အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အခြားအရေပြားပြဿနာများ

လမ်းလျှောက်များလို့ ဖိနပ်ပေါက် တဲ့အခါ ဒီလိုလုပ်ပါ

ဖိနပ်ပေါက် တဲ့ ကိစ္စက ယောက်ျားလေးတွေရော မိန်းကလေးတွေပါ ကြုံဖူးတဲ့ ကိစ္စ တစ်ရပ်ပေါ့။ ဖိနပ်ပေါက်တာလား။ ဖိနပ် အသစ်မို့ပါလို့ ပြောမလို့လား... ဒါဆို မေးစရာရှိတာက ဖိနပ်ကတော့ စီးနေကျပါပဲ။ အရင်က မပေါက်ပါဘူး။ လမ်းများများ လျှောက်လိုက်တဲ့နေကျမှ ဖိနပ်ပေါက်တာမျိုးလေ။ ကြုံဖူးတယ် ဟုတ်။ ဒါဆိုရင် လမ်းလျှောက်များလို့ ဖိနပ်ပေါက်တဲ့အခါ သက်သာစေဖို့ ဘာတွေ လုပ်ရမလဲ။ ဘယ်လို ကာကွယ်ရမလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ လမ်းလျှောက်ရလို့ ဖိနပ်ပေါက်တဲ့အခါ လမ်းလျှောက်တာများလို့ ဖိနပ်ပေါက်ပြီ။ ကိုယ်က နောက်နေ့တွေမှာလည်း သွားစရာ လာစရာတွေက ရှိတယ် ဘယ်လို သက်သာအောင် လုပ်ရပါ့မလဲဆိုပြီး စိတ်ပူနေပြီလား..... ဒါဆိုရင် ဒီနည်းလမ်းလေးတွေက အဆင်ပြေမှာပါ။ ဖိနပ်ဆိုတာက လူတစ်ယောက်အတွက် မရှိမဖြစ် လိုအပ်တဲ့ အသုံးအဆောင် တစ်ခုပါ။ ဒါပေမယ့် လမ်းလျှောက်ရတာ များလို့ ဖိနပ် […]


အသားအရေ ထိန်းသိမ်းခြင်း

အသားအရေက purging ဖြစ်နေတာလား။ Breakout (ကန်ထွက်) နေတာလား................

အရေပြားက လူတစ်ယောက်ရဲ့ သွင်ပြင်ပေါ် အများကြီး သက်ရောက်နေတာမို့ အသားအရေက ထိန်းသိမ်းသင့်တဲ့ အရာ တစ်ခု လို့ပဲ ဆိုရပါမယ်။ ဒီလို အသားအရေ ထိန်းသိမ်းတဲ့အခါ အသားအရေထိန်းသိမ်းမှု ပစ္စည်းက မိမိ အသားအရေနဲ့ လိုက်ဖက်အောင် ရွေးချယ်မိဖို့ လိုပါမယ်။ ဒီလိုရွေးချယ်မှု မှားတဲ့အခါ အရေပြားကို ထိခိုက်စေတာမျိုး ဖြစ်နိုင်ပါတ်။ တစ်ခါတလေ အသားအရေထိန်းပစ္စည်းက ကိုယ့်အသားအရေ အမျိုးအစားအတွက်ပဲ ထုတ်ထားတာပါပဲ။ ဒါပေမယ့် လိမ်းလိုက်တဲ့အခါ သက်သာမသွားဘဲ အဖုအပိမ့်တွေ ထပ်ထွက်လာတဲ့အခါမျိုး ရှိနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ မတည့်တာများလား ဆိုပြီး စိုးရိမ်မိတဲ့ အခိုက်အတန့် လေဒီလေးတိုင်း လိုလိုမှာ ရှိတတ်ပါတယ်။ ဒီတစ်ခေါက်တော့ အသားအရေထိန်းတဲ့ ပစ္စည်း တစ်ခုခု သုံးတဲ့အခါ အရေပြားပေါ်မှာ အဖုအပိမ့်လေးတွေ ထပ်ထွက်လာတာဟာ မတည့်လို့လား ဘာကြောင့်လဲဆိုတာကို သေချာလေး သိနိုင်စေဖို့ ပြောပြပေးပါရစေ။ အသားအရေ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံသားနဲ့ဦးရေပြား ကို ထိန်းသိမ်းပါ

ဆံပင်ဆိုတာ လူတစ်ယောက်ရဲ့ ဒုတိယ မျက်နှာပါ။ လှပမှုအတွက် မျက်နှာလေး လှပဖို့လိုသလို ဆံသား ကျန်းမာသန်စွမ်းဖို့လည်း လိုပါမယ်။ ဆံသား ကျန်းမာသန်စွမ်းဖို့ ဆိုတဲ့နေရာမှာလည်း ဆံသားနဲ့ဦးရေပြား ကျန်းမာရေးကို စောင့်ရှောက်ဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ ကျန်းမာတဲ့ ဦးရေပြားနဲ့ သန်စွမ်းလှပတဲ့ ဆံသားရရှိစေဖို့ ဘယ်လို ဂရုစိုက်ရမလဲ ဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ဆံသားနဲ့ဦးရေပြား ကို ဂရုစိုက်ပါ ဆံသားနဲ့ဦးရေပြား ကိုလည်း မျက်နှာအသားအရေလိုပဲ စောင့်ရှောက်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်ပါမယ်။ အကြောင်းကတော့ ဦးရေပြား ကျန်းမာမှ ဆံသားလည်း ကျန်းမာမှာပါ။ ဒါကြောင့် ဦးရေပြားနဲ့ ဆံသား ကျန်းမာစေဖို့ဆိုရင် ခေါင်းပုံမှန်လျှော်ပါ ခေါင်းပုံမှန်လျှော်ပါ ဆိုတာက နေ့တိုင်း ခေါင်းလျှော်ဖို့ ပြောတာမဟုတ်ပါဘူး။ ဆံပင်တွေနဲ့ဦးရေပြားကို တစ်ပတ် ၂ ကြိမ်လောက် ပုံမှန် လျှော်ပေးဖို့ပါ။ ဒါမှ ဦးရေပြား ကျန်းမာပြီး […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

ခြေသည်းလက်သည်းလေးတွေကို ဘယ်လိုစောင့်ရှောက်မလဲ။

လက်သည်းခြေသည်းလေးတွေက အလှတိုးစေသလို ကျန်းမာရေးကို ဖော်ပြပေးနေတဲ့ အရာလေးတွေဆိုရင်လည်း မမှားပါဘူး။ လက်သည်းခြေသည်းလေးတွေကိုလည်း အခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေ နည်းတူ စောင့်ရှောက်ဖို့ လိုပါမယ်။ ဒီတစ်ခါက်တော့ ကျန်းမာရေးရဲ့ ပြတင်းပေါက်ဖြစ်သလို အလှတိုးစေမယ့် ခြေသည်းလက်သည်းလေးတွေ ကျန်းမာစေဖို့ ဘယ်လိုစောင့်ရှောက်မှုတေါ ပေးရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ခြေသည်းလက်သည်းလေးတွေက နေမကောင်းဖြစ်တတ်လား။ ခြေသည်းလက်သည်းလေးတွေကလည်း အခြား ခန္ဓာကိုယ်အစိတ်အပိုင်းတွေလိုပဲ နာမကျန်းဖြစ်တတ်ပါတယ်။ အိမ်သန့်ရှင်းရေးသုံးပစ္စည်းတွေ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာတွေ၊ လက်သည်းနီစတာတွေအပြင် အခြားသော ဓာတုပစ္စည်းတွေက လက်သည်းခြေသည်းတွေကို နာမကျန်းစြေစေနိုင်ပါတယ်။ လက်သည်းခြေသည်းတွေက မကျန်းမမာဖြစ်နေမယ်ဆိုရင် လက်သည်းခြေသည်းလေးတွေ အရောင်က ပန်းသွေးရောင်မဟုတ်ဘဲပြာနေတာ၊ ညိုနေတာ လက်သည်းမှာ အဖြူစက်လေးတွေဖြစ်နေတာ အစင်းကြောင်းလေးတွေပေါ်နေတာ လက်သည်းတွေ ကြွပ်ဆတ်နေတာ လက်သည်းခြေသည်းမှိုပိုးဝင်တာ လက်သည်းခြေသည်းတွေ ပဲ့တာတွေခံစားရနိုင်ပါတယ်။ လက်သည်းခြေသည်းလေးတွေ ကျန်းမာစေဖို့ လက်သည်းခြေသည်းလေးတွေ ကျန်းမာစေဖို့ဆိုရင် အာဟာရပြည့်ဝအောင် စားပါ။ ခန္ဓာကိုယ် အခြားအစိတ်အပိုင်းတွေအတွက်တင် အာဟာရကို လိုတာမဟုတ်ပါဘူး။ လက်သည်းခြေသည်းတွေကလည်း အာဟာရပြည့်ဝစွာရရှိဖို့ လိုပါမယ်။ […]


ကူးစက်နိုင်သော အရေပြားရောဂါများ

ကူးစက်နိုင်သည့် အရေပြားရောဂါများ

အရေပြား ဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံး အစိတ်အပိုင်းပါ။ အရေပြားရဲ့တာဝန်က ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ ကူးစက်တာမျိုး မရှိစေဖို့အတွက် တားပေးဖို့ပါ။ ဒီလိုတားပေးတဲ့ ခံတပ်ဆိုပေမယ့် တစ်ခါတလေမှာ အရေပြားကိုယ်တိုင်ကလည်း ကာကွယ်ရင်း ကူးစက်တတ်တဲ့ ရောဂါပိုးတွေကိုကိုယ်တိုင် ကူးစက်ခံလိုက်ရတဲ့ အခိုက်အတန့်တွေ ရှိပါတယ်။ အရေပြားမှာ ဖြစ်ပေါ်နိုင်တဲ့ ကူးစက်ရောဂါတွေက အမျိုးမျိုးသော ပိုးမွှားတွေကြောင့် ဖြစ်နိုင်သလို ရောဂါလက္ခဏာတွေကလည်း သိပ်မပြင်းထန်တဲ့ အခြေအနေကနေ အရမ်းကို ပြင်းထန်တဲ့ အခြေအနေမျိုးအထိ ဆိုးဝါးနိုင်ပါတယ်။ အရေပြားမှာ ဖြစ်တဲ့ကူးစက်ရောဂါတွေကို သိပ်မပြင်းထန်ဘူးဆိုရင် အလွယ်တကူ ဆေးစာမလိုဘဲ ဝယ်ယူလို့ရတဲ့ ဆေးတွေ သောက်သုံးပြီး ကုသလို့ ရသလို အိမ်တွင်းကုထုံးတွေနဲ့လည်း ကုသလို့ရပါတယ်။ တကယ်လို့ ပြင်းထန်မယ်ဆိုရင်တော့ သေချာလေး ကုသမှု ခံယူဖို့ လိုမှာပါ။   ကူးစက်တတ်သော အရေပြားရောဂါတွေကတော့ အများကြီးပါ။ ကူးစက်တတ်တဲ့အရေပြားရောဂါတွေကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကိုတော့ […]


ဝက်ခြံ

သက်လတ်ပိုင်းမှာပေါက်တဲ့ ဝက်ခြံတွေ သက်သာစေဖို့ ဒါတွေစားပေးပါ။

ဆယ်ကျော်သက်အရွယ်မှာ ဟော်မုန်း အပြောင်းအလဲကြောင့် ဝက်ခြံ ပေါက်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ခုဆိုပေမယ့်။ ဆယ်ကျော်သက်ကို ကျော်လာပြီး သက်လတ်ပိုင်းကို ရောက်လာတဲ့အခါ ဝက်ခြံတွေက တဖြည်းဖြည်း သက်သာသွားမှာပါ။ ဒါပေမယ့် သက်လတ်ပိုင်းရောက်လာတဲ့အထိ ဝက်ခြံက မသက်သာဘူးဆိုရင်တော့ အသားအရေလေးကို ဝက်ခြံတွေရန်ကနေ ကာကွယ်ဖို့ စားပေးသင့်တာလေးတွေရှိပါတယ်။ ဒါတွေက ဘာတွေဖြစ်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ သက်လတ်ပိုင်းမှာပေါက်တဲ့ ဝက်ခြံတွေ သက်သာစေဖို့ ဆယ်ကျော်သက်အရွယ်ကို ကျော်ပြီး သက်လတ်ပိုင်းအထိရှိနေတဲ့ ဝက်ခြံတွေကိုသက်သာစေဖို့ဆိုရင်တော့ ဒါလေးတွေ ပိုစားပေးပါ။ ခရမ်းချဉ်သီး  အနီရောင် ရဲရဲ ခရမ်းချဉ်သီးလေးမှာ ဗီတာမင် C၊ ဗီတာမင် A၊ ဗီတာမင် E နဲ့ ဗီတာမင် B3 တို့ပါဝင်နေတာ​ကြောင့် အသားအရေကို ဝက်ခြံကင်းစေပြီး အသားအရေကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ ကန်စွန်းဥ ချိုစိမ့်စိမ့်နဲ့ စားလိုက်ရင် အရသာရှိတဲ့ ကန်စွန်းဥက အရေပြားကျန်းမာရေးကို အားဖြည့်ပေးနိုင်တဲ့ အာဟာရတွေ […]


အသားအရေ ထိန်းသိမ်းခြင်း

အသားအရေကို သန့်စင်ထိန်းသိမ်းမယ်

အရေပြားတစ်ထောက်စာလို့ ဆိုပေမယ့် အသားအရေကို သန့်စင်ထိန်းသိမ်း ဖို့က အတော်လေး အရေးကြီးပါတယ်။ အရေပြားက ရုပ်ရည်သွင်ပြင်အပေါ် သက်ရောက်မှု ရှိသလို ကျန်းမာရေးအပေါ်ကိုလည်း သက်ရောက်မှု ကြီးပါတယ်။ ဒီအရေပြားကျန်းမာဖို့က ထိုက်သင့်တဲ့ သန့်စင်ပေးမှု ထိန်းသိမ်းမှုတွေ လုပ်ဖို့ လိုပါမယ်။ ဒါမှ အရေပြားပြဿနာကင်းပြီး ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။ အရေပြားကို ဘယ်လို သန့်စင်မလဲ။ အရေပြားကို ပုံမှန်ရေချိုးပေးတာ၊ မျက်နှာသစ်ပေးတာက သန့်စင်ပေးတာပဲပေါ့လို့ ပြောစရာရှိပါတယ်။ ဒါက သန့်စင်ပေးတယ်ဆိုပေမယ့် သေချာရောသန့်စင်မိရဲ့လား။ အရေပြား မျက်နှာကစလို့ ခန္ဓာကိုယ်တစ်ခုလုံးကို သန့်စင်ရာမှာ အသုံးပြုတဲ့ ဆပ်ပြာ၊ သန့်စင်တဲ့အရာတွေက အရေပြား အမျိုးအစားနဲ့ လိုက်ဖက်ဖို့ လိုပါမယ်။ ဒါမှ အသားအရေက ဝက်ခြံ၊ အသားအရောင်မညီတာစတဲ့ အရေပြားပြဿနာတွေအပြင် အသားခြောက်တာ၊ အဆီပြန်တာတွေလည်း ကင်းမှာပါ။ ဒါကြောင့် အသားအရေကို သန့်စင်မယ်ဆိုရင် အရင်ဆုံး ကိုယ့်အသားအရေအမျိုးအစားကို […]


ဆိုရီရေးစစ်ရောဂါ

ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာ

အရေပြားဆိုတာက ခန္ဓာကိုယ်ရဲ့ အကြီးဆုံး အစိတ်အပိုင်းတစ်ခုပါ။ ခန္ဓာကိုယ်ကို ပြင်ပနေ ဝင်ရောက်လာမယ့် ရောဂါပိုးတွေနဲ့ ရေတွေ စိမ့်ဝင်မှု မဖြစ်စေဖို့ ကာကွယ်ပေးထားတဲ့ ခံတပ်ဆိုလည်း မမှားပါဘူး။ ခန္ဓာကိုယ် ကျန်းမာဖို့ဆိုရင် အရေပြား ကျန်းမာဖို့ အတော်လေး အရေးကြီးပါတယ်။။ အရေပြားဆိုတာက အရွယ်အစားကြီးမားပြီး ခိုင်ခန့်တဲ့ ခံတပ်ဆိုပေမယ့် သူ့မှာလည်း ကျန်းမာရေး ပြဿနာ အမျိုးမျိုး ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှာ ဖြစ်တဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်တဲ့ ဆိုရီရေးစစ် အရေပြားပြဿနာအကြောင်းကို အတူတူ ဖတ်ကြည့်ရအောင်နော်။ ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာ ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာက autoimmune disorder တစ်မျိုးပါ။ အရေပြားပေါ်မှာဖြစ်လို့ အရေပြားတစ်ထောက်စာကနေ စလာတဲ့ ရောဂါ မဟုတ်ပါဘူး။ ဒီရောဂါက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကနေ စလာတာပါ။ T ဆဲလ်လို့ ခေါ်တဲ့ […]


ဝက်ခြံ

ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ ပူဒီနံရဲ့ အသုံးဝင်ပုံက

ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေ ကြောင့် စိတ်ညစ်နေတယ်။ သက်သာအောင်လုပ်ဖို့ကလည်း သဘာဝပစ္စည်းလေးတွေကိုပဲ စိတ်ချတယ်ဆိုသူလေးတွေရှိလား...... ဒါဆိုရင် ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဝက်ခြံ နဲ့ ဝက်ခြံအမာရွတ်တွေကို သက်သာစေမယ့် သဘာဝပစ္စည်းလေးတစ်ခုရှိပါတယ်။ ဒါကတော့ အသုပ်တွေ။ မုန့်ဟင်းခါးတွေထဲထည့်စားလေ့ရှိတဲ့ ပူဒီနံပါ။ ပူဒီနံရဲ့ အသားအရေအကျိုးပြုပုံ ပူရှိန်းရှိန်း၊ အနံ့မွှေးမွှေးလေးကို ပိုင်ဆိုင်ထားတဲ့ ပူဒီနံရွက်လေးက ချွေးပေါက်တွေကို ပွင့်စေတယ်။ ဘက်တီးရီးယားတွေကိုဖယ်ရှားပေးတယ်။ ဝက်ခြံတွေကို ခြောက်ပြီး အနာကျက်မြန်စေတယ်။ ညစ်ညမ်းမှုတွေကြောင့်အသားအရေထိခိုက်မှုတွေကနေ ကာကွယ်ပေးတယ်။ အရေပြားကို အာဟာရစုပ်ယူမှုကောင်းအောင်လုပ်ပေးတယ်။ ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ ပူဒီနံကို ဒီလိုသုံးပါ။ ဝက်ခြံနဲ့ ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ဆိုရင် ပူဒီနံရွက်လေးကိုအခုလိုတွေ အသုံးပြုလို့ရပါတယ်။ ပူဒီနံနဲ့ ပျားရည် ရေစင်အောင်ဆေးထားတဲ့ ပူဒီနံ ၁၀ ရွက်ကနေ ၁၅ ရွက်ကို ကြိတ်ခြေပါ။ ပြီးရင် ပျားရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာနဲ့ ရောပြီး မွှေပါ။ ရလာတဲ့အရောကို သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ လိမ်းပြီး ၁၅ […]


အသားအရေ ထိန်းသိမ်းခြင်း

အုန်းသီးစားရင်း ရမယ့် အသားအရေ လှပမှု

လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက အသားအရေအတွက် သဘာဝကပေးတဲ့ လက်ဆောင်တစ်ရပ်အနေနဲ့ အားလုံးက နှစ်ခြိုက်သဘောကျစွာ အသုံးပြုခဲ့ကြတဲ့ သဘာဝပစ္စည်းလေးတစ်ခုရှိပါတယ်။ သူက အသားအရေအတွက်သာမက ဆံသားအတွက်ပါ အထောက်အကူပြုပါတယ်။ ဒါကတော့ အရသာရှိလှတဲ့ အုန်းသီးစား တာပဲ ဖြစ်ပါတယ်။ အုန်းသီးကို အုန်းသီး အစိတ်လိုက် ထန်းလျက်နဲ့စားတာ၊ မုန့်တွေအပေါ်ကနေ ဖြူးစားတာ၊ အုန်းဆီချက်ပြီး မုန့်တွေနဲ့ တွဲစားတာ၊ အုန်းနို့ကို မုန့်လုပ်တဲ့အခါ ထည့်သွင်း အသုံးပြုတာဆိုပြီး နည်းအမျိုးမျိုးနဲ့ စားကြပါတယ်။ ဒီလို စားသုံးရတာ အရသာရှိလှတဲ့ အုန်းသီးက ကျန်းမာရေးအတွက် အတော်လေး အထောက်အကူပေးသလို အသားအရေကိုလည်း လှပစေပါတယ်။ ဒီတော့ စားလို့ကောင်းတဲ့ အုန်းသီးလေးက အသားအရေကို ဘယ်လိုများ လှပစေလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ အုန်းသီးစားရင်း ရမယ့် အသားအရေလှပမှု အုန်းသီးစားရင်း ရမယ့် အသားအရေ လှပမှု က အရွယ်တင်စေတယ်။ အုန်းဆီက […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း