လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မှုကိစ္စတွေ၊ လိင်စိတ်ဖြစ်ပေါ်ပုံနဲ့ ကျန်းမာပျော်ရွှင်စရာကောင်းတဲ့ လိင်မှုဘဝစတာတွေကို ဒီမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရွယ်ရောက်ပြီးသူတိုင်းနဲ့ သက်ဆိုင်ပါတယ်။  လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေကို မှန်ကန်စွာ ရရှိထားမှ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အထိအခိုက် ကင်းကင်းနဲ့ တည်ဆောက်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နိုင်စေဖို့ ကိုယ်တိုင်ရဲ့ လိင်မှုရေးရာ သိရှိထားမှုတွေက မှန်ကန်ရဲ့လား ဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း အတူတူ အဖြေထုတ်ကြည့်ဦးစို့နော်။ ကဲ ....... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား ......... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား လိင်မှုရေးရာ အမှန်အမှား အဖြေမထုတ်ခင် မေးခွန်းလေးတွေကို အရင် သေချာအောင် ဖတ်ကြည့်ပေးပါနော်။ ၁. တစ်ကိုယ်ရေ အာသာဖြေတာက စိတ်ဖိစီးမှု သက်သာစေတာ အပြင် များစွာသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ၂. လူတစ်ယောက်မှာ လိင်ကတဆင့် […]

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ ကို ရှာဖွေမည်။

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသားစွမ်းဆောင်ရည်တိုးဖို့ လုပ်ဆောင်ရမယ့် အချက်(၈)ချက်

လိင်မှုကိစ္စမှာ စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်ဖို့ဆိုတာ အမျိုးသားတိုင်းရဲ့ ဆန္ဒပါပဲ။ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ကို သာယာမှုအပြည့်အဝပေးလိုတာ ဖြစ်စေ၊ စိတ်သွားတိုင်း ကိုယ်မပါဖြစ်နေတဲ့ အမျိုးသားတွေမှာ ဒီလို ကာမခွန်အား မြှင့်တင်ပေးနိုင်မယ့် နည်းလမ်းတွေကို အမြဲရှာဖွေလေ့ရှိကြပါတယ်။ လိင်ကိစ္စမှာ သာယာမှုအပြည့်အ၀ ရဖို့ဆိုတာလည်း ကိုယ့်ရဲ့ ညီငယ် ဖွားဖက်တော်က အပြည့်အ၀ လိုအပ်ချိန်တိုင်း အဆင်သင့်ဖြစ်နေမှ အဆင်ပြေမှာပေါ့။ ဖွားဖက်တော် အားအင်ပြည့်ဝနေဖို့အတွက် နှလုံးအားကောင်းဖို့ လိုသလို သွေးလည်ပတ်မှု အားကောင်းဖို့လည်း အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖွားဖက်တော် ထောင်မတ်နိုင်ဖို့ဆိုတာ လိင်အင်္ဂါအတွင်း သွေးကြောထဲ သွေးကောင်းစွာ စီးဆင်းနိုင်မှ ဖြစ်မှာကိုး။ အမျိုးသားတွေဆိုတာလည်း အလုပ်က စိတ်ဖိစီးမှုတွေ၊ ဆေးလိပ်၊ အရက်သောက်တာ၊ စားသောက်နေထိုင်မှုပုံစံ မမှန်တာ၊ အိပ်ချိန်မပြည့်ဝတာ၊ အဝလွန်တာ၊ ကျန်းမာရေးအခြေအနေ အစရှိတဲ့ အကြောင်းရင်းတွေကြောင့် လိင်စိတ်ဆန္ဒ တဖြည်းဖြည်း နည်းပါးလာပြီး […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံခြင်းဖြင့် စိတ်ဖိစီးမှုတွေ ပြေလျော့စေနိုင်ပါတယ်

လူတိုင်းမှာ စိတ်ညစ်စရာ စိတ်ဖိစီးစရာတွေရှိတယ်နော်။ အလုပ်ခွင်ကိစ္စတွေကြောင့် စိတ်ညစ်ရတာ၊ လူမှုရေးကိစ္စေတွကြောင့်စိတ်ညစ်ရတာတွေ ရှိပါတယ်နော်။ စိတ်ညစ်တာကို အကြာကြီးမွေးထားမယ်ဆိုရင် စိတ်ညစ်စရာကနေ စိုးရိမ်စရာ စိတ်ဖိစီးစရာတွေဖြစ်လာပါမယ်။ ဒီလိုဖြစ်လာတဲ့အခါနေ့စဉ်လူနေမှုဘဝမှာ ထိခိုက်မှုဖြစ်စေပါတယ်။ စိတ်ဖိစီးမှုတွေကို မလျှော့ချနိုင်ဘူးဆိုရင်ရေရှည်မှာ ကြီးမားတဲ့နောက်ဆက်တွဲအကျိုးဆက်တွေဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ စိတ်ဖိစီးမှုကို အထိရောက်ဆုံးပြေလျော့စေနိုင်မယ့် နည်းလမ်းရှိပါတယ်။ အဲဒါကတော့ လိင်ဆက်ဆံခြင်းပါ။ လိင်ဆက်ဆံခြင်းဖြင့် စိတ်ဖိစိးမှုကိုဖြေလျော့ပါ။ လိင်ဆက်ဆံတာက ခံစားမှုကောင်းတာတင်မဟုတ်ပါဘူး။ ကျန်းမာစေဖို့ပါ အထောက်အကူပြုသလို စိတ်ဖိစီးမှုကိုပါကင်းစေနိုင်ပါသတဲ့။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ လိင်ဆက်ဆံတဲ့အခါ ခန္ဓာကိုယ်တွင်းက စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ဟော်မုန်းတွေ ကျဆင်းသွားတာကြောင့်ပါ။ အမျိုးသားနဲ့ အမျိုးသမီးအတူနေချိန်မှာ အချစ်ဟော်မုန်းလို့ တင်စားခေါ်ဝေါ်ကြတဲ့ oxytocin နဲ့ endorphinsဟော်မုန်းတို့ ထွက်လာကြပါတယ်။ ဒီလိုထွက်ရှိလာမှုက စိတ်ထဲမှာဖြစ်နေတဲ့ စိုးရိမ်မှု၊ ပူပန်မှုတွေကိုပြေလျော့သွားစေဖို့ အထောက်အပံ့ပေးပါတယ်။ စိတ်ကို တည်ငြိမ်သွားစေသလို စိတ်ခံစားမှု ကောင်းမွန်လာစေပြီး ကောင်းကောင်းအိပ်ပျော်စေဖို့လည်း ကူညီပေးပါသေးတယ်။ နောက်ထပ်ကောင်းကျိုးတစ်ခုကတော့ အချင်းချင်းကြားမှာ နားလည်မှုယုံကြည်မှုတွေတိုးစေတာပါ။ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံခြင်း အကြောင်းရင်း အခု (၂၀)

လူတွေမှာ လိင်ဆက်ဆံမှုကိုလိုအပ်ရခြင်းရဲ့ အကြောင်းရင်းများစွာရှိပါတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံတဲ့ အမူအကျင့်တိုင်းမှာ လူတစ်ယောက်ချင်းစီရဲ့ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာနဲ့ နောက်ဆုံးဘာသာရေးပိုင်းဆိုင်ရာအဓိပ္ပာယ်တွေအထိရှိနေတတ်ပါတယ်။ လေ့လာမှုတစ်ခုမှာ လိင်မှုဆိုင်ရာ ကျွမ်းကျင်သူတွေကလိင်ဆက်ဆံခြင်းရဲ့ အကြောင်းရင်းတွေကိုဖော်ပြခဲ့ပါတယ်။ လိင်ဆက်ဆံမှုအတွက် အလိုလိုပါရှိလာတဲ့ဆန္ဒ လူတွေရဲ့ ခန္ဓာကိုယ်ဟာ ဒီလိုလုပ်ရမယ်ဆိုတာ ညွှန်ကြားထားပြီးဖြစ်ကာ ဦးနှောက်ကလဲ ဒီလိုအမူအကျင့်ပြုမူအောင် လှုံ့ဆော်တတ်ပါတယ်။ လိင်ဆက်ဆံမှုဆိုတာဦးနှောက်ရဲ့ လှုံ့ဆော်မှုကြောင့် ရှောင်လွှဲလို့ မရနိုင်ပါဘူး။ ခန္ဓာကိုယ်ဟာ အားအင်ပြည့်ဝဖို့ အာဟာရတွေကို လိုအပ်သလို ဆင့်ကဲဖြစ်စဉ်တွေအတွက်လည်း လိင်ဆက်ဆံမှုကိုလိုအပ်ပါတယ်။ ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ ကျွမ်းကျင်သူတွေက လူတွေရဲ့ အသက်ရှင်နေထိုင်မှုအတွက် လိင်ဆက်ဆံချင်တဲ့ ဆန္ဒဟာလူတွေ ကိုယ်ထဲမှာ ပါပြီး ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ရည်ရွယ်ချက်ကဘာလဲ။ UT- Austin မှာ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေဟာ ကျောင်းသား၁၅၀၀ကို သူတို့ရဲ့ လိင်ဆက်ဆံခြင်းနဲ့ ပတ်သက်တဲ့ သဘောထားတွေ၊ အတွေ့အကြုံတွေနဲ့ အရင်းခံအကြောင်းအရင်းတွေကိုမေးမြန်းခဲ့ကြပါတယ်။ အဖြေတွေကိုတော့ လေးအုပ်စုခွဲခြားနိုင်ပါတယ်။ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မှုကိစ္စအပေါ် စိတ်မဝင်စားတဲ့သူတွေ လောကမှာ တကယ်ရှိနေလား

ဒီမေးခွန်းကို လူအများစုက မဖြစ်နိုင်ဘူးလို့ပဲ ဖြေကြမှာပါပဲ။ ပုံမှန် လူသားအများစုဟာ အအိပ်၊ အစား၊ ကာမ ဒီတာဝန် ၃ခုနဲ့ နေ့စဉ်ဘဝရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းတတ်ကြပေမယ့် လိင်မှုကိစ္စအပေါ် စိတ်ခံစားချက်၊ သာယာမှု မရှိတာ၊ စိတ်မဝင်စားတဲ့ လူနည်းစုဟာ အမှန်တကယ် ရှိနေပါတယ်။ လိင်မှုကိစ္စအပေါ် စိတ်မဝင်စားခြင်းဆိုတာ ဘာလဲ။ လိင်တူဖြစ်စေ၊ လိင်ကွဲဖြစ်စေ အတူနေနေရတဲ့အချိန်မှာ၊ သို့မဟုတ် ကိုယ်ချစ်ရတဲ့သူအကြောင်း တွေးမိတဲ့အခါ လိင်ဆက်ဆံလိုစိတ် မဖြစ်ပေါ်လာတာ၊ လိင်ဆက်ဆံမှု ပြုဖို့ လိုအပ်တယ်လို့ မခံစားရတာ အစရှိတဲ့ ခံစားချက်မျိုးကို လိင်မှုကိစ္စအပေါ် စိတ်မဝင်စားခြင်း (Asexuality) လို့ ခေါ်ပါတယ်။ လိင်မှုကိစ္စနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုမရှိခြင်းဟာ အမျိုးသားရော အမျိုးသမီးတွေမှာပါ ဖြစ်နိုင်ခြေရှိပြီး လက်ရှိအချိန် Asexual လူဦးရေဟာ တစ်ကမ္ဘာလုံးမှာ ၁ရာခိုင်နှုန်းလောက်သာ ရှိနေပါတယ်။ ဒါဟာလည်း ကိုယ်ပိုင် ရွေးချယ်မှုတစ်ခုမဟုတ်ဘဲ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မှုဆက်ဆံရေးမှာ အရွယ်အစားက ဘယ်လောက်အရေးပါလဲ

လိင်ဆက်ဆံတဲ့ကိစ္စနဲ့ပတ်သက်ပြီး အပြောများတဲ့အကြောင်းအရင်းတစ်ရပ်က အမျိုးသားအင်္ဂါအရွယ်အစားပဲ ဖြစ်ပါတယ်။ လေ့လာမှုတော်တော်များများနဲ့သဘောထားစစ်တမ်းကောက်ယူချက်တွေမှာ အမျိုးသားအင်္ဂါ အရွယ်အစားနဲ့ပတ်သက်ပြီး ဇနီးသည်နဲ့ ချစ်သူမိန်းကလေးတွေက အထူးတလည်သဘောထားတာမျိုးမရှိဘူး လို့တွေ့ရပါတယ်။ အရွယ်အစားက စွမ်းဆောင်နိုင်စွမ်းအပေါ်မှာလည်း သက်ရောက်မှုမရှိပါဘူး။ “ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ ဆက်ဆံရေးတစ်ရပ်ကို ဖန်တီးရမယ့်အစား အမျိုးသားအများစုက အရွယ်အစားအပေါ်မှာ အာရုံစိုက်လွန်းနေတာကြောင့် အမျိုးသားအင်္ဂါအရွယ်အစားက ဖြေရှင်းရခက်တဲ့ပြဿနာတစ်ရပ်လို တောင်ဖြစ်လာနေပါတယ်။” လို့ Chapman( ချပ်မန်း )တက္ကသိုလ် စိတ်ကျန်းမာရေးဌာနရဲ့ လက်ထောက်ပါမောက္ခ David Frederick (ဒေးဗစ်ဖရက်ဒရစ်ခ်) ကပြောကြားခဲ့ပါတယ်။ အမျိုးသားအင်္ဂါရဲ့အရှည်က ပျမ်းမျှအားဖြင့် ၅.၁၆ လက်မရှိတယ်လို့ဆိုပါတယ်။ မကြာသေးခင်က ယူကေကသုတေသီတွေ လုပ်ဆောင်ခဲ့တဲ့လေ့လာမှု ၂၀ မှာ အရွယ်အစားက အမျိုးသား အများစုမှာ တူညီလေ့ရှိတယ်လို့ တွေ့ရှိခဲ့ရတယ်လို့ ဖော်ပြခဲ့ပါတယ်။ ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူတွေက လေ့လာမှုတွေမှာပါဝင်ခဲ့သူတွေရဲ့ အရွယ်အစားနဲ့အတိုင်းအတာတွေကိုတိုင်းတာခဲ့ပေမယ့် တစ်ဦးတစ်ယောက်မှာမှ ပုံမှန်မဟုတ်တဲ့ အနေအထားဖြစ်ပေါ်နေတာနဲ့ အရွယ်အစား အရမ်းသေးလွန်းနေတာ တွေ့ရှိရတယ်လို့ ပြောကြားခဲ့တာမျိုးမရှိပါဘူး။ အမျိုးသားတွေက […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မှုကိစ္စနှင့် ပတ်သက်ပြီး သိသင့်တဲ့ အချက် ၁၄ ချက်

လိင်မှုကိစ္စနှင့် ပတ်သက်ပြီး သိသင့်တဲ့ အချက် ၁၄ ချက် လိင်မှုကိစ္စနှင့် ပတ်သက်ပြီး သိသင့်တဲ့ အချက် တွေက ဘာတွေများလဲ။ ၁။ ပထမဆုံးအကြိမ် အတူနေရုံနဲ့ ကိုယ်ဝန်ရနိုင်ပါတယ်။ မိန်းကလေးတစ်ယောက်က ပထမဆုံးအကြိမ် ချစ်တင်းနှောရုံနဲ့ ကိုယ်ဝန်မရနိုင်ဘူးလို့ သင်ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ အမှန်ကတော့ ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် အကာအကွယ်မသုံးရင်တော့ ပထမဆုံးအကြိမ်မှာတင် ကိုယ်ဝန်ရနိုင်ပါတယ်။ ယောက်ျားလေးတစ်ယောက်က သူ့ရဲ့ပထမအကြိမ် အတူနေရုံနဲ့ မိန်းကလေးအား ကိုယ်ဝန်ရစေနိုင်ပါတယ်။ မိန်းကလေးအတွက်က ပထမအကြိမ် ဓမ္မတာလာပြီးသည့်အချိန်မှစ၍ ကိုယ်ဝန်ဆောင်နိုင်ပါပြီ။ ရာသီစက်ဝန်း ကို လေ့လာကြည့်ပါ။ တားဆေးသုံးခြင်းက မလိုချင်သော ကိုယ်ဝန်ရရှိခြင်းကို တားဆီးပေးပါတယ်။ ကွန်ဒုံး ကို အသုံးပြုမယ်ဆိုရင်တော့ လိင်ကြောင့်ကူးစက်တတ်တဲ့ရောဂါ တွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ အတူမနေခင်မှာ သင့်အဖော်နဲ့ ဘယ်လိုအကာအကွယ်သုံးမလဲဆိုတာ တိုင်ပင်ပြီး သေချာအသုံးပြုသင့်ပါတယ်။ အသုံးပြုသင့်တဲ့ တားဆေးတွေ၊ ကွန်ဒုံး တွေအကြောင်းကို လေ့လာကြည့်ပါ။ ၂။ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

သုက်ကောင်ရေတိုးပြီး မျိုးအောင်စေမယ့် သဘာဝနည်းလမ်းတွေ

အမျိုးသားတွေအတွက် လိင်မှုဘဝဆိုတာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အိမ်ထောင်ရေးသုခပြီးပြည့်စုံမှုအပြင် ကျန်းမာဖွံ့ဖြိုးတဲ့ ရင်သွေးငယ်လေး ဖွားမြင်နိုင်ဖို့ အမျိုးသားတွေရဲ့ သုက်ကောင်တွေဟာ ကျန်းမာနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သုက်ပိုးအကောင်ရေနဲ့ ကျန်းမာရေးကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ မျိုးအောင်ဖို့အတွက် သုက်ကောင်ရေ ပမာဏ များရမယ်။ သုက်ပိုးတွေ ကျန်းမာရမယ်။ ဒါဆိုရင် အမျိုးသားတွေ မျိုးအောင်ဖို့ ဘာတွေ လုပ်သင့်လဲ။ သုက်ကောင်ရေပမာဏတိုးစေဖို့ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ ဆောင်ရန်၊ ရှောင်ရန်အချက်လေးတွေနဲ့ သဘာဝနည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။ ၁။ လေ့ကျင့်ခန်းလုပ်ပါ။ စစ်တမ်းကောက်ကြည့်လိုက်တဲ့အခါမှာ ကျန်းမာပြီး သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေး၊ လိင်မှုဘဝကို ပိုင်ဆိုင်ကြတဲ့ အမျိုးသားတွေဟာ လေ့ကျင့်ခန်း နေ့စဉ်ပုံမှန်လုပ်ကြတာကို တွေ့ရပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် စိတ်ကို ပျော်ရွှင်လန်းဆန်းစေတယ်။ လုပ်ငန်းခွင်မှာ အာရုံစူးစိုက်နိုင်စေတယ်။ မိမိကိုယ်ကို ယုံကြည်မှုတိုးစေတယ်။ ကျားဟော်မုန်းပိုမိုထုတ်လွှတ်ပေးနိုင်တယ်။ ပြီးပြည့်စုံတဲ့ ကာမသုခကိုလည်း […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ကလေးမရနိုင်ခြင်းနဲ့ လိင်တံအရွယ်အစား ဆက်စပ်မှု ရှိသလား

လိင်တံအရွယ်အစားဆိုတာဟာ အမျိုးသားတွေကြားမှာ ဘယ်တော့မှ မရိုးနိုင်တဲ့ ဆွေးနွေးစရာ တခု ဖြစ်ပါတယ်။ ဒါဟာ ယောက်ျားပီသမှု၊လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုတခုအဖြစ် အဓိက ဆွေးနွေးခဲ့ကြတာပါ။ ဒါပေမယ့် လေ့လာချက်အသစ်တခုအရတော့ လိင်တံအရွယ်အစားဟာ ဒီထက်အများကြီး အဓိပ္ပါယ်ရှိတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါကတော့ ကလေးမရနိုင်ခြင်းနဲ့ လိင်တံအရွယ်အစားဟာ ဆက်စပ်မှုရှိကောင်းရှိနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။   ယေဘုယျအားဖြင့် အမျိုးသားတဦးရဲ့ မျိုးအောင်နိုင်စွမ်း (ကလေးရနိုင်ချေ ရှိမရှိ)ကို အတိအကျ သိဖို့ဆိုရင် သုတ်ကောင်တွေရဲ့ အရေအတွက်၊အရည်အသွေး စတာတွေကို ဓါတ်ခွဲခန်းမှာ စနစ်တကျ စစ်ဆေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် University of Utah က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတခုအရ ပျမ်းမျှ လိင်တံအရွယ်အစားထက် ပိုသေးတဲ့ အမျိုးသားတွေဟာ မျိုးအောင်နိုင်ချေနည်းတယ်လို့ သိရှိခဲ့ရပါတယ်။   ဘယ်သူတွေကို လေ့လာခဲ့သလဲ   ၂၀၁၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း ဆေးရုံဆေးခန်းတွေဆီ ရောက်လာခဲ့ကြတဲ့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသားတွေမှာ ကြုံတွေ့ရတတ်တဲ့ လိင်စိတ်ဆန္ဒ လျော့နည်းလာမှု ပြဿနာ

လူတိုင်းရဲ့ နေ့စဉ်ဘဝမှာ အအိပ်၊ အစား၊ ကာမဆိုတဲ့ အရာ၃မျိုးလုံးက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ အထူးသဖြင့် အမျိုးသားတွေအတွက်တော့ ကာမသုခပြီးပြည့်စုံမှသာ တစ်နေ့တာ လုပ်ငန်းဆောင်တာ အခက်အခဲတွေကို ဖြေရှင်းကျော်လွှားသွားနိုင်မှာပါ။ ကာမသုခပြီးမြောက်ဖို့ စွမ်းဆောင်ရည်ကောင်းဖို့ လိုတယ်၊ ကာမစွမ်းဆောင်နိုင်ဖို့ လိင်စိတ်ဆန္ဒ မြင့်တက်နေဖို့ လိုပါတယ်။ လိင်စိတ်ဆန္ဒမြင့်တက်ဖို့အတွက် ကိုယ့်ရဲ့ နေ့စဉ်နေထိုင်စားသောက်တဲ့ ပုံစံဟာ မှန်ကန်နေဖို့ သိပ်ကို အရေးကြီးပါတယ်။ တကယ်တော့ ဒီလိင်စိတ်ဆန္ဒ လျော့နည်းလာတဲ့ပြဿနာဟာ ယောက်ျားလေးတော်တော်များများမှာ ကြုံတွေ့ရတတ်တဲ့ ပြဿနာမျိုးပါ။ ပတ်ဝန်းကျင်က ကိုယ့်ကို ယောက်ျားမပီသတော့ဘူးလို့ ထင်သွားမှာ ကြောက်ရွံ့တာ၊ ရှက်ရွံ့တာကြောင့် အစရှိတဲ့ အကြောင်းအမျိုးမျိုးကြောင့် သေချာမကုသဖြစ်ပဲ ပစ်ထားလိုက်ရာကနေ အခြေအနေတွေဟာ ပိုဆိုးသွားနိုင်ပါတယ်။ ဘာကြောင့် ယောက်ျားတွေမှာ လိင်စိတ်ဆန္ဒလျော့နည်းလာရတာလဲ…??? အကြောင်းရင်းတွေက အများကြီးပါပဲ။ ရုပ်ပိုင်းဆိုင်ရာ ပြဿနာရော၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကြောင့်ပါ ဖြစ်နိုင်ပါတယ်။ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ကိုလက်စထရောတက်ခြင်းနှင့် လိင်မှုဘဝ

Cholesterol မြင့်မားခြင်း Cholesterol မြင့်မားခြင်းကို hypercholesteremia ဟုခေါ်ပြီး ယင်းမှာ ရောဂါမဟုတ်ပါ။ သို့သော် သွေးကြောများ ထူလာနိုင်ပြီး အသက်အန္တရာယ်ရှိသော ကျန်းမာရေး ပြဿနာများ ဖြစ်သော နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းနှင့် သွေးကြောဆိုင်ရာ ရောဂါများကို ဖြစ်စေပါသည်။ Cholesterol များပြားခြင်းကို သွေးစစ်ဆေးခြင်းဖြင့်သာ သိရှိနိုင်ပြီး အများအားဖြင့် မည်သည့်ရောဂါ လက္ခဏာမှ ပြသလိမ့်မည်မဟုတ်ပါ။ Cholestrol မြင့်မားခြင်းသည် မျိုးရိုးလိုက်တတ်ပြီး မျိုးဗီဇသည်လည်း အရေးကြီးသော နေရာတွင် ပါဝင်ပါသည်။ မမေ့ရန်မှာ သင့်၏ စားသောက်နေထိုင်မှုပုံစံသည် အရေးကြီးဆုံးဖြစ်ပြီး နေ့စဉ်လှုပ်ရှားမှု၊ အစားအသောက်ပုံစံနှင့် ကိုယ်အလေးချိန်တို့သည် သင်၏ Cholestrol အပေါ်များစွာ မှိခိုနေပါသည်။ Cholesterol မြင့်မားခြင်းနှင့် လိင်မှုဘဝ Cholestrol မြင့်မားခြင်းသည် ပြင်းထန်သော ကျန်းမာရေးပြဿနာများ ဖြစ်စေနိုင်သည့်အပြင် သင်၏ လိင်မှုဘဝကိုလည်း ထိခိုက်နိုင်ပါသည်။ သွေးကြောကျဉ်းခြင်းကြောင့် လိင်အင်္ဂါသို့ ရောက်သောသွေးနည်းလာပြီးနောက် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း