အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

ဝက်ခြံ

ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ ဒါတွေ စားပါ။

မျက်နှာပေါ်က ဝက်ခြံတွေတော့ သက်သာသွားပါရဲ့။ ဝက်ခြံအမာရွတ်တွေကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ဆုံးရှုံးပြီး မှန်ကြည့်မိတိုင်း စိတ်ညစ်နေရတဲ့သူလေးတွေ ရှိလား။ ဝက်ခြံအမာရွတ်တွေက အလှပျက်စေရုံတင် မကပါဘူး။ ယုံကြည်မှုကိုလည်း ပျက်စီးစေပါတယ်။ ဒီလို ယုံကြည်မှု ပျက်စီးစေတဲ့ ဝက်ခြံ အမာရွတ်တွေကို သက်သာစေဖို့ စားပေးရမယ့် အစားအစာလေးတွေ ရှိပါတယ်။ ဘယ်လို အစားအစာလေးတွေ စားပေးရင် ဝက်ခြံ အမာရွတ်တွေ သက်သာစေမလဲဆိုတာကို သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ဝက်ခြံ အမာရွတ်တွေ သက်သာစေဖို့ ဒါတွေ စားပါ။ အလှပျက်စေတဲ့ ဝက်ခြံ အမာရွတ်တွေကို သက်သာစေဖို့ဆိုရင် ပန်းဂေါ်ဖီ ပန်းဂေါ်ဖီမှာ အမျှင်ဓာတ် ဗီတာမင် B6 ဗီတာမင် C ဗီတာမင် K ဖောလိတ် မဂ္ဂနီဆီယမ် phosphorus တို့ ပါဝင်နေပါတယ်။ ပန်းဂေါ်ဖီမှာ အမိုင်နိုအက်ဆစ် တစ်မျိုးဖြစ်တဲ့ histidine ပါဝင်နေပါတယ်။ ဒီအက်ဆစ်က […]


ဝက်ခြံ

ကိုယ်ခံအား ကောင်းချင်ဇောနဲ့ ဗီတာမင် C အများကြီး မစားစေလို

အခုလို ကြောက်စရာရောဂါဆိုး Covid-19 ဖြစ်ပွားနေချိန်မှာ ကာကွယ်ဆေးကလည်း မထွက်သေး၊ ကုသနိုင်မယ့် နည်းလမ်းက ကိုယ်ခံအားကောင်းအောင် လုပ်ဖို့ပဲ ရှိတယ်ဆိုပြီး ကိုယ်ခံအားကောင်းအောင် လုပ်ဆောင်ရုံမှ တစ်ပါး အခြားမရှိလို့ တွေးနေပြီလား။ ဒီလိုဆိုတာနဲ့ ကိုယ်ခံအားကောင်းအောင်ဆိုပြီး ဗီတာမင် C များများစားရမယ်ဆိုတဲ့အတွေးနဲ့ ဗီတာမင် C တွေကို အများကြီးစားမိနေပြီလား။ ဒါဆိုရင် တန်ဆေး လွန်ဘေးဆိုတဲ့ စကားကို သတိရပါ။ ကိုယ်ခံအားကောင်းမှ  ကိုဗစ်ကို ကာကွယ်နိုင်မယ်ဆိုပေမယ့် ဗီတာမင် C တအားများရင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဗီတာမင် C များတိုင်းလည်း မကောင်းပါဘူး။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ကိုယ်ခံအား ကောင်းချင်ဇောနဲ့ ဗီတာမင် C အများကြီး မစားစေလိုပါ။ ဗီတာမင် C က ကိုယ်ခံအားကောင်းစေတယ်ဆိုတာ အထွေအထူး ပြောနေစရာ မလိုဘဲ  […]


အခြားအရေပြားပြဿနာများ

အနာကြီးရောဂါအကြောင်း

အနာကြီးရောဂါ (lepros) ဟာ နာတာရှည်ရောဂါတမျိုးဖြစ်ပြီး Mycobacterium leprae လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဖြစ်ပွားပါတယ်။ ခြေလက်၊ အရေပြား၊ နှာခေါင်း၊ အသက်ရှူလမ်းကြောင်း စတဲ့နေရာတွေက အာရုံကြောတွေကို ဦးစွာထိခိုက်နိုင်ပါတယ်။ အရေပြားမှာ အနာဖြစ်ခြင်း၊ အာရုံကြောထိခိုက်ခြင်း၊ ကြွက်သားများအားနည်းခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ မကုသဘဲထားလိုက်ရင် ရုပ်ဆင်းအင်္ဂါထိခိုက်နိုင်ပါတယ်။ အနာကြီးရောဂါဟာ ကမ္ဘာပေါ်က ရှေးကျတဲ့ရောဂါတွေထဲမှာ တခုအပါအဝင်ဖြစ်ပါတယ်။ ဘီစီ ၆၀၀ လောက်ကတည်းက တွေ့ခဲ့ရတယ်ဆိုတဲ့ မှတ်တမ်းတွေ ရှိပါတယ်။ အနာကြီးရောဂါဟာ အပူပိုင်းနဲ့ သမပိုင်းဇုန်ဒေသတွေမှာ အဖြစ်များပါတယ်။ ဘာလက္ခဏာတွေ ရှိသလဲ အနာကြီးရောဂါရဲ့ အဓိကလက္ခဏာတွေကတော့ - ကြွက်သားများအားနည်းခြင်း - ခြေ၊ လက်၊ လက်မောင်းများ အားနည်းခြင်း - အရေပြားများ ပျက်စီးခြင်း၊ အနာဖြစ်ခြင်း စတာတွေ ဖြစ်ပါတယ်။ အရေပြားဟာ အာရုံခံနိုင်စွမ်းကျလာပြီး အပူ၊ နာကျင်ခြင်း၊ ထိတွေ့မိခြင်း စတာတွေကို မသိနိုင်တော့ပါဘူး။ […]


အခြားအရေပြားပြဿနာများ

ကွန်ပျူတာကလာတဲ့ Blue Light တွေက အသားအရေကို ပျက်စီးစေနိုင်သလား။

အခုတလော ဝက်ခြံတွေ ပိုထွက်လာတယ်။ သတိထားမိသလောက် Covid-19 ကြောင့် Work from Home စလိုက်ကတည်းကပေါ့။ ကွန်ပျူတာရှေ့မှာ မနက်ကစထိုင်လိုက်တာ ညနေစောင်းတဲ့အထိပဲ။ အပြင်လည်း မထွက်ဖြစ် နေရောင်ခြည်နဲ့လည်း သိပ်မထိတွေ့ဖြစ်ပဲ တစ်နေကုန် ထတွေ့မိနေတာက ကွန်ပျူတာက ထွက်တဲ့ blue light နဲ့ ဖုန်းကနေထွက်တဲ့ blue light တွေပဲလေ။ Blue Light နဲ့ အသားအရေ ဖုန်းတွေ၊ ကွန်ပျူတာတွေကနေ ထွက်တဲ့ Blue light တွေက အသားအရေကို နေရောင်ကနေလာတဲ့ UVA၊ UVB တွေလိုပဲ ထိခိုက်စေနိုင်ပါတယ်။ blue light က ခရမ်းလွန်ရောင်ခြည်တွေထက် အရေပြားအတွင်းလွှာကို ပိုမိုထိုးဖောက် ဝင်ရောက်နိုင်ပါတယ်။ မကြာသေးခင်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာ တစ်ခုအရ blue light က […]


ဝက်ခြံ

အဆီပြန်ပြီးဝက်ခြံပေါက်လွယ်သော T-zone ကို ဘယ်လိုဂရုစိုက်ကြမလဲ။

ကျွန်ုပ်တို့ရဲ့ အရေပြားမှာ ခန္ဓာကိုယ်ကို ကာကွယ်ပေးနိုင်ဖို့နဲ့ ရေဓာတ်ဖြည့်ပေးနိုင်ဖို့အတွက် အဆီတွေ ထုတ်ပေးနိုင်တဲ့ အဆီဂလင်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ အဆီဂလင်းတွေတွေက လိုအပ်တာထက်ပိုပြီး အများကြီးထွက်လာလာတဲ့အခါ ဝက်ခြံတွေကို ဖြစ်လာစေပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့အတွက် အဆီပြန်တတ်တဲ့သူတွေ၊ အသားခြောက်တတ်တဲ့သူတွေ၊ ပေါင်းစပ်အသားအရေရှိတဲ့သူတွေ စသဖြင့် အသားအရေ အမျိုးမျိုးကွဲပြားကြပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ အဆီပြန်တတ်တဲ့ အသားအရေရှိတဲ့သူတွေရော၊ ပေါင်းစပ်အသားအရေရှိတဲ့သူတွေရောမှာ အဖြစ်များတဲ့ T-zone တဝိုက်မှာ သာမာန်ထက် ပိုပြီး အဆီပြန်၊ ဝက်ခြံတွေထွက်တဲ့ ပြသနာကို ဘယ်လိုဖြေရှင်းကြမလဲဆိုတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးသွားပါမယ်။ T-zone ဆိုတာဘာလဲ။ T-zone ဆိုတာကတော့ နှဖူး၊ နှာခေါင်းနဲ့ မေးစေ့တို့ပါဝင်တဲ့ မျက်နှာရဲ့ T ပုံစံဖြစ်နေတဲ့ နေရာကိုခေါ်ပါတယ်။ မျက်နှာရဲ့ အခြားအစိတ်အပိုင်းတွေထက် T-zone က အဆီထုတ်တဲ့ ဂလင်းတွေအများကြီးပိုရှိတာကြောင့် […]


အခြားအရေပြားပြဿနာများ

စတီးရွိုက်ကြောင့် အသားအရေ ပျက်စီးတဲ့အခါ

အရေပြားကို ပျက်စီးစေတဲ့ အကြောင်းအရင်းကတော့ တစ်ခုမကပါဘူး။ အရေပြား ပြဿနာတွေ များသလို အရေပြားကို ထိခိုက်စေတဲ့ အကြောင်းအရင်းတွေကလည်း ဒုနဲ့ဒေးပါ။ ဒီထဲမှာမှ လေဒီလေးတွေကို အသားအရေ အထိခိုက်စေဆုံး အကြောင်းအရာက စတီးရွိုက်ပါပဲ။ စတီးရွိုက်ပါတဲ့ အလှကုန်တွေက ဈေးကွက်ထဲမှာ ဈေးပေါပေါနဲ့ ရောက်ရှိနေပြီး လူးစမှာ သက်သာလာတာကြောင့် ဆက်တိုက်လူးရင်းက နောက်ဆုံးမှာ အသားအရေ ပျက်စီးတာပါ။ နောက်တစ်ချက်က စတီးရွိုက်ပါတဲ့ အလှကုန် အများစုက ပါဝင်ပစ္စည်းနေရာမှာ စတီးရွိုက်လို့ ထည့်မရေးထားတာကြောင့်လည်း ပါတာပေါ့။ အချိုဆို ဝက်ခြံတွေ ထိန်းမနိုင်အောင် ထွက်လာမှ စတီးရွိုက်ထိထားတာထင်တယ်ဆိုတာမျိုးတောင် ရှိပါတယ်။ ဒီတော့ စတီးရွီုက်ထိရင် ဘယ်လို လက္ခဏာတွေ တွေ့ရနိုင်လဲ။ ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ အရေပြားက စတီးရွိုက် ထိထားတာလား။ အရေပြားက စတီးရွိုက်ထိတဲ့အခါ အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ […]


အခြားအရေပြားပြဿနာများ

တက်တူး ထိုးရာမှ ရောဂါပိုးဝင်ခြင်း

တက်တူး ထိုးခြင်းဟာ နောက်ပိုင်းမှာ လူငယ်ပိုင်းရော လူလတ်ပိုင်းမှာပါ စိတ်ဝင်စားလာတဲ့အရာ ဖြစ်ပါတယ်။ ယခင်က တက်တူးထိုးခြင်းဟာ အေအိုင်ဒီအက်စ်ရောဂါအပါအဝင် ရောဂါတချို့ကို ကူးစက်နိုင်ခြေရှိတာကြောင့် လူအများက စိုးရိမ်မှုတွေ ရှိခဲ့ကြပေမယ့် နောက်ပိုင်းမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နည်းစနစ်တွေကြောင့် ရောဂါပိုးကူးစက်ဖို့ကို စိတ်ပူစရာ မလိုတော့ပါဘူး။ ဒါပေမယ့် တက်တူး ထိုးခြင်းကြောင့် ရောဂါပိုးဝင်ပြီး အနာဖြစ်နိုင်ခြေ ရှိနေတုန်းပါပဲ။ တခါသုံးပစ္စည်းတွေကြောင့် တခြားသူဆီကနေ ရောဂါမကူးစက်တော့ပေမယ့် တက်တူးထိုးတဲ့အပ်ကြောင့် ပတ်ဝန်းကျင်က ရောဂါပိုးများဝင်ရောက်နိုင်ခြေ၊ ရောဂါပိုးဝင်နိုင်ခြေတော့ ရှိပါသေးတယ်။ တက်တူးကနေ ရောဂါပိုးဝင်ရင် ဘယ်လိုသိနိုင်သလဲ အမြင်သာဆုံးကတော့ တက်တူးတဝိုက်မှာ နီရဲရောင်ရမ်းလာတာပါပဲ။ အပ်နဲ့ထိုးထားတဲ့ နေရာမှာ နာကျင်မှုဟာ တော်တော်နဲ့ မပျောက်ဘဲ ရှိတတ်ပါတယ်။ ရက်အနည်းငယ်လောက်ဆိုရင် နီရဲရောင်ရမ်းခြင်း၊ နာကျင်ခြင်းဟာ ပျောက်သွားသင့်ပါတယ်။ တပတ်လောက်နေလို့မှ မပျောက်ရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဒါ့အပြင် အောက်ပါလက္ခဏာအချို့ကို တွေ့မြင်ရရင်တော့ ဆရာဝန်နဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

Eye cream ကို အထိရောက်ဆုံးဖြစ်အောင် ဘယ်လိုလိမ်းကြမလဲ။

ယနေ့ခေတ်မှာ မျက်လုံးနားက အရေပြားတွေ မတွန့်အောင်၊ အရေးကြောင်းတွေ မဖြစ်အောင်၊ မျက်ကွင်းညိုတာတွေ ပျောက်အောင်၊ မျက်လုံးပတ်လည် အသားအရေ စိုပြေအောင် eye creamတွေကို အများအပြား အသုံးပြုလာကြပါတယ်။ Eye cream ကို လိမ်းတဲ့အခါ ကိုယ်လိုချင်တဲ့ အာနိသင်တွေကို အပြည့်အဝရဖို့နဲ့ မလိုလားတဲ့ ဘေးအန္တရာယ်တွေ မဖြစ်စေဖို့အတွက် ဂရုစိုက်ရမယ့်အချက်လေးတွေကို ဒီဆောင်းပါးလေးကနေ တစ်ဆင့် မျှဝေပေးသွားချင်ပါတယ်။ Eye cream ကို အထိရောက်ဆုံးဖြစ်အောင် ဘယ်လိုလိမ်းကြမလဲ။ Eye cream ကို အထိရောက်ဆုံးဖြစ်အောင် ဘယ်လိုလိမ်းကြမလဲ ဆိုတော့ Eye cream ကိုလိမ်းတဲ့အခါ ၁။ လက်သူကြွယ်ကို အသုံးပြုပြီး လိမ်းပေးပါ။ လက်သူကြွယ်က လက်ချောင်းတွေထဲမှာ အနူးညံ့ဆုံးလက်ချောင်းလေးဖြစ်တဲ့အတွက် ring finger လေးနဲ့ လိမ်းပေးမယ်ဆိုရင် ပိုပြီး ထိရောက်မှုရှိစေပါတယ်။ ၂။ မှန်ကန်သင့်တော်တဲ့ ပမာဏကိုသာ လိမ်းပေးပါ။ Eye creamက […]


အသားအရေ ထိန်းသိမ်းခြင်း

Glass skin လေးဖြစ်အောင် အခြေခံအချက်တွေကို ဂရုစိုက်ကြမယ်။

Glass and glow skin မျိုးကို လူတိုင်း၊ လူတိုင်း အထူးသဖြင့် မိန်းကလေးတိုင်း ပိုင်ဆိုင်ချင်ကြပါတယ်။ နည်းပညာတွေတိုးတက်လာတာနဲ့ အမျှ ကြည်လင်တဲ့အသားအရေ ရရှိဖို့ exfoliator, toner, serum, essence, moisturizer , sunscreen စသဖြင့် skin care တွေနဲ့ ကုထုံးအမျိုးမျိုးကလည်း တစ်နေ့ထက် တစ်နေ့ ပိုပိုပြီး ခေတ်စားလာတာကို တွေ့ရပါတယ်။ Glow and glass skin ရဖို့ ခေတ်မီ product တွေ၊ ကုထုံးတွေကို ဂရုတစိုက် အသုံးပြုလာကြပေမယ့် အားလုံးသိပြီးသားလည်းဖြစ်ပြီး အရေးကြီးဆုံးလည်းဖြစ်တဲ့ အခြေခံအချက်လေးတွေကိုတော့ မေ့လျော့နေတတ်ကြပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာ glass skin ရဖို့ လိုအပ်တဲ့ အခြေခံအချက်လေးတွေကို မျှဝေပေးသွားချင်ပါတယ်။ ဒီလို stay […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ရှားစောင်းလက်ပပ်က ဆံသားအတွက် ဘယ်လိုအကျိုးပြုနိုင်သလဲ။

ရှားစောင်းလက်ပပ် ဟာ အသားအရေအတွက်ကောင်းတယ်ဆိုပြီး လူသိများတဲ့ အဖိုးတန် သဘာဝအပင်လေးတစ်မျိုး ဖြစ်ပါတယ်။ အသားအရေကို အေးမြကောင်းမွန်စေပြီး ရေဓာတ်ဖြည့်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် ရှားစောင်းလက်ပပ်ကို အလှကုန်ပစ္စည်းတွေမှာ အများအပြားထည့်သွင်း ထုတ်လုပ်ကြတဲ့အပြင် တချို့ကလည်း အိမ်မှာ ကိုယ်တိုင်စိုက်ပျိုးထားပြီး အသုံးပြုကြပါတယ်။ ဒါ့အပြင် ရောင်ရမ်းခြင်းတွေ၊ အနာတွေကို သက်သာစေနိုင်ပြီး အခြားကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးရှိတာကြောင့် aloe vera ကို ဆေးဝါးတွေမှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက အသုံးပြုလာကြတာကိုလည်း တွေ့ရပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ ရှားစောင်းလက်ပပ်ကို ဆံသားအတွက်အသုံးပြုမယ်ဆိုရင် ရရှိနိုင်မယ့် အကျိုးကျေးဇူးလေးတွေကို မျှဝေပေးသွားမှာပါ။ ရှားစောင်းလက်ပပ် ကို ဆံသားအတွက် အသုံးပြုမယ်ဆိုရင် ၁။ ဦးရေပြား ယားယံတာတွေကို သက်သာစေနိုင်ပါတယ်။ Aloe vera ရဲ့ anti-inflamatory လို့ခေါ်တဲ့ ရောင်ရမ်းခြင်းတွေကို သက်သာစေတဲ့ အစွမ်းသတ္တိကြောင့် ဗောက်ထပြီး ဦးရေပြားယားတတ်တဲ့သူတွေ အတွက် ယားယံတာတွေကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း