လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မှုကိစ္စတွေ၊ လိင်စိတ်ဖြစ်ပေါ်ပုံနဲ့ ကျန်းမာပျော်ရွှင်စရာကောင်းတဲ့ လိင်မှုဘဝစတာတွေကို ဒီမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရွယ်ရောက်ပြီးသူတိုင်းနဲ့ သက်ဆိုင်ပါတယ်။  လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေကို မှန်ကန်စွာ ရရှိထားမှ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အထိအခိုက် ကင်းကင်းနဲ့ တည်ဆောက်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နိုင်စေဖို့ ကိုယ်တိုင်ရဲ့ လိင်မှုရေးရာ သိရှိထားမှုတွေက မှန်ကန်ရဲ့လား ဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း အတူတူ အဖြေထုတ်ကြည့်ဦးစို့နော်။ ကဲ ....... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား ......... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား လိင်မှုရေးရာ အမှန်အမှား အဖြေမထုတ်ခင် မေးခွန်းလေးတွေကို အရင် သေချာအောင် ဖတ်ကြည့်ပေးပါနော်။ ၁. တစ်ကိုယ်ရေ အာသာဖြေတာက စိတ်ဖိစီးမှု သက်သာစေတာ အပြင် များစွာသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ၂. လူတစ်ယောက်မှာ လိင်ကတဆင့် […]

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ ကို ရှာဖွေမည်။

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လေ့ကျင့်ခန်းမလုပ်ခင် လက်နဲ့အာသာဖြေတာမျိုး လုပ်သင့်လား

ဒါကတော့ ကြွက်သားတက်ဖို့ Gym ကို သေချာကစားနေတဲ့ အမျိုးသားတွေ၊ အားကစားသမားတွေကြားမှာ မေးလေ့မေးထရှိတဲ့ မေးခွန်းတစ်ခုပါ။ တချို့တွေကျတော့လည်း လေ့ကျင့်ခန်း၊ အားကစားလုပ်နေတဲ့အချိန် အာသာဖြေပြီး သုက်လွှတ်လိုက်ရင် တကယ်ကစားတဲ့အခါ အားမရှိသလို နုံးချိနေတတ်တယ်။ ကျားဟော်မုန်းနည်းသွားနိုင်တယ်။ စွမ်းဆောင်ရည်ကျဆင်းသွားတတ်တယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တမ်း လက်တွေ့မှာ သုက်လွှတ်ခြင်းနဲ့ စွမ်းဆောင်ရည်ကျခြင်းသည် ဘာမှသက်ဆိုင်မှုမရှိပါဘူး။ ဘာကြောင့် ဒီလိုထင်ကြတာလဲ။ အမျိုးသားတစ်ယောက်ရဲ့ ကြွက်သားထုတက်စေဖို့၊ တစ်နေ့တာအတွက် ခွန်အားတွေပြည့်ဝနေစေဖို့ တက်စတိုစတီရုန်းလို့ ခေါ်တဲ့ ကျားဟော်မုန်းက ကူညီပံ့ပိုးပေးပါတယ်။ သုက်လွှတ်လိုက်တဲ့အခါမှာ ကျားဟော်မုန်းပမာဏတချို့က သုက်ရည်နဲ့အတူ ပါသွားတယ်ဆိုတဲ့အချက်ကြောင့်ပဲ ဒီလိုအလွဲတွေဟာ အမျိုးသားတွေကြားမှာ ရေပန်းစားလာတာပဲဖြစ်ပါတယ်။ တကယ်တော့ လက်နဲ့အာသာဖြေတာဖြစ်စေ၊ လိင်ဆက်ဆံပြီး သုက်လွှတ်လိုက်တာဖြစ်စေ ကိုယ်ခန္ဓာက ကုန်ဆုံးသွားတယ်ဆိုတဲ့ ကျားဟော်မုန်းပမာဏဟာ ကိုယ့်ရဲ့ အားကစား၊ လေ့ကျင့်ခန်း၊ အလေးမတဲ့ စွမ်းဆောင်ရည်ကျဆင်းစေလောက်တဲ့အထိ မများပါဘူး။ သုက်လွှတ်ပြီး အားကစား၊ လေ့ကျင့်ခန်းလုပ်လို့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အနမ်းတစ်ပွင့်ရဲ့အစွမ်း

အနမ်းတစ်ပွင့်ရဲ့အစွမ်း ချစ်သူနှစ်ဦးအကြား အနမ်းချင်း ဖလှယ်ကြတယ်ဆိုတာဟာ ထူးဆန်းလှတဲ့ အပြုအမူတစ်ခုတော့မဟုတ်ပါဘူး။ လိင်စိတ်ဆန္ဒကြောင့်ပဲဖြစ်ဖြစ်၊ ချစ်ခင်မြတ်နိုးမှုကို ပြသလိုတဲ့ စိတ်ဆန္ဒကြောင့်ပဲဖြစ်ဖြစ် အနမ်းတွေ ဖလှယ်ကြတယ်မဟုတ်လား။ တကယ်တော့ နမ်းရှုံ့တယ်၊ အကြင်နာပေးတယ်၊ Kissing ပေးတယ်ဆိုတာတွေဟာ အချစ်ကို ကိုယ်စားပြုရုံတင်မဟုတ်ပါဘူး။ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေနဲ့ လူနှစ်ဦးအကြားက ခိုင်မြဲတဲ့ ဆက်ဆံရေးတွေအပေါ်မှာလည်း အကျိုးသက်ရောက်မှုရှိပါတယ်။ အနမ်းတစ်ပွင့်ရဲ့အစွမ်း ....... ဘာတွေများလဲ သိပ္ပံနည်းကျလေ့လာမှုတွေအရ အနမ်းဟာ လူတွေရဲ့ ကျန်းမာရေးကို တိုးတက်စေနိုင်ပါတယ်တဲ့။ ဘယ်လို အကျိုးပြုသလဲ ကြည့်ကြရအောင် … ၁။ အနမ်းဟာ စိတ်ခံစားချက်ကောင်းမွန်စေတဲ့ ဟော်မုန်းတွေ ထွက်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ် - နမ်းရှုံ့ကြတဲ့အခါ "The Love Hormone" လို့ လူသိများကြတဲ့ Oxytocin နဲ့ Vasopressin တွေ ထွက်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ နောက်ပြီး Endogenous Opioids၊ Dopamine နဲ့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသားများ နောက်တစ်ကြိမ် သုက်လွှတ်ဖို့ ဘယ်လောက်ကြာတတ်လဲ

ဒီမေးခွန်းနဲ့ပတ်သက်ပြီး ဖြေရမယ်ဆိုရင် ယောက်ျားတွေ တစ်ယောက်နဲ့တစ်ယောက် လိင်အင်္ဂါ အရွယ်အစား၊ လုံးပတ်ချင်း မတူကြသလိုပါပဲ၊ သုက်လွှတ်ပြီး နောက်ထပ်တစ်ကြိမ် ဆန္ဒပြီးမြောက်နိုင်ဖို့အတွက် ကြာချိန်ဟာလည်း တစ်ယောက်နဲ့တစ်ယောက် တူညီနိုင်မှာ မဟုတ်ပါဘူး။ တစ်ကြိမ်သုက်လွှတ်ပြီးနောက် မိနစ်အနည်းငယ်အတွင်း လိင်တံထောင်မတ်လာပြီး နောက်တစ်ကြိမ်ဆက်ဆံကာ သုက်လွှတ်နိုင်တာလည်း ရှိသလို တစ်နေ့ကို တစ်ကြိမ်လောက်ပဲ သုက်လွှတ်နိုင်တဲ့သူတွေလည်း ရှိပါတယ်။ လိင်စိတ်ဆန္ဒ အရမ်းပြင်းလွန်းပြီး စိတ်သွားတဲ့နောက် လိုက်နိုင်တဲ့ အမျိုးသားတွေမှာ တစ်ခါတည်းနဲ့ ၅ကြိမ်ထက်မနည်း ဆက်တိုက်သုက်လွှတ်နိုင်တာမျိုးလည်း တွေ့ရပါတယ်။ ဆက်တိုက်သုက်လွှတ်ခြင်းဟာ ကျန်းမာရေးအတွက် ရေရှည်ကောင်းနိုင်ရဲ့လား။ တော်တော်များများ ထင်တတ်ကြတာက တစ်နေ့ကို တစ်ကြိမ်ပဲ သုက်လွှတ်ရမယ်၊ အကြိမ်ရေ အရမ်းများသွားရင် မျိုးမအောင်နိုင်တော့ဘူး၊ သုက်ရည်တွေကုန်ခမ်းသွားမယ်၊ ပန်းသေသွားမယ်၊ ဝက်ခြံတွေ အများကြီးပေါက်လာမယ် အစရှိသဖြင့်ပေါ့။ တကယ်တော့ ယောက်ျားတွေမှာလည်း ကိုယ်တတ်စွမ်းနိုင်တဲ့ အတိုင်းအတာ (Limit) ဆိုတာ ရှိပါတယ်။ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်စိတ်ကြွဆေးများ အသုံးပြုပြီး လိင်ဆက်ဆံခြင်း

ဒီလို လိင်ဆက်ဆံတဲ့ အပြုအမူမျိုးကို ChemSex လို့ ခေါ်ပါတယ်။ တစ်နည်းအားဖြင့် ကာမစိတ်ကို နိုးကြားစေတဲ့ မူးယစ်ဆေးဝါးကဲ့သို့ ဆေးတွေ၊ ဓာတုဗေဒပစ္စည်းတွေကို အသုံးပြုပြီး အချိန်ကြာမြင့်စွာ လိင်ဆက်ဆံတာလို့လည်း သိကြပါတယ်။ ဒီအပြုအမူတွေကို အမျိုးသားတွေ အထူးသဖြင့် လိင်တူ သို့မဟုတ် လိင်တူလိင်ကွဲ ၂မျိုးလုံး ဆက်ဆံသော အမျိုးသားတွေ၊ နာရီ၊ ရက်ပေါင်းများစွာ လိင်စိတ်ကြွစေလိုတဲ့အခါ၊ အုပ်စုဖွဲ့ လိင်ဆက်ဆံခြင်း ပြုတဲ့အခါမျိုးမှာ လုပ်တတ်ကြပါတယ်။ မြန်မာနိုင်ငံမှာရော ဒီလိုလိင်ဆက်ဆံခြင်း အလေ့အထတွေ ခေတ်စားနေပြီလား။ လိင်တူဆက်ဆံသော အမျိုးသားတွေ၊ ပုံမှန်အတိုင်း လိင်ဆက်ဆံရမှာကို မနှစ်သက်တဲ့ အမျိုးသားတွေကြားမှာ ဒီအပြုအမူဟာ သိပ်ကို ရေပန်းစားပါတယ်။ မြန်မာနိုင်ငံမှာလည်း ထိုနည်းတူပါပဲ။ လူသိနည်းကြပေမယ့် ကြားဖူးနားဝရှိတတ်တာကြောင့် ဒီလို လိင်ဆက်ဆံရတာကို သဘောကျနှစ်ခြိုက်တဲ့သူတွေ ရှိသလို အပြစ်တင်ရှုံ့ချပြီး လုံးဝဆန့်ကျင်တဲ့သူတွေလည်း ရှိနေပါတယ်။ အထူးသဖြင့် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

တစ်ပတ်မှာ ဘယ်နှစ်ကြိမ် လိင်ဆက်ဆံသင့်သလဲဆိုတာ အဖြေရှာကြမယ်

လူအတော်များများဟာ လိင်ဆက်ဆံမှု နဲ့ပတ်သက်ပြီး မသိစိတ်မှာ ကြိတ်စိုးရိမ်နေကြတာတွေရှိတတ်ပါတယ်။ ဖြစ်သင့်တဲ့ ပုံမှန်ပမာဏအတွင်း ဆက်ဆံနေမိရဲ့လား၊ ကိုယ့်လိင်စိတ်ဟာ အရမ်းနည်းနေသလား၊ အရမ်းများနေသလား စသဖြင့် အစုံတွေးမိတတ်ကြပါတယ်။ ဒီတော့ တစ်ပတ်မှာ ဘယ်နှစ်ကြိမ် လိင်ဆက်ဆံသင့်သလဲဆိုတာ အဖြေရှာကြမယ်။ တကယ်တော့ ဒါတွေအားလုံးဟာ စိုးရိမ်စရာ အကြောင်းအချက်တွေမဟုတ်ပါဘူး။ လိင်ဆက်ဆံခြင်းဟာ မိမိနဲ့ မိမိ လက်တွဲဖော်ပေါ်မှာသာ လုံးလုံးလျားလျားမူတည်နေတာမို့လို့ မိမိတို့နှစ်ဦးစလုံးအဆင်ပြေနေသရွေ့ ဘယ်ရွေ့ဘယ်မျှပမာဏလိင်ဆက်ဆံတယ်ဆိုတာ ထည့်သွင်းစဉ်းစားနေစရာအကြောင်းတစ်ခုမဟုတ်ပါဘူး။ အသက်အရွယ်ဘယ်လောက်ပဲဖြစ်ဖြစ် လူတစ်ဦးနဲ့တစ်ဦးဟာ လိင်စိတ်လိုအင်၊လိုအပ်ချက်နဲ့ လိင်ပိုင်းဆိုင်ရာပျော်ရွှင်မှုတွေ ရယူတဲ့နေရာမှာ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက်မတူညီကြပါဘူး။ ဒါကြောင့် မိမိနဲ့ မိမိ partner ပျော်ရွှင်ကျေနပ်နေသရွေ့ လိင်ကိစ္စကို တစ်ပတ်မှာအကြိမ်ပေါင်းများစွာ ဆောင်ရွက်သည်ဖြစ်စေ၊ လုံး၀မဆောင်ရွက်ဘူးဖြစ်စေ ပြဿနာမဟုတ်ပါဘူး။  ဒါပေမယ့် လူအတော်များများကတော့ တစ်ပတ်မှာ ဘယ်နှစ်ကြိမ်လောက် အခြားသူတွေရဲ့ လိင်ဆက်ဆံတဲ့နှုန်းကို သိချင်ကြပါတယ်။အသက်အရွယ်ဟာ လိင်ဆက်ဆံတဲ့အကြိမ်ရေကို ဘယ်လိုပြောင်းလဲစေသလဲလည်း သိချင်ကြပါတယ်။   အသက်အရွယ်ရလာတာနဲ့အမျှ လူအများစုဟာ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အိမ်ထောင်ရေးသုခ ပြည့်ဝစေဖို့ နည်းလမ်းကောင်းများ

ကိုယ့်ချစ်သူနဲ့တွဲလာတာ ရက်ပေါင်း ၃၀ မကလို့ နှစ်ပေါင်း ၃၀ ပဲဖြစ်နေပါစေ၊ ချစ်ခြင်းမေတ္တာနဲ့ ကာမကိစ္စမှာ ရိုးမသွားဖို့ဆိုတာ အရေးကြီးပါတယ်။ အိမ်ထောင်ရေးသုခ ပြည့်ဝတဲ့စုံတွဲတွေဟာ တခြားစုံတွဲတွေထက် တစ်ယောက်အပေါ်တစ်ယောက် ပိုပြီးသံယောဇဉ်တွယ်ကာ နားလည်မှု၊ ချစ်ခြင်းမေတ္တာ ပိုပေးနိုင်သလို ဘဝမှာလည်း အောင်မြင်မှုပိုရနိုင်တယ်ဆိုတာ လေ့လာတွေ့ရှိရပါတယ်။ အဲ့တော့ ချစ်ကာစအချိန်မှာ စုံတွဲတွေက လိင်ဆက်ဆံဖို့အတွက်ကို အချိန်ပေးသလောက် အိမ်ထောင်သက်တမ်းကြာလာတာနဲ့အမျှ ဒီလိင်စိတ်ဆန္ဒတွေ ပျောက်ကွယ်မသွားစေဖို့ ထိန်းသိမ်းရမှာကတော့ စုံတွဲနှစ်ဦးလုံးမှာ တာဝန်ရှိပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ အိမ်ထောင်ပြုကတည်းက ကာမသုခ အပြည့်အဝမရဘူးဆိုတဲ့ စုံတွဲတွေ၊ ညားကာစမှာတော့ အကောင်း အချိန်ကြာလာတော့မှ တစ်ယောက်အပေါ် တစ်ယောက်စိတ်မပါတော့သလို ဖြစ်နေတယ်ဆိုတဲ့ စုံတွဲတွေအတွက် အဆင်ပြေစေဖို့ ရည်ရွယ်ပြီး လိင်ကျန်းမာရေး ဗဟုသုတတွေကို ဝေမျှပေးလိုက်ချင်ပါတယ်။ အိမ်ထောင်ရေးသုခ အမြဲပြည့်ဝနေစေဖို့ ဘာလုပ်သင့်လဲ။ ၁။ တစ်ယောက်မှာရှိတဲ့ ပြဿနာတွေကို ရင်ဖွင့်တိုင်ပင်ပါ။ လူတော်တော်များများ လုပ်တတ်ကြတဲ့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

သုက်ပိုးနဲ့ပတ်သက်တဲ့ အလွဲတွေနဲ့ မျိုးဆက်ပွားကျန်းမာရေး

မျိုးပွားကျန်းမာရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့နိုင်ငံက လူတွေဆီမှာ ဗဟုသုတ တော်တော်နည်းလွန်းပါတယ်။ သူများနိုင်ငံတွေမှာလို ဆယ်ကျော်သက်အရွယ်မှာ လိင်ကျန်းမာရေးနဲ့ မျိုးပွားကျန်းမာရေးအကြောင်း ကျောင်းတွေ၊ မိဘဆွေမျိုးတွေက မသင်ပေးကြတာကြောင့်လည်း ပါတာပေါ့။ ဘာကြောင့်ပဲ ဖြစ်ဖြစ်ပါ၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီး လူတွေသိထားကြတဲ့ အလွဲတွေကို ဖြေရှင်းပေးဖို့ ဒီနေ့မှာ သုက်ပိုးတွေရဲ့ အကြောင်းကို ပြောပြပေးချင်ပါတယ်။ ၁။ သုက်ပိုးက မမျိုးဥဆီကို တည့်တည့်သွားတာမဟုတ်ပါဘူး။ ကျန်းမာတဲ့ သုက်ပိုးဟာ မမျိုးဥဆီသို့ လျင်မြန်စွာကူးခတ်သွားနိုင်ပြီး မျိုးအောင်နိုင်တယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် ထင်ထားသလိုမျိုး မိန်းမကိုယ်အတွင်း သုက်လွှတ်ပြီးတာနဲ့ သူ့လမ်းကြောင်းအတိုင်း မမျိုးဥဆီသို့ အတည့်သွားတာမဟုတ်ဘဲ များသောအားဖြင့် ကွေ့ကောက်ပြီးသွားတတ်ကြပါတယ်။ မကျန်းမာတဲ့ သုက်ပိုးတွေဆိုရင် သုက်ရည်အထဲဝင်သွားတဲ့တိုင်အောင် သုက်ပိုးတွေက ရွေ့လျားနိုင်ခြင်းမရှိဘဲ သူ့နေရာမှာပဲ ဒီအတိုင်းတည်ရှိနေတတ်ပါတယ်။ မအင်္ဂါလမ်းကြောင်းရဲ့ ချုံ့နိုင်၊ ချဲ့နိုင်အား၊ နံရံအနေအထားတွေမှာ မူတည်ပြီးတော့လည်း သုက်ပိုးကောင်တွေရဲ့ ရွေ့လျားတဲ့လမ်းကြောင်းက […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံတဲ့အချိန် ဘာ့ကြောင့် ဗိုက်အောင့်ရတာလဲ ။ ။

အမျိုးသားနဲ့ အတူနေတဲ့အခါ မိန်းမကိုယ် နာကျင်တာမျိုးတွေက ဖြစ်လေ့ရှိတဲ့ အရာတစ်ခုဆိုပေမယ့် လိင်ဆက်ဆံတဲ့အချိန် ဗိုက်အောင့်တာမျိုးတွေကတော့ ပုံမှန်ဖြစ်လေ့ဖြစ်ထ မရှိတဲ့အရာတစ်ခုပါ။ ဒါပေမယ့် တချို့ဒီလို အတူနေချိန် ဗိုက်အောင့်တတ်တဲ့သူတွေရှိကြပါတယ်။ ဘာ့ကြောင့် လိင်ဆက်ဆံတဲ့အချိန် ဗိုက်အောက်ပိုင်း အောင့်တာတွေဖြစ်ရတာလဲ ။ ။ အနေအထားမမှန်တာကြောင့်ပါ။ လိင်ဆက်ဆံတဲ့အချိန် တချို့ ဆက်ဆံတဲ့အနေအထားတွေက မိန်းမကိုယ်ထဲ လိင်တံပိုဝင်သွားစေတဲ့အတွက်ကြောင့် ဗိုက်အောင့်တာမျိုးတွေပိုဖြစ်စေတတ်ပါတယ်။ ဒီလို အခါမျိုးတွေမှာဆိုရင်တော့ နောက်တစ်မျိုး ဆက်ဆံတဲ့ ပုံစံကို ပြောင်းလိုက်သင့်ပါတယ်။ အထူးသဖြင့် အပေါ်ကနေပြီး ဆက်ဆံတဲ့အခါမျိုးမှာ အောင့်တာတွေပေါ့ ။ သားအိမ်စောင်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သားအိမ်ခေါင်းနဲ့ယှဉ်လိုက်ရင် သားအိမ်က ရှေ့ကို အနည်းငယ်ရောက်နေရမှာပါ။ ဒါပေမယ့် နောက်ဘက်ကို သားအိမ်က ရောက်နေပြီဆိုရင်တော့ သားအိမ်စောင်းနေတာဖြစ်နိုင်ပါတယ်။ သားအိမ်စောင်းနေတဲ့ပြဿနာဟာ မိန်းကလေး ၄ ယောက်မှာ ၁ ယောက်လောက်ဖြစ်တတ်တဲ့ပြဿနာတစ်ခုပါ။ သူ့ဘာသာရှိနေရင် ဘာပြဿနာကိုမှ မဖြစ်စေပေမယ့် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အရင်တုန်းကလောက် ချစ်တင်းနှောဖို့ စိတ်မပါတော့တာ ဘာကြောင့်လဲ

Inhibited Sexual Desire (ISD) ဆိုတာ လိင်စိတ်ဆန္ဒကို အောက်ဆုံးအခြေအနေထိ လျော့နည်းသွားစေတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ Low Libido - လိင်စိတ်ဆန္ဒလျော့နည်းလာခြင်းနဲ့ Asexual Orientation - မွေးကတည်းက လိင်မှုကိစ္စကို စိတ်မပါဝင်စားခြင်း၊ လိင်စိတ်တိမ်းညွတ်မှုမရှိခြင်းနဲ့ လက္ခဏာချင်းဆင်တူပေမယ့် အနည်းငယ်ကွဲပြားမှုတွေတော့ ရှိနိုင်ပါတယ်။ ISD ဘယ်နှစ်မျိုးရှိသလဲ။ အခြေအနေနဲ့ ဝေဒနာရှင်ပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲသွားနိုင်ပါတယ်။ ကိုယ့်အိမ်ထောင်ဖက်အပေါ်မှာတော့ လိင်စိတ်မဖြစ်ပေါ်ဘဲ တခြားသူတွေနဲ့သာ လိင်ဆက်ဆံလိုစိတ် ပြင်းပြတာ ဘယ်သူ့အပေါ်ကိုမှ လိင်စိတ်ဆန္ဒ ဖြစ်ပေါ်ခြင်းမရှိတာ အိမ်ထောင်ကျကာစမှာ မကြာခဏချစ်တင်းနှောတတ်ပြီး နောက်ပိုင်းမှာ အသားတောင်အထိမခံချင်တော့အထိ ဖြစ်တာ အိမ်ထောင်ဖက်နှစ်ဦးမှာ တစ်ဦးက လိင်မှုကိစ္စဘက်ကို အလွန်အမင်းအားသန်ပြီး ကျန်တဲ့တစ်ယောက်က ချစ်သူလိုအင်ကို နည်းနည်းမှ ဖြည့်ပေးဖို့ စိတ်မပါဝင်စားတာ အစရှိသဖြင့် ပုံစံအမျိုးမျိုး ရှိနိုင်ပါတယ်။ ဘယ်လိုအချိန်တွေမှာ လိင်ဆက်ဆံချင်စိတ် နည်းသွားနိုင်လဲ။ အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

စုံတွဲတွေအနေနဲ့ ပုံမှန်လိင်ဆက်ဆံမှု ဘယ်နှစ်ကြိမ် ပြုလုပ်သင့်လဲ

ကြင်စဦးဇနီးမောင်နှံတွေအနေနဲ့ မကြာခဏ လိင်ဆက်ဆံမှုပြုတာ သဘာဝပဲဆိုပေမယ့် အချိန်အတိုင်းအတာတစ်ခုအထိ ပေါင်းသင်းနေထိုင်ပြီးတဲ့ စုံတွဲတွေမှာတော့ ညားကာစလောက်တော့ လက်ပွန်းတသီးနေတာမျိုး သိပ်မရှိတော့ဘူးပေါ့။ ဒါပေမယ့်လည်း ဇနီးမောင်နှံရယ်လို့ ဖြစ်လာတဲ့အခါ လုံးဝလိင်မှုကိစ္စကို ရှောင်တာမျိုးထက် အကြိမ်ရေ သတ်မှတ်ထားတာတော့ ပိုကောင်းပါတယ်။ ဘယ်နှစ်ကြိမ်လိင်ဆက်ဆံတာက ပုံမှန်လဲ။ ပြောကြတာကတော့ အမျိုးမျိုးပါပဲ။ တစ်ပတ်တစ်ကြိမ် လိင်ဆက်ဆံတာက အကောင်းဆုံး၊ တစ်လကို တစ်ကြိမ်ဆက်ဆံတာက ပုံမှန်ဖြစ်တယ် အစရှိသဖြင့်ပေါ့။ တကယ်တမ်းမှာ အိမ်ထောက်ဖက် တစ်ဦးနဲ့ တစ်ဦး လိင်မှုကိစ္စမှာ စိတ်ပါပုံချင်း၊ စွမ်းဆောင်ပုံချင်းက မတူညီတာကြောင့် ပုံမှန်လိင်ဆက်ဆံတဲ့ အကြိမ်ရေကို တိတိကျကျ တွက်ဆလို့ မရပါဘူး။ ညားကာစမှာဖြစ်စေ၊ နောက်ပိုင်းအသားကျသွားတဲ့အခါမှာဖြစ်စေ လင်နဲ့ မယား လိင်ဆက်ဆံဖို့ ရက်ကို သေချာညှိနှိုင်းပြီး သတ်မှတ်တာက အကောင်းဆုံးပါပဲ။ လိင်မှုကိစ္စကို ရပ်လိုက်တဲ့အခါ ဘာဖြစ်သွားနိုင်လဲ။ လူရယ်လို့ ဖြစ်လာပြီဆိုရင် ကာမကိစ္စသည် မပါမဖြစ် လုပ်ငန်းဆောင်တာထဲမှာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း