လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မှုကိစ္စတွေ၊ လိင်စိတ်ဖြစ်ပေါ်ပုံနဲ့ ကျန်းမာပျော်ရွှင်စရာကောင်းတဲ့ လိင်မှုဘဝစတာတွေကို ဒီမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရွယ်ရောက်ပြီးသူတိုင်းနဲ့ သက်ဆိုင်ပါတယ်။  လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေကို မှန်ကန်စွာ ရရှိထားမှ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အထိအခိုက် ကင်းကင်းနဲ့ တည်ဆောက်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နိုင်စေဖို့ ကိုယ်တိုင်ရဲ့ လိင်မှုရေးရာ သိရှိထားမှုတွေက မှန်ကန်ရဲ့လား ဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း အတူတူ အဖြေထုတ်ကြည့်ဦးစို့နော်။ ကဲ ....... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား ......... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား လိင်မှုရေးရာ အမှန်အမှား အဖြေမထုတ်ခင် မေးခွန်းလေးတွေကို အရင် သေချာအောင် ဖတ်ကြည့်ပေးပါနော်။ ၁. တစ်ကိုယ်ရေ အာသာဖြေတာက စိတ်ဖိစီးမှု သက်သာစေတာ အပြင် များစွာသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ၂. လူတစ်ယောက်မှာ လိင်ကတဆင့် […]

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ ကို ရှာဖွေမည်။

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

တစ်ကိုယ်ရည် အာသာဖြေရင် ဝိတ်ကျနိုင်သလား

တစ်ကိုယ်ရည် အာသာဖြေတယ် (Masturbation) ဆိုတာဟာ အမျိုးသားတွေရော အမျိုးသမီးတွေပါ တစ်ကိုယ်တည်းရှိနေပြီး လိင်စိတ်ဆန္ဒ ရှိနေချိန်မျိုးမှာ ပြုမူတတ်ကြတဲ့ လိင်အပြုမူတစ်မျိုးပါ။ လူတိုင်းနီးပါး အာသာဖြေခြင်းကို အသက်အရွယ်တစ်ခု ရောက်ရင်လုပ်တတ်ကြပါတယ်။ အာသာဖြေတာနဲ့ ပတ်သက်ပြီး အယူအဆ အမှား၊ အမှန်တွေ အမျိုးမျိုးရှိကြပေမယ့် တကယ့်အဖြစ်မှန်ကတော့ တစ်ကိုယ်ရည် အာသာဖြေတယ်ဆိုတာဟာ လူ့ဖြစ်စဉ်တစ်ခုထဲက ပုံမှန်ဖြစ်စဉ်တစ်ခုသာ ဖြစ်ပါတယ်။ လိင်ကျန်းမာရေးဆိုင်ရာ အသိပညာနည်းပါးတဲ့ မြန်မာပြည်မှာတော့ တစ်ကိုယ်ရည် အာသာဖြေတာကို အပြစ်ကြီးတစ်ခုလို ရှုမြင်တတ်တဲ့ အယူအဆမျိုးရှိကြသလို မကောင်းတဲ့ ကိစ္စတစ်ခုကျူးလွန်သလို ရှုမြင်ကတာမျိုးလည်း ရှိနေကြဆဲပါတယ်။ ဒါပေမယ့် အာသာဖြေတာကို ရှောင်လွှဲပြီးနေထိုင်ကြတဲ့လူတွေရယ်လို့ မရှိသလောက်ပါပဲ။ အထူးသဖြင့် အမျိုးသားတွေမှာပေါ့။ Masturbation လုပ်တာနဲ့ ပတ်သက်တဲ့ ထင်မြင်ချက်တွေ၊ အယူအဆတွေထဲမှာ အာသာဖြေတာက ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်တယ်ဆိုတဲ့ အယူအဆလည်း ရှိနေပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သုံးသပ်ချက်အမျိုးမျိုးရှိထားပေမယ့် ဆေးသိပ္ပံနည်းနည်းနဲ့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အိပ်ရာပေါ်မှာ ကျေနပ်မှု လိုချင်တယ်ဆိုရင် အတွေးအခေါ်ကို အရင်ပြောင်းပါ

ကမ္ဘာပေါ်မှာရှိတဲ့ လူပေါင်းမြောက်များစွာက လိင်ကိစ္စကို ရိုးရိုးရှင်းရှင်းတွေးတတ်ကြပါတယ်။ တည့်တိုးတွေးတယ် ဆိုရမလားပဲ။ ထိတွေ့မယ်၊ ဆက်ဆံမယ်။ ပြီးမြောက်မယ်။ ဘယ်လိုနည်းလမ်းတွေနဲ့ ဘယ်လို ဆန်းပြားစွာ ပြုမူကြတယ်ဆိုဆို သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က ပြီးမြောက်ဖို့ပါပဲ။ ပြီးမြောက်သွားရင် ပင်ပန်းနွမ်းနယ်စွာနဲ့ အနားယူကြမယ်။ ဒါက လိင်ကိစ္စရဲ့ အဓိက ရည်မှန်းချက်လား။ လိင်မှုဆိုင်ရာသဘောသဘာဝမှာ ဒီနည်းလမ်းက သင့်ကို ပြဿနာတွေ အများကြီးဖန်တီးနိုင်တယ်လို့ ဆိုထားပါတယ်။ Psychologist တွေနဲ့ Sex Therapist တွေရဲ့ အဆိုအရ လူတွေ လိင်ကို စွဲလမ်းတိမ်းညွတ်ကြ၊ ဆက်ဆံကြတာဟာ ပြီးမြောက်မှုအတွက် မဟုတ်ပါဘူး။ တကယ့် စိတ်ကျေနပ်မှုကို ရှာဖွေဖို့ပါတဲ့။ ဒီလိုမဟုတ်ပဲ တစ်ဦးချင်းပြီးမြောက်မှုကိုသာ ဦးတည်နေမယ်ဆိုရင် လူတွေအမှန်တကယ်လိုချင်တဲ့ အိပ်ရာပေါ်မှာ ကျေနပ်မှု နဲ့ ကင်းကွာနေလိမ့်မယ်လို့ ဆိုပါတယ်။ နီးနီးလေးနဲ့ ဝေး တစ်ယောက်နဲ့ တစ်ယောက် ချစ်ခြင်းမေတ္တာနဲ့ သံယောဇဉ်ခိုင်မြဲဖို့ဆိုရင် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လေဒီတို့ ပြီးမြောက်ဖို့ ခက်ခဲနေတာ ဘာကြောင့်လဲ

ဆန္ဒရှိပြီး အမျိုးသားနဲ့ဆက်ဆံပေမဲ့ ပြီးမြောက်ဖို့ အခက်အခဲဖြစ်နေတဲ့ လေဒီတို့အတွက် ဒီဆောင်းပါးလေးကို ရည်ရွယ်ရေးသားထားတာ ဖြစ်ပါတယ်။ “လိင်” ဆိုတဲ့စကားကြားတာနဲ့ အတော်များများက ညစ်ညမ်းစကားလို့ အထင်မှားနေကြတုန်းပါ။ တကယ်တော့ လိင်စိတ်ဆိုတာ သွေးသားဆန္ဒနဲ့ ဆက်စပ်နေတာမို့ လူတိုင်းနဲ့သက်ဆိုင်ပါတယ်။ ဘာမှအလွန်အကျူးရှက်စရာ၊ ကြောက်စရာ ကိစ္စတစ်ခု မဟုတ်ပါဘူး။ ယောကျ်ားလေးရော၊ မိန်းကလေးရောအတွက် တစ်ကိုယ်ရည်အာသာဖြေတယ်၊ သွေးသားဆန္ဒဖြေဖျောက်တယ် ဆိုတာလည်း သဘာဝပါပဲ။ ဒါပေမဲ့ တချို့တွေမှာတော့ အာသာဖြေရင်းပဲဖြစ်ဖြစ်၊ လိင်ဆက်ဆံရင်းပဲဖြစ်ဖြစ် လိင်ဆန္ဒပြီးမြောက်သွားဖို့ အခက်အခဲ ရှိတတ်ကြပါတယ်။ ယောကျ်ားလေးတွေမှာလည်း အလားတူအခြေအနေ ဖြစ်တတ်ပေမဲ့ ဒီဆောင်းပါးကတော့ မိန်းကလေးတွေအတွက် အဓိကရည်ရွယ်ပါတယ်။ လိင်စိတ်အထွတ်အထိပ်ရောက်တယ် (ဒါမှမဟုတ်) ဆန္ဒပြည့်မြောက်တယ်ဆိုတာ  စာတစ်ကြောင်းတည်းနဲ့ အတိုဆုံးပြောရင် မိမိဖာသာ အာသာဖြေရင်း (ဒါမှမဟုတ်) လိင်ဆက်ဆံရင်း လိင်စိတ်ထကြွမှု အဆုံးစွန်ရောက်ပြီး အလွန်အမင်း ကျေနပ်ပျော်ရွှင်သွားတဲ့ အခိုက်အတန့်လို့ဆိုရမှာပါ။ ဒါပေမဲ့ တကယ်တမ်း […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံနေစဉ် နာကျင်ခြင်း ကို လျော့နည်းသက်သာစေဖို့

တကယ်တမ်းမှာ ပထမဆုံး အကြိမ်ကလွဲရင် နောက်ပိုင်း လိင်ဆက်ဆံတဲ့ အကြိမ်တွေမှာ နာကျင်ခြင်း၊ ဗိုက်အောင့်ခြင်းတွေ ရှိမနေသင့်တော့ပါဘူး။ အကယ်လို့ လိင်ဆက်ဆံနေစဉ် နာကျင်ခြင်း ဝေဒနာကို အမြဲတမ်း ခံစားနေရတယ်ဆိုရင်တော့ လိင်ဆက်ဆံနေတဲ့ အနေအထား မှားယွင်းတာ၊ ဒါမှမဟုတ် ကိုယ်တွင်းအင်္ဂါမှာ ချို့ယွင်းချက် ရှိနေတာလည်း ဖြစ်နိုင်ပါတယ်။ တကယ်တော့ လိင်ဆက်ဆံနေတဲ့ အချိန်မှာ နာကျင်ခြင်း၊ ရှက်ရွံ့ခြင်းတွေထက် သာယာတဲ့ ခံစားချက်မျိုးကို ကာယကံရှင်က ခံစားရမှပဲ လိင်ဆက်ဆံရတာ ပျော်စရာကောင်းတဲ့ အလုပ်တစ်ခုမှန်း နားလည်နိုင်မှာပါ။ လိင်ဆက်ဆံနေစဉ် နာကျင်ခြင်း ကို ခံစားရရင် ဒီအချက်တွေ ပြန်စစ်ကြည့်ပါ။ ၁။ ချောဆီ သုံးရဲ့လား။ မိန်းမကိုယ်က သဘာဝ ချောဆီ ထွက်တယ်ဆိုပေမယ့် အပြင်က ချောဆီအကူ ထပ်ဖြည့်ပေးရင် အဝင်အထွက် ပိုချောင်တော့ နာကျင်တာ သက်သာသွားမှာပေါ့။ အထူးသဖြင့် မိန်းမကိုယ်တင် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

မပျို့မအန်ဘဲ Blow Job ဘယ်လိုပေးနိုင်မလဲ

ချစ်သူစုံတွဲတွေ ချစ်တင်းနှောကြရင်း မိမိချစ်သူရဲ့ ဆန္ဒကို ဖြည့်စည်းဖို့ ပါးစပ်နဲ့ လိင်ဆက်ဆံ ကြတဲ့အခါမျိုးတွေရှိကြမှာပါ။ ဒီအခါ လိင်အင်္ဂါဟာ ပါးစပ်ထဲရောက်တဲ့အခါ ပျို့အန်ချင်စိတ်တွေ ပေါ်ပေါက်လာပြီး အဆင်မပြေတော့ပါဘူး။ အဖြစ်အများဆုံးက ချစ်သူရဲ့ စိတ်ဆန္ဒကို အပြည့်အဝဖြည့်ဆည်းပေးချင်ဇောနဲ့ လိင်အင်္ဂါကို လည်ချောင်းထဲထိရောက်အောင် ပါးစပ်တဆုံးသွင်းမိခြင်းပါပဲ(Deep throating)။ ဒါဟာ ရုပ်ရှင်ကား ထဲကအတိုင်း လိုက်လုပ်တာပါ။ လည်ချောင်းထဲကို လက်ညှိုးထိုးထည့်တဲ့အခါမျိုးမှာတောင် ပျို့အန်ချင်စိတ်ဖြစ်နိုင်တာမို့ Blow Job လုပ်တဲ့အခါ ပျို့အန်ချင်တာ မဆန်းပါဘူး။ Deep throating လုပ်မှ ဆန္ဒပြည့်ဝတာမဟုတ်ပါဘူး။ ကောင်းမွန်ပြီး ပညာသားပါလှတဲ့ ပါးစပ်နဲ့လိင်ဆက်ဆံခြင်း (Excellent Blow Job)ဆိုတာ လည်ချောင်းတဆုံးထိ ရောက်စရာမလိုပါဘူး။ နည်းစနစ်မှန်ကန်ဖို့သာ အရေးကြီးတာပါ။ ဘယ်လိုနည်းတွေလဲ။ (၁)    အသက်မှန်မှန်ရှူပါ။ (Breathe) ပါးစပ်ထဲမှာ လိင်အင်္ဂါနဲ့ ပြည့်သွားတဲ့အခါ အသက်ရှူဖို့ ခက်ခဲလာမှာပါ။ နှာခေါင်း […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်အင်္ဂါ အမျိုးအစား ပေါင်းစုံနဲ့ အကောင်းဆုံး ဆက်ဆံပုံအနေအထားများ

လိင်အင်္ဂါ အမျိုးအစား ပေါင်းစုံနဲ့ အကောင်းဆုံး ဆက်ဆံပုံအနေအထားများ ဒီဆောင်းပါးဟာ ယောက်ျားလေးတွေအတွက် လိင်ကျန်းမာရေးနဲ့ ပတ်သက်ပြီး အဓိက ရည်ရွယ် ရေးသားတဲ့ ဆောင်းပါးဖြစ်တာကြောင့် မိန်းကလေးများ၊ လူကြီးများနဲ့ အသက်မပြည့်သေးသော သူများရှိရင် ကျော်သွားကြဖို့ အရင်ဆုံး ပန်ကြားလိုပါတယ်ခင်ဗျ။ ယောက်ျားလေးများ သိထားသင့်တဲ့ လိင်အင်္ဂါ အကြောင်း လူတစ်ယောက်နဲ့ တစ်ယောက် ကိုယ်ခန္ဓာ အချိုးအစား မတူညီကြသလို ယောက်ျားလေးတွေမှာလည်း လိင်အင်္ဂါ အရွယ်အစား၊ ပုံစံ အနေအထား လုံးဝမတူကြပါဘူး။ ဒီအတွက် လိင်ဆက်ဆံတဲ့အခါ ကိုယ့်ရဲ့ ငယ်ပါ အနေအထားပေါ် မူတည်ပြီး ကိုယ်ရော ကိုယ့်ရဲ့ ဆက်ဆံဖော်အတွက်ပါ စိတ်ကျေနပ်မှု ရစေမယ့် အချက်တစ်ချို့ကို သိထားဖို့ အရေးကြီးပါတယ်။ တစ်ဆက်တည်းမှာပဲ အရွယ်အစားနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် အရမ်း အားမလိုအားမရ ဖြစ်တဲ့ စိတ် မဝင်စေဖို့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

Sex education ကို ဘာကြောင့် သင်ပေးရတာလဲ။

Sex education တွေ သင်တော့မယ်ဆိုတဲ့ အသံကြားတော့ တချို့တွေက ဒါကို လိင်ဆက်ဆံနည်း သင်ပေးတယ်လို့ ထင်ကြတယ်။ နာမည်ကလည်း လိင်ပညာပေး ဆိုတော့လေ။ တကယ်တော့ လိင်ပညာပေးဆိုတာ လိင်ဆက်ဆံနည်းကို သင်ပေးတာ မဟုတ်ပါဘူး။ လိင်မှုဘဝရဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကစလို့ ကိုယ့်ပါတနာကို လေးစားဖို့အထိ လူမှုဆက်ဆံရေးတွေကိုပါ သင်ပေးတာပါ။ ဒါကြောင့် နောက်ပိုင်းမှာ Comprehensive sex education ပြီးပြည့်စုံသော လိင်ပညာပေးခြင်း (CSE) လို့ ပြောင်းခေါ်လာကြပါပြီ။ ဒီဆောင်းပါးမှာ SE က ဘာကြောင့်လိုအပ်တာလဲ။ ဘာတွေကို သင်ပေးတာလဲဆိုတာ ဆွေးနွေးပေးမှာပါ။ Sex education ဆိုတာ ဘာလဲ။ Sex education ဆိုတာ လူငယ်တွေ အရွယ်ရောက်လာလို့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေနဲ့ ပတ်သတ်တဲ့ အကြောင်းတွေကို […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံခြင်းဟာ သင့်ကို ကျန်းမာစေနိုင်တယ် ဆိုရင် ယုံနိုင်မလား

လိင်ဆက်ဆံခြင်းဟာ သင့်ကို ကျန်းမာစေနိုင်တယ် ဆိုရင် ယုံနိုင်မလား ။ လိင်ဆက်ဆံခြင်းဟာ သင့်ကျန်းမာရေးကို များစွာအထောက်အကူပြုနိုင်ပါတယ်။ လိင်ဆက်ဆံခြင်းဟာ သင့်ကို ကျန်းမာစေနိုင်တယ် လိင်ဆက်ဆံခြင်းဟာ သင့်ကို ကျန်းမာစေနိုင်တယ် လို့ ဒီအချက်တွေကြောင့် ပြောရတာပါ။ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေအဖြစ်နည်းမယ်။ ပျော်ရွှင်ကျန်းမာတဲ့ လိင်မှုဘဝကို ပိုင်ဆိုင် ထားသူတစ်ယောက်ဟာ တစ်နာရီမှာ (၄)မိုင်ကနေ (၆)မိုင်ထိ လမ်းလျှောက်ပြီး လေ့ကျင့်ခန်းလုပ်နေသူတစ်ယောက်နဲ့ ညီမျှပါတယ်။ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်တဲ့ နှလုံးသွေးကြောကျဉ်းတာ မျိုး၊ လေဖြတ်တာမျိုးတွေဖြစ်ဖို့ ရာခိုင်နှုန်း နည်းပါးပါတယ်။ လိင်ဆက်ဆံနေစဉ် လှုပ်လှုပ်ရှားရှား ရှိနေမယ့်အတွက် နှလုံးခုန်နှုန်း မြင့်တက်နေမှာပါ။ ဒါဟာနှလုံး ကျန်းမာရေးအတွက် အထူးကောင်း မွန်ပြီး သက်လုံလည်း ကောင်းစေပါတယ်။ ဒါ့အပြင် ကျားဟော်မုန်း (testosterone)နဲ့ မဟော်မုန်း (estrogen)ကိုလည်း ထိန်းညှိပေးနိုင်ပါသေးတယ်။ နာကျင်မှုကို လျော့နည်းသက်သာစေပါတယ်။ သင့်ရဲ့ အိမ်ထောင်ဖက် (သို့) ချစ်သူ (သို့) ပါတနာဟာ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

သုက်လွှတ်မြန်တာ ဘယ်လိုလုပ်ရမလဲ

သုက်လွှတ်မြန်တာ ဘယ်လိုလုပ်ရမလဲ ! “ဆရာရေ...ကျွန်တော့် အခြေအနေကတော့ ဆေးကူမှရမယ်ထင်ပါတယ်...ဘယ်လောက်မှတောင်မကြာလိုက်ဘူး...” “ဆရာရေ... ကျွန်တော်က စိတ်လှုပ်ရှားတတ်တယ်...တစ်ခါတလေ တစ်မိနစ်တောင် မကြာလိုက်ဘူး....” အဲ့ဒီလိုမျိုး ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို သံသယဝင်တာတွေနဲ့ပတ်သက်ပြီး ဆွေးနွေး၊ တိုင်ပင်ပေးဖို့ခဏခဏ အကူအညီတောင်းခံရပါတယ်။ ယေဘုယျအားဖြင့်တော့ ကိုယ့်လက်တွဲဖော်နဲ့အတူနေတဲ့အချိန်က တစ်မိနစ်လောက်သာ ကြာတယ်ဆိုရင်တော့ ဒါကို သုက်လွှတ်မြန်ခြင်းလို့ပြောလို့ရပါတယ်။ သုက်လွှတ်မြန်တာ ဘယ်လိုလုပ်ရမလဲ .......... သုက်လွှတ်မြန်တာ ဘယ်လိုလုပ်ရမလဲ တချို့ကလည်း ရုပ်ရှင်တွေ အမွှမ်းတင်ထားတာတွေ ကြည့်ပါများပြီး နာရီ၀က်လောက်မှ မကြာရင်တော့ ကိုယ့်ကိုကိုယ် သုက်လွှတ်မြန်တဲ့ ရောဂါရှိတယ်လို့ ထင်တတ်ကြပါတယ်။ အကယ်၍ သင့်စွမ်းဆောင်ရည်က ၅ မိနစ်လောက် ဆိုရင်တော့ ပုံမှန်လို့ ပြောလို့ရပါတယ်။ သုက်လွှတ်မြန်တာ က အကြောင်းရင်း များစွာရှိတဲ့ အထဲမှာ ပထမ အကြောင်းအရင်းကတော့ ငယ်ငယ်ကတည်းက လိင်ကိစ္စနဲ့ဆိုင်တဲ့ အတိတ်ဆိုးတွေကြောင့်ပဲ ဖြစ်ပါတယ်။ လိင်မှုကိစ္စ အစ စောစော […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အရက်သောက်ခြင်းဟာ သင့်လိင်မှုဘဝအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိသလဲ

အရက်သောက်ခြင်းဟာ သင့်လိင်မှုဘဝအတွက် ကောင်းကျိုးပေးမှာလား။ ဆိုးကျိုးဖြစ်စေသလား။ ဒီမေးခွန်းတွေအတွက် တိတိကျကျအဖြေပေးဖို့ ခက်ပါတယ်။ အကောင်းရော အဆိုးပါ ဒွန်တွဲနေတယ်ဆိုပေမဲ့ သေချာတာကတော့ သက်ရောက်မှုက ရှိကိုရှိနေပါတယ်။ ဒါဆိုရင် ဘယ်လိုသက်ရောက်မှုတွေများ ဖြစ်နေနိုင်မလဲ။ ၁. အရက်ကြောင့် အတားအဆီး‌၊ အဟန့်အတားတွေ လျော့နည်းသွားစေပါတယ်။ အရက်သောက်ခြင်းကြောင့် လိင်ဆက်ဆံလိုစိတ်နိုးကြွလာတာမျိုးမဟုတ်ပါဘူး။ စိတ်ပူပန်မှုတွေ ‌စိုးရိမ်ကြောင့်ကြမှုတွေ လျော့နည်းသွားတဲ့ အခြေအနေဟာ အတူတူနေဖို့ ၊ ကိုယ့်ရဲ့ ပါတနာကို စိတ်ကျေနပ်မှုပေးဖို့ ပိုပြီး အသင့်ဖြစ်နေစေပါတယ်။ ဒါ့အပြင် အချို့အမျိုးသားများဟာ အတူတူနေစဉ် မိမိရဲ့စွမ်းဆောင်ရည်အတွက် စိုးရိမ်ပူပန်မှုရှိတတ်ပါတယ်။ ထိုအခါ အရက် အနည်းငယ်သောက်ပြီး ရဲဆေးတင်ခြင်းအားဖြင့် သူတို့ရဲ့ စိုးရိမ်သောကကို လျော့နည်းသွားစေတဲ့အတွက် လိင်မှုစွမ်းဆောင်ရည်လည်း ပိုကောင်းလာကြတယ်လို့ ဆိုပါတယ်။ ၂. အရက်ဟာ လက်ရှိပစ္စုပ္ပန်ကိုပဲ အာရုံရောက်စေပါတယ်။ အိမ်ထောင်သည်တွေမှာ အတူတူနေတဲ့ အကြိမ်ရေနည်းလာခြင်းရဲ့ အကြောင်းရင်းတွေထဲမှာ "Stress" ဆိုတဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း