အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

နူးညံ့တဲ့ လက်တစ်စုံကို ပိုင်ဆိုင်ချင်တယ်ဆိုရင်

နူးညံ့ချောမွေ့တဲ့ လက်ကလေးတစ်စုံကို လူတိုင်း( အထူးသဖြင့် မိန်းကလေးတိုင်း) နှစ်သက်ကြမယ် ထင်ပါတယ်။ ဒါပေမယ့် လက်ကလေးတွေဟာ ကျွန်ုပ်တို့ရဲ့ နေ့စဉ်ဘဝနေရာတိုင်းမှာ မပါမဖြစ် အလုပ်လုပ်ရတာကြောင့် အခြားနေရာတွေထက်စာရင် အသားအရေ ပိုကြမ်းတမ်းလေ့ရှိကြပါတယ်။ ဒါ့အပြင် အခုလို Covid-19 ရောဂါပျံ့နှံ့နေတဲ့ အချိန်မျိုးမှာ ရောဂါပိုးကို ကာကွယ်ဖို့ လက်ခဏခဏ ဆေးရတဲ့အတွက် အသားအရa ပိုပြီးပျက်စီးလာနိုင်ပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာ နူးညံ့တဲ့ လက်ဖဝါးလေးတွေနဲ့ လက်တစ်စုံကို ပိုင်ဆိုင်ချင်တဲ့ သူတွေအတွက် လွယ်ကူတဲ့ tips လေးတွေကို မျှဝေပေးသွားချင်ပါတယ်။ လက်ကလေးတွေက ကြမ်းတမ်းနေလို့ စိတ်ညစ်နေတဲ့ သူတွေလည်း ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ အကြံပေးပါရစေ။  နူးညံ့တဲ့ လက်တစ်စုံကို ပိုင်ဆိုင်ချင်တယ်ဆိုရင် နူးညံ့တဲ့ လက်တစ်စုံကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ၁။ ရာသီဥတုဒဏ်နဲ့ အခြားအန္တရာယ်တွေကနေ ကာကွယ်ပေးပါ။ ပထမဆုံးအချက်ကတော့ လက်ဖဝါးလေးတွေကို ထိခိုက်စေနိုင်တဲ့ ရာသီဥတုဒဏ်ကနေ […]


ဆိုရီရေးစစ်ရောဂါ

ဆိုရီရေးစစ် (psoriasis) အရေပြားပြဿနာရှိတယ် ဘာတွေ စားရမလဲ။

အရေပြားပြဿနာ မှန်သမျှက မသက်သာပါဘူး။ ဒီထဲမှာမှ အခါခွင့် သင့်ရင် သင့်သလို ပြန်ပြန်ပေါ်လာလေ့ရှိတဲ့ ဆိုရီရေးစစ်(psoriasis) အရေပြား ပြဿနာကို ခံစားနေရတယ်ဆိုရင်တော့ ပိုဆိုးပြီပေါ့။ ဒီတစ်ခေါက်တော့ ဆိုရီရေးစစ် အရေပြား ပြဿနာ ခံစားနေရသူတွေ သိထားသင့်တဲ့ ဆောင်သင့် ရှောင်သင့်တဲ့ အစားအစာလေးတွေ အကြောင်း ပြောပြပေးသွားမယ်နော်။ ဆိုရီရေးစစ် ရှိတယ်။ ဘာစားရမလဲ.......... အစားအသောက်ကလည်း အရေပြား ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ ရှိနေတဲ့ အရေပြားပြဿနာလေး ပြန်မထလာစေဖို့ဆိုရင် ဒါလေးတွေ စားပေးပါ။ ပင်လယ်စာ ပင်လယ်စာက အရေပြား ပြဿနာ အများစုနဲ့ မတည့်ပေမယ့် ဆိုရီရေးစစ် သမားတွေအတွက်တော့ ဓာတ်စာပါ။ ဒီလိုပြောရတာက ပင်လယ်စာမှာ အရေပြားကို အာဟာရဖြည့်ပေးတဲ့ Omega-3 fatty acids ကြွယ်ဝစွာ ပါဝင်နေလို့ပါ။ ဒီတော့ ဆိုရီရေးစစ် အရေပြား ပြဿနာ သက်သာစေဖို့ဆိုရင် တူနာ […]


အခြားအရေပြားပြဿနာများ

ရေကူးပြီးမှ အရေပြားယားယံလာတယ်ဆိုတာ…

များသောအားဖြင့် ရေကူးကန်မှာဖြစ်စေ၊ နယ်ဘက်တွေမှာဆိုရင် မြစ်ချောင်းအင်းအိုင်တွေမှာဖြစ်စေ ရေဆင်းကူးပြီးတဲ့အခါ အသားယားယံတာ၊ အင်ပျဉ် အဖုအပိမ့်များ ထတာမျိုးတွေ ဖြစ်တတ်ပါတယ်။ လူတိုင်းတော့ မဟုတ်ပေမဲ့ လူအများစုဖြစ်တတ်တဲ့ ပြဿနာပါ။ ဘာကြောင့် ဖြစ်တာလဲ။ ဖြစ်ရတဲ့ အကြောင်းရင်း အများကြီး ရှိနိုင်ပါတယ်။ သန့်လွန်းရင်လည်း ပြဿနာဖြစ်သလို၊ ရေလုံးဝမသန့်တာကြောင့်လည်း ဖြစ်နိုင်တယ်။ ကိုယ့်ရဲ့ အသားအရေက ထိခိုက်ပွန်းပဲ့လွယ်တာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုအကြောင်းရင်းတွေထဲမှာမှ အဖြစ်အများဆုံး အကြောင်းရင်းတွေကတော့ ၁။ ရေကူးကန်ထဲမှ ကလိုရင်းနဲ့ ဓာတ်မတည့်ခြင်း ကလိုရင်းဆိုတာ ရေကူးကန်တွေထဲက ရေကို ဘက်တီးရီးယားပိုး သေစေဖို့၊ ရေသန့်ရှင်းကြည်လင်နေစေဖို့ ထည့်ပေးရတဲ့ ဓာတုဗေဒပစ္စည်း ဖြစ်ပါတယ်။ ရေကူးကန်ရဲ့ အနက်နဲ့ အကျယ်ပေါ် မူတည်ပြီး သတ်မှတ်ထားတဲ့ ကလိုရင်း စံပမာဏအတိုင်း ထည့်မှသာ ရေကူးကန်က သန့်ရှင်းကြည်လင်နေမှာပါ။ တစ်ခါတလေမှာ လူ့အရေပြားက ဓာတုဗေဒပစ္စည်းတွေကို အချိန်ကြာမြင့်စွာ ထိတွေ့မိတဲ့အခါ ဓာတ်ပြုပြီး […]


အခြားအရေပြားပြဿနာများ

မသန့်ရှင်းတဲ့ရေထဲ ရေကူးမိတဲ့အခါ…

ပုံမှန်အားဖြင့် အဆင့်မြင့်ရေကူးကန်တွေမှာ ရေကို သန့်စင်ဖို့နဲ့ ပိုးမွှားတွေကို သေစေဖို့ ကလိုရင်းတွေကို သတ်မှတ်ထားတဲ့ ပမာဏတစ်ခု ထည့်ပေးရပါတယ်။ ကလိုရင်းပုံမှန် ခတ်ပေးထားတဲ့ ရေကူးကန် မှာသာ လူမျိုးမရွေး ကူးခတ်သင့်ပါတယ်။ ကိုယ်ကူးနေတဲ့ ရေကန်က ကလိုရင်း သေချာမခတ်ထားတဲ့အခါ၊ ရေကူးကန်သန့်ရှင်းရေး၊ ထိန်းသိမ်းရေး မလုပ်တဲ့အခါ၊ မြစ်၊ ချောင်းတွေမှာ သွားကူးတဲ့အခါ ရေထဲက ကပ်ပါးပိုးမွှားများ အရေပြားမှာ ကပ်တွယ်ပြီး အဖုအပိမ့်များထွက်ကာ ယားယံခြင်းကို ဖြစ်စေနိုင်ပါတယ်။ ရောဂါရဲ့ ဇစ်မြစ် ဒီရောဂါကို Cercarial Dermatitis လို့ခေါ်ပြီး ကပ်ပါးပိုးမွှားကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတစ်မျိုး ဖြစ်ပါတယ်။ တိရစ္ဆာန်တွေဟာ ရေနားမှာ ကူးခတ်ကျက်စားရာမှ ကပ်ပါးပိုးမွှားများကို ရေထဲ စွန့်ထုတ်ပါတယ်။ ကလိုရင်း ပုံမှန်ခတ်တဲ့ ရေတွေမှာ ဒီပိုးမွှားတွေဟာ ချက်ချင်းသေသွားတတ်ပြီး လူတွေကို ဒုက္ခပေးနိုင်စွမ်း မရှိပါဘူး။ ဒါပေမယ့် မသန့်ရှင်းတဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

ဗီတာမင် PP နဲ့ အသားအရေ

ဗီတာမင် PP ဆိုလို့ ရှိလို့လား၊ ဟုတ်ရော ဟုတ်ရဲ့လားဆိုပြီး မအံ့ဩ သွားနဲ့နော်။ ဗီတာမင် PP ဆိုတာက ဗီတာမင် B အုပ်စုဝင် ဗီတာမင် B3 ပါ။ ဒီ ဗီတာမင်က စားသုံးလိုက်တဲ့ အစားအစာတွေကို စွမ်းအင်အဖြစ် ပြောင်းလဲပေးမှု တာဝန်ကို အဓိက ထမ်းဆောင်နေတာပါ။ ခန္ဓာကိုယ်က ပရိုတင်း နဲ့ အဆီတွေကို အသုံးပြုဖို့ ထောက်ပံ့ပေးသလို အာရုံကြောစနစ် ကျန်းမာစေဖို့လည်း ထောက်ပံ့ပေးပါတယ်။ အလှအပအတွက်တော့ ဆံသားနဲ့ အသားအရေ ကျန်းမာလှပစေဖို့လည်း ကူညီ အားဖြည့်ပေးပါသေးတယ်။ ဗီတာမင် PP က အသားအရေအတွက် ဘာလုပ်ပေးလဲ............ ဗီတာမင် PP၊ ဗီတာမင် B3၊ niacinamide လို့ အမည်နာမ အမျိုးမျိုး ရှိတဲ့ ဗီတာမင်လေးက အသားအရေအတွက် လိုအပ်တဲ့ […]


ဆိုရီရေးစစ်ရောဂါ

ဆိုရီယေးစစ်လား အရေပြားကင်ဆာ လား

အရေပြားယားယံတာကို လူတိုင်းကြံဆုံဖူးကြပါတယ်။ အကြောင်းအရင်းအမျိုးမျိုးကြောင့် အရေပြားပေါ်မှာ အဖုအပိမ့်တွေ၊ အကွက်တွေပေါ်ထွက်လာပြီး ယားယံတတ်ပါတယ်။ အများစုကတော့ သာမန်ယားနာရောဂါတွေကြောင့်ပါ။ ဒါပေမယ့် သာမန်မဟုတ်တဲ့ အခြေအနေတွေလည်း ရှိပါသေးတယ်။ ဆိုရီယေးစစ် ဒါမှမဟုတ် အရေပြားကင်ဆာ တို့လို အခြေအနေတွေကြောင့်ဆိုရင်ပေါ့။ အရေပြားမှာ အကွက်တွေ၊ ယားယံစေတဲ့ အင်ပြင်လိုအရာတွေရှိလာတယ်ဆိုရင် ဘာဖြစ်လို့ဖြစ်မှန်းမသိစိုးရိမ်မိတတ်ကြတယ်မဟုတ်လား။ ပြီးတော့ လူတကာရှေ့မှာ ဟိုကုတ်ဒီကုတ် ကုတ်နေဖဲ့နေရတာကလည်း အမြင်မတင့်တယ်လှဘူးလေ။ ဒီလိုမျိုးဆိုရင် ကိုယ်ဘာဝေဒနာခံစားနေရတာလဲဆိုတာကို သေချာဆန်းစစ်နိုင်ဖို့လိုအပ်မှာဖြစ်ပါတယ်။ မှန်ကန်တဲ့ကုထုံးတွေနဲ့ ကုသနိုင်မယ်ဆိုရင် ဝေဒနာမဆိုးရွားအောင် ကာကွယ်နိုင်ပြီပေါ့။ ဘာဝေဒနာလဲဆိုတာကိုသိဖို့ဆိုရင် ဆိုရီယေးစစ်နဲ့ အရေပြားကင်ဆာအကြောင်းကို အရင်ဆုံးနားလည်ထားဖို့ လိုအပ်မှာပါ။ ဆိုရီယေးစစ်ဆိုတာ ဆိုရီယေးစစ် (Psoriasis) ဆိုတာ အရေပြားရောဂါတစ်မျိုးပါ။ အကြောင်းရင်းမရှိဘဲ ရုတ်တရက် အရေပြားမှာ အကွက်တွေပေါ်လာပြီး ယားယံတတ်ပါတယ်။ ဖြစ်လိုက်ပျောက်လိုက်နဲ့ သံသရာလည်နေတတ်ပါတယ်။ ဖြစ်ရတဲ့အကြောင်းရင်းကိုတော့ မသိရသေးသလို အမြစ်ပြတ်ပျောက်အောင် ကုလို့လည်းမရသေးပါဘူး။ ဒါပေမယ့် လက္ခဏာသက်သာအောင်လုပ်လို့ရတဲ့နည်းလမ်းတွေတော့ အများကြီးရှိပါတယ်။ အရေပြားဆဲလ်တွေ ပုံမမှန်ပွားတာကြောင့် အရေပြားမျက်နှာပြင်မှာ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဘယ်လို ဆံပင်အရောင်မျိုး ပြောင်းလဲကြမှာလဲ

ဘယ်လို ဆံပင်အရောင်မျိုး ပြောင်းလဲကြမှာလဲ ဆံပင်ဆေးဆိုးတယ်ဆိုတာ အမျိုးသမီးတွေ သိပ်သဘောကျတတ်ကြတဲ့ အလှအပရေးရာ နည်းလမ်းတစ်မျိုးပေါ့။ အမျိုးသမီး ၁၀ ဦးမှာ ၉ ဦးက ဆံပင်အရောင်ဟာ သူတို့ရဲ့ စိတ်ခံစားချက်နဲ့ ဆက်စပ်နေတယ်လို့ ဆိုကြတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးစေတယ်ပေါ့။ ဒါပေမယ့် ဆိုးလိုက်တဲ့အရောင်တိုင်းက သင့်ကို လှပစေမယ်လို့ ယုံကြည်လို့ရပါ့မလား။ တကယ်တော့ မဖြစ်နိုင်ပါဘူးနော်။ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ပြောင်းလဲလိုက်တဲ့ ဆံပင်အရောင်က ကိုယ်နဲ့ မလိုက်ဖက်တာမျိုးဖြစ်လာနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ မကောင်းဘူးနော်။ ဘာလို့လဲဆိုတော့ ဆံပင်ဆေးဆိုးတယ်ဆိုတာက ငွေကုန်ကြေးကျကလည်းရှိသလို ကျန်းမာရေးနဲ့ သိပ်ပြီး ညီညွတ်လှတဲ့ ကိစ္စတော့မဟုတ်ဘူးလေ။ ဒီလို စွန့်စွန့်စားစားလုပ်ရတဲ့ကိစ္စမှာ အမှားအယွင်းမရှိဖို့က သိပ်ကိုအရေးကြီးလှပါတယ်။ ဒီတော့ လှပချင်တဲ့ပျိုမေတို့အတွက် ဆံပင်အရောင်ပြောင်းလဲချယ်သတော့မယ်ဆိုရင် ကိုယ်နဲ့ လိုက်ဖက်ညီအောင် ဘယ်လို ရွေးချယ်ကြရလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေကို ပြောပြပါရစေ။ ရင်သွေးနဲ့ တူညီတဲ့ ဆံပင်အရောင်မျိုး ပြောင်းလဲပါ ကိုယ့်ရင်သွေးနဲ့ ကိုယ်နဲ့ ဆံပင်အရောင်ချင်းတူညီနေရင်တော့ […]


အသားအရေ ထိန်းသိမ်းခြင်း

ဝါးကပေးတဲ့ အလှအပတရား

ဝါးလို့ ပြောလိုက်ရင် အသုံးအဆောင်တွေကို ပြုလုပ်ဖို့ သုံးတဲ့အရာလို့ပဲအတော်များများက ပြေးမြင်နိုင်ပါတယ်။ ဝါးကို အလှအပအတွက် အသုံးပြုဖို့ဆိုတာ တွေးမိဖို့ ခက်နိုင်မှာပါ။ ဒါပေမယ့် ကိုရီးယားနိုင်ငံက ထုတ်တဲ့ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေမှာ ဝါးကနေ ထုတ်ထားတယ်ဆိုတာတွေကို တော်တော်များများ တွေ့ရတယ်နော်။ ဒါဆိုရင် ဒီ စကင်းကဲတွေကို ရွေးသင့်ရဲ့လား။ ရွေးသင့်တာပေါ့လို့ပဲ ဖြေပါရစေ။ ဘာလို့ ဒီလိုပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှ ပြောပြပေးထားတာမို့ ဖတ်ကြည့်ပေးပါနော်။ ဝါးက အသုံးအဆောင် ဆိုတာထက် ပို အသုံးဝင် ပါတယ်။ ဝါးပင်ရဲ့ အဆီအနှစ်တွေက အလှအပတရားကို အခုလို အားဖြည့်ပေးပါတယ်။ အာဟာရ ဖြည့်ပေးတယ် ဝါးမှာ အသားအရေကို glow စေတဲ့ သဘာဝ silica ပါဝင်နေပါတယ်။ ကော်လာဂျင်ကို ဖြစ်ပေါ်စေပြီး အသားအရေကို ရေဓာတ် ဖြည့်ပေးသလို အရွယ်တင်စေဖို့ အားဖြည့်ပေးပါတယ်။ အသားအရေ နူးညံ့စေပြီး […]


အသားအရေ ထိန်းသိမ်းခြင်း

နေလောင်ဒဏ် ကို ဘယ်လိုကာကွယ်မလဲ

နေပူကျဲကျဲကို ထွက်မိတဲ့အခါ ချွေးတလုံးလုံး အသားတွေ ပူစပ်ပြီး ဆိုးရွားတဲ့ဝေဒနာမျိုး ခံစားကြရဖူးတယ် မဟုတ်လား။ မြန်မာပြည်လို အပူပိုင်းဒေသတိုင်းပြည်တစ်ခုမှာ နေပူတာ အထူးအဆန်းမဟုတ်ဘူးဆိုပေမယ့် ပြင်းထန်တဲ့ နေလောင်ဒဏ် ကြောင့် ကျန်းမာရေးပြဿနာတွေ ကြုံဆုံရတတ်ပါတယ်။ အထူးသဖြင့်တော့ အရေပြားကင်ဆာပေါ့။ ဒီလိုကျန်းမာရေးပြဿနာမျိုးကို ရင်မဆိုင်ချင်ဘူးဆိုရင် နေရောင်ခြည်နဲ့ အရေပြား တိုက်ရိုက်ထိတွေ့ရာမှာ ဂရုစိုက်ပြုမူရမှာတွေရှိနေတာကို သိနားလည်ထားဖို့ လိုအပ်မှာပါ။ အရေပြားဟာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအစိတ်အပိုင်းဖြစ်ပြီးတော့ နုနယ်တဲ့အစိတ်အပိုင်းတစ်မျိုးလည်းဖြစ်ပါတယ်။ နေရောင်ခြည်က UV တွေကို တိုက်ရိုက်စုပ်ယူမိတဲ့အခါ အရေပြားကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ကြုံဆုံရတတ်ပါတယ်။ ဒါတွေကိုကာကွယ်နိုင်ဖို့ဆိုရင် အောက်ပါအချက်တွေကို သတိထားလိုက်နာဖို့ လိုအပ်ပါတယ်။ နေလောင်ဒဏ် ကို ကာကွယ်နိုင်ဖို့ နေရောင်ပြင်းပြင်းနဲ့ တိုက်ရိုက်ထိတွေ့ချိန်ကို လျှော့ချပါ။ မနက် ၁၀ နာရီနဲ့ ၄ နာရီအကြားမှာ အပြင်ထွက်သွားလာတာမျိုးကို လျှော့ချဖို့ လိုအပ်ပါတယ်။ ဒီကာလတွေမှာ မလိုအပ်ပဲ အပြင်မထွက်ပါနဲ့။ နေရောင်ခြည်ဟာ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

DHT ဟော်မုန်းကို တားမြစ်ပေးပြီး ဆံပင်သန်စေမည့် အစားအသောက် ၆ မျိုး

DHT ဆိုတာကတော့ Dihydrotestosterone ဟော်မုန်းကို အတိုကောက်ခေါ်ဝေါ်တာဖြစ်ပြီး အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ ဆံပင်ကျွတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အဆိုပါဟော်မုန်းဟာ တက်စတိုတုန်းဟော်မုန်းနဲ့ ဆင်တူပါတယ်။ သင့်ကိုယ်ခန္ဓာဟာ တက်စတိုစတီရုန်းဟော်မုန်းရဲ့ ၅ရာခိုင်နှုန်းခန့်ကို 5-Alpha redustase လို့ခေါ်တဲ့ အင်ဇိုင်းကို အသုံးပြုပြီး DHT အဖြစ် ပြောင်းလဲပါတယ်။ အစားအစာတချို့ဟာ အဆိုပါအင်ဇိုင်းကို တားဆီးပေးပြီး DHT ဖြစ်ပေါ်မှုကို လျော့နည်းစေပါတယ်။ ဒါကြောင့် သဘောတရားအရ ဆံပင်ကျွတ်ခြင်းကိုလည်း ကာကွယ်နိုင်တယ်လို့ ယူဆနိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ DHT ဟော်မုန်းကို တားဆီးပေးပြီး ဆံပင်ကျွတ်ခြင်းကို သက်သာစေမယ့် အစားအသောက်တွေပဲ ဖြစ်ပါတယ်။ ၁။ Green Tea Green Tea မှာ epigallocatechin gallate (EGCG) လို့ခေါ်တဲ့ ဓာတ်တစ်မျိုးပါဝင်ပါတယ်။ အဆိုပါ EGCG ဟာ ကိုယ်အလေးချိန်ထိန်းပေးခြင်း၊ နှလုံးနဲ့ဦးနှောက်ကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း