အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အခြားအရေပြားပြဿနာများ

ဆယ်ကျော်သက်နဲ့အရေပြား ပြဿနာ

ကိုယ်တွင်းမှာ ဟော်မုန်းပြောင်းလဲမှုနဲ့အတူ ဆယ်ကျော်သက်အရွယ် သားသားမီးမီးတို့မှာ ပြောင်းလဲမှုတွေ များစွာ တွေ့ကြုံရနိုင်ပါတယ်။ ခန္ဓာကိုယ် ပြောင်းလဲတာ၊ အသံ ပြောင်းလဲတာအပြင် အခြားသာ ပြောင်းလဲမှု အမျိုးမျိုးကို ခံစားရနိုင်ပါတယ်။ ဒီပြောင်းလဲမှုတွေထဲမှာ အရေပြား ပြောင်းလဲမှုကလည်း တစ်ခု အပါအဝင်ပေါ့။ အသားအရေ စတင် ပြောင်းလဲတဲ့ ဆယ်ကျော်သက်အရွယ်မှာ ဘယ်လို အရေပြားပြောင်းလဲမှုတွေ ဖြစ်ပြီး ဘယ်လို အရေပြား ပြဿနာတွေ ခံစားရနိုင်လဲဆိုတာကို သတိထားလို့ရအောင် ဒီ ဆောင်းပါးလေး ကနေတဆင့် ပြောပြပေးသွားပါမယ်။ ဆယ်ကျော်သက်တို့ အဖြစ်များတဲ့ အရေပြားပြဿနာ အစုစု ကိုယ်တွင်းမှာ ဟော်မုန်း ပြောင်းလဲတဲ့ ဆယ်ကျော်သက်လေးတွေမှာ အခုလို အရေပြား ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ဝက်ခြံ အရေပြားပေါ်က ချွေးပေါက်တွေ ပိတ်ဆို့မှုကနေ ဖြစ်လာတဲ့ အရေပြား ပြဿနာ တစ်မျိုးပါ။ အဖြစ်များတဲ့ အရေပြား ပြဿနာတစ်ခုဆိုလည်း မမှားပါဘူး။ အကြောင်းကတော့ဆယ်ကျော်သက်ကာလမှာ […]


အသားအရေ ထိန်းသိမ်းခြင်း

ဆယ်ကျော်သက်တို့အတွက် အသားအရေ ထိန်းသိမ်းနည်း လမ်းညွှန်

အသားအရေ ထိန်းသိမ်းဖို့က အသက်အရွယ်တိုင်းအတွက် အရေးပါပါတယ်။ အလှအပ ကြိုက်တဲ့ ဆယ်ကျော်သက်အရွယ်မှာ အသားအရေ ထိခိုက်မှု ကင်းစေဖို့ နည်းစနစ် မှန်မှန်နဲ့ အသားအရေ ဘယ်လို စောင့်ရှောက်ရမလဲ သိပြီးရဲ့လား........... မသိသေးဘူးဆိုရင် ဆယ်ကျော်သက်တို့အတွက် မှန်ကန်တဲ့ အသားအရေ ထိန်းသိမ်းနည်းကို ပြောပြပေးမယ့် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ ဆယ်ကျော်သက်တို့အတွက် အသားအရေ ထိန်းသိမ်းနည်း လမ်းညွှန် ဆယ်ကျော်သက် အရွယ်မှာ အသားအရေ ပြဿနာ ကင်းစေဖို့ဆိုရင် သေချာ သန့်စင်ပါ ဆယ်ကျော်သက် အရွယ်မှာ အရေပြားက အခြား အသက်အပိုင်းအခြားထက် ပိုပြီး အဆီပြန်နိုင်ပါတယ်။ အဆီပြန်တာရဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ဖို့ဆိုရင် အသားအရေကို သေချာ သန့်စင်ဖို့ လိုပါမယ်။ အရေပြားကို သေချာ သန့်စင်မှ ချွေးပေါက် ပိတ်ဆို့မှု ကင်းပြီး ဝက်ခြံဖြစ်တာကို ကာကွယ်နိုင်မှာပါ။ ဒါကြောင့် မျက်နှာကို […]


အသားအရေ ထိန်းသိမ်းခြင်း

Sugar Wax ကို အိမ်မှာ ကိုယ်တိုင် လုပ်ကြမယ်

Sugar Wax ဆိုတာ (သူ့နာမည်အတိုင်းပါပဲ) သကြားနဲ့ လုပ်ထားတဲ့ အမွေးချွတ်ဖယောင်းလို့ ပြောရမှာပေါ့။ ဆိုင်တွေမှာ Waxing တစ်ခါတစ်ခါ လုပ်ရင် ငွေကုန်ကြေးကျ များတယ်။ အိမ်မှာပဲ လုပ်မယ်။ အလုပ်ရှုပ်ခံနိုင်တယ်ဆိုတဲ့သူတွေအတွက် အိမ်မှာ Sugar Wax ကို ဘယ်လို ကျိုရမယ်ဆိုတဲ့အကြောင်း ဖော်ပြပေးလိုက်ပါတယ်။ Sugar Wax မှာလည်း Hard Wax, Soft Wax ဆိုတာ ရှိပေမဲ့ ဒီပို့စ်မှာတော့ Soft Wax ကို အလွယ်ဆုံးနည်းလမ်းနဲ့ ဘယ်လို လုပ်ရလဲဆိုတာပဲ ပြောပြပေးမယ်နော်။ လိုအပ်သော ပစ္စည်းများ သကြား တစ်ခွက် (အရောင်မချွတ်ထားတဲ့ သကြားကို သုံးလည်း ရပါတယ်) သံပုရာရည် ၁/၄ ခွက် ရေ ၁/၄ ခွက် ပျားရည် […]


အသားအရေ ထိန်းသိမ်းခြင်း

သင့်အရေပြားနဲ့ ပတ်သက်ပြီး သင်မသိလောက်သေးတဲ့ အချက် (၆) ချက်

ကိုယ့်ခန္ဓာကိုယ်ပေမဲ့ ကိုယ့်ရဲ့ အရေပြားအကြောင်း၊ အသားအရေအကြောင်း သင်ဒါတွေ သိပြီးသွားပြီလား။ ၁။ အသက် ၂၀ ကျော်လာတဲ့အချိန်မှာပဲ အရေပြားက အိုမင်းစ ပြုလာပါပြီ။ အသက် ၄၀၊ ၅၀ လောက်မှ တို့က Anti-aging တွေ သုံးမယ်လို့ လုပ်ထားရင်တော့ ဆောရီးပါနော်။ အချိန်လွန်သွားပါပြီ။ အသက် ၂၅ ပြည့်ပြီဆိုတာနဲ့ ကော်လာဂျင် ထုတ်နှုန်းက လျော့နည်းလာပါပြီ။ အဲဒီမှာ အသားအရေကလည်း အရေးအကြောင်းတွေ စထင်လာတော့တာပါပဲ။ ဗီတာမင် စီ ကတော့ ငယ်ရွယ်နုပျိုတဲ့ အသားအရေ ဖြစ်အောင် ထိန်းထားပေးနိုင်ပါတယ်။ ၂။ အရေပြားက ခန္ဓာကိုယ်အပူချိန်အတွက် အရေးပါပါတယ်။ အရေပြားတွေက ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်အတွက် အရေးပါရုံတင်မကဘဲ ခန္ဓာကိုယ် အပူချိန်အတွက်လည်း အရေးပါပါတယ်။ ပြင်ပ အပူချိန်ပေါ် မူတည်ပြီး အရေပြားရဲ့ အလုပ်လုပ်ပုံကို အကျဉ်းချုံး ပြောရမယ်ဆိုရင်တော့ […]


အသားအရေ ထိန်းသိမ်းခြင်း

Skincare နဲ့ ပတ်သက်တဲ့ အယူအဆ အလွဲတွေ

Skincare ကို ဝါသနာပါကြတဲ့ ပျိုမေတွေကြား ဘာက အမှန်၊ ဘာကအမှား ပြောရခက်တဲ့ တချို့ အယူအဆလေးတွေ ရှိနေတတ်ပါတယ်။ ဥပမာ တချို့က မျက်နှာကို မကြာမကြာသစ်လို့ ပြောပေမဲ့ တချို့ကတော့ တစ်ရက်ကို နှစ်ကြိမ်ပဲ မျက်နှာသစ်လို့ ပြောကြတာမျိုးတွေပေါ့။ တွေ့ရများတဲ့ အယူအဆမှားတွေကို ဒီမှာ ဆွေးနွေးကြည့်ကြရအောင်ပါ။ ၁။ အပြင်မှာ နေမပူရင် Sunscreen မသုံးလို့ ရတယ်။ SPF ဟာ ကမ်းခြေသွားတော့မှ လိုတာ၊ နေပူတဲ့နေ့ အပြင်ထွက်မှ လိုတာ။ မိုးအုံ့နေရင် မလိုဘူးလို့ တွေးနေတုန်းလား။ အဲဒါဆိုရင်တော့ ကြည်လင်ဝင်းပတဲ့ အသားအရေလေးကို တာ့တာ လှမ်းပြလိုက်ပါတော့။ နေမပူရင်တောင် ခရမ်းလွန်ရောင်ခြည်တွေက နေရာအနှံ့မှာ ရှိနေတာမို့ ဘာမှ မကာကွယ်ဘဲ သွားမယ်ဆိုရင် အမည်းစက်တွေ ထင်လာပြီး အရေပြားက အိုမင်းရင့်ရော်လွယ်လာမှာပါ။ […]


အသားအရေ ထိန်းသိမ်းခြင်း

နှုတ်ခမ်းပါးလေးတွေ ခြောက်သွေ့အက်ကွဲတဲ့အခါ

(၁) နှုတ်ခမ်းနီ အဆီကောင်းကောင်းဝယ်ဆိုးပါ။ နှုတ်ခမ်းခြောက်၊နှုတ်ခမ်းကွဲရင် နှုတ်ခမ်းနီအဆီဆိုးရမှန်းတော့သိကြပါတယ်။ သို့သော်တချို့သောနှုတ်ခမ်းနီတွေမှာ Menthol (ပရုတ်တစ်မျိုး) Mint (ပူရှိန်း) Camphor (ပရုတ်တစ်မျိုး) Phenol ဒြပ်ပေါင်းတွေပါဝင်ပါတယ်။ ပူရှိန်းဟာအေးမြမှုကိုပေးပေမဲ့ နှုတ်ခမ်းကို ပိုမိုခြောက်သွေ့ကွဲအက်စေပါတယ်။ အနံ့၊ အရသာတွေ ထည့်သွင်းထားတဲ့ နှုတ်ခမ်းဆိုးဆေးဟာ နှုတ်ခမ်းကိုပိုမိုခြောက်သွေ့စေတတ်ပါတယ်။ ကောင်းမွန်တဲ့ နှုတ်ခမ်းဆိုးဆေးကိုရွေးချယ်ဝယ်ယူသင့်ပါတယ်။ အောက်ပါပစ္စည်းများပါဝင်တဲ့ နှုတ်ခမ်းနီအဆီကိုရွေးချယ်ဝယ်ယူပါ။ Petroleum (ရေနံဆီ) Lanolin (သစ်ဆီ) Beeswax (ပျားဖယောင်း) Ceramide (ဖယောင်းဆီတစ်မျိူး) ဒီဒြပ်ပေါင်းတွေဟာ နှုတ်ခမ်းကိုအစိုဓာတ်ဖြည့်ပေးနိုင်ပါတယ်။ (၂) သဘာဝပစ္စည်းတွေသုံးပါ။ ရှားစောင်းလက်ပပ်။ ။ ရှားစောင်းလက်ပပ်ဟာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝတာကြောင့်  နှုတ်ခမ်းမှာလိမ်းလိုက်ရုံနဲ့ ရေဓာတ်ကြွယ်ဝစေပြီးနူးညံ့စေပါတယ်။ ရောင်ရမ်းမှုကိုလည်း သက်သာစေပါတယ်။ အုန်းဆီ။ ။ အုန်းဆီလိမ်းခြင်းဖြင့်  ရေဓာတ်လည်းပြည့်ဝစေနိုင်သလို  နှုတ်ခမ်းသားလေးကို အိစက်နူးညံ့စေပါတယ်။ ပျားရည်။ ။ ပျားရည်ဟာ ရေဓာတ်ဖြည့်တင်းမှုအပေးနိုင်ဆုံး သဘာဝပစ္စည်းပါ။ ဒါ့အပြင် […]


ဆိုရီရေးစစ်ရောဂါ

ဆိုရီရေးစစ် (psoriasis) အရေပြားပြဿနာရှိသူတွေအတွက် ကျန်းမာတဲ့ နေထိုင်နည်း

ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာက autoimmune disorder တစ်မျိုးပါ။ မြင်သာတဲ့ လက္ခဏာ အနေနဲ့ အရေပြားမှာ နီမြန်းတာ၊ အဖက်တွေ လန်တာမျိုး တွေ့ရနိုင်ပါတယ်။ အရေပြားပေါ်မှာဖြစ်လို့ အရေပြားတစ်ထောက်စာကနေ စလာတဲ့ ရောဂါ မဟုတ်ပါဘူး။ ဒီရောဂါက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကနေ စလာတာပါ။ T ဆဲလ်လို့ ခေါ်တဲ့ သွေးဖြူဆဲလ်တွေက စဖြစ်ပေါ်လာတာပါ။ ဆိုရီရေးစစ် အရေပြားပြဿနာ ရှိသူတွေအတွက် ကျန်းမာတဲ့ နေထိုင်နည်း အရေပြားကို နီမြန်းယားယံစေပြီး အရေပြားအဖက်တွေ လန်တဲ့ ဆိုရီရေးစစ် အရေပြားပြဿနာ ခံစားနေရပြီဆိုရင် အသားအရေ မခြောက်စေဖို့ ဂရုပြုပါ အရေပြား ခြောက်သွေ့မှုက ဆိုရီးရေးစစ် အရေပြား ပြဿနာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန် အရေပြားကို အစိုဓာတ် ထိန်းဖို့ လိုပါမယ်။ ဒါကြောင့် အစိုဓာတ်ထိန်းစက် ဖွင့်ထားတာမျိုး လုပ်ပေးပါ။ အမွှေးနံ့ပြင်းတာတွေ ရှောင်ပါ ဆပ်ပြာတွေ […]


အခြားအရေပြားပြဿနာများ

နှင်းခူရှိသူတွေအတွက် စားသောက်မှုပုံစံ

နှင်းခူ ကပြင်းထန်တဲ့ အရေပြားပြဿနာတွေထဲက တစ်ခုပေါ့။ နေထိုင်စားသောက်မှုက နှင်းခူအပေါ်မှာ အများ​ကြီး သက်ရောက်နေပါတယ်။ ပတ်ဝန်းကျင် အနေအထားရောပေါ့။ နှင်းခူကသေချာ ဂရုစိုက်သင့်တဲ့ အရေပြားပြဿနာတွေထဲက တစ်ခုပါ။ ဒီတော့ နှင်းခူရှိရင် ဂရုစိုက်သင့်တဲ့ နေထိုင်စားသောက်မှုပုံစံကို ပြောပြပေးသွားပါမယ်။ နှင်းခူ ဘယ်လိုနေရာတွေမှာ ဖြစ်နိုင်လဲ............ နှင်းခူက အရေပြားပြဿနာဆိုပေမယ့် အခုလို နေရာတွေမှာ အဖြစ်များပါတယ်။ တံတောင်ဆစ် အတွင်းပိုင်း ဒူးကောက်ကွေး မျက်နှာ၊ ပါး နားရွက်နောက်ဘက် တင်ပါး ခြေထောက် လက်စတဲ့ နေရာတွေမှာ အဖြစ်များပါတယ်။ ဘယ်လို လက္ခဏာတွေ ရှိလဲ............ နှင်းခူ ဖြစ်ပြီဆိုရင် အခုလို လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။ အရေပြားမှာ အကွက်တွေ ပေါ်လာမယ် တအား ယားယံမယ် ခြောက်သွေ့မယ် ရောင်မယ် နာကျင်မယ် စတာတွေ ခံစားရနိုင်ပါတယ်။ နှင်းခူရှိရင် ဒါတွေ စားပေးပါ။ နှင်းခူ သက်သာစေဖို့ဆိုရင် ငှက်ပျောသီး ပိုတက်ဆီယမ်က နှင်းခူကို […]


အခြားအရေပြားပြဿနာများ

နှင်းခူရှိသူ ကျန်းမာစေဖို့

အရေပြားပြဿနာ အမျိုးမျိုးထဲကမှ နှင်းခူပြဿနာကို ခံစားနေရတယ်။ ဒီ အရေပြားပြဿနာက အရှင်းမပျောက်သွားဘူး။ အနေအထိုင် အစားအသောက် ပြောင်းလဲတာနဲ့ ပြန်ပြန်ဖြစ်လာတယ်။ ဒါမှမဟုတ် ပိုဆိုးလာတာမျိုး ရှိနေတယ်ဆိုရင် နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲဖို့ လိုအပ်နေတာပါ။ ဒီတော့ နှင်းခူရှိရင် ဘယ်လို နေထိုင် စားသောက်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးမယ်နော်။ ဘာတွေကများ နှင်းခူ ဖြစ်စေတာလဲ......... နှင်းခူ ဖြစ်စေရတဲ့ အကြောင်းအရင်းက အတိအကျမရှိပါဘူး။ မျိုးရိုးကြောင့်လည်းဖြစ်နိုင်သလို အခုလို အချက်တွေကလည်း နှင်းခူကို ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှု များတာ ရာသီဥတု ပူလွန်း အေးလွန်းတာ ခြောက်သွေ့တဲ့ အနေအထား အဝတ်စတွေ ဆပ်ပြာ၊ ဆပ်ပြာမှုန့်စတာတွေကြောင့် နှင်းခူ ဖြစ်စေနိုင်ပါတယ်။ နှင်းခူရှိသူ ကျန်းမာစေဖို့ မျက်နှာ၊ တံတောင်ဆစ်၊ ဒူးနဲ့ ခြေလက်တွေမှာ အများဆုံး ဖြစ်တတ်တဲ့ နှင်းခူ ပြဿနာ ခံစားနေရတာကို သက်သာစေဖို့ဆိုရင် စိတ်ဖိစီးမှုကို […]


အသားအရေ ထိန်းသိမ်းခြင်း

အိမ်မှာနေရင်း အသားအရေမပျက်စီးအောင် ဘယ်လိုထိန်းသိမ်းကြမလဲ

အခုဆိုရင် Covid-19 ရဲ့ second wave ကာလထဲ ရောက်လာပြီ၊ ရန်ကုန်တိုင်းအတွက်လည်း အိမ်မှာသာနေထိုင်ရမည့် အမိန့်ကျလာပြီနော်။ ရောဂါကူးစက်မှုနည်းနိုင်သလောက် နည်းအောင် ထိန်းချုပ်ဖို့အတွက် အစိုးရအဖွဲ့ရဲ့ စည်းမျဉ်းထုတ်ပြန်ချက်ကို ပြည်သူအားလုံး လိုက်နာမှသာ အဆင်ပြေမှာပါ။ အိမ်မှာနေရင်း အသားအရေ ဘယ်လိုထိန်းသိမ်းမလဲ။ ပုံမှန်အချိန်ဆိုရင်တော့ အသားအရေ ထိန်းသိမ်းဖို့အတွက် အရမ်းလွယ်တယ်။ ကိုယ်သုံးနေကျ ပစ္စည်းတွေကို ဝယ်ပြီး ရုံးဖွင့်ရက်တွေဆို အိပ်ခါနီး ညဘက်အချိန်တွေမှာ အသားအရေ ထိန်းသိမ်းကြတယ်။ တချို့ကျတော့လည်း ပိတ်ရက်မှာ အေးအေးဆေးဆေး လုပ်ကြတယ်။ ခုလိုအချိန်မျိုးကျတော့ အသားအရေ ထိန်းသိမ်းဖို့ အကြောင်းပြချက်တစ်ခုတည်းနဲ့တော့ အပြင်ထွက်ပြီး စျေးဝယ်တာမျိုး လုပ်ဖို့ မသင့်လျော်တော့ပါဘူး။ ဒါဆို တတ်နိုင်သလောက် အသားအရေလှအောင် ထိန်းသိမ်းဖို့ထက် အသားအရေ ပျက်စီးခြင်းနည်းအောင် ဂရုစိုက်ဖို့က ပိုပြီး အရေးပါလာပါပြီ။ ခုဆောင်းပါးမှာ အလှကုန်ပစ္စည်းတွေ၊ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း