အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

မနက်ခင်းမှာ လှပနေစေဖို့ ညမအိပ်ခင် ဒီလိုထိန်းသိမ်းမှုလေးတွေ လုပ်ပါ။

မနက်နိုးလာလို့ မှန်ထဲကြည့်တဲ့အခါ အသားလေးကြည်နေရင်၊ နှုတ်ခမ်းလေးက ပန်းရောင်သန်းနေရင်၊ မျက်နှာလေးက ကြည်လင် ဝင်းပနေရင် စိတ်ထဲက ကျေနပ်ပြီး မနက်ခင်းတွေက လှပနေရောဟုတ် လေဒီ။ ဒီလို မနက်ခင်းတွေ လှပဖို့ဆိုရင် ညဘက်တွေမှာ လုပ်ဆောင်ရမယ့် အသားအရေ ထိန်းသိမ်းနည်းလေးတွေ ရှိပါတယ်။ ဒီတော့ မနက်ခင်းမှာ လှပနေစေဖို့ ညဘက်တွေမှာ ဘယ်လိုတွေ ထိန်းသိမ်းရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ မနက်ခင်းမှာ လှပစွာ နိုးထနိုင်စေဖို့ မနက်ခင်းမှာ ခေါင်းအစ ခြေအဆုံး လှပနေစေဖို့ဆိုရင် ခြေလက်တွေ ခြောက်သွေ့မှု ကင်းစေဖို့ ခြေလက်တွေ ခြောက်သွေ့ကွဲအက်မှု ကင်းစေဖို့ဆိုရင် ညအိပ်ရာမဝင်ခင်မှာ ခြေလက်သန့်စင်ပြီး ခြေထောက်တွေ၊ လက်တွေကို vaseline နဲ့ သံလွင်ဆီ နည်းနည်းရောပြီး လိမ်းပေးပါ။ ပြီးရင်တော့ လက်အိတ်လေး၊ ခြေအိတ်လေးတွေ စွပ်ပြီး အိပ်ပေးပါ။ မနက်နိုးတဲ့အခါ အစိုဓာတ် ပြည့်ဝပြီး ချောမွေ့အိစက်တဲ့ […]


ဝက်ခြံ

ဆောင်းရာသီမှာ ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေလေးကို ဒီလို ထိန်းသိမ်းပါ။

ဆောင်းကာလက အသားအရေအတွက် ခက်ခဲတဲ့ရာသီဥတု တစ်ရပ်ပါ။ ဆောင်းရာသီက ခြောက်သွေ့မှုများတာကြောင့် အသားအရေရဲ့ အစိုဓာတ်ထိန်းသိမ်းနိုင်စွမ်းကို ထိခိုက်စေနိုင်သလို ခြောက်သွေ့မှုတွေကို ဖြစ်စေနိုင်ပါတယ်။ သာမန်အသားအရေအတွက်တောင် ခက်ခဲတဲ့ ဆောင်းကာလက ဝက်ခြံဖြစ်လွယ်သူတွေအတွက်တော့ တော်တော်လေး ခက်ခဲမယ့် အခိုက်အတန့်ပါ။ ဒီတော့ ဆောင်းရာသီမှာ ဝက်ခြံတွေ ပိုဆိုးမလာအောင် ဘယ်လိုများ အသားအရေ ထိန်းသိမ်းရမလဲလို့ စဉ်းစားနေပြီလား............... ဆောင်းရာသီမှာ ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေလေး ထိခိုက်မှု ကင်းစေဖို့ ဆောင်းရာသီမှာ ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေလေးကို ထိန်းသိမ်းဖို့ဆိုရင် မျက်နှာသစ်ဆေး ပြောင်းပါ။ ဆောင်းရာသီမှာ အသားအရေက ကျန်တဲ့ ရာသီတွေထက် ထိခိုက် လွယ်ပါတယ်။ ဒါ​ကြောင့် အသားအရေကို ထိခိုက်မှု ကင်းစေဖို့ဆိုရင် အသားအရေကို ထိခိုက်မှု ကင်းပြီး အကောင်းဆုံး သန့်စင်ပေးနိုင်မယ့် မျက်နှာသစ်ဆေး အပျော့စားလေးတွေကို ရွေးပေးပါ။ ဒါပေမယ့် ဝက်ခြံသက်သာစေမယ့် မျက်နှာသစ်ဆေးတွေကိုလည်း အရမ်း မသုံးစွဲပါနဲ့။ မျက်နှာ ခဏခဏ မသစ်ပါနဲ့။ မျက်နှာ […]


ဝက်ခြံ

ဝက်ခြံရှိသူတိုင်း စားပေးသင့်တဲ့ အသီးများ

ဝက်ခြံ ကြားရတာတောင် စိတ်ကုန်နေပြီ။ ဝက်ခြံ တွေသက်သာချင်လိုက်တာဆိုတဲ့ ဆန္ဒက ဝက်ခြံအဖြစ်လွယ်တဲ့ အသားအရေ ပိုင်ဆိုင်ထားသူတိုင်းမှာ ရှိပါတယ်။ ဒီတစ်ခါတော့ ဝက်ခြံ ခဏခဏဖြစ်နေလို့ စိတ်ညစ်နေရသူလေးတွေအတွက် ဝက်ခြံ သက်သာစေမယ့် အသီးလေးတွေက ဘာလေးတွေလဲဆိုတာကို ပြောပြပေးမယ်နော်။ ဝက်ခြံ သက်သာစေဖို့ စားပေးသင့်တဲ့ အသီးလေးတွေက ဘာတွေလဲ............. မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်က ဝက်ခြံတွေကို သက်သာစေဖို့ဆိုရင် သခွားမွှေး သခွားမွှေးက အသားအရေကို ချောမွတ်နုပျိုစေမယ့် လျှို့ဝှက်ပါ။ သခွားမွှေးမှာ ဗီတာမင် A  ပါဝင်နေတာကြောင့် ဆဲလ်တွေ အသစ်ဖြစ်ပေါ်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။ သခွားမွှေးက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာကြောင့် အသားအရေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ပျက်စီးတာကနေ ကာကွယ်ပေးပါတယ်။ ဝက်ခြံတွေကို သက်သာစေသလို အရေပြားပြဿနာ အမျိုးမျိုးကိုလည်း သက်သာစေနိုင်ပါတယ်။ လိမ္မော်သီး  လိမ္မော်သီးကလည်း သခွားမွှေးလိုပဲ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ အသီးပါ။  လိမ္မော်သီးက အသားအရေ ကျန်းမာရေးကို အတော်လေး […]


အသားအရေ ထိန်းသိမ်းခြင်း

အသားပပ် အသားခြောက်ရခြင်းနောက်ကွယ်က တရားခံတွေ

ဆောင်းတွင်းထဲ ရောက်လာပြီဆိုရင် အကြုံတွေ့ရဆုံး ပြဿနာတွေထဲမှာ အသားခြောက်တဲ့ ကိစ္စက ထိပ်ဆုံးကပဲဖြစ်မှာပါ။ အလှအပအနေနဲ့ ကြည့်မယ်ဆိုရင် ခြောက်သွေ့နေတဲ့ အသားအရေဟာ အလွန်ကြည့်ရဆိုးသလို ယားယံတာ၊ အဖတ်ကွာတာ၊ ကွက်ပြီး ဖြူဖတ်ဖြူရော်ဖြစ်စေပါတယ်။ ကျန်းမာရေးရှုထောင့်ကနေလည်း အရေပြားက လိုတာထက်ပိုပြီး ခြောက်သွေ့လာတဲ့အခါ မှိုကြောင့်ဖြစ်တဲ့ အရေပြားရောဂါများအပြင် အရေပြားစိုထိုင်းမှုနည်းသွားတဲ့အတွက် ပြင်ပက ဝင်လာနိုင်တဲ့ ရောဂါပိုးမွှားတွေကို တိုက်ထုတ်နိုင်စွမ်းမရှိဘဲ အရေပြားပေါ်မှာ ပိုပြီးကပ်ငြိနေနိုင်ပါတယ်။ ဒါဆို ဘာလို့ အသားပပ် အသားခြောက်ရတာလဲ။ အဖြစ်အများဆုံး အကြောင်းရင်း (၂) ခု ကတော့ မွေးရာပါ အရေပြား သဘာဝအဆီ (Sebum) ထုတ်လုပ်မှုနည်းခြင်း ဆောင်းရာသီရဲ့ အေးမြခြောက်သွေ့တဲ့ လေဟာ အရေပြားစိုထိုင်းမှုကို လျှော့ချခြင်းတို့ပဲ ဖြစ်ပါတယ်။ မွေးရာပါ အရေပြားသဘာဝအဆီ နည်းလို့ အသားခြောက်တဲ့သူတွေတင်မကဘဲ အဆီပြန်သူတွေ (Oily Skin) ထိခိုက်လွယ် အသားအရေပိုင်ရှင်တွေ […]


အသားအရေ ထိန်းသိမ်းခြင်း

ကြင်နာသူမရှိလို့ နှုတ်ခမ်းတွေ ခြောက်နေရတဲ့ဘဝလား

ဆောင်းတွင်းရောက်ပြီဆို Facebook လိုမျိုး လူမှုကွန်ယက်မှာ ချစ်သူရည်းစားမရှိတဲ့ လူပျို၊ အပျိုလေးတွေ အမြဲတင်ဖြစ်နေကျတော့ ဒီစာလေးတစ်ကြောင်းကို မှတ်မိကြမယ်ထင်ပါတယ်။ အဓိကကတော့ နှုတ်ခမ်းတွေ ကွဲခြောက်နေတဲ့အကြောင်းရယ်၊ ချစ်သူရည်းစားမရှိလို့ လိုချင်တဲ့အကြောင်းရယ်ကို ရောပြီးတင်ကြတာပေါ့ဗျာ။ ရုတ်တရက်ကြည့်ရင်တော့ မှန်တယ်လို့ ထင်ရပေမယ့် ကျန်းမာရေးရှုထောင့်အရတော့ တော်တော်လေးကို မှားနေတဲ့ စာကြောင်းတစ်ကြောင်းပဲဗျ။ ဘာကြောင့် မှားတယ်လို့ ပြောရတာလဲ။ နှုတ်ခမ်းခြောက်ရတဲ့ အကြောင်းရင်းတွေထဲက အဖြစ်အများဆုံးအကြောင်းရင်းတစ်ခုသည် နှုတ်ခမ်းကို လျှာနဲ့ မကြာခဏ သပ်လို့၊ လျက်နေတာကြောင့်ပါပဲ။ နှုတ်ခမ်းဟာ ခန္ဓာကိုယ်ရဲ့ ကျန်တဲ့အရေပြားတွေလိုမျိုး သဘာဝအဆီလည်း မထွက်ပါဘူး။ စိုထိုင်းမှုတစ်ခုတည်းဖြင့်သာ နှုတ်ခမ်းခြောက်သွေ့ခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်တာပါ။ လူရဲ့ တံတွေးထဲမှာ အက်ဆစ်ဓာတ်တွေ၊ ဘက်တီးရီးယားပိုးတွေ ပါဝင်တဲ့အတွက် နှုတ်ခမ်းကို အမြဲတမ်းလျက်နေတဲ့အခါ ပါးစပ်ထဲက တံတွေးတွေက နှုတ်ခမ်းပေါ်မှာ တင်ကျန်ခဲ့ပြီး နှုတ်ခမ်းရဲ့ စိုထိုင်းမှုကိုပါ ခမ်းခြောက်စေနိုင်ပါတယ်။ ဒါကြောင့်လည်း […]


အသားအရေ ထိန်းသိမ်းခြင်း

ဆောင်း အအေးဒဏ်ကြောင့် နှုတ်ခမ်းတွေ ခြောက်ပြီးကွဲလာပြီဆိုရင်

ဆောင်းတွင်းအခါသမယဆိုတာ အသားအရေကို ဂရုစိုက်သူတွေအတွက်တော့ တော်တော်လေးကို စိတ်ညစ်စရာကောင်းတဲ့ ကာလတစ်ခုပါပဲ။ အထူးသဖြင့် အသားခြောက်တဲ့သူတွေအတွက် အရေပြားပြဿနာ အဖြစ်ဆုံး ကာလပဲပေါ့။ ဆောင်း တွင်းရဲ့ အအေးဒဏ်ကြောင့် အပြင်လေထုဟာ အေးမြခြောက်သွေ့လာတဲ့အတွက် အရေပြားပေါ်က သဘာဝအဆီတွေကို ခန်းခြောက်သွားစေတဲ့အတွက် အသားက ခြောက်ကပ်ကပ်ကြီး ဖြစ်လာတော့တာပေါ့။ ဘာကြောင့် ဆောင်း တွင်းမှာ နှုတ်ခမ်းကွဲရတာလဲ။ နှုတ်ခမ်းသည်လည်း လူ့အရေပြားအစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်တဲ့အတွက် အပြင်က အအေးဒဏ်ဟာ စိုထိုင်းမှုကို လျော့နည်းသွားစေပြီး ခြောက်သွေ့လာစေတယ်။ နှုတ်ခမ်းခြောက်တဲ့အခါ လူတွေက တံတွေးစွတ်တာ၊ လျှာနဲ့ သပ်တာမျိုး ပိုလုပ်တဲ့အတွက် တံတွေးထဲမှာရှိတဲ့ အက်စစ်ဓာတ်တွေက အစိုဓာတ်ကို ထပ်မံခန်းခြောက်သွားစေကာ နှုတ်ခမ်းကို အက်ကွဲလာစေပါတယ်။ နောက်ထပ် ဖြစ်နိုင်တဲ့အကြောင်းရင်းတစ်ခုကတော့ ရေသောက်နည်းတာပါ။ လူတော်တော်များများက အပြင်ဘက် ရာသီဥတုသည် အေးချမ်းနေတဲ့အတွက် ခန္ဓာကိုယ်အထဲမှာလည်း အေးမယ်လို့ ထင်နေတတ်ကြတာပါ။ ဒီအတွက် ရေကို […]


အသားအရေ ထိန်းသိမ်းခြင်း

ဆောင်းတွင်းမှာ Scrubတိုက်လို့ရပါ့မလား။

ချမ်းစီးလှတဲ့ ဆောင်းတွင်းမှာ Scrubလုပ်ဖို့ နေနေသာသာ ရေတောင် နပ်မှန်အောင် မနည်းချိုးရတယ်ဆိုရင်တော့ ထားလိုက်ပါတော့။ ဒါပေမယ့် အသားအရေဆိုတာမျိုးက ၁၂ရာသီ ထိန်းသိမ်းရတာဆိုတော့ ဆောင်းတွင်းမှာလည်း သူနဲ့ လိုက်ဖက်နဲ့ နည်းလမ်းတွေနဲ့ ဆက်ထိန်းရနေဦးမှာပါပဲ။ ဆောင်းတွင်းမှာ အဖြစ်များတဲ့ အသားအရေပြဿနာတွေကတော့ အသားခြောက်တာ၊ အသားပပ်တာ၊ နှုတ်ခမ်းသားတွေ ခြောက်သွေ့တာ စတဲ့ ပြဿနာတွေပါပဲ။ ဒီတော့ ဖြေရှင်းနည်းကတော့ အစိုဓာတ်ထိန်းကရင်မ်ကို နိုင်နိုင်လိမ်းတာပါပဲ။ ဒါတင်ပဲလား ချေးချွတ်တာရော လုပ်လို့မရဘူးလို့ မေးစရာ ရှိပါတယ်။ လုပ်ရင်ကောင်းမလားလို့လည်း တွေးနေမိမှာပါ။ ဆောင်းတွင်းမှာ အသားအရေခြောက်သွေ့ရုံတင် မကပါဘူး။ တခြားအချိန်တွေထက်လည်း ပိုပြီး အထိမခံဖြစ်နေပါတယ်။ ဒါကြောင့် Scrubလုပ်ရင်ကောင်းပါ့မလား။ အသားပပ်တာတွေ ပိုဆိုးလာရင် ဘယ်လိုလုပ်မလဲ။ ပိုပြီးတော့ ခြောက်သွေ့သွားမလားပေါ့။ ဒါဆို ဆောင်းတွင်းမှာ Scrubလုပ်သင့်ရဲ့လား။ အဖြေကတော့ Yesပါ။ တခြားအချိန်တွေလိုပဲ ဆောင်းတွင်းမှာ Scrubလုပ်သင့်ပါတယ်။ လုပ်လို့လည်း […]


ဝက်ခြံ

COVID-19အကြောင်း တစေ့တစောင်း

ကိုရိုနာဗိုင်းရပ်စ်ဆိုတာ ဗိုင်းရပ်စ်အမျိုးအစားတစ်မျိုးပါ။ မျိုးစိတ်ပေါင်းများစွာရှိနေတဲ့ ဗိုင်းရပ်စ် တစ်မျိုးပေါ့။ ဒီဗိုင်းရပ်စ်ရဲ့ မျိုးစိတ်အချို့က ရောဂါဖြစ်စေနိုင်ပါတယ်။ အသစ်တွေ့ရှိထားတဲ့ ကိုရိုနာဗိုင်းရပ်စ် SARS-CoV-2 ကတော့ ကမ္ဘာတလွှားမှာ COVID-19 ကမ္ဘာ့ကပ်ရောဂါအသွင်နဲ့ လူသားတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေပါတယ်။ COVID-19 ဆိုတာ COVID-19ဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာက တရုတ်နိုင်ငံကနေ စတင်ဖြစ်ပွားလာတဲ့  ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်အသစ်ကြောင့် ဖြစ်ပွားတဲ့ ရောဂါပါ။ COVID-19 ရဲ့လက္ခဏာထဲမှာ ချောင်းဆိုးတာ၊ ဖျားတာ၊ ချမ်းတုန်တာ၊ ကြွက်သားတွေ ကိုက်ခဲတာ၊ လည်ချောင်းနာတာ၊ အသက်ရှူရခက်တာ၊ အသ်ရှူ ပြတ်တောင်းပြတ်တောင်းဖြစ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဝမ်းသွားတာ ခေါင်းကိုက်တာ၊ အနံ့အရသာ ပျောက်တာ၊ မအီမသာဖြစ်တာ၊ ခြေကုန်လက်ပမ်းကျတာ၊အော့အန်တာ၊ နှာစေးတာ၊ နှာပိတ်တာတွေ ခံစားရနိုင်ပါတယ်။ COVID-19 က ပြင်းထန်မယ်ဆိုရင်တော့ သေဆုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။ […]


အသားအရေ ထိန်းသိမ်းခြင်း

ဆောင်းအအေး နဲ့ ကိုဗစ်

မိုးကုန်လို့ အခုဆို မနက်ခင်းနဲ့ ညဘက်တွေမှာ ဆောင်းလေ နုနုအေးအေးလေးတွေ တိုက်ခတ်နေပြီး ဆောင်းအငွေ့အသက်ကို ခံစားနေရပြီနော်။ သီတင်းကျွတ်ပြီးမှတော့ ဆောင်းကရောက်လာပြီပေါ့။ အရင်ဆို ဆောင်းရောက်လာတာက ပျော်စရာကောင်းပေမယ့် အခုလို ကိုဗစ်ရောဂါဆိုးကြီးနဲ့ ရင်ဆိုင်နေရချိန်မှာတော့ ဆောင်းရောက်လာတာက ကိုဗစ်ကို ပိုဆိုးစေမလားဆိုတဲ့ စိုးရိမ်မှုတွေ လူတိုင်းမှာ ရှိနေမယ်ထင်ပါတယ်။ ဒီစိုးရိမ်မှုက တကယ်ကို ဖြစ်လာမလား။ ဆောင်းရာသီရဲ့ အအေးဒဏ်က ကိုဗစ်ကို ပိုဆိုးစေနိုင်မလားဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ကိုဗစ်က အေးရင် ပိုဆိုးလာသလား။ ကိုဗစ်က အခုထိလည်း အအေးပိုင်းနိုင်ငံတွေဖြစ်တဲ့ အနောက်ဥရောပဒေသတွေမှာ ဖြစ်ပွားသူ အရေအတွက် တိုးလာနေဆဲပါ။ အကြောင်းကတော့ lockdownတွေကို ဖြေလျှော့ပေးလိုက်တာရယ် ဆောင်းကာလကို ရောက်လာတာကြောင့်ရယ်ပေါ့။ Covid - 19 ကို မပြောခင် ဖြစ်နေကျ ရာသီတုပ်ကွေးကိုပဲ အရင်ကြည့်ရအောင်။  နွေရာသီမှာ အပူရှပ်တာကလွဲလို့ အအေးမိတာ၊ တုပ်ကွေးဖြစ်တာက […]


အသားအရေ ထိန်းသိမ်းခြင်း

ကိုဗစ်ကာလမှာ Gym ပြန်ကစားတော့မယ်ဆိုရင်…

ယခုဆိုရင် မြန်မာနိုင်ငံထဲကို ကိုဗစ်ရောဂါပိုး ဝင်ရောက်ပျံ့နှံ့လာတာ (၈) လထဲကို ဝင်လာပြီနော်။ ကိုဗစ်ဒုတိယလှိုင်းအစမှာ Gym အကုန်လုံး ပိတ်ထားခဲ့တယ်ဆိုပေမယ့် ယခုဆိုရင် တချို့ Gym တွေ ပြန်ဖွင့်နေပြီလို့ သတင်းကြားရပါတယ်။ ကျန်းမာရေးအရ ကြည့်မယ်ဆိုရင်တော့ Gym ကို လုံးဝမသွားသင့်ဘူးလို့ပဲ မှတ်ချက်ပေးနေရမယ့် အခြေအနေပါ။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်ဖို့အတွက် မဖြစ်မနေ Gym သွားဖို့ ဆိုင်းပြင်နေပြီဆိုရင် ခုဆောင်းပါးကို ဖတ်ကြည့်ပြီး သိထားသင့်တာတွေကို ကြိုတင်ဖတ်ရှုလေ့လာဖို့ အကြံပေးချင်ပါတယ်။ ဘာကြောင့် Gym ကို အန္တရာယ်များတယ် ပြောရတာလဲ။ ကိုဗစ်ရောဂါပိုး ကူးစက်နိုင်ခြေ အများဆုံးနေရာတွေထဲမှာ Gym သည် ထိပ်ဆုံးက ပါနေတာကိုတွေ့ရပါတယ်။ အကြောင်းရင်းကို သေချာကြည့်မယ်ဆိုရင် ၁။ Gym အဆောက်အဦးရဲ့ ဖွဲ့စည်းတည်ဆောက်ပုံသည် မည်သို့ပင်ဖြစ်နေပါစေ အလုံပိတ်နံရံများနဲ့ အခန်းကျယ်မျိုး ဖြစ်တဲ့အတွက် ရောဂါပိုးပျံ့နှံ့ဖို့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း