အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတစ်လျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ သူတို့ကို အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ ပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ

သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၄ ဦးမှာ ၁ ဦးက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် ခံရဖူးပါတယ်။ အကြမ်းဖျင်းအားဖြင့် အမျိုးသမီး ၈ ဦးမှာ ၁ ဦးနှုန်းဟာ အလုပ်ခွင် ဒါမှမဟုတ် သူတို့ ကျင်လည်ရာ လူမှုပတ်ဝန်းကျင်မှာ နှုတ်အားဖြင့် ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ခံစားရဖူးပါတယ်။ ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ လေ့လာမှုကို ၇ နှစ်ကြာ လုပ်ဆောင်ခဲ့ပါတယ်။ လေ့လာမှုမှာ အမျိုးသမီး အသက် ၅၃ နှစ် ဝန်းကျင် အမျိုးသမီး ၃၃၁၂၇ ဦး […]

အမျိုးသမီး ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ် ချွေးစော်အရမ်းမနံအောင် ဘယ်လိုကာကွယ်မလဲ

ယောက်ျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် ကိုယ်ခန္ဓါရဲ့ ချွေးထွက်အများဆုံးသော နေရာကိုပြောပါဆိုရင် လိင်အင်္ဂါနဲ့ ပေါင်ခြံတစ်ဝိုက်ပဲ ဆိုရမှာပါ။ ချွေးထွက်တယ်ဆိုတာ တကယ်တော့ ကိုယ်ခန္ဓါရဲ့အပူချိန်ကို ထိန်းညှိပေးဖို့အတွက် ချွေးပေါက်တွေကနေ ရေငွေ့အဖြစ် အပြင်ကို ထွက်လာရတာပဲဖြစ်ပါတယ်။ ချွေးစော်နံတယ်ဆိုတာကတော့ ချွေးပေါက်ထဲမှာ ချွေးအပြင် အဆီတွေနဲ့ ဘက်တီးရီးယားပိုးမွှားတွေ အောင်းနေတာကြောင့် ပုပ်သိုးသိုးအနံ့တွေ ထွက်လာရတာပဲဖြစ်ပါတယ်။ အတွင်းခံဘောင်းဘီေတွ တစ်နေကုန်ဝတ်ဆင်တာရော၊ လေဝင်ပေါက်ထွက်ပေါက် မရှိဘဲ ပိတ်မိနေတာ၊ အရေပြားနဲ့ အဝတ်အစား မကြာခဏ ပွတ်တိုက်မိပြီး ချွေးထွက်၊ ချွေးပေါက်ထဲကို ဘက်တီးရီးယားပိုးတွေဝင်ပြီး မကောင်းတဲ့ အနံ့အသက်တွေထွက်လာတာ အရမ်းကို စိတ်ညစ်စရာနော်။ ဘယ်လောက်ပဲ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်နေနေ အနံ့အသက်က အနည်းနဲ့ အများတော့ ရှိနေဦးမှာပဲဆိုပေမယ့် တစ်ဖက်လူ မခံမရပ်နိုင်ဖြစ်ရလောက်တဲ့အထိ မဆိုးရွားစေဖို့ ကာကွယ်လို့ရမယ့် နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။ ၁။ ချည်သားအတွင်းခံေတွကိုသာ ဝတ်ဆင်ပါ။ ချည်သားတွေက […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

သားအိမ်ထုတ်ပြီးနောက်ပိုင်းကျန်းမာရေး ဘယ်လိုဂရုစိုက်ကြမလဲ

သားအိမ်တွင်းအလုံးအကျိတ်ဖြစ်လို့၊ ရာသီသွေးဆင်းနာကျင်မှုတွေခံစားရလို့၊ ကင်ဆာရှိနေလို့ စတဲ့ ဘယ်အကြောင်းရင်းတွေကြောင့်ဖြစ်ဖြစ် သားအိမ်ထုတ်ရပြီဆိုတာဟာ အကြီးစားခွဲစိတ်မှုပါပဲ။ ဒါ့ကြောင့် ခွဲစိတ်မှုနောက်ပိုင်း ကာယကံရှင်ရဲ့ကျန်းမာရေးအခြေအနေ၊ ခွဲစိတ်မှုနည်းလမ်းတို့ကိုမူတည်ပြီးပြန်လည်ကျန်းမာမယ့်ကြာချိန်ကွာခြားနိုင်ပါတယ်။ ခွဲစိတ်ကုသမှုကိုအောင်အောင်မြင်မြင်နဲ့ကျော်ဖြတ်နိုင်ခဲ့ပေမယ့်လည်းနောက်ပိုင်းဂရုစိုက်မှုက မကောင်းခဲ့ရင်ပြန်လည်သက်သာဖို့ အချိန်ပိုကြာနိုင်ပါတယ်။ သားအိမ်ထုတ်ပြီးနောက်ပိုင်းမြန်မြန်ကျန်းမာအောင် ဘယ်လိုနေထိုင်ရမလဲ (၁) ကိုယ်လက်လှုပ်ရှားမှုနဲ့ အနားယူခြင်းကို ထိန်းညှိနေထိုင်ပါ ခွဲစိတ်မှုနောက်ပိုင်းမှာ နားနားနေနေနေရမယ်ဆိုပေမယ့် လုံးဝမလှုပ်ရဲဘဲငြိမ်နေတာလည်းမကောင်းပါဘူး။ အနီးအနားလမ်းလျှောက်တာလောက် ပေါ့ပေါ့ပါးပါးလှုပ်ရှားမှုလေးတွေက ခန္ဓါကိုယ်ကိုပြန်လည်ကုစားပေးနိုင်စွမ်းရှိပါတယ်။ ကိုယ်နိုင်သလောက်အတိုင်းအတာကိုဖြည်းဖြည်းချင်းစမ်းလုပ်ကြည့်ပါ။ မခွဲစိတ်ခင်ကထက်တော့ ပိုပင်ပန်းရ၊ ပိုဂရုစိုက်ရနိုင်ပေမယ့် ခဏလောက်နားနားပြီး လှုပ်ရှားပေးလို့ရပါတယ်။ (၂) အလေးအပင် မ မ ပါနဲ့ ခွဲစိတ်ပြီး အနည်းဆုံး ၆ ပတ်လောက်အတွင်းတော့ အလေးအပင်တွေ မ မ ပါနဲ့။ အနာချုပ်ရိုးပြန်ကွဲသွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ လှုပ်ရှားမှုလိုတယ်ဆိုပေမယ့် ခွဲစိတ်ပြီးအနည်းဆုံး ၆လအတွင်းမှာ သိပ်ပြီးအားစိုက်ရတဲ့ လှုပ်ရှားမှုတွေ၊ အိမ်အလုပ်တွေကိုမလုပ်ပါနဲ့။ (၃) အာဟာရပြည့်ဝမျှတအောင် စားပါ အားရှိအောင်စားပါဆိုတာကတွေ့သမျှအကုန်အများကြီးစားဖို့မဟုတ်ပါဘူး။ အာဟာရကြွယ်ဝတဲ့ အစားအစာမျိုးစုံကို ညီညွတ်မျတအောင် စားတတ်ဖို့အရေးကြီးပါတယ်။ ဥပမာ […]


ရာသီလာခြင်း

ရာသီလာစဉ်မှာ အတူနေခြင်းက စိတ်ချရလား

အိမ်ထောင်ရှင် အမျိုးသားတွေ နဲ့ အမျိုးသမီးတွေ သိချင်နေမယ့် အချက်လေး တစ်ခုကို ဒီဆောင်းပါးလေးထဲကနေဖြေပေးပါရစေနော်။ ဒါကတော့ လေဒီလေးတွေ ရာသီလာစဉ်မှာ အတူနေခြင်းက စိတ်ချရလား ....... ဘာတွေ ဖြစ်နိုင်မလဲဆိုတဲ့ အချက်ပေါ့။ ရာသီလာစဉ်မှာ အတူနေခြင်းက စိတ်ချရလား........... ရာသီလာနေစဉ်မှာ အတူနေလို့ရလား ..... ဆိုရင်တော့ အတူနေလို့ရပါတယ်။ ဒါဆိုရင် ဆက်မေးစရာရှိမှာက ရာသီလာစဉ်မှာ အတူနေခြင်းက စိတ်ချရလား .... ကိုယ်ဝန်ရသွားနိုင်လားဆိုတဲ့ မေးခွန်းဖြစ်မယ် ထင်ပါတယ်။ ဒါကတော့ ဖြစ်ခဲတယ်ပဲ ပြောရမှာပါ။ ကလေး လိုချင်တဲ့ စုံတွဲတွေ အနေနဲ့ဆိုရင် ဒီအချိန်မှာ အတူမနေသင့်ပါဘူး။ အကြောင်းကတော့ ရာသီလာနေစဉ်မှာ အတူနေခြင်းက ကလေးရရှိနိုင်ခြေ ပုံမှန်ထက် နည်းနေတာကြောင့်ပါ။ အဲ ..... ဒါပေမယ့် ကလေးမရနိုင်လောက်ပါဘူး ဆိုပြီး ဒီအချိန်မှာ အကာအကွယ် မသုံးဘဲ နေရလောက်အောင်လည်း စိတ်ချလို့ရတဲ့ […]


မီးယပ်သွေးဆုံးခြင်း

ညဂျူတီ အလုပ်လုပ်တဲ့အမျိုးသမီးတွေ သွေးဆုံးချိန်စောနိုင်တယ်

ညဂျူတီ ဆင်းရတဲ့အလုပ်ဟာ အိပ်ရေးပျက်ရုံတင်မကဘဲ အမျိုးသမီးကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တယ်ဆိုတာ သတင်းဆိုးတစ်ခုပါပဲနော်။ သူနာပြု၊ ဆရာဝန် တို့လို ကျန်းမာရေးဝန်ထမ်းတွေနဲ့ လုံခြုံရေးဝန်ထမ်းတွေဆိုရင် ညဂျူတီနဲ့မကင်းနိုင်သလို ညဘက်အလုပ်လုပ်တတ်တဲ့ အလုပ်များသူ လေဒီတို့အတွက်လည်း မကြာခဏအိပ်ရေးပျက်ရတာပါပဲ။ ဒီလို ညဘက်အလုပ်လုပ်တဲ့ အမျိုးသမီးတွေဟာ ပုံမှန်ထက် သွေးဆုံးချိန်စောနိုင်တဲ့အပြင် နှလုံးသွေးကြောကျဉ်းရောဂါ၊ အရိုးပွရောဂါနဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ သုတေသနအသစ်ကဖော်ပြလာပါတယ်။ ညဂျူတီ အလုပ်လုပ်တဲ့အမျိုးသမီးတွေ သွေးဆုံးချိန်စောနိုင်တယ် Human Reproduction ဂျာနယ်မှာ ဖော်ပြထားတဲ့ ဒီသုတေသနအရ တစ်ခါတလေမှ ညဆိုင်းအလုပ်လုပ်သူ အမျိုးသမီးတွေမှာတောင် စောစီးစွာသွေးဆုံးနိုင်ခြေပိုများတယ်လို့ ဆိုပါတယ်။ ဒီလိုဖြစ်မယ်ဆိုရင်နှလုံးသွေးကြောကျဉ်းရောဂါ၊ အရိုးပွရောဂါနဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်ပါတယ်။ အသက် ၄၅ နှစ်မတိုင်ခင်သွေးဆုံးခဲ့တဲ့ အမျိုးသမီးတွေမှာ အလုပ်လုပ်ချိန်က အရေးပါတဲ့အကြောင်းရင်းတစ်ခုဖြစ်ခဲ့နိုင်တယ်လို့ ကနေဒါနိုင်ငံ University of Dalhousie မှ ဦးဆောင်သုတေသီ David Stock ကပြောပါတယ်။ ဒီလိုအလုပ်လုပ်ခြင်းကြောင့် ကိုယ်တွင်းဇီဝနာရီကို […]


ရာသီလာခြင်း

ရာသီလာချိန် ထွက်တတ်တဲ့ အနံ့ဆိုးတွေကို ဘယ်လို ကာကွယ်ကြမလဲ။

မိန်းကလေးတွေ အတွက် ဓမ္မတာ လာချိန်ဆိုတာ အင်မတန်မှ စိတ်ညစ်စရာ ကောင်းပြီး အလုပ်ရှုပ်တဲ့ အချိန်တစ်ခုလို့ ပြောရပါမယ်။ ဒီကြားထဲ မိန်းမကိုယ်က အနံ့ဆိုးတွေထွက်နေတာ၊ ဓမ္မတာကြောင့် ကိုက်ခဲနေတာတွေ ပါ ဖြစ်လို့ကတော့ အတော်ကိုမှ စိတ်ရှုပ်ကြရပါတယ်။ ဒါပေမယ့်လည်း တစ်လတစ်ခါ ရှောင်လွဲလို့မရတဲ့ ဓမ္မတာဆိုတော့ ဒီလိုထွက်နေတဲ့ အနံ့အသက်ဆိုးတွေ ထပ်မထွက်အောင် တားဆီးပေးဖို့ပဲရှိတော့တာပေါ့ ။ ။ ရာသီလာချိန် ဘာကြောင့် မိန်းမကိုယ်ကနေ အနံ့ဆိုးတွေ ထွက်တာလဲ ။။ မိန်းမကိုယ်မှာ ကိုယ်ပိုင်အနံ့တစ်မျိုးရှိတတ်တယ်ဆိုပေမယ့် ရာသီလာချိန်မှာတော့ အနံ့ဆိုးတွေ ပြောင်းသွားတတ်ပါတယ်။ ရာသီလာချိန် မိန်းမကိုယ်သန့်ရှင်းရေးကို သေချာ ဂရုစိုက်မလုပ်ဖြစ်တာ ဆင်းနေတဲ့ သွေးတွေ ဘက်တီးရီးယားအကြိုက်ဖြစ်နေတာ သုံးနေတဲ့ လစဉ်သုံးပစ္စည်းကို ၆ နာရီတစ်ခါ မလဲမိဘဲ တစ်နေ့လုံးသုံးနေတာ ထည့်ထားတဲ့ တမ်ပွန်ကို ပြန်ထုတ်ဖို့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ်ကျန်းမာစေဖို့ အတွင်းခံ တွေကို ဘယ်လိုရွေးချယ်ဝတ်ဆင်ကြမလဲ

အမျိုးသမီးတစ်ယောက်ရဲ့ ကျန်းမာရေးမှာ မိန်းမကိုယ်သန့်ရှင်းရေးက သိပ်ကိုအရေးကြီးတယ်နော်။ ဒီလိုမျိုး မိန်းမကိုယ်သန့်ရှင်းပြီး အနံ့အသက်ကင်းကင်းနဲ့ ကျန်းမာနေဖို့ဆိုရင် အတွင်းခံ ကို မှန်ကန်စွာဝတ်ဆင်တတ်ဖို့နဲ့ မိန်းမကိုယ်အတွက် အဆင်အပြေဆုံးဖြစ်စေမယ့် အမျိုးအစားကို ရွေးချယ်ဝယ်ယူတတ်ဖို့လည်း လိုပါတယ်။ ဘယ်လို အတွင်းခံမျိုးက အသင့်တော်ဆုံးလဲ။ မိန်းမကိုယ်က အမြဲလိုလို စိုစွတ်နေတတ်ပြီး ထိခိုက်ယားယံဖို့ လွယ်ကူလွန်းတာကြောင့် အတွင်းခံတွေကို ရွေးတဲ့အခါ ပါးလွှာပြီး ချွေးစုပ်နိုင်တဲ့ ချည်သားအတွင်းခံတွေကို ရွေးချယ်သင့်ပါတယ်။ တစ်နေကုန် အပြင်သွားလာရလို့ အဲ့နေရာမှာ ချွေးတွေအရမ်းထွက်လာရင်လည်း ဘက်တီးရီးယားတွေ အလျင်အမြန်ပေါက်ဖွားပြီး မိန်းမကိုယ် ပိုးဝင်တာ၊ မှိုစွဲတာမျိုး ဖြစ်တတ်ပါတယ်။ နိုင်လွန်၊ စပန့်သားနဲ့ လုပ်ထားတဲ့အတွင်းခံတွေကတော့ လေဝင်လေထွက်ရခက်သလို အပူကို အထဲမှာအောင်းထားသလို ဖြစ်စေတဲ့အတွက်ကြောင့် အရေပြားပြဿနာဖြစ်လွယ်လို့ မရွေးချယ်သင့်ပါဘူး။ အတွင်းခံတွေကို ပုံမှန်လဲပေးပါ။ လိင်အင်္ဂါတစ်ဝိုက်ဆိုတာ ကျန်တဲ့နေရာတွေထက် ချွေးလည်းပိုထွက်သလို ဘက်တီးရီးယားတွေလည်း ခိုနားရာနေရာဖြစ်တာကြောင့် အတွင်းခံတွေ ဝတ်ပြီးတာနဲ့ ချက်ချင်းလဲလိုက်သင့်ပါတယ်။ […]


ရာသီလာခြင်း

ရာသီစောစောလာစေမယ့် နည်းလမ်း(၇)ခု

မကြာခင်မှာ အရေးကြီးတဲ့ပွဲတွေရှိတယ်၊ ခရီးသွားဖို့ရှိနေတယ်၊ ရာသီလာမယ့်ရက်နဲ့တိုက်မှာကို စိုးရိမ်နေတယ်ဆိုရင် အသုံးဝင်မယ့် နည်းလမ်းလေးတွေရှိပါတယ်။ ဒီလိုအခြေအနေမျိုးတွေအတွက်တင်မကဘဲ ရာသီလာတာနောက်ကျနေသူတွေ၊ ထိမ်နေတဲ့သူတွေလည်း သုံးလို့ရပါတယ်။တစ်ခုတော့ရှိတာပေါ့။ တစ်ရက်နှစ်ရက်အတွင်း ဝုန်းဆို ချက်ချင်းရာသီလာမယ်လို့တော့ အာမခံနိုင်တဲ့နည်းလမ်းမရှိပါဘူး။ ရက်ပိုင်းအနည်းငယ်တော့စောင့်ရပါလိမ့်မယ်။ အရင်ဆုံး ရာသီလာအောင် ကူညီပေးမယ့် အစားအသောက်လေးတွေပြောပြမယ် - (၁) နာနတ်သီး နာနတ်သီးမှာ အက်စထရိုဂျင်နဲ့တခြားဟော်မုန်းတွေကို သက်ရောက်မှုရှိနိုင်တဲ့ အင်ဇိုင်းတစ်မျိုးဖြစ်တဲ့bromelain ကြွယ်ဝပါတယ်။bromelain က ရောင်ရမ်းမှုတွေကိုလည်း လျော့ပါးစေတယ်။ ရာသီမမှန်ဖြစ်စေတဲ့ အကြောင်းရင်းတချို့ကို နာနတ်သီးက ကူညီကုစားပေးနိုင်ပါတယ်။ ဒါ့ကြောင့် ရာသီစောလာချင်တဲ့သူတွေရော၊ ရာသီမမှန်တဲ့သူတွေပါ နာနတ်သီးစားပေးလို့ရပါတယ်။ (၂) ဗီတာမင် စီ (Vitamin C) ဗီတာမင် စီပါတဲ့အစားအသောက်တွေ အများကြီးစားရင် ရာသီလာစေနိုင်တယ်လို့ အတော်များများက ယုံကြည်ထားကြပါတယ်။ ဒါဟာ ဗီတာမင် စီ က အက်စထရိုဂျင်နဲ့ ပရိုဂျက်စတုန်းပမာဏအပေါ် သက်ရောက်မှုရှိနိုင်တာကြောင့်ဖြစ်ပါလိမ့်မယ်။ ဒီဟော်မုန်းနှစ်မျိုးလုံးက ဘယ်အချိန်မှာ […]


မီးယပ်သွေးဆုံးခြင်း

သွေးဆုံးနေချိန် ကြုံရတတ်တဲ့ လိင်မှုကိစ္စအခက်အခဲလေးတွေ

အမျိုးသမီးတွေရဲ့ ဘဝမှာ သွေးဆုံးချိန်ဟာလည်း မဖြစ်မနေ ကျော်ဖြတ်ရမယ့် အခက်အခဲကာလတစ်ခုပါပဲ။ ဒီအချိန်ဆိုရင် ဟော်မုန်းအပြောင်းအလဲဖြစ်တာအပြင် ပုံမှန်ဖြစ်နေကျ ရာသီစက်ဝန်းရဲ့ ရပ်တန့်တော့မယ့်အချိန်ဖြစ်တာရော၊ တခြားကျန်းမာရေးပြဿနာတွေအနေနဲ့ ကိုယ်လက်အရိုးအဆစ်ကိုက်ခဲတာ၊ ကိုယ်အလေးချိန် တက်တာ၊ ကျတာ၊ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲမြန်တာ စတာတွေအပြင် လိင်ကိစ္စဆက်ဆံတဲ့အခါမှာလည်း အမျိုးသမီးတွေအတွက် ပြဿနာအများအပြား ကြုံလာရနိုင်ပါတယ်။ ခုဆောင်းပါးမှာတော့ သွေးဆုံးနေစဉ် အမျိုးသမီးတွေ ကြုံတွေ့ရတတ်တဲ့ လိင်ပိုင်းဆိုင်ရာ အခက်အခဲတွေနဲ့ အမျိုးသားတွေအနေနဲ့ ဘယ်လိုအားပေးကူညီပေးလို့ ရမလဲဆိုတာကို အဓိကပြောပြပေးချင်ပါတယ်။ ၁။ လိင်စိတ်ဆန္ဒနည်းခြင်း လိင်စိတ်ဆန္ဒဆိုတာ အသက်ကြီးလာတာနဲ့အမျှ နည်းလာတတ်တဲ့အရပါ။ အထူးသဖြင့် အမျိုးသမီးတွေအတွက် သွေးဆုံးနည်းတဲ့အချိန်ဆိုရင် ကိုက်ခဲနာကျင်နေတဲ့ ဝေဒနာအပြင် ဟော်မုန်းမျှခြေ ကမောက်ကမဖြစ်နေခြင်းကြောင့် လိင်ဆက်ဆံဖို့ကို လုံးဝစိတ်မပါနိုင်တော့တာလည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အမြဲတမ်းလိုလို အလုပ်ကိစ္စ၊ အိမ်ကိစ္စတွေနဲ့ ပိနေတဲ့ အမျိုးသမီးတွေ၊ စိတ်ဖိစီးမှုနဲ့ တစ်ခုခုဆို စိတ်အားငယ်တတ်တဲ့ အမျိုးသမီးတွေမှာ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေလည်း ဆံပင်ထိပ်ပြောင်နိုင်တယ်ဆိုတာ သိရဲ့လား

ဆံပင်ထိပ်ပြောင်ခြင်းကို ဆေးပညာအရ Androgenetic Alopecia လို့ခေါ်ပြီး အမျိုးသားတွေ အသက်ကြီးလာတဲ့အခါ အလွန်အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ အမျိုးသမီးတွေမှာတော့ ဖြစ်နိုင်ခြေနည်းတယ်လို့ ဆိုနိုင်ပေမယ့် လုံးဝထိပ်မပြောင်နိုင်တာတော့ မဟုတ်ပါဘူး။ ပုံမှန်အားဖြင့် အမျိုးသမီးတွေမှာ တစ်နေ့လျှင် ဆံပင် ၅၀မှ ၁၀၀ ကြားထိ ကျွတ်တတ်ပါတယ်။ ထိပ်ပြောင်ခြင်း ဖြစ်တဲ့အခါ ကျွတ်သွားတဲ့နေရာမှာ အရင်ကလို ဆံပင်အမြန်ပြန်မပေါက်လာတော့ဘဲ တော်တော်လေး ကြာနေတတ်ပါတယ်။ ဒီအဆင့်မှာ ဆံသားမွေးညင်းပေါက်တွေ ကျုံ့သွားပြီး ဆံလုံးတွေ ပါးလာမယ်။ ဆံပင်မသန်တော့တဲ့အခါ နေရောင်ခြည်နဲ့ ထိတွေ့မှုများတာ၊ သေချာဆံသားထိန်းသိမ်းမှုမလုပ်တာ၊ မကြာခဏဆိုသလို ဆံပင်ပုံသွင်းတာတွေကြောင့် ဆံသားကျိုးကြေပျက်စီးဖို့ ပိုလွယ်နိုင်ပါတယ်။ အမျိုးသားတွေမှာ ထိပ်ပြောင်တဲ့အခါ နဖူးရဲ့ ဘေးနှစ်ဖက်ခြမ်းကနေ “ဂ” ပုံစံဖြင့် ပါးသွားတတ်ပြီး တဖြည်းဖြည်းနဲ့မှ ကျန်တဲ့နေရာတွေ ဆံပင်ပါးလာတာပါ။ အမျိုးသမီးတွေမှာ ထိပ်ပြောင်ခြင်းဖြစ်တဲ့အခါ ဦးခေါင်းရဲ့ နေရာအနှံ့မှာ ဆံပင်ပါးလာပြီး အထူးသဖြင့် […]


မိန်းမကိုယ်ရောင်ရမ်းခြင်း

သင်မသိဘဲလုပ်မိလိုက်တဲ့ အရာတွေကနေ မိန်းမကိုယ် ပိုးဝင်ခြင်း ပိုဖြစ်နိုင်ပါတယ်။

သင်မသိဘဲလုပ်မိလိုက်တဲ့ အရာတွေကနေ မိန်းမကိုယ် ပိုးဝင်ခြင်း ပိုဖြစ်နိုင်ပါတယ်။ မိန်းကလေးတစ်ယောက်အတွက်တော့ မိန်းမကိုယ် ကျန်းမာရေး သန့်ရှင်းရေးဆိုတာ အင်မတန်မှ အရေးကြီးတဲ့အရာတစ်ခုပါ။ ဒီတိုင်းရေချိုး ပုံမှန်သန့်ရှင်းရေးတွေ လုပ်နေရင် မိန်းမကိုယ်သန့်ရှင်း သယောင်ယောင်ရှိတယ်ထင်ရပေမယ့် မထင်မှတ်ထားတဲ့ သင့်အပြုအမူတွေကနေ မိန်းမကိုယ်ပိုးဝင်တဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဘယ်လို အပြုအမူတွေလဲဆိုတာ ကြည့်ရအောင်။ သင်မသိဘဲလုပ်မိလိုက်တဲ့ အရာတွေကနေ မိန်းမကိုယ် ပိုးဝင်ခြင်း ပိုဖြစ်နိုင်ပါတယ်။ သင်မသိဘဲလုပ်မိလိုက်တဲ့ အရာတွေကနေ မိန်းမကိုယ် ပိုးဝင်ခြင်း ပိုဖြစ်နိုင်ပါတယ်။ ဆိုတော့ ဘယ်လို အပြုအမူတွေပါလိမ့် အတူတူ ကြည့်လိုက်ရအောင်နော်။ ( ၁ ) အတွင်းခံဝတ်ပြီး အိပ်တာ။ အတွင်းခံ ဆိုတာ မိန်းမကိုယ် ပိုးမဝင်အောင် တားဆီးတဲ့ နေရာမှာ အဓိက အကျဆုံး ဖြစ်ပေမယ့် ညဘက် အိပ်ရာဝင်ချိန်မှာတော့ အတွင်းခံ ဝတ်ပြီး မအိပ်တာ အကောင်းဆုံးပါ။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း