အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အခြားအရေပြားပြဿနာများ

ခြေဖနောင့်အက်ကွဲ ခြင်း ပြဿနာ

Heel fissure လို့ခေါ်တဲ့ ခြေဖနောင့်အက်ကွဲ ခြင်းဟာ အသားအရေခြောက်သွေ့တာကြောင့် ဖြစ်လေ့ရှိပြီး အထူးသဖြင့် ဆောင်းရာသီလိုမျိုး ခြောက်သွေ့ပြီးအေးတဲ့ရာသီတွေမှာ အဖြစ်များပါတယ်။ ခြေဖနောင့်မှာ ဆဲလ်သေတွေစုပြီး အသားမာတက်လာခြင်း၊ နောက်ပိုင်းမှာ ခြေဖနောင့်အရေပြား အက်ကွဲလာခြင်း၊ နာကျင်ခြင်း၊ ရောင်ရမ်းလာခြင်း၊ သွေးထွက်ခြင်းနဲ့ ပိုးဝင်ခြင်း စတဲ့ ပြသနာမျိုးစုံကို ဖြစ်စေနိုင်တာကြောင့် ခြေဖနောင့်အက်ကွဲ တဲ့ ပြသနာဟာ စိတ်အနှောင့်ယှက်ဖြစ်စရာကောင်းပြီး၊ ကြောက်စရာလည်းကောင်းပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ခြေဖနောင့်အက်ကွဲတဲ့ ပြဿနာမျိုးမဖြစ်ရအောင် ကြိုတင်ကာကွယ်နိုင်မယ့် အချက်လေးတွေနဲ့ ဘာတွေ လုပ်သင့်တယ်ဆိုတဲ့ tips လေးတွေကို မျှဝေပေးသွားချင်ပါတယ်။ ခြေဖနောင့် အက်ကွဲ တာမျိုး မဖြစ်အောင် ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ။ ၁။ ကြမ်းတမ်းတဲ့ မျက်နှာပြင်နဲ့ ကြမ်းပြင်တွေပေါ်မှာ ဖိနပ်မပါဘဲ လမ်းခဏခဏ လျှောက်တာကို ရှောင်ပါ။ ၂။ ကိုယ့်ခြေထောက်နဲ့ အံဝင်ခွင်ကျ မဖြစ်တဲ့ ဖိနပ်တွေ၊ ခြေဖနောင့်ကို […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင် နဲ့ပတ်သက်ပြီး အဖြစ်များသော ပြဿနာများ

ကျားမ မရွေး လူတိုင်းနီးပါးဟာ မိမိတို့ဆံသားတွေ ကျန်းမာလှပနေတာကို လိုလားကြပါတယ်။ ဆံသားနဲ့ ပတ်သက်တဲ့ ပြဿနာတွေဟာ လူတစ်ဦးချင်းစီအလိုက် ကွဲပြားမှုရှိပါတယ်။ အခုဆောင်းပါးလေးမှာတော့ အဖြစ်များတဲ့ ဆံပင် ပြဿနာတွေနဲ့ ဖြေရှင်းနည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဆံပင် နဲ့ ပတ်သက်ပြီး အဖြစ်များသော ပြဿနာများ (၁) ဗောက်ထခြင်း ဗောက်ထခြင်းဟာ အဖြစ်များသော ဆံသားပြဿနာတစ်ခုဖြစ်ပြီး အာဟာရပြည့်ဝအောင်မစားခြင်း၊ ဦးရေပြားပိုးဝင်ခြင်းနဲ့ ကိုယ်တွင်းဇီဝဖြစ်စဉ်များ မမျှတခြင်းတို့ကြောင့် ဖြစ်ပေါ်လေ့ရှိတတ်ပါတယ်။ ဘယ်လိုဖြေရှင်းမလဲ - အရည်အသွေးကောင်းသော ဗောက်ပျောက်ခေါင်းလျှော်ရည်ဖြင့် ခေါင်းပုံမှန်လျှော်ပါ။ လိုအပ်ပါက ဦးရေပြားဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။ (၂) ဆံပင်ကျွတ်ခြင်း ဆံပင်ပါးခြင်းနဲ့ ကျွတ်ခြင်းကို အမျိူးသမီးတွေမှာ ပိုမိုတွေ့ရတတ်ပါတယ်။ အမျိူးသားတွေအနေနဲ့ကတော့ ထိပ်ပြောင်သောပုံစံ အဖြစ်များလေ့ရှိပါတယ်။ အမျိူးသမီးများအနေနဲ့ စိတ်ဖိစီးမှု၊ဟော်မုန်းပြောင်းလဲမှုနဲ့ သန္ဓေတားဆေးတွေကြောင့် ဆံပင်ကျွတ်လေ့ရှိပါတယ်။ အချို့သော ဆံပင်ဆိုးဆေးများ၊ chemicalများသော ဆံသားပုံသွင်းခရင်မ်များ၊ ဆံပင်ကို မကြာခဏအပူပေးခြင်းတို့ကြောင့်လည်း ဆံပင်ကျွတ်လေ့ရှိပါတယ်။ ဘယ်လိုဖြေရှင်းမလဲ - Chemicalပါဝင်မှုနည်းသော […]


အသားအရေ ထိန်းသိမ်းခြင်း

သင့်မျက်နှာလေး Glow ဖို့ရာ ဒီအစားအစာတွေ နေ့စဉ်စားပါ

မျက်နှာလှပစေဖို့ Skin careနဲ့ မိတ်ကပ်တွေရဲ့ အကူအညီကို ကျွန်မတို့ယူကြလေ့ရှိပါတယ်။ ဒါပေမယ့် ကိုယ်ခန္ဓာတွင်းမှာ လိုအပ်တဲ့အာဟာရဓာတ်တွေ ပြည့်ဝနေခြင်းဖြင့် အသားအရေကို ပိုမို Glow စေတယ်ဆိုတာကော သတိထားမိကြပါသလား။ အခုဆောင်းပါးလေးမှာတော့ ပတ်ဝန်းကျင်မှာ အလွယ်တကူရနိုင်ပြီး အသားအရေကို ကြည်လင်လှပစေမယ့် အစားအစာတွေကို ဖော်ပြပေးလိုက်တယ်နော်။ (၁) ကီဝီသီး ဗီတာမင်စီကြွယ်ဝသော ကီဝီသီးကို နေ့စဉ်စားခြင်းဖြင့် ကိုယ်ခံအားကောင်းစေရုံမကဘဲ အသားအရေဖြူစင်ကြည်လင်ခြင်း၊ အရေးကြောင်းတွေကို ကာကွယ်ခြင်း၊ အသားအရေအစိုဓာတ်ကို ထိန်းပေးခြင်းစတဲ့ အကျိူးကျေးဇူးတွေပါ ရရှိစေမှာဖြစ်ပါတယ်။ ကီဝီသီးတစ်လုံးမှာ အသားအရေအတွက် ကောင်းကျိူးပြုတဲ့ အာဟာရဓာတ်ပေါင်း ၆၀မီလီဂရမ်ပါဝင်ပါတယ်။ (၂) ကိုကိုး ကိုကိုး၊ ဝိုင်နီနဲ့ လက်ဖက်ရည်ကြမ်းတို့မှာပါတဲ့ Flavonoids ဆိုသော anti-oxidantsပါဝင်တဲ့အတွက် ပုံမှန်စားသုံးပေးပါက အသားအရေကို နေရောင်ခြည်ကြောင့်ပျက်စီးခြင်းကနေ ကာကွယ်ပေးခြင်း၊ အရေပြားဆီ သွေးလှည့်ပတ်မှုကောင်းစေခြင်းနဲ့ အရေပြားကြမ်းတမ်းခြင်းကို ကာကွယ်ပေးပါတယ်။ (၃) ဗာဒံစေ့ ဗာဒံစေ့တွေဟာ ဗီတာမင်အီး၊ antioxidantsများနဲ့ linoleic […]


အသားအရေနှင့် အလှအပ

အရေပြားကျန်းမာရေးနှင့် ရောဂါများ

ရောဂါအကြောင်း မပြောခင်မှာ အရေပြားနဲ့ ပတ်သက်ပြီး သိထားဖို့လိုအပ်ပါတယ်။ အရေပြားဆိုတာ ကျွန်တော်တို့ လူ့ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံးအစိတ်အပိုင်းဖြစ်ပြီး ခေါင်းအစ ခြေအဆုံး ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားပါတယ်။ အရေပြားသည် ကိုယ်ခံအားစနစ်ရဲ့ ပထမဦးဆုံးနဲ့ အပြင်ဘက်အကျဆုံး ခံတပ်တစ်ခုဖြစ်ပြီး ရောဂါပိုးမွှားတွေကို အသက်ရှူလမ်းကြောင်း၊ အစာရေမျိုလမ်းကြောင်းကနေ ခန္ဓာကိုယ်ထဲ မဝင်ရောက်စေဖို့ တားဆီးပေးပါတယ်။ အရေပြားဟာ အလှအပအတွက်သာမက လူတွေရဲ့ကျန်းမာရေးအတွက်ပါ သက်ရောက်မှုများစွာ ဖြစ်စေနိုင်ပါတယ်။ အရေပြားက အဆီပြန်လွန်းရင်လည်း ချွေးပေါက်တွေ ကျယ်ပြီး ဖုန်၊ အဆီ၊ အညစ်အကြေးတွေ ဝင်အောင်းကာ ဝက်ခြံ၊ အဆီဖုတွေ ဖြစ်လွယ်နိုင်တယ်။ အစိုဓာတ်၊ ရေဓာတ် နည်းလွန်းတဲ့အခါ ခြောက်ပြီး အသားအရောင်ညစ်ထေးထေး ဖြစ်မယ်၊ အရေပြားပါးလာတဲ့အတွက် နေလောင်ဒဏ်နဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ပိုခံရနိုင်ပြီး အရေပြားကင်ဆာ၊ ဓာတ်ရောင်ခြည်သင့်တာတွေ ပိုပြီးဖြစ်နိုင်ခြေ ရှိပါတယ်။ ခြောက်သွေ့လွန်းရင်လည်း အရေပြားမှိုစွဲတာ၊ […]


အသားအရေ ထိန်းသိမ်းခြင်း

ဘယ်အရာတွေက သင့်အသားအရေကို ပျက်စီးစေတာလဲ

အသားအရေလေးကို ကြင်နာပါ အသားလေး ဖြူရင် ဘာဝတ်ဝတ်လှတယ်။ သူက ချစ်စရာလေးနော်။  မဖြူရင်တောင် အသားအရေလေးက လှလိုက်တာ ညိုပေမဲ့စိုနေတာပဲ ဆိုတဲ့စကားမျိုး ငယ်ငယ်ကတည်းက ကြားဖူးမယ် ထင်တယ်နော်။ အသားအရေကို ဂရုစိုက်ပါ။ အသားအရေကို ဂရုစိုက်ပါလို့ တဖွဖွပြောရတာက အသားအရေလှပြီး အလှတိုးစေဖို့ပဲ မဟုတ်ပါဘူး။ အရေပြားက ခန္ဓာကိုယ်ကို အပူချိန် ထိန်းညှိပေးတာကစလို့ ကိုယ်တွင်းကို ရောဂါပိုးတွေ  ဝင်ရောက်မလာအောင် တားဆီးပေးတာကအဆုံး အကုန်လုံးကို လုပ်ပေးနေလို့ပါ။ ဒီတော့ အသားအရေကို ဂရုစိုက်ပါလို့ တဖွဖွပြောနေရတာပေါ့။ ခန္ဓာကိုယ်ရဲ့ ခံတပ်ကို ကျန်းမာတောင့်တင်းအောင် စောင့်ရှောက်ဖို့ လိုတယ်လေ။ အသားအရေကို ပျက်စီးစေနိုင်တဲ့ အလေ့အထတွေ လုပ်မိနေသလား။ အသားအရေကို ထိခိုက်စေနိုင်တဲ့ အရာတွေက ဒုနဲ့ဒေးပါ။ နေ့စဉ် ထိတွေ့နေရတဲ့ ဖုန်မှုန့်တွေ၊ အခိုးအငွေ့တွေ၊ အညစ်အကြေးတွေကစလို့ စားသုံးမိတဲ့ အစားအသောက်နဲ့ အသုံးပြုမိတဲ့ အလှကုန်တွေစုံလို့ပေါ့။ အသားအရေကို […]


အသားအရေ ထိန်းသိမ်းခြင်း

အိမ်မှာနေရင်း နှုတ်ခမ်းသားကို ပန်းသွေးကြွအောင် ဘယ်လိုထိန်းသိမ်းမလဲ

ခုဆိုရင် တော်တော်များများ အပြင်ကို သိပ်မထွက်ကြတော့ဘူး။ အိမ်မှာပဲ နေရင်းနဲ့ ရောဂါပျောက်ကင်းမယ့် နေ့တွေ ထိုင်စောင့်နေရတယ်။ ဒီတော့ အိမ်မှာနေရင်း အိမ်အလုပ်လုပ်တဲ့သူကလုပ်၊ ရုံးအလုပ်လုပ်တဲ့သူကလုပ်နဲ့ ကိုယ့်ရဲ့ အားလပ်ချိန်တွေကို ကုန်ဆုံးလို့ ရတာပေါ့။ အရင်တစ်ခေါက်က ကိုယ့်အိမ်မှာနေရင်း အသားအရေကို ထိန်းသိမ်းလို့ရမယ့် နည်းလမ်းတွေ ဝေမျှခဲ့ပြီးပြီဆိုတော့ ဒီဆောင်းပါးလေးမှာ နှုတ်ခမ်းသား အလှအပအတွက် ဘယ်လိုပြန်ဂရုစိုက်လို့ ရမလဲဆိုတဲ့ အချက်လေးတွေကို ပြန်ပြီး ဝေမျှပေးချင်ပါတယ်။ အလှကြိုက်တဲ့ မိန်းကလေးတွေအတွက်ရော၊ Skin Care လုပ်ဖို့အတွက် အလုပ်ရှုပ်မခံချင်၊ အချိန်ကုန်မခံချင်တဲ့သူတွေအတွက်ပါ အဆင်ပြေစေမယ်လို့ မျှော်လင့်ပါတယ်။ ဒါဆို စလိုက်ကြရအောင်။ ၁။ ရေများများ သောက်ပေးပါ။ ရေဓာတ်ဟာ အရေပြားအတွက်သာမက နှုတ်ခမ်းသားကိုပါ စိုပြေတောက်ပစေပါတယ်။ ဘာကြောင့်လဲဆိုတော့ နှုတ်ခမ်းဆိုတာလည်း အရေပြားတွေထဲက အစိတ်အပိုင်းတစ်ခု ဖြစ်လို့ပါပဲ။ ဒါဆို ခုလိုမျိုး အိမ်မှာနေရင်း ဘယ်မှမသွားရတဲ့အချိန်မှာ […]


အသားအရေ ထိန်းသိမ်းခြင်း

နေလောင်ခံ အသားအရေအတွက် ရှားစောင်းလက်ပပ်ကို ဘယ်လိုသုံးမလဲ

နေလောင်ခံ ရတယ်ဆိုတာ ဒီဘက်ခေတ်မှာ သိပ်ပြီးဆန်းတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ အိုဇုန်းလွှာတွေ ပျက်စီးလာတာနဲ့အမျှ ကမ္ဘာကြီးက တဖြည်းဖြည်း ပူနွေးလာသလို ခရမ်းလွန်ရောင်ခြည်တွေဟာလည်း လေထုကနေတစ်ဆင့် လူ့အသားအရေပေါ်ကို ထိတွေ့မိပြီး ခရမ်းလွန်ဓာတ်ရောင်ခြည်သင့်တဲ့ လက္ခဏာတွေ ဖြစ်လာပါတယ်။ နေလောင်ခံ ရတယ်ဆိုတာ ဒီခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုရဲ့ အသက်သာဆုံးသော အပေါ်ယံ လက္ခဏာတစ်ခုပါ။ နေလောင်ခံ ရတာ စိတ်ပူစရာလိုလား။ နေလောင်ဒဏ်ကြောင့် အသားအရေဆဲလ်တွေ ပျက်စီးသွားသလို ဆဲလ်အသစ်တွေ ထုတ်လုပ်နှုန်း နှေးကွေးသွားတဲ့အတွက် အသားအရေမှာ မွဲခြောက်လာမယ် အိုမင်းရင့်ရော်လာမယ် ကြမ်းတမ်းလာမယ် အကြေးခွံတွေ ထလာမယ် အရောင်မှိန်လာမယ် အရေးအကြောင်းတွေ ထင်လာမယ် ပျက်စီးဖို့ လွယ်ကူလာမှာပါ။ ဒါ့အပြင် နောက်ဆက်တွဲအနေနဲ့ အရေပြားရောဂါတွေ၊ မှိုစွဲတာ၊ အသားအရေ ပျက်စီးသွားတာ၊ အရေပြားကင်ဆာအထိပါ ဖြစ်နိုင်တဲ့အထိ အန္တရာယ်ကြီးပါတယ်။ ဘာကြောင့် ရှားစောင်းလက်ပပ်ကို နေလောင်ခံ အသားအရေ ကုသတဲ့နေရာမှာ […]


အသားအရေ ထိန်းသိမ်းခြင်း

ဆယ်ကျော်သက်တို့ အသားအရေ ကျန်းမာစေဖို့ အစားအစာ

အသားအရေ ကျန်းမာမှုက သုံးနေတဲ့ skincare တွေနဲ့တင် သက်ဆိုင်နေတာ မဟုတ်ပါဘူး။ နေ့စဉ် အပြုအမူတွေနဲ့ စားသုံးနေတဲ့ အစားအသောက်တွေအပေါ်မှာလည်း မူတည်နေပါသေးတယ်။ အသားအရေက ရုပ်ရည်သွင်ပြင်ပေါ်မှာ အများကြီး သက်ရောက်နေတယ်ဆိုတော့ အလှတရားကို သဘောကျတဲ့ ဆယ်ကျော်သက်အရွယ် မှာ အသားအရေလေး လှပစေဖို့ ဘာတွေ စားပေးသင့်လဲဆိုတာကို ဆောင်းပါးလေးထဲကနေ ပြောပြပေးမယ်နော်။ ဆယ်ကျော်သက်တို့ အသားအရေ ကျန်းမာစေဖို့ စားပေးသင့်တဲ့ အစားအစာ ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်တဲ့ ဆယ်ကျော်သက် တစ်ယောက် ဖြစ်စေဖို့ ဒါတွေစားပါ။ ချင်း(ဂျင်း) ချင်း (ဂျင်း) မှာ ဓာတ်တိုးဆန့်ကျင် အာနိသင်ပါဝင်တာကြောင့် အသားအရေကို ရောင်ရမ်းမှု ကင်းစေပြီး အသားအရေကို ကြည်လင်စေပါတယ်။ အသားအရေကို ဘက်တီးရီးယားတွေ အန္တရာယ်ကနေ ကာကွယ်ပေးသလို အိုမင်းမှုကို ဟန့်တားပေးနိုင်ပါတယ်။ ချင်း(ဂျင်း) ရေနွေးကြမ်း သောက်ပေးတာက အသားအရေအတွက် အထောက်အကူပြုစေတဲ့ စားသောက်မှု […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆယ်ကျော်သက်တို့အတွက် ဆံသားထိန်းသိမ်းနည်း

ကျန်းမာလှပတဲ့ ဆံသား ပိုင်ဆိုင်ထားခြင်းက  အလှတိုးစေတဲ့ အချက်တစ်ခုပေါ့။ ဒီတော့ ဆံသားလှပစေဖို့အတွက် ဆယ်ကျော်သက် တစ်ယောက်အနေနဲ့ ဘယ်လို ဂရုစိုက်ရမလဲ ဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးမယ်နော်။ ဆယ်ကျော်သက်တို့အတွက် ဆံသားထိန်းသိမ်းနည်းလမ်းညွှန်  ကျန်းမာလှပတဲ့ ဆံသား ပိုင်ဆိုင်နိုင်စေဖို့ ဆယ်ကျော်သက် တစ်ယောက်အနေနဲ့ ခေါင်းလျှော်ပါ ခေါင်းလျှော်တာက ဆံသား ထိန်းသိမ်းမှုရဲ့ အခြေခံ အကျဆုံး အဆင့်တစ်ရပ်ပါ။ ဒီလိုဆိုတာနဲ့ ခဏခဏခေါင်းလျှော်နေဖို့တော့ မလိုပါဘူး။ ခေါင်းမလျှော်တာက ဆံသားကို ထိခိုက်စေသလို ခဏခဏ ခေါင်းလျှော်တာကလည်း ဆံသားကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ဆံသား အမျိုးအစားကို လိုက်ပြီး တစ်ပတ်ကို ၂ ကြိမ် ဒါမှမဟုတ် ၂ ရက်ခြား တစ်ကြိမ်လောက် လျှော်ပေးဖို့ လိုပါမယ်။ အားကစား လုပ်တဲ့သူဆိုရင်တော့ အားကစား လုပ်ပြီးတိုင်း ခေါင်းလျှော်ပေးဖို့ လိုပါမယ်။ ခေါင်းလျှော်တိုင်းမှာ ခေါင်းလျှော်ရည်တွေကို ပြောင်စင်အောင် ဆေးကြောပစ်ဖို့ […]


အသားအရေ ထိန်းသိမ်းခြင်း

ဆယ်ကျော်သက်တို့ လိုက်နာသင့်တဲ့ အသားအရေ ကျန်းမာရေး အလေ့အထ

အသားအရေ ကျန်းမာလှပမှုက အရွယ်တိုင်းအတွက် အရေးပါပါတယ်။ ဒီလိုပြောရတဲ့ အကြောင်းအရင်းက အသားအရေက ရုပ်သွင်ပြင်ကို အလှတိုးစေသလို ကိုယ်တွင်းကို ရောဂါပိုးတွေ ဝင်ရောက်မလာစေဖို့ တားဆီးပေးထားတဲ့ ခံတပ်ကြီးတစ်ခုမို့ပါ။ ဒီလို အသားအရေ ကျန်းမာလှပစေဖို့ဆိုတဲ့နေရာမှာ လိုက်နာရမယ့် အချက်တွေကလည်း ရှိနေပါတယ်။ ဒီတစ်ခေါက်တော့ ဆယ်ကျော်သက်အရွယ် သားသားမီးမီးတို့ အသားအရေ လှပစေဖို့အတွက် ဘယ်လို အလေ့အထလေးတွေကို လိုက်နာသင့်လဲဆိုတာကို ပြောပြပေးမယ်နော်။ ဆယ်ကျော်သက်အရွယ် အသားအရေ လှပစေမယ့် အလေ့အထ နုရွယ်ပျိုမြစ်တဲ့ ဆယ်ကျော်သက်အရွယ်ကစပြီး အရွယ်ရသည်အထိ အသားအရေ လှပစေဖို့ဆိုရင် အခုလို အလေ့အထလေးတွေကို ပျိုးထောင်ဖို့ လိုပါမယ်။ မျက်နှာသစ်ပါ မျက်နှာသစ်တာက အသားအရေ ထိန်းသိမ်းမှုရဲ့ အခြေခံ အကျဆုံး အဆင့်ပါ။ မျက်နှာကို သေချာသန့်စင်ပေးတာက အသားအရေကို ကျန်းမာစေပြီး အရွယ်မတိုင် အိုမင်းတာနဲ့ အသားအရေ ထိခိုက် ပျက်စီးတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဒီတော့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း