိုယ်တိုင်ဖတ်ကြည့်လိုက်ပါ။ ဒီအချက်တွေကြောင့် မိန်းမကိုယ်မှာရောဂါပိုးတွေကူးစက်တာမျိုးဖြစ်နိုင်ပါတယ် သင်ဟာ - ကိုယ်ဝန်ဆောင်တစ်ဦးဖြစ်နေမယ်ဆိုရင် ဆီးချိုရောဂါရှိနေသူဆိုရင် ကိုယ်ခံအားနည်းနေမယ်ဆိုရင် ပဋိဇီဝဆေးတစ်ခုခုသောက်သုံးနေရတာဆိုရင် အက်စထရိုဂျင်ဟော်မုန်းပါဝင်မှုများတဲ့ သန္ဓေတားဆေးကို အသုံးပြုနေတာဆိုရင် မိန်းမကိုယ်ကို အက်ဆစ်ခပ်ပြင်းပြင်းပါတဲ့ ပစ္စည်းတွေနဲ့ အသုံးပြုပြီး သန့်စင်ဆေးကြောမိတာတွေကြောင့် မိန်းမကိုယ်မှာ ပိုးဝင်ကူးစက်နိုင်သလို […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မမျိုးပွားအင်္ဂါများ ရောင်ရမ်းသည့်ရောဂါ

လုံခြုံစိတ်ချရမှုမရှိတဲ့ လိင်ဆက်ဆံမှုကတဆင့် သားဥပြွန်၊ သားအိမ်နဲ့ သားဥအိမ်များကို ကလာမိုင်းဒီးယား သို့မဟုတ် ဆီးပူညောင်းကျရောဂါ ကူးစက်ခံရခြင်းကို မမျိုးပွားအင်္ဂါများ ရောင်းရမ်းသည့်ရောဂါ (Pelvic inflammatory disease/ PID) လို့ခေါ်ပါတယ်။ ဒီရောဂါရှိသူတွေဟာ အပျော့စားကနေ အပြင်းစား ရောဂါလက္ခဏာတွေ ခံစားရနိုင်သလို ရောဂါလက္ခဏာ လုံးဝမပြတာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။ PID ကြောင့် ဖြစ်လာနိုင်တဲ့ လက္ခဏာတွေကတော့ ဝမ်းဗိုက်အောက်ပိုင်း နာကျင်ကိုက်ခဲခြင်း မိန်းမကိုယ်မှ အနံ့နံသည့် သို့မဟုတ် ထူးခြားသော အရောင်ရှိသည့် အရည်များဆင်းခြင်း လိင်ဆက်ဆံစဉ် နာကျင်ခြင်း ဓမ္မတာလာချိန် တစ်ခုနှင့်တစ်ခုကြား သွေးအနည်းငယ်ဆင်းခြင်း ချမ်းတုန်ခြင်း၊ အဖျားတက်ခြင်း ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း အစာစားချင်စိတ်မရှိခြင်း ကျောနာခြင်း၊ လမ်းလျှောက်ရခက်ခဲခြင်း ဆီးကျင်ခြင်း၊ ဆီးသွားများခြင်း ဝမ်းဗိုက်၏ ညာဘက်အထက်ပိုင်းတွင် နာကျင်ခြင်း PID ကို မကုသဘဲထားရင် မမျိုးပွားအင်္ဂါအားလုံးဆီပျံ့နှံ့ပြီး […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ်မှ အရည်ဆင်းခြင်း

အမျိုးသမီးတွေရဲ့ မိန်းမကိုယ်ကထွက်တဲ့အရည်ဟာ မမျိုးပွားအင်္ဂါအဖွဲ့အစည်းမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်လျက်ရှိပါတယ်။ မိန်းမကိုယ်နဲ့ သားအိမ်ခေါင်းအတွင်းပိုင်းမှာရှိတဲ့ ဂလင်းတွေက ထုတ်လုပ်တဲ့အရည်ဟာ ဆဲလ်သေတွေနဲ့ ဘက်တီးရီးယားပိုးမွှားတွေကို ဖယ်ရှားပေးခြင်းအားဖြင့် မိန်းမကိုယ်ကို သန့်စင်စေပြီး ပိုးမွှားကူးစက်ခံရခြင်းရန်က ကာကွယ်ပေးပါတယ်။ မိန်းမကိုယ်မှ ပုံမှန်မဟုတ်တဲ့ အရည်ဆင်းခြင်းဆိုတာ ဘာကိုခေါ်သလဲ များသောအားဖြင့် မိန်းမကိုယ်မှ အရည်ဆင်းခြင်းဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။ ရာသီစက်ဝန်းအပေါ်မူတည်ပြီး ဆင်းတဲ့ အရည်ပမာဏ၊ အနံ့၊ အရောင် (အကြည်ရောင်မှ နို့ကဲ့သို့ အဖြူရောင်) ကွဲပြားနိုင်ပါတယ်။ သားဥကြွေချိန်၊ ကလေးနို့တိုက်နေချိန်နဲ့ ကာမဆန္ဒတက်ကြွနေချိန်တွေမှာ အရည်ဆင်းများနိုင်သလို ကိုယ်ဝန်ဆောင်ချိန် ဒါမှမဟုတ် တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုမစိုက်နိုင်ချိန်တွေမှာ ထွက်တဲ့အနံ့တွေဟာလည်း ကွဲပြားနိုင်ပါတယ်။ ဒီပြောင်းလဲမှုတွေဟာ စိုးရိမ်စရာမရှိပေမယ့် မိန်းမကိုယ်ကဆင်းတဲ့ အရည်ရဲ့ အရောင်၊ အနံ့၊ အပျစ်အကျဲ စတာတွေ သိသိသာသာ ထူးခြားလာမယ်၊ တစ်ပြိုင်တည်းမှာပဲ မိန်းမကိုယ်ယားယံမယ်၊ ပူစပ်ပူလောင် ဖြစ်လာမယ်ဆိုရင်တော့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ်ဘာကြောင့်နံသလဲ

မိန်းမကိုယ်ဘာကြောင့်နံသလဲ မိန်းမကိုယ်ဟာ ဘယ်လိုအမွှေးနံသာ သုံးသည်ဖြစ်စေ နံနေတာ ကြုံရနိုင်ပါတယ်။ အမျိုးသမီးအချို့ဟာ သဘာဝအရကို အနံ့ပြင်းများ ထုတ်လွှတ်တတ်ပြီး တချို့ကတော့ ဒီလိုမဟုတ်ကြပါဘူး။ ချွေးထွက်များခြင်း၊ အကာအကွယ် မသုံးဘဲ လိင်ဆက်ဆံခြင်း စတာတွေဟာ ဒီအစိတ်အပိုင်းတွေရဲ့ အနံ့ကို ယာယီ ပြောင်းလဲစေပါတယ်။ ဒါပေမယ့် မိန်းမကိုယ်မှာ ရနံ့တစ်ခုတော့ အမြဲရှိပါတယ်။ ဒီလိုဆိုရင်တော့ မိန်းမကိုယ်ရဲ့ အနံ့ပြောင်းလဲခြင်းဟာ သာမန်ပြောင်းလဲမှုလား၊ ရောဂါကြောင့်လားဆိုတာ ခွဲခြားသိဖို့ လိုနေပါပြီ။ မိန်းမကိုယ်ဟာ ဘယ်အခါမှာ သတ္တုနံ့ရနိုင်သလဲ ဓမ္မတာကာလပြီးဆုံးချိန် ဒါမှမဟုတ် သုတ်ရည်နဲ့ထိတွေ့ပြီးချိန်မှာ သတ္တုနံ့ရတတ်ပါတယ်။ နှစ်ခုစလုံးဟာ မိန်းမကိုယ်ထဲက pH ဓါတ်ကို ဘေ့စ်ဘက်ကို ပိုများစေပါတယ်။ ဒါကြောင့် အနံ့ပြောင်းခြင်း ဖြစ်ပါတယ်။ ကိစ္စ၂ခုလုံးဟာ ယာယီပဲ ဖြစ်သင့်ပါတယ်။ တကယ်လို့ အနံ့ပြောင်းတာ ကြာနေမယ်ဆိုရင်၊ ယားယံနေမယ်ဆိုရင် ဆရာဝန်ပြသင့်ပါတယ်။ ချိုအီလွန်းသောအနံ့ ရမြဲအနံ့ထက် ပိုပြီးပြင်းရှရှရတဲ့ အကြောင်းကတော့ ချွေးအရမ်းထွက်ခြင်း၊ တင်းကြပ်တဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း