လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မှုကိစ္စတွေ၊ လိင်စိတ်ဖြစ်ပေါ်ပုံနဲ့ ကျန်းမာပျော်ရွှင်စရာကောင်းတဲ့ လိင်မှုဘဝစတာတွေကို ဒီမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရွယ်ရောက်ပြီးသူတိုင်းနဲ့ သက်ဆိုင်ပါတယ်။  လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေကို မှန်ကန်စွာ ရရှိထားမှ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အထိအခိုက် ကင်းကင်းနဲ့ တည်ဆောက်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နိုင်စေဖို့ ကိုယ်တိုင်ရဲ့ လိင်မှုရေးရာ သိရှိထားမှုတွေက မှန်ကန်ရဲ့လား ဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း အတူတူ အဖြေထုတ်ကြည့်ဦးစို့နော်။ ကဲ ....... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား ......... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား လိင်မှုရေးရာ အမှန်အမှား အဖြေမထုတ်ခင် မေးခွန်းလေးတွေကို အရင် သေချာအောင် ဖတ်ကြည့်ပေးပါနော်။ ၁. တစ်ကိုယ်ရေ အာသာဖြေတာက စိတ်ဖိစီးမှု သက်သာစေတာ အပြင် များစွာသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ၂. လူတစ်ယောက်မှာ လိင်ကတဆင့် […]

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ ကို ရှာဖွေမည်။

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒ ကို စေ့ဆော်ပေးနိုင်တဲ့ အစားအစာများ

အစားအသောက်နဲ့ လိင်စိတ်ဆန္ဒ ဆိုတာ အမြဲတစေ ဆက်နွယ်နေတတ်ပါတယ်။ ဘယ်လိုအစားအစာတွေကိုစားသောက်ရင် လိင်ကိစ္စမှာ စွမ်းဆောင်ရည်ကောင်းတယ်၊ လိင်စိတ်ကို နှိုးဆွနိုင်တယ်ဆိုတဲ့ ပြောစကားတွေကို အမြဲတမ်းကြားခဲ့ကြဖူးမယ်ထင်ပါတယ်။ အမျိုးသားတွေသာမက အမျိုးသမီးတွေမှာလည်း လိင်စိတ်ခံစားချက်က အတိုင်းအတာတစ်ခုအထိရှိနေတာမို့ သူတို့ရဲ့ စိတ်ဆန္ဒကို မြှင့်တင်ပေးနိုင်တဲ့ အစားအစာတွေဟာလည်း သဘာဝလောကထဲမှာ ရှိနေပါတယ်။ အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒဟာ အမျိုးသားတွေလောက် ရိုးရှင်းလေ့မရှိပါဘူး။ ရာသီစက်ဝန်း၊ စိတ်ဖိစီးမှုအခြေအနေနဲ့ တခြားသော ပတ်ဝန်းကျင်အခြေအနေတွေရဲ့သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် အမျိုးသမီးတစ်ယောက်ရဲ့ ပွင့်လင်းတဲ့ဆန္ဒကို ထင်ထင်သာသာမြင်တွေ့ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါပေမယ့် တချို့သောအစားအစာတွေကတော့ အမျိုးသမီးတွေရဲ့ အတွင်းစိတ်ထဲက ခံစားချက်ကို ပိုပြီးခိုင်မာအားကောင်းလာအောင် တွန်းအားပေးနိုင်ပါတယ်။ ဘယ်လိုအစားအစာမျိုးတွေက အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒနဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တာလဲဆိုတာကို လေ့လာကြည့်ရအောင်။ အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒ ကို စေ့ဆော်ပေးနိုင်တဲ့ အစားအစာများ ဂင်ကိုရွက် (Ginkgo) - ဂင်ကိုပင်က လွန်ခဲ့တဲ့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံတဲ့အခါတိုင်း ချောဆီကို မဖြစ်မနေသုံးပါ

ချောဆီဆိုတာ လိင်ဆက်ဆံတဲ့အခါမှာ ထိခိုက်ပွန်းပဲ့မှုနည်းစေဖို့၊ အဝင်အထွက်ချောစေဖို့အတွက် မဖြစ်မနေ အသုံးပြုပေးရပါတယ်။ အမျိုးသမီးတွေမှာ ဟော်မုန်းအပြောင်းအလဲကြောင့် သဘာဝချောဆီ နည်းသွားပြီး မိန်းမကိုယ်ခြောက်သွေ့တာမျိုး ဖြစ်နိုင်တဲ့အတွက် ချောဆီမသုံးဘဲ လိင်ဆက်ဆံရင် အနာတရဖြစ်မိပြီး လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ဝင်ရောက်နိုင်ပါတယ်။ တံတွေးကို ချောဆီအဖြစ်နဲ့ သုံးလို့ရလား။ တံတွေးဟာ ကနဦးထိုးသွင်းကာစမှာ အဝင်အထွက်ကို ချောမွေ့စေပေမယ့် အချိန်ကြာလာတာနဲ့အမျှ ခြောက်သွားတတ်ပါတယ်။ ဒါ့အပြင် ထိုးသွင်းဆက်ဆံတဲ့ အမျိုးသားရဲ့ ပါးစပ်မှာ အနာဖြစ်နေရင်၊ ရေယုန်ပေါက်နေရင်၊ ခံတွင်းသန့်ရှင်းမှုမရှိရင် ပါးစပ်ထဲက ရောဂါပိုးတွေဟာ တံတွေးကနေတစ်ဆင့် မိန်းမကိုယ်ထဲကို ဝင်သွားပြီး ရောဂါကူးစက်ခံရနိုင်ပါတယ်။ ဒါ့ကြောင့် မဖြစ်မနေ တံတွေးကို ချောဆီအဖြစ် သုံးရတော့မယ်ဆိုရင် ထိုးသွင်းဆက်ဆံခံရသူအနေနဲ့ မိမိရဲ့ ကိုယ်ပိုင်တံတွေးကိုသာ အသုံးပြုသင့်ပါတယ်။ ကွန်ဒုံးသုံးရင် ချောဆီသုံးသင့်လား။ တချို့သော ကွန်ဒုံးအမျိုးအစားတွေမှာ ချောဆီအနည်းငယ် ပါပြီးသားဆိုပေမယ့် လိင်ဆက်ဆံနေစဉ် လွယ်ကူချောမွေ့စေဖို့အတွက် အပြင်ကနေ ချောဆီအကူ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ဘာကြောင့် မနက်ခင်းစောစောမှာ လိင်ဆက်ဆံ သင့်တာလဲ

မနက်ခင်းစောစောမှာ လိင်ဆက်ဆံ တာက ညပိုင်းတွေမှာဆက်ဆံတာထက်ပိုပြီး အကျိုးရှိတယ်ဆိုတာကို သင်သိပြီးပြီလား။ လိင်ဆက်ဆံတာဟာ လူတိုင်းနဲ့ ကင်းကွာဖို့ မလွယ်တဲ့ကိစ္စတစ်ခုပါ။ မျိုးဆက်ပွားဖို့အတွက်ပဲဖြစ်ဖြစ်၊ စိတ်ကျေနပ်မှုအတွက်ပဲဖြစ်ဖြစ် လိင်ဆက်ဆံဖြစ်ကြတယ်မဟုတ်လား။ ဒီလိုဆက်ဆံကြရာမှာ အများစုကတော့ ညဘက်တွေမှာ ဆက်ဆံဖြစ်ကြတာများပါတယ်။ ဒါပေမယ့် သိပ္ပံနည်းကျလေ့လာမှုတွေအရဆိုရင်တော့ မနက်ခင်းပိုင်းမှာ လိင်ဆက်ဆံတာက ပိုပြီး အကျိုးကျေးဇူးဖြစ်ထွန်းစေတယ်လို့ဆိုထားပါတယ်။ အိပ်ရာက နိုးထခါစအချိန်တွေမှာ လိင်ဆက်ဆံဖြစ်တာက ခန္ဓာကိုယ်ထဲက အကျိုးဖြစ်ထွန်းစေတဲ့ ဟော်မုန်းတွေ၊ ဓာတုပစ္စည်းတွေကို ပိုမိုများပြားစွာထုတ်လုပ်စေနိုင်တာမို့ အကျိုးတွေအများကြီးဖြစ်စေပါတယ်။ မနက်ခင်းစောစောမှာ လိင်မှုကိစ္စပြုလုပ်တာဟာ တကယ်ကို မယုံကြည်နိုင်စရာ အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။ ၉ ချက်တောင်မှာပါ။ ဒါတွေကတော့ ၁။ သင့်ရဲ့ ခန္ဓာကိုယ်က အကောင်းဆုံးအချိန်ဖြစ်နေတာ သင့်ခန္ဓာကိုယ်က အိပ်ရာကနေ နိုးထလာချိန်မှာ အင်အားပြည့်ဝပြီး အကောင်းဆုံးအခြေအနေကို ပိုင်ဆိုင်နေမှာပါ။ တကယ်လို့ သင်သာ အိပ်ရေးဝဝအိပ်ခဲ့မယ်ဆိုရင်ပေါ့။ ၂၀၁၃ ခုနှစ်ကလေ့လာချက်တွေအရ ဒီအချိန်မျိုးမှာ သင့်ရဲ့ ခန္ဓာကိုယ်က လိင်စွမ်းဆောင်ရည်မြင့်စေမယ့် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်များများဆက်ဆံရင် Heart Attack ကို ကာကွယ်နိုင်မယ်

လိင်ဆက်ဆံတာဟာ မျိုးဆက်ပွားကျန်းမာရေးကိစ္စတစ်ခု သက်သက်မဟုတ်သလို စိတ်ဆန္ဒအာသီသဖြေဖျောက်ဖို့ ပြုမူရတဲ့ အပြုအမူတစ်ခုလို့ချည်း သတ်မှတ်ထားလို့မရတော့ပါဘူး။ ဒီကနေ့ခေတ်မှာ သိပ္ပံနည်းကျလေ့လာမှုတွေကြောင့် လိင်ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ ဗဟုသုတတွေကို ပိုပြီးသိနားလည်လာရသလို လိင်ဆက်ဆံခြင်းဟာ ကျန်းမာရေးကို အကျိုးပြုနိုင်တယ်ဆိုတဲ့ သက်သေပြချက်တွေဟာလည်း အလျှိုအလျှိုထွက်ပေါ်လာနေပါပြီ။ ဥပမာအားဖြင့်ပြောရရင် လိင်ဆက်ဆံခြင်းဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်ဆိုတာမျိုးပေါ့။ ဒါကြောင့်လည်း ကိုဗစ်ကာလမှာ လိင်ဆက်ဆံပြီး ကိုယ်ခံအားမြှင့်တင်ဖို့ တိုက်တွန်းမှုတွေလည်း ရှိလာခဲ့တာပါ။ ကိုယ်ခံအားစနစ်ကို မြှင့်တင်နိုင်တဲ့အချက်တစ်ခုနဲ့တင် ကင်ဆာကိုကာကွယ်နိုင်တာ၊ ကယ်လိုရီတွေကို လျှော့ချနိုင်တာ၊ စိတ်ဖိစီးမှုလျော့ကျတာနဲ့ ကောင်းမွန်စွာအိပ်စက်နိုင်တာလိုမျိုး အကျိုးကျေးဇူးတွေ ရနိုင်တယ်မဟုတ်လား။ ခုချိန်မှာလည်း နောက်ထပ်သက်သေပြချက်တွေအရ လိင်ဆက်ဆံခြင်းဟာ နှလုံးထိခိုက်မှုကို ကာကွယ်ပေးနိုင်တယ်ဆိုတာကို လေ့လာချက်တွေက ဖော်ထုတ်လာခဲ့ပါတယ်။ လိင်ဆက်ဆံမှုနဲ့ နှလုံးကျန်းမာရေး Heart Attack (ခေါ်) နှလုံးထိခိုက်ခြင်းဆိုတာက နှလုံးသွေးကြောထဲ သွေးလျှောက်တာ နည်းသွားပြီး နှလုံးကြွက်သားသွေးငတ်သွားတဲ့ အခြေအနေ ဖြစ်ပါတယ်။ နှလုံးကြွက်သားတွေဟာ သွေးလုံလောက်စွာ မရရင် ပျက်စီးသွားတတ်ပါတယ်။ အဲဒီလို သွေးပြတ်တောက်ချိန်မှာ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ကမ္ဘာအဝှမ်းသတ်မှတ်ထားသည့် ထူးခြားလိင်စိတ်မျိုးကွဲ (၄၆) မျိုး

ထူးခြားလိင်စိတ် (Sexual Fetish) တွေဆိုတာ လူတစ်ယောက်မှာရှိတဲ့ လိင်စိတ်ဆန္ဒကို ဖြစ်စေတဲ့ သို့မဟုတ် နှိုးဆွပေးနိုင်တဲ့ စိတ်ဆန္ဒကို ဆိုလိုပါတယ်။ လိင်အင်္ဂါ သို့မဟုတ် လိင်အင်္ဂါမဟုတ်တဲ့ အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို နှစ်ခြိုက်ပြီး လိင်စိတ်ဖြစ်ပေါ်တာ သို့မဟုတ် ရုပ်ဝတ္ထု၊ အရာဝတ္ထု၊ အတွေးပုံရိပ်တစ်ခုခုပေါ် အခြေခံ၍ လိင်စိတ်ဆန္ဒဖြစ်ပေါ်လာခြင်း စတာတွေသည် ထူးခြားလိင်စိတ်မျိုးပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ခေတ်လူငယ်တွေရော၊ လူကြီးတွေပါ ဗဟုသုတအနေနဲ့ မှတ်ထားသင့်တဲ့ ထူးခြားလိင်စိတ်မျိုးကွဲ (Fetish) ၄၆ မျိုးကို ဆိုလိုရင်းနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။ ထူးခြားလိင်စိတ်များနှင့် ပတ်သက်ပြီး လက်ရှိအချိန်ထိ လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းက ရှက်ရွံ့စရာကောင်းတယ်၊ စိတ်ဖောက်လွဲဖောက်ပြန် ဖြစ်နေတာဆိုပြီး သတ်မှတ်ထားကြဆဲပါ။ အထူးသဖြင့် အခုပြောပြမယ့် ထူးခြားလိင်စိတ်များထဲတွင် ပုံမှန်တွေ့နေကျဖြစ်သော လိင်စိတ်များ၊ လူပျို၊ အပျိုဖြစ်စဉ်က စပ်စုလိုစိတ်ဖြစ်ခဲ့မိသည်များ၊ လူမှုပတ်ဝန်းကျင်က ရှုံ့ချထားသည်များ၊ တရားဥပဒေအရ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ဂျင်းထည့်နေတဲ့ လိင်တံကြီး နည်းလမ်းများ

အမျိုးသားတွေဟာ အနည်းနဲ့ အများတော့ လိင်တံကြီး ဖို့၊ ရှည်ဖို့ကို စိတ်ဝင်စားကြပါတယ်။ အခုအပြင်မှာ ရေပန်းစားနေတဲ့  နည်းလမ်းတွေက အန္တရာယ်ရှိတယ်လို့ ဆရာဝန်တွေ ဝိုင်းတားလို့သာ သိပ်မလုပ်ကြတာပါ။ ဒါတောင် လုပ်လာကြပြီး ဒုက္ခရောက်လို့ ဆေးရုံရောက်လာကြသူတွေလည်း အများသားပါ။ ဂျင်းထည့်နေတဲ့ လိင်တံကြီး နည်းလမ်းများ ကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ဆောင်းပါးကို အရင်ဖတ်ပါ။ ဂျင်းထည့်နေတဲ့ လိင်တံကြီး နည်းလမ်းများ အမျိုးသားတွေ လိင်တံကြီးချင်၊ ရှည်ချင်ရတဲ့အကြောင်းရင်းကတော့ ဆက်ဆံဖော်က အထင်ကြီးတာကို လိုချင်တာကြောင့်ရယ်၊ စွမ်းဆောင်နိုင်တယ်ဆိုတာ သက်သေပြချင်လို့ပဲ ဖြစ်ပါတယ်။ နောက်ပြီး အပြာကားထဲက အမျိုးသားတွေကိုကြည့်ပြီး ကိုယ့်ကိုယ်ကို မလုံလို့ ကြီးချင်တာလည်း ပါတာပေါ့။ ၂၁ရာစုထဲမှာတော့ ဒီအတွေးအခေါ်တွေကို မေ့ထားလိုက်ပါတော့။ အတူနေတဲ့နေရာမှာ လိင်တံအရွယ်အစားထက် အပေးအယူမျှမျှနဲ့ နားလည်မှုကသာ ပိုအရေးကြောင်း ပညာရှင်တွေက အခေါက်ပေါင်းများစွာ သက်သေပြပြီးပါပြီ။ အပြာကားထဲက […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အိမ်ထောင်သက်တမ်း ကြာလာလေ၊ လိင်မှုဘဝ ရိုးအီလာလေ ဖြစ်နေပြီလား

အခုတစ်လော အိမ်ထောင်ဖက်တွေ၊ အတူနေ ချစ်သူစုံတွေ မကြာခဏ ရင်ဖွင့်တိုင်ပင်ကြလို့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ရေးလိုက်ရတာပါ။ သူတို့ရဲ့ အဓိက ပြဿနာက ချစ်သူ၊ အိမ်ထောင်သက်တမ်း ကြာလာလို့ ချစ်ရသူက လိင်ဆက်ဆံရမှာကို စိတ်မပါတော့သလို၊ ပျင်းနေသလိုကြီး ဖြစ်နေတဲ့ ပြဿနာပါ။ တကယ်တော့ လူတော်တော်များများမှာ လိင်စိတ်ကို လုံးဝခံစားလို့ မရနိုင်တဲ့အချိန်တွေ အများကြီး ရှိပါတယ်။ မွေးကတည်းက လိင်စိတ်ကို ခံစားလို့မရတဲ့ Asexual တွေကို ဆိုလိုခြင်း မဟုတ်ပါဘူး။ လူရယ်လို့ ဖြစ်လာရင် နေ့စဉ် အလုပ်ခွင်၊ မိသားစုရေးရာ၊ လူမှုရေးရာ အဖြာဖြာကနေ စိတ်ဖိစီးမှု ပေါင်းစုံ ဝင်ပါတယ်။ စိတ်ဖိစီးမှုဆိုတာ လူတွေရဲ့ လိင်စိတ်ကို လုံးဝ ငြိမ်ကျသွားစေလောက်တဲ့အထိ ဒုက္ခပေးနိုင်တဲ့ အရာပါ။ အိမ်ထောင်သက် ကြာလာတဲ့ စုံတွဲတွေမှာ မိသားစု စားဝတ်နေရေး၊ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ဘယ်အသက်အရွယ်အထိ လိင်ဆက်ဆံမှာလဲ

ဘယ်အသက်အရွယ်အထိ လိင်ဆက်ဆံမယ်လို့ တွေးဖူးသလား။ ဘယ်အချိန်ဆိုရင် ရပ်လိုက်မယ်၊ ဘယ်အရွယ်အထိ ဆက်ပြီး လိင်ဆက်ဆံနေဦးမယ်ဆိုတာမျိုးပေါ့။ “အသက်ကြီးမှ နှာဘူးထနေပြန်ပြီ” လို့ ဘယ်သူမှ အပြောအဆို မခံချင်ကြသလို၊ အသက်ကြီးရင့်လာချိန်မှာ လိင်စိတ်ရှိနေသေးတာကို အပြစ်တစ်ခုလို ခံယူလာတတ်ကြတာကလည်း လူ့ သဘာဝပါပဲ။ သိပ္ပံနည်းကျ လေ့လာချက်တွေအရဆိုရင် ဘယ်အရွယ်အထိပဲ လိင်ဆက်ဆံရမယ်ဆိုတဲ့ သတ်မှတ်ချက်မျိုးမရှိထားပါဘူး။ ဒါပေမယ့် ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေကတော့ ကန့်သတ်မှုတွေ ပြုလုပ်ထားပါတယ်။ လိင်မှုကိစ္စဆိုတာ ငယ်ရွယ်တက်ကြွမှုတွေ၊ ခွန်အားပြည့်ဝမှုတွေ အိမ်ထောင်သားမွေးအမှုကိစ္စတွေနဲ့ ဆက်စပ်နေတဲ့ ကိစ္စတစ်ခုလို့ တံဆိပ်ကပ်ခြင်းခံထားရတယ်မဟုတ်လား။ အသက်ကြီးလာရင် လိင်စိတ်ကုန်ခမ်းသွားလိမ့်မယ်လို့ လူတိုင်းက လွယ်လွယ်တွေးထားကြတယ်။ တကယ်ဟုတ်ပါ့မလား … အသက်ကြီးရင် လိင်စိတ်ကုန်သွားတတ်သလား အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် အသက်အရွယ်ကြီးရင့်လာချိန်မှာ လိင်မှုကိစ္စအတွက် ဆန္ဒအာသီသ နည်းလာတတ်တာ သဘာဝပါပဲ။ ဒါပေမယ့် နည်းပါးသွားတာဟာ ပျောက်ဆုံးသွားတာမဟုတ်ကြောင်း နားလည်ထားဖို့တော့ လိုအပ်ပါတယ်။ Kinsey Institute က ပါမောက္ခ စတက်ဖနီ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မှုကိစ္စမှာ စိတ်ကျေနပ်အားရမှုမရှိရင် လေ့ကျင့်ခန်းများများလုပ်ကြည့်ပါ

လေ့ကျင့်ခန်းသည် ခန္ဓာကိုယ် အလှအပနဲ့ ကျန်းမာရေးအတွက်သာမက လိင်မှုကိစ္စ သာယာရေးအတွက်ပါ အကျိုးထူးများစွာ ပေးနိုင်တယ်ဆိုရင် မယုံမရှိလိုက်ပါနဲ့။ လေ့ကျင့်ခန်းကို ပုံမှန်လိုက်စားသူတွေ အများစုဟာ စိတ်နဲ့ ခန္ဓာ ကျန်းမာပျော်ရွှင်တဲ့အပြင် တခြားသူတွေထက်လည်း လိင်မှုကိစ္စမှာ စိတ်ကျေနပ်အားရမှု ရတယ်လို့ စစ်တမ်းကောက်ယူချက်များအရ တွေ့ရပါတယ်။ လိင်စိတ်လုံးဝ မရှိသူ (Asexual) တွေကလွဲလို့ ကျန်တဲ့လူသား အားလုံးရဲ့ တစ်နေ့တာမှာ အိပ်၊ စား၊ ကာမ သုံးမျိုးလုံး စိတ်တိုင်းကျပါမှ နေ့ရက်တိုင်းနဲ့ မနက်ဖြန်တိုင်းကို အောင်မြင်စွာ ကျော်ဖြတ်သွားနိုင်မှာပါ။ ဘာကြောင့် လေ့ကျင့်ခန်းလုပ်ခြင်းဟာ လိင်မှုကိစ္စအပေါ် အကျိုးသက်ရောက်မှု ဖြစ်စေတာလဲ။ ၁။ လိင်ဟော်မုန်း ထုတ်လုပ်နှုန်းကို မြင့်တက်စေခြင်း လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးခြင်းဟာ ကျွန်တော်တို့ လူခန္ဓာကိုယ်တွင်းမှာ ဟော်မုန်းတွေ ပုံမှန်ထုတ်လုပ်ပေးနှုန်းကို မြန်စေပါတယ်။ ဒီဟော်မုန်းတွေထဲမှာ လိင်စိတ်ဆန္ဒကို မြင့်တက်စေတဲ့ ဟော်မုန်းတွေ ဖြစ်တဲ့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ကပ်ဘေးကာလ စိုးရိမ်မှုတွေကြောင့် လိင်စိတ်ပျောက်ဆုံးသွားခြင်း

လိင်မှုကိစ္စနဲ့ ပတ်သက်လာရင် စိုးရိမ်စိတ်တွေ၊ စိတ်ဖိစီးမှုတွေက တကယ့် အကြီးမားဆုံး ရန်သူတွေပါပဲ။ စိတ်ညစ်နေတဲ့အချိန်ဆိုရင် လူတိုင်းက ဘာမှ လုပ်ချင်ကိုင်ချင်စိတ်တွေ မရှိတော့ဘဲ၊ အိပ်ရာထဲမှာပဲ ခွေခွေလေးနေပြီး ဘဝကြီးကို စိတ်ကုန်နေတတ်တာ သဘာဝပါ။ အထူးသဖြင့် ခုလိုမျိုး ကပ်ဘေးကာလမှာ လူတိုင်းက ရောဂါပိုးကူးစက်ခံရမှာ ကြောက်တဲ့စိတ်တွေ၊ မိသားစုအတွက် ပူပန်ရတဲ့ စိုးရိမ်စိတ်တွေ၊ အလုပ်အကိုင်ပျက်၊ ဝင်ငွေမရှိတော့လို့ ညစ်နေတဲ့ စိတ်တွေဟာ လိင်ဆက်ဆံဖို့ စိတ်ပျောက်ဆုံးသွားလောက်တဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။ လိင်စိတ် ပျောက်ဆုံးသွားတာမျိုးပေါ့။ ကပ်ဘေးကာလ စိုးရိမ်မှုတွေကြောင့် လိင်စိတ်ပျောက်ဆုံးသွားခြင်း တစ်ကိုယ်တည်းနေပြီး ချစ်သူရည်းစား၊ အိမ်ထောင်ဖက် မရှိတဲ့ ယောက်ျားလေး အများစုကတော့ ဒါကို လက်ခံချင်မှ လက်ခံပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသားတွေရဲ့ သဘာဝက လုပ်စရာမရှိ၊ ကိုယ့်အခန်းထဲမှာပဲ တစ်ယောက်တည်း ဖြစ်နေတဲ့အချိန် လိင်စိတ်ပိုထန်တတ်တာ သဘာဝပဲကိုး။ လူငယ်တွေ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း