အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

အရေပြားပေါ်က အနာအဆာတွေ သက်သာစေဖို့

အရေပြားက ခန္ဓာကိုယ်မှာ အကြီးဆုံး အစိတ်အပိုင်း ဖြစ်သလို လူတစ်ယောက်ရဲ့ သွင်ပြင်ပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ အရေပြားက အနာအဆာတွေ ကင်းလေလေ လူအများကြားထဲမှာ ထင်းခနဲ လှလေလေပါပဲ။ အရေပြား အနာအဆာ ကင်းဖို့ဆိုတာကလည်း ပြောသလောက်တော့ မလွယ်ပါဘူး။ အရေပြားက ထိခိုက်လွယ်သလို ဟော်မုန်း အပြောင်းအလဲကြောင့်၊ ရာသီဥတုကြောင့်၊ ထိခိုက်မိတာတွေကြောင့်ဆိုပြီး အမျိုးမျိုးသော နည်းလမ်းတွေနဲ့ ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် အရေပြားမှာ ဖြစ်ပေါ်လာတဲ့ အနာအဆာတွေကို ကင်းစေဖို့ ဘာတွေ စားပေးလို့ ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ အရေပြားပေါ်က အနာအဆာတွေ သက်သာစေဖို့ နေ့စဉ်ဘဝမှာ စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ အရေပြားပေါ်က အနာအဆာတွေကို သက်သာစေဖို့ ဘာတွေ စားပေးရမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ခရမ်းချဉ်သီး အရောင် နီနီရဲရဲလေးနဲ့ လှပနေတဲ့ ခရမ်းချဉ်သီးက သူကိုယ်တိုင်က လှပသလို စားသုံးသူကိုလည်း လှပစေပါတယ်။ ဗီတာမင် […]


ကူးစက်နိုင်သော အရေပြားရောဂါများ

အရေပြားမှာ ဖြစ်တဲ့ ကြွက်နို့

ကြွက်နို့ ဆိုတာက လူအတော်များများမှာ ခံစားရနိုင်တဲ့ အရေပြား ပြဿနာတစ်ခုပါ။ ကလေးတွေ၊ ဆယ်ကျော်သက်တွေ၊ လူကြီးတွေ အားလုံးမှာ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကြွက်နို့ဆိုတာ ဘာလဲ။ ဘာကြောင့် ကြွက်နို့ဖြစ်ရတာလဲ။ ကြွက်နို့ကို ကာကွယ်လို့ရမလားဆိုတဲ့အချက်လေးတွေကို ပြောပြပေးသွားပါမယ်။ ကြွက်နို့ဆိုတာ ဘာလဲ ....... ကြွက်နို့ဆိုတာက အရေပြားဆဲလ်တွေဟာ human papillomavirus (HPV) ဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် ပုံမှန် မဟုတ်ဘဲ လျင်မြန်စွာ ကြီးထွားလာမှုကြောင့် ခံစားရတဲ့ အရေပြား ပြဿနာ တစ်မျိုးပါ။ လိင်အင်္ဂါမှာ ဖြစ်တဲ့ ကြွက်နို့တွေရှိသလို အရေပြားပေါ်မှာ အထူးသဖြင့် ခြေလက်တွေမှာ ဖြစ်တတ်တဲ့ ကြွက်နို့တွေလည်း ရှိပါတယ်။ ကြွက်နို့တွေက များသောအားဖြင့် လက်ချောင်းလေးတွေ၊ လက်တွေမှာ ပေါက်တာများပါတယ်။ ကြွက်နို့က အရေပြားပေါ်မှာ ခပ်သေးသေး အသားဖုလေးပါ။ ထိခိုက်ရင် ခပ်မာမာရှိပြီး အချို့သော ကြွက်နို့တွေမှာ အနက်ရောင် […]


အသားအရေ ထိန်းသိမ်းခြင်း

ဆံပင်ဆေးဆိုးရင်း အရေပြားမှာ စွန်းသွားခဲ့ရင်

ဆံပင် ဖြူနေလို့ပဲ ဖြစ်ဖြစ် ဆံပင်ကို အရောင်လှလှဆေး ဆိုးချင်လို့ပဲ ဖြစ်ဖြစ် ဆံပင်ကို ဆေးဆိုးတဲ့အခါ မတော်တဆ အသားမှာ ပေကျံသွားတာမျိုး ရှိနိုင်ပါတယ်။ စာဖတ်ပရိသတ်ကြီးရော ဖြစ်ဖူးလား ...... ဒီလိုဖြစ်တဲ့အခါ ဆိုးဆေးက အချိန်အတော်ကြာတဲ့အထိ အသားမှာ စွဲထင်နေတတ်ပြီး စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒီ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ဆံပင်ဆိုးဆေး အသားမှာ ပေနေတာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးတွေ အကြောင်း ပြောပြပေးချင်ပါတယ်။ ဆံပင်ဆေးဆိုးရင်း အရေပြားမှာ စွန်းသွားခဲ့ရင်  ဆံပင်ဆေးဆိုးရင်း အရေပြားမှာ စွန်းသွားခဲ့ရင် အခုလို ဖြေရှင်းလိုက်ပါ။ အရေပြားမှာ ပေကျံရစ်ခဲ့တဲ့ ဆံပင် ဆိုးဆေးတွေကို ဖျက်ပစ်ဖို့ဘာတွေ လိုမလဲ။ ဘယ်လို လုပ်ရမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ အရေပြားမှာ ပေကျံရစ်ခဲ့တဲ့ ဆံပင် ဆိုးဆေးတွေကို ဖျက်ပစ်ဖို့ဘာတွေ လိုမလဲ ....... အရေပြားမှာ ပေကျံရစ်ခဲ့တဲ့ ဆံပင် […]


အသားအရေ ထိန်းသိမ်းခြင်း

ဩဇာသီး ကပေးတဲ့ အသားအရေ ကျန်းမာရေး

အပေါ်ခွံမှာ အဖုအထစ်လေးတွေရှိပြီး အတွင်းမှာ ဖြူဖြူချိုချို အသားလေးနဲ့ အစေ့အနက်ရောင်လေးတွေနဲ့ ဩဇာသီး က စားရတာ လက်ဝင်ပေမယ့် အရသာ အတော်လေး ကောင်းပါတယ်။ ငယ်ငယ်က အတော်လေး သဘောကျရတဲ့ အသီးတစ်မျိုးပါ။ ဒီအသီးလေးက ကျန်းမာရေးအတွက်လည်း အတော်လေး အထောက်အကူပြုပါတယ်။ အခုတစ်ခေါက်တော့ စားလို့ ကောင်းပြီး အရသာရှိတဲ့ ဩဇာသီးလေးက အသားအရေအတွက် ဘယ်လို အထောက်အကူပြုပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ ဩဇာသီး ဆိုတာ ဩဇာသီး ဆိုတာ ဩဇာပင်ရဲ့ အသီးပါ။ ဩဇာသီးကအပြင်ခွံမှာ အဖုအချိုင့်လေးတွေပါပြီး အရောင်က အစိမ်းရောင်ပါ။ အတွင်းသားက တစ်ဆံချင်း ဖြူဖြူလေးတွေပါ။ အထဲမှာတော့ အမဲရောင် အစေ့လေးတွေ ပါဝင်နေပါတယ်။ အရသာက ချိုချိုလေးပါ။ အသီးတင် ဆေးဖက်ဝင်တာ မဟုတ်ပါဘူး။ အရွက်ရော အပင်အခေါက်ကပါ ဆေးဖက်ဝင်တာပါ။ ဩဇာပင်က အိန္ဒိယ မျိုးရင်းပင် ဖြစ်ပြီး […]


အခြားအရေပြားပြဿနာများ

မျက်လုံးအောက်က အဆီဖု လေးများ

တစ်ခါတလေ မျက်လုံးအောက်နားမှာ အဖုသေးသေးလေးတွေ ထွက်လာတာကို ကြုံဖူးမှာပါ။ အဖြူရောင် အဖုလေးတွေ တန်းစီထွက်နေပြီး ညှစ်လို့လည်း မရပါဘူး။ ဒါကို Miliaလို့ ခေါ်ပါတယ်။ ဒီ အဆီဖု လေးတွေက မျက်လုံးအောက်မှာ အတွေ့ရအများဆုံးဆိုပေမယ့် တခြားနေရာတွေမှာလည်း ထွက်နိုင်ပါတယ်။ အဆီဖု လေးတွေက ဘယ်လိုကနေ ဖြစ်လာတာလဲ။  အဆီဖုလေးတွေက အရေပြားမှာ ဆဲလ်သေတွေ စုပြီး ဖြစ်လာတာပါ။ ကလေးရော လူကြီးရော ကျားမမရွေး ဖြစ်နိုင်ပါတယ်။ သူ့ကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့ မျက်နှာ အရေပြား ထိခိုက်တာ၊ ပွန်းပဲ့တာ နေလောင်တာ အနီကွက်တွေ ထွက်တာ အရေပြားကို ပွန်းပဲ့စေတဲ့ ကုသမှုတွေ လုပ်တာ (ဥပမာ Dremabrasion)  အရေပြားရောင်ရမ်းနာ ရောဂါရှိနေတာ နေရောင်နဲ့ ထိတွေ့မှု များတာစတာတွေကြောင့် ဖြစ်တတ်ပါတယ်။ Skin careတွေ […]


အသားအရေ ထိန်းသိမ်းခြင်း

ပုစွန်စာရွက် ကပေးတဲ့ အလှအပ

ပုစွန်စာရွက် ကပေးတဲ့ အလှအပ တွေက ဘာတွေများလဲ ......... ပုစွန်စာရွက် လို့ ပြောလိုက်ရင် ဘယာကြော်ထဲမှာ ထည့်ကြော်ထားပြီး ခပ်ကြွပ်ကြွပ်လေးနဲ့ စားကောင်းတာကို ပြေးမြင်မယ် ထင်ပါတယ်။ နောက်တစ်မျိုးကတော့ အာလူးလေးနဲ့ ကြော်စားတာပါ။ စားလိုက်ရင် သဘာဝရဲ့ မြေသင်းနံ့လို ခပ်သင်းသင်း ရနံ့လေးကို ခံစားရစေနိုင်ပါတယ်။ စားလို့လည်း ကောင်းသလို အရသာလေးလည်း တော်တော် ရှိတာပါ။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ကျန်းမာရေးအတွက် အကျိုးများသလို အလှအပအတွက်လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတဲ့ ပုစွန်စာရွက်လေးက အလှအပကို ဘယ်လို အားဖြည့်ပေးသလဲဆိုတာကို ကြည့်လိုက်ရအောင်နော်။ ပုစွန်စာရွက်က ဘယ်လိုမျိုးလေးလဲ..... ပုစွန်စာရွက် ကို တော်တော်များများ မြင်ဖူးကြမယ် ထင်ပါတယ်။ အရွက်စိမ်းရင့်ရင့် ချွန်ချွန်လေးနဲ့ အရိုးလေးက ခပ်ပွပွလေးပါ။ အပွင့်ဖြူဖြူလေးတွေ ပွင့်တတ်ပြီး မြေမှာ […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

ခြေစွယ် လက်စွယ်ငုပ်ခြင်း အတွက် အိမ်တွင်းနည်းလမ်းများ

ခြေစွယ် လက်စွယ်ငုပ် တဲ့ ဝေဒနာဟာ အဖြစ်များပြီး ခံရခက်တဲ့ ဝေဒနာပါ။ ခဏခဏလည်း ပြန်ဖြစ်တတ်ပါတယ်။ ခြေစွယ်ငုပ်တာက လက်စွယ်ငုပ်တာထက် ပိုအဖြစ်များပါတယ်။ ခြေမမှာ ဖြစ်တာကို ပိုတွေ့ရပါတယ်။ ခြေစွယ် လက်စွယ်ငုပ်ခြင်း က သာမန်ပဲ၊ ပိုးဝင်ရောင်ရမ်းတာ မရှိဘူးဆိုရင် အောက်ကနည်းလမ်းတွေနဲ့ စမ်းကြည့်နိုင်ပါတယ်။ ခြေစွယ် လက်စွယ်ငုပ်ခြင်း အတွက် အိမ်တွင်းနည်းလမ်းများ ထပ်ပြောရရင် ရောင်ရမ်းမှု မရှိဘူး။ ပြည်တည်မနေဘူး။ ကိုယ်က အနာကျက်ခဲတဲ့ ဆီးချိုရောဂါရှင် မဟုတ်ဘူးဆိုမှ ဒီနည်းတွေနဲ့ စမ်းကြည့်ပါ။ ခြေထောက်မှာ အဖြစ်များလို့ ခြေထောက်ကို ဦးစားပေးပြီး ပြောပါ့မယ်။ လက်ဆိုရင်လည်း တူတူပါပဲ။ ခြေထောက်ကို ရေနွေးနွေးလေးမှာ တစ်ခါစိမ် ၁၅မိနစ်၊ မိနစ် ၂၀လောက်ကို တစ်နေ့ ၃-၄ကြိမ် စိမ်ပေးပါ။ အနာလည်း သက်သာသလို ခြေသည်း […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

ခြေစွယ် လက်စွယ်ငုပ် ရတဲ့ အကြောင်းရင်းများ

ခြေစွယ် လက်စွယ်ငုပ် တာက အဖြစ်များတဲ့ ခြေသည်း လက်သည်း ပြဿနာ တစ်ခုပါ။ ခြေသည်း လက်သည်းက အပြင်ကို ရှည်ထွက်လာရမယ့်အစား အတွင်းထဲကို ရှည်ထွက်သွားရင် ခြေစွယ်လက်စွယ်ငုပ်တယ်လို့ ခေါ်ပါတယ်။ လက်သည်းရော ခြေသည်းရောမှာ ဖြစ်နိုင်ပေမယ့် ခြေသည်း အထူးသဖြင့် ခြေမမှာ ဖြစ်တာ ပိုများပါတယ်။ ခြေစွယ် လက်စွယ်ငုပ် ရတဲ့ အကြောင်းရင်းများ အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့ ခြေသည်းကို ဖိထားသလို ဖြစ်စေတဲ့ ဖိနပ်ကျပ်ကျပ် အထူးသဖြင့် ထိပ်ပိတ်ဖိနပ်တွေ စီးတာ ခြေသည်း လက်သည်း ညှပ်တဲ့အခါ တိုလွန်းအောင် ညှပ်တာ တည့်တည့်မညှပ်ဘဲ ထောင့်တွေပါ ညှပ်တာ ခြေသည်း လက်သည်း ထိခိုက်ဒဏ်ရာ ရတာ နဂိုတည်းက ခြေသည်း လက်သည်း ပုံမှန်မဟုတ်ဘဲ အတွင်းကို ရှည်ထွက်တာ ခြေသည်း လက်သည်းပေါ် […]


အသားအရေ ထိန်းသိမ်းခြင်း

သာကူကပေးတဲ့ အလှအပ

သာကူက စားလို့ ကောင်းသလို ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူး များပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ သာကူက လေဒီလေးတို့ရဲ့ အလှအပ အတွက်လည်း အခုလို ထောက်ပံ့ပေးပါသေးတယ်။ သာကူကပေးတဲ့ အလှအပ က ဘာတွေဖြစ်မလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ သာကူမှာ ဘာတွေပါ........ သာကူမှာ အပင်ကနေရတဲ့ ပရိုတင်း၊ ကယ်လ်ဆီယမ်၊ ကစီဓာတ်၊ သံဓာတ်၊ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ အမိုင်နိုအက်ဆစ်တို့ ပါဝင်နေပါတယ်။ သာကူကပေးတဲ့ အလှအပ စားကောင်းလှတဲ့ သာကူလေးက အလှအပအတွက်လည်း အခုလိုလေး ထောက်ပံ့ပေးပါသေးတယ်။ ဝက်ခြံ သက်သာစေတယ် မျက်နှာပေါ်က ဝက်ခြံတွေ သက်သာစေဖို့အတွက်လည်း သာကူကို အသုံးပြုပေးလို့ ရပါတယ်။ သာကူ အဖြူကို ရေနဲ့ရောပြီး အနှစ်ရအောင် ကြိတ်ပါ။ ရလာတဲ့ အနှစ်ကို မျက်နှာပေါ်မှာ လိမ်းပြီး ခြောက်အောင် ထားပေးပါ။ ခြောက်သွားတဲ့အထိ ထားပေးပါ။ ပြီးရင် […]


ဝက်ခြံ

အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

ဗီတာမင် C ကြွယ်ဝတဲ့ အချဉ်ဓာတ်ပါတဲ့ အစားအစာတွေက အသားအရေကို ကျန်းမာစေတယ်။ ဝက်ခြံနဲ့ ဝက်ခြံ အမာရွတ်တွေကို သက်သာစေတယ်ဆိုတာကတော့ အားလုံးလိုလို သိထားပြီး ဖြစ်မှာပါ။ ဒီတစ်ခေါက်တော့ အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား ဆိုတဲ့အကြောင်းလေး နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ အခါးဓာတ် နဲ့ ကျန်းမာရေး ခါးတဲ့ အရသာရှိတဲ့ အသီးအရွက်တွေက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတယ်။ ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေတယ်။ အစာခြေစနစ်ကို ကျန်းမာစေတယ်။ အဆီကျစေတယ်။ ရောင်ရမ်းမှုကို သက်သာစေတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်။ အိပ်ပျော်စေတယ် စတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ပေးစွမ်းပါတယ်။ အခါးဓာတ်ပါတဲ့ အသီးအရွက်တွေက ဘာတွေများလဲ.... ခါးတဲ့ အရသာရှိတဲ့ အသီးအရွက်တွေက ကြက်ဟင်းခါးသီး၊ ဂွေးတောက်ရွက်၊ တမာရွက်၊ ကြောင်လျှာသီး၊ ဖန်ခါးသီး၊ ဇီးဖြူသီး၊ နနွင်းစတာတွေပါ။ အခါးဓာတ်ပါတဲ့အရာတွေက ဝက်ခြံကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း