အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

ဈေးနှုန်းချိုသာတဲ့ Oxford-AstraZeneca ကိုဗစ်ကာကွယ်ဆေး အသုံးပြုခွင့်ရပြီ

တန်ကြေး အမေရိကန်ဒေါ်လာ ၅ ဒေါ်လာ ဝန်းကျင်သာကျသင့်မှာဖြစ်ပြီး အောက်စဖို့ဒ်တက္ကသိုလ်နဲ့ AstraZeneca ကုမ္ပဏီ ပူးပေါင်းဖန်တီးထားတဲ့ Oxford/AstraZeneca ကိုဗစ်ကာကွယ်ဆေးကို ဗြိတိန်နိုင်ငံက အသုံးပြုခွင့် ထောက်ခံချက် ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ ဗြိတိန်ကျန်းမာရေး အာဏာပိုင်တွေရဲ့ ယခုဆုံးဖြတ်ချက်ကြောင့် Oxford/AstraZeneca ကိုဗစ်ကာကွယ်ဆေးကို အသုံးပြုမှု ပိုမိုတွင်ကျယ်လာဖို့ရှိနေပြီး နိုင်ငံတကာမှာလည်း ခွင့်ပြုချက်တွေ ဆက်လက်ရရှိလာဖို့ လမ်းပွင့်သွားခဲ့ပါတယ်။ ဒါ့အပြင် ဒီဆုံးဖြတ်ချက်ကြောင့် ဗြိတိန်နိုင်ငံရဲ့ COVID-19 ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းစဉ်ကလည်း ပိုကြီးမားကျယ်ပြန့်လာတော့မှာပါ။ ဗြိတိန်အစိုးရဟာ နိုင်ငံသား သန်း ၅၀ အတွက် Oxford/AstraZeneca ကိုဗစ်ကာကွယ်ဆေး အလုံးရေသန်း ၁၀၀ မှာယူထားပါတယ်။ အဆိုပါ ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းစဉ်ကိုတော့ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇန်နဝါရီလ ၄ ရက်မှာ စတင်ထိုးနှံပေးမှာဖြစ်ပြီး အသက် ၁၈ နှစ်အထက် နိုင်ငံသားတိုင်းကို ထိုးနှံပေးသွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် […]


ဝက်ခြံ

ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် သဘာဝဆေးနည်းတစ်လက်

ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေပိုင်ဆိုင်ထားသူတွေဟာ အနေအထိုင်၊ အစားအသောက်ကစလို့ အရာရာကို ဂရုစိုက်ရပါတယ်။ တစ်ခုခု လွဲတာနဲ့ မျက်နှာပေါ်မှာ ဝက်ခြံတွေက အစီအရီထွက်လာတာမို့ပါ။ ဒီတစ်ခေါက်တော့ ဝက်ခြံဖြစ်လွယ်သူတွေအတွက် အသားအရေကို အထိရောက်ဆုံး ထိန်းပေးနိုင်မယ့် သဘာဝပစ္စည်းလေးတစ်ခုအကြောင်း ပြောပြပေးချင်ပါတယ်။ ဒါကတော့........... တို့စရာအဖြစ် စားလေ့ရှိတဲ့ သခွားသီး လူတော်တော်များများက သခွားသီလို့ဆိုရင် တို့စားတဲ့အရာ၊ အသုပ်တွေထဲ ထည့်စားတဲ့အရာရယ်လို့ပဲ မြင်ကြတာ များပါတယ်။ နောက်ထပ် အသုံးပြုကြတာကတော့ သခွားသီးကို မျက်အိတ်တွေ ဖောင်းတာကို သက်သာစေဖို့ သုံးကြပါတယ်။ တကယ်ကတော့ သခွားသီးတွေက ဝက်ခြံတွေကို သက်သာစေဖို့ သုံးလို့ရသလို ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကိုလည်း သက်သာစေနိုင်ပါတယ်။ အသားအရေကို အစိုဓာတ်ထိန်းပေးပြီး ချောမွတ်စေဖို့လည်း သခွားသီးလေးက အသုံးပြုလို့ရပါတယ်။ သခွားသီးက ဝက်ခြံအတွက် ကောင်းတယ်လို့ ပြောရတဲ့ အကြောင်းအရင်း ဝက်ခြံအတွက် သခွားသီးက တော်တော်လေး အသုံးဝင်တာပါ။ သခွားသီက လွယ်ကူပြီး စရိတ်စကကျဉ်းစွာနဲ့ […]


ဝက်ခြံ

ဝက်ခြံရှိသူလေးတွေ လိုက်နာသင့်တဲ့ တစ်နေ့တာ နေထိုင်မှုပုံစံ

ဝက်ခြံ တွေးရင်တောင် စိတ်ပျက်မိတယ်ဟုတ်။ မျက်နှာက ဝက်ခြံတွေက မှန်ကြည့်တိုင်း စိတ်ဓာတ်ကျစေတဲ့အရာဖြစ်နေပြီလား။ ဒါဆိုရင်တော့ ဝက်ခြံရှိသူလေးတွေ ဝက်ခြံတွေ သက်သာအောင် တစ်နေ့တာမှာ ဘယ်လိုနေထိုင်ရမလဲ ဆိုတာကို ပြောပြပေးပါရစေ။ ဝက်ခြံက ပျောက်ရော ပျောက်ပါ့မလား............ ဝက်ခြံက ပျောက်ပါတယ်။ တစ်ခုတော့ ရှိတာပေါ့။ စိတ်ရှည်ရပါမယ်။ ဝက်ခြံဆိုတာက တစ်ပတ်လောက်နဲ့ သက်သာသွားတာမျိုး မဟုတ်ပါဘူး။ နာတာရှည်ရောဂါ တစ်မျိုးလိုပါပဲ။ အမြဲပုံမှန် ဂရုစိုက်ဖို့လိုပါမယ်။ နောက်တစ်ခုက အချိန်ပေးဖို့ပါ။ ဝက်ခြံကို သက်သာစေဖို့ နေ့စဉ် လိုက်နာဖို့လိုမယ့် အလေ့အထလေးတွေရှိပါတယ်။ ဒါတွေက ဘာတွေများ ဖြစ်မလဲ။ ဝက်ခြံက သေချာဂရုစိုက်မယ်ဆိုရင် ၂ ပတ်ကနေ ၁ လအတွင်းမှာ သက်သာနိုင်ပါတယ်။ ဝက်ခြံ အမာရွတ်တွေကတော့ လုံးဝပျောက်သွားပြီး နဂို အသားအရေဖြစ်စေဖို့ ၁၈ လကနေ ၂၄ လလောက်အထိ ကြာနိုင်ပါတယ်။ ဒါက […]


အခြားအရေပြားပြဿနာများ

အရေပြားက ဘာလို့ Sensitive ဖြစ်...........

အသားအရေ အမျိုးအစားတွေ အများကြီးထဲမှာမှ ကိုယ်က ဘာလို့ Sensitive skin type ဖြစ်နေရတာလဲ။ အရင်ကတည်းက မဟုတ်ပါဘူး။ အခုနောက်ပိုင်းမှာ အသားအရေက တစ်ခုခုဆို အလွဲမခံဘူး အဖုအပိမ့်တွေထွက်လာတယ်၊ တစ်ခုခုလွဲတာနဲ့ ဝက်ခြံတွေထွက်လာတယ်၊ ရောင်လာတယ်။ ဆိုတာက မူလ စင်စစ် sensitive skin type မဟုတ်ပါဘူး။ ဒီ အသားအရေအမျိုးအစားက မူလက acne - prone အမျိုးအစားဖြစ်နိုင်သလို ခြောက်သွေ့တဲ့ အမျိုးအစား တစ်မျိုးမျိုး ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေ အများဆုံးက ဝက်ခြံအထွက်များတဲ့ Acne- prone အမျိုးအစား ဖြစ်နိုင်ပါတယ်။ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းလောက် ခံစားနေရတဲ့ အရေပြားပြဿနာ ဝက်ခြံဆိုတာက လူအတော်များများ ခံစားနေရတဲ့ ပြဿနာ။ အခြားအရာတွေထက် ကြည့်ရဆိုးစေတဲ့ အသားအရေ ပြဿနာပါ။ ဝက်ခြံဆိုတာနဲ့တင် […]


ဝက်ခြံ

ဝက်ခြံလေးတွေကို စိတ်ရှည်ပါ။

ဝက်ခြံဖြစ်တာက အတော်လေး စိတ်ညစ်စရာပါ။ တစ်ခါတစ်ခါ စိတ်တိုလို့ မျက်နှာတွေ ရောင်တဲ့အထိ ဝက်ခြံတွေကို ညှစ်ပစ်ဖူးတဲ့ အခိုက်အတန့်တွေရှိတယ်ဟုတ်။ တကယ်ကတော့ဒါက ဝက်ခြံလေးတွေကို ပိုဆိုးလာအောင် ကိုယ်တိုင်က လုပ်လိုက်မိတာပါ။ ဝက်ခြံတွေ သက်သာသွားစေဖို့ဆိုရင် စိတ်ရှည်ဖို့လိုပါမယ်။ ဘယ်လိုစိတ်ရှည်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ ဝက်ခြံအမျိုးအစားတွေက ဘာတွေလဲ.......... ဝက်ခြံတွေက အရွယ်အစား၊ ပုံစံ စုံသလို အမျိုးအစားလည်း ကွဲပြားပါတယ်။ ဝက်ခြံဖုသေးသေးလေးတွေ နီရဲနေတတ်တဲ့ဝက်ခြံဖု နီရဲရောင်ရမ်းနေသောဝက်ခြံ (ဆင်ဝက်ခြံ) အဆံဖြူလေးတွေထွက်သော ဝက်ခြံ ဆားဝက်ခြံ မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံဆိုပြီး အမျိုးမျိုးကွာခြားနိုင်ပါတယ်။ ဝက်ခြံလေးတွေကို ဘယ်နေရာမှာ တွေ့နိုင်လဲ........... ဝက်ခြံတွေက မျက်နှာမှာ အတွေ့ရများပေမယ့် ခန္ဓာကိုယ်အနှံ့ နှာခေါင်းထဲနဲ့ နားထဲမှာပါမကျန် ပေါက်နိုင်ပါတယ်။ ဝက်ခြံဆိုတာ....... ဝက်ခြံဆိုတာက အရေပြားပေါ်မှာ နီမြန်းပြီး နာကျင်တဲ့ အဖုအပိမ့်တွေထစေတဲ့ အဖြစ်များတဲ့ အရေပြားပြဿနာတစ်မျိုးပါ။ အသက်အရွယ်မရွေးဝက်ခြံပြဿနာကို ခံစားရနိုင်တယ်ဆိုပေမယ့် ဆယ်ကျော်သက်အရွယ်တွေ၊ သက်လတ်ပိုင်းတွေမှာ အဖြစ်များပါတယ်။ ဝက်ခြံ […]


အသားအရေ ထိန်းသိမ်းခြင်း

အသားအရေကို ဂရုစိုက်ပါ။

အရေပြားက တစ်ထောက်စာပဲ ဆိုပေမယ့် မဖြစ်မနေ ဂရုစိုက်ဖို့ လိုအပ်မယ့် ခံတပ်တစ်ခုဆိုတာ သိစေချင်ပါတယ်။ အရေပြားက လူတစ်ယောက်ရဲ့ သွင်ပြင်ပေါ်မှာတင် သက်ရောက်နေတာ မဟုတ်ပါဘူး။ ကျန်းမာရေး အပေါ်မှာပါ သက်ရောက်နေတာပါ။ အရေပြားက ဘာတွေ လုပ်ပေးလဲ........... အရေပြားက ခန္ဓာကိုယ်ရဲ့ ခံတပ်ဖြစ်သလို အခုလိုတွေလည်း လုပ်ဆောင်ပေးပါသေးတယ်။ ပြင်ပက ပိုးမွှားတွေ၊ ရောဂါပိုးတွေ ဝင်မလာအောင် တားဆီးပေးတယ်။ ရေနဲ့ အခြားသော အရည်တွေ စိမ့်မဝင်အောင် ကာကွယ်ပေးတယ်။ ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးတယ်။ အပူချိန်ကို ထိန်းညှိပေးတယ်။ ထိတွေ့မှုတွေ၊ အပူအအေးဒဏ်တွေကို သိရှိ ခံစားပေးတယ်။ အာဟာရဓာတ်တွေကို စုပ်ယူပေးတယ်။ အရေပြားကို ထိန်းသိမ်းပါ။ အရေပြားလို့ဆိုလိုက်ရင် ထိန်းသိမ်းရမယ့် အရေပြားက မျက်နှာလို့ ပြေးမြင်တတ်ကြပါတယ်။ တကယ်ကတော့ အသားအရေ ထိန်းသိမ်းပါဆိုတာ မျက်နှာရော ခန္ဓာကိုယ် တစ်ခုလုံးပါ ပါဝင်နေတာပါ။ ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံး […]


ဝက်ခြံ

မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံဆိုတာ

ဝက်ခြံလို့ ဆိုလိုက်ရင် လူတိုင်းက အရေပြားပေါ်က နီနီရဲရဲ နဲ့ ထိပ်နားမှာ ပြည်လိုလေး စုနေတဲ့ ဖုတွေကိုပဲ ပြေးမြင်ကြမယ် ထင်ပါတယ်။ တကယ်ကတော့ ဝက်ခြံက ဒီတစ်မျိုးတည်း မဟုတ်ပါဘူး။ ဆားဝက်ခြံလို့ခေါ်တဲ့ အဆံ မဲမဲလေးတွေ ထွက်တာမျိုး ရှိသလို အခုပြောပြမယ့် မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံလေးတွေလည်း ရှိပါတယ်။ မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံကို အများစုက အဆီဖုလေးတွေနဲ့ မှားတတ်ကြပါတယ်။ ဒီတော့ မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော်။ မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံ လူတော်တော်များများက မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံဟာ အခြား ဝက်ခြံတွေနဲ့ မတူသလို ကုသတဲ့ နည်းလမ်းလည်း မတူဘူးဆိုတာကို မသိကြပါဘူး။ ပုံမှန် ဝက်ခြံအတွက် သုံးတဲ့ အသားအရေ ထိန်းသိမ်းမှု ပစ္စည်းလေးတွေကို သုံးလိုက်ရင် ပျောက်သွားမယ်လို့ ယူဆနေကြပါတယ်။ တကယ်ကတော့ […]


ဝက်ခြံ

မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံရှိသူတွေ သိထားဖို့လိုမယ့် အချက်လေးများ

မျက်နှာပေါ်မှာ အဖုသေးသေးလေးတွေ အများကြီး ပေါက်နေတယ်။ အဆီဖုလေးတွေ ထင်တယ်။ ဒါပေမယ့် ညှစ်လိုက်ရင် အဆံဖြူဖြူလေးတွေ ထွက်တယ်။ ယားလည်းယားတယ်ဆိုရင်တော့ အဆီဖု မဟုတ်ပါဘူး။ အရေပြားမှာဖြစ်တတ်တဲ့ မှိုပိုးတစ်မျိုးကြောင့် ဖြစ်လာတဲ့ ဝက်ခြံပါ။ ဒီဝက်ခြံလေးတွေက အခြား ဝက်ခြံတွေနဲ့ မတူသလို ကုသတဲ့ နည်းလမ်းလည်း မတူကြပါဘူး။ ထိန်းသိမ်းမှု လုပ်ရတဲ့ပုံကလည်း မတူကြပါဘူး။ အများစုကတော့ ပုံမှန် ဝက်ခြံအတွက် သုံးတဲ့ အသားအရေ ထိန်းသိမ်းမှု ပစ္စည်းလေးတွေကို သုံးလိုက်ရင် ပျောက်သွားမယ်လို့ ယူဆနေကြပါတယ်။ အမှန်ကတော့ ပုံမှန် ဝက်ခြံတွေကို သက်သာစေတဲ့ နည်းလမ်းက မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံအတွက် ထိရောက်မှု မရှိပါဘူး။ အခန့်မသင့်ရင် မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံကို ပိုတောင်ဆိုးစေနိုင်ပါသေးတယ်။ ဒီတော့ မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံတွေကို သက်သာစေဖို့ ဘာတွေ သတိထားရမလဲဆိုတာကို သိချင်တယ်ဆိုရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ မှိုပိုးကြောင့် ဖြစ်တဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

ဆောင်းရာသီမှာ နည်းစနစ်မှန်မှန် ဆဲလ်သေ ဖယ်ရှားကြမယ်။

ဆောင်းရာသီနဲ့ အပြိုင် ချစ်စရာကောင်းတဲ့ လေဒီလေးဖြစ်စေဖို့ဆိုရင် ဆောင်းရာသီမှာလည်း အခြားရာသီတွေလို ကြည်လင်တဲ့ အသားလေးကို ပိုင်ဆိုင်ထားဖို့ လိုမှာပါ။ ဒီတော့ ဆောင်းရာသီ အသားလေး ကြည်လင်နေအောင် ဘာလုပ်ရမလဲ.......... လွယ်ပါတယ်။ ဆဲလ်သေတွေဖယ်မယ်။ အစိုဓာတ်ထိန်းမယ်ပေါ့။ ဆောင်းရာသီက အသားခြောက်တယ်လေ ဆဲလ်သေဖယ်ရှားရင် အသားပိုခြောက်ပြီး ထိခိုက်မလားဆိုပြီး စိတ်ပူနေပြီလား။ စိတ်မပူပါနဲ့ ဆောင်းရာသီမှာ ကြည်လင် ကျန်းမာတဲ့ အသားလေးပိုင်ဆိုင်နိုင်စေဖို့အတွက် နည်းစနစ်မှန်မှန်နဲ့ ဆဲလ်သေ ဖယ်ရှား လိုက်ပါ။ ဆောင်းရာသီမှာ နည်းစနစ်မှန်မှန်နဲ့ ဆဲလ်သေ ဘယ်လို ဖယ်ရှားမလဲ............. အသားအရေကို အထိရောက်ဆုံး ထိန်းသိမ်းစောင့်ရှောက်ဖို့ဆိုရင် ဆဲလ်သေဖယ်ရှားဖို့ကလည်း မေ့ထားလို့ မရတဲ့ အသားအရေ ထိန်းသိမ်းမှု အဆင့်တစ်ခုပါ။ တစ်ပတ်ကို တစ်ကြိမ် ဒါမှမဟုတ် ၂ ကြိမ် ဆဲလ်သေတွေ ဖယ်ရှားတာက ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေမယ့် နည်းလမ်းကောင်းပါ။ ဒါကြောင့် […]


အသားအရေ ထိန်းသိမ်းခြင်း

ဆောင်းရာသီမှာ ဆဲလ်သေတွေ ဖယ်ရှားသင့်ရဲ့လား..........

ဆဲလ်သေတွေဖယ်ရှားမှ အသားအရေက ကျန်းမာတယ်။ ဆဲလ်သေဖယ်တာက အသားခြောက်နိုင်တယ်။ အခုလို အသားခြောက်တဲ့ ဆောင်းရာသီမှာ ဆဲလ်သေတွေ ဖယ်ရှားလို့ ဖြစ်ပါ့မလား။ အသားများ ပိုခြောက်သွားမလား။ ဒါမှမဟုတ် ဝက်ခြံတွေ ပိုဖြစ်မလား။ ဆဲလ်သေတွေ မဖယ်လို့လားမသိဘူး။ အသားအရောင်ကို ကြည့်ရတာ ​ကြည်ကြည်လင်လင် မရှိဘူးဆိုတဲ့ သူလေးတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက ဆောင်းရာသီမှာ ဆဲလ်သေဖယ်ရှားလို့ ရပါ့မလားလို့ ချီတုံ ချတုံ ဖြစ်နေတဲ့ လေဒီလေးတွေအတွက်ပါ။ ဆောင်းရာသီမှာ ဆဲလ်သေတွ ဖယ်ရှားရင် အသား ပိုခြောက်မှာလား.............. ဆောင်းရာသီက အလိုလိုနေရင်းတောင် အသားခြောက်တော့ ဆဲလ်သေတွေ ဖယ်ရှားလိုက်ရင် အသား ပိုခြောက်သွားမလား။ ဆဲလ်သေဖယ်ရှားမှုကြောာင့် အသားအရေကိုများ ထိခိုက်လေမလားဆိုတဲ့ စိတ်ပူမှုက အသားအရေ ထိန်းသိမ်းမှု လုပ်နေတဲ့ သူတိုင်းမှာ ဝေခွဲမရ ဖြစ်တတ်တဲ့ မေးခွန်းတစ်ခုပါ။ ဆဲလ်သေ ဖယ်ရှားတာက မဖြစ်မနေ လုပ်သင့်တဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း