အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတစ်လျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ သူတို့ကို အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ ပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ

သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၄ ဦးမှာ ၁ ဦးက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် ခံရဖူးပါတယ်။ အကြမ်းဖျင်းအားဖြင့် အမျိုးသမီး ၈ ဦးမှာ ၁ ဦးနှုန်းဟာ အလုပ်ခွင် ဒါမှမဟုတ် သူတို့ ကျင်လည်ရာ လူမှုပတ်ဝန်းကျင်မှာ နှုတ်အားဖြင့် ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ခံစားရဖူးပါတယ်။ ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ လေ့လာမှုကို ၇ နှစ်ကြာ လုပ်ဆောင်ခဲ့ပါတယ်။ လေ့လာမှုမှာ အမျိုးသမီး အသက် ၅၃ နှစ် ဝန်းကျင် အမျိုးသမီး ၃၃၁၂၇ ဦး […]

အမျိုးသမီး ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ်ယားယံ စေတဲ့ အကြောင်းရင်း(၈) ခု

ခံရခက်ဆုံး ဝေဒနာတွေထဲမှာ မိန်းမကိုယ်ယားယံ ခြင်းလည်း ပါဝင်ပါတယ်။ လက်တို့၊ ခြေထောက်တို့လို အလွယ်တကူဖြေရှင်းလို့ရတဲ့ နေရာအစိတ်အပိုင်းလည်းမဟုတ်၊ ယားလို့ဆိုပြီး ကုတ်လို့ရတဲ့ နေရာလည်းမဟုတ်နဲ့ တော်တော်ခံစားရခက်မှာပါ။ ဒီလို ဝေဒနာခံစားရတယ်ဆို ရှက်တာနဲ့ပဲ ဘယ်သူ့မှမပြောရဲ၊ အကြံမတောင်းရဲ၊ ဘာလုပ်ရမှန်းမသိ ဖြစ်တတ်ပါတယ်။ ယားယံပြီဆိုကတည်းက ရောဂါပိုးတစ်ခုခုဝင်တဲ့ လက္ခဏာဖြစ်ပါတယ်။ ဒါ့ကြောင့် ကြိုတင်ကာကွယ်နိုင်ရင် ကာကွယ်၊ ဖြစ်လာပြီဆိုရင်တော့ ကြိတ်မှိတ်ခံပြီး ပိုဆိုးလာရတာထက် စောစောဖြေရှင်းကုသတာ ကောင်းပါတယ်။ ဒီလို ယားယံမှု ဖြစ်စေတဲ့ အကြောင်းရင်းတွေကို သိထားတယ်ဆိုရင်တော့ ကြိုတင်ကာကွယ်ဖို့ ပိုလွယ်ကူစေတာပေါ့။ မိန်းမကိုယ်ယားယံ စေတဲ့ အကြောင်းရင်း (၈) ခု (၁) ယားယံစေတဲ့ ဓာတ်ပစ္စည်းတွေ မိန်းမကိုယ်ကို ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မိတဲ့အခါ ယားယံခြင်းကို ဖြစ်စေပါတယ်။ အဲဒီပစ္စည်းတွေက မိန်းမကိုယ်အပါအဝင် ခန္ဓာကိုယ်ရဲ့ နေရာအတော်များများကို နီမြန်း၊ ယားယံစေတဲ့ ဓာတ်မတည့်တုံ့ပြန်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

အနံ့အသက်ဆိုးတွေကင်းဝေးဖို့ Prebiotics ပါဝင်တဲ့ မိန်းမကိုယ်သန့်စင်ဆေးရည်

မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပျက်ပြားစေတဲ့အချက်တစ်ခုရှိတယ်နော်။ ဒါကတော့ ခန္ဓါကိုယ်က အနံ့အသက်ဆိုးတွေထွက်နေမှာကိုပါ။ အရှက်အကြောက်ကြီးတတ်တဲ့ မိန်းကလေးတစ်ယောက်အဖို့ ဒီကိစ္စကလည်းတော်တော်လေးတော့စိတ်ညစ်စရာနော်။ မနက်အလုပ်သွားရင်း ခန္ဓါကိုယ်ကအနံ့အသက်ဆိုးထွက်နေတယ်။ ဘာမှလည်းလုပ်လို့မရ တစ်နေ့တာလုံးကို ဒီတိုင်းကျော်ဖြတ်ရမယ်ဆိုရင်ပြီးရောပဲနော်။ လူဆိုတာက အနံ့အသက်ဆိုးကင်းဖို့မဖြစ်နိုင်ပေမယ့် ဘယ်သူကမှာတော့ အနံ့ဆိုးမထွက်နေချင်ပါဘူး။ အနံ့အသက်ဆိုးကင်းဖို့ ဘာလုပ်မလဲ အမျိုးသမီးတွေအနေနဲ့ အနံ့အသက်တွေကင်းစင်စေဖို့မှာ အရေးတကြီးလုပ်ရမှာကတော့ တစ်ကိုယ်ရေသန့်ရှင်းရေးပါ။ ခေါင်းအစ ခြေအဆုံးတစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ရမယ်ဆိုတာ အမျိုးသမီးတွေ သိပြီးသားပါနော်။ ဒီမှာ နောက်ထပ်အထူးပြုပြီး သေချာပြောချင်တာကတော့ မိန်းမကိုယ် သန့်စင်ခြင်းကိစ္စပါ။ အပြင်ပန်းပဲ လှပကျော့ရှင်းနေလို့မရဘူးနော်။ မိန်းမတွေမှာအရေးကြီးဆုံးဖြစ်တဲ့ မိန်းမကိုယ်လေးကို အနံ့အသက်ဆိုးတွေကင်းဝေးပြီး ကျန်းမာသန့်ရှင်းနေစေဖို့ ဂရုစိုက်ရဦးမှာပေါ့။ ဒါမှပဲ စိတ်လုံလုံခြုံခြုံအနံ့အသက်ကင်းကင်းနဲ့ နေ့ရက်တိုင်းကို ကျော်ဖြတ်နိုင်မှာပါ။ လေဒီတစ်ယောက်အဖို့ မိန်းမကိုယ်ကိုသန့်စင်ဖို့ မမေ့သင့်တာက ဒီအချက်တွေကြောင့်ပါ လေဒီတို့ရဲ့ မိန်းမကိုယ်က ဘက်တီးရီးယားတွေနဲ့ပြည့်နေတာပါ။ ဘက်တီးရီးယားက အကျိုးပြုဘက်တီးရီးယားရော အကျိုးမပြုတဲ့ဘက်တီးရီးယားရောပေါ့။ ဒီဘက်တီးရီးယားအရေအတွက်မှာ အကျိုးပြုဘက်တီးရီးယားဖြစ်တဲ့Lactobacillus ဘက်တီးရီးယားတွေ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသားနဲ့ အတူနေပြီးနောက်ပိုင်း မိန်းမကိုယ်ကနေ သွေးဆင်းတာ ဘာဖြစ်လို့လဲ ။ ။

တစ်ခါမှ လိင်ဆက်ဆံဖူးခြင်းမရှိသေးတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ပထမဦးဆုံး လိင်ဆက်ဆံပြီးတဲ့ နောက်ပိုင်းမှာ မိန်းမကိုယ်ကနေ သွေးဆင်းတာမျိုး ပုံမှန်လို့ ဆိုရပေမယ့် အိမ်ထောင်ကျတာလည်း ကြာပြီ။ အရင်တုန်းကတော့ဘာမှမဖြစ်ဘဲ ခုရက်ပိုင်းမှ အမျိုးသားနဲ့ အတူနေပြီးတိုင်း မိန်းမကိုယ်ကနေ သွေးဆင်းတယ်ဆိုရင်တော့ စိုးရိမ်တတ်ကြတာ သဘာဝပါ။ ဘာများဖြစ်လို့လဲ။ ကိုယ်ဝန်ပျက်ကျတာလား၊ ရာသီလာနေတာလား၊ ကင်ဆာလားဆိုပြီး တွေးရခက်တဲ့ မေးခွန်းပေါင်းများစွာ ဝင်လာပါလိမ့်မယ်။ ဒီဆောင်းပါးထဲမှာတော့ အမျိုးသားနဲ့ အတူနေပြီးနောက်ပိုင်း မိန်းမကိုယ်ကနေ သွေးဆင်းခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာတွေ ကိုပြောပြပေးမှာပါ။ ဒါတွေကို သိထားတော့ ကိုယ်ဖြစ်နေတာနဲ့ ဘာနဲ့ ကိုက်ညီလဲဆိုတာသိရပြီး စောစော ကုသမှုခံယူလို့ရတာပေါ့ ။ ။ အမျိုးသားနဲ့ အတူနေပြီး နောက်ပိုင်း မိန်းမကိုယ်ကနေ သွေးဆင်းတာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။ ။ ( ၁ ) ဟော်မုန်းပါတဲ့ သန္ဓေတားဆေးတွေရဲ့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ်ကျန်းမာရေးအတွက် အဓိကကျတဲ့ အတွင်းခံ အကြောင်းသိသင့်တဲ့ အချက်(၈)ချက်

မိန်းကလေးတစ်ယောက်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်တဲ့ မိန်းမကိုယ်ကျန်းမာရေးဆိုတာ လုံးဝကို ဂရုစိုက်သင့်တဲ့ အရာတစ်ခုပါ။ မိန်းမကိုယ်ပိုးဝင်တာ ၊ယားယံပြီး အနံ့ဆိုးထွက်တာတွေကနေ ကာကွယ်ဖို့အတွက် သန့်စင်ပေးရုံတင်နဲ့တင် မပြီးသေးပါဘူး။ မိန်းမကိုယ်နဲ့ အနီးကပ်ဆုံးဖြစ်တဲ့ အတွင်းခံ သန့်ရှင်းနေဖို့လည်း လိုပါသေးတယ်။ ဒီတော့ မိန်းမကိုယ် ကျန်းမာရေးအတွက် ဘယ်လို အတွင်းခံမျိုးက အသင့်တော်ဆုံးလဲ။ ( ၁ ) ချည်သား အတွင်းခံ ကို ဝတ်ဆင်ပါ ။ ။ အခြားကိုယ်ခန္ဓာ အစိတ်အပိုင်းတွေလိုပဲ မိန်းမကိုယ်ကလည်း အောက်ဆီဂျင်ရရှိဖို့ လိုအပ်တာကြောင့် လေဝင်လေထွက်ကောင်းတဲ့ ချည်သားအတွင်းခံကို ဝတ်ဆင်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် နူးညံ့ပြီး ထိခိုက်လွယ်တဲ့ မိန်းမကိုယ် အရေပြားကို ကာကွယ်ပေးနိုင်ရုံမက ပူအိုက်လို့ ထွက်တဲ့ချွေးတွေကို ချည်သားအတွင်းခံက စုပ်ယူပေးဦးမှာပါ။ ( ၂ ) အတွင်းခံကို တစ်နေ့တစ်ခါ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ်နှုတ်ခမ်းသား မှာ အဖုအကျိတ်အလုံးလေးတွေ စမ်းမိတယ်။ ဘာရောဂါဖြစ်နိုင်လဲ။

အမျိုးသမီး တစ်ယောက်အတွက် မိန်းမကိုယ်ဆိုတာ အရမ်းကို ဂရုစိုက် ရတဲ့ အရာတစ်ခုပါ။ သန့်သန့်ရှင်းရှင်းဖြစ်ဖို့ မိန်းမကိုယ်ကို သန့်စင်ဆေးကြောရတယ်။ မိန်းမကိုယ် ပိုးဝင်တာ မဖြစ်ဖို့ အတွင်းခံကို မှန်မှန်လဲပေးရတယ်။ ဒီလောက် ဂရုစိုက်နေတဲ့ ကြားထဲကတောင် မိန်းမကိုယ်နှုတ်ခမ်းသား မှာ အဖုအကျိတ်လေးတွေ ထွက်လာခဲ့ရင် ခေါင်းကြီးသွားတတ်ကြတာ မိန်းကလေးတိုင်းပါ။ ဒီလို မိန်းမကိုယ်အပြင် နှုတ်ခမ်းသားမှာ အဖုအကျိတ်လေးတွေ ပေါ်လာတဲ့ ကိစ္စက စိုးရိမ်ရလား။ သားဖွားမီးယပ်ဆရာဝန်တွေ ပြောပြချက်အရတော့ ဒီလို မိန်းမကိုယ်နှုတ်ခမ်းသား မှာ အလုံးအကျိတ်လေးတွေ စမ်းမိတိုင်း ကင်ဆာကို စိတ်ပူစရာ မလိုပါဘူး။ မိန်းမကိုယ်က အလုံးအကျိတ်တွေဟာ များသောအားဖြင့် ယာယီလောက်သာဖြစ်တတ်ပြီး သူ့ဘာသာပြန်ပျောက်သွားတာများပါတယ်။ ဒါပေမယ့် ဘယ်လို အကြောင်းအရာတွေကြောင့် မိန်းမကိုယ်နှုတ်ခမ်းသားမှာ အလုံးအကျိတ်တွေပေါက်လဲဆိုတာ သိထားရင် ပိုကောင်းတာပေ့ါ။ ဒါတွေကြောင့် မိန်းမကိုယ်နှုတ်ခမ်းသား မှာ အလုံးအကျိတ်တွေ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးသန့်စင်ဆေးရည်နဲ့ ဆပ်ပြာဘာကွာခြားလဲ။ ဘယ်ဟာကိုအသုံးပြုသင့်လဲ ။ ။

မိန်းကလေးတစ်ယောက်အတွက် ပြီးပြည့်စုံတဲ့အလှတရားဆိုတာ အပေါ်ယံအရေပြားအလှနဲ့တင် မပြီးပါဘူး။ အရေးကြီးတဲ့ မိန်းမကိုယ်တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိဖို့လည်းလိုပါတယ်။ အပေါ်ပိုင်းကတော့ မိတ်ကပ် တွေနဲ့ မှုန်နေအောင် ခြယ်သထားပေမယ့် အတွင်းပိုင်းမိန်းမကိုယ်က အနံ့ဆိုး တွေထွက်နေမယ်၊ ယားယံနေမယ်ဆိုရင် စိတ်ထဲ ကသိကအောက်နဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိ ဖြစ်တတ်တာကြောင့် မိန်းမကိုယ်သန့်ရှင်းရေးအတွက် အချိန်ပေးဖို့လည်းလိုပါတယ်။ ။ မိန်းမကိုယ်သန့်ရှင်းရေးကို ဂရုမစိုက်ဘဲပေါ့ဆမိလိုက်တဲ့အခါ မိန်းမကိုယ်ယားယံပြီး လူကြားထဲ ကုတ်ရဖဲ့ရခက်တဲ့အပြင် ညညဆိုလည်း အိပ်ပျော်နေရင်း မသိစိတ်က ကုတ်မိတော့ မနက်ကျ စပ်နေတာ အဖြူဆင်းလွန်းပြီး စိုစိစိုစိနဲ့ သက်တောင့်သက်သာ မရှိတာ အနံ့ဆိုးတွေထွက်နေတာ နဲ့ ပိုးဝင်ပြီး ရောင်နေလို့ အမျိုးသားနဲ့အတူနေတဲ့အခါ နာကျင်ပြီး အိမ်ထောင်ရေးသုခ မပြည့်ဝတာတွေ ဖြစ်တတ်ပါတယ်။ ဒီတော့ အမျိုးသမီးတို့အတွက် အရေးကြီးဆုံးဖြစ်တဲ့ မိန်းမကိုယ်သန့်ရှင်းရေးက အရေးကြီးလာတာပေါ့။ ။ မိန်းမကိုယ်သန့်ရှင်းရေးကို ဘယ်လိုဂရုစိုက်မလဲ ဒီလို မိန်းမကိုယ်သန့်ရှင်းရေးလုပ်တဲ့နေရာမှာ ရွေးချယ်စရာ နှစ်ခုရှိပါတယ်။ ပထမတစ်ခုက […]


အမျိုးသမီးများတွင် ဖြစ်လေ့ရှိသည့် ဟော်မုန်းမမျှတခြင်း

အမျိုးသမီးတွေမှာ ကျားဟော်မုန်း ပိုများတဲ့အခါ ဘာဖြစ်နိုင်လဲ

လူတိုင်းမှာ ကျားဟော်မုန်း (Testosterone သို့မဟုတ် Androgen) နဲ့ မ ဟော်မုန်း (Estrogen) ဆိုပြီး ရှိပါတယ်။ အမျိုးသားတွေမှာတော့ ကျားဟော်မုန်းပိုများပြီး အမျိုးသမီးတွေမှာ မ ဟော်မုန်း ပိုများတာက ကိုယ်ခန္ဓာရဲ့ သဘာဝပါ။ ဒီလိုမဟုတ်ဘဲ ဟော်မုန်းမျှခြေ ပျက်ယွင်းတာ ဥပမာ - အမျိုးသမီးတွေမှာ ကျားဟော်မုန်း ပိုများတဲ့အခါ ဆိုရင် ကျန်းမာရေးနဲ့ ကိုယ်ခန္ဓာကို ထိခိုက်လာတော့မှာပေါ့။ ဒီနေ့ဆောင်းပါးလေးမှာ မ ဟော်မုန်းထက် ကျားဟော်မုန်း ပိုများနေတဲ့ အမျိုးသမီးတွေမှာ ဘယ်လိုပြဿနာတွေ ဖြစ်နိုင်လဲ၊ ဘယ်လိုကုသဖြေရှင်းမလဲဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ကျားဟော်မုန်းရဲ့ လုပ်ဆောင်ချက်က ဘာလဲ။ ကိုယ်ခန္ဓာကို ကြီးထွားဖွံ့ဖြိုးစေတယ်။ ကြွက်သားတွေကို သန်စွမ်းစေတယ်။ ကိုယ်တွင်းအင်္ဂါတွေကို ကျန်းမာစေတယ်။ အမျိုးသမီးတွေမှာဆိုရင် မျိုးပွားတစ်ရှူးတွေကို ပြုပြင်ပေးတယ်။ အရိုးအဆစ်တွေကို သန်မာစေပြီး အရိုးပါးရောဂါ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးသန့်စင်ဆေးရည်ရွေးဝယ်မယ်ဆို ဒီ(၇) ချက်ကို အရင်စဉ်းစားပါ

ဟိုးခေတ်တုန်းကလိုရေချိုးရင် ဆပ်ပြာနဲ့ တစ်ကိုယ်လုံးတိုက်ပစ်တာ(ခန္ဓာကိုယ်အောက်ပိုင်းအပါအဝင်)၊ သန့်စင်ခန်းထဲမှာ ဆပ်ပြာတုံးထားထားတာမျိုး လုပ်နေတုန်းလား။ မိန်းမကိုယ်ကို ကိုယ်တိုက်ဆပ်ပြာတွေ၊ ရေချိုးဆပ်ပြာတွေနဲ့ သန့်စင်တဲ့အခါနေရတာ တစ်မျိုးမဖြစ်မိဘူးလား။ သန့်ရှင်းသွားတာပဲလို့ ပထမတော့ထင်မိမှာပေါ့။ ဒါပေမယ့် တစ်ခါကနေ နှစ်ခါ၊ နှစ်ခါကနေ သုံးခါဆို ခြောက်တောက်တောက်နဲ့နေရခက်သလို၊ ယားသလိုလို တစ်မျိုးတော့ဖြစ်လာမှာပါပဲ။ ဆပ်ပြာတွေမှာက ဘက်တီးရီးယားသေစေဖို့၊ အနံ့မွှေးဖို့၊ အညစ်အကြေးတွေသန့်စင်နိုင်ဖို့၊ အရောင်လှဖို့၊ တာရှည်ခံဖို့ စတဲ့ ရည်ရွယ်ချက်အမျိုးမျိုးအတွက် ဓာတုပစ္စည်းတွေပါဝင်ပါတယ်။ လက်၊ ခြေထောက်နဲ့ ခန္ဓာကိုယ်အသားအရေအတွက် ထုတ်လုပ်တာမို့ အဆင်ပြေနိုင်ပေမယ့် အဲဒီနေရာတွေထက် ပိုနုနယ်တဲ့ မိန်းမကိုယ်အတွက်တော့ အသုံးပြုဖို့မသင့်တော်ပါဘူး။ ဒီနေရာမှာ ကယ်တင်ရှင်ဝင်လာတာက ခုနောက်ပိုင်းဈေးကွက်မှာ သုံးလာကြတဲ့အမျိုးသမီးသန့်စင်ဆေးရည်ပဲဖြစ်ပါတယ်။ သတိထားဖို့က ဆပ်ပြာတော့မသုံးဘူး သန့်စင်ဆေးရည်ဝယ်သုံးမယ်ဆိုလည်း အရွေးမှားခဲ့ရင် ဆပ်ပြာထက်တောင် ပိုဆိုးသွားနိုင်တယ်နော်။ ဘယ်လိုရွေးရမလဲ (၁)အရောင်တု၊ ဓာတုပစ္စည်း၊ ဆပ်ပြာ မပါတာပဲကောင်းပါတယ် သေချာကြည့်ပါ။ (၂) အမွှေးနံ့ မပြင်းသင့်ပါဘူး မိန်းမကိုယ်က အနံ့ဆိုးထွက်မှာစိုးလို့ဆိုပြီး အနံ့မွှေးတဲ့အမျိုးအစားတွေကိုမရွေးလိုက်ပါနဲ့။ […]


ရာသီလာခြင်း

ရာသီသွေးဆင်းတဲ့ရက် မြန်မြန်ပြီးအောင် လုပ်လို့ရပါသလား ။ ။

မိန်းကလေးတွေ အတွက် တစ်လတစ်ခါ ဓမ္မတာလာချိန် ဆိုတာရှောင်လွဲလို့မရတဲ့ ကိစ္စတစ်ခုပါ။ ခရီးသွားခါနီး၊ စာမေးပွဲဖြေခါနီးစတဲ့ အရေးကြီး ကိစ္စရှိတဲ့အချိန် ဒီ ဓမ္မတာလာခဲ့ရင် တကယ်ကို စိတ်ရှုပ်ရပါတယ်။ ဒီတော့ ရာသီသွေးဆင်းတဲ့ရက် မြန်မြန်ပြီးအောင် လုပ်လို့ရမလား၊၊၊ လုပ်လို့ရတဲ့နည်းတွေရှိပါတယ်။ လူတိုင်းအတွက် အလုပ်ဖြစ်မှာတော့ မဟုတ်ပေမယ့် တချို့လူတွေမှာတော့ ဒီလိုရာသီရက်တွေကို တိုအောင် လုပ်လို့ရတတ်ပါတယ်။ ဘယ်လိုမျိုးလဲဆိုတာ ဆက်ကြည့်ရအောင်။ ရာသီသွေးဆင်းတဲ့ရက် ကို မြန်မြန်ပြီးအောင် ဘယ်လိုလုပ်ရမလဲ ။ ။ နောက်၃ ရက်လောက်ဆို စာမေးပွဲဖြေရတော့မယ်။ ရာသီက ဒီနေ့မှစလာနေတယ်။ တိုက်တော့မှာပဲ ဆိုပြီး စိတ်ညစ်နေပါသလား။ ရာသီသွေးဆင်းတဲ့ရက်ကို တိုသွားအောင် လုပ်လို့ရတဲ့ တချို့နည်းလေးတွေရှိပါတယ်။။ တစ်ကိုယ်ရည်အာသာဖြေခြင်း  ရာသီလာနေတဲ့အချိန် တစ်ကိုယ်ရည်အာသာ ဖြေပြီးနောက်၊ လိင်ဆက်ဆံပြီးနောက် ကာမစိတ်အထွတ်အထိပ်ရောက်တဲ့အချိန်ဆို သားအိမ်ကို ညှစ်လိုက်သလိုဖြစ်တာကြောင့် ရာသီသွေးများများ ပိုဆင်းတယ်လို့ ဆိုပါတယ်။ ဒီလိုများများပိုဆင်းလိုက်တာကြောင့် ရာသီသွေးဆင်းတဲ့ရက်လည်း […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

သင်ထင်မထားတဲ့ မိန်းမကိုယ်ထိခိုက်စေသော အချက်များ

မိန်းကလေးတွေရဲ့ကျန်းမာရေးနဲ့ပတ်သက်ရင်ဘေးချိတ်ထားလို့မရတာတစ်ခုရှိတယ်။ မိန်းမကိုယ်ကျန်းမာရေးပါပဲ။ မိန်းမကိုယ်ကျန်းမာရေးအတွက် တစ်ကိုယ်ရေသန့်ရှင်းမှုကိုဂရုစိုက်ရမယ်လို့တော့ သိကြတယ်၊ သန့်စင်ဆေးရည်တွေဝယ်သုံးကြတယ်၊ အတွင်းခံသန့်သန့်ဝတ်ကြတယ်ဆိုရင် လုံလောက်ပြီယူဆကြပါတယ်။ ဒါပေမယ့် မိန်းမကိုယ်ကို သက်ရောက်မှုဖြစ်စေနိုင်တဲ့ တခြားအရာတွေကို သိပ်မသိကြပါဘူး။ သိရရင်တောင် ဘယ်လိုဆိုင်နေလို့လဲလို့ တွေးမိကြမှာပဲ။ ကိုယ်မထင်ထားလောက်တဲ့ ဘယ်အရာတွေက မိန်းမကိုယ်ကျန်းမာရေးကို ထိခိုက်စေနေသလဲဆိုတာ ဆက်ကြည့်ရအောင်နော်။ ဆေးလိပ်သောက်ခြင်း ဆေးလိပ်မသောက်သင့်တဲ့ အကြောင်းရင်းတွေ အများကြီးရှိပေမယ့် ဆေးလိပ်သောက်တဲ့အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေပိုများတယ်ဆိုတာ ထင်မထားလောက်ဘူးမဟုတ်လား။ သားအိမ်ခေါင်းမှာ ကင်ဆာဖြစ်နိုင်ခြေရှိတဲ့ ပြောင်းလဲမှုတွေ ရှိနိုင်သူ အမျိုးသမီးတွေမှာဆေးလိပ်သောက်ရင် ကင်ဆာအဆင့်ထိရောက်လာနိုင်ခြေ ၇၅ ရာခိုင်နှုန်းအထိ ရှိပါတယ်။ စီးကရက်ရဲ့ကာစီနိုဂျင်တွေ အမျိုးသမီး သားအိမ်ခေါင်းအချွဲမှာတွေ့ရတယ်လို့ သုတေသနတွေကတွေ့ရှိခဲ့ပါတယ်။ ဆီးချိုသွေးချိုရောဂါ ဆီးချိုရောဂါက ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို ထိခိုက်စေနိုင်တယ်ဆိုပေမယ့် အဲဒီထဲမှာ မိန်းမကိုယ်လည်းပါမယ်လို့ အမျိုးသမီးတွေ ထင်မထားလောက်ပါဘူး။ တကယ်တော့ မှိုပိုးဝင်ခြင်း ပိုများလာတာက အမျိုးသမီးတွေမှာ ဆီးချိုသွေးချိုဖြစ်နေကြောင်း ကနဦးလက္ခဏာဖြစ်နေနိုင်ပါတယ်။သွေးတွင်းသကြားဓာတ်ပမာဏမြင့်တက်နေတဲ့အခါ အထူးသဖြင့် မိန်းမကိုယ်တစ်ရှူးတွေအတွင်းမှာ မှိုပိုးတွေပေါက်ဖွားရှင်သန်ရာတစ်ခုဖန်တီးသလိုဖြစ်စေနိုင်ပါတယ်။ ဆီးချိုမထိန်းနိုင်တဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း