လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မှုကိစ္စတွေ၊ လိင်စိတ်ဖြစ်ပေါ်ပုံနဲ့ ကျန်းမာပျော်ရွှင်စရာကောင်းတဲ့ လိင်မှုဘဝစတာတွေကို ဒီမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရွယ်ရောက်ပြီးသူတိုင်းနဲ့ သက်ဆိုင်ပါတယ်။  လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေကို မှန်ကန်စွာ ရရှိထားမှ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အထိအခိုက် ကင်းကင်းနဲ့ တည်ဆောက်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နိုင်စေဖို့ ကိုယ်တိုင်ရဲ့ လိင်မှုရေးရာ သိရှိထားမှုတွေက မှန်ကန်ရဲ့လား ဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း အတူတူ အဖြေထုတ်ကြည့်ဦးစို့နော်။ ကဲ ....... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား ......... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား လိင်မှုရေးရာ အမှန်အမှား အဖြေမထုတ်ခင် မေးခွန်းလေးတွေကို အရင် သေချာအောင် ဖတ်ကြည့်ပေးပါနော်။ ၁. တစ်ကိုယ်ရေ အာသာဖြေတာက စိတ်ဖိစီးမှု သက်သာစေတာ အပြင် များစွာသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ၂. လူတစ်ယောက်မှာ လိင်ကတဆင့် […]

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ ကို ရှာဖွေမည်။

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အပြာရုပ်ရှင် စွဲလမ်းစိတ်အကြောင်း သိထားသင့်သမျှ

အပြာရုပ်ရှင် ဆိုတာ ရှေးနှစ်ပေါင်းများစွာကတည်းက ခေတ်စားလာခဲ့တာပါ။ ရှေးရိုးအစွဲကြီးတဲ့ လူကြီးတွေ၊ ပတ်ဝန်းကျင်ဒေသတွေမှာတော့ အပြာရုပ်ရှင်ကို ညစ်ညမ်းရုပ်ရှင်လို့ နာမည်တပ်လေ့ ရှိကြပေမယ့် တကယ်တမ်းတော့ ဒါက လိင်ဆက်ဆံမှုလိုပဲ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် တစ်ခုပါပဲ။ အပြာရုပ်ရှင်တွေဟာ ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေကြားမှာ အလွန်ရေပန်းစားပြီး လူလတ်ပိုင်းတွေနဲ့ တချို့သော လူကြီးပိုင်းတွေပါ ကျား၊ မ မရွေး ကြည့်တတ်ကြပါတယ်။ တကယ်တော့ လူတွေထင်ထားသလို အပြာရုပ်ရှင်ကြည့်ခြင်းဆိုတာ မှားယွင်းတဲ့ အလေ့အကျင့်တစ်ခုဆိုတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဘယ်အရာမဆို တန်ဆေး၊ လွန်ဘေး ဆိုသလို အမြဲတမ်းပဲ ကြည့်နေတတ်တဲ့ အကျင့်ကြောင့် ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ ပြဿနာတွေဖြစ်လာပြီဆိုရင်တော့ ဒီစိတ်ကို ထိန်းချုပ်ကြည့်သင့်ပါပြီ။ ဒါဟာ တကယ်ပဲ စိတ်စွဲလမ်းခြင်းလား။ လူတိုင်း အပြာရုပ်ရှင်ကြည့်ကြပါတယ်။ တချို့တွေက တစ်လ တစ်ကြိမ်လောက်ကြည့်မယ်၊ တချို့လူတွေကတော့ တစ်ရက်ကို တစ်ကြိမ် ပုံမှန်အလုပ်တစ်ခုလို […]


ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ဆက်ဆံရမှာကို တွေးပြီး အကြောက်လွန်တာမျိုး ဖြစ်ဖူးလား

ထိုးသွင်းဆက်ဆံမှု ပြုရာမှာ၊ ချစ်တင်းနှောရမှာကို တွေးမိတိုင်း အကြောက်အလန့် လွန်တဲ့ စိတ်ဝေဒနာကို Genophobia လို့ ခေါ်ပါတယ်။ အလွယ်ပြောရမယ်ဆိုရင်တော့ လိင်ဆက်ဆံဖို့ကို အရမ်းကြောက်တဲ့ သူတွေပေါ့။ မိန်းကလေးတွေမှာ ပိုအဖြစ်များပြီး အကြောင်းအမျိုးမျိုးကြောင့် လိင်ဆက်ဆံဖို့ကို တွေးမိတိုင်း အကြောက်လွန်ပြီး ခါးခါးသီးသီး ငြင်းပယ်တတ်ကြပါတယ်။ Genophobia လို လိင်မှုကိစ္စကို ကြောက်တဲ့သူတွေမှာ တခြား လိင်ပိုင်းဆိုင်ရာ စိတ်ဝေဒနာတွေ ဖြစ်တဲ့ ကိုယ်လုံးတီးနေရမှာ၊ အဝတ်မဲ့နေတဲ့သူတွေကို ကြည့်ရမှာ ကြောက်လန့်ခြင်း (Gymnophobia) ဆန့်ကျင်ဘက်လိင်ကို ကြောက်လန့်ခြင်း (Heterophobia) ထိုးသွင်းဆက်ဆံခံရမှာကို ကြောက်လန့်ခြင်း (Coitophobia) သူများအသားကို ထိရမှာ၊ ကိုယ့်အသားကို လာထိမှာ မနှစ်မြို့ခြင်း (Haphephobia) လိင်မှတစ်ဆင့် ကူးစက်ရောဂါ၊ ဗိုင်းရပ်စ်ပိုးတွေ ကိုယ်ထဲဝင်လာမှာ ကြောက်လန့်ခြင်း (Nosophobia) ကိုယ်ဝန်ရသွားမှာ၊ ကလေးမွေးရမှာကို ကြောက်ရွံ့ခြင်း […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လင်မယားတွေ ကုတင်ခွဲအိပ်ကြတာ ပုံမှန်ကိစ္စတစ်ခုပဲလား

ဒီကိစ္စမျိုးက အိမ်ထောင်သက်တမ်း ရင့်လာတဲ့ လင်မယားတွေမှာ မကြာခဏအတွေ့များတဲ့ ကိစ္စပါ။ ခင်ပွန်းနဲ့ ဇနီးဆိုတာ ခွဲမအိပ်ကောင်းဘူးဆိုပြီး ထင်တတ်ကြတဲ့ သူတွေလည်း အများကြီးပါပဲ။ တကယ်တော့ ဒါဟာ ပြဿနာလို့တောင် ခေါင်းစဉ်တပ်လို့ မရတဲ့ ပုံမှန်အခြေအနေတစ်ရပ်ပါပဲ။ အိမ်ထောင် သက်တမ်းကြာလာမှ မဟုတ်ပါဘူး။ တခြားသော ကိစ္စ၊ အကြောင်းရင်းတွေကြောင့်လည်း ကုတင်ခွဲအိပ်တာမျိုးတွေ ရှိပါတယ်။ လူတွေထင်ထားကြသလို ကုတင်ခွဲအိပ်တာ အိမ်ထောင်ပျက်ဖို့ လမ်းစဆိုတာမျိုးတော့ လုံးဝမဟုတ်ပါဘူး။ အဓိကကတော့ ကာယကံရှင် ၂ဦးက အပြန်အလှန် ညှိနှိုင်းပြီး သဘောတူညီမှုရယူထားဖို့တော့ လိုတာပေါ့။ အိမ်ထောင်သည်တွေ ကုတင်ခွဲအိပ်ရတဲ့ အကြောင်းရင်းတွေ ၁။ အလုပ်အကိုင်ကြောင့် ၂ဦးလုံး အလုပ်လုပ်နေတဲ့ အိမ်ထောင်တစ်ခုမှာ အမျိုးသားက ညတော်တော်နောက်ကျတဲ့အထိ အလုပ်လုပ်နေရပြီး အမျိုးသမီးက မနက်အစောကြီးထပြီး ချက်ပြုတ်ပြင်ဆင်ရ၊ အလုပ်သွားရတာမျိုးတွေ ရှိပါတယ်။ ဒီတော့ ကိုယ့်ရဲ့ တစ်နေ့တာအိပ်ချိန်မှာ ဘယ်လိုအနှောင့်အယှက်မျိုးမှ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသမီးများနဲ့ လိင်စိတ်အထွတ်အထိပ် ရောက်မှုအကြောင်း

အမျိုးသားနဲ့ အမျိုးသမီး အတူနေတဲ့အခါမှာ အမျိုးသားတွေရဲ့ လိင်စိတ်အထွတ်အထိပ် ရောက်မှုက သိသာထင်ရှားပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေကျတော့ လိင်စိတ်အထွတ်အထိပ် ရောက်မှုက အမျိုးသားတွေလောက် သိသာထင်ရှားတာမျိုးမရှိပါဘူး။ တချို့အမျိုးသမီးတွေက သူတို့လိင်စိတ်အထွတ်အထိပ်ရောက်လားဆိုတာကို သူတို့ကိုယ်တိုင်လည်းမသိဘူး။ အိမ်ထောင်ကျ ကလေးတွေရပြီး အသက်ကြီးသွားတဲ့အထိ လိင်စိတ်အထွတ်အထိပ်ရောက်မှုအကြောင်း သေချာမသိသွားရတဲ့သူတွေလည်းရှိတယ်။ အမျိုးသမီးတွေက အတူနေတဲ့အခါတိုင်းမှာလည်း အထွတ်အထိပ်ရောက်တယ်ဆိုတာကို မသိရဘူး။ အတူနေတဲ့အခါ အမျိုးသမီးတွေ လိင်စိတ်အထွတ်အထိပ်မရောက်တာက အမျိုးသမီးတွေအတွက်တင် ပြဿနာမဟုတ်ဘူး။ အမျိုးသားတွေမှာလည်း ပြဿနာဖြစ်နေတယ်။ အမျိုးသားတွေရဲ့ အတ္တတစ်ခုက သူတို့နဲ့ဆက်ဆံရင် အထွတ်အထိပ်ရောက်သွားတယ်ဆိုတာကို လိုချင်ကြတယ်။ ဒီတော့ သူတို့ရဲ့ဆက်ဆံဖော်အဆင်မပြေဖြစ်တာက သူတို့နဲ့လည်း သက်ဆိုင်တယ်လို့ ခံစားကြရလေ့ရှိတယ်။ အခုချိန်ထိလည်း အမျိုးသမီးတွေရဲ့ လိင်စိတ်အထွတ်အထိပ်ရောက်မှုကိစ္စက ဝေခွဲရခက်တဲ့မေးခွန်းတွေအများကြီးရှိနေတုန်းပါပဲ။ လိင်စိတ်အထွတ်အထိပ် ဆိုတာ ယောက်ျားလေးတွေအတွက်တော့ သိပ်ပြီးရှင်းပြစရာမလိုပါဘူး။ အမျိုးသမီးတွေအတွက်ကျ ဒီကိစ္စက နည်းနည်းဖြေရခက်တယ်။ အစားအစာတစ်ခုကို အရသာမခံဘဲ သူ့ရဲ့အရသာကို ရှင်းပြရသလိုဖြစ်နေတယ်။ ရှင်းပြရခက်တယ်။ မြည်းစမ်းကြည့်လိုက်မှ […]


ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

နှစ်ကိုယ်ကြားဆက်ဆံရေးက ဒီလိုကောင်းကျိုးလေးတွေရနိုင်ပါသတဲ့

လိင်မှုကိစ္စဆိုတာ ကျွန်တော်တို့ လူသားတွေရဲ့ နေ့စဉ်ဘဝအတွက် အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာမှာ ပါဝင်နေတယ်ဆိုတာတော့ ငြင်းလို့မရပါဘူး။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ လိင်မှုဘဝသာယာမှ ပိုပိုပြီး ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည် နေထိုင်နိုင်မှာပါ။ ဒါဆိုရင် လိင်မှုဘဝက ကိုယ့်ရဲ့ နေ့စဉ်ကျန်းမာရေးကို ဘယ်လိုသက်ရောက်မှုရှိစေနိုင်လဲဆိုတာ ပြောပြပေးချင်ပါတယ်။ ၁။ အအေးမိ၊ တုပ်ကွေးဖျားနာခြင်း ကင်းဝေးစေတယ်။ တစ်ပတ်မှာ အနည်းဆုံး ၃ကြိမ်ခန့် လိင်ဆက်ဆံခြင်း ပြုတဲ့ သူတွေမှာ ကိုယ်ခံအားစနစ်ပိုကောင်းပြီး antibody immunoglobulin A လို့ ခေါ်တဲ့ ရောဂါ၊ ဘက်တီးရီးယားတွေကို ခုခံတားဆီးပေးတဲ့ ပဋိပစ္စည်းတွေ အများအပြား ထွက်ရှိပါတယ်။ လူတစ်ယောက်က ခုခံအားကောင်းနေပြီဆိုမှတော့ အလွယ်တကူ အအေးမိဖျားနာတာတွေ မဖြစ်နိုင်တော့ဘူးပေါ့။ ၂။ ကယ်လိုရီတွေကို လောင်ကျွမ်းစေတယ်။ လိင်ဆက်ဆံနေချိန်မှာ သွေးလည်ပတ်မှုကောင်းစေပြီး နှလုံးခုန်နှုန်းကို မြန်စေတယ်။ ၂ယောက်အတူ လုပ်ဆောင်ရတဲ့ လေ့ကျင့်ခန်းမျိုးဖြစ်တဲ့အတွက် ပိုပြီး […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လူကြားထဲရောက်မှ ရုတ်တရက် လိင်တံထောင်မတ် လာတာကို ဘယ်လိုဖြေရှင်းမလဲ

ကျန်းမာရေးကောင်းတဲ့ အမျိုးသားတိုင်းအတွက် လိင်တံထောင်မတ် တယ်ဆိုတာ ပုံမှန်အခြေအနေ တစ်ရပ်ပါပဲ။ များသောအားဖြင့် လိင်တံထောင်မတ်လာတဲ့အခါ တစ်ကိုယ်ရေ အာသာဖြေလိုက်ရင် စိတ်ပေါ့ပါးပြီး ပြန်ပျော့ကျသွားတာပါပဲ။ ဒါပေမဲ့ ဒီလိုမျိုး အာသာဖြေလို့ မရတဲ့ အခြေအနေမျိုး (ဥပမာ - လုပ်ငန်းခွင်ထဲမှာ၊ အသိမိတ်ဆွေတွေ၊ မိန်းကလေးတွေနဲ့ စကားပြောနေချိန်၊ လမ်းလျှောက်နေတဲ့အချိန်) မှာ ရုတ်တရက်ထောင်မတ်လာရင် ဘောင်းဘီကနေ ထိုးထိုးထောင်ထောင်နဲ့ ရှက်ကိုးရှက်ကန်း ဖြစ်ရသလို အများအမြင်မှာလည်း မသင့်တော်ဘူးလေ။ ဒီလိုအခြေအနေမျိုးကို ဖြေရှင်းပေးနိုင်မယ့် နည်းလမ်း ၆မျိုးကို အခုဆောင်းပါးလေးမှာ ပြောပြပေးသွားမှာပါ။ လိင်တံထောင်မတ် ခြင်းကို ဖြစ်စေနိုင်တဲ့အရာတွေ ၁။ အထိအတွေ့ကြောင့် လိင်စိတ်ထလာခြင်း (Reflexogenic) ၂။ လိင်ပိုင်းဆိုင်ရာ အတွေး၊ စိတ်ကူးတွေ ဝင်လာချိန်မှာ လိင်စိတ်ထကြွခြင်း (Psychogenic) ၃။ အိပ်နေချိန်မှာ လိင်စိတ်ထလာခြင်း (Nocturnal) အခြေအနေ ၃မျိုးကြောင့် လိင်တံထောင်မတ်ခြင်းကို ဖြစ်စေပါတယ်။ လိင်တံထောင်မတ် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ဖွားဖက်တော် သေးနေလို့ သင့်အဖော် စိတ်မကျေနပ်လောက်ဘူးလို့ ထင်နေပါသလား

အမျိုးသားထုတွေကြားမှာ မကြာခဏ အမေးများတဲ့ မေးခွန်းကတော့ သူတို့ ငယ်ပါ အရွယ်အစား သေးလားဆိုတာပါပဲ။ အရွယ်အစား ပုံမှန်ရှိတဲ့သူကလည်း ထပ်ပြီး ကြီးချင်ကြတယ်။ ပုံမှန်ထက် အနည်းငယ်ကြီးနေတဲ့ အမျိုးသားတွေကလည်း ထပ်ပြီး ကြီးဖို့ ကြိုးစားကြတယ်။ အပြာရုပ်ရှင်တွေနဲ့ မကြာခဏ နှိုင်းယှဉ်ပြီး ကိုယ့်အရွယ်အစားကို သေးတယ်လို့ မြင်လာကြတယ်။ သိမ်ငယ်စိတ်တွေ ဝင်လာတယ်။ မိန်းကလေးတွေကလည်း လိင်တံအရွယ်ကြီးမှ စိတ်ကျေနပ်မှု အပြည့်အဝရနိုင်မယ်ဆိုပြီး စိတ်ထဲမှာ ယုံကြည်လက်ခံလိုက်ကြတာပေါ့။ ဖွားဖက်တော် သေးနေလို့ သင့်အဖော် စိတ်မကျေနပ်လောက်ဘူးလို့ ထင်နေပါသလား ဖွားဖက်တော် သေးနေလို့ သင့်အဖော် စိတ်မကျေနပ်လောက်ဘူးလို့ ထင်နေပါသလား ..... ဒါဆိုရင် ဆောင်းပါးလေး ဖတ်ကြည့်လိုက်ပါ။ ပုံမှန်လိင်တံအရွယ်အစားဆိုတာ ဘယ်လိုမျိုးလဲ။ အရှည်ဟာ ပျော့နေတဲ့အချိန်မှာ ၂.၈လက်မ မှ ၃.၉လက်မ (၇-၁၀ စင်တီမီတာ) ရှိပြီး မာနေတဲ့အချိန်မှာ ၄.၇လက်မ မှ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်တံအရွယ်အစားနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့အချက်တွေ

လိင်တံ တွေရဲ့ ပုံစံအရွယ်အစား၊ အရောင်တွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ ဒီတော့ အမျိုးသား အများစုက သူတို့ရဲ့ လိင်တံအရွယ်အစား၊ ပုံစံနဲ့ ပတ်သက်ပြီး စိုးရိမ်လေ့ရှိကြပါတယ်။ ဒီလို စိုးရိမ်တတ်စေတဲ့အကြောင်းရင်းတွေထဲမှာ လက်သည်အများကြီးပါဝင်ပြီး ဒီလို လိင်တံသေးတယ်လို့ ထင်စေတဲ့အကြောင်းရင်းတွေရဲ့ ပထမတစ်ချက်က အမျိုးသားအများစုဟာ ပုံမှန်လိင်တံအရွယ်အစားက ဘယ်လိုလဲ ဆိုတာ မသိကြလို့ပါ။ နောက်တစ်ချက်ကတော့ အပြာကားတွေက ပေးတဲ့ အချက်အလက်အမှားတွေကြောင့် ဖြစ်ပါတယ်။ အပြာကားထဲမှာ ပုံဖျက်ထားတဲ့ လိင်တံအရွယ်အစားတွေကြည့်ရင်း ယောက်ျားလေး အများစုက သူတို့ရဲ့ လိင်တံက သေးနေလွန်းတယ်လို့ ထင်တတ်ကြပါတယ်။ နောက်တစ်ချက်က စိတ်ပိုင်းဆိုင်ရာ ဖြစ်ပြီး သာမန်လိင်တံအရွယ်အစားရှိတဲ့ အမျိုးသား တွေက သူတို့တွေရဲ့ လိင်တံက အရမ်းသေးငယ်နေတယ်လို့ ထင်ကြတာ ဖြစ်ပါတယ်။ ဒါဟာ Penile dysmorphic disorder လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာဝေဒနာ […]


ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

စိတ်ကျရောဂါနှင့် လိင်မှုကိစ္စ

စိတ်ကျန်းမာရေးနဲ့ လိင်မှုဘဝ သာယာမှုဆိုတာ အမြဲဆက်စပ်နေတဲ့ အရာတွေပါ။ စိတ်သွားမှ ကိုယ်ပါမယ်။ ကိုယ့်ရဲ့ စိတ်က ကျန်းမာနေမှ ကိုယ်ခန္ဓာက ကောင်းစွာ အလုပ်လုပ်နိုင်ဖို့ စိတ်ခွန်အားတွေ ဖြစ်စေမယ်။ ဘဝက ပျော်ရွှင်သာယာနေတဲ့အချိန်မှာ လိင်မှုဘဝ သာယာဖို့အတွက် ကြိုးပမ်းနိုင်တာပေါ့။ စိတ်ကသာ ပြိုလဲပြီဆိုရင် အရာရာက ပြိုလဲရတော့တာပါပဲ။ အထူးသဖြင့် စိတ်ကျရောဂါတွေ၊ စိတ်ဖိစီးမှုတွေ ခံစားနေရတဲ့အခါ ဘယ်လိုမှ လိင်စိတ်ဆန္ဒ ဖြစ်လာတော့မှာ မဟုတ်သလို ကိုယ့်ချစ်သူ၊ အိမ်ထောက်ဖက်ကိုလည်း စိတ်တိုင်းကျစေဖို့ စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒီဆောင်းပါးမှာ စိတ်ကျရောဂါကြောင့် ကိုယ့်ရဲ့ လိင်မှုဘဝကို ဘယ်လိုထိခိုက်စေနိုင်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ စိတ်ကျရောဂါဆိုတာ ဘယ်လိုမျိုးလဲ။ စိတ်ခံစားချက်ပိုင်းဆိုင်ရာ ပုံမှန်အခြေအနေမျိုးမှာ မရှိတဲ့ စိတ်ရောဂါ တစ်မျိုးပါ။ အမြဲတမ်း ဝမ်းနည်းပူဆွေးနေတဲ့ ခံစားချက်မျိုး၊ ကိုယ့်ဘဝနဲ့ ပတ်ဝန်းကျင်အပေါ်မှာ စိတ်ဝင်စားမှု မရှိတော့ပဲ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ပုံမှန်မဟုတ်တဲ့ လိင်စိတ်စွဲလမ်းမှု

လိင်မှုကိစ္စနဲ့ ပတ်သက်လာရင် လူတော်တော်များများရင်ထဲမှာ သဘောကျပေမဲ့ မြိုသိပ်ထားတဲ့ အရာလေးတွေ ရှိမှာပါ။ တင်ပါးလှလှလေး၊ မျက်နှာချောချောလေး မြင်ရင် သဘောကျတယ်ဆိုတာကတော့ ပုံမှန်လူတိုင်းမှာ ရှိတဲ့ လိင်စိတ်စွဲလမ်းမှု ပါပဲ။ ပုံမှန်မဟုတ်တဲ့ လိင်စိတ်စွဲလမ်းခြင်း (Fetish) ဆိုတာကတော့ လိင်မှုကိစ္စနဲ့ မသက်ဆိုင်တဲ့အရာတွေ ဥပမာ ခြေထောက်၊ ချိုင်းသား အစရှိတဲ့ ကိုယ်လက်အင်္ဂါတွေ မြင်ရင်၊ မလျှော်ထားတဲ့ ခြေအိတ်၊ စွပ်ကျယ်၊ အတွင်းခံ အစရှိတဲ့ အဝတ်အစားတွေကို မြင်နေရတဲ့အခါ၊ နမ်းရှိုက်လိုက်တဲ့အခါ လိင်စိတ်ထကြွခြင်းမျိုးကို ဆိုလိုပါတယ်။ ဒီလိုအပြုအမူတွေဟာ ကျား၊ မ အသက်အရွယ်မရွေး ရှိနေပြီး အမျိုးသားတွေမှာ ပိုပြီး အတွေ့များပါတယ်။ ပုံမှန်အားဖြင့် အန္တရာယ်မရှိတဲ့ အပြုအမူလို့ ယူဆထားကြပေမယ့် ဒီလိင်စိတ်စွဲလမ်းမှုကြောင့် ကိုယ့်ရဲ့ ဘဝနဲ့ လူမှုရေးကိစ္စတွေမှာ ပြဿနာနဲ့ ကြုံလာရပြီဆိုရင်တော့ လိင်မှုကိစ္စဆိုင်ရာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း