အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတစ်လျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ သူတို့ကို အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ ပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ

သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၄ ဦးမှာ ၁ ဦးက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် ခံရဖူးပါတယ်။ အကြမ်းဖျင်းအားဖြင့် အမျိုးသမီး ၈ ဦးမှာ ၁ ဦးနှုန်းဟာ အလုပ်ခွင် ဒါမှမဟုတ် သူတို့ ကျင်လည်ရာ လူမှုပတ်ဝန်းကျင်မှာ နှုတ်အားဖြင့် ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ခံစားရဖူးပါတယ်။ ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ လေ့လာမှုကို ၇ နှစ်ကြာ လုပ်ဆောင်ခဲ့ပါတယ်။ လေ့လာမှုမှာ အမျိုးသမီး အသက် ၅၃ နှစ် ဝန်းကျင် အမျိုးသမီး ၃၃၁၂၇ ဦး […]

အမျိုးသမီး ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသမီးကျန်းမာရေးပြဿနာများ

ကိုယ်ဝန်လည်း မရှိ နို့တိုက်နေတာလည်း မဟုတ်ဘဲနဲ့ သားမြတ်ကနေ အရည်တွေ ဘာကြောင့် ထွက်နေရတာလဲ ။ ။

ကိုယ်က ကလေးအမေတစ်ယောက်လည်း မဟုတ်ဘဲနဲ့ နို့သီးခေါင်းကို ညှစ်လိုက်တဲ့အခါတိုင်း အထဲကနေ အရည်လိုမျိုး အဆီလိုမျိုး အဖတ်လေးတွေထွက်လာရင် လန့်သွားတတ်ကြတာထုံးစံပါ။ ရင်သားကင်ဆာနဲ့ များဆက်စပ်နေလို့လားပေါ့။ အဲလို နို့သီးခေါင်းထဲကနေ အဆီလိုမျိုး အဖတ်လေးတွေ ထွက်လာတတ်တိုင်း စိတ်ပူရလား။ ပုံမှန်ဆိုရင်ရော ဒီလိုပဲ ထွက်တတ်လား ။ ။ ရင်သား ကင်ဆာနဲ့များ ဆက်စပ်မှုရှိလား ။ ဒါဆို ပုံမှန် ဖြစ်လေ့ရှိတဲ့ နို့သီးခေါင်းထဲက အရည်ထွက်တာနဲ့ ပုံမှန် မဟုတ်တာကို ဘယ်လိုခွဲခြားကြမလဲ ။ ။ ပုံမှန် - ညှစ်လိုက်တဲ့အချိန်တိုင်းမှာ နှစ်ဖက်လုံးက အရည်တူညီစွာထွက်လာရပါမယ်။ ထွက်လာတဲ့အရည်ကလည်း အကြည်ရောင်၊ အဝါရောင် အပြင် အဆီလိုမျိုး ပျစ်ပျစ်လေးတွေလည်းထွက်လာနိုင်ပါတယ်။ ရင်သားမှာ နာကျင်တာ၊ ရောင်ရမ်းနေတာမျိုးလည်း ရှိမနေပါဘူး။ ပုံမှန်မဟုတ်သော - ညှစ်လိုက်တဲ့အချိန်မှာ တစ်ဖက်တည်းက ပဲ အရည်တွေထွက်နေပြီး […]


ရာသီလာခြင်း

ရာသီလာချိန်မှာ ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ

ရာသီသွေးဆင်းတာက စိတ်အနှောင့်အယှက်ကောင်းပေမယ့် မလာရင်လည်း အဆင်မပြေပြန်ဘူးနော်။ နောက်ထပ်သတိထားရမှာတစ်ခုက ရာသီလာချိန်မှာ စားရမယ့် အစားအစာတွေနဲ့ မစားသင့်တာတွေပါနော်။ အစားအစာက လူနဲ့တည့်တယ်ဆိုပေမယ့် ရာသီလာချိန်မှာ အချို့အစားအစာတွေက နေရထိုင်ရပိုခက်စေနိုင်ပါတယ်နော်။ ကဲ ဒီတော့ ရာသီလာချိန်မှာ ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ သိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပါနော်။ ရာသီလာချိန်မှာ ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ ရာသီလာချိန်မှာ ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ ဆိုတော့ ဘာတွေစားမလဲ ဆယ်လ်မွန် ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အစားအစာတွေထဲက တစ်ခုပေါ့။ Omega-3 fatty acids ပါဝင်နေတာကြောင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်နေတာကြောင့် နာကျင်ရောင်ရမ်းမှုကို လျော့ပါးသက်သာစေပြီး ရာသီလာစဉ်နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့်ရာသီလာချိန်မှာ နာကျင်မှုလျော့ပါးသက်သာစေချင်ရင် ဆယ်လ်မွန်ငါးစားပေးပါ။ ငှက်ပျောသီး စားရတာလွယ်ပြီး ရာသီလာစဉ်နာကျင်ကိုက်ခဲတာ၊ ပင်ပန်းနွမ်းနယ်တာကို သက်သာစေနိုင်ပါတယ်။ အမျှင်ဓာတ်ပါဝင်မှုကြောင့် ရာသီလာစဉ် ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။ ကြွက်သားတွေကိုပြေလျော့စေပြီး စိတ်ခံစားမှုကိုကောင်းမွန်စေနိုင်ပါတယ်။ အနက်ရောင်ချောကလက် အချိုနည်းတဲ့ အနက်ရောင်ချောကလက်က […]


ရာသီလာခြင်း

ရာသီလာချိန်မှာ လေဒီတို့ခံစားရနိုင်တဲ့ ပြဿနာတွေ

ကြည့်ရတာ မလန်းမဆန်းနဲ့။နေမကောင်းတာလား။ မဟုတ်ဘူး။ ကြည့်ရတာပင်ပန်းနေသလိုပဲနော်။ ဟုတ်တယ်။ လစဉ်ကြုံနေကျ ကိစ္စလေးဖြစ်နေလို့ပါ။ ဒီအချိန်မှာလေဒီလေးတွေက ရာသီသွေးဆင်းနေတာကိုပဲ ခံစားရတာမဟုတ်ဘဲ အခြားပြဿနာတွေကို ပါခံစားနေရတာပါ။ ဒါကြောင့်လေဒီတော်တော်များများက ဒီအခိုက်အတန့်လေးမှာနေရတာပင်ပန်းနေသလိုဖြစ်နေရတာပါ။ ဒီတစ်ခေါက်တော့လေဒီလေးတွေရာသီလာချိန်မှာခံစားရနိုင်တဲ့ဝေဒနာလေးတွေအကြောင်းပြောပြပေးပါရစေနော်။ ရာသီလာချိန်မှာလေဒီလေးတွေ ဒီလက္ခဏာတွေခံစားရနိုင်ပါတယ် မအီမသာဖြစ်တာ ခန္ဓါကိုယ်တစ်ခုလုံးက ကိုင်ရိုက်ထားသလို နာနေမယ်။နေရတာပင်ပန်းနုံးချိနေမယ်။ အန်ချင်သလိုလိုဖြစ်နေမယ်။ခေါင်းထဲကမူးသလိုလိုဖြစ်နေမယ်။ ဝမ်းသွားမယ် စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။ ဒီလိုဖြစ်ရတာက ရာသီလာချိန်မှာဟော်မုန်းတွေထွက်ရှိလာတာကြောင့်ပါ။ ဒီဟော်မုန်းတွေကသွေးကြောထဲကိုရောက်ရှိတာကြောင့် အခုလိုဖြစ်ရတာပါ။ သွေးဆုံးရှုံးမယ်၊သွေးခဲတွေဆင်းမယ် ရာသီလာချိန်မှာလေဒီလေးတို့အနေနဲ့ လက်ဖက်ရည်ဇွန်း ၂ ဇွန်းကနေ ၄ ဇွန်းလောက်အထိဆုံးရှုံးနိုင်ပါတယ်။သွေးအများကြီးဆင်းတာ၊သွေးခဲတွေဆင်းတာက ပုံမှန်ပါပဲ။ အများကြီးမဟုတ်ဘူးဆိုရင်တော့ စိုးရိမ်စရာမလိုပါဘူး။လေဒီအချို့ကသွေးခဲတွေဆင်းတာ၊သွေးအများကြီးဆင်းတာမျိုးဆိုရင်စိုးရိမ်တတ်ကြပါတယ်။ ဗိုက်အောင့်ခြင်း သားအိမ်တွင်းကသွေးတွေ ခန္ဓါကိုယ်ပြင်ပကို စီးဆင်းရောက်ရှိရတာဖြစ်တာကြောင့် ကြွက်သားတွေ တင်းတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဗိုက်အောက်ဘက်နားကအောင့်တာမျိုးခံစားရနိုင်ပါတယ်။ ရာသီမလာစဉ်ကတည်းကစအောင့်တတ်ကြသလို ရာသီလာနေစဉ်တလျှောက်လုံးလည်းအောင့်နိုင်ပါတယ်နော်။ စိတ်ခံစားမှုမကောင်းတာ ရာသီလာချိန်မှာ ကိုယ်တွင်းကဟော်မုန်းတွေ မညီမျှတာမျိုးဖြစ်နိုင်ပါတယ်။ဟော်မုန်းအတက်အကျကိုလိုက်ပြီး စိတ်ခံစားမှုကပြောင်းလဲနိုင်တာကြောင့်ပါ။ ဒါကြောင့် စိတ်တိုစိတ်ဆတ်လါယ်တယ်ဆိုတာကလည်းလေဒီလေးတွေ ရာသီလာချိန်မှာ ခံစားရနိုင်တဲ့ အခြေအနေတစ်ခုပါ။ စိတ်ဓါတ်ကျတာမျိုးတောင်ဖြစ်နိုင်ပါတယ်နော်။ ရာသီလာစဉ်နာကျင်ကိုက်ခဲမှုဝေဒနာ ရာသီလာစဉ်မှာ ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ပေါင်တွေကိုက်ခဲတာ၊ခြေသလုံးနဲ့ ခါး ထဲကနာကျင်တာ၊ခြေလက်တွေကိုက်ခဲတာ၊ ဆီးစပ်ကိုက်တာမျိုးတွေခံစားရနိုင်ပါတယ်။ […]


ရာသီလာခြင်း

သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းက ရာသီ စက်ဝန်းအပေါ် ဘယ်လို သက်ရောက်မှုရှိသလဲ ။ ။

သားအိမ်တွင်းထည့် သန္ဓေတား ပစ္စည်းအကြောင်း ကြားဖူးတဲ့သူရှိသလို ၊ အဲဒီ ပစ္စည်းလေးကို ကိုယ်တိုင် အသုံးပြုနေတဲ့ သူတွေလည်း ရှိကြမယ်လို့ထင်ပါတယ်။ သန္ဓေတားပစ္စည်း အကုန်လုံးနီးပါးဟာ ကိုယ်ဝန်ကို တားဆီးပေးနိုင်ကြသလို ပုံမှန် လာနေတဲ့ ရာသီစက်ဝန်းကို ကမောက်ကမဖြစ်စေတတ်တယ်ဆိုတာလည်း အားလုံးသိကြမှာပါ။ ဒီဆောင်းပါးလေးထဲမှာ သားအိမ်တွင်းထည့် သန္ဓေတား ပစ္စည်းက ရာသီစက်ဝန်း အပေါ် ဘယ်လိုသက်ရောက်တယ်ဆိုတဲ့ အကြောင်း ပြောပြပေးတော့မှာပါ။ IUCD ဆိုတာဘာလဲ ။ ဘယ်နှစ်မျိုးရှိလဲ ။။ IUCD ဆိုတာ သားအိမ်တွင်းကို ထည့်ထားရတဲ့ သန္ဓေတားပစ္စည်းလေးဖြစ်ပီး ဆရာဝန်ထည့်ပေးမှရတဲ့ သန္ဓေတားပစ္စည်းလေးပါ။ ဟော်မုန်းပါတဲ့ IUCD နဲ့ Copper IUCD ဆိုပြီး အဓိက နှစ်မျိုးရှိပါတယ်။ သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း( IUCD )က ရာသီစက်ဝန်း အပေါ်ဘယ်လိုသက်ရောက်သလဲ။ ။   ဟော်မုန်းပါတဲ့ IUCD ဟော်မုန်းပါတဲ့ […]


ရာသီလာခြင်း

တစ်လထဲနဲ့ ရာသီသွေး ၂ ကြိမ်ပေါ်တာ ဘာဖြစ်လို့လဲ ။ ။

ရာသီ (ဓမ္မတာ) နဲ့ ပက်သက်တဲ့အကြောင်းများစွာ ကြားဖူးကြမှာပါ။ ရာသီသွေး ထိန်လို့၊ ရာသီ သွေးဆင်းတာ များလို့ နည်းလို့၊ ရာသီသွေးပေါ်ရင် ကိုက်ခဲလို့ ရာသီသွေးဆင်းတဲ့ ရက်များလို့။ ရာသီသွေးဆင်းတဲ့ ရက်နည်းလို့ ဆိုပြီး ပြဿနာ အမျိုးမျိုးကြားဖူးကြမှာပါ။ ကြားဖူးနေကြဖြစ်တဲ့အတွက် ဒီပြဿနာတွေအကြောင်းကို အားလုံး သိပြီးနေကြလောက်ပါပြီ။ ဒီဆောင်းပါးထဲမှာတော့ ဓမ္မတာနဲ့ ပက်သက်တဲ့ အပေါ်ကပြဿနာတွေ မဟုတ်ဘဲနောက်တစ်ခုဖြစ်တဲ့ တစ်လတည်း ရာသီ ၂ ခါလာတဲ့ အကြောင်းကို ပြောပြချင်ပါတယ်။ ဒီလို တစ်လတည်း ရာသီ ၂ခါလာတာ ရာသီသွေးဆင်းတဲ့ ရက်များတာနဲ့ မတူပါဘူး။ ပုံမှန်ဆို ၂၈ ရက်ရာသီစက်ဝန်းရှိတဲ့ သူက ၂၈ ရက်ကြာရင် တစ်ခါ၊ ၃၀ ရက်စက်ဝန်းရှိတဲ့ သူက ၁လ ကြာရင် တစ်ကြိမ် ရာသီ လာပါတယ်။ ဒါပေမယ့် […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ပိန်ချင်လို့ Gymဆော့ မှ ကိုယ်အလေးချိန်ပိုတက်လာတဲ့ ပျိုမေတွေ

တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ မိန်းကလေးတွေသာမက ယောက်ျားလေးတွေပါ ကိုယ်ခန္ဓာ၊ အလှအပနဲ့ ကျန်းမာရေးကို ဂရုစိုက်လာကြပါတယ်။ ဒါဟာ ကောင်းတဲ့ အလေ့အထ တစ်ခုပါပဲ။ ပိန်ချင်လို့ Gymဆော့ တဲ့ မိန်းကလေးတွေ ကိုယ်အလေးချိန် ချိန်ပြီးတော့မှ "ဆရာရယ် သမီး ၃ပေါင်တောင် ထပ်တက်လာတယ်" ဆိုပြီး ညည်းနေကြတာ ကြားဖူးကြမယ် ထင်ပါတယ်။ ဒါဆိုရင် သေချာလည်း ကစားပါရက်နဲ့ ဘာလို့ ကိုယ်အလေးချိန် မကျဘဲ ပိုတောင် တက်လာရတာလဲ။ ပျိုမေတွေကြား အမေးများနေတဲ့ ဒီပြဿနာလေးရဲ့ တရားခံအကြောင်းရင်းတွေကို ပြောပြပေးမယ်နော်။ Gymဆော့မှ ဘာလို့ အလေးချိန်ပိုတက်လာတာလဲ၊၊ ၁။ ညစာမစားဘဲ နေခြင်း ညစာတစ်နပ် လျှော့စားလိုက်လို့ ကိုယ်အလေးချိန် ကျသွားမှာပါဆိုပြီး ထင်ဖူးကြမှာပါ။ တကယ်တော့ ဒါဟာ မှားယွင်းတဲ့ ကိစ္စတစ်ခုပါပဲ။ ညစာကို ဘာဆို ဘာမှမစားပဲ နေလိုက်တဲ့အခါ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

လေဒီတွေလှချင်လို့ လုပ်မိနေတဲ့ ကျန်းမာရေးထိခိုက်စေတဲ့အပြုအမူတွေ

အလှကြိုက်တာ မိန်းကလေးတွေရဲ့ သဘာဝပါ။ မိန်းကလေးတွေက ငယ်စဉ်အရွယ်ကတည်းက အလှကြိုက်တတ်ကြတာပါ။ ဒါပေမယ့် ကျန်းကျန်းမာမာနဲ့ လှဖို့တော့လိုပါမယ်။ စမတ်ကျကျနဲ့ ကျန်းကျန်းမာမာလှပတဲ့လေဒီလေးဖြစ်ဖို့ဆိုရင်တော့ ဒီအချက်လေးတွေကို သတိထားပေးပါနော်။ လှချင်လို့လေဒီတွေလုပ်မိတတ်တဲ့ အလေ့အထတွေ လှပလိုစိတ်နဲ့ဒီအပြုအမူတွေကို သင်ကိုယ်တိုင်ရော ကျူးလွန်မိနေပြီလား။ ကျန်းမာလှပဖို့ဆိုရင်တော့ ဒါလေးတွေကို သတိထားမှဖြစ်ပါမယ်။ အဝတ်အစားကျပ်ကျပ်တွေဝတ်တာ - အဝတ်အစားခပ်ကျပ်ကျပ်တွေ၊ နိုင်လွန်ပါတဲ့ဘောင်းဘီကျပ်ကျပ်တွေဝတ်တာ၊ ဆွဲသားအဝတ်အစားတွေဝတ်တာက ခန္ဓာကိုယ်အတွက်လေဝင်လေထွက်မကောင်းတာမျိုးဖြစ်စေနိုင်သလို အပူနဲ့အစိုဓာတ်တွေဖြစ်စေနိုင်တာကြောင့် မှိုပိုပေါက်ဖွားပြီး အရေပြားပြဿနာတွေခံစားရနိုင်သလို အရမ်းကျပ်တဲ့အဝတ်စားတွေအချိန်ကြာမြင့်စွာဝတ်ဆင်မှုက နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါကိုဖြစ်စေနိုင်သလို မိန်းမကိုယ်ပိုးဝင်ကူးစက်တာကိုဖြစ်စေနိုင်ပါတယ်။ ဒေါက်မြင့်ဖိနပ်စီးတာ -လေဒီတော်တော်များများက ဒေါက်မြင့်ဖိနပ်စီးရတာကို သဘောကျကြပါတယ်။ တကယ်တော့ ဒါက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အလေ့အထပါ။ဒေါက်မြင့်ဖိနပ်တွေကို အချိန်ကြာမြင့်စွာစီးထားတာက အရိုးတွေကို ထိခိုက်စေနိုင်ပြီး အရိုးပွရောဂါဖြစ်နိုင်ခြေကိုတိုးစေနိုင်ပါတယ်။ နှုတ်ခမ်းနီဆိုးတာ - နှုတ်ခမ်းနီဆိုးတာကလည်း ကြည့်တော့သာလှတာပါ တကယ်တော့ နှုတ်ခမ်းသားကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ အချိန်ကြာမြင့်စွာနှုတ်ခမ်းနီဆိုးထားတဲ့အခါ နှုတ်ခမ်းသားခြောက်သွေ့တာ၊ ကွဲအက်တာတွေကိုခံစားရနိုင်ပါတယ်။ အိုင်းလိုင်နာဆိုးတာ - အိုင်းလိုင်နာက မျက်လုံးလေးကို ထင်းထင်းလေးနဲ့လှစေပေမယ့် […]


ရာသီလာခြင်း

ရာသီလာချိန် tampon သုံးလား Pad သုံးလား။ ဘယ်ဟာက ပိုကောင်းတယ်ထင်လဲ ။ ။

ဓမ္မတာလာတဲ့ အချိန်ရောက်ပြီဆို ကိုယ့်ထဘီ၊ စကပ်၊ ဘောင်းဘီမှာ ပေများနေမလားဆိုတဲ့ စိုးရိမ်စိတ်တွေ မိန်းကလေးတိုင်းမှာ ကြီးစိုးနေတတ်ပါတယ်။ ဒီအချိန်တွေမှာဆို ကိုယ်နဲ့ သင့်တော်တဲ့ လစဉ်သုံး ပစ္စည်းကို ရွေးသုံးဖြစ်ဖို့ဆိုတာ သိပ်ကို အရေးကြီးတဲ့အရာတစ်ခုပါ။ ဒါကြောင့် ဒီနေ့မှာ ပျိုမေတို့ အသုံးအများဆုံးဖြစ်တဲ့ Tampon ( တမ်ပွန်) နဲ့ Pad( တစ်ခါသုံး လစဉ်သုံးပစ္စည်း) အကြောင်းပြောပြပေးချင်ပါတယ်။ သူတို့ နှစ်ခုမှာ ဘယ်ဟာက ပိုကောင်းလဲ ။ ။ Pads ( တစ်ခါသုံး လစဉ်သုံးပစ္စည်း) သူကတော့ မြန်မာ မိန်းကလေးတွေ လုံးဝကို မစိမ်းတဲ့ အရာတစ်ခုပါ။ အတောင်ပံ ပါတာနုဲ့၊ မပါတာဆိုပြီး ၂ မျိုးရှိပါတယ်။ သူ့မှာကပ်ခွာပါတာကြောင့် ဘောင်းဘီမှာ ကပ်လိုက်ရုံပါပဲ။ အထဲမှာလည်း ပိုးသတ်သန့်စင်ပြီးသား ဂွမ်းတွေလည်းပါတာကြောင့် […]


ရာသီလာခြင်း

ရာသီသွေးမမှန်တာ ဒီအချက်တွေကြောင့်ပါ

အရွယ်ရောက်တဲ့လေဒီလေးတွေအတွက် အရေးကြီးတဲ့အချက်တစ်ခုရှိပါတယ်။ ဒါကတော့ ရာသီသွေးပုံမှန်ဆင်းဖို့ပါ။ ဒါမှ ခန္ဓါကိုယ်က ကျန်းမာလှပမှာပါ။ တစ်ခါတလေမှာ ရာသီသွေးကပုံမှန်မဟုတ်တာမျိုးခံစားရနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကိုယ့်အနေနဲ့ စိတ်ပူမိတာမျိုးရှိနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဘာကြောင့်ဖြစ်ရတာလဲဆိုတာကို အဖြေရှာနိုင်စေဖို့ ဒီဆောင်းပါးလေးက အကူအညီပေးနိုင်မှာပါ။ ရာသီသွေးမမှန်ခြင်း အမျိုးသမီးအများစုဟာ လစဉ် ၄ ရက်ကနေ ၇ရက်တာလောက်အထိ ရာသီသွေးဆင်းတတ်ကြပါတယ်။ ၂၈ ရက်တိုင်းမှာ ပုံမှန်ရာသီသွေးပေါ်လေ့ရှိကြတာပါ။ ပုံမှန်အားဖြင့် ရာသီပေါ်ချိန်တစ်ခုနဲ့တစ်ခုကြားမှာ ၂၁ ရက် ဒါမှမဟုတ် ၃၅ ရက်ခန့်ခြားတတ်ပါတယ်။ ပုံမှန်ရာသီစက်ဝန်းက ၂၈ ရက်ကြာတစ်ခါဖြစ်ပြီးစောခဲ့ရင်လည်း ၇ ရက်နောက်ကျရင်လည်း ၇ ရက်လောက်ပါပဲ။ ဒီလိုအခြေအနေမျိုးတွေဖြစ်မယ်ဆိုရင်တော့ ရာသီသွေးမမှန်ဘူး၊လို့ဆိုရပါမယ်။ ၂၁ ရက် မပြည့်ခင်မှာ ထပ်တစ်ကြိမ် ရာသီသွေးပေါ်တာ ၃၅ ရက်ကျော်ကြားခြားပြီးမှ ရာသီသွေးပေါ်တာ ပုံမှန်ထက် ရာသီသွေးပိုဆင်းတာ ပုံမှန်ထက်နည်းပြီး ရာသီသွေးဆင်းတာ ၇ ရက်ကျော်ကြာတဲ့ရာသီသွေးပေါ်နေတာ ရာသီပေါ်ချိန်မှာ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အဖြူဆင်းတာကိုသက်သာစေမယ့် အစားအစာတွေ

မိန်းကလေးတွေအနေနဲ့ ကိုယ့်ကိုယ်ကို ကျန်းမာလှပနေစေဖို့ ဂရုစိုက်ရတဲ့ အချက်တွေကတော်တော်လေးတော့များသားနော်။ အသားအရေ၊ ဆံသားကနေစလို့ ခန္ဓါကိုယ်အနံ့အသက်အပြင် လစဉ်ရာသီသွေးပုံမှန်ဆင်းဖို့ကိုရော အစစအရာရာကိုဂရုစိုက်ရပါတယ်။ ကိုယ်တိုင်ဂရုစိုက်မှလည်းဖြစ်မှာကိုး။ ဒီလိုဂရုစိုက်ရတဲ့အထဲမှာ အဖြူဆင်းတာလည်းပါပါတယ်။ တကယ်တော့ ဒါက ကျန်းမာရေးပြဿနာတစ်ခုလို့ဆိုရမှာပါ။ ဒီတစ်ခေါက်တော့ အဖြူဆင်းတဲ့ပြဿနာကို ဘယ်လိုဖြေရှင်းလို့ရလဲဆိုတာကိုပြောပြပေးပါရစေနော်။ ဒီအစားအစာတွေက အဖြူဆင်းတာကိုသက်သာစေနိုင်ပါတယ် ပဲနံ့သာစေ့ - အဖြူဆင်းတာကို သက်သာစေနိုင်ပါတယ်။ရေနွေးပူပူထဲကို ရေစင်စင်ဆေးထားတဲ့ ပဲနံ့သာစေ့ထည့်ပြီး နာရီဝက်လောက်စိမ်ထားပေးပါ။ပြီးရင် အအေးခံပြီးသောက်လိုက်ပါ။ ရုံးပတီသီး - အဖြူဆင်းတာကို သက်သာစေတဲ့ အသီးအနှံတစ်မျိုးပေါ့။ရေနွေးဆူဆူထဲမှာ ရုံးပတီသီးကိုထည့်ပြုတ်ပြီး တို့စားလို့ရသလို အချဉ်ရည်နဲ့တိုပစားလို့လည်းရပါတယ်။ ဒိန်ချဉ် - ဒိန်ချဉ်က အကျိုးပြုဘက်တီးရီးယားတွေပါက်ဖွားစေဖို့ အားဖြည့်ပေးပါတယ်။ ဒါ့အပြင် ဘက်တီးရီးယားကြောင့် အဖြူဆင်းတာကို သက်သာစေနိုင်ပါတယ်။ နံနံစေ့ - နံနံစေ့က အဖြူဆင်းတာကို သက်သာစေနိုင်ပါတယ်။ နံနံစေ့ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကိုရေတစ်ခွက်ထဲမှာ တစ်ညစိမ်ထားပြီးနောက်နေ့မနက်စောစော ဘာမှမစားရသေးခင်မှာသောက်ချလိုက်ပါ။ ဇီးဖြူသီး - အဖြူဆင်းတာကို သက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဇီးဖြူသီးကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း