လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မှုကိစ္စတွေ၊ လိင်စိတ်ဖြစ်ပေါ်ပုံနဲ့ ကျန်းမာပျော်ရွှင်စရာကောင်းတဲ့ လိင်မှုဘဝစတာတွေကို ဒီမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရွယ်ရောက်ပြီးသူတိုင်းနဲ့ သက်ဆိုင်ပါတယ်။  လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေကို မှန်ကန်စွာ ရရှိထားမှ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အထိအခိုက် ကင်းကင်းနဲ့ တည်ဆောက်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နိုင်စေဖို့ ကိုယ်တိုင်ရဲ့ လိင်မှုရေးရာ သိရှိထားမှုတွေက မှန်ကန်ရဲ့လား ဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း အတူတူ အဖြေထုတ်ကြည့်ဦးစို့နော်။ ကဲ ....... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား ......... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား လိင်မှုရေးရာ အမှန်အမှား အဖြေမထုတ်ခင် မေးခွန်းလေးတွေကို အရင် သေချာအောင် ဖတ်ကြည့်ပေးပါနော်။ ၁. တစ်ကိုယ်ရေ အာသာဖြေတာက စိတ်ဖိစီးမှု သက်သာစေတာ အပြင် များစွာသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ၂. လူတစ်ယောက်မှာ လိင်ကတဆင့် […]

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ ကို ရှာဖွေမည်။

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ဖုန်းနဲ့ ချစ်တင်းနှောခြင်းရဲ့ အံ့သြဖွယ်အချက်များ

ဖုန်းနဲ့ ချစ်တင်းနှောခြင်းဟာ ယနေ့ခေတ်မှာ အလွန်ခေတ်စားလာတဲ့ အလေ့အထ တစ်ခုပါ။ အထူးသဖြင့် LDRS ဝေးကွာနေတဲ့ ချစ်သူရည်းစားတွေ အသုံးပြုတာများပါတယ်။ ဒါပေမဲ့ Phone Sex (Sex Chat)ခြင်းဟာ ငယ်ရွယ်သေးတဲ့ (အသက်မပြည့်သေးသူ)ဆယ်ကျော်သက် တွေအတွက်တော့ အနှုတ်သဘော ဆောင်တဲ့ဆိုးကျိုးတွေ ရှိလာပါတယ်။ Sex chat ခြင်းကို တလွဲ အသုံးပြုမယ်ဆိုရင်တော့ ကျန်းမာရေးနဲ့ သမီးရည်းစား ဆက်ဆံရေးမှာ ဆိုးရွားတဲ့ အကျိုးသက် ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ Sex chat ခြင်းသာမကပါဘူး၊ လူတွေဟာ မိမိတို့ရဲ့ လိင်စိတ်ဆန္ဒတွေကို ပြည့်ဝစေဖို့ လိင် ကိရိယာ (Sex toy) တွေကိုတောင် အသုံးပြုလာကြပါတယ်။ ဒါဟာ နောက်ဆုံးပေါ် တီထွင်ဆန်းသစ်ခြင်းပါ။ လူငယ်တွေမှာ ခေတ်စားလာတဲ့ ဖုန်းထဲကနေ လိင်ဆက်ဆံခြင်း (Sex Chat)လို့ပြော […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

နေ့တစ်နေ့တာရဲ့ ဘယ်အချိန်ဟာ အတူတူနေလို့ အကောင်းဆုံးလဲ

ဒီမေးခွန်းကို ဖြေတဲ့နေရာမှာ အမျိုးမျိုး သဘောထားကွဲလွဲနိုင်ခြေရှိပါတယ်။ ဒါဟာ ကျွန်တော်တို့ ဟိုးအရင်ထဲက ကိုယ့် အကြောင်းပြချက်နဲ့ကိုယ်၊ ကိုယ့်အကြိုက်နဲ့ကိုယ် ငြင်းကြခုန်ကြတာ ယနေ့ထိပါပဲ။ အထူးသဖြင့်တော့ အမျိုးသားထုကြီးနဲ့ အမျိုးသမီးထုကြီးဟာ ဒီနေရာမှာ အကြိုက်က လုံးဝကွဲပြားနေပါတယ်။ ဟုတ်ပါတယ်။ အမျိုးသားတွေရဲ့ အတူတူနေဖို့ စိတ်အပါဆုံးအချိန်ဟာ အိပ်ရာနိုးနိုးချင်း မနက်ပိုင်း ဖြစ်ပြီး အမျိုးသမီးတွေကတော့ အိမ်မှုကိစ္စ အဝဝကို လုပ်ဆောင်ပြီးသွားလို့ နားရတဲ့အချိန်၊ ကလေးတွေကို သိပ်ပြီးချိန်ဖြစ်တဲ့ ညပိုင်းဖြစ်ပါတယ်တဲ့။ ဘာလို့ ဒီလိုမတူကွဲပြားနေရသလဲဆိုတာကတော့ အကြောင်းရင်းတွေ ရှိပါတယ်။ ဒါတွေကို အပြန်အလှန် နားလည်သဘောပေါက်ပြီး အဆင်ပြေအောင် ညှိယူကြမယ်ဆိုရင် သာယာပျော်ရွှင်တဲ့ အိမ်ထောင်သည်ဘဝကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ ၁. ကျားဟော်မုန်း (testosterone) အမျိုးသားတွေရဲ့ ကျားဟော်မုန်း (testosterone) ဟာ မနက် ၆နာရီနဲ့ ၉နာရီ ကြားမှာ အမြင့်ဆုံးဖြစ်တဲ့ အတွက် ကျားလိင်အင်္ဂါထောင်မတ်ဖို့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ကြုံရဆုံရ လိင်မှုကိစ္စ ပြဿနာတွေကို တိုင်ပင်ဖို့ဆိုရင်

ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ လူအများစုက သူတို့ရဲ့ ဘဝမှာ တစ်ကြိမ်တစ်ခါလောက်တော့ လိင်မှုကိစ္စနဲ့ ပတ်သက်လာရင် အခက်အခဲတွေ ကြုံလာရတတ်ပါတယ်။ ဒီအခက်အခဲတွေဟာ စိတ်ပိုင်းဆိုင်ရာကြောင့်လည်း ဖြစ်နိုင်သလို ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေရဲ့ နောက်ဆက်တွဲကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အိမ်ထောင်သည်တွေအတွက် သီးသန့်မဟုတ်ဘဲ ချစ်သူရည်းစား ရှိသူတွေ၊ လူပျို လူလွတ်တွေမှာလည်း လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး အခက်အခဲတွေ ရှိနိုင်ပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းပေးဖို့ Sex Therapy ကုထုံးတွေ လိုအပ်လာပါတယ်။ Sex Therapy ဆိုတာ ဘာလဲ။ လူတစ်ဦး တစ်ယောက်ချင်းစီ သို့မဟုတ် စုံတွဲတွေမှာ ရှိနေတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ရေးကိုယ်တာ ပြဿနာတွေကို ရှာဖွေဖော်ထုတ်ပြီး ဒီပြဿနာတွေက သူတို့ရဲ့ လိင်မှုဘဝအပေါ် ဘယ်လို မကောင်းတဲ့ သက်ရောက်မှု ဖြစ်စေလဲ၊ ဒီပြဿနာတွေကို ပျောက်အောင် ဘယ်လို […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အိပ်ရာပေါ်မှာ အမျိုးသမီးတွေကျူးလွန်တတ်တဲ့ အပြုအမူမှား ၆ ခု

ချစ်မှုရေးရာနဲ့ အိမ်ထောင်ရေးဘဝအကြောင်း ပြောဆိုဆွေးနွေးကြတဲ့အခါမျိုးမှာ အိမ်ရာပေါ်က အပြုအမူတွေကလည်း ချန်လှပ်ထားလို့မရတဲ့ အရေးပါတဲ့ကိစ္စ ဖြစ်ပါတယ်။ အိပ်ရာပေါ်က ကိစ္စတွေဟာ ချစ်ရည်လူးကြတဲ့ မောင်နှံနှစ်ဦးရဲ့ နှစ်ကိုယ်ကြားကိစ္စဆိုပေမယ့် တစ်ခါတရံမှာတော့ အဆိုပါ တိုးတိုးတိတ်တိတ်ကိစ္စတွေကပဲ ကြင်သူနှစ်ဦးအကြား ကတောက်ကဆဖြစ်စရာလေးတွေ၊ အဖုအထစ်လေးတွေ ဖြစ်လာစေနိုင်တာကို သတိမူဖို့ လိုအပ်ပါတယ်။ ကြင်သူနှစ်ဦး သံဝါသခြင်းအမှုကို ပြုကြတဲ့အခါမျိုးမှာ တစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့ စိတ်ကျေနပ်နှစ်သက်မှုနဲ့ အထိအတွေ့အပေါ်သာယာမှုနဲ့တင်မပြည့်စုံပါဘူး၊ နှစ်ဦးစလုံးမှာ အထွတ်အထိပ်ခံစားချက်နဲ့ အပြန်အလှန်ကြင်နာယုယမှုနဲ့ နားလည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်နိုင်မှုကိုလည်း ပြသနိုင်ဖို့ လိုအပ်ပါတယ်။ “အတူအိပ်တာပဲ၊ အဓိက က အဓိက ပဲ” လို့ အလွယ်တကူပြောလို့ မရပါဘူး။ အပြန်အလှန် အပေးအယူ မမျှခဲ့ရင် တစ်ချိန်ချိန်မှာ တစ်ဦးအပေါ် တစ်ဦး စိတ်ကွက်တာမျိုး၊ စိတ်လိုမကျတာမျိုးတွေ ဖြစ်လာနိုင်သလို နှစ်ဦးအကြား ဆက်ဆံရေးမှာလည်း အဖုအထစ်တွေ အဆင်မပြေမှုတွေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ကလေးမွေးပြီး လိင်ဆက်ဆံရန် အထောက်အကူပြုနည်းလမ်းများ

အမျိုးသမီးတွေဟာ ကလေးမွေးဖွားသန့်စင်ပြီးနောက် ကာလအတော်ကြာတဲ့အထိ လိင်ဆက်ဆံဖို့ကို ကြောက်ရွံ့ နေတတ်ကြပါတယ်။ လိင်စိတ်ဟာလည်း ကုန်ခမ်းနေတတ်ကြပါတယ်။ ဒါဟာအကြောင်းအရာအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ရိုးရိုးမွေးသည်ဖြစ်စေ၊ ဗိုက်ခွဲမွေးသည်ဖြစ်စေ၊ ကျန်ခဲ့တဲ့ဒဏ်ရာတွေကြောင့် နာကျင်မှုကို ပိုကြောက်တတ်ကြတာဖြစ်နိုင်ပါတယ်။ မွေးကင်းစကလေးကို ထိန်းကျောင်းရတဲ့ ညတွေ မှာ အိပ်ရေးပျက်ရတာကြောင့်လည်းဖြစ်နိုင်သလို နို့တိုက်တဲ့အခါမှာ ဟော်မုန်းအပြောင်းအလဲဖြစ်ပွားမှု ကြောင့်လည်းဖြစ်နိုင်ပါတယ်။ ကလေးမွေးပြီး လိင်ဆက်ဆံရန် အထောက်အကူပြုနည်းလမ်းများ မွေးကင်းစကလေးရဲ့ အညစ်အကြေး၊ အနံ့အသက်နဲ့ မိန်းမကိုယ်က သွေးဆင်းတဲ့အနံ့အသက်တွေကြောင့် စိတ်မပါတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်နေရာကနေ လိင်ပြန် ဆက်ဆံတဲ့အခါ အခက်အခဲတွေ အများကြီးကြုံတွေ့ရနိုင်ပါတယ်။ အောက်ဖော်ပြပါနည်းလမ်းတွေ ကတော့ ကလေးလေးတစ်ယောက်ကို မွေးဖွားအပြီးမှာ သင်နဲ့သင့်အိမ်ထောင်ဖက် ပြန်လည်ချစ်ခင် ပေါင်းစည်းပေးနိုင်ဖို့ နည်းလမ်းကောင်းလေးတွေပါ။ မီးစိမ်းရောက်အောင်စောင့်ပါ ။    ။ ဆိုလိုရင်းကတော့ သင် ဆရာဝန်ထံကနေ ခွင့်ပြုချက်တောင်းပါ။ အနည်းငယ်တော့ နားရှုပ်သွားပါလိမ့်မယ်။ ဒါဟာဘာကို ပြောချင်တာလဲဆိုရင် ရိုးရိုးမွေးသည်ဖြစ်စေ၊ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်စိတ်ဆန္ဒနည်းပါးခြင်း အကြောင်းအရင်းများ

လိင်စိတ်နည်းပါးခြင်း၊ လိင်မှုကိစ္စကို စိတ်မဝင်စားခြင်းဟာ တစ်ကြိမ်မဟုတ်တစ်ကြိမ် ကြုံတွေ့နိုင်တဲ့ ပြဿနာဖြစ်ပါတယ်။ မိမိအဖော်နဲ့ စိတ်ဆန္ဒမကိုက်ညီခြင်း၊ စိတ်အားထက်သန်ပုံ မတူညီခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ စိတ်ဆန္ဒမပါခြင်းဟာ တစ်ခါတစ်ရံမှသာဆိုရင် ပြဿနာမရှိပေမယ့် ရေရှည်မှာဆိုရင် ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ အမျိုးသားတွေမှာ လိင်စိတ်ဆန္ဒနည်းပါးလာရတဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ်။ တက်စတိုစထရုန်းနည်းပါးခြင်း တက်စတိုစထရုန်းဟာ အမျိုးသားဟော်မုန်းဖြစ်ပြီး ဝှေးစေ့ကနေ ထုတ်လုပ်ပါတယ်။ အမျိုးသားများ ကြွက်သားနဲ့ အရိုးများဖွဲ့စည်း ဖြစ်ပေါ်ရေးအတွက် အဓိကကျပါတယ်။ သုက်ပိုးများ ထုတ်လုပ်နိုင်ဖို့ လှုံ့ဆော်ပေးပါတယ်။ တက်စတိုစထရုန်းပမာဏဟာ အပြောင်းအလဲ အတက်အကျရှိပေမယ့် 300 ng/dl ထက် နည်းနေမယ်ဆိုရင် တက်စတိုစထရုန်း ပမာဏ နည်းတယ်လို့ သတ်မှတ်ပါတယ်။ တက်စတိုစထရုန်း နည်းပါးသွားတဲ့ အမျိုးသားများဟာ လိင်စိတ်ဆန္ဒကျဆင်းသွားတတ်ပါတယ်။ ဆေးဝါးများ ဆေးဝါးတချို့ဟာ တက်စတိုစထရုန်းပမာဏကို ကျဆင်းစေနိုင်ပါတယ်။ အဲဒီအခါ လိင်စိတ်ပါ ကျဆင်းသွားတတ်ပါတယ်။ ဥပမာ သွေးကျဆေးတွေဖြစ်တဲ့ ACEI […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ပိုမို စိုပြည်ကောင်းမွန်သော လိင်မှုဘဝသို့

ကြင်ဖော်စုံတွဲတွေအနေနဲ့ လိင်ကိစ္စမှာ အပြောင်းအလဲမရှိဘဲ ထပ်တလဲလဲနဲ့ ရိုးအီလာရင် ငါတို့ပဲ ဖြစ်နေသလားဆိုပြီး ထင်တတ်ကြပါတယ်။ တကယ်တော့ စုံတွဲတိုင်း တစ်ချိန်ချိန်မှာ ကြုံတွေ့တတ်တဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ ချစ်သက်ကြာလာရင် ပြောနေတဲ့ စကားတွေပါ ခြောက်သွေ့လာသလို ရှိပါတယ်။ ရင်းနှီးပွင့်လင်းခြင်းဟာ လိင်စိတ်ဆန္ဒ စေ့ဆော်ခြင်းကို အသုံးသတ်စေတယ်လို့ သုတေသီတစ်ဦးက ပြောဖူးပါတယ်။ တစ်ဦးအပေါ်တစ်ဦး အတွင်းကျကျသိမြင်လာချိန်မှာ ရင်ခုန်စိတ်လှုပ်ရှားစရာတွေ လျော့နည်းသွားကြတယ်လို့ ဆိုပါတယ်။ အခု ဆက်လက်ဖော်ပြမှာကတော့ လိင်မှုကိစ္စမှာ စိတ်အားထက်သန်မှုလျော့နေရင် ဘယ်လိုပြန်လည် စေ့ဆော်သင့်သလဲ ဆိုတာတွေပါပဲ။ ၁။ သင့်ကိုယ်ခန္ဓာရဲ့ စွမ်းအင်တွေကို နည်းလမ်းအသစ်နဲ့ ဖွင့်ထုတ်ပါ အဲလိဆန်မွန်းလို့ အမည်ရတဲ့ သုတေသီဟာ ကခုန်ဖို့၊ ယောဂလေ့ကျင့်ခန်းလုပ်ဖို့ အကြံပြုပါတယ်။ တစ်နည်းအားဖြင့် မိမိကိုယ်ခန္ဓာကို သန်မာအောင်၊ ပျော့ပြောင်းအောင် လေ့ကျင့်ခြင်းအပြင် အပြောင်းအလဲလုပ်ရာလည်း ရောက်ပါတယ်။ မိမိအဖော်အတွက်လည်း ပိုမိုဆွဲဆောင်ရာ ရောက်ပါတယ်။ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ကိုယ်ခံအား ကောင်းချင်ရင် လိင်ဆက်ဆံပါ

ကိုဗစ်ကိုကြောက်လို့ အိမ်မှာ နေနေရတယ်မလား။ ဘာမှလည်း လုပ်စရာမရှိဘူးမလား။ ကိုယ်ခံအား ကောင်းရင် ကိုဗစ်ကို ကာကွယ်နိုင်တယ်ဆိုတာတွေလည်း ကြားဖူးတယ်မလား။ ဒါဆိုရင် အလွယ်ဆုံးနည်းလမ်းတစ်ခုရှိတယ်။ အိမ်မှာနေနေရတဲ့ အိမ်ထောင်သည်တွေတော့ အရမ်းသဘောကျကြမှာပဲ။ ဒါကတော့ ခေါင်းစဉ်လေးထဲကအတိုင်း ကိုယ်ခံအား ကောင်းချင်ရင် လိင်ဆက်ဆံပါ။ ကိုယ်ခံအား ကောင်းချင်ရင် လိင်ဆက်ဆံပါ။ ကိုယ်ခံအား ကောင်းချင်ရင် လိင်ဆက်ဆံပါ။ ဒီလိုပြောရတာက ၁။ လိင်ဆက်ဆံခြင်းက ကိုယ်ခံအား စနစ်ကို ကောင်းစေတယ် ဒါက နောက်တာမဟုတ်ပါဘူး။ တမင်ဖတ်ကောင်းအောင်ရေးတာလည်းမဟုတ်ဘူး။ “လိင်ပိုင်းဆိုင်ရာ တက်ကြွသူတွေက ဖျားနာခွင့်ယူတာ နည်းတယ်” လို့ လိင်ကျန်းမာရေးဆိုင်ရာ လေ့လာချက်တွေမှာဆိုထားပါတယ်။ လိင်ဆက်ဆံမှု များတဲ့သူတွေမှာ ရောဂါဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ် ဘက်တီးရီးယားနဲ့ တခြားပိုးမွှားတွေရန်ကနေ ကာကွယ်နိုင်တဲ့ ကိုယ်ခံအားပိုကောင်းတယ်လို့ဆိုပါတယ်။ အနည်းဆုံး တစ်ပတ်မှာ တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် လိင်ဆက်ဆံတဲ့သူတွေဟာ အဲဒီထက် အကြိမ်ရေနည်းနည်း ဆက်ဆံသူတွေထက် ရောဂါကာကွယ်တဲ့ ပဋိပစ္စည်း […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံပြီးတိုင်း လုပ်ရမှာလေးတွေ

ယောကျ်ားလေးနဲ့ မိန်းကလေးအတူ လိင်ဆက်ဆံပြီးတဲ့အချိန်မှာ ကျန်းမာရေးအတွက် ဘာတွေလုပ်သင့်လဲ ဆိုတာသိပါသလား။ စိတ်ဆန္ဒ ပြင်းပြလို့ အတူနေပြီးရင် နောက်ဆက်တွဲ ဂရုစိုက်ရမယ့် အချက်လေးတွေကို ပြောပြပေးသွားမှာမို့ လေ့လာကြည့်ပါအုံး။ လိင်ဆက်ဆံပြီးတိုင်း လုပ်ရမှာလေးတွေ က ဘာတွေများ ဖြစ်မလဲ။ လိင်ဆက်ဆံပြီးတိုင်း လုပ်ရမှာလေးတွေ လိင်ဆက်ဆံပြီးတိုင်း လုပ်ရမှာလေးတွေ ကတော့ ၁. ဆီးသွားလိုက်ပါ လိင်ဆက်ဆံချိန်မှာ ဘက်တီးရီးယားပိုးတွေက ဆီးလမ်းကြောင်းထဲ ဝင်ရောက်သွားနိုင်ပါတယ်။ ဆီးမသွားဘဲ ထားလိုက်မယ်ဆို ပိုးတွေပိုပွှားလာပြီး ဆီးလမ်းကြောင်းထဲအထိ ပိုးဝင်သွားနိုင်တဲ့အတွက် ဆန္ဒပြီးမြောက်သွားရင် ဆီးသွားသင့်ပါတယ်။ ဆီးသွားလိုက်တာကြောင့် ဆီးလမ်းကြောင်းထဲက ပိုးတွေကို စွန့်ထုတ်ပစ်လိုက်သလို ဖြစ်သွားစေမှာပါ။ မိန်းကလေးတွေဆိုရင်တော့ ဆီးသွားပြီးရေပြန်သုတ်ရင် အရှေ့(မိန်းမကိုယ်) ကနေ အနောက်ဖက် (စအို) ကိုသုတ်ပါ။ ဒါမှ ပိုးတွေမပျံ့မှာဖြစ်ပါတယ်။ ၂. ရေသေချာဆေးပါ လိင်ဆက်ဆံပြီးတာနဲ့ ရေတန်းချိုးဖို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမဲ့ လိင်အင်္ဂါတွေကိုတော့ ဆက်ဆံပြီးတိုင်း သေချာဆေးကြောပေးရပါမယ်။ ဒီလိုဆေးပေးခြင်းက […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ဂျီစပေါ့ ရှာပုံတော်

(အရွယ်ရောက်ပြီးသူများသာ ဖတ်သင့်ပါတယ်) G spot ဆိုတာကို တော်တော်များများကြားဖူးလိမ့်မယ်။ ယောကျ်ားလေးတွေရော မိန်းကလေးတွေရောပေါ့။ မိန်းမကိုယ်အတွင်းထဲမှာရှိတဲ့ ဒီနေရာက မိန်းကလေးတွေမှာ သာမန်ထက်ပိုမိုပြင်းထန်တဲ့ အထွဋ်အထိပ်ရောက်မှု ခံစားချက်ကိုဖြစ်စေနိုင်တယ်လို့ အစဉ်အဆက်ယုံကြည်ကြတယ်။ အဲဒီအတွက် အမျိုးသမီးတွေကလည်း ဂျီစပေါ့ဆိုတာ သူတို့ကိုတကယ်ပဲ သာမန်ထက်ပိုတဲ့ပြီးမြောက်မှုမျိုး ခံစားရစေနိုင်လားဆိုတာကို သိချင်ကြသလို ယောကျ်ားတွေမှာလည်း ဂျီစပေါ့ကို နှိုးဆွပြီး ပြီးမြောက်အောင်ပြုလုပ်နိုင်ခြင်းက ကျွမ်းကျင်မှုရှိတယ်၊ မိန်းမကျမ်းကျေတယ်ဆိုတာမျိုးကို ရည်ညွှန်းပြီး အမျိုးသမီးတွေသဘောကျတယ်လို့ ယူဆကြတဲ့အတွက်ကြောင့် ဂျီစပေါ့ကို ရှာဖွေကြတယ်။ ဂျီစပေါ့ ဆိုတာဘာလဲ။ G spot ဆိုတာက Grafenberg spot ကိုအတိုကောက်ခေါ်တာဖြစ်ပါတယ်။ ဂျာမန်လူမျိုး ဆရာဝန်နဲ့ သိပ္ပံပညာရှင် Ernst Grafenberg ဆိုသူက လေ့လာရှာဖွေခဲ့တာဖြစ်တဲ့အတွက်ကြောင့် သူ့နာမည်ကိုအစွဲပြုပြီး G spot (ဂျီစပေါ့) လို့ခေါ်တာပါ။ ဒီနေရာက တကယ်ရှိမရှိဆိုတာနဲ့ပတ်သက်ပြီး အခုချိန်ထိအငြင်းပွားမှုတွေ တပုံတပင်ရှိနေပြီး ၂၀၁၇ခုနှစ်မှာဆိုရင် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း