အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတစ်လျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ သူတို့ကို အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ ပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ

သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၄ ဦးမှာ ၁ ဦးက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် ခံရဖူးပါတယ်။ အကြမ်းဖျင်းအားဖြင့် အမျိုးသမီး ၈ ဦးမှာ ၁ ဦးနှုန်းဟာ အလုပ်ခွင် ဒါမှမဟုတ် သူတို့ ကျင်လည်ရာ လူမှုပတ်ဝန်းကျင်မှာ နှုတ်အားဖြင့် ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ခံစားရဖူးပါတယ်။ ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ လေ့လာမှုကို ၇ နှစ်ကြာ လုပ်ဆောင်ခဲ့ပါတယ်။ လေ့လာမှုမှာ အမျိုးသမီး အသက် ၅၃ နှစ် ဝန်းကျင် အမျိုးသမီး ၃၃၁၂၇ ဦး […]

အမျိုးသမီး ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

ရာသီလာခြင်း

မိုးရာသီမှာ အဖြူဆင်းများတာ ဘာကြောင့်လဲ

မုတ်သုံမိုးနဲ့အတူ မမျှော်လင့်တဲ့အရာတွေတော်တော်များများပါလာတတ်ပါတယ်။ မုတ်သုံမိုးကြောင့် အအေးမိတုပ်ကွေးဖြစ်တာ၊ အရေပြားပြဿနာဖြစ်တာအပြင်လေဒီလေးတွေမှာ ကြုံရနိုင်တဲ့ပြဿနာတစ်ခုရှိပါသေးတယ်။ ဒါကတော့ အဖြူဆင်း တာပါ။ ဒီပြဿနာက လေဒီလေးတွေကို ယုံကြည်မှုလျော့စေတဲ့ အချက်တစ်ခုဆိုလည်း မမှားပါဘူး။ ဒီတော့ မုတ်သုံမှာ အဖြူဆင်းများတာ ခံစားရတဲ့အခါ ဘယ်လိုသက်သာအောင်လုပ်ကြမလဲဆိုတဲ့နေထိုင်စားသောက်မှုပုံစံအကြောင်းလေးဆွေးနွေးရအောင်လား။ အဖြူဆင်း တယ်ဆိုတာ မိန်းမကိုယ်ကနေရာသီသွေးမဟုတ်ဘဲ ဆင်းလာတဲ့အရည် သို့မဟုတ် အချွဲလေးတွေကို အဖြူဆင်းတယ်လို့ခေါ်ပါတယ်။ အဖြူဆင်းတယ်ဆိုတိုင်းမကောင်းတာတော့မဟုတ်ပါဘူး။ မိန်းမကိုယ်နဲ့သားအိမ်ခေါင်းအတွင်း ဂလင်းတွေကနေထုတ်ပေးလိုက်တဲ့အရည်တွေက ဆဲလ်သေတွေနဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားတဲ့ဖြစ်စဉ်တစ်ခုပါ။ ဒီလိုဆင်းမှ မိန်းမကိုယ်သန့်စင်စေပြီးရောဂါပိုးဝင်ခြင်းကိုကာကွယ်နိုင်မှာပါ။တကယ်တော့အဖြူဆင်းတာက ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့အရာပါ။ ဆင်းတဲ့ပမာဏ၊ အရောင်၊အနံ့တို့က ရာသီစက်ဝန်းကိုမူတည်ပြီး ကွယခြားတာမျိုးတော့ရှိတာပေါ့။ ဥပမာ သားဥကြွေတဲ့အချိန်၊ ကလေးနို့တိုက်တဲ့ကာလတို့ဆိုရင် အဖြူပိုဆင်းတတ်တယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အနံ့တစ်မျိုးရှိတဲ့အဖြူဆင်းခြင်းဖြစ်နိုင်တယ်။ အဖြူဆင်းတာရောဂါတစ်ခုမဟုတ်ပေမယ့် ပုံမှန်မဟုတ်တဲ့အဖြူဆင်းခြင်းဖြစ်လာရင်တော့ ဂရုစိုက်ဖို့လိုပါမယ်။ မိုးရာသီမှာ ဘာကြောင့် အဖြူဆင်းများတာ ဖြစ်ရတာလဲ..... အဖြူဆင်းတာ က ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်စဉ်တစ်ခုဆိုပေမယ့် မိုးရာသီမှာက ပိုအဖြစ်များပါတယ်။ အကြောင်းကတော့မိုးရာသီမှာမှိုပိုးကူးစက်နိုင်ခြေများတာကြောင့် […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ်အနံ့ဆိုးထွက်နေရတာ ဒီအချက်တွေကြောင့်ပါနော်

ကိုယ်ကနေ အနံ့ဆိုးတွေ ထွက်နေလို့ အစည်းအဝေးမထိုင်ရဲ၊ သူငယ်ချင်းတွေနဲ့ စုစုဝေးဝေးမထိုင်ရဲဘဲ အနံ့ဆိုး တစ်ခုခုရတိုင်းလည်း ငါ့ကိုယ်ကများဖြစ်နေလားဆိုပြီး စိုးရိမ်နေတဲ့လေဒီလေးတွေများရှိလား။ အလှကြိုက်တာ အလှဆုံးဖြစ်ချင်တာက မိန်းကလေးတိုင်းရဲ့ စိတ်ကူးပါ။ ဒီလိုလှဖို့ဆိုတာကလည်း အသားလေးဖြူရင်ပြီးရော မိတ်ကပ်လှလှလေးလူးတတ်ရင်ပြီးရောလားဆိုတော့ မဟုတ်သေးဘူးနော်။ မိန်းကလေးတစ်ယောက် တကယ်လှဖို့က အနံ့အသက်ကင်းဖို့လည်း လိုပါတယ်။ ဒီတော့ဘာလုပ်မလဲ အနံ့ဆိုး ထွက်နိုင်တဲ့နေရာတွေကို သန့်ရှင်းနေအောင်ဂရုစိုက်မှာပေါ့။ ခန္ဓာကိုယ်ကသန့်ရှင်းနိုင်မှတော်ကာကျမှာပါ။ ခန္ဓာကိုယ်က အနံ့ဆိုးထွက်ဖို့ အဆင်သင့်အမြဲဖြစ်နေတာပါနော်။ ဒီတော့ တစ်ကိုယ်ရေသန့်ရှင်းရေးကိုသေချာလေးဂရုစိုက်ဖို့လိုပါမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်လိုက်ရင်ကော အနံ့ဆိုးကင်းသွားပြီလားဆိုတော့ ထိုက်သင့်သလောက်ပေါ့။ မိန်းကလေးတစ်ယောက်ကယောက်ျားလေးတွေထက် တစ်ကိုယ်ရေသန့်ရှင်းရေး ပိုဂရုစိုက်ထားဖို့လိုပါမယ်နော်။ လေဒီတို့ကို အလှပျက်စေတဲ့ အချက်တစ်ခု လေဒီတို့ကို အလှပျက်စေတဲ့ အချက်တစ်ခုရှိနေပါတယ်။ ဒါကတော့ မိန်းမကိုယ်အနံ့ဆိုးထွက်တာ ပါ။ ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေလိုပါပဲ။ မိန်းမကိုယ်ကနေလည်း အနံ့ဆိုးတွေ ထွက်နိုင်ပါတယ်နော်။ ဒါကလေဒီတိုင်း မကြုံဖူးတာ မရှိသလောက်ပါနော်။ မိန်းမကိုယ်က အနံ့ဆိုး ထွက်တာက […]


ရာသီလာခြင်း

ရာသီလာချိန် ထွက်တတ်တဲ့ အနံ့ဆိုးတွေကို အမျိုးသမီး သန့်စင်ဆေးရည်သုံးပြီး ရှောင်ရှားကြမယ် ။ ။

မိန်းကလေးတွေ အတွက် ဓမ္မတာ လာချိန်ဆိုတာ အင်မတန်မှ စိတ်ညစ်စရာ ကောင်းပြီး အလုပ်ရှုပ်တဲ့ အချိန်တစ်ခုလို့ ပြောရပါမယ်။ ဒီကြားထဲ မိန်းမကိုယ်က အနံ့ဆိုးတွေထွက်နေတာ၊ ဓမ္မတာကြောင့် ကိုက်ခဲနေတာတွေ ပါ ဖြစ်လို့ကတော့ အတော်ကိုမှ စိတ်ရှုပ်ကြရပါတယ်။ ဒါပေမယ့်လည်း တစ်လတစ်ခါ ရှောင်လွဲလို့မရတဲ့ ဓမ္မတာဆိုတော့ ဒီလိုထွက်နေတဲ့ အနံ့အသက်ဆိုးတွေ ထပ်မထွက်အောင် တားဆီးပေးဖို့ပဲရှိတော့တာပေါ့ ။ ။ ရာသီလာချိန် ဘာကြောင့် မိန်းမကိုယ်ကနေ အနံ့ဆိုးတွေ ထွက်တာလဲ ။။ မိန်းမကိုယ်မှာ ကိုယ်ပိုင်အနံ့တစ်မျိုးရှိတတ်တယ်ဆိုပေမယ့် ရာသီလာချိန်မှာတော့ အနံ့ပြောင်းသွားတတ်ပါတယ်။ ရာသီလာချိန် မိန်းမကိုယ်သန့်ရှင်းရေးကို သေချာ ဂရုစိုက်မလုပ်ဖြစ်တာ ဆင်းနေတဲ့ သွေးတွေuဘက်တီးရီးယားအကြိုက်ဖြစ်နေတာ သုံးနေတဲ့ လစဉ်သုံးပစ္စည်းကို ၆ နာရီတစ်ခါ မလဲမိဘဲ တစ်နေ့လုံးသုံးနေတာ ထည့်ထားတဲ့ တမ်ပွန်ကို ပြန်ထုတ်ဖို့ မေ့သွားခဲ့တာ စတာတွေက […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

အမျိုးသမီးသန့်စင်ဆေးရည်တွေကို တကယ်ရောသုံးသင့်ရဲ့လားဆိုတာနဲ့အခြား အယူအဆမှားများ ။

TV တွေ ၊ စာစောင်တွေ Facebook တွေထဲမှာ မိန်းမကိုယ် သန့်စင်ဆေးရည်ကြော်ငြာ တွေ မကြာခဏ တွေ့ဖူးကြမှာပါ။ Shopping Mall တွေ သွားတိုင်း စင်ပေါ်မှာ သူတို့ကနေရာယူထားကြတာ တွေ့ရမှာပါ။ မိန်းမကိုယ်အတွက် သီးသန့်ထုတ်ထားတဲ့ သန့်စင်ဆေးရည်ဆိုတော့ သူတို့ကို တကယ်ရော သုံးသင့်ရဲ့လား။ အပြင်မှာတစ်ချို့လူတွေ ပြောနေကြတဲ့ မိန်းမကိုယ်ဆိုတာ သူ့ဘာသာသူ သန့်ရှင်းတဲ့စနစ်ရှိတယ်။ သန့်စင်ဆေးရည်တွေကို မလိုအပ်ဘူး။ မိန်းမကိုယ်အတွက် အန္တရာယ်တောင်ဖြစ်ဦးမယ် စတဲ့ အကြောင်းတွေ ကြားဖူးကြမှာပါ။ သူတို့ပြောနေကြသလို တကယ်ပဲ မလိုအပ်ဘူးလား။ ။ တကယ်တော့ ဘယ်လောက်ပဲ မိန်းမကိုယ်မှာ သဘာဝအတိုင်း သန့်ရှင်းတဲ့ စနစ်ရှိတယ်ဆိုပေမယ့် ကိုယ့်ဘက်က မိန်းမကိုယ်သန့်ရှင်းရေးနဲ့ပတ်သက်လို့ သေချာဂရုမစိုက်ဘဲနေတဲ့အခါတွေမှာ သဘာဝစနစ်ကြီးကလည်း ပြင်ပက ရောဂါပိုးတွေကို မနိုင်တော့ပါဘူး။ ဒီတော့ မိန်းမကိုယ်သန့်စင်ဆေးရည်တွေ သုံးပေးဖို့ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ် ကို သန့်ရှင်းကျန်းမာအောင် ဘယ်လိုထားမလဲ

တချို့နိုင်ငံတွေမှာ ရာသီလာချိန်ဆို မိန်းကလေးတွေကို သီးခြားနေရာမှာတောင် နေစေတာတဲ့။ နီပေါတို့၊ အိန္ဒိယတို့မှာ ရာသီသွေးဆင်းနေတဲ့ မိန်းကလေးကို မိသားစုထဲ၊ ကိုယ့်အိမ်ထဲမှာတောင် မနေခိုင်းပါဘူး။ တကယ်တော့ မိန်းမကိုယ် ဆိုတာ ရွံစရာမဟုတ်ပါဘူး။ တခြားသူတွေမှာလို၊ တခြားနေရာတွေလိုပဲ ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခုသာဖြစ်ပါတယ်။ သန့်သန့်ရှင်းရှင်းနေမယ်ဆို ခြေထောက်၊ လက်အရေပြားတွေထက်တောင် သန့်နေပါလိမ့်ဦးမယ်။ ဒါပေမယ့် မိန်းကလေးတွေ ကိုယ်တိုင်ကကို ညစ်ပေတဲ့ နေရာတစ်ခုဖြစ်မှာ၊ အနံ့ထွက်မှာ၊ရောဂါပိုးဝင်မှာ စိုးရိမ်မှုတွေကြောင့် အနံ့မွှေးတဲ့ ဆပ်ပြာတွေ၊ ဖျန်းဆေးတွေအပြင် ရေမွှေးတွေပါသုံးကြ၊ မကြာခဏ ဆေးကြောတတ်ကြရာက နုနယ်တဲ့ မိန်းမကိုယ်အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ မိန်းမကိုယ်ဟာ ညစ်ပေတဲ့နေရာ ဘယ်အချိန်မှာဖြစ်လာလဲဆိုရင် တစ်ကိုယ်ရေသန့်ရှင်းမှုမရှိတဲ့အခါ၊ အဝတ်အစားမသန့်ရှင်းတဲ့အခါ ရောဂါပိုးဝင်လာချိန်ဖြစ်ပါတယ်။ရောဂါပိုး အထူးသဖြင့်မှိုပိုးဝင်တဲ့အခါ ယားယံတာ၊ အနံ့ဆိုးထွက်တာ၊ မသန့်ရှင်းတဲ့ အဖြူဆင်းတာတွေဖြစ်လာနိုင်ပါတယ်။ အဲဒီအချိန် လိုအပ်တဲ့ကုသမှုမဟုတ်ဘဲ တခြားဆေးတွေလိမ်းတာ၊ ထည့်တာ၊ အမွှေးနံ့ပြင်းတာတွေ သုံးပစ်တာတွေ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ်သန့်စင်ရာမှာ ဆပ်ပြာမသုံးသင့်တဲ့ အကြောင်းအရင်း

တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အများဆုံးသုံးကြတာက ဆပ်ပြာေနာ်။ အစားမစားခင်၊ အစာအစာတွေမပြင်ခင်၊ အိမ်သာအဆင်း၊ ညစ်ပေတာတွေကိုင်ပြီးရင် သန့်စင်အောင်ဆိုပြီး ဆပ်ပြာသုံးပြီးဆေးလိုက်တယ်နော်။ ဒီလိုဆေးလိုက်တာက ဘက်တီးရီးယားတွေကိုသေစေနိုင်သလို အနံ့ဆိုးတွေကိုလည် ကင်းသွားစေတယ်နော်။ လန်းဆန်းမွှေးပျံ့မှုနဲ့အတူ ယုံကြည်မှုပါတိုးသွားစေတယ်ဟုတ်။ ဒီလိုဆိုတာနဲ့ ဆပ်ပြာကို ခန္ဓါကိုယ် အစိတ်အပိုင်းအကုန်လုံးအတွက် သုံးလို့ရပြီလို့ မထင်စေချင်ပါဘူးနော်။ မြင်သာအောင်ပြောပြရရင် ဆံပင်တွေသန့်စေဖို့ခေါင်းလျှော်ရည်၊ သွားနဲ့ခံတွင်းအတွက်က သွားတိုက်ဆေးတို့သုံးရတယ်နော်။ ဒါဆိုရင်လေဒီလေးတို့ ကျန်းမာပျော်ရွှင်ဖို့ အရေးပါတဲ့ မိန်းမကိုယ်လေးအတွက်ကရော ဘာနဲ့ဆေးကြောရမလဲ။ ဒါလေးများရှည်ရှည်ဝေးဝေးတွေးနေတယ်။ သူလည်း ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲလေ ဆပ်ပြာနဲ့ပဲဆေးလိုက်ရောပေါ့လို့ မပြောနဲ့နော်လေဒီ။ မိန်းမကိုယ်ကို သန့်စင်ဖို့က သူ့အတွက်သီးသန့်ထုတ်ထားတဲ့ အမျိုးသမီးသန့်စင်ဆးရည်နဲ့မှ အဆင်ပြေတော့မပေါ့။ ဒီလိုမျိုးမသုံးချင်ဘူးဆိုရင်လည်းရေသန့်သန့်လေးနဲ့သာဆေးကြောလိုက်ပါ။ ဆပ်ပြာနဲ့ သန့်စင်တာမျိုးတော့ မလုပ်ပါနဲ့။ ဘာလို့ ဒီလိုပြောရလဲဆိုတာကို ရှင်းပြမယ်နော်။ မိန်းမကိုယ်သန့်စင်တော့မယ်ဆိုရင် မိန်းမကိုယ်က အရေပြားက အခြားခန္ဓါကိုယ်အစိတ်အပိုင်းတွေက အရေပြားတွေနဲ့ တူတူပဲဆိုပေမယ့်ဆေးကြောသန့်စင်တဲ့အခါမှာတော့ အခြားအစိတ်အပိုင်းတွေလိုမျိုး ဆပ်ပြာသုံးသန့်စင်တာမျိုးမလုပ်သင့်ပါဘူး။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ မိန်းမကိုယ်ထဲမှာ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ်သန့်စင်ခြင်း အမှား (၇)ခု

မိန်းကလေးတွေမှာ မလှရင်တောင် သပ်သပ်ရပ်ရပ်လေးနေတတ်တာကလည်း သူတို့လေးတွေကို ကျက်သရေတိုးစေတဲ့အချက်ပါ။ ဒီအချက်တွေအပြင် မမွှေးရင်တောင် အနံ့အသက်ဆိုးတွေကင်းနေမယ်ဆိုရင် မိန်းကလေးတစ်ယောက်က နှစ်လိုဖွယ်ကောင်းတဲ့ မိန်းကလေးတစ်ယောက်လို့ပြောလို့ရပါတယ်နော်။ ဒီတော့လေဒီလေးအခုတွေးနေတာက ကိုယ့်ကိုကိုယ် အနံ့အသက်ဆိုးကင်းစေဖို့လား။ ဟုတ်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးမှာလေဒီလေးတို့ အနံ့အသက်ဆိုးကင်းအောင်လုပ်ရင် မှားတတ်တဲ့ အချက်လေးအချို့ပြောပြထားပေးတာကြောင့် ဆက်ကြည့်ရအောင်လား။ အနံ့အသက်ဆိုးထွက်နိုင်တဲ့နေရာတွေ လေဒီလေးတွေမှာ အနံ့အသက်ဆိုးအဓိကထွက်စေတဲ့နေရာတွေရှိပါတယ်နော်။ ဒါတွေကတော့- ခေါင်းချွေးနံ့ ခံတွင်းအနံ့ဆိုး ချိုင်းချွေးနံ့ ခန္ဓါကိုယ်ချွေးနံ့ မိန်းမကိုယ် အနံ့အသက်ဆိုး ခြေဖဝါးကထွက်တဲ့ အနံ့အသက်ဆိုးတွေ ခြေသည်းကနေထွက်တဲ့ အနံ့အသက်ဆိုးတွေရှိနေနိုင်ပါတယ်။ အနံ့အသက်ဆိုးတွေကိုနှိမ်နှင်းဖို့ မဖြစ်မနေလုပ်ရမှာက တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်တာပါ။ ဒီလိုဂရုစိုက်တဲ့နေရာမှာ ခေါင်းအစခြေအဆုံး သန့်ရှင်းသပ်ရပ်နေအောင်လုပ်ရမှာဖြစ်ပြီး အရေးအကြီးဆုံး ဂရုစိုက်ပေးရမှာကတော့ မိန်းမကိုယ်သန့်ရှင်းရေးပါ။ ဒီလိုဂရုစိုက်ရာမှာ မှားယွင်းလုပ်မိတာတွေရှိနိုင်ပါတယ်။ အစဉ်အလာအရ ယုံကြည်လက်ခံလာတဲ့ မှားယွင်းတဲ့အချက်အလက်တွေရှိတယ်။ အခြားအရာတွေထက် မိန်းမကိုယ်သန့်ရှင်းရေးက အမှားခံလို့မဖြစ်ပါဘူး။ ဒီနေရာမှာ တစ်ခုခုမှားယွင်းသွားရင်ပေးဆပ်ရမှာကများပါတယ်။ မိန်းမကိုယ်သန့်စင်တဲ့အခါ ဘယ်လိုအမှားမျိုးတွေလုပ်နေကြမလဲဆိုတာ ကြည့်ရအောင်။ မိန်းမကိုယ်သန့်ရှင်းရာမှာ မှားယွင်းလုပ်မိနေနိုင်တဲ့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ဓါတ်မတည့်ဖြစ်လွယ်တဲ့ လေဒီလေးတွေအတွက် အသင့်တော်ဆုံး အမျိုးသမီးသန့်စင်ဆေးရည် ဘယ်လိုရွေးမလဲ

ဓါတ်မတည့်ြဖစ်လွယ်တာကတော်တော်လေးတော့စိတ်ပျက်စရာနော်။ ဓါတ်မတည့်တာက ခန္ဓါကိုယ်ရဲ့နေရာအနှံ့မှာဖြစ်နိုင်တာပါနော်။တော်တော်များများထင်ထားတာက ဓါတ်မတည့်မှုက မျက်နှာနဲ့ခြေလက်တို့လောက်မှာပဲ အဖြစ်များမယ်လို့ပေါ့။ ဒီလိုမဟုတ်ပါဘူးနော်။ ဓါတ်မတည့်ဖြစ်တာက အချို့လေဒီလေးတွေမှာဆိုရင် မိန်းမကိုယ်မှာတောင်ဖြစ်တတ်ပါတယ်နော်။ ဒီလိုဖြစ်တဲ့အခါ လူကြားထဲမှာနေရခက်သလို ကိုယ့်ကိကိုယ် ယုံကြည်မှုလည်းကျသွားပါတယ်နော်။လေဒီလေးမှာ ဒီပြဿနာလေးကြုံနေရတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါနော်။ ဓါတ်မတည့်မှုက စိတ်အနှောင့်အယှက်ဖြစ်စေတယ် မြင်သာတဲ့နေရာမှာ ဓါတ်မတည့်ဖြစ်တာကတောင်နေရခက်သေးရင် မမြင်သင့်မမြင်အပ်တဲ့နေရာမှာ ဓါတ်မတည့်မှုဖြစ်တာက ဘယ်လောက်တောင်ဆိုးရွားလိုက်မလဲနော်။နေ့စဉ်မှာ ဒီလိုစိတ်အနှောင့်အယှက်ဖြစ်စရာက သစ္စာရှိရှိ အရိပ်လိုတွယ်ကပ်နေပြီဆိုရင်တော့နေ့စဉ်အလုပ်တွေကိုသေသေချာချာလုပ်နိုင်ဖို့နဲ့ လူအများကြားမှာ ယုံကြည်မှုပြည့်ဝတဲ့လေဒီလေးဖြစ်ဖို့ အကြီးအကျယ်အခက်တွေ့ပြီပေါ့။ ဒီပြဿနာကမွေးထားလို့မကောင်းဘူးနော်။ မြန်မြန်ရှင်းနိုင်မှတော်ကာကျမှာပါ။ ဒါဆိုဘယ်လိုဖြေရှင်းမလဲ။ မစိုးရိမ်ပါနဲ့။ပြဿနာရှိရင်အဖြေရှိတယ်လေ။ အမျိုးသမီးသန့်စင်ဆေးရည်သုံးမှာပေါ့။ အမျိုးသမီးသန့်စင်ဆေးရည်က သုံးလို့ရပါ့မလား အဆင်ပြေပါမလားလို့တွေးနေလား။ ဆပ်ပြာသုံးလို့ရောမရဘူးလားပေါ့။ ဆပ်ပြာကိုတော့ မိန်းမကိုယ်လေးက နိုးပါတဲ့နော်။ ဆပ်ပြာသုံးရင် မိန်းမကိုယ်လေးအတွက်ကောင်းကျိုးထက် ဆိုးကျိုးကပိုများပါတယ်နော်။ ဒါဆိုရွေးစရာကျန်တာက အမျိုးသမီးသန့်စင်ဆေးရည်ပေါ့။ဒီလိုဆိုတာနဲ့တွေ့ရာအမျိုးသမီးသန့်စင်ဆေးရည်ကို သုံးလို့လည်းမဖြစ်ပြန်ဘူးလေ။ ဓါတ်မတည့်တတ်သူတွေက အခြားသူတွေထက်ပိုသတိထားရမယ်မဟုတ်လား။ ဒီတော့ ဓါတ်မတည့်တတ်တဲ့လေဒီလေးတို့အတွက် အမျိုးသမီးသန့်စင်ဆေးရည် ဘယ်လိုရွေးမလဲပြောပြမယ်နော်။ ဓါတ်မတည့်တဲ့လေဒီလေးတို့အတွက် အသင့်တော်ဆုံးဖြစ်မယ့် အမျိုးသမီးသန့်စင်ဆေးရည် ဓါတ်မတည့်တတ်တဲ့လေဒီလေးတို့အတွက် အသင့်တော်ဆုံးဖြစ်မယ့်အမျိုးသမီးသန့်စင်ဆေးရည်ဆိုတာ ဒီအချက်တွေနဲ့ပြည့်စုံရပါမယ်နော်။ အနံ့ […]


အမျိုးသမီးများတွင် ဖြစ်လေ့ရှိသည့် ဟော်မုန်းမမျှတခြင်း

နည်းလည်းမကောင်းသလို များပြန်လည်း မကောင်းတဲ့ အက်စထရိုဂျင်ဟော်မုန်း

လေဒီလေးတွေအတွက် အရေးပါတဲ့ဟော်မုန်းလေးတစ်ခုအကြောင်း နည်းနည်းလောက်ဆွေးနွေးချင်ပါတယ်။ ဒီ ဟော်မုန်းက များလည်း မကောင်းသလို နည်းလည်း မကောင်းပြန်ပါဘူး။ မရှိလို့မဖြစ်အောင် အရေးပါတဲ့ဟော်မုန်းလေးနဲ့ ပတ်သက်လို့လေဒီတိုင်း သိထားလို့ရအောင် ဒီဆောင်းပါးလေးကနေပြောပြပေးပါရစေနော်။ အက်စထရိုဂျင် ဟော်မုန်း လေဒီလေးတိုင်းအတွက်လိုအပ်တဲ့ဟော်မုန်းပါ။ မိန်းကလေးတွေဖွံ့ဖြိုးကြီးထွားဖို့အတွက် အရေးပါတဲ့ဟော်မုန်းတစ်မျိုးပါ။ အပျိုဖော်စဝင်ချိန်မှာ သားဥအိမ်က လစဉ်ရာသီလာချိန်မှာ ထုတ်ပေးပါတယ်။ ရာသီစက်ဝန်းတဝက်ခန့်မှာဟော်မုန်းပမာဏကိုမြင့်တက်စေပြီး မျိုးဥတွေကိုကြွေစေနိုင်ပါတယ်။ မျိုးဥကြွေပြီးချိန်မျာဟော်မုန်းပမာဏက သိသိသာသာလျော့ကျစေနိုင်ပါတယ်။ ဒီဟော်မုန်းဟာ များသောအားဖြင့်သွေးကြောတွေထဲမှာ အရည်ပုံစံနဲ့ စီးဆင်းနေပါတယ်။ ခန္ဓါကိုယ်တစ်ရှုးတွေထဲက ဆဲလ်တွေနဲ့ အပြန်အလှန်ဓါတ်ပြုပါတယ်။ အက်စထရိုဂျင်ဟော်မုန်းဟာ ပရိုဂျက်စတင်ဟော်မုန်းနည်းတူ အမျိုးသမီးတွေအတွက် အရေးပါတဲ့ဟော်မုန်းတစ်မျိုးပါ။ ကိုယ်ဝန်မြဲစေဖို့နဲ့ သားအိမ်ထဲမှာ မမျိုးဥတွေဖြစ်ပေါ်စေဖို့ ပရိုဂျက်စတင်ဟော်မုန်းက လုပ်ဆောင်ပေးပါတယ်။ အက်စထရိုဂျင်ဟော်မုန်း ဘယ်နှမျိုးရှိလဲ အက်စထရိုဂျင်ဟော်မုန်းအမျိုးအစားက အကြမ်းဖျင်းအားဖြင့် ၃ မျိုးရှိနေတာပါ။ Estrone (E1) -အက်စထရိုဂျင်ဟော်မုန်းရဲ့ အပျော့စားပုံစံတစ်မျိုးပါ။သွေးဆုံးပြီးနောက်အမျိုးသမီးတွေမှာတွေ့ရတဲ့ဟော်မုန်းအမျိုးအစားပါ။ ခန္ဓါကိုယ်ထဲက တစ်ရှုးအများစုမှာရှိနေနိုင်ပြီး အထူးသဖြင့်ကတော့ ကြွက်သားနဲ့ အဆီတစ်ရှုးတွေမှာရှိနေနိုင်ပါတယ်။ ခန္ဓါကိုယ်ကestrone ကိုestradiol အဖြစ်ပြောင်းလဲပြီးestradiol ကိုestrone […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ်က ထွက်တဲ့ အနံ့ ၇ မျိုးနဲ့ သူတို့ကို ဘယ်လို ဖြေရှင်းကြမလဲ ။ ။

ကိုယ်ပေါ်က အရာတွေ အားလုံးမှာ ကိုယ်ပိုင်အနံ့တွေရှိတတ်ကြပါတယ်။ ခံတွင်းနံ့၊ ကိုယ်သင်းနံ့၊ ဆံပင်နံ့ စတာတွေလိုပဲ မိန်းမကိုယ်မှာလည်း အနံ့ရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ ရာသီလာချိန်၊သွေးဆုံးချိန်၊ ကျန်းမာရေး အခြေအနေနဲ့ စားသောက်မှုပုံစံ တို့နဲ့လိုက်ပြီး အနံ့တွေက ပြောင်းလဲနေတာပါ။ ဒီလို အနံ့တွေ ပြောင်းလဲနေတဲ့ မိန်းမကိုယ်မှာ အနံ့ ၇ မျိုးတောင်ရှိတယ်ဆိုရင် အံ့သြသွားမလား ။ ။ မိန်းမကိုယ်မှ ထွက်တဲ့ အနံ့ ၇မျိုး ။ ။ မိန်းမကိုယ်ကထွက်တဲ့ အနံ့ ၇ မျိုးတောင်ရှိတာလားဆိုပြီး အံ့သြမသွားလိုက်ပါနဲ့။ မိန်းမကိုယ် ကျန်းမာရေး အခြေအနေပေါ်မူတည်ပြီး ပြောင်းလဲထွက်ပေါ်လာတဲ့ ဒီအနံ့တွေဟာ သင့်မိန်းမကိုယ်ကျန်းမာရေးကို ခြေရာခံနိုင်မယ့် သဲလွန်စတွေပါ။ ဒီတော့အနံ့ ၇ မျိုးက ဘာတွေလဲဆိုတာ ဆက်ကြည့်လိုက်ရအောင် ။ ။ ၁ - musky smell […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း